Episode(17)
ကြမ်းပြင်ပေါ်မှာ ကျနေတဲ့ဓာတ်ပုံကို ကောက်ပြီး kaiကြည့်လိုက်ချိန်မှာ
'ဟင် ဒီဓာတ်ပုံက dyo dyoဆီ ဘယ်လိုလုပ် ရောက်နေရတာလဲ'
'Minra noonaဆီက ရခဲ့တာ' kaiရဲ့အနောက်ကနေ အသံတစ်သံထွက်လာတာကြောင့် kaiလှည့်ကြည့်လိုက်တော့ ကုတင်ပေါ်မှာ ထိုင်နေတဲ့ dyo dyoကို တွေ့လိုက်တယ်
dyoကုတင်ပေါ်ကထလာပြီး kaiလက်ထဲက ဓာတ်ပုံကို ယူလိုက်တယ်
kai:: ' dyoဒီအကြောင်း ဘာလို့မဟြေပြရတာလဲ'
dyo:: ' photoထဲက ကောင်မလေးက ချစ်စရာလေးနော် Hyungရဲ့ညီမဆို'
kai:: ' dyo dyoမင်းကို Minra က ဘာတွေဟြေလိုက်တာလဲ'
dyo:: ' hyungတကယ်ပဲ ညီမလေးနဲ့တူလို့ လက်ထပ်ချင်တာလား '
kai:: ' dyo dyoဘာလို့သူများဟြေတာတွေကို ယုံနေရတာလဲ'
dyo:: ' ဖြစ်နိုင်ရင် မယုံချင်ပါဘူးhyung
sooနဲ့တူလို့ စောင့်ရှောက်ပေးချင်တာဆိုရင် dyoကို လက်ထပ်စရာမလိုပါဘူး လက်ထပ်ပွဲမလုပ်ချင်တော့ဘူးhyung အစားထိုးလူသားအဖြစ်နဲ့တော့ dyoမနေချင်ဘူး'
dyo'pov:: * sorry.hyung
hyungနားမှာ နေချင်ပါတယ် ဒါပေမဲ့ hyungက ကျွန်တော်ကို ချစ်လို့မဟုတ်ဘဲ sooကြောင့် အနားမှာ ခေါ်ထားတာလို့ ဟြေတာတွေ ကြားရတော့ အသည်းကြေမွမတတ်ခံစားရတယ် hyungအနားမှာ dyo dyoဆိုတဲ့လူအဖြစ်နဲ့ပဲရှိချင်တာပါ Sooနေရာမှာ အစားထိုးတာမျိုးမဖြစ်ချင်ဘူးhyung. ကျွန်တော်ကပဲ hyungရဲ့အတွေး.စိတ်ကူး.ခံစားချက်တွေကို မြင်အောင် မကြည့်နိုင်သေးဘူးထင်တယ် hyungကျွန်တော်ကို ချစ်တယ်လို့ ခံစားရပေမဲ့ မဝေခွဲတတ်ဘူးhyung *
'မရဘူး!!!!! မင်းငါနဲ့လက် ထပ်ကိုထပ်ရမယ်' ဆိုပြီးဟြေကာ kaiအနီးရှိနံရံကို လက်သီးနဲ့ဆင့်ကာ ဆင့်ကာ ထိုးနေတော့တယ်
ပြီးတော့ သွေးစက်လက်ကျနေတဲ့လက်နဲ့ dyo dyoမျက်နှာကို ဆွဲမော့လိုက်ပြီး
' ငါမင်းကို အရမ်းချစ်တယ်ဆိုတာကို မင်းဘာလို့မယုံရတာလဲ dyo dyo. မင်းငါဘေးနားက ထွက်သွားဖို့မကြိုးစားနဲ့ အသက်ရှင်လျက်နဲ့ငါအနားမှာ မနေချင်ရင် အသက်နှုတ်ပြီးတော့ပဲဖြစ်ဖြစ် ငါကတော့ ရအောင် ငါဘေးနားမှာ ခေါ်ထားမှာ'
ဟြေပြီး အခန်းအပြင်ပြန်ထွက်မလို့ လုပ်ပြီးမှ ကျောက်ရုပ်လို ရပ်နေတဲ့ dyo dyoဆီ ပြန်လျှောက်လာပြီး အနားနားကပ်ကာ
'ပြီးတော့ ဟြေရအုန်းမယ် လက်ထပ်ပွဲက နောက်သုံးရက်ကြရင် ကျင်းပမယ် အဲမတိုင်ခင်အထိ ဒီအခန်းထဲကနေ ဘယ်မှမသွားရဘူး ကျောင်းလည်းမတက်နဲ့ တစ်ခုရှင်းအောင် ဟြေအုန်းမယ် ငါဆီက ထွက်ပြေးဖို့အတွေးဝင်လာတိုင်း Comaဖြစ်နေတဲ့ မင်းappaကို မြင်ယောင်လိုက်'
' Hyung!!!!! appaကို ထိဖို့မကြိုးစားပါနဲ့'
'မင်းလိမ္မာရင် ရပြီ မင်းတို့မိသားစုကြောင့် ငါ့appaနဲ့sooသေခဲ့ရတာကို မမေ့နဲ့ အဲဒါကိုဆပ်ဖို့ ငါ့အနားမှာ နေရတာလို့ တွေးလိုက်'
kaiအခန်းထဲကနေ ထွက်သွားတော့ dyo dyoစောနက kaiဟြေသွားတဲ့စကားလုံးတွေကြောင့် မတ်တပ်တောင် မရပ်နိုင်တော့ဘဲ လဲကျသွားတယ်
Dyo'pov:: *hyung အရမ်းရက်စက်တာပဲ ကျွန်တော်ကို ချစ်တယ်ဆိုပြီး နောက်ဆုံးတော့လည်း အရုပ်တစ်ရုပ်လို အနားမှာထားချင်နေတာပဲလေ hyungရဲ့မိသားစုမှာ တင်နေတဲ့အကြွေးတွေ မမေ့ပါဘူး hyungနဲ့လက်ထပ်မှ hyungဘေးနားမှာ ရှိနေမှ အကြွေးဆပ်ရာကျမယ်လို့ hyungယူဆထားတော့လည်း ကျွန်တော် နေပေးပါမယ် hyungနဲ့လက်ထပ်ပါမယ် ဒါနဲ့hyungသိလား စောနကhyungဟြေသွားတဲ့စကားတွေက နှလုံးသားကို ဆွဲညစ်ထားသလိုပဲ ခံစားရတယ်*
တံခါးရဲ့တစ်ဖက်ခြမ်းမှာတော့
kaiတံခါးကို မှီပြီး
kai'pov:: * dyoမင်းထွက်သွားမှာ စိုးလို့သာ အခုလိုတွေ ရက်စက်စွာ ဟြေလိုက်ရတာပါ မင်းကို ရက်စက်တဲ့စကားတစ်ခွန်းဟြေလိုက်တိုင်း ငါရဲ့နှလုံးသားကို ဓားနဲ့တစ်ချက် အမွှန်းခံရသလိုပါပဲ ငါက မင်းမရှိတော့မှာကို ငါရဲ့သေခြင်းတရားထက် ပိုကြောက်တဲ့သူပါ sorry.dyo မင်းငါကို အရမ်းကြောက်သွားပြီလား တစ်ချိန်ကျရင် ငါ့အချစ်တွေကို မင်းမြင်နိုင်မှာပါ*
***Because I love you so much****
နောက်တစ်နေ့မနက် dyoအိပ်ရာက နိုးလာပြီး အောက်ထပ်ဆင်းမလို့ အခန်းတံခါးကိုဖွင့်လိုက်တော့
'ခလောက်' ဆိုတဲ့အသံပဲထွက်လာပြီး တံခါးကတော့ ပိတ်နေဆဲပါပဲ
'ဒုန်းး ဒုန်းးး hyung kai hyung ကျေးဇူးပြုပြီး တံခါးဖွင့်ပေးပါ ဒုန်း ဒုန်းးး hyung ကျွန်တော်ကို အခန်းထဲမှာ ပိတ်မထားပါနဲ့ hyung!!! ' dyo dyo တံခါးကိုထုပြီး ဆက်ကာဆက်ကာ အော်နေတော့တယ်
တော်တော်ကြာ တံခါးကိုထုနေခဲ့တာကြောင့် လက်တွေလည်း ရောင်ကိုင်းလာပြီး အသံတွေလည်း မထွက်နိုင်တော့အောင် လည်ချောင်းက နာနေတော့မှ dyo dyoရပ်လိုက်ပြီး ထိုင်နေလိုက်တော့တယ် ညကရော အခုရော ငိုထားတာကြောင့် မျက်လုံးတွေကလည်း နီရဲနေတယ် dyo dyoအသံလည်းတိတ်သွားရော တစ်အိမ်လုံးလည်း တိတ်ဆိတ်ငြိမ်သက်သွားတယ်
ခဏကြာ အပေါ်ထပ်တက်လာတဲ့ ခြေသံကြားလိုက်ရတယ် အခန်းတံခါးပွင့်လာပြီး အထုတ်တွေနဲ့ kaiဝင်လာခဲ့တယ်
'dyo dyoနိုးနေပြီလား ဟိုနားက marketမှာ အစားအစာသွားဝယ်နေတာ ဟင်လက်တွေက ဘယ်လိုဖြစ်ရတာလဲ dyoငိုနေပြန်ပြီလား ပြစမ်းလက်တွေကို' kai dyoလက်တွေကို လှမ်းယူလိုက်တော့ dyoအကိုင်မခံဘဲ ပြန်ရုန်းလိုက်တယ်
kai:: 'မရုန်းနဲ့ ငြိမ်ငြိမ်နေ လက်တွေက ဘာလို့ ဒီလောက်ထိ ရောင်ကိုင်းနေရတာလဲ'
dyo:: ' ခင်ဗျားကြီးက ဘာလို့အခန်းတံခါး ပိတ်သွားရတာလဲ'
kai:: ' ငါမရှိတုန်း မင်းထွက်ပြေးသွားမှာ စိုးလို့လေ'
'မယုံရင်လည်း ဘာလို့လက်ထပ်နေမှာလဲ ကျွန်တော်ကို လှောင်အိမ်ထဲက ဌက်လေးတွေလို ထားဖို့မလုပ်နဲ့ ' ဆိုပြီး dyo dyoတစ်ယောက် Kaiရဲ့ရင်ဘတ်ကို ထုနေတော့တယ်
kaiလည်း သူကိုထုနေတဲ့dyo dyoလက်ကလေးတွေ ကို ဆုပ်ကိုင်လိုက်ပြီး ခန္ဓာကိုယ်လေးကို ပွေ့ဖက်ထား လိုက်ကာ 'တောင်းပန်ပါတယ် နောက်တစ်ခါ အခန်းတံခါးမပိတ်တော့ပါဘူးdyo dyo' kaiတောင်းပန်စကားဆိုလိုက်ပြီး dyo dyoရဲ့ လက်ဖဝါးလေးကို ကိုင်ပြီး ဖွဖွလေး ငုံ့နမ်းလိုက်တယ်
dyo dyo kaiရဲ့လက်ကို ကြည့်လိုက်တော့ ပတ်တီးစည်းထားတာကို တွေ့လိုက်တာကြောင့် မနေ့ညက နံရံကိုထိုးလိုက်တဲ့ ဒဏ်ရာ ဖြစ်ရမယ် ဆိုပြီး တွေးလိုက်မိတယ်
dyo:: ' လက်က ဒဏ်ရာက ဘယ်လိုနေသေးလဲ'
kai:: ' ဘာမှမဖြစ်ပါဘူး မနေ့ညက ကိစ္စကိုလည်း တောင်းပန်ပါတယ်နော် ကဲလာ မနက်စာ သွားစားရအောင် '
dyo:: 'hyung ကျွန်တော်တကယ် ဒီနေ့ကျောင်းမသွားရဘူးလား'
kai:: ' မသွားရဘူး အိမ်ထဲကနေကို ဘယ်မှာမသွားရဘူး'
မနက်စာ စားနေတုန်း 'dyo မင်းကို တစ်ခု ဟြေစရာရှိတယ် ' ဆိုပြီး kaiစကားဆိုလာတာကြောင့် dyoစားနေရာကနေ kaiကို ကြည့်လိုက်တယ်
kai:: ' ဒါနဲ့dyo မင်္ဂလာဆောင်ပြီးရင် ဘယ်ကို နိုင်ငံကို ခရီး သွားချင်လဲ'
kai'pov:: *ဟန်နီးမွန်းလို့ မဟြေတာ မင်းမကြိုက်မှာ စိုးလို့ပါ*
dyo:: ' hyung စိတ်တိုင်းကျသာ စီစဉ်ပါ ဒါပေမဲ့dyoကတော့ နိုင်ငံခြားမသွားချင်ဘူး'
kai:: ' ဒါဆို ဘယ်သွားချင်တာလဲ'
dyo:: ' ဂျယ်ဂျူးကျွန်း အဲကိုသွားချင်တယ် တစ်ခါမှမရောက်ဖူးဘူးလို့'
kai:: ' OK. as you like'
*Wedding Day *
dyo အဖြူရောင်အနောက်တိုင်းဝတ်စုံလေး ဝတ်ပြီး ကိုယ်လုံးပေါ်မှန်ရှေ့မှာ ရပ်နေခဲ့တယ် dyoကို အနောက်ကနေ ဆင်တူဝတ်စုံဝတ်ထားတဲ့kai သိုင်းဖက်လိုက်ပြီး dyoပုခုံးပေါ် မေးတင်လိုက်ကာ
kai:: ' သိလားdyo dyo'
dyo:: ' ဘာကိုလဲhyung'
kai:: ' အိမ်မက် မက်နေသလိုပဲ ချာတိတ်လေးကို ကို့အနားမှာ အမြဲခေါ်ထားနိုင်ပြီ ပြီးတော့လေ dyoရဲ့ပိုင်ရှင်က ကိုယ်ဆိုတာကို လူအများရှေ့မှာ ဒီနေ့သက်သေ ပြနိုင်ပြီလေ ကို့အပြင်မှာ ဧည့်သည်တွေ သွားဧည့်ခံလိုက်အုန်းမယ် ပွဲစချိန်ရောက်ရင် လာခေါ်မယ် ဒီမှာစောင့်နေ
dyo dyo'
sehunနဲ့luတို့ကော်ရစ်ဒါမှာ ရပ်နေတဲ့baekရပ်နေတာကို တွေ့တော့
lu:: ' baek ခန်းမထဲမဝင်ဘဲ ဘာလုပ်နေတာလဲ'
sehun:: ' chanyeolရော မပါလာဘူးလား'
baek:: ' yeolလေ သန့်စင်ခန်း သွားချင်လာလို့ဆိုပြီး သွားလို့ စောင့်နေတာ'
sehun:: ' ဒါဆို ခဏစောင့်လိုက်မယ် အတူတူသွားကြမယ်'
baek:: ' kaiက dyoကို တကယ်ချစ်တာ သေချာလို့လား sooနဲ့တူလို့များ . . . . . '
'Baek!!!!!!.' ဆိုပြီး အော်လိုက်သံကြောင့် baekစကားရပ်သွားတယ်
yeol:: ' baek တော်တော့ မင်းဘာတွေလျှောက်ဟြေနေတာလဲ '
baek:: ' ဟိုလေ dyoနဲ့sooက ရုပ်ချင်းဆင်နေတော့ အဲလိုတွေးမိတာပါ '
baekတို့ဟြေနေတာတွေ ကြားပြီး ကော်ရစ်ဒါရဲ့ ထောင့်နံရံအကွယ်မှာ ရပ်နေတဲ့ကောင်လေးတစ်ယောက် ငိုပြီး ပြေးထွက်သွားတာကို ဘယ်သူမှမသိလိုက်သလို
နောက်ထပ်sehunထပ်ဟြေမဲ့စကားကိုသာ အဲကောင်လေးနားထောင်မိခဲ့မယ်ဆိုရင် အခုလိုငိုဖြစ်မယ် မထင်တော့ပါ အခုတော့ ကံကြမ္မာရဲ့ လှည့်စားခြင်းကို ခံလိုက်ရပါတော့တယ်
########################
kaiရဲ့အတွေး dyoရဲ့အတွေး ဒါတွေကို တတ်နိုင်သလောက်တော့ ပုံပေါ်အောင် ရေးထားပါတယ် အခြားAuthorတွေလောက်တော့ အရေးအသားသိပ်တော့ မကောင်းပါဘူးဟီးးး
ဒါပေမဲ့ဖတ်ပေးကြတဲ့chinguတွေ gomarsamithar.