The End Of The Hate ( အမုန်းနိဂုံး )
Chapter - 2 : " It depends on
Four Eyes "
Attdar : ငါ ပြုံးပြခဲ့တယ်လေ
Attdar သူမတို့ဘက် ခေါင်းအနည်းငယ်စောင်းကာ ပြောလိုက်သည်။
Kolar : ငီ့ . . .
E n o : ငင့် . . .
Yiyar : တိန် . . .
သုံးယောက်လုံး ခန္ဓာကိုယ်ချင်း ပူးကပ်သွားလေသည်။
Yiyar : Attdar က သာမန်ချိန်ပြုံးရင် လှပေမယ့် . . .
E n o : စိတ်တိုနေတဲ့အချိန် ပြုံးလိုက်ရင် . . .
Kolar : ကြောက်စရာအကောင်းဆုံးပဲ
သူမတို့သုံးယောက်လုံး တံတွေးမျိုချလိုက်ရသည်။
Attdar : သွားမယ်
Attdar ရှေ့ကနေ ထွက်သွားသဖြင့် နောက်ကနေ သူတို့ ပြေးလိုက်လိုက်ရသည်။
Yiyar : Attdar အောက်ထပ်စတိုခန်း ထဲမှာလား
Yiyar သေချာအောင် ထပ်မေးလိုက်မိသည်။
Attdar : အင်း
E n o : ဘာလို့ အဲ့အထိတောင် သွားပို့နေပါလိမ့်
Kolar : Shit! တမင်လုပ်တာ
E n o နဲ့ Kolar လက်သီးစာ မကျွေးလိုက်ရ၍ စိတ်တိုနေကြသည်။
သူတို့ တစ်ထပ်ပြီး တစ်ထပ် ဆင်းသွားလိုက်သည်။
Attdar : စတိုခန်းကို ရောက်ပြီ
Attdar တိုးတိုးလေး ပြောလိုက်သည်။
Kolar : Attdar ဘာစောင့်နေတာလဲ ၊ တံခါးအမြန်ဖွင့်ရအောင်
Attdar : အင်း
Attdar တံခါးကို ကိုင်မိရုံတမယ်ဖြစ်ကာမှ နောက်ဆုတ်လိုက်သည်။
Kolar : Attdar ဘာဖြစ်လို့လဲ . . .
Attdar : တံခါးမှာ မှော်အတတ်ရှိတယ်
Kolar, E n o , Yiyar : ဟင် . . .
သူမတို့သုံးယောက် မျက်လုံးပြူးသွားရသည်။
Yiyar : ဘယ်လိုလုပ်မလဲ . . . Attdar . . .
Attdar : Kolar Thunder ကို သုံးလိုက်
Kolar : အင်း
Kolar Attdarပြောတဲ့အတိုင်း သူမအစွမ်းတွေထဲက တစ်မျိုးကို ထုတ်သုံးလိုက်သည်။
Kolar : Thunder . . .
တံခါးပေါက်နားကို ကပ်ကာ လက်ကို လက်ကိုင်ဘုနဲ့ အနည်းငယ်သာ ဝေးထားလိုက်သည်။ ခဏအကြာ သူမလက်ကနေ လျှပ်စစ်တွေထွက်လာပြီး တံခါးလက်ကိုင်ဘုဆီ စီးဆင်းသွားလေသည်။ ခက်တာက တံခါးလက်ကိုင်ဘုမှာလည်း ဒိုင်းရှိနေလေသည်။
Attdar : Kolar အားနည်းနည်းထည့်လိုက်
Attdar့ အသံကြောင့် Kolar အားပိုထည့်လိုက်သည်။ ချက်ချင်းမတ်တပ်ပင် ဒိုင်းပျောက်သွားပြီး လက်ကိုင်ဘုပါ ပျက်သွားလေသည်။
Kolar : ရပြီ
Attdar : ခဏလေး . . . Kolar . . .
ဝင်ဖို့ ပြင်နေသော Kolar့ ခြေလှမ်းတွေ ချက်ချင်း ရပ်တန့်သွားလေသည်။
Attdar : ငါ အရင်ဝင်မယ် ၊ နင်က ဒေါသ မထိန်းနိုင်ဘူးလေ
Kolar : ဟဲ . . .
Attdar : အာ့ဆို သွားကြရအောင်
သူတို့တွေ အကုန် အထဲကို ဝင်သွားလိုက်လေသည်။
သူတို့တွေ လမ်းလျှောက်နေတာ ၁၀ မိနစ်လောက်ပင် ရှိနေပြီဖြစ်သည်။
Yiyar : Attdar . . .
Kolar : သိပ်မူမမှန်ဘူး
E n o : ဒီအခန်းက . . .
E n o နဲ့ Kolar သတိထားနေမိသည်။
Yiyar ကတော့ ကြောက်နေလေသည်။
Attdar : မပြောတော့နဲ့ ၊ တော်တော့ ၊ ရောက်တော့မယ်
Attdar့ အသံကြောင့် သူတို့တွေ စကားပြောနေရာကနေ ရပ်လိုက်ကြသည်။
Attdar : Yiyar မကြောက်နဲ့ ၊ ငါတို့ ရှိတယ်
Yiyar့ ခေါင်းလေးကိုပုတ်ကာ ပြောလိုက်သည်။
သူတို့ ဝင်ဝင်ချင်းပင် အခန်းတံခါးက ပိတ်သွားလေသည်။ အခန်းကလည်း အမှောင်ကျသွားလေသည်။ အခြေအနေကို မသင်္ကာတာကြောင့် သူတို့တွေ တံခါးဖွင့်ဖို့ မကြိုးစားဘဲ လမ်းဆုံးရောက်တဲ့ အထိ လျှောက်နေတာပဲ ဖြစ်သည်။ လမ်းဆုံးရောက်တော့ စိမ်းလန်းစိုပြေနေတဲ့ သစ်တောကြီးကို တွေ့လိုက်ရပြီး အကြီးဆုံးနဲ့ အရိပ်အကျဆုံး အပင်အောက်မှာ သူမတို့ စားပွဲခုံနဲ့ ထိုင်ခုံတွေကို တွေ့လိုက်ရလေသည်။
Kolar : ငါတို့ရောက်နေတာ တောကြီးမလား
E n o : အင်း . . . မြို့အပြင်က တောင်ဘက်တောအခြမ်းပဲ
Attdar : အင်း . . .
သူမတို့တွေ ပတ်ဝန်းကျင်ကို သေချာကြည့်လိုက်မိသည်။
Yiyar : ငါတို့နေရာလည်း အရင်က ဒီလို စိမ်းလန်းနေခဲ့တာနော်
Yiyar့ စကားကြောင့် Kolar နဲ့ E n o မျက်နှာတွေ ငုံ့ပစ်လိုက်ကြသည်။
Yiyar စကားပြောမှားမှန်း သိလိုက်ရ၍ Attdar့ ကို စိတ်ပူလို့ ကြည့်လိုက်တော့ Attdar ငြိမ်သက်နေမိသည်။
ကမ္ဘာကြီးရဲ့ အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် အခြမ်းလေးခြမ်းရှိတဲ့ အထဲက အနောက်ဘက်နဲ့ မြောက်ဘက်အခြမ်းက အခုတော့ . . . တောနက်ကြီးဖြစ်နေခဲ့ပြီပဲလေ။ အပင်တွေ အကုန်သေပြီး နေရာတိုင်းက မှောင်မဲနေလေသည်။ ခေတ်ရှေ့ပြေးနေပေမယ့် Vampire တွေ ၊ Wolf တွေ အုပ်စိုးပြီး အမြဲတမ်းစစ်ဖြစ်နေတဲ့ ခေတ်ကြောင့် ခေတ်ရှေ့ပြေးတယ်မထင်ရဘဲ ရှေးခေတ်ဆန်ဆန်ဖြစ်နေပြီး ပတ်ဝန်းကျင်က အမြဲတမ်းအုံ့မှိုင်းနေလေသည်။ ကောင်းတဲ့အဖွဲ့က လူသားတွေ မျိုးမပြတ်အောင် ကာကွယ်နေကြပေမယ့် မကောင်းတဲ့အဖွဲ့က အားသာနေတာကြောင့် လူသားမျိုးနွယ်က ရှားပါးနေလေသည်။ ဒီကြားထဲ မကောင်းတဲ့အဖွဲ့က Vampire နဲ့ Werewolf တွေ အကြောင်းကို လူသားအားလုံးရဲ့ ညဏ်ထဲက ထုတ်ထားတာကြောင့် လူသားတွေက သူတို့တွေကို လူတွေလို့သာ ထင်ကြလေသည်။ အဲ့ဒီ့အဖွဲ့ကြောင့်လည်း . . . ။
Attdar : Shit!
Attdar လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး အံကြိတ်ထားမိသည်။
Yiyar : A . . . T . . . T . . . D . . . A . . .
R . . .
Attdar : ရတယ် ၊ ငါ ဘာမှမဖြစ်ဘူး ၊ ခုံတွေဆီ သွားကြစို့
သူမတို့တွေ အပင်အောက်က သူမတို့ ခုံတွေဆီကို သွားလိုက်သည်။
Attdar : လာပြီ . . . သူတို့ . . .
Attdar့ အသံကြောင့် သူတို့လာခဲ့တဲ့ လမ်းဆုံးကို ကြည့်လိုက်ကြသည်။
Attdar စာရေးခုံပေါ်မှာ ထိုင်လိုက်သည်။
မကြာပါ။
သူမတို့ဆီကို သူတို့ ရောက်လာလေသည်။
Attdar : Yo . . .
Attdar နှုတ်ဆက်လိုက်ပေမယ့် သူတို့မျက်နှာတွေက အရမ်းကို တည်နေလေသည်။
Z u : မင်းတို့လည်း Vampire တွေပဲမလား
Attdar : အဲ့ဒီ့တော့ . . .
Z u : ဟွန့် . . . မင်းတို့ အဆင့်နဲ့ဆို ငါတို့ကို ဂါရဝပြုသင့်တယ်လေ
Kolar : ဘာ . . .
Kolar စိတ်တိုကာ ရန်တွေ့ဖို့ ပြင်လိုက်သည်။
E n o : Kolar . . .
E n o ဆွဲထားလိုက်လေသည်။
Kolar : ဘာလဲဟ
E n o : Attdar ငါတို့ကို ဝင်မပြောဖို့ ပြောနေတယ် ၊ အာရုံစိုက်ကြည့်
Kolar ငြိမ်လိုက်ပြီး အာရုံစိုက်ကြည့်လိုက်သည်။
Attdar : တစ်ယောက်မှ ဝင်မပြောနဲ့ ၊ တိတ်တိတ်နေ ၊ ငါပဲ ဖြေရှင်းမယ်
Attdar့ အသံကို ကြားလိုက်ရ၍ Kolar မတ်တပ်ရပ်နေရာကနေ ခုံပေါ် ပြန်ထိုင်လိုက်သည်။
Attdar : ဟွန့် . . . ဂါရဝပြုစေချင်တာလား
လှောင်ပြောင်ပြောနေတဲ့ အသံမို့ Z u မျက်မှောင်ကျုံ့လိုက်မိသလို K u နဲ့ F u စိတ်တိုသွားမိသည်။ စိတ်တိုခဲတဲ့ R u ကတော့ စိတ်ဝင်တစား စောင့်ကြည့်နေမိသည်။
Attdar ထိုင်နေရင်းနှင့်ပင် သူတို့ကို ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။
Attdar : ရပြီလား
K u , F u : မင်း . . .
K u နဲ့ F u တော်တော်စိတ်တိုသွားလေသည်။
Z u : K u ၊ F u မလုပ်နဲ့
Z u့ အသံကို စိတ်ထဲကနေ ကြားလိုက်ရ၍ သူတို့တွေ ရပ်တန်းက ရပ်လိုက်ကြပေမယ့် မကျေနပ်ချင်ပေ။
Z u : ဒီကျောင်းက Vampire မှန်သမျှ ငါတို့အုပ်ချုပ်တဲ့ အိမ်မှာ နေရတာကို မင်းတို့သိမှာပါ
Attdar : အဲ့တော့ . . .
Attdar မေးလည်းမေး ၊ ခုံကိုလည်း မ ကာ သူတို့ဆီ လျှောက်လာလေသည်။
Z u ဒေါသကို ထိန်းကာ . . .
Z u : Vampire တွေကို လူတွေနေတဲ့နေရာမှာ ပေးမနေဘူး ၊ အဲ့ဒါကြောင့် ကျောင်းဆင်းရင် မြို့အစွန်က ငါတို့အိမ်ကို လာခဲ့ကြ
Attdar : အဲ့ဒါပဲမလား . . . ဒါဆို သွားလိုက်ပါဦးမယ်
Attdar . . . Z u နဲ့ မျက်နှာချင်းဆိုင် ပြောလိုက်ပြီး လှည့်ထွက်လာခဲ့သည်။
Kolar : Attdar လာမှ ငါတို့လည်း လာမယ် ၊ အမိန့်ပေးဖို့ မစဉ်းစားနဲ့
Kolar သူတို့ကို အပြတ်ပြောပြီး ထွက်သွားလိုက်သည်။
K u အစက သူတို့ကို ပြောဖို့ ပြင်နေတုန်း Kolar့ စကားကြောင့် ကြောင်ကာ ကျန်ခဲ့လေသည်။
E n o က သူတို့ကို လှည့်တောင် မကြည့်ပေ။
Yiyar : သွား . . . သွားလိုက်ပါဦးမယ်
Yiyar တစ်ယောက်သာ သူတို့ကို နှုတ်ဆက်သွားလေသည်။
သူတို့လေးယောက်လုံး ဒေါသအထွက်လွန်ကာ ကျန်ခဲ့လေသည်။
သူတို့တွေ တံခါးကို ဖွင့်နိုင်ကတည်းက သူတို့တွေ ချက်ချင်း သူမတို့နောက်ကို လိုက်လာတာ ဖြစ်သည်။
K u : ကြည့်ရတာ Level တော်တော်မြင့်ပုံပဲ
R u : မှော်အတက်ကတော့ ငါတို့ Level ရဲ့ လေးပုံတစ်ပုံ ရှိရင် ဖွင့်နိုင်ပေမယ့် ဒီတံခါးရဲ့ ဒိုင်းကိုတော့ ငါတို့ Level ရဲ့ တစ်ဝက်လောက်ရှိမှ ဖွင့်နိုင်တာ ၊ ဘယ်လောက်ပဲ Level မြင့်နေပါစေ ၊ Skill ကျွမ်းနေပါစေ ၊ အလွန်ဆုံး ငါတို့ Level ရဲ့ သုံးပုံပုံ တစ်ပုံ လောက်ပဲ ရှိနိုင်တာ ၊ တစ်ဝက်ဖြစ်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး ၊ တိုင်းပြည်လေးတွေရဲ့ မင်းသား ၊ မင်းသမီးတွေသာ ငါတို့ Level တစ်ဝက်မှီကြတာကို ၊ သာမန် Vampire က . .
K u နဲ့ R u စဉ်းစားရခက်နေကြလေသည်။
F u : ဘာမှမဟုတ်ဘဲ မာန်ထောင်နေတာပါကွာ
F u တစ်ယောက်က ခုထိ ဒေါသမပြေသေးပေ။
F u : ဂါရဝပြုပုံက သတ်ပစ်ချင်စရာတောငိုကောင်းတယ် ၊ နောက်တစ်ယောက်ကလည်း အမိန့်ပေးဖို့ မစဉ်းစားနဲ့တဲ့ ၊ ရယ်ရတယ် ၊ ငါတို့က မင်းသားတွေမို့ သူတို့ကို အမိန့်ပေးတာ ၊ ငါတို့ကို ပြန်တောင် ငေါက်သွားသေးတယ်
K u : ပြန်စဉ်းစားကြည့်တော့လည်း ရယ်ချင်စရာကြီး
K u စကားကြောင့် F u မျက်လုံးပြူးများဖြင့် လှည့်ကြည့်မိလေသည်။
F u : ဘာ . . .
K u : ဒီ ၂ နှစ်အတွင်း ငါတို့ကို မလေးမစားဆက်ဆံတာ ရှိမှမရှိခဲ့တာ ၊ စိတ်ဝင်စားဖို့တော့ ကောင်းနေပြီ
K u့ စကားကြောင့် F u ငြိမ်သက်သွားသလို
R u မျက်နှာမှာလည်း နာကျင်မှုတွေ ပေါ်လာလေသည်။
K u : ငါတို့တွေ ခုထိ . . . သူတို့ကို . . .
Z u : K u . . . Stop it now . . .
Z u အသံကြောင့် သူ ရပ်လိုက်သည်။
Z u : အတိတ်ကို ပြန်မစဉ်းစားချင်တော့ဘူး
Z u စကားလည်း ဆုံးရော အကုန်လုံး ငြိမ်ကျသွားလေသည်။
Z u : အခန်းကို ပြန်ကြရအောင်
သူတို့တွေ အကုန်လုံး အခန်းဆီ ပြန်သွားလိုက်လေသည်။
အခန်းထဲရောက်တော့ မမလေးယောက်က သူတို့ကို အဖတ်တောင် မလုပ်ပေ။
ထုံးစံအတိုင်း တစ်ယောက်က နားကြပ်တပ်ပြီး အပြင်ဘက်ကို ငေးနေပြန်သည်။ နောက်တစ်ယောက်က မှောက်အိပ်နေပြီး တစ်ယောက်က အလှပြင်နေလေသည်။ တစ်ယောက်က ထိုင်လျက် မျက်စိမှိတ်ထားလေသည်။
F u : ဟွန့် . . . မြင်နေရတာကိုက
F u အသံကို E n o ကြားသွား၍ လှည့်ကြည့်လိုက်ပြီး နှစ်ယောက်သား အကြည့်ချင်းဆုံပြီး စစ်တိုက်နေလေသည်။
သူတို့တွေ ကိုယ့်ထိုင်ခုံပေါ် ထိုင်လိုက်ကြသည်။
သို့သော် . . .
အသံ : ဗုန်း . . .
K u ကြမ်းပြင်ပေါ် ပြုတ်ကျသွားလေသည်။
Kolar ပြုံးလိုက်မိသည်။ သို့သော် မျက်နှာကို ချက်ချင်းပြန်တည်လိုက်သည်။
F u : K u မင်း ဘယ်လိုဖြစ်တာလဲ
K u စိတ်တိုပြီလေ ။ ချက်ချင်းထကာ နောက်တည့်တည့်က Kolar နဲ့ အကြည့်ချင်းဆုံပစ်လိုက်သည်။
K u : မင်း တမင်လုပ်တာမလား
Kolar : ဘာလုပ်မိလို့လဲ
Kolar ခပ်တည်တည်နဲ့ သူ့ကို မော့ကြည့်လိုက်လေသည်။
K u : ငါ ထိုင်ခါနီးမှ ခုံကို ခြေထောက်နဲ့ နောက်ကို ဆွဲသွားတာမလား
Kolar : သက်သေရှိလို့လား
K u : သက်သေမလိုဘူး ၊ သက်မဲ့က သူ့ဘာသာ ရွှေ့မှာ မဟုတ်ဘူး
Kolar : ဟား . . . ပြောမရဘူးလေ ၊ သူ့ပေါ် မင်း ထိုင်မှာ မကြိုက်လို့ ထွက်ပြေးမှန်းမှမသိ
K u : မင်း . . .
F u : K u မင်းပြုတ်ကျတာ သူ့ကြောင့်လား ၊ ငါပါ ဝင်ပါပေးမယ်
K u : ရတယ် ၊ မပါနဲ့
Kolar : နှစ်ယောက်တစ်ယောက်လည်း မကြောက်ဘူးနော်
K u : မင်း ကြောက်ကြောက် မကြောက်ကြောက် အမှန်ဝန်ခံလိုက် ၊ မင်း ခုံကို ခြေထောက်နဲ့ ဆွဲသွားတာမလား
Kolar : ဟုတ်တော့ကော ဘာဖြစ်ချင်လဲ
သူ့ကို မေးငေါ့ပြီး ပြောလိုက်တာကြောင့် K u ဒေါသက ထိပ်ဆုံးရောက်သွားလေသည်။
F u : မင်းတို့ ငါတို့ကို ရိုရိုသေသေဆက်ဆံ ၊ မင်းတို့ကို သတ်ပစ်လို့ရတယ်
E n o : ယောင်္ကျားလိုလို မိန်းမလိုလို တွေကို ရိုရိုသေသေ ဆက်ဆံရမယ့်အစား ကိုယ့်ကိုယ်ကို သတ်တောင်သေပစ်လိုက်ဦးမယ်
F u စကားကို E n o က ပြန်ပြောလေသည်။
K u : မင်း . . .
Kolar : ဘာလဲ
F u : အသက်မရှင်ချင်တော့ဘူး ထင်တယ်
E n o : အဲ့စကားကို ငါက ပြောရမှာ
F u : မင်း . . .
K u နဲ့ Kolar က တစ်တွဲ ၊ F u နဲ့ E n o က တစ်တွဲ ရန်ဖြစ်နေလေသည်။
E n o : Yiyar နင်ပါ လာခဲ့
F u : R u မင်း ဝင်ကူဉ်ီး
Yiyar နဲ့ R u ကို E n o နဲ့ F u က စစ်ကူတောင်းလေသည်။
Yiyar : အမ် . . .
Yiyar ချွေးဇောပြန်လာလေသည်။
သူမှ ရန်ဖြစ်ရတာ စိတ်မဝင်စားတာ ။
Yiyar တစ်ဖက်လူကို မဝံ့မရဲလေး လှမ်းကြည့်လိုက်မိသည်။
R u . . . Yiyar့ ပုံကို အကဲခတ်နေမိသည်။
သူမရဲ့အစွမ်းက လွှဲရင် ရိုးသားပြီး အေးအေးဆေးဆေးလေးနေတတ်တာကို သူမမျက်ဝန်းတွေကနေတစ်ဆင့် သူ ခံစားမိလေသည်။ Yiyar သူ့ကိုမော့ကြည့်တော့ သူ . . . သူမကို ပြုံးပြလိုက်သည်။
Yiyar သူမကို ပြုံးပြနေ၍ ဘာလုပ်ရမှန်း မသိတာနဲ့ ပြန်ပြုံးပြလိုက်သည်။ အစအဆုံး ကြည့်နေတဲ့ K u တို့တွေကတော့ . . . ။
Kolar : မှားပါတယ်
K u : အရေးထဲ အပြုံးချင်း ဖလှယ်နေကြတယ်
Kolar သူမနဖူးကို သူမ ပြန်ရိုက်လိုက်သလို
K u လည်း စိတ်ပျက်သွားမိသည်။
E n o : စစ်ကူခေါ်ကာမှ . . .
F u : ပိုဆိုးနေတယ်
E n o နဲ့ F u ပင် သံစဉ် ကိုက်နေလေသည်။
သို့သော် သူတို့လေးယောက်လုံး မျက်နှာချင်းဆိုင်မိတာနဲ့ ရန်ပြန်ဖြစ်ဖို့ ပြင်လိုက်ကြသည်။
Attdar : Kolar . . . E n o . . .
Z u : K u . . . F u . . .
သူတို့နာမည်တွေကို ခေါ်လိုက်တဲ့ အသံကြောင့် သူတို့တွေ တုန်သွားလေသည်။
Attdar : ခဏနေ ကျောင်းသားတွေ လာတော့မယ် ၊ တော်တော့
Z u : ခဏနေ ကျောင်းသားတွေ လာတော့မယ် ၊ တော်တော့
သူတို့နှစ်ယောက်လုံး ပြိုင်တူ အသံထွက်မိသွားလေသည်။
K u တို့ လေးယောက်အပြင် Yiyar နဲ့ R u ပါ ကြောင်သွားကြလေသည်။
Attdar နှုတ်ခမ်းမဲ့ချင်ချင် ဖြစ်သွားပြီး Z u မျက်မှောင်ကျုံ့လိုက်မိသည်။
Attdar : တိုက်ဆိုင်သွားတာ နေမှာပါ
Z u : ငါက သူနဲ့စကားပြောတာ တူစရာလား
ကိုယ့်စိတ်ကို ပြန်နှစ်သိမ့်နေကြရသည်။
Vampire မင်းသားတစ်ပါးနဲ့ စကားပြောတာချင်း တူနေခဲ့ရင် သေချာပေါက် အဲ့ဒီ့မင်းသားရဲ့ ဖူးစာရှင်ဖြစ်တယ်ဆိုတဲ့ အယူရှိတာကြောင့် အကုန်လုံး သူတို့ဆက်ပြောမယ့် စကားကို အာရုံစိုက်လိုက်ကြသည်။
Attdar : ထိုင်တော့ ၊ ကျောင်းတက်တော့မယ်
Z u : ထိုင်တော့ ၊ ကျောင်းတက်တော့မယ်
ထပ်ပြီး တူသွားပြန်လေသည်။
Z u စိတ်တိုကာ သူမဘက်လှည့်တော့ သူမကလည်း ပြတင်းပေါက်ကို ကြည့်နေရာက သူ့ဘက်လှည့်လာလေသည်။
Z u : မင်း ငါပြောသလို လိုက်မပြောနဲ့
Attdar : မင်း ငါပြောသလို လိုက်မပြောနဲ့
Yiyar နဲ့ R u ကတော့ သူမတို့ကိုပင် တအံ့တသြ ကြည့်နေမိလေသည်။
ရန်ဖြစ်နေတဲ့ လေးယောက်ကလည်း မတ်တပ်ရပ်လျက်ပင် သူတို့နှစ်ယောက်ကို ငေးကြည့်နေလေသည်။
Z u : မင်း တော်တော် လွန်နေပြီ
Attdar : မင်း တော်တော် လွန်နေပြီ
Z u : ငါပြောသလို လိုက်မပြောနဲ့လို့ ပြောနေတယ်လေ
Attdar : ငါပြောသလို လိုက်မပြောနဲ့လို့ ပြောနေတယ်လေ
Z u : Wanna a fight ?
Attdar : Wanna a fight ?
နှစ်ယောက်လုံးပြိုင်တူပင် မတ်တပ်ရပ်လိုက်ကြသည်။
Yiyar : Attdar တော် . . . တော်တော့
R u : Z u ကျောင်းသားတွေ လာတော့မယ်
E n o , Kolar : Attdar ကွ
F u , K u : Z u လုပ်ပစ်
Yiyar တို့က တားပြီး K u တို့ လေးယောက်လုံးက မြှောက်ပေးနေလေသည်။
Attdar သူတို့ကို တစ်ချက်လှမ်းကြည့်ကာ မျက်နှာလွှဲပစ်ပြီး ပြန်ထိုင်နေလိုက်သည်။
Z u လည်း စိတ်ကိုလျော့ကာ ကိုယ့်နေရာကို ပြန်ထိုင်လိုက်သည်။
ထိုစဉ် ကျောင်းသူတွေ ဝင်လာတာကြောင့် K u တို့လည်း ထိုင်ခုံပေါ် ပြန်ထိုင်လိုက်သည်။
ကျောင်းဆင်းတာနဲ့ Attdar တို့ လေးယောက်ကို သူတို့ မတွေ့ရတော့ပေ။
R u : သူတို့ လာတော့ လာလောက်ပါတယ်နော်
R u စိတ်ပူစွာဖြင့် ပြောလိုက်မိသည်။
K u : Shit! မလာတာ ပိုကောင်းတယ်
F u : ဟုတ်တယ်
K u့ စကားကို F u က ထောက်ခံလေသည်။
R u : ငါတို့ဆီ မလာရင် သူတို့ အသတ်ခံနေရမှာပေါ့
Z u : သူတို့ လာမယ် မလာဘူးဆိုတာ
Four Eyes ပေါ်ပဲ မူတည်တယ်
R u : Four Eyes . . . ?
F u : ဟင် . . .
Z u့ စကားကြောင့် သူတို့တွေ ကြောင်သွားလေသည်။
ပြီးမှ မျက်လုံးထဲတွင် လူပုံက ပေါ်လာလေသည်။
R u က ပြုံးရုံသာ ပြုံးလိုက်ပေမယ့် K u နဲ့ F u က အော်ရယ်နေကြလေသည်။
Z u : ဘာဖြစ်နေကြတာလဲ
K u : မင်းပြောတာ သဘောကျလို့ပါကွာ
F u : ဟား . . . ဟား . . .
R u သူတို့သုံးယောက်လုံးကို နောက်ကနေ ကြည့်နေမိသည်။
သူတို့တွေ ဒီလို ပျော်ပျော်ရွှင်ရွှင်မနေကြတာ
၂ နှစ်ကျော်တောင် ရှိသွားပြီပဲ။ သူတို့တွေ အရင်တုန်းကလို ပြုံးရယ်နေကြတာကို သတိကောထားမိကြရဲ့လားပဲ။ ကြည့်ရတာ သူတို့တွေ သူမတို့ကိုပင် ကျေးဇူးတင်ရမလိုပင်။
Chapter - 2 : " It depends on
Four Eyes "
E N D
ဆက်လက်ကြိုးစားပါဦးမည်။
Aikoyuu
ဝေဖန်ပေးကြပါဦးနော်
ကျေးဇူးတင်ပါတယ် ^-^