Three hearts..Two loves..One...

由 moony_stone

96.6K 10.3K 2.8K

A beautiful love triangle between.. .. 更多

Friend
My little sunshine
Who is she??
how much you really mean to me
It's ok ,I have you
The other "He"
First kiss
He Confessed but..
Wo Ai Ni
......
The relationship
Choice
Sincere
Hope..Faith..and Love
Gui Mi
Let's not fall in love
Left behind
Two loves
Pls tell me it's juz a dream
How could I let her go
Kill me with the truth..
As always
Hurt me instead..
Les Sacrifice
Hope..
Unfair
Love story in Castel Combe
Open Arms
Till death do us part
Part one
Part three
Memory
My little precious
Luhan,The chosen
Who love you more(finale)

Part Two

1.3K 213 26
由 moony_stone

~~~~~~Six months later~~~~~~

ကျွန်​​တော်​သူမကိုအထီးမကျန်​​စေချင်​ဘူး
အင်္ဂလန်​ရဲ့​ကြမ်းတမ်းတဲ့​ဆောင်းရာသီက
တစ်​​ကျော့​ရောက်​​လာပြန်​ပြီ..

လွန်​ခဲ့တဲ့နှစ်​လကကျွန်​​တော်​သွား​တော့
သူမကပိုပိန်​သွားတယ်​..
ဆေးခန်းကိုလည်းမှန်​မှန်​မသွားဘူးထင်​ပါရဲ့..

Luhan geရဲ့အမှာစကား​တွေလုပ်​ကြံ
ဖန်​တီးရင်း သူမ မှာတဲ့ bean poleက​ကော်​ဖီ
စေ့​လေး​တွေဝယ်​သွား​ပေးရင်း တစ်​ပတ်​​လောက်
လန်​ဒန်​မှာ သူမကိုအ​ဖော်​လုပ်​​ပေးခဲ့တယ်​..

အရင်​လိုတက်​တက်​ကြွကြွမဟုတ်​သည့်​တိုင်
ယွဲမ်​က ကျွန်​​တော်​သွားတဲ့အ​ခေါက်​တိုင်း​တော့
တောက်​ပတဲ့အပြုံး​လေး​တွေနဲ့ဆီးကြိုခဲ့တယ်​..

တစ်​​ခေါက်​ကဆို london eye ကိုအတူတူစီးရင်း
ကျွန်​​တော်​တို့စကား​တွေအများကြီး​ပြောခဲ့ကြတယ်​..
ယွဲမ်​ က..geအမြင့်​​ကြောက်​တာကိုသိတယ်​..

သူမက က​လေး​လေးကိုသမီး​လေးဖြစ်​​စေချင်​တယ်​လို့
ပြောတယ်​..
ဒိုင်​ယာနာမင်းသမီး​မွေးတဲ့​ဆေးရုံမှာပဲ​မွေးမယ်​လို့လည်း
စိတ်​ကူးယဉ်​ဆန်​ဆန်​​ပြော​သေးတယ်​...
သူမရဲ့ သမီး​လေးက​နယူးရီးယားအပြီးမှာ
မွေးမယ်​လို့ဒိတ်​​ပေးထားတာမို့..
သူမက ကျွန်​​တော့်​ကိုဝမ်းသာအားရ​ပြော​သေးတယ်

"ကံမ​ကောင်းတာ​တွေနှစ်​​ဟောင်းမှာထားခဲ့ပြီ
မို့လို့ က​လေး​လေးကငါ့ကိုကံ​ကောင်းခြင်း​​တွေယူ
လာ​ပေး​တော့မှာ..​နော့်​Tao
Ge ပြန်​လာ​တော့မယ်​ထင်​တယ်​.." တဲ့

မွေးဖို့ရက်​နီးကပ်​လာပြီ..
ပြီး​တော့ခရစ်​စမတ်​မှာလည်း ယွဲမ့်​ကို
အထီးမကျန်​​စေချင်​တာ​ကြောင့်
လန်​ဒန်​ကို သမုဒ္ဒရာကြီးဖြတ်​ပြီး
ကျွန်​​တော်​​ရောက်​လာပြန်​တယ်​..

ဟော်​တယ်​က​နေသူမအိမ်​ကိုလာတဲ့
လမ်းမှာ ခရစ်​စမတ်​ညစာအတွက်
ပြင်​ဆင်​ဖို့ဝယ်​ခဲ့​သေးတယ်​..

ကြောင်​တစ်​​ကောင်​နဲ့အ​ဖော်​ပြုရင်း
အားငယ်​​နေမယ့်​ယွဲမ်​ယွဲမ့်​ဆီကိုပဲ
အားလပ်​ရက်​တိုင်း​ရောက်​လာခဲ့တာ..

ဒီ​နေ့မှနှင်း​တွေကလည်းထူထဲစွာကျတယ်
ခဏ​နေရင်​လမ်းမထက်​မှာနှင်း​တွေဖုံးအုပ်​သွား​တော့မယ်
ကား​တွေသွားလို့မရတဲ့အထိ..

ဘဲလ်​မတီးခင်​သူမအိမ်​​ရှေ့မှာ
ကျွန်​​တော့်​အကျီ​ပေါ်တင်​​နေတဲ့နှင်းပွင့်​​တွေကို
ခါချလိုက်​တယ်​..

ခဏ​နေရင်​ သူမအတွက်​​ပျော်​စရာ​ကောင်းတဲ့
ခရစ်​စမတ်​​လေးတစ်​ခုဖန်​တီး​ပေးချင်​တယ်​..

"Hiii"

"Hoom ထပ်​ပြီးနင်​ပဲလား"

သူမကအားမနာပဲ​ပြောပစ်​ကာ
ကျွန်​​တော့်​လက်​ထဲကအထုတ်​​တွေလှမ်းယူတယ်

မွေး​တော့မှာဆို​ပေမယ့်​သူမရဲ့ဗိုက်​က​သေး​သေး​လေး
ဘာမှမရှိသလိုပဲ..
ခပ်​ပွပွအ​နွေးထည်​​အောက်​မှာဖုံး​နေတယ်​..
ကျွန်​​တော့်​ရဲ့ယွဲမ်​ကအရင်​လိုပဲပိန်​​သေး​သေး​လေးရယ်

အသားအရည်​ကဖြူဆွတ်​​နေတာမှ
သွေးစုပ်​​ကောင်​တစ်​​ယောက်​လိုပဲ..
ဆံပင်​​တွေကိုကလစ်​ကြီးကြီးနဲ့ဖြစ်​သလို
ညှပ်​တင်​ထားသည့်​တိုင်​သူမက
ကပိုကယိုနဲ့ချစ်​ဖို့​ကောင်း​နေတယ်​..

"....ဒီအပတ်​အတွင်းငါပထမဆုံးစကားစ
ပြောတဲ့လူကနင်​ပဲသိလား Tao..
NYမှာဘယ်​လိုလဲ..အန်​တီဂျင်းဂျူ​နေ​ကောင်းလား
Wu ye​လေး​ကော?"

သူမက သူမအ​ကြောင်း​တွေဘယ်​သူမှမသိ​စေချင်​ဘူး
အန်​တီဂျင်းဂျူ..သူမရဲ့ပါ့ပါ
ဘယ်​သူ့ကိုမှမ​ပြောခိုင်းဘူး..
အာရုံစိုက်​မခံချင်​ဘူး..
ပြီး​တော့ သူမကိုသနားတာကိုမုန်းတယ်​တဲ့..

"သူနင့်​ကိုသတိရတယ်​တဲ့.."

"အပို​တွေ...သူငါ့ကိုဘယ်​တုန်းကချစ်​လို့လဲ"

ယွဲမ်​က ကျွန်​​တော်​ဝယ်​လာတဲ့အထု​တ်​​တွေ
နေရာချရင်း​ပြောတယ်​.

"မယုံရင်​ဒီမှာကြည့်​ပါလား..ငါသူ့ကို
ဗီဒီယိုရိုက်​ခဲ့​ပေးတယ်​"

သူမကမြန်​မြန်​​ပြေးလာရင်းကြည့်​တယ်​..
သူမရဲ့​ခြေ​ထောက်​​တွေကလည်း
အရင်​လို​သေး​သေး​လေးပဲ....

"ယွဲမ်​ ah..နင်​​ဆေးခန်းမသွားပြန်​ဘူးလား.
အရမ်းပိန်​​နေတာ အားမရှိသလိုပဲ.."

"ငါ..မသွားချင်​ဘူး"

သူမက wu yi bo ရဲ့video clip ​လေးကို
ကြည့်​ရင်းဂရုမစိုက်​သလို​ဖြေတယ်​..

သူမမသွားချင်​ရတဲ့အ​ကြောင်းအရင်းကို
ကျွန်​​တော်​သိ​နေတာ​ကြောင့်
စိတ်​မ​ကောင်းခြင်း​တွေကပြည့်​နှက်​လာပြန်​တယ်​..

သူမ​ဘေးမှာ..gegeရှိ​နေသင့်​တယ်
ဆေးခန်းပို့ဖို့
ဈေးဝယ်​ထွက်​ဖို့....
သူမရဲ့ ကိုယ်​ဝန်​​ဆောင်​ချိန်​အဆင်​မ​ပြေတဲ့
အော့အန်​တာ​ခေါင်းမူးတာအစာမစားချင်​တာ
အားလုံးကိုအ​ဆင်​​ပြေ​စေဖို့..

ကျွန်​​တော့်​ကိုလည်းမာနကြီးစွာလက်​မခံတဲ့
ယွဲမ်​ယွဲမ်​ဟာ သူမဘယ်​တုန်းကမှ
မချစ်​ဖူးတဲ့​ကြောင်​တစ်​​ကောင်​နဲ့အတူ
လန်​ဒန်​မှာတ​ယောက်​ထဲ​ခေါင်းမာစွာ​နေတယ်​..

"ငါတို့က​လေး​လေးအတွက်​အကျီ​တွေဘာ​တွေ
သွားဝယ်​ကြမလား..​နောက်​အပတ်​ထဲ​ဒိတ်​​ပေးထား
တာမလားနီး​နေပြီ​လေ"

ကျွန်​​တော့်​စကားကိုမကြားသလိုပဲ
သူမဟာဖုန်းကို​ဘေးချပြီးပြတင်း​ပေါက်
လိုက်​ကာကိုဆွဲဖွင့်​တယ်​..

မှန်​မှာတဖွဲဖွဲလာစင်​တဲ့နှင်းစက်​​လေး​တွေကို
အထဲက​နေလက်​နဲ့တို့ထိရင်းက​လေး​လေးတ​ယောက်
လိုပြုံးတယ်​..

"Luhan ge..သူ​နေ​ကောင်းရဲ့လားဟင်
ငါသူ့ကိုအရမ်းသတိရတာပဲ..
ငါသူ့ကို​တွေ့ချင်​​တယ်​..
နှင်းကျ​နေတာကိုသူနဲ့အတူတူကြည့်​ချင်​​တယ်
ငါသူ့ကိုလွမ်းတယ်​"

တ​ယောက်​ထဲ​ရေရွတ်​သလို​ပြော​နေတဲ့ယွဲမ်​ဟာ
ပါးမှာမျက်​ရည်​စီး​ကြောင်း​တွေတလက်​လက်​နဲ့
သူမနှုတ်​ခမ်း​တွေကပြုံး​နေတယ်​..

သိမ်​​မွေ့စွာ..လှပလွန်းစွာ..ကဗျာဆန်​လွန်းစွာ

ကျွန်​​တော်​သူမကိုစ​တွေ့တဲ့​နေ့ကလည်း
ဒီလိုနှင်း​တွေတဖွဲဖွဲကျ​နေခဲ့တယ်​..
ကျွန်​​တော့်​ရင်​ထဲက​ကောင်​မ​လေးဟာ
အရွယ်​​ရောက်​လာလို့.က​လေး​လေးရှိ​နေသည့်​တိုင်
ငယ်​ငယ်​တုန်းကလို သိပ်​ချစ်​ဖို့​ကောင်း​နေတုန်းပဲ

ဒီမြင်​ကွင်း​လေးက..
လှပလွန်း​တယ်​...
သူမ ပြုံး​နေခဲ့တယ်​..
သိပ်​ကိုလှပလွန်းစွာ ပြုံး​နေခဲ့တယ်​..

~~~~~~~~~~~~~~~~~~~~

ကျွန်​​တော်​တို့​ဈေးဝယ်​ထွက်​တဲ့အစီအစဉ်​ဟာ
ကျရှူံးပါတယ်​..
ခရစ်​စမတ်​မို့လူ​တွေရှူပ်​​နေတဲ့အပြင်
လူငယ်​မိသားစု​လေး​တွေက​လေး​လေး​တွေနဲ့
ပျော်​​ပျော်​ပါးပါး​​လျှောက်​သွား​နေတာကို
မြင်​တဲ့အခါ ယွဲမ်​က ဝမ်းနည်းအားငယ်​စွာ
ငေးကြည့်​တယ်​..

"ငါတို့ပြန်​ကြမလား ယွဲမ်​..
ဒါနဲ့ နင်​ဘာလို့ငါ့ကိုလက်​မတွဲတာလဲ
ငါ luhan geကိုပြန်​မ​ပြောပါဘူး
ကတိ​ပေးတယ်​"

သူမက မျက်​​စောင်းေ​သး​သေး​လေးတစ်​ခုနဲ့
ကျွန်​​တော့်​ကိုလက်​ချိတ်​တယ်

အထက်​တန်းတုန်းက ကျွန်​​တော်​အတန်း​ရှေ့မှာ
လက်​​မြှောက်​ထားရတုန်းက သူမ
ဒီလိုမျက်​​စောင်း​လေးနဲ့ပြန်​​ခေါ်ခဲ့တာသတိရမိတယ်
အရင်​က ကျွန်​​တော့်​​ဘေးမှာတခစ်​ခစ်​ရယ်​တတ်​တဲ့
သွားဖြူဖြူ​လေး​တွေနဲ့​ကောင်​မ​လေးဟာ
အခု​ဘေးမှာ..
တည်​ငြိမ်​​တဲ့အပြုံး​လေးတစ်​ခုနဲ့
ကျွန်​​တော့်​လက်​ကိုချိတ်​ထားတယ်

အ​ခြေအ​နေ​တွေ​ပြောင်းလဲခဲ့ပြီမလား..
ဒါ​ပေမယ့်​..ကျွန်​​တော့်​အတွက်​​တော့အရင်​ကလိုပဲ

အရင်​ကလို သူမကိုချစ်​​နေတုန်းပဲ
သူမဟာ အရင်​ကလိုကျွန်​​တော့်​အတွက်
ပြီးပြည့်​စုံ​နေတုန်းပဲ..

အချစ်​ဆိုတာ...
ဒီလိုအရာမျိုးတဲ့လား...

~~~~~~~~~~~~~~~~~~

သူမရဲ့အိမ်​ကို​ရောက်​​ရောက်​ချင်းပဲ
စားပွဲ​ပေါ်မှာ လက်​​ဆောင်​ဘူး​လေးတစ်​ခုက
စောင့်​ကြို​နေတယ်​..
ပန်း​စည်း​အကြီးကြီးတစ်​ခုနဲ့အတူ

ယွဲမ်​က ​လေလိုအဟုန်​နဲ့ကျွန်​​တော့်​​ဘေးက​နေ
စားပွဲဆီကို​ပြေးသွားတယ်​..

အိမ်​ကိုတ​ယောက်​​ယောက်​လာသွားတယ်
တံခါးဖွင့်​ ပြီးဝင်​နိုင်​တာ..

ဘယ်​သူရှိဦးမှာလဲ
Ge သူ သတိရလာပြီလား..

ကျွန်​​တော့်​ရင်​ထဲမှာစူး​အောင့်​သွားသည့်​တိုင်
ပန်းစည်း​ဘေးမှာပါတဲ့ကဒ်​​လေးကို
ဖတ်​ရင်းပြုံး​နေတဲ့သူမကိုကြည့်​ရင်းမျက်​ရည်​ဝိုင်း
လောက်​​အောင်​​ပျော်​ရွှင်​မိတယ်​..

မတူညီတဲ့ခံစားမှုနှစ်​ခုက
အလိုမကျစွာရင်​ထဲမှာရှူပ်​​ထွေး​နေတယ်​.
ကိစ္စမရှိပါဘူး..
ကျွန်​​တော်​ ကတကယ်​အ​ရေးမကြီးဘူး..

"Ge.."

ယွဲမ်​က မျက်​ရည်​​တွေကြားက​နေ​အော်​​ပြောတယ်

"သူပြန်​​ရောက်​လာပြီ Tao ah..
သူ..သူ..သူက​လေ"

"အင်း..ရတယ်​..​ဖြေး​ဖြေး​ပြောမှ​ပေါ့ယွဲမ်​ရယ်
ဘာလို့အ​လောတကြီးဖြစ်​​နေရတာလဲ"

"သူ castel combe မှာ​ခရစ်​စမတ်​ညစာအတွက်
စောင့်​​နေမယ်​တဲ့.."

"Castel combe? ?"

"Imm ငါတို့ရဲ့​ကျောက်​တုံးအိမ်​​လေး
အဲ့မှာခရစ်​စမတ်​ဆိုအရမ်း​ပျော်​ဖို့​ကောင်းတယ်
St.Andrew Churchမှာ​လေ..အဲ့မှာ"

"ယွဲမ်​ ah..​ဖြေး​ဖြေး​ပြော
နင်​အရမ်းစိတ်​လှုပ်​ရှား​နေတယ်​..
ခဏ​လေး..​ဖြေး​ဖြေး ဟုတ်​ပြီလား"

အပြင်​မှာကျတဲ့နှင်း​တွေကပိုဆိုးလာတယ်​..
ခြောက်​နာရီ​ကျော်​​နေပြီ
မှောင်​မည်း​နေပြီ

"ငါတို့ သွား..သွားမယ်​​နော်​"

ကျွန်​​တော့်​အ​ဖြေကိုမ​စောင့်​ပဲ
ကျွန်​​တော်​တို့ရဲ့ဖုန်းကိုယ်​စီက​နေ
Emergency Alertဝင်​လာတယ်
နှင်းမုန်​တိုင်းအ​သေးစား​လေး..

ကား​တွေမြို့ပြင်​ထွက်​တာမှာ
သတိထားဖို့နဲ့လမ်းကညကိုးနာရီ​​ကျော်​မှာ
ပိတ်​သွားနိုင်​တဲ့အ​ကြောင်း..

"နင်​..လိုက်​ပို့​ပေးမယ်​မလားဟင်​"

ကိုးနာရီ..
အခုမှ​ခြောက်​နာရီရှိ​သေးတာ..
ပြီး​တော့လည်း​လေ..
ကျွန်​​တော်​ဘယ်​တုန်းကမှသူမရဲ့
မျက်​လုံး​လေး​တွေကိုမလွန်​ဆန်​နိုင်​ပါဘူး...

"အ​နွေးထည်​ထူထူဝတ်​ခဲ့​နော်
အပြင်​မှာ​အေးတယ်​"

"အင်း..ခဏ​စောင့်​​နော်​"

သူမကအခန်းထဲကိုအကျီလဲဖို့​ပြေးဝင်​သွားတယ်

တော်​​တော်​​လေးကြာမှပြန်​ထွက်​လာ​တော့
လက်​ကို​နောက်​ပြန်​ပစ်​ပြီးဇစ်​တပ်​လို့မမှီတဲ့ဂါဝန်​တိုတို
လေးရဲ့ဂုတ်​ကိုထိန်းကိုင်​ထားတယ်​..

"ငါ့ကိုဇစ်​တပ်​​ပေး..yarr အ​ပေါ်က
အ​နွေးထည်​ဝတ်​မှာ​ပေါ့.."

သူမကို​အော်​​တော့မယ့်​ကျွန်​​တော့်​ကို
အမြန်​​ဖြေရှင်း​သေးတယ်​..

သူမ ဝတ်​ထားတဲ့ရှန်​ပိန်​​ရောင်​ဂါဝန်​တိုတို​လေးက
ပထမဆုံးသူမ ကျွန်​​တော့်​ကို နက်​ခ်​တိုင်​စီး​ပေးတဲ့
နေ့​လေးကိုသတိရမိ​စေတယ်​..
အဲ့ဒါက ကျွန်​​တော်​တို့ကုမ္ပဏီရဲ့နှစ်​ပတ်​လည်​ပါတီ
တုန်းက..
အဲ့ဒီ​နေ့က ကျွန်​​တော့်​​ရဲ့ဆယ်​​ကျော်​သက်​​ကောင်​မ​လေး
ဟာ မျက်​လုံး​လေး​တွေတလက်​လက်​​တောက်​ပြီး
သိပ်​လှ​နေခဲ့တယ်​..ဆံပင်​​လေး​တွေကိုခပ်​​ပြေ​ပြေ​လေး
ထုံးထားသည့်​တိုင်​ကျွန်​​တော့်​ကို​မော့ကြည့်ေ​တာ့
သူမရဲ့ဆံပင်​​တွေက ​ကျောအထိထိ​နေခဲ့တယ်​..

ပုံပြင်​ထဲကမင်းသမီး​လေးလို..
အရမ်းလှ​နေခဲ့တဲ့သူမကို.အဲ့ဒီပါတီမဆုံးခင်​အထိ
ကျွန်​​တော်​နဲ့တစ်​ဘဝလုံးအတူရှိသွား​ပေးမယ်​ထင်​ခဲ့တယ်
ကျွန်​​တော်​က သူမအတွက်​တစ်​ဦးတည်း​သော
သူရဲ​ကောင်းလို့ထင်​ခဲ့မိတယ်​..
အဲ့ဒီတုန်းက
သူမ မားမာရိုက်​​ပေးခဲ့တဲ့
နေဝင်​ချိန်​​နောက်​ခံနဲ့တ​ယောက်​ကိုတ​ယောက်​ကြည့်
နေမိတဲ့သဘာဝကျတဲ့ဇာတ်​ဝင်​ခန်း​လေးတစ်​ခုလို
ဓာတ်​ပုံ​လေးထဲမှာ...
ကျွန်​​တော့်​ကို​မော့ကြည့်​​နေခဲ့တဲ့ ယွဲမ့်​ရဲ့
မျက်​လုံး​လေး​တွေထဲမှာ ...
ပျော်​ရွှင်​မှု...အိပ်​မက်​​တွေ..အချစ်​​တွေနဲ့
ပြည့်​နှက်​​နေခဲ့တယ်​..

အခု သူမရဲ့အကျီ​ကျောဘက်​ကဇစ်​ကိုဆွဲ​ပေးရင်း
နဲ့မျက်​ရည်​​တွေလိမ့်​ဆင်းသွားပြန်​တယ်​..

သူမ အများကြီးနာကျင်​ခဲ့ရတယ်
သူမရဲ့ မိသားစု​လေးပြိုကွဲခဲ့ရတယ်
သူမရဲ့အိပ်​မက်​​တွေစွန့်​လွတ်​ခဲ့ရတယ်
သူမအလိုအပ်​ဆုံး ကျွန်​​တော့်​ကိုစွန့်​လွတ်​ခဲ့ရတယ်
ယွဲမ်​..ယွဲမ်​က​လေ..
ဘာများပြန်​ရဖို့​မျှော်​လင့်​ခဲ့ပါလိမ့်​..

"Yarr မြန်​မြန်​ ငါ့ကိုအ​အေးပတ်​​သေ​စေချင်​တာလား"

"ပြီးပြီ"
ကျွန်​​တော်​ငိုသံကိုထိန်းပြီး​ပြောလိုက်​တယ်

ယွဲမ်​ အရမ်းကိုပိန်​တယ်​..
ခပ်​ကားကားဂါဝန်​​လေးက ကိုယ်​ဝန်​ရှိ​နေသည့်​တိုင်
သူမနဲ့ ​တော်​​နေတုန်းပဲ..

အရာရာဟာ​ပြောင်းလဲခဲ့ပြီ...
ငယ်​ရွယ်​မှု..ဖြူစင်​မှု..အချစ်​​တွေ..အိပ်​မက်​​တွေ
အရာအားလုံး ​ပြောင်းလဲခဲ့ပြီ..
ဒါ​ပေမယ့်
ကျွန်​​တော့်​ရင်​ထဲက ယွဲမ်​ဟာ ဘာမှ
မ​ပြောင်းလဲ​သေးဘူး..
အရင်​လို...

အရင်​ကလိုပဲ.. ..

ကျွန်​​တော့်​ရင်​ထဲက​ကောင်​မ​လေးဟာ..
ဘယ်​လိုကံတရားရဲ့
ရက်​စက်​မှု​တွေနဲ့ကြုံလာခဲ့ပြီးသည့်​တိုင်​..
သူမရဲ့ ရုပ်​ပိုင်းဆိုင်​ရာ
စိတ်​ပိုင်းဆိုင်​ရာ ဘယ်​လိုပဲ​ပြောင်းလဲခဲ့ပြီးသည့်​တိုင်

ကျွန်​​တော့်​အတွက်​​တော့..သူမဟာ
တကယ်​အရင်​ကလိုပါပဲ..

ကျွန်​​တော့်​ရဲ့ချစ်​စရာယုန်​​သေး​သေး​လေး
ကျွန်​​တော့်​ရဲ့
မထိရက်​မကိုင်​ရက်​စရာပန်း​လေးတစ်​ပွင့်
ကျွန်​​တော့်​ရဲ့ အရာအားလုံး
ကျွန်​​တော့်​ရဲ့ ကမ္ဘာကြီးတစ်​ခုလုံး..

She still..

"Tao ah..ငါဘယ်​လို​နေလဲဟင်
မျက်​လုံး​တွေက တမျိုးကြီးဖြစ်​​နေလား"

သူမက ကျွန်​​တော့်​ကိုပူပင်​စွာ​မေးတယ်

ကျွန်​​တော့်​​ရှေ့မှာရပ်​​နေတဲ့
ကောင်​မ​လေးကိုကြည့်​ရင်းပြုံးမိတယ်

"နင်​ သိလား..
နင်​က အရမ်းလှတာကို​..
အမြဲတမ်း..အမြဲတမ်း..
နင်​က ငါ့အတွက်​အလှဆုံးပဲ"

သူမကိုကျွန်​​တော်​က ပထမဆုံးအကြိမ်
လှတယ်​လို့​ပြောမိတာ​ကြောင့်
ယွဲမ်​ရဲ့ မျက်​နှာ​ပေါ်မှာပန်း​ရောင်​​လေး​တွေ
ဖြတ်​​ပြေးသွားတယ်​..

အရမ်းလှတယ်​...

~~~~~~~~~~~~~~~~~~~~~

繼續閱讀

You'll Also Like

2.2M 113K 63
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, (y/n) dies and for some strange reason, reincarnates as a ...
299K 6.7K 35
"That better not be a sticky fingers poster." "And if it is ." "I think I'm the luckiest bloke at Hartley." Heartbreak High season 1-2 Spider x oc
1.1M 47.6K 94
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
515K 10.9K 37
In wich a one night stand turns out to be a lot more than that.