Because I love you so much

2.1K 202 6
                                    

Episode(7)

သတိရလာပြီးနောက်ပိုင်း တစ်ပတ်လောက် ကြာတော့ kaiဆေးရုံဆင်းဖို့ ပြင်ဆင်နေသည်။ အဲအချိန်မှာ အခန်းထဲကို chanyeol,့ ဝင်လာပြီး
yeol:: ' မင်းဒီညနေ ဆေးရုံဆင်းတော့မယ်ဆို '
kai:: ' အင်း ဟုတ်တယ်'
yeol:: ' မင်းဒဏ်ရာက သက်သာခါစပဲရှိသေးတာ ဆေးရုံဆင်းလို့ဖြစ်ပါ့မလား'
Kai:: ' ဘာမှမဖြစ်တော့ပါဘူးကွာ'
yeol:: ' မင်းအဘိုးက ဆေးရုံဆင်းရင် လာခေါ်မှာလား kai:: 'အင်းလေ'
yeol:: ' ငါကိုsehunဟြေတယ် မင်း မင်းအဘိုးနဲ့အတူ USလိုက်သွားတော့မှာဆို ဟုတ်လား'
kai:: ' ဟုတ်တယ် အဘိုးရဲ့လုပ်ငန်းတွေက အဲမှာ အခြေစိုက်ထားကြတာလေ ပြီးတော့ ငါလည်း ဒီမှာမနေချင်တော့ဘူး ဆက်နေ နေရင်appaတို့ကိုပဲ သတိရနေမိမှာစိုးတယ်'
yeol:: ' ကောင်းပါတယ် မင်းအဆင်ပြေသလိုသာ လုပ်ပါ ငါတို့ကိုသာ အဆက်အသွယ်မဖြတ်နဲ့ Ok.'
kai:: ' စိတ်ချ မင်းတို့ကို အမြဲဆက်သွယ်နေမှာပါ ဒါနဲ့sehunရော ဘယ်ရောက်နေတာလဲ'
yeol:: ' အခန်းအပြင်မှာ dyo dyoလေးနဲ့ စကားဟြေနေတယ် '
kai:: 'dyo dyo သူက ငါ့အခန်းရှေ့ဘာလာလုပ်နေတာလဲ'
yeol:: ' အဲဒါတော့ ငါလည်းမသိဘူး kaiမင်းအခုထိ dyo dyoကို မုန်းနေတာလား သူက မင်းထက်တောင် ပိုသနားဖို့ကောင်းတယ်ဟ အခုဆိုရင်သူ့ဦးလေးက---'
chanyeolစကားမဆုံးခင်မှာပဲ
kai:: ' သူကို မမုန်းပါဘူး ဒါပေမဲ့ သူတို့အကြောင်းတွေ ငါကိုလာမဟြေနဲ့ စိတ်ရှုပ်တယ်'
yeol:: ' မမုန်းဘူးလည်းဟြေသေး သူတို့အကြောင်းလည်း အဟြေမခံ ဘာလဲ မင်းက ခွင့်မလွှတ်သေးတာလား'
kai:: ' မသိတော့ဘူးကွာ ဒီအတိုင်းပဲ စိတ်ထဲကနေ မပက်သက်ချင်ဘူး'
yeol:: ' မင်း သူကိုသေချာမမြင်ဖူးသေးလို့ပါ သူနဲ့စကားဟြေကြည့်မလား ငါသွားခေါ်ပေးမယ်'
kai:: ' မခေါ်နဲ့Yeol ထားလိုက် ငါစကားလည်း မဟြေချင်ဘူး တွေ့လည်းမတွေ့ချင်ဘူး'
*သူ့စာအုပ်ဖတ်နေတုန်း အသံလေးပဲ ကြားတာတောင် ရင်ထဲမှာတစ်မျိုးကြီး ခံစားနေရတာ မျက်နှာချင်းဆိုင်ပြီး စကားဟြေရင် ဘာတွေခံစားရမလဲဆိုတာ ငါမသိချင်ဘူး* ဆိုပြီး kaiစိတ်ထဲကနေ ဟြေနေမိတယ် sehun လက်ထဲမှာ ပန်းတစ်စည်းကိုင်လာရင်း အခန်းထဲဝင်လာတယ်
yeol:: 'မင်းကလည်း dyo dyoနဲ့စကားဟြေနေတာ ကြာလှချည်လား'
sehunကိုင်လာတဲ့ ပန်းစည်းကိုkaiကြည့်လိုက်ပြီးမှ
kai:: ' နေကြာပန်းတွေပဲ'
sehun:: ' အင်း ဟုတ်တယ် မင်းသဘောကျလားkai'
kai:: ' အင်းး ပန်းအိုးထဲ ထည့်ထားလိုက်sehun'
sehun ပန်းတွေကို ပန်းအိုးထဲထည့်လိုက်ပြီးမှ
kai:: ' အရင်ကဆို ငါအိပ်ရာမနိုးခင် အခန်းထဲကို ဟိုတစ်ယောက်လာပြီး နေကြာပန်းတွေ ပန်းအိုးမှာလာထားနေကြပါ ဒီနေ့ လာမထားဘူးလေ အဲဒါကြောင့် မနက်တည်းက အခန်းက တစ်ခုခု
လိုနေတယ်ဆိုပြီး တွေးနေတာ နေကြာပန်းရောက်မှပဲ
ပြည့်စုံသွားတယ်'
sehun:: ' ဟိုတစ်ယောက်ဆိုတာ ဘယ်သူလဲ'
yeol:: ' sehun မင်းကလည်း ဒုံးဝေးချက် ဘယ်သူရှိရမှာလဲ dyo dyoလေ အဲကောင်လေးက ထူးဆန်းတယ်သိလား ဘာလို့မင်းအခန်းထဲကို နေကြာပန်းတွေပဲ လာထားတာလဲမသိဘူးနော် မေးကြည့်တော့လည်း မဖြေဘဲ ရီပဲရီပြသွားတယ်'
sehun:: ' အော် ဒီပန်းတွေကလည်း သူပေးလိုက်တာလေ မနက်က ပန်းသွားဝယ်တာ နောက်ကျသွားတာကြောင့် ပြန်လာတော့ မင်းက အိပ်ရာနိုးနေပြီလေ အဲဒါကြောင့် သူဝင်မထားရဲလို့တဲ့လေအခုမှငါနဲ့ထည့်ပေးလိုက်တာ'
kai:: ' အဲပိစိက ဝင်မထားရဲရအောင် ငါက သူကိုကိုက်စားမှာစိုးလို့လား '
yeol:: ' မင်းက မျှော်နေတာပေါ့လေ ဟုတ်လားkai '
kai:: ' အမ် အဲလို မဟုတ် မဟုတ်ပါဘူး ဒီအတိုင်း နေ့တိုင်းရှိနေကြအရာက မရှိတော့လို့ သတိထားမိတာပါ'
sehun:: ' yeolမင်းကလည်း နောက်မနေနဲ့တော့ ဒီကောင်ကြီးမျက်နှာကို ကြည့်ပါအုန်း ခရမ်းချဉ်သီးဖြစ်နေပြီ haha'
'သွား သွားကြကွာ 'ဆိုပြီး kai ခေါင်းအုံးနဲ့ chanyeolနဲ့sehunတို့ကို ပစ်ပေါက်တော့တယ် ဟိုနှစ်ယောက်လည်း 'haha တွေ့လားရှက်နေတာ' ပြုံးစိစိနဲ့ ဟြေကာ ထွက်သွားတယ် chanyeolတို့ထွက်သွားတော့မှ ပန်းအိုးထဲက နေကြာပန်းလေးတွေကို ကြည့်ရင်း 'ငါမင်းကို စိတ်မဆိုး မမုန်းတီးတော့ပါဘူး မင်းတို့မိသားစုလည်း သူများဒုက္ခပေးတာ ခံရတာပဲလေ ဒါနဲ့ မင်းဘာလို့ ငါကို နေကြာပန်းပဲပေးရတာလဲ မင်းအကြိုက်ဆုံးပန်း ဖြစ်နေလို့လား ဒါမှမဟုတ် အခြားအဓိပ္ပါယ်တွေများ ရှိသေးလား အားးရှီးးး kai ဘာအဓိပ္ပါယ်ရှိရှိ မင်းနဲ့မှ မဆိုင်တာ' ဆိုပြီး တွေးနေမိတယ်
ညနေ kaiဆေးရုံကဆင်းတော့
yeol:: 'kai မင်းdyo dyoကို မနှုတ်ဆက်တော့ဘူးလား မင်းဆေးရုံမှာနေတုန်း တစ်လျှောက် မင်းအတွက်ပန်းအိုးမှာ ပန်းလာထိုးပေးနေတာပဲလေ'
kai:: ' သူတောင် လာမနှုတ်ဆက်တာ ငါက ဘာလို့သွားတွေ့ရမှာလဲ'
sehun:: ' သူက မင်းကိုကြောက်နေတာလေကွာ အားလည်းအားနာနေတာဆိုတော့ သူမင်းကို ထွက်တွေ့ဖို့ဝန်လေးနေမှာလေ'
kai:: ' ငါသွားမတွေ့တော့ပါဘူး တော်ကြာ သူအနေရခက်နေလိမ့်မယ် ငါသွားတော့မယ် ငါUSသွားရင် လေဆိပ်လာပို့ကြရမယ် '
yeol,sehun:: ' အင်းပါကွာ'
kai သူ့အဖိုး သူကိုလာကြိုဖို့လွှတ်လိုက်တဲ့ ကားပေါ်တက်သွားတယ် ကားက တဖြည်းဖြည်းနဲ့ ဆေးရုံဝင်းထဲကနေ ထွက်သွားတာကို ဆေးရုံဝင်းထဲမှာရှိတဲ့ သစ်ပင်တစ်ခုရဲ့အကွယ်မှာ ရပ်နေတဲ့dyo dyoဆိုတဲ့ကောင်လေးက 'ကောင်းကောင်းသွားပါhyung ' ဆိုပြီး လက်ပြနှုတ်ဆက်နေတယ်
kai သူ့အဖိုးကားပေါ်မှာ လိုက်ပါလာရင်း 'ကျွန်တော်အိမ်မပြန်ချင်သေးဘူး appaနဲ့sooတို့ရှိရာ အုတ်ဂူဆီလိုက်ပို့ပေးပါလား' Driverနဲ့အတူ ကားရှေ့ခန်းမှာ Min Arjushiကို kaiလှမ်းဟြေလိုက်တယ်
Min Arjushi:: ' ကောင်းပါပြီသခင်လေး'
Min Arjushiဆိုတာက အဖိုးရဲ့လူယုံတော် အိမ်တော်ထိန်းပါ အခုလည်း အဖိုးမအားတာကြောင့် အဖိုးအစား ကျွန်တော်ကို လာကြိုတာပါ appaတို့အုတ်ဂူရှိရာကို ရောက်တော့ အုတ်ဂူသုံးခုကို တွေ့လိုက်တယ် kaiလည်း အဲအုတ်ဂူတွေရှေ့မှာ ထိုင်ချလိုက်ပြီး
kai:: 'appa,ommaနဲ့sooတို့ သုံးယောက်အတူတူ ရှိနေတော့ ပျော်နေကြတယ်ပေါ့လေ ကျွန်တော်ကိုကျတော့ တစ်ယောက်တည်း ထားခဲ့ကြတယ် ဒါပေမဲ့appaတို့ ကျွန်တော်အတွက် စိတ်မပူပါနဲ့ ကျွန်တော်အောင်မြင်တဲ့လူတစ်ယောက် ဖြစ်အောင် ကြိုးစားပါမယ် ကျွန်တော်အခု အဖိုးနဲ့လိုက်သွားတော့မယ် appa,omma,sooတို့ကို နောက်ကျရင် ကျွန်တော်လာမတွေ့နိုင်လောက်တော့ ဘူး အဲဒါကြောင့် အခုကျွန်တော်လာနှုတ်ဆက်တာပါ ပြီးတော့ ဒီနေ့တစ်ရက်ပဲ ကျွန်တော်ငိုပါစေ' ဆိုပြီး အုတ်ဂူလေးတွေကိုကိုင်ရင်း kaiငိုနေတော့တယ်
kaiငိုနေတာ တော်တော်ကြာတော့ Min Arjushi ရောက်လာပြီး 'သခင်လေး မိုးချုပ်တော့မယ် ပြန်ကြရအောင်' ဟြေကာ ကားဆီထွက်သွားတယ် kaiလည်း မျက်ရည်တွေ သုတ်လိုက်ပြီး 'appa.omma.soo ကျွန်တော်သွားပြီ' ဆိုကာ နှုတ်ဆက်ပြီး ထွက်သွားတယ် အုတ်ဂူနားမှာ ရှိနေတဲ့ appa.omma.sooတို့ ဝိညာဉ်တွေကလည်း kaiကို လက်ပြပြီးနှုတ်ဆက်နေတယ်
kai USသွားမဲ့နေ့မှာ လေဆိပ်ကို chanyeol,sehun,baek,luတို့နဲ့အတူ dyo dyoလည်း ပါလာတယ် chanyeolနဲ့sehunက kaiကိုနှုတ်ဆက်ဖို့အတွက် dyo dyoကို အတင်းခေါ်လာတာဖြစ်တယ် dyo dyoကလည်း kaiကိုပေးဖို့အတွက် နေကြာပန်းလေးတွေ ယူလာခဲ့တယ်
yeol:: ' kai ဒီကောင်အခုထိ မလာသေးဘူး. ဘယ်ရောက်နေလဲမသိဘူး'
baek:: ' oppaကလည်း ကားလမ်းတွေပိတ်နေလို့ နေမှာပါ '
lu:: ' အင်း ဟုတ်တယ်'
dyo:: ' chanyeol hyung ကျွန်တော် သန့်စင်ခန်းသွားချင်လာလို့ သွားလိုက်အုန်းမယ်နော်'
sehun:: ' ခဏနေ kaiရောက်တော့မှာ သူလာမှ နှုတ်ဆက်ပြီးမှ သွားလေ'
dyo:: ' ကျွန်တော် ကျွန်တော်မရတော့လို့ပါ နေကြာပန်းလေးတွေ ယူထားပေးပါနော်' ဆိုပြီး sehunလက်ထဲ အတင်းထိုးထည့်ပေးပြီး ပြေးထွက်လာခဲ့တယ် အမှန်တော့ dyo dyo kaiကို မနှုတ်ဆက်ရဲလို့ပါ အဲဒါကြောင့် kaiမရောက်ခင် ရှောင်ထွက်လာခဲ့တာပါ
dyoထွက်သွားပြီး ခဏကြာတော့ kaiရောက်လာတယ်
kai:: ' စောင့်နေတာ ကြာသွားလား ကားလမ်းတွေ ပိတ်နေလို့ပါ '
yeol:: ' ရပါတယ် ဒါနဲ့မင်းအဖိုးရော '
kai:: ' ပါတယ် လေယာဉ်ပေါ်အရင် သွားနှင့်ပြီ ' ဟြေနေတုန်း kai sehunလက်ထဲမှာကိုင်ထားတဲ့ နေကြာပန်းတွေကို မြင်သွားတယ်
kai:: ' dyo dyoပေးလိုက်တာလား'
sehun:: ' dyo dyoယူလာတာ မင်းကိုပေးဖို့ဆိုပြီး'
'dyo dyoယူလာတာတဲ့ ဒါဆို ဒီကောင်လေး ဒီကိုလိုက်လာတာလား အမှန်တော့ မသွားခင် သူ့မျက်နှာကိုမြင်ဖူးချင်နေတာ အရင်တစ်ခါ သူ့အခန်းဆီသွားတုန်းက နောက်ကျောပေးပြီး စာဖတ်နေတာကြောင့် မျက်နှာမမြင်လိုက်ရဘူးလေ' ဆိုပြီး kaiတွေးကာ လေဆိပ်ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး dyoကို လိုက်ရှာနေမိတယ်
kai:: ' လိုက်လာတယ်ဆို အခုသူကဘယ်မှာလဲ '
yeol:: ' သန့်စင်ခန်းခဏသွားမယ်ဆိုပြီး ထွက်သွားတယ်'
'ဟုတ်လား ဒါဆိုငါ လိုက်သွားလိုက်မယ်' ဆိုပြီး သွားမလို့လုပ်နေတုန်း ကြေငြာသံတစ်ခု ထွက်လာတယ် 'မကြာခင် USသွားမဲ့လေယာဉ်ထွက်ခွာတော့ပါမယ် ခရီးသည်များ လေယာဉ်အတွင်း နေရာယူကြပါရှင်' ဆိုတဲ့အသံကြောင့် kaiခြေလှမ်းတွေရပ်တန့်သွားတယ် (လေယာဉ်တစ်ခါမှ မစီးဖူးသေးတော့ အဲလိုဟြေလား မဟြေလားတော့မသိဘူး Ficအရ လိုအပ်လို့ထည့်ရေးလိုက်ပြီ)
'ငါလေယာဉ်ပေါ်တက်တော့မယ် ငါဟိုရောက်ရင် မင်းတို့ကို ဖုန်းဆက်လိုက်မယ် dyo သူပြန်လာရင် နှုတ်ဆက်တယ်လို့ဟြေလိုက်ပါ ' ဆိုပြီး kai နေကြာပန်းလေးတွေယူသွားပြီး ထွက်သွားတယ်
လေဆိပ်ရဲ့အကွယ်တစ်နေရာကနေ kaiကို ချောင်းကြည့်နေတဲ့dyo dyo 'hyungကတော့ ဘယ်တော့မဆို ကြည့်ကောင်းနေတာပဲ ကျွန်တော် နောက်ဆယ်နှစ်ကြရင် hyungအရွယ်ရောက်ပြီ အဲအချိန်ကျရင် hyungလိုပဲကြည့်ကောင်းမှာလား hyung bye bye. ကောင်းကောင်းသွားပါ' ဆိုပြီး ဟြေနေတယ်
kaiထွက်သွားတော့မှ dyo sehunတို့ဆီ ထွက်လာခဲ့တယ်
yeol:: ' စောနလေးတင်ပဲ kaiထွက်သွားပြီ'
dyo:: ' ကျွန်တော်လှမ်းမြင်လိုက်ပါတယ် '
sehun:: ' မင်းနှုတ်ဆက်တယ်လို့ဟြေသွားတယ်'
'hyungက ကျွန်တော်ကို နှုတ်ဆက်စကား ဟြေသွားတယ်တဲ့ အရမ်းဝမ်းသာမိတယ်' ဆိုပြီး dyo dyoတွေးနေမိတယ်

လေဆိပ်ကနေ dyo dyoတို့ပြန်ထွက်လာပြီး ကားမောင်းပြီးပြန်လာတုန်း လေယာဉ်တစ်စီးပျံတက်သွားတော့ 'hyung တာ့တာ့ ' ဆိုပြီး ကားပြတင်းပေါက်ကနေ လက်ထုတ်ကာ dyo dyo လက်ပြနှုတ်ဆက်နေတယ်
############################
author အကျင့်ပုတ်ပြီး ဒီအပိုင်းမှာ kaiနဲ့Dyo dyoကို မတွေ့ခိုင်းသေးဘဲ လွဲအောင်လုပ်ထားတယ်
စိတ်မဆိုးကြနဲ့နော် နောက်အပိုင်းကစပြီး သူတို့နှစ်ယောက် တွေ့ဆုံပါပြီ :) :) :) :)

Because I love you so muchWhere stories live. Discover now