Paradise..
#krisho..
#by dosuga kyungsoo yoongi..(marchy dohan)
______________________________
Su..."yifan..,yifan...yifan လို့..."
yifan..."ဟင်...သြော်..အေး..ပြော..."
Su..."ဘာတွေဖြစ်နေတာလဲ...ငါခေါ်တာလဲမကြား..နင့်စိတ်တွေဘယ်ရောက်နေတာလဲ..yifan.."
Yifan..."ငါ ဘာမှမဖြစ်ပါဘူးဟာ..."
su...."ဖြစ်နေပါတယ်...ငါ့မွေးနေ့ကိုတောင် နင်ခါတိုင်းသတိရနေကြ...ဒါမယ့် ဒီတစ်ခါမွေးနေ့ကို နင် birthday wish မလုပ်ပေးဘူး..."
yifan.."arrr..sorry ငါ..ငါမရည်ရွယ်ပါဘူးဟာ..ငါသတိရပါတယ်...ပြောဖို့မေ့သွားတာပါ...happy birthday နော်.."
Su.."တော်ပါပြီ...ထားလိုက်ပါတော့..မွေးနေ့ပြီးသွားတာဖြင့် တစ်ပတ်ရှိနေပြီ..."
su ရဲ့စိတ်ကောက်နေတဲ့ မျက်နှာလေးကို ငေးကြည့်ရင်း yifan ရယ်လိုက်မိသည်..
su.."ဘာရယ်တာလဲ.."
yifan..."နင်လေ...အခုလို ငါ့ကိုစိတ်ကောက်နေတဲ့ပုံလေးက ကလေးလေးလို အရမ်းချစ်ဖို့ကောင်းတာပဲ သိလား..."
yifan ပြောတော့ ရှက်ကိုးရှက်ကန်းဖြစ်သွားတဲ့ su မျက်နှာက ပိုချစ်ဖို့ကောင်းလေသည်...
su..."နင်နော်..ငါ့ကို အနာပေးပြီး ဆေးပေးနေတာလား.."
ပြောမယ့်သာပြောနေသည်..ရုပ်က စိတ်ကောက်ပြေတဲ့ရုပ်...သိတာပေါ့..၁၂ ကျော်တောင် တူတူနေခဲ့တာပဲ..ဒီလောက်တော့..သိပြီးသား..
_____________________________
"ဒေါက်....ဒေါက်...ဒေါက်..."
ကွန်ပြူတာ တစ်လုံးနဲ့ အလုပ်ရှုပ်နေသော sehun..တံခါးခေါက်သံကြားလို့ မော့ကြည့်လိုက်တော့...coffee ပန်းကန်လေးကိုင်ရင်း သူ့ကို ကြည့်နေတဲ့ tao..
hun..."aww...tao လာလေ..."
tao ဝင်လာပြီး လက်ထဲက coffee ကို hun ရှေ့မှာ ချပေးလိုက်တယ်...
tao..." hun..အလုပ်များနေလား..."
Hun..."inn..နဲနဲပါ...ဘာဖြစ်လို့လဲ..ပြောစရာရှိလို့လား..."
tao.."inn..."
hun.."ok လေ..၅ မိနစ်လောက်တော့ ထိုင်စောင့်ပေးလို့ရလား...လုပ်စရာ အပြီးသတ်လိုက်ဉ်ီးမယ်.."
Tao..."အင်း...အင်း..."
....
ဖြူလွင်နေတဲ့hun လက်တွေရဲ့ ကွန်ပြူတာခလုပ်ပေါ် နှိပ်သံတချောက်ချောက်က တိတ်ဆိတ်နေတဲ့ hun ရဲ့အလုပ်ခန်းထဲမှာ ကြီးစိုးနေလေသည်...
tao sehun အလုပ်လုပ်နေတဲ့ စားပွဲရှေ့မှာ ထိုင်ရင်း hun ကို ငေးကြည့်နေမိသည်..
မျက်လုံး၊ မျက်ခုံး၊ v shape ပုံမေးရိုးတို့က အပြစ်ပြောစရာမရှိအောင်ကို...perfect ဖြစ်လွန်းနေသည်...သူ့ကို ကြည့်နေတာ သတိထားမိလို့ ထင်ပါရဲ့..အလိုအလျောက် ဆွဲဆောင်ပြီးသား သူ့မျက်ဝန်းနဲ့..သူလှမ်းကြည့်တော့ tao.ပြုံးပြလိုက်တယ်..သူလည်း ပြုံးပြီး.."ခနစောင့်..." ဟုပြောကာ အလုပ်ဆက်လုပ်နေသည်...
အင်းပေါ့လေ...အဲ့ဒါကြောင့်ပဲ အတ္တကြီးခဲ့မိတာပေါ့..
(ကျွန်မ မမှားခဲ့ဘူး ထင်တာပဲ hun ရယ်...)
tao စိတ်များက လွန်ခဲ့တဲ့ ၁၃ နှစ်အချိန်လောက်ဆီသို့.....
~~~~~~~~~~~~~~~~~~~~~~~~
တဖြိုးဖြိုးတဖျက်ဖျက် လက်နေတဲ့ နီယွန်မီးရောင်စုံတွေကြား သံစဉ်တွေနဲ့ စီးချက်အလိုက်ကနေတဲ့ မိန်းကလေးတစ်ယောက်...အသားအနည်းငယ် ညိုပေမယ့် ဆွဲဆောင်မှုရှိတဲ့ သူ့ရဲ့အရပ်အမောင်း နဲ့ မိန်းမောစရာ ကကြိုးတွေက ပုရိသအပေါင်းအား ပြုစားနေသလို...,
Xiumin..."sehun ah...အဲ့ကောင်မလေး တော်တော်လှတယ်နော်..."
Hun..."အေးကွ...မိုက်တယ်..."
Taemin..."ကြိုက်တယ်ပေါ့..."
Hun.."အေး..."
Taemin.."ချိန်လိုက်တော့ ဟေ့ကောင်..."
Xiu..."ဟာ..မင်းကလဲ...သူ့မှာ lu ရှိနေတာပဲ...အဲ့တော့ ငါပဲယူလိုက်တော့မယ်..ဟဲဟဲ..."
Hun..."ဟေ့ကောင်..luက luပဲ..သူက..သူ...ဘာမှမဆိုင်ဘူး..."
Xiu.."haha...အေးပါကွာ..."
taemin..."ဟော..ဟိုမှာ ဆင်းလာပြီ..ဟေ့ကောင်..သွားတော့..."
Hun..."အေး..အေး.."
အရက်မူးနေစအရှိန်လေးလဲ ပါနေပြီဖြစ်တဲ့ hun က ယိုင်တိုင်တိုင်နဲ့...ကောင်မလေးဆီ လမ်းလျှောက်လာသည်...
Hun..."hey...girl..."
"Hi..sehun..."
Hun..."omo...ကျွန်တော့်နာမည် သိနေတာလား.."
"ဟားဟား...သိတာပေါ့ရှင်...ဒီလောက်နာမည်ကြီးနေတဲ့သူပဲ...မျိုးရိုးစဉ်ဆက် ချမ်းသာတဲ့မိသားစုက မွေးလာတယ်...seoul uni မှာ စီးပွားရေး မေဂျာ ဒုတိယနှစ်..တက်နေတယ်...ပြီးတော့...ဝါသနာအရ ကျောင်းပွဲတွေမှာ သီချင်းဆိုတယ်...နောက်ပြီးတော့..."
Hun..."haha...ရပါပြီကွာ..ရပါပြီ..."
ထိုကောင်မလေးက အပြစ်ကင်းစင်စွာ ရယ်လိုက်ပြီး မှာထားတဲ့...အပြင်းစားအရက်တစ်ခွက်ကို တစ်ငုံသောက်လိုက်တယ်...
Hun.."ဒီလောက်ပြင်းတဲ့ အရက်ကို...မူးမယ်နော်....ကောင်မလေး..."
Hun ပြောတော့ ကောငိမလေးက ရယ်တယ်...
"ကျွန်မနာမည် ကောင်မလေး မဟုတ်ပါဘူး...Zi Tao....Tao လို့ပဲခေါ်ပေါ့..."
Hun.."Tao... နာမည်လေးက လှတယ်..ခေါ်လို့လဲကောင်းတယ်...Tao..Tao.."
Tao..."haha..ကျေးဇူးပါရှင်..."
Hun.."tao...သိချင်တာလေးရှိတယ်..မေးလို့ရမလား..."
Tao.."မေးပါရှင်..မေးပါ..."
Hun.."Tao...မှာ ရည်းစားရှိလား..."
Tao.."ရည်းစား...?? မရှိပါဘူး...အချစ်ဆုံးတော့ ရှိတယ်..."
Hun..."ဟင်..အဲ့ဒါဆို crush နေတဲ့သူရှိတာပေါ့.."
Tao..."hkhk..မဟုတ်ပါဘူး..အချစ်ဆုံးသူငယ်ချင်း ကောင်မလေးတစ်ယောက်ရှိတယ်..သူကလွဲပြီး ချစ်တဲ့သူမရှိသေးဘူး..."
Hun...."aww....haha...တော်သေးတာပေါ့..ကျွန်တော် နောက်ကျသွားပြီထင်နေတာ.."
Tao...ပြုံးသာပြုံးပြလိုက်တယ်...အမှန်တိုင်းပြောရရင် ဘယ်ယောကျာင်္းလေးမှ ရင်မခုန်ဘူးခဲ့တဲ့ နှလုံးသားက သူ့ကိုတွေ့မှ ရင်ခုန်လာတာပါ...
ထိုစဉ်...ကလပ်တစ်ခုလုံး ရုတ်တရက် အမှောင်ကျသွားတော့...နွေးထွေးတဲ့..လက်တစ်စုံက သူ့ကိုလာရောက်ဖက်တွယ်နေနဲ့ အထိအတွေ့...tao ph အလင်းရောင် နဲ့..ကြည့်လိုက်တော့ သူ့ကိုပြုံးပြနေတဲ့ sehun...
Hun.."ကြောက်မှာဆိုးလို့ပါ.."တဲ့...
နောက်ပြီး လည်ပင်းပေါ်ရောက်လာတဲ့...သူ့အနမ်းတွေ...tao စိတ်ကို လှုံ့ဆော်ပေးနေသလို....အရက်အရှိန်လဲ နဲနဲရနေပြီ ဖြစ်တာကြောင့် hun.ရဲ့အထိအတွေ့တွေက tao ကို မငြင်းနိုင်အောင်ဆွဲဆောင်နေလေသည်...ထိုစဉ် မီးပြန်လင်းသွားလို့ အလိုမကျဖြစ်သွားတဲ့ သူ့မျက်နှာကိုကြည့်ပြီး ရယ်မိသေးတယ်...
Hun.."Tao...စိတ်မဆိုးဘူးဆိုရင်..."
Hun...ရဲ့မပြီးဆုံးသေးတဲ့...စကားရဲ့ အဓိပ္ပါယ်က ဘာလဲဆိုတာ..taoနားလည်လိုက်ပါသည်...သူ့ကိုကြည့်ရင်း ပြုံးပြလိုက်တော့ သူ လူမိုက်ပြုံးပြုံးပြီး tao လက်ကိုဆွဲကာ သူ့ရဲ့ကားဆီဆွဲခေါ်သွားလေတယ်...နောက်တော့...နောက်တော့...
~~~~~~~~~~~~~~~~~~~~~~~
"Ring...ring...ring......."
Tao..."hello...."
"အေး...tao...ဒီနေ့ ဘာလုပ်စရာရှိလဲ..မတွေ့ရတာ ကြာတော့တွေ့ချင်တယ်..."
Tao..."မရှိဘူးဟ...တွေကြမယ်လေ...ငါလဲတွေ့ချင်နေတာဟ.."
"အေး..အာ့ဆို...ငါတို့ အရင်တွေ့နေကြ bubble tea ဆိုင်မှာ တွေ့ကြမယ်..."
Tao..."အေး..ချစ်..ငါခုပဲထွက်လာခဲ့မယ်..."
ခေါင်းလျှော်ပြီးခါစ ဆံနွယ်တွေကို dryer နဲ့မှုတ်တုန်း...
hun.."ဘယ်သူလဲ..tao.."
Tao...."မနေ့ကပြောတဲ့ အချစ်ဆုံးသူငယ်ချင်းလေ..တွေ့ကြရအောင်တဲ့...သူနဲ့မတွေ့ရတာကြာနေပြီလေ...အဲ့ဒါ သွားတွေ့လိုက်ဦးမယ်.."
Hun အနောက်ကနေ tao ကိုဖက်လိုက်ပြီး ပါးကို နမ်းလိုက်တယ်...
Hun.."ok...ok...ညကျရင် ဖုန်းဆက်လိုက်မယ်နော်..."
Tao..."အင်း..အင်း..."
~~~~~~~~~~~~~~~~~~~~~~~~
"Ring..ring..ring.."
Hun.."hello..."
Lu.."hello...hun...ဘယ်မှာလဲ.."
Hun.."အိမ်မှာပေါ့...ပိစိလေးရဲ့.."
(Tao ဆီက ထွက်လာပြီး အိမ်ပြန်ရောက်နေတာပါ...)
Lu.."ဟွန်း...ခေါ်ပြန်ပြီ..အဲ့ပိစိ.."
Hun..."haha...ချစ်လို့ပါကွာ..ကဲ..ပြော..ဘာလုပ်ချင်လဲ..ဘယ်သွားချင်လဲ.."
Lu.."hun ကို သူငယ်ချင်း တစ်ယောက်နဲ့ပေးတွေ့ပေးမလို့..."
Hun..."ok..ဘယ်အချိန်လဲ.."
Lu..."ခုထွက်လာခဲ့တော့ နေရာက တွေ့နေကြဆိုင်ပဲ.."
Hun..."ok.."
တစ်ကယ်တော့ hun က မိန်းကလေးတွေနဲ့ တွဲမယ့်သာတွဲသာ..lu လောက်ဘယ်သူ့ကိုမှမချစ်...lu တစ်ယောက်တည်းသာ...သူ့ဘဝရဲ့ လက်တွဲဖော်လို့ သတ်မှတ်ထားလေသည်...lu ကလဲ...ခွင့်လွှတ်တယ်...ဘယ်သူတွေနဲ့ ဘယ်လောက်ပဲတွဲတွဲ...hun က lu လောက်ဘယ်သူ့ကိုမှ မချစ်ဘူးတာ ယုံတယ်လေ..
~~~~~~~~~~~~~~~~~~~~~~~~
"ချစ်...."
မတွေ့ရတာ ကြာပြီဖြစ်တဲ့ သူငယ်ချင်း နှစ်ယောက် အချင်းချင်းပွေ့ဖက်လိုက်ကြရင်း နှုတ်ဆက်လိုက်တယ်...
Tao..."မိန်းမရယ်....လှလာလိုက်တာ..."
Lu.."အမယ်...သူကပဲပြောရတယ်ရှိတယ်..နင်လဲ အရပ်ပိုရှည်လာတာကို...ဆံပင်တွေလဲအရှည်ကြီးပဲ မိုက်တယ်..ဟီးဟီး.."
Tao.."ဟားဟား..မြောက်သွားပြီ...လာပါအေ..bubble tea သွားသောက်ရအောင်.."
Lu..."အေး..အေး..သွားမယ်.."
Lu.တို့ bubble tea သောက်ရင်း စကားတွေအများကြီးပြောကြတယ်...
Lu.."aww...ဒါနဲ့ မိတ်ဆက်ပေးစရာလူရှိတယ်...သိလား..."
Tao.."ဟုတ်လား..ဘယ်သူလဲ.."
Lu.."heehee..ငါ့အချစ်ဆုံး..ငါ့ချစ်သူ..နင်တွေ့ရင်ကြွေသွားမှာ.."
Tao..."အမယ်...မွှန်းနေတာ..သူ့အချစ်ကို...အေးပါဟာ..အေးပါ...ငါကြွေလား..မကြွေလား..ကြည့်ကြသေးတာပေါ့..."
Lu.."ဟားဟား...ဟော...ဟိုမှာလာပြီ..."
ဆိုင်ပေါက်ဝကို လက်လှမ်းပြရင်း ရယ်ပြနေတဲ့...lu ရဲ့ ချစ်သူကို tao လှည့်ကြည့်လိုက်တော့...
Tao...(o_O o_O o_O o_O )
Hun...(o_O o_O o_O o_O )
Lu..."hun..လာ.."
Hun...ကတော့ မျက်လုံးပြူးမျက်ဆန်ပြူးနှင့်.tao ကိုလှမ်းကြည့်တယ်...
Lu.."Tao...သူက sehun တဲ့...ငါ့ချစ်ချစ်ကြီးပေါ့...hun...သူက tao တဲ့...lu အချစ်ဆုံး သူငယ်ချင်း..."
Hun...စိတ်လှုပ်ရှားနေတော့ အသံမထွက်..tao ဘက်ကပဲ..
Tao..."annyeon...sehun..sshi..တွေ့ရတာ ဝမ်းသာပါတယ်...."
ပြောရင်းနဲ့...လက်ဆွဲနှုတ်ဆက်ရန် လက်ကမ်းပေးလိုက်သည်...
Hun..."arr..nae...annyeonhasaeyo...tao sshi.."
Tao...အတတ်နိုင်ဆုံး ပြုံးပြလိုက်ပေမယ့်...စိတ်ထဲမှာ ငိုနေမိတယ်...သူဘဝမှာ ပထမဆုံး ရင်ခုန်မိဘူးသူနဲ့ သူ့အချစ်ဆုံး သူငယ်ချင်းက ရည်းစားတွေတဲ့လား...မယုံချင်ပေမယ့် လက်တွေ့ဖြစ်နေပြီ...
Lu.."Tao..ya.."
Tao.."ဟင်..."
Lu..."ဘာတွေဖြစ်နေတာလဲ...မျက်နှာလဲ သိပ်မကောင်းဘူး.."
Tao.."aww...အင်း...ငါနဲနဲ ခေါင်းမူးနေလို့...မနေ့က သောက်တာများသွားလို့ထင်ပါရဲ့...ဟားဟား.."
Lu.."ဟယ်...မိန်းမရယ်...နင်ကလဲလေ...အဲ့ဒါကြောင့် အဲ့လောက်မသောက်ပါနဲ့ဆို...ပြောလဲ ပြောပြောပဲ..နားကိုမထောင်ဘူး..."
Tao..."ငါမနေ့က စိတ်အရမ်းညစ်နေလို့ပါဟယ်...အဲ့ဒါကြောင့်...နို့မို့ မသောက်ပါဘူး..."
Lu..."အေးပါဟာ...အဲ့ဒါဆိုလဲ ပြန်လိုက်တော့လေ...ငါမနက်ဖြန်မှ နင့်အိမ်လာခဲ့မယ်..."
Tao.."အေး..အေး...အဲ့ဒါဆို ငါသွားတော့မယ်နော်..lu.."
Lu..."အေး..ချစ်...ဂရုစိုက်သွားဦး.."
Tao..."အေးပါ..သွားပြ်ီနော်..sehun sshi..."
Hun.."ဟုတ်ကဲ့..."
Tao ထွက်သွားတော့မှ..hun သက်ပြင်းချမိလိုက်တယ်...ဘယ်လိုတွေဖြစ်ကုန်ပြီလဲ...
Lu..."Hun..."
Hun..."ဟင်..."
Lu.."Tao ချစ်ဖို့ကောင်းတယ် မှတ်လား..."
Hun..."inn.."
lu.."သူကလေ...lu လိုချင်တာ မှန်သမျှ lu လုပ်ချင်တာ မှန်သမျှ အကုန်ဖြည့်ဆည်းပေးတယ်..ပြီးတော့ သူက lu ကိုအမြဲအလျှော့ပေးတယ်..tao ကလေ lu ဘဝမှာ နှစ်ယောက်မရှိတဲ့ သူငယ်ချင်းပဲသိလား..."
Hun..."အင်း..."
Lu.."hun...ဘာတွေဖြစ်နေတာလဲဟင်..."
Hun..."ဟင်...ဘာမှမဖြစ်ပါဘူး..."
Lu...သိပါတယ်..hun တစ်ခုခုဖြစ်နေတယ် ဆိုတာ..ဒါပေမယ့် မမေးတော့ပါဘူး..မေးရင် အလကားသက်သက် hun စိတ်ညစ်ရမယ် မှတ်လား.."
~~~~~~~~~~~~~~~~~~~~~
"Ring...ring....ring..."
Tao ph လာလို့ကြည့်လိုက်တော့...
Tao.."hello.."
Hun.."Tao..."
Tao.."အင်း...ပြော..hun.."
Hun.."အဆင်ပြေရဲ့လား.."
Tao.."အဆင်ပြေတယ်ဆိုရင် ဒါညာတာပဲပေါ့..ကိုယ်နဲ့ မနေ့ကလေးတင် ချစ်ခဲ့တဲ့သူက ကိုယ့်အချစ်ဆုံးသူငယ်ချင်းရဲ့ ရည်းစားဖြစ်နေတာကို အဆင်ပြေတယ်လို့ ထင်နေတာလား..hun.."
Hun.."တောင်းပန်ပါတယ်...tao..ကိုယ်တောင်းပန်ပါတယ်...ကိုယ် ဒါကလွဲပြီး ပြောစရာမရှိတော့ပါဘူး.."
Tao.."ရပါတယ်...မနေ့က ကိစ္စထားလိုက်ပါတော့...ဒီထက်ပိုပြီး ပက်သက်စရာ မရှိတော့ဘူး..ကျွန်မဆီ ဖုန်းမဆက်ပါနဲ့တော့...lu သိသွားရင် မကောင်းဘူး..lu ကိုကျွန်မမဆုံရှုံးနိုင်ဘူး..အဲ့တော့ ကျွန်မတို့...ဒီလောက်ပဲ ဖြတ်လိုက်ကြရအောင်..."
ပြောပြီးတာနဲ့ ဖုန်းကို စက်ပိတ်ပြီး ကုတင်ပေါ်မှောက်ကာ အားရအောင် ငိုလိုက်သည်...lu ကိုစိတ်အနှောက်အယှက်မဖြစ်စေချင်ဘူး..အဲ့တော့..သူပဲ လက်လွှတ်ပေးလိုက်တော့မယ်လေ..
______________________________
"မဖြစ်နိုင်ဘူး...ဒါလုံးဝမဖြစ်နိုင်ဘူး..."
Tao တစ်ယောက်တည်းရေရွတ်ရင်း ခေါင်းကို တွင်တွင်ခါလိုက်သည်...လက်ထဲမှာ ကိုယ်ဝန်ရှိမရှိ စစ်ဆေးတဲ့...
Tao ဖုန်းကို လှမ်းယူလိုက်သည်..ဆက်ရမလား..မဆက်ရမလား..တွေဝေပြီးမှ...
ဖုန်းရဲ့ နံပါတ် ၁ ကို နှိပ်လိုက်သည်...
Tao..."ကျွန်မတို့...ညနေတွေ့ကြရအောင်..."
_____________________________
Hun..."ဘာရယ်..."
Tao.."ဟုတ်တယ်..ကျွန်မမှာ ကိုယ်ဝန်ရှိနေပြီ..hun"
Hun.."ဘယ်လိုလုပ်ကြမလဲ..tao.."
Tao.."စိတ်မပူပါနဲ့..ကျွန်မဖျက်ချမှာပါ...ဒါပေမယ့် ဆေးရုံကို လိုက်ခဲ့ပေးပါ...ကျွန်မတစ်ယောက်တည်းဆို မဖျက်ချနိုင်လောက်ဘူး ထင်လို့..."
Hun.."ရပါတယ်..tao.ကိုယ်လိုက်ပေးနိုင်ပါတယ်..."
Tao..."ကျွန်မ ကိုယ့်ကလေးကိုယ် ဖျက်ချပစ်တဲ့ မိခင်ဆိုး မဖြစ်ချင်ပေမယ့်...ဒါ lu.ကို စိတ်မထိခိုက်စေချင်လို့...ဖျက်ချဖို့ ဆုံးဖြတ်ခဲ့တာမို့လို့.."
Tao ဆက်မပြောနိုင်ပဲ မျက်ရည်တွေကျလာသည်..
Hun...tao ကိုဖက်လိုက်ကာ...
Hun..."တောင်းပန်ပါတယ်...tao ရယ်...ကိုယ်တောင်းပန်ပါတယ်..."
Tao.."ဟင့်အင်း..မတောင်းပန်ပါနဲ့...ဖြစ်ခဲ့တဲ့ကိစ္စမှာ ကျွန်မလဲ သဘောတူခဲ့တာပဲ..ရှင့်အမှားမဟုတ်ပါဘူး..အဲ့ဒါကြောင့်...ရှင် တောင်းပန်စရာမလိုဘူး..."
Hun.."ဘယ်နေ့သွားမလဲ...tao.."
Tao..."အခုပဲ သွားမယ်...တရက်ကလေးပဲဖြစ်ဖြစ် သံယောဇဉ်ထပ်မတွယ်ချင်ဘူး..."
Hun..."အင်းပါ...လိုက်ခဲ့မယ်..ကားပေါ်တက်လေ.."
Tao...."inn..."
___________________________________
lu mom..."သမီး...မေမေ့ကို ဆေးရုံလိုက်ပို့ပေးပါလား..မေမေ ခေါင်းနဲနဲမူးနေလို့.."
Lu.."ဟုတ်..မေမေ..."
Lu mom.."သခင်ကြီးကို သွားခွင့်တောင်းလိုက်ဦး.."
Lu.."ဟုတ်..."
Lu မေမေ့ကို ဆေးရုံသွားပြဖို့ သခင်ကြီးကို ခွင့်တိုင်ရန် ထွက်လာခဲ့လေသည်...
သခင်ကြီး...
သူကကြောက်ဖို့ကောင်းတယ်...
လူတန်းစားလည်း ခွဲခြားဆက်ဆံတတ်တယ်....
ဒါပေမယ့် လစာအရမ်းကောင်းတာရယ်...မေမေနဲ့ကလဲ ငယ်သူငယ်ချင်းဆိုတော့ မေမေ့ကို နဲနဲဂရုစိုက်တာကြောင့်ရယ်နဲ့ အလုပ်မထွက်ပဲနေခဲ့တာလေ....အိမ်တော်ထိန်းဆိုတာ...ဒီအိမ်မှာ နေရာတော်တော်ကြီးတဲ့ ထဲကပဲလေ..ပြီးတော့...သူက...သူက
Hun.ရဲ့ အဖေ...
Hun နဲ့ lu နဲ့ချစ်နေတာ သခင်ကြီးမသိ...သိရင် မိုးမီးလောင်မှာ..lu နဲ့ hun ကိုကြိုက်မှာစိုးလို့...ကျောင်းတောင် ခွဲထားခဲ့တာ...ဒါပေမယ့်လဲ တစ်ခြံတည်းနေပြီး.တွေ့နေတဲ့သူပဲ..မကြိုက်ပဲ ဘယ်နေမလဲလို့...
Lu.."သခင်ကြီးရှင့်..."
"သြော်...luhan...ပြော..ဘာကိစ္စလဲ..."
Lu..."ဟုတ်...မေမေနေမကောင်းလို့ ဆေးခန်းပြချင်လို့ ခွင့်တောင်းတာပါ..."
"သွားလေ...သြော်..နေဦး..ရော့..seoul ဆေးရုံမှာသွားပြလိုက်...အဲ့မှာ ငါ့အသိရှိတယ်..."
Lu.."ဟုတ်ကဲ့...သခင်ကြီး..ကျေးဇူးတင်ပါတယ်ရှင့်.."
______________________________
Lu..."မေမေ...ဒီမှာ ခနထိုင်နေနော်...သမီး နာမည်စာရင်း သွားပေးလိုက်ဦးမယ်..."
Lu mom.."အေး..အေး..သမီး.."
Lu နာမည်စာရင်းပေးဖို့ reception ဆီလာတုန်း...
Lu..."ဟင်..."
Lu မျက်လုံးတွေပြူးကျယ်သွားသည်...ရှေ့ခပ်လှမ်းလှမ်းမှာ ငိုနေတဲ့ tao နဲ့ tao လက်ကို ဆုပ်ကိုင်ကာ ပုခုံးလေးပုတ်နေသော hun..hun လဲ.မျက်နှာမကောင်း...
Lu reception ကိုမေးလိုက်တယ်...
Lu...."အမ သူတို့နှစ်ယောက်က ဘာလာပြတာလဲဟင်..."
"Aww...သူတို့လား..ကိုယ်ဝန်ဖျက်ချမလို့တဲ့လေ..တစ်ကယ်...မနိုင်ဘူး...လုပ်ချင်တာတွေ လုပ်ပြီးတော့မှ #°•£$*#¿£€€|#^]&-+±±_€||"
ဟိုအမ ဘာဆက်ပြောလဲ lu မသိတော့ပါ...lu သိတာ..
*ကိုယ်ဝန်ဖျက်ချမလို့...*
*ကိုယ်ဝန်ဖျက်ချမလို့...*
*ကိုယ်ဝန်ဖျက်ချမလို့...*
_____________________________
Lu.."Tao..."
ခေါ်သံကြားလို့ နှစ်ယောက်မော့ကြည့်ပြီး လန့်သွားကြသည်...
Hun...,tao....."Lu...."
Lu...."စကားခနပြောရအောင်...အခုမေမေ့ကို ဆေးခန်းပြလိုက်ဦးမယ်..ခနလေးစောင့်...."
Lu မေမေ့ကို အရင် ဆေးခန်းပြပေးပြီး taxi နဲ့အိမ်ပြန်လွှတ်လိုက်သည်...
Hun တို့ကိုတော့ဆေးရုံနားက coffee ဆိုင်မှာ စောင့်ခိုင်းထားတော့...အဲ့ဒီ့ကိုသာ သွားလိုက်သည်..
Lu..."အကြောင်းသိပြီးပြီ..."
Hun,tao...."............................"
Lu.."တစ်ခုခုပြောကြလေ...ပြောမှ သိမှာပေါ့...ဘယ်လိုဖြစ်လို့...tao က ကိုယ်ဝန်ဖျက်ချပြီး ဖျက်ချတဲ့နေရာကို hun ကလိုက်လာရတာလဲ..."
Hun..ရော..tao ရော...ဘာမှမပြောကြတော့..lu ပေါက်ကွဲလာသည်...
Lu...."ပြောကြလေ...ပြောကြလို့...ဘာလို့ ဘာမှမပြောကြတာလဲ..."
Lu အသံနဲနဲကျယ်သွားတော့ ဆိုင်ထဲမှာရှိတဲ့ လူတွေက ဝိုင်းကြည့်လာသည်...
Tao..."hun...အရင်ပြန်လိုက်ပါ..."
Hun...."tao..."
Tao...."အရင်ပြန်လိုက်ပါ..tao အကုန်ရှင်းပြလိုက်ပါ့မယ်..."
Hun...tao သဘောအတိုင်း အရင်ပြန်သွားသည်..
Lu..."tao ဘာဖြစ်လို့ hun ကိုပြန်လွှတ်လိုက်တာလဲ.."
Tao..."ငါ အကုန်ရှင်းပြပါ့မယ်...နင် သူနဲ့ ငါ့ကို မိတ်မဆက်ပေးခင် ညက ငါတို့နှစ်ယောက် club မှာတွေ့ခဲ့ကြတယ်...တွေ့တဲ့အချိန်မှာ...အရက်ကလဲမူးနေတော့...ငါတို့နှစ်ယောက်..."
Tao....ပြောရင်းနဲ့ မျက်ရည်တွေကျနေသည်...
Tao..."နောက်နေ့ နင်ငါ့ကို သူနဲ့မိတ်ဆက်ပေးတော့ ငါအရမ်းလန့်သွားတယ်...ငါ...ငါ ပထမဆုံး ချစ်ခဲ့တဲ့သူနဲ့ ငါ့အချစ်ဆုံးသူငယ်ချင်းက ချစ်သူတွေမှန်း ငါသိလိုက်တော့...ငါအရမ်းတုန်လှုပ်သွားတယ်..အဲ့ဒါကြောင့် ငါနောက်ဆုတ်ပေးခဲ့ပါတယ်..ဒါပေမယ့် ငါကိုယ်ဝန်ရသွားတယ်..အဲ့ဒါ ဖျက်ချဖို့အတွက် ငါတစ်ယောက်တည်းဆို မလုပ်နိုင်မှာစိုးလို့ သူ့ကို လှမ်းခေါ်ပြီး ဆေးရုံရောက်လာခဲ့တာပါ...ငါ...ငါတောင်းပန်ပါတယ် lu ရယ်..ငါတစ်ကယ် မသိခဲ့လို့ပါ..ငါအခုလဲ နင်မသိအောင် ဖျက်ချမလို့ပါ.."
Tao ငိုနေတော့ lu စိတ်မကောင်း..စိတ်ထဲမှာ သစ္စာဖောက်ခံရလေခြင်း ဆိုပြီး ဒေါသဖြစ်မိတာရယ်..tao ကို သနားမိတာရယ်ပါ...ပေါင်းပြီး lu ပါငိုမိသည်...
Lu...."Tao...."
Tao..."ဟင်..."
Lu..."နင် အဲ့ကလေးကိုမဖျက်ချပါနဲ့..."
Tao..."hmm"
Lu.."အပြစ်မရှိတဲ့ ကလေးကို မထိခိုက်ပါနဲ့....နင် ဒီကလေးကို မွေးလိုက်ပါ..."
Tao..."lu ah..."
Lu..."ငါ့ကို အားနာစရာမလိုဘူး..tao...အချိန်တန်ရင် အရာရာအဆင်ပြေသွားလိမ့်မယ်..."
Lu ပြောပြီး tao ရှေ့ကနေ ထွက်လာခဲ့သည်...
______________________________
"Ring ring ring.."
Hun.."hello...lu.."
Lu.."hun..lu ပြောမယ့်စကားကိုသေချာနားထောင်ပါ..."
Hun.."အင်း...ပြောပါ..ဘာမဆို နားထောင်ပါ့မယ်.."
Lu..."TAO ကိုလက်ထပ်လိုက်ပါ..."
hun.."ဘာရယ်.."
Lu...."tao ကိုလက်ထပ်လိုက်ပါလို့..."
Hun...."မဖြစ်နိုင်ဘူး...lu..လုံးဝမဖြစ်နိုင်ဘူး.."
Lu..."ဖြစ်နိုင်တယ်..သိပ်ဖြစ်နိုင်တာပေါ့...hun...ကိုယ့်တာဝန်ကို ကိုယ်မယူရဲတဲ့ သတ္တိကြောင်တဲ့သူ အဖြစ်ခံမလို့လား..."
Hun.."lu ရယ်..ဒါပေမယ့်လဲ..."
Lu..."hun...lu ကိုချစ်ရင် tao ကိုယူပါ...ကလေးအပေါ်မှာ အကောင်းဆုံးအဖေဖြစ်အောင်ကြိုးစားပါ...lu ကို အမြဲတမ်း tao အလျှော့ပေးနေကြ...ဒီတစ်ခါတော့ lu သူ့ကို အလျှော့ပေးချင်တယ်....tao က ချမ်းသာတဲ့မိသားစုက ဖြစ်လို့...သခင်ကြီး.သဘောတူမှာပါ...မနက်ဖြန် သခင်ကြီးကို ပြောပြပြီး tao ကိုလက်ထပ်လိုက်ပါ.."
Hun..."lu ရာ..အဲ့လိုက...."
Lu...."hun....lu ကိုချစ်ရင် lu ပြောသလိုလုပ်ပါ..."
Hun...."..........."
Hun နဲ့ lu ကြားခနတာ တိတ်ဆိတ်သွားပြီးမှ...
Hun..."ကောင်းပြီ..lu သဘောအတိုင်း ကိုယ် tao ကိုလက်ထပ်ပါ့မယ်..ဒါပေမယ့်...ကိုယ် lu ကိုလုံးဝ လက်မလွှတ်နိုင်ဘူးဆိုတာ သိထားပါ.."
နောက်နေ့ကျတော့ lu ပြောတဲ့အတိုင်း hun ကtao နဲ့လက်ထပ်ဖို့ ပြောလေသည်..သူ့အဖေကလဲ သဘောတူတယ်..မင်္ဂလာပွဲလုပ်ဖို့ ပြင်ဆင်နေတဲ့အတောတွင်းမှာ..သခင်ကြီးတို့ company က သခင်ကြီးရဲ့ လူယုံ kim jongdae က lu ကို ချစ်လို့ လက်ထပ်ချင်ပါတယ်ဆိုပြီး သခင်ကြီးဆီခွင့်တောင်းလေသည်...သခင်ကြီးကလည်း...သူလူယုံလဲဖြစ် ရိုးသားကြိုးစားတဲ့သူလဲ ဖြစ်လို့ lu ကို အိမ်ထောင်ချပေးရန် lu အမေနဲ့တိုင်ပင်တော့ သခင်ကြီးစကား ဘယ်တော့မှမငြင်းတဲ့ မေမေက lu ကို jongdae နဲ့ လက်ထပ်ပေးဖို့ သဘောတူခဲ့သည်...hun တို့ လက်ထပ်ပြီး ဘ်ာလောက်မှ မကြာ...lu တို့ လက်ထပ်ခဲ့ပြီး...yifan ကိုမွေးပြီး ၅ လကျော်အကြာမှာ suho ကို မွေးခဲ့တယ်...သခင်ကြီးက yi fan 2 နှစ်လောက်မှာ ဆုံးသွားတယ်လေ..အဲ့တော့ ဖခင်ရဲ့ လုပ်ငန်းကို ဦးစီးလုပ်ကိုင်နေတာပေါ့...
Flashback end...
______________________________
တစ်ကယ်တော့....
မင်္ဂလာပွဲငြင်းပေးပါလို့ hun တောင်းဆိုခဲ့ဘူးတယ်....tao မငြင်းခဲ့ဘူး...ဘာလို့ဆို ကိုယ့်ကလေးကို အဖေမဲ့တဲ့သူ မဖြစ်စေချင်ဘူး..ပြီးတော့ ချစ်တဲ့သူနဲ့ လက်ထပ်ချင်မိတယ်...အဲ့ဒါကြောင့် မငြင်းခဲ့တာပါ...hun ရယ်...ကျွန်မ အတ္တကြီးမိလို့ နောင်တမရပါဘူး...ရှင်နဲ့တူတူ နေရရင်ကို ကျေနပ်တဲ့ ကျွန်မပါ..
Hun.."tao...tao..."
Tao..."ရှင်...သြော်...အလုပ်တွေပြီးပြီလား..."
Hun.."inn...ကဲ....ပြော ဘာပြောချင်လဲ.."
Tao...."Yifan..."
Hun..."inn...yifan.ဘာဖြစ်လို့..."
Tao.."lu နဲ့ရှင့်အကြောင်း သိနေသလိုပဲ.."
Hun..."huhh..ဘာဖြစ်တယ်.."
Tao.."ဟိုနေ့က ကျွန်မကိုလာမေးတယ်...ဒေါ်ဒေါ်လုနဲ့ ဖေဖေနဲ့က ဘာလဲတဲ့..သူငယ်ချင်းတွေလို့ ဖြေလိုက်တော့..သူပြုံးတယ်..ပြီးတော့ စိတ်ညစ်စရာရှိရင် သူ့ကို ပြောပြဆိုပြီး ပြောသွားတယ် ...သူ့အပြုံးက တော်တော်ထူးဆန်းတယ်...hun.."
Hun..."အင်းပါ..ကိုယ် lu နဲ့ နောက်စကားပြောဖြစ်မှာ မဟုတ်တော့ပါဘူး.."
Tao...."ဟင်...ဘာလို့လဲ.."
Hun..."မသိတာပဲ ကောင်းပါတယ် tao.."
Tao.."သြော်..အင်းပါ..အင်းပါ..အဲ့တာဆို tao သွားတော့မယ် tao.ပြောချင်တာက နဲနဲ အနေထိုင်ဆင်ခြင်ဖို့..."
Hun...."အေးပါ..ကိုယ်ဆင်ခြင်ပါ့မယ်.."
Tao.."inn..."
Tao ထွက်သွားတော့ hun စာပွဲခုံက အံဆွဲလေးကို ဖွင့်ပြီး အထဲမှ ဟန်းချိန်းလေးတစ်ခုကို ထုတ်လိုက်သည်...
ဒီဟန်းချိန်းက yifan ဟန်းချိန်း..သူကိုယ်တိုင် ၁၀ နှစ်ပြည့်တုန်းက ဝယ်ပေးခဲ့တာ...ဟိုတခေါက် ပန်းခြံထဲမှာ ဒီဟန်းချိန်းလေးတွေ့ခဲ့တာ...
သေချာနေပြီ..yifan တစ်ခုခု သိထားနေပြီ..
____________________________
Hun...."lu..."
Lu..."aww...သခင်လေး..."
Hun..."lu ကလဲကွာ..ခေါ်နေကြအတိုင်း hun လို့ခေါ်ပါ.."
Lu..."ဟင့်အင်း..သင်လေးလို့ပဲ ခေါ်ပါ့မယ်.."
Hun.."lu...ရာ..."
Hunမချိတင်ကဲအသံနဲ့ ရေရွတ်လိုက်ရင်း
Hun.."လာ...လိုက်ခဲ့.."
Hun lu ကိုလက်ဆွဲခေါ်သွားတာကို မြင်လိုက်တဲ့သူက...
_________________________
ဒီအပိုင်းကို တမင်သက်သက် flashback လုပ်ပေးလိုက်တာပါ...တစ်ခါတည်းရှင်းသွားအောင်လို့...
မကောင်းဘူးမှတ်လားဟင်..
မကောင်းမှန်းသိပါတယ်...
ဒါပေမယ့် ဖတ်ပေးကြပါ..နဲနဲအိပ်ငိုက်ရင်း ရေးထားတာဆိုတော့..မှားတာရှိရင် ခွင့်လွှတ်ကြပါလို့..
ပြီးတော့ နောက်အပိုင်းကစပြီး ဇာတ်လမ်းစပါပြီ..yeol လဲ ပါလာပါပြီလို့...
Saranghae my all reader များ..
တစ်ယောက်ချင်းဆီ ကျေးဇူးပါ..
mwak...mwak...
Pradise..
By KrisHo_100_World
Kris..>>.Wu Yi Fan Suho...>>Kim Suho Chanyeol...>>.Park Chanyeol By..#marchy dohan More