Ruthless Laboratory//Complete...

By PuppyYoda_lover

221K 18.8K 447

Baekhyun-သုတေသနစမ်းသပ်မှု လေးတစ်ခုအတွက် ကျတော့်တို့ မိသားစုဘ၀လေးကိုဖျက်ဆီးခဲ့တဲ့အတွက် ခင်ဗျားဘ၀လည်း ပျက်စီးစေ... More

Prologue
Part 1-Past..
Part 2-Fortune..
Part 3-Finally ! I meet you
Part 4-Professor !!
Part 5-Don't Know
A/N
Part 6- I ??
Part 7-Hug
Part 8 - Cry
Part 9 - If
Part 10 - Lie
Part 12- Propose
Part 13 - Truth
Part 14 - Live or Die ??
Part 15 - Leave
Part 16 - Who !!
Part 17 - We are in love
Part 18 - Sweet Tear !!
Update !! ?
Part 19 - Start !!
Part 20 - Image and voice !!
Part 21 - Broke up
Part 22 - Spy ?
Part 23 - Blood ?
Part 24 - Last ? (Pre-final part )
Part 25 - Final Part
ကျေးဇူးတင်ခြင်း
Plz read !!

Part 11 - Ignore

5.9K 612 8
By PuppyYoda_lover

တစ်စတစ်စ သတိထားမိလာတဲ့ အရာအားလုံးကို ကျွန်တော် သိသွားပြီးတဲ့နောက် အဲဒီနောက်ကွယ်မှာဘာတွေရှိနေဦးမလဲ ? ကျွန်တော် သိချင်လာတယ် ..

ဒါပေမယ့် ကျွန်တော် ဟန်ဆောင်နေခဲ့တယ် ..
မသိမလိုနေခဲ့တယ် ..

Arjushi .. Kris !!

သူဟာ ကျွန်တော့်ကို ထောက်ပံ့ပေးနေတဲ့ Arjushi မဟုတ်ဘူး ..

ဟိုးအရင်က မဆက်စပ်မိတဲ့ အစိတ်အပိုင်းတွေကို သေချာဆက်စပ်ကြည့်တော့ တစ်ဖြည်းဖြည်း ပုံပေါ်လာတယ် ..

စာထဲမှာ ကလေးလို့ အမြဲရေးတတ်တဲ့ သူက ကလေးလို့ တစ်ခါမှ မခေါ်ခဲ့တာ .. အစကတော့ အပြင်မှာ ခေါ်ရမှာကို ရှက်နေလို့ပဲလား ? အဲလိုတွေးခဲ့မိတယ် .. ဒါပေမယ့် သေချာအောင်လို့ kris Arjushi ကိုမသိသာအောင် မေးကြည့်တော့ ..

"Arjushi !! "

"အင်း ပြောလေ baek လေး "

"ကျွန်တော့်ကို တစ်ခြားခေါ်ချင်တဲ့ နာမ်စား မရှိဘူးလား ?? "

"အင် !! Baek လေးလို့ ခေါ်တာမကြိုက်လို့လား ?? "

"မဟုတ်ပါဘူး ! သူများတွေ ခေါ်သလိုပေါ့ ကလေး တို့ဘာတို့ ဟီးးးးး "

"ဟားးးးး ဟားးးးး ခင်ဗျားလေး ကို ကျုပ်က လူကြီးလို့ပဲ ခေါ်ချင်တာဗျာ "

"ဟီးးးး ဟီးးးး "

Kris Arjushi ပြောလိုက်တဲ့ အမူအရာ .. မျက်နှာထား အကုန်လုံးက ကျွန်တော့်ကို ကလေးလို့ မခေါ်တာဟာ ရှက်လို့ မဟုတ်ဘူးဆိုတာ ကျွန်တော် ယုံကြည်သွားခဲ့တယ် ..။

ပြီးတော့ ပိုပြီးသေချာသွားတဲ့ တစ်ချက် ~

"Arjushi ! ကျွန်တော့်ကို ဒီစာအုပ်ထဲက ကဗျာလေး ကူးပေးပါလား ? "

ပြောရင်း ကဗျာစာအုပ်လေးကို Arjushi လက်ထဲ ထည့်ပေးလိုက်တော့ ကျွန်တော့်ကို ပြုံးကြည့်ရင်း ..

"ကူးမယ့် စာရွက်ပေး "

"ဟီး ဒီမှာ !! "

အပြာရောင်နုရောင် စာရွက်လေးထက် သေသပ်စွာ ရေးသားထားတဲ့ လက်ရေး ~

အသွားအပြန်ဆိုတာ
အလျား အနံ ရှိတာကို ပြောတာ
အဆုံးမဲ့အချစ်ဆိုတာ
တစ်ကယ်တော့ ပေးဆပ်မှုသက်သက်။
အပြုံးတစ်ပွင့်နဲ့ ရောင့်ရဲနိုင်သလို
စကားတစ်ခွန်းနဲ့လည်း ကျေနပ်နိုင်တယ်။
ခရီးရောက်ဖို့ ကျောပိုးပေးနိုင်သလို
အမြင့်ရောက်ဖို့ ဒူးထောက်ပေးနိုင်တယ်။
ပေးဆပ်မှုတိုင်းအတွက်တော့
ဆုလာဘ်ဆိုတာ ရှိမယ်ထင်ပါတယ်။

စာရွက်လေးကို ကြည့်ရင်း နှစ်ခြိုက်စွာပဲ ပြုံးလိုက်မိသည်။

"အဆင်ပြေရဲ့လား ?? "

စိတ်ပူစွာပဲ မေးလိုက်တဲ့ Arjushi ရဲ့အမေးကို ခေါင်းငြိမ့်ပြရင်း

"အင်း Arjushi လက်ရေးအရမ်းလှတယ် .. ကျေးဇူးတင်ပါတယ် "

*ကျေးဇူးတင်ပါတယ် .. ရှူပ်ထွေးနေတဲ့ ကြိုးထုံးကို အောင်မြင်စွာနဲ့ပဲ အစဆွဲထုတ်နိုင်သွားပြီလေ *

ကျွန်တော်သိထားတဲ့ Arjushi ရဲ့ လက်ရေးက ဒီလို လက်ရေးမျိုး လုံးဝ .. မဟုတ်ဘူး ..။

သယ်သူက စပြီးလိမ်ညာခဲ့တာလဲ ??
ဘာအတွက်ကြောင့်လဲ ??

Chen hyung ကို မျက်နှာချင်းဆိုင် မေးလိုက်ရင် ဖြစ်ပေမယ့် ကျွန်တော့်ကို ဒီလောက်ထိ ကူညီပေးနေတဲ့ လူတစ်ယောက်ကို ဒီလိုပုံစံမျိုးနဲ့တော့ စိတ်မညစ်စေလို ~

အားလုံးကို စဉ်းစားလိုက်ရင် ရူးတော့မလိုဘဲ ..ဟူးးးးးး

Arjushi ..!! ခင်ဗျား ဘယ်မှာလဲဗျာ !!

==========================

Yeol's pov ;

ကျွန်တော် ကလေးအပေါ်ထားတဲ့ အချစ်တွေကို လျော့သွားအောင် ကြိုးစားနေတယ် ~

ဒါပေမယ့်လည်းလေ အချစ်ဆိုတာက လိုသလို ထိန်းချုပ်လို့မှမရတာဗျာ ..

ကလေးနဲ့ ဆုံတိုင်း ကျွန်တော့်ကို ကြည့်တဲ့ အကြည့်တွေထဲ နာကျင်မှုအချို့ ပါနေသလိုပဲ ~

ကလေးရယ် ..
တစ်ချိန်ချိန်တော့ ကိုယ်မင်းကို သိပ်ချစ်တဲ့ အကြောင်းတွေ ပြောပြချင်ပါတယ် ..

Ring ...Ring

ရုတ်တရက် မြည်လာတဲ့ ဖုန်းသံကြောင့် တွေးနေတဲ့ အတွေးစအချို့ကို ရပ်တန့်လိုက်သည် ။

"ဟဲလို chen ပြော !!"

"ပြောစရာရှိလို့ တွေ့နေကျ cafe ဆိုင်ကို လာခဲ့ပါလား ?? "

"အင်း "

Chen အသံက အလျင်လိုနေသလိုဖြစ်နေတာကြောင့် စိတ်ထဲ ထင့်ခနဲ တစ်ချက်တော့ ဖြစ်သွားမိတယ် ~

ဘာမကောင်းတဲ့ ကိစ္စများ ဖြစ်လို့ပါလိမ့် ??

*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*

ဆိုင်ထဲဝင်ပြီး မျက်စိအနည်းငယ် ကစားလိုက်တော့ ဆိုင်ရဲ့ထောင့်စွန်းခုံလေးမှာ ထိုင်နေတဲ့ Chen ကို yeol တွေ့လိုက်ရတယ် ..။

"ရောက်လာပြီလား ? "

Chen ရဲ့ အမေးစကားကို ခုံမှာဝင်ထိုင်ရင်း Yeol ခေါင်းငြိမ့်ပြလိုက်တယ် ..

"ဘာဖြစ်လို့ တွေ့ဖို့ပြောတာလဲ ? "

Yeol မေးတော့ chen ခေါင်းကို အနည်းငယ်ငုံရင်း သက်ပြင်းတစ်ချက်ချလိုက်ကာ ~

"baek ရိပ်မိနေပြီ ထင်တယ် "

"ဘာာာာ !! "

Yeol ရဲ့ အာမေဋိတ်သံမှာ ထိတ်လန့်မှုတွေ စိုးရိမ်မှုတွေက အထင်သား ~

"မင်းကို မေးလာတာလား ?  ဘယ်လိုသိသွားတာလဲ ? ဘယ်အထိသိသွားပြီလဲ ? ငါ့ကို သိသွားပြီလား ? Kris ..kris  အကြောင်းကိုရော သိသွားပြီလား ? "

ဆက်တိုက်ထွက်လာတဲ့ Yeol ရဲ့မေးခွန်းတွေက အစီအစဉ် မကျ ..

"စိတ်ထိန်းပါ yeol yah .. "

Chen က yeol ရဲ့ လက်တွေကို ကိုင်ရင်း အားပေးရှာသည် ။

"အားလုံးကို သိသွားတာ မဟုတ်ပါဘူး .. Kris အပေါ်တော့ နည်းနည်း သံသယ ၀င်နေသလိုပဲ .. နည်းနည်းထူးဆန်းနေသလိုပဲတဲ့ kris ငါ့ကို လှမ်းပြောတာ "

Chen ရဲ့ ရှည်လျားတဲ့ စကားဆုံးတော့ Yeol စိတ်ဓာတ်ကျစွာ ခေါင်းကို ငုံ့ထားလိုက်မိသည်။

"ဘယ်လို .. လုပ်မလဲ ? အားလုံးသိသွားတဲ့ နေ့ ငါ့ကိုမုန်းသွားမှာ မဟုတ်လား ?? "

စိတ် ကယောင်ခြောက်ခြားဖြစ်နေသလို တုန်လှုပ်နေတဲ့ yeol ကို ကြည့်ရင်း chen လည်း မျက်ရည် ၀ဲလာမိသည် ။
Yeol .. Baek ကို ဘယ်လောက်ချစ်တယ်ဆိုတာ သူအသိဆုံး မဟုတ်ပါလား .. ။

"အဆင်ပြေသွားမှာပါကွာ "

သူ့ရဲ့ နှစ်သိမ့်မှုက အရာရောက်ပါ့မလား မသိပေမယ့် အနည်းငယ် ဖြစ်ဖြစ် Yeol ရဲ့ ကြောက်ရွံမှုတွေကို လျော့နည်းစေလိုပါသည် ။

"သွားပြီ "

ပခုံးတွင် တင်ထားသော chen ရဲ့ လက်ကို တွန်းချလိုက်ပြီး မတ်တပ်ရပ်လိုက်ပေမယ့် အားတွေ ဆွဲနှုတ်ခံလိုက်သလို ဖြစ်သွားတာကြောင့် ဒူးတွေက မတ်မတ်ရပ်နိုင်အောင်လောက်အထိ မခိုင်ချင် ~

ခွေကျချင်နေတဲ့ ဒူးနှစ်ဖက်ကြောင့် လဲကျမလို ဖြစ်နေတဲ့ ခန္ဓာကိုယ်ကို အားပြုဖို့ ခုံကိုသာ အမှီအခို ပြုလိုက်ရသည် ။

"Yeol အဆင်ပြေလား ? "

စိတ်ပူပန်စွာ မေးနေတဲ့ chen ကို ခေါင်းတစ်ချက်သာ ငြိမ့်ပြရင်း ခန္ဓာကိုယ်ကို တစ်ဖြည်းဖြည်း လှည့်ကာဆိုင်ထဲက ထွက်လာလိုက်ခဲ့သည် ။

ဆိုင်ထဲမှ အသက်မဲ့စွာ ယိုင်တိယိုင်တိုင်ဖြင့် အားတင်းကာ ထွက်သွားတဲ့ Yeol ကို မြင်ရတာ မွန်းကြပ်လာသလိုပင် ~

တစ်နေ့နေ့တော့ အားလုံး အဆင်ပြေသွားမှာပါ ..

>>> Ruthless laboratory <<<

Baek 's pov ;

အလုပ်ထဲ ပြန်ရောက်လာတာတောင် နေ့ခင်းက မြင်ကွင်းကို အခုချိန်ထိ မျက်စိထဲက မထွက်နိုင်သေး ..

နေ့ခင်းက အားချိန်ရတာကြောင့် ဗိုက်ဆာဆာနဲ့ တစ်ခုခုစားဖို့ ဆေးရုံရှေ့မှာ ရှိတဲ့ ကော်ဖီဆိုင်ကို ထွက်လာခဲ့လိုက်တယ် ..

ဒါပေမယ့် မြင်လိုက်ရတာက အံဩစရာ ~

တစ်ဆိုင်ထဲမှာ အတူတူထိုင်နေကြတဲ့ Chen hyung နဲ့ ဌာနမှူး ~

ဘယ်လိုပတ်သက်တာလဲ ??

Chen hyung ..!!
ကျွန်တော် သုတေသန ဌာနမှာ လုပ်နေတယ်ဆိုတာ သိရဲ့သားနဲ့ တစ်ခါမှ ဌာနမှူးအကြောင်း မပြောခဲ့ဖူးပါ။

ရင်းနှီးတယ်ဆို အနည်းဆုံး ဌာနမှူးနာမည်ကို ပြောပြတဲ့အခါ ရင်းနှီးကြောင်း ပြောပြရမှာ မဟုတ်ဘူးလား ??

ဘာလို့ထိန်ချန်ထားတာလဲ ??
တစ်ခုခုတော့ လွဲနေသလိုပါ ..

ဘာပါလိမ့် !!

...•...•...•...•...•...•...•...•...•...•...•...•

"ကလေးးးးးး !! အေ့ ..မင်းကို ..အရမ်းချစ်တယ်ကွ ..အေ့ ..သိလားးး ??  မသိဘူး မဟုတ်လား !! အေ့ "

အရက်ဆိုင်ထဲမှာ တစ်ယောက်တည်းထိုင်ကာ မူးနေသူကတော့  chanyeol ..

ပြောချင်ရာကို အော်ဟစ်ပြောပြီးတဲ့နောက် လောကကြီးနှင့် ခေတ္တ အဆက်အသွယ် ပြတ်သွားလေပြီ ။

ဆိုင်ရှင် - ဟေ့လူ သတိထားပါဦး .. ဟေ့လူ ကျွတ် ဒုက္ခပါပဲကွာ ..

ဆိုင်ရှင်လည်း စိတ်ရှူပ်ထွေးစွာပဲ ရေရွတ်လိုက်သည် ။

ဆိုင်ရှင် - ဟုတ်သားပဲ ဖုန်းခေါ်ကြည့်ရမယ် ..

Chanyeol ရဲ့ အိတ်ကို မွှေလိုက်တော့ ဖုန်းထွက်လာသည် ။

" နံပါတ် ၁ ကို ခေါ်ကြည့်ရမယ် "

တီ ... တီ ...

"ဟဲလို "

တစ်ဖက်မှ ဖုန်းဖြေသံကို ဆိုင်ရှင် ကြားလိုက်ရသည်။

•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•

Baek 's pov;

"သွားရအောင် "

ပခုံးကို လှမ်းဖက်ရင်း ပြောလိုက်တဲ့ kyung soo ..

"ငါ မလိုက်တော့ဘူး "

တစ်ကယ်တော့ ဒီနေ့ သူတို့ အုပ်စု ဆိုင်ထိုင်ဖို့ ဆုံးဖြတ်ထားကြတာပါ ။ ဒါပေမယ့် သူ အရမ်းကို စိတ်ရှူပ်နေတာကြောင့် လိုက်ချင်စိတ်မရှိ ..

" wae !! ?"

"နေမကောင်းချင်သလို ဖြစ်နေလို့ ..Mianhae "

ကျွန်တော် ငြင်းလိုက်တော့ kyung soo က ချစ်စဖွယ် နှုတ်ခမ်းလေးဆူကာ စိတ်ကောက်တော့သည်။

"အတူတူသွားစားပါမယ်ဆို "

စိတ်ကောက်နေတဲ့ kyung soo ရဲ့ ပါးဖောင်းဖောင်းလေးကို မနာအောင် ဖွဖွလေးဆွဲကာ ~

"နောက်တစ်ခေါက်ကြရင် လိုက်ခဲ့ပါ့မယ် .. ကတိ ! "

ကျွန်တော် လက်သန်းကလေးတောင်ကာ ပြောလိုက်တော့ kyung soo က မျက်စောင်းထိုးကာ ကြည့်လေသည် ။ ပြီးမှ တစ်ချက်ရယ်လိုက်ကာ ..

"ကောင်းပါပြီ နောက်တစ်ခေါက်နော် "

"hk .. အင်းပါ ကောင်းကောင်းသွား "

"အင်း bye "

ဆိုင်ထိုင်မယ့် အုပ်စုနဲ့ ဆေးရုံရှေ့မှာပဲ လမ်းခွဲလိုက်ပြီး တစ်ယောက်တည်း လမ်းလျောက်ချင်တာမို့ bus ကားမစီးပဲ ညလေအေးတွေကို ရှူရိုက်ကာ ဖြည်းဖြည်းချင်း အိမ်သို့ ပြန်သွားဖို့ ဆုံးဖြတ်လိုက်သည် ။

Ring .... Ring ....

ဖုန်းလာတာကြောင့် ဖုန်းကို ထုတ်ကြည့်လိုက်တော့ မြင်လိုက်ရတဲ့ contact name က ..

             Chef .Park ChanYeol

ဘာလို့ဖုန်းဆက်တာလဲ ??
ကိုင်ရင်ကောင်းမလား ..
မကိုင်ရင်ကောင်းမလား ..

ခဏကြာအောင် တွေဝေပြီးတဲ့နောက် ..

*ဟူး ကိုင်လိုက်တာပဲ ကောင်းပါတယ်လေ *

"ဟဲလို "

"ဟဲလို ..ဒီဖုန်းပိုင်ရှင်ကို သိလားမသိဘူး ? "

ဖုန်းထဲက သူစိမ်းတစ်ယောက်ရဲ့ အသံကြောင့် ကျွန်တော် ရုတ်တရက်တော့ ကြောင်သွားမိတယ် ..

"nae .. Waeyo ? "

"ဒီဖုန်းပိုင်ရှင်က အရက်တွေ အရမ်းမူးပြီး အိပ်ပျော်သွားလို့ပါ ..ခင်ဗျားကို နံပါတ် ၁ မှတ်ထားတာကြောင့် လှမ်းခေါ်လိုက်တာပါ "

*နံပါတ် ၁ .. !! နံပါတ် ၁ !! Hk ..ခင်ဗျား ကျွန်တော့်ကို ဘာတွေများ ဖြစ်စေချင်သေးလို့လဲ ??*

"တောင်းပန်ပါတယ် ..တစ်ခြားတစ်ယောက်ကို .. ခေါ်လိုက်ပါ ..ကျွန်တော် .. အလုပ်ရှူပ်နေလို့ "

ပြောပြီး ကျွန်တော် ဖုန်းချလိုက်သည်။

ကျွန်တော် လိမ်ညာပြောလိုက်မိပြီ ။

လက်တုံပြန်တယ်လို့ပဲ ပြောမလား ?
အမှတ်သည်းခြေကြီးလွန်းတယ်လို့ပဲ ပြောမလား ?

ကြိုက်သလိုပြောပါ ..

တစ်ချိန်က ခင်ဗျားကို ကျွန်တော် သစ်ပင်အောက်မှာ စောင့်ခဲ့ရသလို ခင်ဗျားလည်း စောင့်နေလိုက်ပါ ..

ခင်ဗျား လျစ်လျူ ရူခဲ့သလို ကျွန်တော်လည်း လျစ်လျူ  ရူလိုက်တာမို့လို့ ..

ကျွန်တော့်ကိုလေ စိတ်တိုင်းကျ အပြစ်တင်လိုက်ပါ ။

အရက်ဆိုင်ထဲ ကောင်လေးမှာတော့ ..

"ကလေးးး ကလေးးး ကိုယ့်ကို ကျေးဇူးပြုပြီး ..

မ ..ထား ..ခဲ့ ..ပါ ..နဲ့ "

>>>>>>>>>>>>>

လူတိုင်းဟာ မဖြစ်နိုင်မှန်း သိနေရင်တောင် ဖြစ်များဖြစ်လာခဲ့ရင်ဆိုတဲ့ မျှော်လင့်ချက် အနည်းငယ်ကို ရူးမိုက်စွာပဲ ထွေးပွေ့ပြီး ပူလောင်မှုတွေကြားထဲ ရှင်သန်နေကြတယ် ..

ဒါပေမယ့် သူတို့ မသိခဲ့တာက အဲဒီ မျှော်လင့်ချက်တွေကြောင့်ပဲ နှလုံးသားတစ်ခုလုံး သေဆုံးသွားနိုင်တယ် ဆိုတာကို ...။

............To Be Continue ...............

#Plz vote and comment
#Thank u all for reading my fic ^_^

Continue Reading

You'll Also Like

566K 49.3K 29
Taekook Fanfiction Jeon Kim Own creation
1.2K 241 11
A recipe filled with compliments is the best in Sunjeongz' world ~ Jung Sungchan x Park Wonbin
23.4K 3.7K 8
No One Can Change A Person, But Someone Can Be A Person's Reason To Change.
72.7K 3.9K 60
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။