Part 12- Propose

5.9K 637 10
                                    

ပြတင်းပေါက်ကနေ တည့်တည့်ကျကာ မျက်နှာကို ထိုးနေတဲ့ နေရောင်ကြောင့် မျက်လုံးတွေကို မဖွင့်ချင်ပေမယ့်လည်း အားတင်းကာ ဖွင့်လိုက်ရသည်။

ခုတင်မှ ထဖို့ ကြိုးစားတာနဲ့ တစ်ဆစ်ဆစ်ထိုးကိုက်လာတဲ့ ခေါင်းကြောင့် ..

"ကျွတ် ခေါင်းကိုက်လိုက်တာကွာ ..ငါမနေ့က အရက်သောက်နေတာပါ ..ဘယ်လိုလုပ်ပြီး အိပ်ပြန်ရောက်လာတာပါလိမ့် "

သေချာ ပြန်စဉ်းစားလိုက်တောင် ဆိုင်မှာ အရက်သောက်တဲ့ အထိပဲ မှတ်မိပြီး ကျန်တာကတော့ လုံးဝသတိမရ ..

"ဘယ်သူလိုက်ပို့တာပါလိမ့် ? "

ခေါင်းကို လက်တစ်ဖက်နဲ့ ဖိရင်း အခန်းမှာ ကပ်ထားတဲ့ နာရီကို လှမ်းကြည့်လိုက်တော့ ..

"ကိုးနာရီတောင် ထိုးနေပြီ !! အလုပ်သွားရဦးမှာပဲ .. ဟူးးးးး "

သက်ပြင်းတစ်ချက်ချကာ အလုပ်သွားဖို့ အတွက် ရေမျိုးချိုးပြင်ဆင်ပြီးတဲ့နောက် ဆေးရုံကို ထွက်လာခဲ့လိုက်တယ် ~

                *-*-*-*-*

အလုပ်ထဲ ရောက်တာတောင် ညကအရှိန်ကြောင့် Yeol ဘယ်လိုမှ မလန်းဆန်း ~

ရင်ထဲမှာ တစ်မျိုးကြီး ဖြစ်နေပြီး အန်ချင်လာ သလိုလို ~

"အစည်းအဝေး ရှိတယ်ဆိုပြီး ခေါ်ခိုင်းလိုက်ပါတယ် ဌာနမှူး "

နားနေခန်းမှာ အနားယူမယ် ကြံတုန်းရှိသေး အစည်းအဝေးရှိကြောင်း dr. Suho ကလာခေါ်တာကြောင့် သက်ပြင်းတစ်ချက်ချကာ ~

"လာခဲ့မယ် "

အစည်းအဝေးခန်းထဲ ရောက်တော့ လူတောင်စုံနေပြီ ။

Yeol ခဏလောက် မျက်စိကစားကြည့်လိုက်တော့ ဖိုင်တွေကို စိတ်ဝင်တစား ကြည့်နေတဲ့ baekhyun ကို တွေ့လိုက်ရတယ် ~

*ကလေးရယ် ဘယ်အထိ သိနေပြီလဲကွာ ကျေးဇူးပြုပြီးတော့ ကိုယ့်ကို မမုန်းပါနဲ့ *

"ကဲ လူစုံပြီဆိုတော့ စလိုက်ရအောင် "

ဒါရိုက်တာ ရဲ့ အသံကြောင့် ကလေးကို မျက်နှာလွဲလိုက်ပြီး အလုပ်ကိုသာ yeol အာရုံစိုက်လိုက်သည်။

Ruthless Laboratory//Completed//Where stories live. Discover now