နွံ ႏြံ

Por chorong_daydreams

40.9K 4.3K 678

pairing : xiuhan genre : romance, drama, yaoi, slight angst This story is not my own creation. The story line... Mais

Prologue
အပိုင္း - ၂
အပိုင္း - ၃
အပိုင္း - ၄
အပိုင္း - ၅
အပိုင္း - ၆
အပိုင္း - ၇
အပိုင္း - ၈
အပိုင္း - ၉
အပိုင္း -၁၀
အပိုင္း - ၁၁ [Final]

အပိုင္း - ၁

4.4K 486 26
Por chorong_daydreams

"ဦးဦး"

ဗီဒီယိုအထပ္လိုက္ႀကီးကို မႏိုင္မနင္း မၿပီး တည္းျဖတ္ခန္းထဲမွ ထြက္လာေသာမင္ေဆာ့သည္ ကေလးသံေလးတစ္သံႏွင့္အတူ မိမိရွိရာသို႕ဦးတည္ၿပီး ေျပးလာသံတဖ်တ္ဖ်တ္ေၾကာင့္ အသာျပံဳးလိုက္မိသည္။ လွမ္းမၾကည့္ေသာ္လည္း ဘယ္သူလဲကိုတန္းသိလိုက္ၿပီး ဗီဒီယိုတေပြ႕ႀကီးကို ေဘးကစားပြဲတစ္ခုေပၚသို႕လွမ္းတင္လိုက္သည္။

"ဂ်ီေဆာ့ေလး"

အရွိန္ႏွင့္ေျပးလာၿပီး အနားေရာက္လာေသာအခါ အားကုန္လွမ္းဖက္လိုက္ေသာ ဂ်ီေဆာ့ထံမွ ႐ူဟန္႕ကားေပၚမွ အေမႊးနံ႕ကို ေဖ်ာ့ေတာ့စြာ ႐ွဴ႐ွိဳက္မိသည္။ မင္ေဆာ့သည္ ဂ်ီေဆာ့၏ဆံပင္မ်ားကို ခ်စ္စႏိုးႏွင့္ထိုးဖြလိုက္ၿပီး ပခံုးမွမကာ အသာေပြ႕ခ်ီလိုက္သည္။ ေနာက္တြင္ေတာ့ ႐ူဟန္က ပြစိပြစိေရရြတ္ရင္း အေျပးလိုက္လာသည္။

"ဟန္ဂ်ီေဆာ့, ေဖေဖ့အလုပ္ေရာက္ရင္ ေလွ်ာက္မေျပးရဘူးလို႕ ေျပာထားတယ္မဟုတ္လား၊ စကားနားမေထာင္ရင္ ေနာက္တစ္ခါ ေခၚမလာဘူးေနာ္၊ ၿပီးေတာ့ မင္းဦးဦး ပစၥည္းေတြနဲ႕ကို အဲလိုအရွိန္နဲ႕ေျပးဖက္ရင္ ဘယ္လိုလုပ္မလဲ၊ တကယ္ပဲ ဘယ္သူနဲ႕တူလို႕ ဒီေလာက္စကားနားမေထာင္လဲ မသိဘူး"

"ဦးဦး ေဖေဖက အရမ္းေအာ္တာပဲ"

"ဘာမွ သြားတိုင္ေျပာဖို႕ မစဥ္းစားနဲ႕... လာ... ဆင္းလာခဲ့ေတာ့"

"အင္...ဟင့္အင္း... ဦးဦး ေဖေဖ့ကိုေျပာဦး"

႐ူဟန္႕ကိုလံုးဝေက်ာေပးလိုက္ၿပီး မင္ေဆာ့၏ပခံုးေပၚသို႕ေခါင္းကိုဝွက္ခ်လိုက္ေသာ ဂ်ီေဆာ့သည္ ေက်နပ္ေသးဟန္မတူပဲ သူ႕အေဖကိုဆူေပးေစခ်င္ပံုျဖင့္ မင္ေဆာ့အား တိုင္ေနခဲ့သည္။

"ေအးေလ ကေလးကို ဘာလို႕ေအာ္ေနတာလဲ"

"မင္း အဲလို အလိုလိုက္ေနလို႕ ကေလးက မင္းကိုေတြ႕တာနဲ႕ တုိင္ဖို႕စဥ္းစားေနတာေပါ့"

"အလိုလိုက္ရမွာေပါ့ ဂ်ီေဆာ့ေလးက ကေလးပဲရွိေသးတာကို ေနာ့္"

"ဟုတ္တယ္... ေဖေဖ့ကို အဲဒါေၾကာင့္မခ်စ္တာ"

ၾကည့္ပါလား၊ ႐ူဟန္သည္ ႏွစ္ေယာက္လံုးကိုလက္ေလွ်ာ့လိုက္ဟန္ျဖင့္ လက္ႏွစ္ဖက္လံုးကို ေျမႇာက္ျပလိုက္ၿပီး မင္ေဆာ့ခ်ထားေသာ ဗီဒီယိုတစ္ထပ္ႀကီးကို ျပန္မလိုက္သည္။

"ဒီေန႕ ဂ်ီေဆာ့ သူ႕အေမဆီမွာ ေနမယ့္ရက္မဟုတ္ဘူးလား"

"ဟုတ္တယ္... ဟိုမွာ ဂ်ီက်ေနတယ္ဆိုတာနဲ႕ အခုေလးတင္ သြားေခၚလာရတာ"

"ဒီေန႕ မင္းဆီမွာ အိပ္မွာေပါ့"

"အင္း ဟုတ္တယ္... ဟန္ဂ်ီေဆာ့ ကေလးလည္းမဟုတ္ေတာ့ဘူး... ဆင္းေတာ့... မင္းဦးဦး ခါးက်ိဳးလိမ့္မယ္"

"ရပါတယ္.. ဂ်ီေဆာ့ အိပ္ခ်င္ေနတယ္ထင္တယ္"

"ဒီေရာက္ေရာက္ခ်င္း မင္းဆီလာခ်င္တယ္ဆိုလို႕တက္လာတာ... ငါအစည္းအေဝးသြားရဦးမယ္... မင္ေဆာ့ သူ႕ကိုခဏ.."

"ၾကည့္ေပးထားမယ္... သြား"

႐ူဟန္႕စကားမဆံုးခင္ပင္ မင္ေဆာ့ ျပန္ေျဖလိုက္သည္။ ႐ူဟန္ကျပံဳးၿပီး ဗီဒီယိုေတြမႏိုင္မနင္းမထားသည့္ၾကားကပင္ လက္တစ္ဖက္ကိုေျမႇာက္၍ မင္ေဆာ့၏ပါးကိုလွမ္းဆြဲသည္။ ဟာ ပါးမဆြဲစမ္းပါနဲ႕ဆို... မႀကိဳက္ဟန္ႏွင့္ မ်က္ေမွာင္ႀကီးၾကဳတ္ၿပီးေျပာေသာ မင္ေဆာ့ကိုၾကည့္ရင္း ႐ူဟန္ကအသံထြက္ေအာင္ပင္ ရယ္လိုက္မိသည္။ သူ႕သားကို ခ်ီထားေသာ မင္ေဆာ့ကိုေငးၾကည့္ရင္း ေဘးမွအသာလိုက္ေလွ်ာက္လာခဲ့သည္။ ရင္ထဲတြင္ ၿငိမ္းခ်မ္းမႈမ်ား စိမ့္ဝင္လာသလို။ ဓာတ္ေလွကားထဲကို လွမ္းဝင္လိုက္ေတာ့ သံုးထပ္ႏွင့္ ငါးထပ္ခလုတ္ကို ႏွိပ္ရင္း လက္ထဲမွဗီဒီယုိမ်ားကိုၾကည့္၍ ႐ူဟန္ကေျပာသည္။

"ဒါေတြ ဂင္ဂၽြန္းေျမာင္းကိုေပးမွာမလား၊ ငါဝင္ေပးလုိက္မယ္"

"အင္း"

သြားၿပီ အဲဒါဆို၊ ခပ္တိုတိုႏႈတ္ဆက္ကာ မင္ေဆာ့က ငါးထပ္တြင္ဆင္းသြားခဲ့သည္။ လုပ္ငန္းခြင္တြင္ ႐ူဟန္သည္ တိက်သည္၊ ေစ့စပ္သည္၊ ေဒါသလည္းႀကီးသည္၊ အမွားလုပ္မိလွ်င္ ခြင့္မလႊတ္တတ္။ ျမင္ကာစတြင္ ျပံဳးျပံဳးျပံဳးျပံဳးႏွင့္ စကားေျပာတတ္ေသာ၊ ႐ုပ္ေခ်ာေသာ စသည့္ အခ်က္မ်ားေၾကာင့္ အလုပ္ဝင္ကာစတြင္ သူ႕လက္ေအာက္တြင္ အလုပ္လုပ္ႏိုင္ရန္ မသိမသာေမွ်ာ္လင့္မိေသာ အလုပ္သင္တို႕မွာ တစ္ပတ္ပင္မခံႏိုင္ပဲ ထြက္ေျပးခ်င္စိတ္ ေပါက္လာေလ့ရွိၾကသည္။ ျပႆနာမ်ားေသာ အသံလႊင့္႐ံုတြင္ စိတ္တိုလြယ္ေသာ ႐ူဟန္တစ္ေယာက္ စိတ္ၾကည္လင္ေနသည္ကို ျမင္ရခဲလြန္းလွသည္။ သို႕ေသာ္ တျခားလူမ်ားသာ အခုအခ်ိန္ ႐ူဟန္႕ကိုေတြ႕သြားခဲ့လွ်င္ သရဲမ်ားဝင္ပူးေနလား ထင္သြားေလာက္သည္။ ဓာတ္ေလွကားထဲမွ ထြက္သြားေသာ အရိပ္ႏွစ္ခုကိုေငးၾကည့္ေနေသာ ႐ူဟန္၏မ်က္ဝန္းတို႕က ခ်စ္ျခင္းေမတၱာတို႕ျဖင့္ ႏူးညံ့ညင္သာလြန္းေနသည္။ အဲဒါကလည္း ႐ူဟန္႕ကိုေတာ့ အျပစ္မဆိုႏိုင္ပါ။ တစ္ေလာကလံုးတြင္ သူအျမတ္ႏိုးရဆံုးေသာ လူႏွစ္ေယာက္ပင္မဟုတ္ပါလား။

~~ ႏြံ ~~

"ဟယ္ အဲဒါ ဟန္ပီဒီရဲ႕သားေလးလား"
"အမယ္ေလး အေဖတူသားေလး ေခ်ာလိုက္တာ"
"ထြားလာလိုက္တာ မွတ္ေတာင္မမွတ္မိဘူး"

မင္ေဆာ့႐ံုးခန္းထဲသို႕ ဝင္လာေသာ တစ္ေယာက္ၿပီးတစ္ေယာက္ မိမိကိုၾကည့္ၿပီး မွတ္ခ်က္ေတြေပး ဂ႐ုေတြစိုက္ေနၾကေသာအခါ ၾကာေတာ့ ဂ်ီေဆာ့ရွက္လာသည္ထင္သည္။ ကြန္ပ်ဴတာေရွ႕တြင္ထိုင္ေနေသာ မင္ေဆာ့နားလာၿပီး ေဘာင္းဘီစကိုဆြဲလိုက္လႊတ္လိုက္ လုပ္ေနခဲ့သည္။ စားပြဲေထာင့္စြန္းတြင္ တင္ထားေသာ ေကာ္ဖီခြက္ပူပူကို ျပဳတ္က်မည္စိုးေသာေၾကာင့္ ဂ်ီေဆာ့ႏွင့္ခပ္ေဝးေဝးကိုတြန္းပို႕ရင္း ေက်ာကိုႏွစ္ခ်က္သံုးခ်က္ သပ္ေပးလိုက္သည္။

"ဦးဦး ပ်င္းတယ္"

"ခဏေစာင့္ေနာ္.. ခဏေနရင္ သားအေဖျပန္လာေတာ့မွာ.. ၿပီးရင္ အိမ္ျပန္ရမယ္ ေနာ္"

"ခုနတည္းက ခဏေနလို႕ေျပာေနတာ ၾကာလွၿပီ... သားပ်င္းတယ္"

"ခဏေလးပါသားရယ္ လိမၼာတယ္ေနာ္"

႐ူဟန္ေျပာတာလည္း ဟုတ္ေတာ့ဟုတ္သည္။ သူ႕ကိုအလိုလုိက္တတ္မွန္းသိေသာ မင္ေဆာ့ေရွ႕တြင္ ဆိုးသည္ေတာ့မဟုတ္ေသာ္လည္း ဂ်ီေဆာ့က ပိုဂ်ီက်တတ္သည္။ ကြာရွင္းထားေသာမိဘႏွစ္ပါးေၾကာင့္ ဟိုအိမ္ဒီအိမ္လွည့္ေနရင္း ရြယ္တူကေလးမ်ားထက္ ပိုလူႀကီးဆန္၍ အရိပ္အကဲၾကည့္တတ္ေသာ ဂ်ီေဆာ့ျဖစ္ေသာ္လည္း မင္ေဆာ့ေရွ႕ေရာက္လွ်င္ မေက်နပ္သမွ်ဖြင့္ထုတ္ဂ်ီက်တတ္သည္။ မင္ေဆာ့ကလည္း အဲဒါကိုမတားတတ္။ ပို၍ပင္ သေဘာက်ေသးသည္။ ကေလးကို ကေလးဆန္ဆန္ပင္ ႀကီးျပင္းေစခ်င္သည္။ မိသားစုျပႆနာေတြ၊ မိဘမ်ားေပးသည့္ စိတ္ဒဏ္ရာေတြသည္ အခန္႕မသင့္လွ်င္ တစ္သက္လံုးကိုလိုက္ၿပီး အရိပ္မည္းထိုးေနတတ္သည္။ ထိုသို႕ႀကီးျပင္းခဲ့ရသည္မွာ သူ႕အေဖ႐ူဟန္တစ္ေယာက္ႏွင့္ပင္ လံုေလာက္ေနခဲ့ၿပီ။ ဂ်ီေဆာ့ကို ၾကင္နာစြာငံု႕ၾကည့္ၿပီး အေတြးမ်ားေနခဲ့ေသာ မင္ေဆာ့သည္ တံခါးဖြင့္သံၾကားမွ သတိဝင္လာခဲ့သည္။ အငယ္ဆံုး ခိုင္းဖတ္ေနရာမွ ပူပူေႏြးေႏြး လြတ္ေျမာက္ထားေသာ ဇာတ္ညႊန္းေရးဆရာမ ဟာေယာင္းက ႐ံုးသံုးကလစ္ႏွင့္ညွပ္ထားေသာ စာရြက္အထပ္လိုက္ကိုကိုင္ရင္း အခန္းထဲသို႕ဝင္လာခဲ့သည္။ ဂ်ီေဆာ့ကိုျမင္ေသာအခါ

"ဟန္ပီဒီက ဘယ္ေရာက္ေနလို႕ ဂင္ပီဒီက ကေလးထိန္းေနျပန္တာလဲ"

"အစည္းအေဝးတဲ့"

ဟာေယာင္းက ဂ်ီေဆာ့နားကပ္လာ၍ ထိုင္ခ်လိုက္ၿပီး ခ်စ္စႏိုးပါးကိုလိမ္ဆြဲေတာ့ ဂ်ီေဆာ့က သေဘာမက်ဟန္ ႐ွံဳ႕မဲ့ေနသည္။

"သားကလူေခ်ာေလးပဲ၊ မမကိုမွတ္မိလား... အရင္ကတစ္ေခါက္ျမင္ဖူးတယ္ေလ"

ဂ်ီေဆာ့ကေခါင္းခါျပသည္။

"ဟန္ပီဒီကလည္း ဘယ္လိုမ်ားေမြးထားလည္းမသိဘူး၊ ကေလးကသူနဲ႕တစ္႐ုပ္တည္းပဲ"

"ဟုတ္ပါ့၊ ငါလည္း တစ္ခါတစ္ေလ ဂ်ီေဆာ့ကိုၾကည့္ရင္း လန္႕လန္႕သြားတယ္ဆို၊ ႐ူဟန္နဲ႕တူလြန္းလို႕"

"အေဖတူသားဆိုေတာ့ ႀကီးလာရင္ ေကာင္မေလးေတြကို အသဲခြဲေတာ့မွာပဲ"

မင္ေဆာ့သည္ ဟာေယာင္းစကားေၾကာင့္ ဂ်ီေဆာ့ကိုလွမ္းၾကည့္ၿပီး သက္ျပင္းတစ္ခ်က္ခ်လိုက္မိသည္။

[...ေကာင္မေလးေတြအသဲပဲ ခြဲရင္ေတာ္ေသးတာေပါ့...]

ႏႈတ္မွဖြင့္မေျပာႏိုင္ေသာ အေတြးတစ္ခုကိုေတာ့ ေကာ္ဖီတစ္ငံုႏွင့္အတူ ရင္ထဲျပန္မ်ိဳခ်လိုက္ရသည္။ ခါးသက္သက္အရသာက လွ်ာဖ်ားတြင္ စိမ့္က်န္ေနရစ္ခဲ့သည္။

~~ ႏြံ ~~

"ငါဘယ္ႏွစ္ခါေျပာရမွာလဲ၊ မင္းကို ဒီေန႕ေနာက္ဆံုးအၿပီး အေျဖျပန္ယူလာခဲ့လို႕ ေျပာထားတယ္မဟုတ္လား၊ အလုပ္ကို ဘယ္လိုလုပ္ေနတာလဲ"

"ကၽြန္ေတာ္လည္း ေျပာထားပါတယ္၊ ဒါေပမယ့္ သူကအရမ္းဇီဇာေၾကာင္ၿပီး လူကန္႕လန္႕ဆိုေတာ့ အိမ္ကိုသြားေတာ့လည္း တံခါးဖြင့္မေပးဘူး၊ ဖုန္းဆက္ေတာ့လည္း မကိုင္ဘူး"

"ဇီဇာမေၾကာင္ၿပီး ကန္႕လန္႕မတိုက္တဲ့ နာမည္ႀကီး ငါတစ္ေယာက္မွမေတြ႕ဖူးဘူး။ နာမည္ႀကီးေတြအကုန္ အဲဒီလိုေတြႀကီးပဲ၊ အဲဒါသူတို႕အလုပ္၊ ငါတို႕အလုပ္က အေျဖရေအာင္ယူဖို႕ပဲ၊ ကန္႕လန္႕တိုက္တိုင္းသာ လက္ေလွ်ာ့ရရင္ ငါတို႕အစီအစဥ္မွာ နာမည္ႀကီးတစ္ေယာက္မွ ေခၚလို႕ရမွာမဟုတ္ဘူး... ေနာ္ မင္းဘာသာမင္း ဘာနည္းနဲ႕ရေအာင္ ေတြ႕ေတြ႕ငါဂ႐ုမစိုက္ဘူး၊ ဖုန္းေခၚလို႕မကိုင္ရင္ ကိုင္တဲ့အထိေခၚ၊ အိမ္တံခါးမဖြင့္ေပးရင္ ေက်ာ္တက္သင့္ေက်ာ္တက္၊ ဒါေလး တစ္ခုပဲ ခုိင္းထားတယ္၊ ဒါေလးတစ္ခုကို ျဖစ္ေအာင္မလုပ္ဘူး။ က်န္တာနားမလည္ဘူး၊ မနက္ျဖန္ ေနာက္ဆံုးအေျဖျပန္ၾကားရေအာင္ လုပ္ရင္လုပ္၊ မလုပ္ႏိုင္ရင္ မင္းဒီေလာကထဲ ဆက္ေနမေနနဲ႕ေတာ့ ၾကားလား"

အိပ္ေပ်ာ္ေနၿပီျဖစ္ေသာ ဂ်ီေဆာ့ကိုအသာေပြ႕ခ်ီ၍ ႐ူဟန္႕႐ံုးခန္းရွိရာ သံုးထပ္ကိုဆင္းလာေတာ့ ႐ံုးခန္းထဲတြင္ ထံုးစံအတိုင္း ႐ူဟန္ကတစ္ပြဲတစ္လမ္း ေသာင္းက်န္းေနခဲ့သည္။ ႐ံုးခန္းေရွ႕တြင္ ခဏရပ္၍နားေထာင္ေနၿပီးမွ ကိုယ့္႐ံုးခန္းထဲတြင္ကိုယ္ျပန္ေစာင့္ရန္ လွည့္အထြက္တြင္ ႐ူဟန္႕႐ံုးခန္းတံခါးက ပြင့္လာခဲ့သည္။ စိတ္အလိုမက်ဟန္ တြန္႕ခ်ိဳးေနခဲ့ေသာ မ်က္ခံုးတို႕ႏွင့္ သုန္မႈန္ေနေသာ႐ူဟန္႕မ်က္ႏွာက မင္ေဆာ့ကိုေတြ႕ေသာအခါ လူတစ္ေယာက္ေျပာင္းသြားသလိုပင္ ေပ်ာ့ေျပာင္းလာခဲ့သည္။

"ဂ်ီေဆာ့ အိပ္ေနၿပီလား"

"အင္း အခုေလးတင္ အိပ္ေပ်ာ္သြားလို႕"

"ကေလးလည္းမဟုတ္ေတာ့ဘူး၊ ဘာလို႕ခ်ီခ်ီၿပီး ေလွ်ာက္သြားေနတာလဲ၊ ခါးလည္းေကာင္းတာမဟုတ္ပဲနဲ"

"ရပါတယ္... မေလးပါဘူး"

ကေလးႏိုးမွာစိုးသျဖင့္ ေလသံတိုးတုိးႏွင့္ေျပာေနၾကေသာ သူတို႕ႏွစ္ေယာက္ေနာက္မွ ခုနကအခန္းထဲတြင္ အဆူခံေနရေသာ ေကာင္ေလးကထြက္လာသည္။ ႐ူဟန္ႏွင့္မင္ေဆာ့ကို ေခါင္းငံု႕ႏႈတ္ဆက္ရင္း ခပ္သြက္သြက္ေလွ်ာက္သြားေသာ ေကာင္ေလးကို ႐ူဟန္က ေဟ့ေကာင္ ဟု ခပ္တိုးတိုးလွမ္းေခၚလိုက္သည္။ ေကာင္ေလးက ရပ္ၿပီးလွည့္ၾကည့္လာသည္။

"အိမ္ထဲေတာ့ ေက်ာ္မဝင္နဲ႕၊ မင္းကိုငါ ရဲစခန္းအထိ လိုက္မထုတ္ေပးႏိုင္ဘူး။ ဒါေပမယ့္ မနက္ျဖန္ေတာ့ အေျဖျပန္ၾကားရေအာင္လုပ္ ၾကားလား"

ေကာင္ေလး၏ စိတ္ပ်က္လက္ပ်က္ႏွင့္ ဟုတ္ကဲ့ ဟုျပန္ေျဖသံက တိုးညင္းလြန္းလွသည္။

႐ူဟန္က မင္ေဆာ့လက္ထဲမွ ဂ်ီေဆာ့ကို အသာလႊဲယူလုိက္သည္။

"ဘာလို႕ ဒီအထိဆင္းလာတာလဲ၊ အခန္းထဲမွာ ေစာင့္ေနတာမဟုတ္ဘူး၊ ငါလာခဲ့မွာေပါ့"

"ရပါတယ္... ဂ်ီေဆာ့ႏိုးလာရင္ မင္းကိုေတြ႕ခ်င္မွာစိုးလို႕"

"မင္း ငါ့ကိုေတြ႕ခ်င္လို႕မဟုတ္ဘူးေပါ့"

မင္ေဆာ့ ႐ူဟန္႕ကိုေမာ့ၾကည့္လိုက္မိသည္။ လက္ထဲတြင္ ငံုထားမတတ္ခ်စ္ရေသာ သားကိုေပြ႕ထားရင္းႏွင့္ အဲဒီလိုစကားမ်ိဳးကို ဘာမွမျဖစ္သလို သူမို႕လို႕ေျပာထြက္သည္။ ဘာျပန္ေျဖရမွန္းမသိသလို ေၾကာင္သြားေသာမင္ေဆာ့သည္ ခဏေနမွ ေခ်ာင္းတစ္ခ်က္ဟန္႕ရင္း အလ်င္စလိုျပန္ေျဖလုိက္သည္။

"ငါက ဘာကိစၥ၊ ဂ်ီေဆာ့ႏိုးလာလို႕ မင္းကိုမေတြ႕ရင္ ငိုမွာစိုးလို႕လာတာ၊ ဘာျဖစ္လဲ"

"......."

"ျပန္ေတာ့မယ္၊ မင္းလည္း သြားေတာ့"

႐ူဟန္ဆီမွ ဘာစကားသံမွထပ္မထြက္လာခဲ့။ မင္ေဆာ့ သူတို႕ကိုေက်ာေပးကာ ထြက္လာခဲ့လိုက္သည္။ အခ်ိန္ေတြ ဒီေလာက္ၾကာလာေတာ့ မင္ေဆာ့လည္း ႐ူဟန္႕ဆီမွ ဘာတစ္ခုကိုမွမေမွ်ာ္လင့္ေတာ့။ ေမွ်ာ္လင့္ရင္း၊ ေစာင့္ဆိုင္းရင္း၊ ရင္ေမာခဲ့ရဖူးေသာအခ်ိန္မ်ားက အတိတ္တြင္က်န္ရစ္ခဲ့့ၿပီ။ လက္ရွိအခ်ိန္တြင္ မင္ေဆာ့သည္ ႐ူဟန္ဘာလုပ္လုပ္ ဘာေျပာေျပာ ဘာကိုမွထပ္မေမွ်ာ္လင့္ခ်င္ေတာ့သည့္အထိ ေျခကုန္လက္ပမ္းက်ေနခဲ့ၿပီ။

"ဂင္မင္ေဆာ့"

ဝါးတစ္႐ိုက္အကြာေလာက္ေရာက္မွ ႐ူဟန္ကလွမ္းေခၚသည္။ မၾကားခ်င္ေယာင္ေဆာင္ကာ ဆက္ေလွ်ာက္ေနလိုက္ေတာ့ ေနာက္ကေျပးလိုက္လာၿပီး မင္ေဆာ့လက္ေမာင္းကို အသာလွမ္းဆြဲသည္။

"ခဏေနပါဦး...မင္းကလည္း၊ ဒီေန႕ည အိမ္မွာထမင္းလိုက္စားပါလား"

"မစားဘူး"

"စားပါ"

"မစားခ်င္ပါဘူးဆို၊ အိမ္ျပန္အိပ္ေတာ့မွာ"

"ငါတို႕အိမ္မွာအိပ္လည္းရတာပဲကို"

"မနက္ျဖန္ ႐ံုးတက္ရမွာကို မင္းတို႕အိမ္မွာဘယ္လိုလုပ္အိပ္မလဲ၊ ေတာ္ၿပီ ျပန္မွာ"

"တူတူစားရေအာင္ပါဆို"

"အာ မစားခ်င္ပါဘူးဆို"

စိတ္ပ်က္ၿငီးေငြ႕ဖြယ္ေကာင္းေလာက္ေအာင္ပင္ ထပ္တလဲလဲလည္ပတ္ေနေသာ ဓာတ္ျပားေဟာင္း၊ ထမင္းတူတူစားရန္ အတင္းေခၚေနေသာ ႐ူဟန္ႏွင့္ မစားခ်င္ဘူး ျငင္းေနေသာမင္ေဆာ့။ ရင္ထဲတြင္ မြန္းက်ပ္လြန္း၍ ေအာ္ဟစ္ပစ္လုိက္ခ်င္သည္။ ေက်ာင္းသားဘဝတည္းက အခုအခ်ိန္အထိ ႐ူဟန္ႏွင့္တူတူစားခဲ့ေသာ ထမင္းနပ္ေပါင္းကို ျပန္ေတြးၾကည့္လွ်င္ အခုခ်က္ခ်င္းပင္ ပ်ိဳ႕တက္ခ်င္လာသည္။ ဆယ့္သံုးႏွစ္ေက်ာ္ကာလအတြင္း ေျပာင္းလဲလာခဲ့သည္ဆိုလို႕ ဘာတစ္ခုမွမရွိခဲ့။ ပ်င္းရိၿငီးေငြ႕ဖြယ္ေကာင္းေသာ ဇာတ္ကြက္တစ္ခုကို ခဏခဏျပန္ဖြင့္ျပေနသလိုပင္။

"ဂ်ီေဆာ့က မင္းနဲ႕ေဆာ့ခ်င္လို႕ ဂ်ီက်ေနတာ ၾကာလွၿပီ၊ ဒီေန႕ ႐ံုးမွာလိမ္လိမ္မာမာေနရင္ မင္းကိုေခၚလာခဲ့မယ္လို႕ေျပာထားတာ၊ ေနာ္ လိုက္ခဲ့ပါ"

"....."

ေတြေဝသြားေသာမင္ေဆာ့ကိုၾကည့္၍ ႐ူဟန္ကအားတက္သေရာ ဆက္ေျပာသည္။

"မင္းလာရင္ေကၽြးမယ္ဆိုၿပီးေတာ့ ေက်ာင္းကရလာတဲ့ ေခ်ာကလက္ကိုေတာင္ သတ္သတ္ဖယ္ထားတာ"

"........."

"ေနာ္ လိုက္ခဲ့ပါ"

မင္ေဆာ့သက္ျပင္းခ်လိုက္မိသည္။ ေနာက္ဆံုးအေျဖကို သိေနလ်က္ႏွင့္ ဘာလို႕အားအကုန္ခံၿပီး ျငင္းေနမိလဲ မင္ေဆာ့ေတြးမရခဲ့။ ေခါင္းကိုအသာညိတ္ျပလိုက္ေတာ့ လိုခ်င္တာရ၍ ေက်နပ္သြားသလိုျပံဳးလိုက္ေသာအျပံဳးက တကယ့္ဂ်ီေဆာ့အတိုင္းပင္။

ဟိုတစ္ခ်ိန္တုန္းကေတာ့ ႐ူဟန္သည္ ကေလးကိုအေၾကာင္းျပ၍ မင္ေဆာ့ထံမွ ထြက္ေျပးသြားခဲ့ဖူးသည္။

အခုတဖန္ေတာ့ ကေလးကိုပင္အေၾကာင္းျပ၍ မင္ေဆာ့အား အနားသို႕ဆြဲေခၚေနျပန္သည္။

သို႕ေသာ္လည္း ဆယ့္သံုးႏွစ္ဆိုေသာ အခ်ိန္ကာလက ဘာကိုမွ ထပ္မေမွ်ာ္လင့္မိေစရန္ မင္ေဆာ့အား ေကာင္းေကာင္းႀကီး သင္ၾကားေပးထားခဲ့ေလသည္။

~~ ႏြံ ~~
< 30.3.2016 >

[Unicode]

"ဦးဦး"

ဗီဒီယိုအထပ်လိုက်ကြီးကို မနိုင်မနင်း မပြီး တည်းဖြတ်ခန်းထဲမှ ထွက်လာသောမင်ဆော့သည် ကလေးသံလေးတစ်သံနှင့်အတူ မိမိရှိရာသို့ဦးတည်ပြီး ပြေးလာသံတဖျတ်ဖျတ်ကြောင့် အသာပြုံးလိုက်မိသည်။ လှမ်းမကြည့်သော်လည်း ဘယ်သူလဲကိုတန်းသိလိုက်ပြီး ဗီဒီယိုတပွေ့ကြီးကို ဘေးကစားပွဲတစ်ခုပေါ်သို့လှမ်းတင်လိုက်သည်။

"ဂျီဆော့လေး"

အရှိန်နှင့်ပြေးလာပြီး အနားရောက်လာသောအခါ အားကုန်လှမ်းဖက်လိုက်သော ဂျီဆော့ထံမှ ရူဟန့်ကားပေါ်မှ အမွှေးနံ့ကို ဖျော့တော့စွာ ရှူရှိုက်မိသည်။ မင်ဆော့သည် ဂျီဆော့၏ဆံပင်များကို ချစ်စနိုးနှင့်ထိုးဖွလိုက်ပြီး ပခုံးမှမကာ အသာပွေ့ချီလိုက်သည်။ နောက်တွင်တော့ ရူဟန်က ပွစိပွစိရေရွတ်ရင်း အပြေးလိုက်လာသည်။

"ဟန်ဂျီဆော့, ဖေဖေ့အလုပ်ရောက်ရင် လျှောက်မပြေးရဘူးလို့ ပြောထားတယ်မဟုတ်လား၊ စကားနားမထောင်ရင် နောက်တစ်ခါ ခေါ်မလာဘူးနော်၊ ပြီးတော့ မင်းဦးဦး ပစ္စည်းတွေနဲ့ကို အဲလိုအရှိန်နဲ့ပြေးဖက်ရင် ဘယ်လိုလုပ်မလဲ၊ တကယ်ပဲ ဘယ်သူနဲ့တူလို့ ဒီလောက်စကားနားမထောင်လဲ မသိဘူး"

"ဦးဦး ဖေဖေက အရမ်းအော်တာပဲ"

"ဘာမှ သွားတိုင်ပြောဖို့ မစဉ်းစားနဲ့... လာ... ဆင်းလာခဲ့တော့"

"အင်...ဟင့်အင်း... ဦးဦး ဖေဖေ့ကိုပြောဦး"

ရူဟန့်ကိုလုံးဝကျောပေးလိုက်ပြီး မင်ဆော့၏ပခုံးပေါ်သို့ခေါင်းကိုဝှက်ချလိုက်သော ဂျီဆော့သည် ကျေနပ်သေးဟန်မတူပဲ သူ့အဖေကိုဆူပေးစေချင်ပုံဖြင့် မင်ဆော့အား တိုင်နေခဲ့သည်။

"အေးလေ ကလေးကို ဘာလို့အော်နေတာလဲ"

"မင်း အဲလို အလိုလိုက်နေလို့ ကလေးက မင်းကိုတွေ့တာနဲ့ တိုင်ဖို့စဉ်းစားနေတာပေါ့"

"အလိုလိုက်ရမှာပေါ့ ဂျီဆော့လေးက ကလေးပဲရှိသေးတာကို နော့်"

"ဟုတ်တယ်... ဖေဖေ့ကို အဲဒါကြောင့်မချစ်တာ"

ကြည့်ပါလား၊ ရူဟန်သည် နှစ်ယောက်လုံးကိုလက်လျှော့လိုက်ဟန်ဖြင့် လက်နှစ်ဖက်လုံးကို မြှောက်ပြလိုက်ပြီး မင်ဆော့ချထားသော ဗီဒီယိုတစ်ထပ်ကြီးကို ပြန်မလိုက်သည်။

"ဒီနေ့ ဂျီဆော့ သူ့အမေဆီမှာ နေမယ့်ရက်မဟုတ်ဘူးလား"

"ဟုတ်တယ်... ဟိုမှာ ဂျီကျနေတယ်ဆိုတာနဲ့ အခုလေးတင် သွားခေါ်လာရတာ"

"ဒီနေ့ မင်းဆီမှာ အိပ်မှာပေါ့"

"အင်း ဟုတ်တယ်... ဟန်ဂျီဆော့ ကလေးလည်းမဟုတ်တော့ဘူး... ဆင်းတော့... မင်းဦးဦး ခါးကျိုးလိမ့်မယ်"

"ရပါတယ်.. ဂျီဆော့ အိပ်ချင်နေတယ်ထင်တယ်"

"ဒီရောက်ရောက်ချင်း မင်းဆီလာချင်တယ်ဆိုလို့တက်လာတာ... ငါအစည်းအဝေးသွားရဦးမယ်... မင်ဆော့ သူ့ကိုခဏ.."

"ကြည့်ပေးထားမယ်... သွား"

ရူဟန့်စကားမဆုံးခင်ပင် မင်ဆော့ ပြန်ဖြေလိုက်သည်။ ရူဟန်ကပြုံးပြီး ဗီဒီယိုတွေမနိုင်မနင်းမထားသည့်ကြားကပင် လက်တစ်ဖက်ကိုမြှောက်၍ မင်ဆော့၏ပါးကိုလှမ်းဆွဲသည်။ ဟာ ပါးမဆွဲစမ်းပါနဲ့ဆို... မကြိုက်ဟန်နှင့် မျက်မှောင်ကြီးကြုတ်ပြီးပြောသော မင်ဆော့ကိုကြည့်ရင်း ရူဟန်ကအသံထွက်အောင်ပင် ရယ်လိုက်မိသည်။ သူ့သားကို ချီထားသော မင်ဆော့ကိုငေးကြည့်ရင်း ဘေးမှအသာလိုက်လျှောက်လာခဲ့သည်။ ရင်ထဲတွင် ငြိမ်းချမ်းမှုများ စိမ့်ဝင်လာသလို။ ဓာတ်လှေကားထဲကို လှမ်းဝင်လိုက်တော့ သုံးထပ်နှင့် ငါးထပ်ခလုတ်ကို နှိပ်ရင်း လက်ထဲမှဗီဒီယိုများကိုကြည့်၍ ရူဟန်ကပြောသည်။

"ဒါတွေ ဂင်ဂျွန်းမြောင်းကိုပေးမှာမလား၊ ငါဝင်ပေးလိုက်မယ်"

"အင်း"

သွားပြီ အဲဒါဆို၊ ခပ်တိုတိုနှုတ်ဆက်ကာ မင်ဆော့က ငါးထပ်တွင်ဆင်းသွားခဲ့သည်။ လုပ်ငန်းခွင်တွင် ရူဟန်သည် တိကျသည်၊ စေ့စပ်သည်၊ ဒေါသလည်းကြီးသည်၊ အမှားလုပ်မိလျှင် ခွင့်မလွှတ်တတ်။ မြင်ကာစတွင် ပြုံးပြုံးပြုံးပြုံးနှင့် စကားပြောတတ်သော၊ ရုပ်ချောသော စသည့် အချက်များကြောင့် အလုပ်ဝင်ကာစတွင် သူ့လက်အောက်တွင် အလုပ်လုပ်နိုင်ရန် မသိမသာမျှော်လင့်မိသော အလုပ်သင်တို့မှာ တစ်ပတ်ပင်မခံနိုင်ပဲ ထွက်ပြေးချင်စိတ် ပေါက်လာလေ့ရှိကြသည်။ ပြဿနာများသော အသံလွှင့်ရုံတွင် စိတ်တိုလွယ်သော ရူဟန်တစ်ယောက် စိတ်ကြည်လင်နေသည်ကို မြင်ရခဲလွန်းလှသည်။ သို့သော် တခြားလူများသာ အခုအချိန် ရူဟန့်ကိုတွေ့သွားခဲ့လျှင် သရဲများဝင်ပူးနေလား ထင်သွားလောက်သည်။ ဓာတ်လှေကားထဲမှ ထွက်သွားသော အရိပ်နှစ်ခုကိုငေးကြည့်နေသော ရူဟန်၏မျက်ဝန်းတို့က ချစ်ခြင်းမေတ္တာတို့ဖြင့် နူးညံ့ညင်သာလွန်းနေသည်။ အဲဒါကလည်း ရူဟန့်ကိုတော့ အပြစ်မဆိုနိုင်ပါ။ တစ်လောကလုံးတွင် သူအမြတ်နိုးရဆုံးသော လူနှစ်ယောက်ပင်မဟုတ်ပါလား။

~~ နွံ ~~

"ဟယ် အဲဒါ ဟန်ပီဒီရဲ့သားလေးလား"
"အမယ်လေး အဖေတူသားလေး ချောလိုက်တာ"
"ထွားလာလိုက်တာ မှတ်တောင်မမှတ်မိဘူး"

မင်ဆော့ရုံးခန်းထဲသို့ ဝင်လာသော တစ်ယောက်ပြီးတစ်ယောက် မိမိကိုကြည့်ပြီး မှတ်ချက်တွေပေး ဂရုတွေစိုက်နေကြသောအခါ ကြာတော့ ဂျီဆော့ရှက်လာသည်ထင်သည်။ ကွန်ပျူတာရှေ့တွင်ထိုင်နေသော မင်ဆော့နားလာပြီး ဘောင်းဘီစကိုဆွဲလိုက်လွှတ်လိုက် လုပ်နေခဲ့သည်။ စားပွဲထောင့်စွန်းတွင် တင်ထားသော ကော်ဖီခွက်ပူပူကို ပြုတ်ကျမည်စိုးသောကြောင့် ဂျီဆော့နှင့်ခပ်ဝေးဝေးကိုတွန်းပို့ရင်း ကျောကိုနှစ်ချက်သုံးချက် သပ်ပေးလိုက်သည်။

"ဦးဦး ပျင်းတယ်"

"ခဏစောင့်နော်.. ခဏနေရင် သားအဖေပြန်လာတော့မှာ.. ပြီးရင် အိမ်ပြန်ရမယ် နော်"

"ခုနတည်းက ခဏနေလို့ပြောနေတာ ကြာလှပြီ... သားပျင်းတယ်"

"ခဏလေးပါသားရယ် လိမ္မာတယ်နော်"

ရူဟန်ပြောတာလည်း ဟုတ်တော့ဟုတ်သည်။ သူ့ကိုအလိုလိုက်တတ်မှန်းသိသော မင်ဆော့ရှေ့တွင် ဆိုးသည်တော့မဟုတ်သော်လည်း ဂျီဆော့က ပိုဂျီကျတတ်သည်။ ကွာရှင်းထားသောမိဘနှစ်ပါးကြောင့် ဟိုအိမ်ဒီအိမ်လှည့်နေရင်း ရွယ်တူကလေးများထက် ပိုလူကြီးဆန်၍ အရိပ်အကဲကြည့်တတ်သော ဂျီဆော့ဖြစ်သော်လည်း မင်ဆော့ရှေ့ရောက်လျှင် မကျေနပ်သမျှဖွင့်ထုတ်ဂျီကျတတ်သည်။ မင်ဆော့ကလည်း အဲဒါကိုမတားတတ်။ ပို၍ပင် သဘောကျသေးသည်။ ကလေးကို ကလေးဆန်ဆန်ပင် ကြီးပြင်းစေချင်သည်။ မိသားစုပြဿနာတွေ၊ မိဘများပေးသည့် စိတ်ဒဏ်ရာတွေသည် အခန့်မသင့်လျှင် တစ်သက်လုံးကိုလိုက်ပြီး အရိပ်မည်းထိုးနေတတ်သည်။ ထိုသို့ကြီးပြင်းခဲ့ရသည်မှာ သူ့အဖေရူဟန်တစ်ယောက်နှင့်ပင် လုံလောက်နေခဲ့ပြီ။ ဂျီဆော့ကို ကြင်နာစွာငုံ့ကြည့်ပြီး အတွေးများနေခဲ့သော မင်ဆော့သည် တံခါးဖွင့်သံကြားမှ သတိဝင်လာခဲ့သည်။ အငယ်ဆုံး ခိုင်းဖတ်နေရာမှ ပူပူနွေးနွေး လွတ်မြောက်ထားသော ဇာတ်ညွှန်းရေးဆရာမ ဟာယောင်းက ရုံးသုံးကလစ်နှင့်ညှပ်ထားသော စာရွက်အထပ်လိုက်ကိုကိုင်ရင်း အခန်းထဲသို့ဝင်လာခဲ့သည်။ ဂျီဆော့ကိုမြင်သောအခါ

"ဟန်ပီဒီက ဘယ်ရောက်နေလို့ ဂင်ပီဒီက ကလေးထိန်းနေပြန်တာလဲ"

"အစည်းအဝေးတဲ့"

ဟာယောင်းက ဂျီဆော့နားကပ်လာ၍ ထိုင်ချလိုက်ပြီး ချစ်စနိုးပါးကိုလိမ်ဆွဲတော့ ဂျီဆော့က သဘောမကျဟန် ရှုံ့မဲ့နေသည်။

"သားကလူချောလေးပဲ၊ မမကိုမှတ်မိလား... အရင်ကတစ်ခေါက်မြင်ဖူးတယ်လေ"

ဂျီဆော့ကခေါင်းခါပြသည်။

"ဟန်ပီဒီကလည်း ဘယ်လိုများမွေးထားလည်းမသိဘူး၊ ကလေးကသူနဲ့တစ်ရုပ်တည်းပဲ"

"ဟုတ်ပါ့၊ ငါလည်း တစ်ခါတစ်လေ ဂျီဆော့ကိုကြည့်ရင်း လန့်လန့်သွားတယ်ဆို၊ ရူဟန်နဲ့တူလွန်းလို့"

"အဖေတူသားဆိုတော့ ကြီးလာရင် ကောင်မလေးတွေကို အသဲခွဲတော့မှာပဲ"

မင်ဆော့သည် ဟာယောင်းစကားကြောင့် ဂျီဆော့ကိုလှမ်းကြည့်ပြီး သက်ပြင်းတစ်ချက်ချလိုက်မိသည်။

[...ကောင်မလေးတွေအသဲပဲ ခွဲရင်တော်သေးတာပေါ့...]

နှုတ်မှဖွင့်မပြောနိုင်သော အတွေးတစ်ခုကိုတော့ ကော်ဖီတစ်ငုံနှင့်အတူ ရင်ထဲပြန်မျိုချလိုက်ရသည်။ ခါးသက်သက်အရသာက လျှာဖျားတွင် စိမ့်ကျန်နေရစ်ခဲ့သည်။

~~ နွံ ~~

"ငါဘယ်နှစ်ခါပြောရမှာလဲ၊ မင်းကို ဒီနေ့နောက်ဆုံးအပြီး အဖြေပြန်ယူလာခဲ့လို့ ပြောထားတယ်မဟုတ်လား၊ အလုပ်ကို ဘယ်လိုလုပ်နေတာလဲ"

"ကျွန်တော်လည်း ပြောထားပါတယ်၊ ဒါပေမယ့် သူကအရမ်းဇီဇာကြောင်ပြီး လူကန့်လန့်ဆိုတော့ အိမ်ကိုသွားတော့လည်း တံခါးဖွင့်မပေးဘူး၊ ဖုန်းဆက်တော့လည်း မကိုင်ဘူး"

"ဇီဇာမကြောင်ပြီး ကန့်လန့်မတိုက်တဲ့ နာမည်ကြီး ငါတစ်ယောက်မှမတွေ့ဖူးဘူး။ နာမည်ကြီးတွေအကုန် အဲဒီလိုတွေကြီးပဲ၊ အဲဒါသူတို့အလုပ်၊ ငါတို့အလုပ်က အဖြေရအောင်ယူဖို့ပဲ၊ ကန့်လန့်တိုက်တိုင်းသာ လက်လျှော့ရရင် ငါတို့အစီအစဉ်မှာ နာမည်ကြီးတစ်ယောက်မှ ခေါ်လို့ရမှာမဟုတ်ဘူး... နော် မင်းဘာသာမင်း ဘာနည်းနဲ့ရအောင် တွေ့တွေ့ငါဂရုမစိုက်ဘူး၊ ဖုန်းခေါ်လို့မကိုင်ရင် ကိုင်တဲ့အထိခေါ်၊ အိမ်တံခါးမဖွင့်ပေးရင် ကျော်တက်သင့်ကျော်တက်၊ ဒါလေး တစ်ခုပဲ ခိုင်းထားတယ်၊ ဒါလေးတစ်ခုကို ဖြစ်အောင်မလုပ်ဘူး။ ကျန်တာနားမလည်ဘူး၊ မနက်ဖြန် နောက်ဆုံးအဖြေပြန်ကြားရအောင် လုပ်ရင်လုပ်၊ မလုပ်နိုင်ရင် မင်းဒီလောကထဲ ဆက်နေမနေနဲ့တော့ ကြားလား"

အိပ်ပျော်နေပြီဖြစ်သော ဂျီဆော့ကိုအသာပွေ့ချီ၍ ရူဟန့်ရုံးခန်းရှိရာ သုံးထပ်ကိုဆင်းလာတော့ ရုံးခန်းထဲတွင် ထုံးစံအတိုင်း ရူဟန်ကတစ်ပွဲတစ်လမ်း သောင်းကျန်းနေခဲ့သည်။ ရုံးခန်းရှေ့တွင် ခဏရပ်၍နားထောင်နေပြီးမှ ကိုယ့်ရုံးခန်းထဲတွင်ကိုယ်ပြန်စောင့်ရန် လှည့်အထွက်တွင် ရူဟန့်ရုံးခန်းတံခါးက ပွင့်လာခဲ့သည်။ စိတ်အလိုမကျဟန် တွန့်ချိုးနေခဲ့သော မျက်ခုံးတို့နှင့် သုန်မှုန်နေသောရူဟန့်မျက်နှာက မင်ဆော့ကိုတွေ့သောအခါ လူတစ်ယောက်ပြောင်းသွားသလိုပင် ပျော့ပြောင်းလာခဲ့သည်။

"ဂျီဆော့ အိပ်နေပြီလား"

"အင်း အခုလေးတင် အိပ်ပျော်သွားလို့"

"ကလေးလည်းမဟုတ်တော့ဘူး၊ ဘာလို့ချီချီပြီး လျှောက်သွားနေတာလဲ၊ ခါးလည်းကောင်းတာမဟုတ်ပဲနဲ"

"ရပါတယ်... မလေးပါဘူး"

ကလေးနိုးမှာစိုးသဖြင့် လေသံတိုးတိုးနှင့်ပြောနေကြသော သူတို့နှစ်ယောက်နောက်မှ ခုနကအခန်းထဲတွင် အဆူခံနေရသော ကောင်လေးကထွက်လာသည်။ ရူဟန်နှင့်မင်ဆော့ကို ခေါင်းငုံ့နှုတ်ဆက်ရင်း ခပ်သွက်သွက်လျှောက်သွားသော ကောင်လေးကို ရူဟန်က ဟေ့ကောင် ဟု ခပ်တိုးတိုးလှမ်းခေါ်လိုက်သည်။ ကောင်လေးက ရပ်ပြီးလှည့်ကြည့်လာသည်။

"အိမ်ထဲတော့ ကျော်မဝင်နဲ့၊ မင်းကိုငါ ရဲစခန်းအထိ လိုက်မထုတ်ပေးနိုင်ဘူး။ ဒါပေမယ့် မနက်ဖြန်တော့ အဖြေပြန်ကြားရအောင်လုပ် ကြားလား"

ကောင်လေး၏ စိတ်ပျက်လက်ပျက်နှင့် ဟုတ်ကဲ့ ဟုပြန်ဖြေသံက တိုးညင်းလွန်းလှသည်။

ရူဟန်က မင်ဆော့လက်ထဲမှ ဂျီဆော့ကို အသာလွှဲယူလိုက်သည်။

"ဘာလို့ ဒီအထိဆင်းလာတာလဲ၊ အခန်းထဲမှာ စောင့်နေတာမဟုတ်ဘူး၊ ငါလာခဲ့မှာပေါ့"

"ရပါတယ်... ဂျီဆော့နိုးလာရင် မင်းကိုတွေ့ချင်မှာစိုးလို့"

"မင်း ငါ့ကိုတွေ့ချင်လို့မဟုတ်ဘူးပေါ့"

မင်ဆော့ ရူဟန့်ကိုမော့ကြည့်လိုက်မိသည်။ လက်ထဲတွင် ငုံထားမတတ်ချစ်ရသော သားကိုပွေ့ထားရင်းနှင့် အဲဒီလိုစကားမျိုးကို ဘာမှမဖြစ်သလို သူမို့လို့ပြောထွက်သည်။ ဘာပြန်ဖြေရမှန်းမသိသလို ကြောင်သွားသောမင်ဆော့သည် ခဏနေမှ ချောင်းတစ်ချက်ဟန့်ရင်း အလျင်စလိုပြန်ဖြေလိုက်သည်။

"ငါက ဘာကိစ္စ၊ ဂျီဆော့နိုးလာလို့ မင်းကိုမတွေ့ရင် ငိုမှာစိုးလို့လာတာ၊ ဘာဖြစ်လဲ"

"......."

"ပြန်တော့မယ်၊ မင်းလည်း သွားတော့"

ရူဟန်ဆီမှ ဘာစကားသံမှထပ်မထွက်လာခဲ့။ မင်ဆော့ သူတို့ကိုကျောပေးကာ ထွက်လာခဲ့လိုက်သည်။ အချိန်တွေ ဒီလောက်ကြာလာတော့ မင်ဆော့လည်း ရူဟန့်ဆီမှ ဘာတစ်ခုကိုမှမမျှော်လင့်တော့။ မျှော်လင့်ရင်း၊ စောင့်ဆိုင်းရင်း၊ ရင်မောခဲ့ရဖူးသောအချိန်များက အတိတ်တွင်ကျန်ရစ်ခဲ့့ပြီ။ လက်ရှိအချိန်တွင် မင်ဆော့သည် ရူဟန်ဘာလုပ်လုပ် ဘာပြောပြော ဘာကိုမှထပ်မမျှော်လင့်ချင်တော့သည့်အထိ ခြေကုန်လက်ပမ်းကျနေခဲ့ပြီ။

"ဂင်မင်ဆော့"

ဝါးတစ်ရိုက်အကွာလောက်ရောက်မှ ရူဟန်ကလှမ်းခေါ်သည်။ မကြားချင်ယောင်ဆောင်ကာ ဆက်လျှောက်နေလိုက်တော့ နောက်ကပြေးလိုက်လာပြီး မင်ဆော့လက်မောင်းကို အသာလှမ်းဆွဲသည်။

"ခဏနေပါဦး...မင်းကလည်း၊ ဒီနေ့ည အိမ်မှာထမင်းလိုက်စားပါလား"

"မစားဘူး"

"စားပါ"

"မစားချင်ပါဘူးဆို၊ အိမ်ပြန်အိပ်တော့မှာ"

"ငါတို့အိမ်မှာအိပ်လည်းရတာပဲကို"

"မနက်ဖြန် ရုံးတက်ရမှာကို မင်းတို့အိမ်မှာဘယ်လိုလုပ်အိပ်မလဲ၊ တော်ပြီ ပြန်မှာ"

"တူတူစားရအောင်ပါဆို"

"အာ မစားချင်ပါဘူးဆို"

စိတ်ပျက်ငြီးငွေ့ဖွယ်ကောင်းလောက်အောင်ပင် ထပ်တလဲလဲလည်ပတ်နေသော ဓာတ်ပြားဟောင်း၊ ထမင်းတူတူစားရန် အတင်းခေါ်နေသော ရူဟန်နှင့် မစားချင်ဘူး ငြင်းနေသောမင်ဆော့။ ရင်ထဲတွင် မွန်းကျပ်လွန်း၍ အော်ဟစ်ပစ်လိုက်ချင်သည်။ ကျောင်းသားဘဝတည်းက အခုအချိန်အထိ ရူဟန်နှင့်တူတူစားခဲ့သော ထမင်းနပ်ပေါင်းကို ပြန်တွေးကြည့်လျှင် အခုချက်ချင်းပင် ပျို့တက်ချင်လာသည်။ ဆယ့်သုံးနှစ်ကျော်ကာလအတွင်း ပြောင်းလဲလာခဲ့သည်ဆိုလို့ ဘာတစ်ခုမှမရှိခဲ့။ ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော ဇာတ်ကွက်တစ်ခုကို ခဏခဏပြန်ဖွင့်ပြနေသလိုပင်။

"ဂျီဆော့က မင်းနဲ့ဆော့ချင်လို့ ဂျီကျနေတာ ကြာလှပြီ၊ ဒီနေ့ ရုံးမှာလိမ်လိမ်မာမာနေရင် မင်းကိုခေါ်လာခဲ့မယ်လို့ပြောထားတာ၊ နော် လိုက်ခဲ့ပါ"

"....."

တွေဝေသွားသောမင်ဆော့ကိုကြည့်၍ ရူဟန်ကအားတက်သရော ဆက်ပြောသည်။

"မင်းလာရင်ကျွေးမယ်ဆိုပြီးတော့ ကျောင်းကရလာတဲ့ ချောကလက်ကိုတောင် သတ်သတ်ဖယ်ထားတာ"

"........."

"နော် လိုက်ခဲ့ပါ"

မင်ဆော့သက်ပြင်းချလိုက်မိသည်။ နောက်ဆုံးအဖြေကို သိနေလျက်နှင့် ဘာလို့အားအကုန်ခံပြီး ငြင်းနေမိလဲ မင်ဆော့တွေးမရခဲ့။ ခေါင်းကိုအသာညိတ်ပြလိုက်တော့ လိုချင်တာရ၍ ကျေနပ်သွားသလိုပြုံးလိုက်သောအပြုံးက တကယ့်ဂျီဆော့အတိုင်းပင်။

ဟိုတစ်ချိန်တုန်းကတော့ ရူဟန်သည် ကလေးကိုအကြောင်းပြ၍ မင်ဆော့ထံမှ ထွက်ပြေးသွားခဲ့ဖူးသည်။

အခုတဖန်တော့ ကလေးကိုပင်အကြောင်းပြ၍ မင်ဆော့အား အနားသို့ဆွဲခေါ်နေပြန်သည်။

သို့သော်လည်း ဆယ့်သုံးနှစ်ဆိုသော အချိန်ကာလက ဘာကိုမှ ထပ်မမျှော်လင့်မိစေရန် မင်ဆော့အား ကောင်းကောင်းကြီး သင်ကြားပေးထားခဲ့လေသည်။

~~ နွံ ~~
< 30.3.2016 >

Continuar a ler

Também vai Gostar

291K 6.6K 35
"That better not be a sticky fingers poster." "And if it is ." "I think I'm the luckiest bloke at Hartley." Heartbreak High season 1-2 Spider x oc
222K 5.2K 52
⎯⎯⎯⎯⎯⎯⎯ જ⁀➴ 𝐅𝐄𝐄𝐋𝐒 𝐋𝐈𝐊𝐄 .ᐟ ❛ & i need you sometimes, we'll be alright. ❜ IN WHICH; kate martin's crush on the basketball photographer is...
1.4K 62 6
Just ni-ki making chaos and never letting his hyungs alone (heeseung and sunghoon) -Maybeee it will have smut idk but most likely it's just gonna be...
28.5K 1.9K 20
Credit to SweetestSin1314 ၂၁အရြ‌ယ္‌ မီလွ်ံနာ‌ေလး Timmy ရယ္‌... အလုပ္‌၃ခုလုပ္‌ၿပီး ‌ဘ၀ကိုႀကိဳးစား‌ေနေနရတဲ့ Johnny ရယ္‌.... ဘာသာျပန္‌အရည္‌အခ်င္‌း‌ေၾကာင...