The End Of The Hate
By Aikoyuu
31.6K 1.7K 137
ဒီခေတ်မှာ သွေးစုပ်ဖုတ်ကောင်တွေနဲ့ သမန်းဝံပုလွေတွေရဲ့ အရေအတွက်က လူတွေထက် ပိုများလာတယ် ။ ဒါပေမယ့် လူတွေက သွေးစ... More
Prologue
Season - 1 , Intro
Names
Characters' Names ( 1 )
Chapter - 1
Chapter - 2
Characters' Names ( 2 )
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Characters' Names ( 3 )
Chapter - 8
Chapter - 9
Characters Names ( 4 )
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Characters' Names ( 5 )
Chapter - 15
Sorry
Extra
Chapter - 3
849 66 4
By Aikoyuu
The End Of The Hate ( အမုန်းနိဂုံး )
Chapter - 3 : " Secret Doors and Fated Keys "
Kolar : ဒီနေရာမလား
ခရီးဆောင်အိတ်တစ်အိတ်စီဖြင့် သူမတို့တွေ သူတို့အိမ်ကို ရောက်လာကြလေသည်။
သူတို့တွေ အပြင်ကနေ အကဲခတ်လိုက်ကြသည်။
Kolar : အယောက်ရှစ်ရာတောင် ရှိတာပဲ
Yiyar : မြို့အပြင်က နန်းတော်မှာ အယောက်နှစ်ထောင်မလား
E n o : အားလုံးပေါင်း နှစ်ထောင့်ရှစ်ရာပေါ့
Attdar : အင်း
တစ်ယောက် တစ်မျိုးစီ ပြောလိုက်ကြသည်။
Attdar : ဒါပေမယ့် . . . Gijar သာ သူ့အင်အားအပြည့်နဲ့လာခဲ့ရင် . . .
Kolar, E n o , Yiyar : ဟူး . . .
Attdar့ စကားအဆုံးတွင် သူတို့တွေ သက်ပြင်းချလိုက်မိသည်။
Attdar စကားဆက်မပြောလည်း ဘာဆက်ဖြစ်မယ်ဆိုတာ သူတို့တွေ သိနေ၍ ဖြစ်သည်။
Attdar : သွားရအောင်
Kolar, E n o , Yiyar : အင်း . . .
သူမတို့တွေ အိမ်ထဲ ဝင်ဖို့ ပြင်လိုက်ချိန်မှာပင်
အိမ်အပေါက်ဝကို လူတစ်ယောက်က လာရပ်လေသည်။
S u : အသစ်တွေထင်တယ်
Yiyar : ဟုတ်
S u : ရော့ . . . အခန်းသော့တွေ
Kolar : ဟင် . . . တစ်ခန်းတည်းမှာ အတူတူနေရမှာ မဟုတ်ဘူးလား
Kolar ဝင်ပြောလိုက်သည်။
Attdar သော့ပေးနေတဲ့ တစ်ယောက်ကို သေချာစူးစိုက်ကြည့်နေမိသည်။
S u : အခန်းနံပါတ် ၅ ၊ ၆ ၊ ၇ ၊ ၈ . . . ကြိုက်တာသာ ယူကြ ၊ တစ်ယောက်တစ်ခန်းစီပဲ နေရမှာ
Kolar : ဟင် . . .
E n o : တစ်ခန်းတည်း ပေါင်းနေလို့ မရဘူးလား
S u : အင်း
Kolar နဲ့ E n o စိတ်ပျက်ကုန်လေသည်။
Kolar : Attdar ပြန်ကြရအောင်
S u : ပြန်လို့မရတော့ဘူးလေ၊ ဒီအိမ်ထဲဝင်ဖို့ ဆုံးဖြတ်ပြီးမှ ပြန်ရင် ကျိန်စာမိတယ်၊ မသေမချင်းညတိုင်း အိပ်မက်ဆိုးတွေမက်စေတဲ့ ကျိန်စာပေါ့
A, K, Y, E : အိပ်မက်ဆိုး . . . ညတိုင်း . . .
သူမတို့လေးယောက်လုံး ပြိုင်တူ တိုးတိုးလေး ရေရွတ်မိကြလေသည်။
S u : ဒီလေးယောက်ကို လိမ်ရတာ လွယ်တာ
သော့ကိုင်ထားရာကနေ S u မသိမသာလေး ပြုံးလိုက်မိသည်။
Attdar : အခန်းနံပါတ်က ၅ ၊ ၆ ၊ ၇ ၊ ၈ . . . ဟုတ်တယ်မလား
S u : အင်း ၊ တစ်ယောက်တစ်ခန်းစီနော်
Attdar : နံပါတ် ၈
Attdar အခန်းနံပါတ် ၈ ကို ယူလိုက်သည်။
Kolar : My Lucky Number . . . 5
E n o : Lucky 7
Yiyar : အာ့ဆို နောက်ဆုံးကျန်တာက
၆ မလား
S u ထင်ထားတဲ့ နံပါတ်တွေအတိုင်း သူတို့က ယူသွားကြလေသည်။
Yiyar : အခန်းဆီကို တန်းသွားရုံပဲလားဟင်
Yiyar သော့ပေးတဲ့ တစ်ယောက်ကို လှည့်ကြည့်ကာ မေးလိုက်သည်။
သို့သော် . . . ။
Yiyar : ဟင် . . . စောနက အမကော . . .
Kolar : ဟုတ်တယ်ဟ ၊ ဘယ်ပျောက်သွားတာလဲ
E n o : မြန်လိုက်တာ ၊ ဘာမှလည်း မမေးလိုက်ရဘူး
E n o မကျေမနပ်ပြောလိုက်မိသည်။
Attdar မျက်မှောင်ကျုံ့လိုက်မိပြန်သည်။
Attdar : ထားလိုက်တော့ ၊ သွားကြရအောင်
သူမတို့တွေ အပေါ်ဆုံးအထပ်အထိကို တက်သွားရလေသည်။
Kolar : ဟူး . . . မောတာ ၊ အစွမ်းထုတ်ရင် တစ်စက္ကန့်တောင် မကြာဘူး ၊ တန်းရောက်မှာကို
Attdar : တော်ရုံ မသုံးတာ
ပိုကောင်းမယ် . . . Kolar
Yiyar : Kolar ရယ် . . .
ညည်းမနေတော့နဲ့ ၊ရောက်ပြီ
သူမတို့တွေ ကိုယ့်အခန်းရှေ့ကို ကိုယ်စီ နေရာယူလိုက်ကြပြီး သော့ကိုထုတ်ကာ သော့ဖွင့်ခါနီးမှာတင် . . . ။
Z u : Miki . . .
K u : Miko . . .
R u : Yuki . . .
F u : Yuko . . .
မျက်နှာချင်းဆိုင်အခန်းမှ တံခါးဖွင့်ကာ နာမည်တွေခေါ်လိုက်တာကြောင့် သူမတို့တွေ လှည့်ကြည့်လိုက်ကြလေသည်။
Attdar မှ လွှဲ၍ ။
သူတို့လေးယောက် . . . သူတို့အရမ်းချစ်ရတဲ့ ကောင်မလေးတွေအတွက်ဆိုပြီး သူတို့ရဲ့ မျက်နှာချင်းဆိုင်က အခန်းတွေကို မှော်အတက်နဲ့ စီရင်ပေးထားတာပဲ ဖြစ်သည်။
ဒီအခန်းတွေက လျှို့ဝှက်နံပါတ်နှိပ်ရုံနဲ့ တံခါးပွင့်နိုင်ပြီး သော့မရှိလည်း ဖွင့်ရသည်။ သို့သော် စီရင်ချက်အရ သူတို့နဲ့ ဖူးစာမှန်ရင် တံခါးက ဘယ်လိုမှ သော့နဲ့ ဖွင့်လို့ ရမှာ မဟုတ်ပေ။ ဖူးစာဖက်မဟုတ်ခဲ့ရင်တော့ သော့နဲ့လည်း ဖွင့်လို့ရနိုင်မှာ ဖြစ်သည်။
သူတို့ရဲ့ ဖူးစာရှင် မှန်မမှန် သိချင်၍
သော့နှစ်ချောင်းရှိတဲ့အထဲက တစ်ချောင်းကို သူမတို့ကို ပေးလိုက်ပေမယ့်လည်း . . . သော့ပေးလိုက်တဲ့နောက်ပိုင်း သူမတို့က ပေါ်မလာကြတော့ပေ။
အပိုတစ်ချောင်းစီကိုတော့ သူတို့သိမ်းထားကြ ပေမယ့် . . . ဘယ်လိုဖြစ်ပြီး အခု သူတို့ဆီမှာ ရှိနေရမယ့် သော့တွေက ဒီလေးယောက်လက်ထဲ ကို ရောက်နေပါလိမ့် ။
Kolar : အာ . . . မင်းတို့တွေ . . .
Kolar့ အသံကြောင့် သူတို့တွေ အတွေးလွန်နေရာကနေ သတိပြန်ဝင်လာကြသည်။
Kolar : မင်းတို့က ငါတို့နဲ့ မျက်နှာချင်းဆိုင်အခန်းတွေကလား
K u : မင်းကို အဲ့ဒီ့သော့ . . . ဘယ်သူက ပေးလိုက်တာလဲ
K u သိချင်လွန်းသဖြင့် Kolar့ နား ကပ်ကာ သူမလက်ထဲက သော့ကို လုလိုက်မိသည်။
Kolar : ဘာလုပ်တာလဲ
Kolar ဆောင့်တွန်းပစ်လိုက်သည်။
Kolar : ဘာလို့ ငါ့ သော့ကို လာလုနေတာလဲ
K u : အဲ့ဒီ့သော့ကို မင်း ဘယ်သူ့ဆီက ရလာတာလဲလို့ ငါ မေးနေတယ်လေ
Kolar : ဘယ်သူ့ဆီကဖြစ်ဖြစ်ပေါ့ ၊ သော့လေးတစ်ချောင်းကိုတောင် နှမျောတွန့်တိုပြီး လာလုနေတယ် ၊ မိန်းမကြီးကျနေတာပဲ
K u : ဘာကွ . . .
Kolar K u့ ကို လျှာထုတ် ပြောင်လိုက်သည်။
K u : အေး ၊ ဒီနေ့ မင်းနဲ့ငါ နှစ်ယောက်ထဲက တစ်ယောက် သေကို သေရမှ ကျေနပ်နိုင်မယ်
Kolar : ဟ . . . .ဟား . . . လုပ်လိုက်စမ်းပါ
K u နဲ့ Kolar က ထုံးစံအတိုင်း ရန်ဖြစ်နေလေသည်။
E n o နဲ့ F u ကတော့ အကြည့်ချင်း စစ်တိုက်နေလေသည်။
Yiyar ကတော့ R u့ နဲ့ အကြည့်ချင်း ဆုံမိ၍ ခေါင်းကို ချက်ချင်း ငုံ့ပစ်လိုက်သည်။
R u တစ်ယောက် Yiyar့ ပုံလေးကို ကြည့်ကာ သဘောကျစွာ ပြုံးလိုက်မိသည်။
Attdar ကတော့ သူတို့တွေကို အာရုံမစိုက်အားပေ။
Z u ကတော့ Attdar့ ကိုသာ သေချာ စိုက်ကြည့်နေမိသည်။
Attdar : Shit !
Attdar စိတ်တိုစပြုလာလေသည်။ တံခါးက သော့ဖြင့် လုံးဝဖွင့်မရပေ။
Attdar : လူက အိပ်ချင်နေပါတယ်ဆိုနေ . . .
Attdar ဘယ်လိုဖွင့်ဖွင့် လုံးလုံးမရပေ။
ဒေါသတွေက ထိန်းမရ ဖြစ်လေလေ သူမရဲ့မည်းနက်နေတဲ့ မျက်စံအိမ်တွေက တဖြည်းဖြည်း အနီရောင်ဘက် ပြောင်းလာလေလေ ဖြစ်နေလေသည်။
ရိပ်မိလိုက်တဲ့ Yiyar . . . Attdar့ ကို တားဖို့ ပြင်လိုက်ရသည်။
ထိုစဉ် . . . ။
S u : တံခါးက ဖွင့်မရဘူးလား
သူမအနားကပ်ပြီး ပြောလိုက်တဲ့ အသံကြောင့် Attdar ဒေါသထွက်တာတွေ ပျောက်ပြီး အနီရောင်အနုဖြစ်နေတဲ့ မျက်ဝန်းတွေက ချက်ချင်း ပြန်မည်းနက်သွားကြလေသည်။
Attdar : ဟုတ်
Attdar သူမဘက်ကို ခေါင်းအနည်းငယ်စောင်းကာ ဖြေလိုက်သည်။
S u : သေချာဖွင့်ကြည့်ပါဦးလား
Attdar : ဒီ့ထက်ဖွင့်ရရင် တံခါးကိုပဲ ချိုးပြီး ဝင်တော့မယ်
Attdar ဒေါသကို ထိန်းပြီး ပြောလိုက်ရသည်။
S u : ဟိုဘက်က ညီမလေးတွေကော . . . ဖွင့်လို့ ရကြလား
သူမ မေးတော့မှ သူတို့လည်း ကိုယ့်အခန်းကို ဖွင့်ကြည့်လိုက်ကြသည်။
Kolar : ဟာ . . .
E n o : အမ် . . .
Yiyar : ဟင် . . .
Kolar့ ရဲ့ စိတ်မရှည်တဲ့လေသံ ၊ E n o ရဲ့ ကြောင်သွားတဲ့လေသံ နဲ့ Yiyar့ ရဲ့ အံ့သြသွားတဲ့အသံတို့ကို ကြားလိုက်ရလေသည်။
Kolar : သော့က အစုတ်ကြီးလား
K u : ဘာ . . . အစုတ် . . .ဟုတ်လား
Kolar : ဖွင့်မရမှတော့ စုတ်နေတာပဲပေါ့
K u : မင်း . . .
Kolar နဲ့ K u ရန်ဖြစ်ပြန်လေသည်။
E n o : ငါ့အထင် ကျိုးနေတာ ဖြစ်ရမယ်
F u : အကောင်းကြီးအတိုင်း ရှိနေတဲ့ သော့ကို ကျိုးနေတယ်ပြောရအောင် မင်းမျက်စိက တော်တော်ကန်းနေတာလား
E n o F u့ ကို မျက်စောင်းထိုးတော့ F u က ဘုကြည့်ပြန်ကြည့်လေသည်။
Yiyar : မဟုတ်လောက်ပါဘူး ၊ ဟောင်းနေတာပဲ နေမှာ
R u : ဟွန်း . . .
ပြောင်လက်တောက်ပပြီး အသစ်မှန်း သိသာနေတဲ့ သော့ကို ဟောင်းနေတယ်လို့ ပြောသံကြားလိုက်ရ၍ R u ကြိတ်ရယ်လိုက်မိသည်။
Z u : တကယ် ဖွင့်မရတာကော ဟုတ်ရဲ့လား
Z u့ စကားကြောင့် Attdar ထိန်းထားတဲ့ကြားက ဒေါသက နည်းနည်း ပြန်ထွက်လာကာ မျက်လုံးက အနီရောင် မသိမသာလေး ပြောင်းသွားလေသည်။
Attdar : လိမ်နေတယ် ထင်လို့လား
Attdar Z u့ နဲ့ မျက်နှာချင်းဆိုင်လိုက်သည်။
Attdar : မယုံရင် ကိုယ်တိုင်လာဖွင့်ကြည့်လေ
Z u Attdar့ ကို သေချာစိုက်ကြည့်လိုက်ပြီး ဘေးက တစ်ယောက်ကို စိတ်တိုသော မျက်ဝန်းများဖြင့် ကြည့်လိုက်မိသည်။
Z u : အမ . . .
Z u့ အသံကြောင့် Attdar့ ဘေးက တစ်ယောက်က Z u တို့ ဘက်ကို လှည့်ကြည့်လေသည်။
Z u : သော့တွေ အမခိုးသွားတာမလား
S u : ငါက ခိုးတဲ့နေရာမှာ တော်တာ သိတယ်မလား
A, K, Y, E : အ . . . မ . . .
Attdar တို့တွေ အံ့သြသွားလေသည်။
S u : တို့က သူတို့လေးယောက်ရဲ့ အမ . . . S u
K , Y , E : S u . . .
Attdar မှ လွှဲ၍ ကျန်တဲ့လူတွေ တိုးတိုးလေး ရေရွတ်လိုက်ကြသည်။
Attdar သူမကို သေချာစိုက်ကြည့်ပြီး အကဲခတ်နေမိသည်။
S u : ဟူး . . . ဒီကောင်မလေး . . . တကယ်မလွယ်ကြောလေးပဲ
S u စိတ်ထဲကနေ တွေးလိုက်ပြီး သူမကို စိုက်ကြည့်နေတဲ့ Attdar့ ကို ပြုံးပြလိုက်သည်။
Z u : အမ . . . ဒီလေးခန်းက ကျွန်တော်တို့ပိုင်တာလေ
S u : ဒါပေမယ့် ဒီမှာ အခန်းမလောက်တော့လို့ သူတို့ကို ဒီအခန်းပေးလိုက်တာ ၊ သော့ယူဖို့ ခွင့်ပြုချက်တောင်းရအောင်လည်း အဲ့ဒီ့တုန်းက မင်းတို့မှ ဒီမှာ မရှိတာ
S u့ စကားကြောင့် သူတို့ငြိမ်သွားကြသည်။
Z , K , R , F : အခန်းက ဆယ်ခန်းလောက် ကျန်နေသေးတာကို
သူတို့လေးယောက် စိတ်ထဲကနေ ပြိုင်တူ မကျေမနပ် ရေရွတ်လိုက်ကြသည်။
ပေါ်တင်လည်း မပြောရဲပေ ။
ဒီအမကို သူတို့ ကြောက်ရတာကိုး ။
S u သူတို့ကို ကြည့်ကာ ပြုံးလိုက်မိသည်။
သူမတို့ ဖခင်ကြီးမှာ မိဖုရားငါးပါးရှိတာဖြစ်ပြီး သူမမိခင် . . . မိဖုရားခေါင်ကြီးက သူမကို မွေးပြီးပြီးချင်း ကွယ်လွန်သွား၍ Z u အမေ က မိဖုရားခေါင်ဖြစ်သွားလေသည်။
အကုန်လုံးလိုလိုက အမိမဲ့လေးဖြစ်တဲ့ သူမကို အလိုလိုက်ပြီး ချစ်ကြလေသည်။ ဒီမောင်လေးယောက်က သူမကို သူတို့မိခင်တွေထက် ပိုချစ်ကြသည်။
S u နဲ့ သူတို့ကလည်း ဆယ်နှစ်ကွာတာကြောင့် သူတို့ကို မောင်လေးတွေထက် သားတွေလို ဂရုတစိုက် စောင့်ရှောက်ခဲ့သည်။
Miki တို့ လေးယောက်နဲ့ တွဲတုန်းက သူမ
မကွဲ ကွဲအောင် လုပ်ဖို့ စဉ်းစားခဲ့ပေမယ့် မလုပ်ရက်နိုင်ခဲ့ပေ။ တော်သေးတာက Miki တို့က သူမတို့သရုပ်မှန်ကို ပြသွားခြင်းပင်။ အဲ့ဒီ့နောက်ပိုင်း ဒီကောင်လေး လေးယောက်လည်း အရင်ကထက် အရယ်အပြုံးနည်းပြီး စကားလည်း သိပ်မပြောကြတော့ပေ။ အေးစက်နေတဲ့ သူတို့ပုံစံကို သူမ အားမရခဲ့ပေ။
အခု သူမ . . . အမေလေးယောက်ရဲ့ အစီအစဉ်အတိုင်း လုပ်နေရပေမယ့် ဒီကောင်မလေးတွေကို သူမ တွေ့တွေ့ချင်းပင် သဘောကျသွားမိသည်။
Attdar : အမ . . .
Attdar့ အသံကြောင့် သူမ သတိပြန်ဝင်လာသည်။
Attdar : အခန်းသော့က ဒါပဲ ရှိတာလား ၊ အဲ့ဒါဆို ပြန်တော့မယ် ၊ အိပ်ချင်နေလို့
S u : ခဏနေပါဦး ၊ အခန်းက နံပါတ် နဲ့ ဖွင့်လို့ ရတယ်မလား . . . Z u . . .
Z u : အင်း . . . ရတယ် ၊ ဘာလုပ်မလို့လဲ
S u : သူတို့ကို ဖွင့်ပေးမလို့လေ
Z u တစ်ယောက် သူ့ကို ပြုံးပြနေတဲ့ အမဖြစ်သူ S u့ ကို မျက်လုံးအပြူးသားလေးနဲ့ ကြောင်ကြည့်နေမိသည်။
K u : အမ . . . အဲ့ဒါတော့ မဖြစ်ဘူး
F u : ဒီအခန်းက သူတို့လိုဟာတွေ အတွက်လုပ်ထားတာမှ မဟုတ်တာ
F u့ စကားကြောင့် သူမတို့လေးယောက် စိတ်တိုကုန်ကြလေသည်။ ပြီးမှ စိတ်ကို ပြန်ထိန်းလိုက်ကြသည်။
K u နဲ့ F u ကတော့ သတိမထားလိုက်မိဘဲ အခန်းမပေးဖို့ကိုသာ အပြတ်အသတ် ငြင်းနေကြလေသည်။
R u ကတော့ ငြိမ်နေလိုက်သည်။
Z u S u့ ကို စိုက်ကြည့်နေလိုက်သည်။
Z u : ဟူး . . .
အတော်ကြာတော့မှ
သူ သက်ပြင်းချလိုက်သည်။
Z u : အခန်းနံပါတ် 0008 က ကျွန်တော့အခန်းနံပါတ် 0004
F u : Z u ဘာလို့ပေးလိုက်တာလဲ
F u လှမ်းတားလိုက်သော်လည်း . . . ။
Z u : မပေးမချင်း အိမ်ပြန်မယ့်ပုံမပေါ်ဘူး ၊ ပေးလိုက်တော့
F u : ဟာ . . .
F u စိတ်ညစ်စွာ ခေါင်းကို ဖွလိုက်မိသည်။
R u : 0006 က 0002
Yiyar R u့ အသံကြောင့် မော့ကြည့်လိုက်မိသည်။
R u ပြုံးပြမို့ ရှိသေး . . . Yiyar က မျက်နှာလွှဲသွားလေသည်။
K u : အခန်းနံပါတ် 0005 က 0001
Kolar : ဘာလို့ ငါ့အခန်းကို ဖွင့်တဲ့ နံပါတ်က မင့်း အခန်းနံပါတ်ဖြစ်နေတာလဲ
K u : ငါ လုပ်ထားတာပဲ ၊ ငါ့အခန်းနံပါတ်နဲ့ပဲပေါ့ကွ
Kolar : Shit ! နောက်နေ့မှ ပြန်ပြောင်းပစ်ရမယ်
K u : ပြောင်းရဲ ပြောင်းကြည့်
Kolar : ပြောင်းရဲတယ်
K u : မင်းတို့အတွက် လုပ်ထားတဲ့ အခန်းတွေ မဟုတ်ဘူးလို့ ပြောထားပြီးသား ၊ မင်းတို့ ဘာမှလုပ်ဖို့ မစဉ်းစားနဲ့
Kolar : ဘာ . . . ဘာပြောလိုက်တယ်
K u : ကြားတဲ့အတိုင်းပဲ
Kolar : အဲ့ဒီ့လောက် တန်ဖိုးထားနေရင် အခန်းချင်း လဲမလား
Kolar့ စကားကြောင့် K u ငြိမ်သက်သွားလေသည်။
ဒီအခန်းတွေရဲ့ မှော်အတက်ကို
စီရင်ခိုင်းထားတဲ့ သူတို့တွေသာ
ဒီအခန်းတွေကို ဝင်လိုက်မယ်ဆိုရင် မှော်အတက်ပျက်သွားမှာပင် ဖြစ်သည်။ အဲ့ဒါကြောင့် Miko တို့ လေးယောက် ဒီအခန်းတွေကို မဖွင့်မချင်း သူတို့ ဘာအကြောင်းကြောင့်ပဲ ဖြစ်နေပါစေ လုံးဝမဝင်နိုင်ပေ။ သူမတို့အဖြေကို
သိချင်၍ စောင့်နေခြင်းဖြစ်သည်။
Kolar : ဟွန်း . . . အခုကျ ငြိမ်သွားပြီ
Kolar K u့ ကို ကြည့်ပြီး မဲ့ပစ်လိုက်သည်။
K u ဘာစကားမှ ပြန်မပြောဘဲ ငြိမ်နေလိုက်တော့သည်။
F u : မင်းဟာက . . .
E n o : ငါ သိတယ် ၊ 0003 မလား ၊ လျှာမရှည်နဲ့
F u : What !
E n o : မပြောလည်း ရိပ်မိပြီးသား
F u : မင်း . . .
F u E n o ကို လက်ညိုးထိုးလိုက်မိသည်။
E n o : မနက်ဖြန်မှ ရန်ဆက်ဖြစ်မယ် ၊ ခုတော့ အိပ်ချင်နေပြီ
F u : မင်း . . .
F u ဒေါသတွေကို ထိန်းလိုက်ရသည်။
သူမတို့တွေ အခန်းတံခါးဖွင့်ပြီး ဝင်ခါနီးတွင် . . ။
S u : ခဏလေး . . .
S u့ အသံကြောင့် သူမတို့တွေ ပြိုင်တူ လှည့်ကြည့်မိလိုက်ကြသည်။
S u : ညီမလေးတို့ လေးယောက်က သူငယ်ချင်းတွေလား ၊ နာမည်တွေကော ဘယ်လိုခေါ်လဲ
S u တကယ်တော့ ဒီအကြောင်းတွေ သိနေပြီးသားပါ ။
ဟိုကိုယ်တော်ချော လေးယောက် သိအောင် တမင်မေးခြင်းပင် ။
ဒါပေမယ့် အမှန်ပြောမယ် ၊ မပြောဘူးဆိုတာတော့ သိပ်မသေချာ။
Attdar : ညီအစ်မတွေပါ
Attdar မျက်မှောင်တစ်ချက်ကျုံ့လိုက်ပြီး ပြန်ဖြေလိုက်သည်။ ဘာလို့မေးမှန်း သူမ သိနေတာပဲလေ ။
Kolar တို့ သုံးယောက်လည်း တမင်မေးမှန်း ရိပ်မိလိုက်တာကြောင့် Attdar့ အဖြေကိုပဲ နားစွင့်နေလိုက်တော့သည်။
Ku : ဟင် . . .
F u : အမ် . . .
K u မျက်လုံးပြူးသွားသလို F u လည်း ကြောင်သွားလေသည်။
R u နဲ့ Z u ကတော့ အံ့သြကာ စဉ်းစားရခက်သွားရသည်။
S u လည်း ၆၀ ရာခိုင်နှုန်းလောက်က လိမ်ပြောမယ်ထင်ထားတာမလို့ အမှန်အတိုင်း ပြောလိုက်တာကြောင့် နည်းနည်းတော့ အံ့သြသွားမိသည်။
Chapter - 3 , " Secret Doors and Fated Keys "
E N D
ဆက်လက်ကြိုးစားပါဦးမည်။
Aikoyuu
ဝေဖန်ပေးကြပါဦးနော်
ကျေးဇူးတင်ပါတယ် ^-^
Continue Reading
You'll Also Like
1.6M 197K 160
2M 161K 36
No descriptions here
408K 8.9K 36
2.9M 189K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022