I'm Ok (Shot)

By YeolliesSakura

13.5K 1.1K 76

CHANBAEK More

I OK(CB yaoi)Ep~1
I OK(CB yaoi)Ep~2

I OK(CB yaoi)Final

4.2K 440 43
By YeolliesSakura

"Baek ပြန်​​တော့ကွာ..."

"မပြန်​ဘူး..."

Baek pov-

ကျ​တော့်​ကို သူ့​ဆေးရုံအခန်းထဲကအတင်း​နှင်​လွှတ်​​နေတယ်​...

ဘာလို့လဲ...

ကျ​တော်​နားမလည်​ဘူး...

လူတိုင်းကိုယ်​ချစ်​သူ့​ဘေးနားမှာရှိ​နေရင်
ခံစား​နေရတဲ့​ဝေဒနာတစ်​ဝက်​​လျော့တယ်​လို့ကြား
ဖူးတယ်​...

Chan yeol အတွက်​ကျ​တော်​ကအဲ့လိုမဟုတ်​ဘူးလား...

ကျ​တော်​သူ့ဘေးနားမှာရှိ​နေတာက သူ့ကိုပိုပြီး
အ​နေရခက်​​စေပြီး စိတ်​ကျဉ်းကျပ်​​စေ​နေတာလား..

ဘာပဲဖြစ်​ဖြစ်​ ကျ​တော်​က​တော့သူ့အနားက​နေ
တစ်​ဖဝါးမှာခွာမည်​မဟုတ်​...

"အ...အား....အ..."

"Yeol..ဘာဖြစ်​လို့လဲ...chan yeol ah..ခဏ..
ငါဆရာဝန်​​ခေါ်လိုက်​မယ်​..."

"ဟင်း...baek မင်း...ထွက်​သွားပါ....ထွက်​သွား..
အား...အ..."

Chan yeol
အောက်​​နှုတ်​ခမ်းပါးကိုအ​ပေါ်သွားနှင့်​ကိုက်​ထားကာ အံ့ကြိတ်​​နေရင်း ​ပြောတဲ့စကားက..

Baek hyun ကိုထွက်​သွားရန်​....

ခင်းထား​သော အဖြူ​ရောင်​အိပ်​ယာခင်းတို့က
Chan yeol ၏ လက်​နှစ်​ဖက်​ ဆုတ်​ကိုင်​​ချေမှုတို့​ကြောင့်​​ကြေမွ​နေ​လေပြီ....

အောက်​နှုတ်​ခမ်း မှာလည်းဖိကိုက်​ထားမှု​ကြောင့်
သွေးစို့​နေ​လေပြီ...

Chan yeol ဘယ်​​လောက်​နာကျင်​​နေရလဲဆိုတာ

Baek hyun ခံစားသိရှိ​လေသည်​...

Baek hyun မျက်​ဝန်းမှမျက်​ရည်​များဝဲတက်​လာ​သော​ကြောင့်​မြင်ကွင်းတို့က​​ဝါး​နေသည်​...

Baek hyun ပါးစပ်​တို့ကိုလက်​ဖြင့်​အုပ်​ကာ
ငိုသံမထွက်​ကြိတ်​ငို​နေမိသည်​...

"Byun baek hyun မင်းငါ​ပြောတာမကြား ဘူးလား... မင်းကိုထွက်​သွားလို့​ပြော​နေတယ်​!!"

Chan yeol ၏ အက်​ကွဲကွဲအသံ​ကြောင့်
Baek hyun ​တစ်​ချက်​တုန်​တက်​သွားကာ
အလျင်​မြန်​ဆုံး​ခြေလှမ်းများဖြင့်​ ​အခန်းအပြင်​ကို​ပြေးထွက်​လာမိသည်​...

Chan yeol ဘာ​ကြောင့်​သူ့ကို​ဘေးနားတွင်​မ​နေ​စေချင်​​သောအ​ကြောင်းအရင်းကိုသိလာသ​ယောင်

အခန်းအပြင်​ဖက်​ မှတစ်​ဆင့်​ Chan yeol နာကျင်​ခံစား​နေရသည်​ကိုမမြင်​ရ​ပေ...

သို့​သော်​...

"အား....အ...​သေလိုက်​ပါ​တော့...အ​သေသတ်​လိုက်​ပါ​တော့..."

Chan yeol ရဲ့​ဝေဒနာခံစား​နေရမှု​ကြောင့်​ထွက်​​ပေါ်လာ​သောညည်းသံများက

Baek Hyun ၏ နားထဲသံ​ရေပူများ​လောင်းချ​နေသကဲ့သို့...

Baek pov-

ကျ​တော်​မြင်​ခဲ့ရ​သော Chan yeol ရဲ့ပုံစံက
ကျ​တော့်​နှလုံးသားကို high heel ဖြင့်​နင်း​ချေ​နေသလို​....

Chan yeol ရဲ့​ဝေဒနာ​တွေက ကျ​တော့်​ရင်​ဖက်​ကိုကူးစက်​လာကာ...

ကျ​တော့်​ရင်​ထဲဆို့နင့်​လာ​လေသည်​...

အပြစ်​မရှိတဲ့လူ​ကောင်းတစ်​​ယောက်​ကို
ဘယ်​အညှိုး​ကြောင့်​ရက်​ရက်​စက်​စက်​နှိပ်​စက်
ရက်​တာလဲ...??

ကျ​တော့်​ချစ်​သူ Chan yeol ကဘာအမှား​တွေကျူးလွန်​ခဲ့လို့လဲ...??

ဝေဒနာအကုန်​လုံးကို ကျ​တော့်​ကိုသာလွဲ​ပေးလိုက်​ပါ...

ဝဍ်​​ကြွေးဆိုရင်​လည်း
ထိုဝဍ်​​ကြွေးကိုကျ​တော်​ကိုယ်​စားဆပ်​ပါ့မယ်​...

_________________________

After 3 months..,

"Baek hyun ah...salli chukahae..."

"Aww..gomorwor..Jong Dae ah.."

Baek pov-

ဒီ​နေ့ကျ​တော့်​​မွေး​နေ့....

Chan yeol နှင့်​​ဆေးရုံထဲမှာပဲအချိန်​ကုန်​​နေမိတဲ့

ကျ​တော့်​အတွက်​Jong Dae နဲ့ min seok တို့က ​ဆေးရုံထိလိုက်​လာပြ်ီး ​မွေး​နေ့လုပ်​​ပေးတယ်​...

ကျ​တော့်​ကိုယ်​မှာလည်း ကျ​တော်​မုန်းလွန်းတယ်​ဆိုတဲ့​ဆေးရုံအနံ့ကစွဲမြဲ​နေပြီ...

ဒါ​ပေမယ့်​ ကိစ္စမရှိ​ပေ...

Chan Yeol အတွက်​ပဲမဟုတ်​လား??

လောကကြီးထဲ လူဖြစ်​ကတည်းကကိုယ့်​​မွေး​နေ့
မှာ...

ဟိုးက​လေးဘဝတုန်းကမိဘ​တွေ့နဲ့​ပျော်​ရွှင်​စွာ
ဖြတ်သန်း​​ရတယ်​...

နည်းနည်းအရွယ်​​ရောက်​လာ​တော့ မိဘ​တွေ အပါအဝင်​သူငယ်​ချင်းတွေနဲ့​ပျော်​ရွှင်​စွာ ဖြတ်သန်း​​​ရတယ်​...

လွန်​ခဲ့တဲ့သုံးနှစ်​က​ ကျ​တော့်​ဘဝထဲကို Park Chan Yeol ဆိုတဲ့ကျ​တော့်ချစ်သူဝင်​​ရောက်​လာကာ ကျ​တော်​ကို​ပျော်​ရွှင်​စရာအမှတ်​တရ​တွေ
ဖန်​တီး​ပေးခဲ့တယ်​....

ဒီ​နေ့​မွေး​နေ့....

Chan yeol ကျ​တော့်​​ဘေးမှာရှိ​နေဆဲ...

အ​ခြေအ​နေ​တွေမတူ​တော့​ပေမယ့်​....

ခုတင်​ထပ်​တွင်​ ခုတင်​​ခေါင်းရင်းကိုမှိီကာ...

ပျော့​တော့စွာပြုံးပြ​နေ​သော ကျ​တော့်​ချစ်​သူ...

သူ့နှုတ်​ခမ်းထပ်​ကအပြုံးကိုပန်​ဆင်​ထား​သော်​ငြား
ဝမ်းနည်းအားငယ်​​နေ​သောမျက်​ဝန်း​တွေ​ကြောင့်
ကျ​တော်​ရင်​ထဲ အစိုင်​အခဲတစ်​ခုဆို့​နေသလို
နာကျင်​ခံစားရသည်​...

ကျ​တော်​သူ့ကိုအားယူကာပြန်​ပြုံးပြလိုက်​သည်​...

ရင်​ထဲတွင်​ငို​နေ​သော်​ငြား...

ရင်​ထဲတွင်​ မွန်းကျပ်​​နေ​သော်​ငြား..

ရင်​ထဲတွင်​ကမ္ဘာပျက်​​နေသလိုငြား...

ကျ​တော့်​ချစ်​သူကကျ​တော်​အတွက်​အားတင်း ပြုံးပြ​နေတယ်​မလား..

နာကျင်​မှု​တွေကိုခဝါချကာ

အပြုံးတစ်​စင်းကိုဖန်​ဆင်းရခြင်းသာ...

ကျ​တော်​ အဆင်​​ပြေတယ်

ကျ​တော်​ချစ်​သူအတွက်​ဘယ်​အရာမဆိုကျ​တော်
ပေးဆပ်​မည်​...

သေ​လောက်​​အောင်​နာကျင်​​သော်​လည်း....

__________________________

Yeol pov-

ကျ​တော့်​အတွက်​ရှင်သန်မှု​​ဆိုတာ baek ​ပေးတဲ့
အသက်​​​ပဲရှိ​တော့သည်​...

အတင်းလုပ်ယူ​​ဆွဲ​ဆန့်​​ထားသလို...

အသက်​ရှင်​ချင်​​သောစိတ်​ကကိုယ့်​ချစ်​သူ​ဘေးတွင်​ ရှိ​သည့်​အ​ခြေအ​နေ​ကြောင့်​သာ...

သို့​သော်​...
ကျ​တော်​ခန္ဓာကိုယ်​က ကျ​တော်​စိတ်​ကိုမလိုက်​နိုင်​​​တော့...

အ​နောက်​တွင်​ တရွတ်​တိုက်​ကျန်​ခဲ့ပြီ...

သွေးကင်​ဆာ အဆင့်​ သုံး......

သုံးလကြီးများ​တောင်​ဆွဲဆန့်​နိုင်​ခဲ့တာ...
ကျ​တော့်​ချစ်​သူ baek Hyun ကိုစိတ်​မချကာ
ထားမခဲ့နိုင်​​သောစိတ်​​ကြောင့်​...

ကျ​တော့်​ချစ်​သူ​ဘေးတွင်​...

တစ်​မိနစ်​...

တစ်​စက္ကန့်​...

တစ်​စက္ကန့်​ရဲ့တစ်​စိတ်​ဖြစ်​ဖြစ်​ပိုပြီး​နေချင်​​သော
ကျ​တော့်​စိတ်​​ကြောင့်​...

ကင်​ဆာကုထုံး​တွေ​ကြောင့်​ကျ​တော်​ခန္ဓာကိုယ်​က​ဆုတ်​ယုတ်​ပျက်​စီး​နေပြီ...

ဆံပင်​​တွေလည်းကျွတ်​ကာခေါင်းတုံးတုံးလိုက်​ရသည့်​အတွက်​​ခေါင်းစွပ်​အမြဲတမ်းစွတ်​ထားရတယ်

မျက်​နှာကလည်း​သွေး​ရောင်​မရှိ​တော့....

မျက်​ကွင်း​တွေကလည်းညို...

အရင်​ကပြည့်​တင်း​နေ​သောကျ​တော်​ကခန္ဓာကိုယ်​က ပိန်​လှီးကာစိတ်​ပျက်​စရာ...

ကျ​တော့်​ကိုအရင်​ကသူချီးကျူးဖူးတဲ့
လှပလွန်းပြီးနှစ်​လိုဖွယ်​​ကောင်းတယ်​ဆိုတဲ့အပြုံး​တွေလည်း ကျ​တော်​မဖန်​ဆင်းနိုင်​​တော့...

ကျ​တော့်​ကိုယ်​ကျ​တော်​စိတ်​ပျက်​စရာ သတ္တဝါတစ်​​ကောင်​လိုသာမြင်​မိ​တော့သည်​အတွက်​ မှန်​ပင်​မကြည့်​​တော့...

"Baek ah.."

Chan yeol ရဲ့ခပ်​တိုးတိုး​ခေါ်သံ​ကြောင့်

"ခဏ​လေး​နော်​ yeol..ဆန်​ပြုတ်​ကပူ​သေးတယ်​ baek ​​အေး​အောင်​လုပ်​​ပေး​နေတယ်​.."

"Arni..ကိုယ့်​နားကိုလာအုံး.."

ခုတင်​ထပ်​မှ လက်​ယက်​​ခေါ်​နေ​သော Chan yeol​ကြောင့်​ baek hyun ဆန်​ပြုတ်​ပန်းကန်​​လေးကို​ဘေးတွင်​ချကာ Chan yeol ခုတင်​​ဘေးတွင်​လာထိုင်​သည်​...

"ကိုယ်​က​လေး​လေး...ကိုယ့်​ရင်​ခွင်​ထဲလာပါအုံး"

ချစ်​သူရဲ့အမိန့်​​ကြောင့်​Baek hyun သူ့​ခေါင်း​လေးကို Chan yeol ရင်​ခွင်​ထဲအတင်းတိုးဝင်​ကာChan yeol ရဲ့ခါး​ကို လွတ်​ထွက်​​တော့မည့်​အလားတင်း​နေ​အောင်​ဖက်​ထားသည်​...

Chan yeol က​ baek hyun ရဲ့နဖူး​လေးကို
သူ့နှုတ်​ခမ်းနဲ့ထိထားကာ နူးညံ့​​သောအနမ်းတစ်​ပွင့်​ကို အခမ်းအနားဆုံး​ပေး​လေသည်​..

"Baek "

"ဟင်​"

"Baek အတွက်​ birthday present ​နော်​အဲ့တာ..ကြိုက်​ရဲ့လား"

"အင်းကြိုက်​တယ်​..အရမ်းကြိုက်​တယ်​"

"ကိုယ့်​ကိုစိတ်​ပျက်​လား.."

"ဟင့်​အင်း.."

"ကိုယ့်​က baek အတွက်​ချစ်​သူ​ကောင်းတစ်​​ယောက်​မဟုတ်​ခဲ့ဘူး​လေ..ပြ်ီး​တော့အခုကိုယ့်​ပုံက.."

Baek ရဲ့နှုတ်​ပိတ်​လိုက်​မှု​ကြောင့်​Chan yeol စကားများရပ်​တန့်​သွား​လေသည်​...

Yeol pov-

မက်​​မောဖွယ်​ တစ်​စက်​မှမရှိတော့​သော
အစိုဓာတ်​​ခြောက်​ခမ်း​နေ​သော

ကျ​တော့်​ရဲ့နှုတ်​ခမ်း​တွေကို

တပ်​မက်​စွာနမ်းရှိုက်​​နေ​သော

ကျ​တော့်​ချစ်​သူ​​လေး ​ဘေးနားက​နေဘယ်​ကိုမှမထွက်​သွားချင်​တာကျ​တော့်​အပြစ်​လား??

ကျ​တော့်​ရဲ့စိတ်​ပျက်​စရာပုံစံကို တစ်​ချက်​မငြိုငြင်
အချစ်​မ​လျော့ပဲ ဂရုစိုက်​​ကြင်​နာတတ်​​သော

ကျ​တော့်​ချစ်​သူ​လေးကိုထားပြီးထွက်​မသွားချင်​တာ ကျ​တော့်​အပြစ်​လား??

ဝေးရမယ်​ဆိုတဲ့ပြစ်​ဒဏ်​ကလွဲပီးကျန်​​သောအပြစ်​ဒဏ်​ကိုသာ​ပေးပါ...

အဆင်​​ပြေပါတယ်

ကျ​တော်​​ကျေနပ်​နပ်​ခံယူပါ့မယ်​...

"Yeol ကိုဘယ်​လိုပုံစံ ဘယ်​လိုအ​ခြေအ​နေပဲဖြစ်​ဖြစ်​ ချစ်​​နေမှာပါ..စိတ်​မပူနဲ့​နော်​.."

Baek hyun Eye smile ​လေးနှင့်​သွားညီညီ​လေးများ​ပေါ်​အောင်​ရယ်​ကာ​ပြော​သည်​...

"Baek..ကိုယ်​မရှိ​တော့ရင်​လည်းအဲ့လိုအမြဲပြုံး​ပေးရမယ်​​နော်​..."

"အဲ့လိုမ​ပြောပါနဲ့...yeol ရယ်​..baek နဲ့ဟိုး...
အကြာကြီးထိတူတူ​နေကြမယ်​​နော်​..အခုဘယ်​လိုပင်​ပန်းပင်​ပန်းအားတင်းထားရမယ်​​နော်​.."

Yeol ဘာမှပြန်​မ​ဖြေ...baek မျက်​ဝန်း​တွေကိုသာစိုက်​ကြည့်​​နေသည်​...

"Yeol ​နော်​လို့...​နော်​...baek ကိုချစ်​ရင်​​ကျေးဇူးပြုပြီး..."

Baek hyun မျက်​ဝန်း​မှ မျက်​ရည်​စ​လေးများ ထွက်​​နေ​လေပြီ...

"အင်း..အင်း.."

"တဂယ်​​နော်​...promise..."

Baek hyunလက်​သန်း​လေးကို​​ထောင်​ပြ​တော့Chan yeolက...

"က​လေးဆန်​လိုက်​တာ...ဒီတိုင်းပါးစပ်​က​ပြောမယ်​Promise..."

Baek pov-

အဲ့ကတိကိုတည်​ပါ​စေ Yeol...

တဂယ်​လို့​ဖောက်​ဖျက်​ခဲ့ရင်​....

Yeol ကိုbaek မုန်းပစ်​မှာ...

"Yeol...ငြိမ်​ငြိမ်​​နေ..."

Chan yeol နှာ​ခါင်း​သွေး​တွေထွက်​လာတာကို
သူ့လက်​​လေးနဲ့ညင်​သာစွာသုတ်​​ပေးသည်​..

"ဟာ..baek ကလည်း ညစ်​ပတ်​တယ်​​လေကွာ..
သွား​ရေသွား​ဆေး.."

"အင်း..ခဏ​နော်​.."

Baek ​သန့်​စင်​ခန်းထဲ​ရောက်​​တော့ ​ရေကိုဖွင့်​ချလိုက်​သည်

သူ့လက်​​ပေါ်က yeol ရဲ့​သွေးစက်​​တွေကိုကြည့်​ကာ

"ဟင့်​...ဟင့်​...Wae...wae..ငါတို့နှစ်​​ယောက်​မှာမှ
....wae...မတရားဘူး...အား..."

Baek hyun စိတ်​ထဲတွင်​မွန်းကျပ်​​နေ၍အားရပါးရငိုပလိုက်​သည်​...

မျက်​နှာသစ်​ကာအသက်​ကိုဝဝရှူလိုက်​ပြီး

Chan yeol ​ရှေ့သို့ဘာမှမဖြစ်​သလို သန့်စင်ခန်းထဲမှပြန်​ထွက်​လာခဲ့သည်​...

"Baek ah....ကိုယ်​တို့ဒီ​နေ့ အပြင်​သွားရ​အောင်​.."

"ဘယ်​ကိုလဲ..yeol ရယ်​ ပင်​ပန်းပါတယ်​..
အေး​အေး​ဆေး​ဆေးနားနား​နေ​နေ ​နေပါ.."

"ဒီ​နေ့တစ်​ရက်​တည်းပါ...​နော်​..baek hyun ah..
Jelpa.."

"ဘယ်​ကိုသွားမှာလဲ.."

"Yoora noona ကားနဲ့လိုက်​ပို့​ပေးလိမ့်​မယ်​.."

"ပြီး​ရော...ပြီး​ရော.."

Yeol pov-

ကျ​တော့်​ချစ်​သူ​လေးရဲ့​မွေး​နေ့​လေးကို ဒီအတိုင်း
သာမန်​ကာလျှံကာ အဆုံးမသတ်​သွား​စေချင်​...

မွေး​နေ့ဆိုတာတစ်​နှစ်​မှတစ်​ခါကြုံရတဲ့​နေ့ထူး
နေ့​မြတ်​​လေး...

ကျ​တော့်​ချစ်​သူ​လေးမွေး​နေ့ကိုသူများ​တွေလို
ကြီးကြီးကျယ်​ကျယ်​မလုပ်​​ပေးနိုင်​ရင်​​တောင်​...

အမှတ်​တရ​လေး​တော့ဖြစ်​​စေချင်​မိတယ်​..

ဒီ​မွေး​နေ့​လေးကသူနဲ့ကျ​တော့်​ရဲ့​နောက်​ဆုံးအမှတ်​တရလည်းဖြစ်​သွားနိုင်​တယ်​​လေ...

ကျ​တော်​နဲ့အတူ​ဆင်​နွှဲနိုင်​မယ့်​​နောက်​ဆုံး​မွေး​နေ့ပွဲ​လေးလည်းဖြစ်​သွားနိုင်​တယ်​...

နောက်​တစ်​နှစ်​ဆို​သော အချိန်​တံတိုင်းကြီးကို
ကျော်​ဖြတ်​နိုင်​ဖို့ဆိုတာ ကျ​တော့်​အတွက်
လေထုထဲမှာ ရှိတဲ့ဖုန်​ မှုန့်​​လေးများကိုလက်​နဲ့
ဖမ်း ရသလို...

မနက်​ဖြန်​​တောင်​မ​သေချာတဲ့​ကျ​တော့်​အတွက်
အနာဂတ်​ဆိုတာမ​သေချာမ​ရေရာ...

ကျ​တော်​ ပစ္စုန်​ပ္ပန်​ အချိန်​​တွေကိုသာ မြတ်​နိုး
တန်​ဖိုးထားတယ်​...

ထားပါ.....
စိတ်​ညစ်​စရာ​တွေ.....

အခုကျ​တော့်​က​လေး​လေးကို​ပျော်​​အောင်
Memories ​လေး​တွေ ဖန်​တီး​ပေးရမယ်​...

ရှူး...တိုး..တိုး...
သူမ​သိသွား​စေနဲ့​နော်​...secret...

__________________________

"Happy birthday to you...happy birthday
Wuri baek hyun ...Happy birthday to you.."

"Yay....chuchahae...မီးမှုတ်​​လေ..baek hyun.."

ငြူတူတူကြီးရပ်​​နေ​သော baek hyun Jong dae ​ပြောလိုက်​မှ သတိပြန်​ဝင်​​လေသည်​..

"​အော်​...ဟူးး..."

Baek pov-

ကျ​တော်​မတ်​တပ်​ရပ်​ပြီး​မေ့​နေခဲ့တယ်​..

ကျ​တော့်​​မွေး​နေ့အတွက်​ပြင်​ဆင်​​ပေးထား တာတဲ့လား....

ကျ​တော်​ဖြတ်​သန်းလာခဲ့ရတဲ့​မွေး​နေ့တစ်​​လျှောက်​ဒီေ​န့ ကျ​တော်​​မွေး​နေ့​လေးက ကျ​တော်​ဘယ်​​တော့မှ ​မေ့ရမည်​မဟုတ်​တဲ့ ​နေ့​လေးပါ...

Chan yeol ကစီစဉ်​​ပေးထားတာတဲ့....

Han river ​ဘေးနားမှာ...

ရောင်​စုံမီး​လေး​တွေ...ပူ​ဖောင်း​​ရောင်​စုံ​လေး​တွေ..

Han river မှတိုက်​ခတ်​လာတဲ့​လေညှင်း​လေး​တွေ..

သြော်​ပြီး​တော့ ​မေ့​တော့မလို့ ကျ​တော်​အားကျ​တဲ့ကြယ်​​လေး​တွေမိုး​ကောင်းကင်​​ပေါ်မှာ

ကျ​တော်​ချစ်​ရတဲ့သူငယ်​ချင်း​တွေ နဲ့သူ...

ကျ​တော့်​အတွက်​ပြည့်​စုံပါပြီ...

အချိန်​​တွေ ဒီနားမှာရပ်​ထားလိုက်​ချင်​တယ်​...

ဒီအချိန်​​လေး​တွေ ကျ​တော်​အမြဲထာဝရပိုင်​ဆိုင်​ချင်​မိတယ်​...

ကျ​တော်​ချစ်​တဲ့သူ့ကိုလက်​မလွှတ်​ချင်​ဘူး....

_________________________

ကိတ်​ခွဲကာ Jong dae တို့ min seok တို့က
စားလိုက်​​သောက်​လိုက်​နဲ့​​ပျော်​ပါး​နေကြသည်​...

ထို့အတူ...

Chan yeol...

Chan yeol စိတ်လွတ်​လက်​လွတ်​ရယ်​​မော​နေသည်​...

နာကျင်​မှုများကင်းရှင်း၍ စိတ်​ဆင်းရဲမှု​တွေ
ပျောက်​ကင်း​နေသည်​အလား...

Yoora က​တော့ ကင်​မရာတစ်​လုံးနှင့်​မှတ်​တမ်း တင်​​နေသည်​...

Baek hyun Chan yeol ရဲ့ရယ်​​မော​၍ဖြူစင်​လွန်း​သောမျက်​နှာ​လေးကို​မေး​ထောက်​ကာကြည့်​​နေမိသည်​ ...

"Baek ah..ကိုယ်​ဟိုကိုသွားချင်​တယ်​...."

Chan yeol ထိုးပြတဲ့​နေရာကိုကြည့်​လိုက်​​တော့

Han river ​ဘေး​ဘောင်​နားကခုံတန်း​လေး..

သြော်​...
သူဟိုးတစ်​​ခေါက်​ကအသဲကွဲတုန်းက​​​တောင်​လာပြီးထိုင်​ငိုခဲ့တဲ့ခုံတန်းလျား ​လေးဟုbaek hyun ​တွေးလိုက်​မိသည်​..

"အွန်း yeol..သွားမယ်​..လာ..Kharcha.."

Yeol ရဲ့ wheel chair ​လေးကိုတွန်းကာ
ခုံတန်းလျား ​လေးဆီသို့ထွက်​လာခဲ့သည်​...

Yeol၏အခြေအ​နေသည် လှုပ်​ရှားသွားလာရန်​မလွယ်​ကူ​တော့​ပေ..

ထို့​ကြောင့်​ Wheel Chair နဲ့သာအားကိုး
၍သွားလာ​နေရသည်​...

"Wow...​လေ​တွေက​အေး​နေတာပဲ..baek ​တော့
ဒီ​လေ​တွေကိုအရမ်းချစ်​တယ်​..​"

"​လေကိုချစ်​တယ်​တဲ့လား..ကိုယ့်​ကို​ရော.."

ဆူပုပ်​ကာ​မေး​သော Chan yeol ​ကြောင့်
Baek hyun ရီပြကာ Chan yeol ပါးကို
ဖြတ်​ကနဲလှမ်းနမ်းလိုက်​သည်​...

"အလုပ်​ နဲ့သတ်​​သေပြတာ..မြင်​တယ်​​နော်​.."

"ဟုတ်​ပါပြီ...ကိုယ်​ထိုင်​ခုံမှာထိုင်​ချင်​တယ်​..ကူ.."

"အင်း..အင်း.."

Chan yeol Wheel Chair ​ပေါ်မှာမထိုင်​ချင်​​တော့လို့နှုတ်​ခမ်း​လေးဆူကာ baek hyun ကို က​လေး တစ်​​ယောက်​ပမာလက်​ကမ်း​ပေးသည်​...

Baek hyun chan yeol ကို ဂျိုင်း​အောက်​မှလက်​လျှိုကာ ခါးကိုသိုင်းဖက်​လျက်​ ခုံ​ပေါ် ကိုတင်​​ပေးသည်​..

"အ.."

"Yeol ..Wae..ဘယ်​နားနာလို့လဲ.."

"Arni..မနာဘူး..စတာ...blap.."

Chan yeol ကလျှာထုတ်​ပြကာ baek hyunကို​ပြောင်​ပြသည်​...

"Yeol ​နော်​..အဲ့လိုမစနဲ့..မကြိုက်​ဘူး.."

"အင်းပါ..ကိုယ်​အဆင်​​ပြေပါတယ်​.."

Yeol pov-

နာကျင်​မှုကအ​သွေးအသား​ထဲက​နေတဖြည်းဖြည်း နက်​နဲလာတယ်​...

သေမတက်​နာကျင်​တယ်​...

ဒါ​ပေမယ့်​..
အဆင်​​ပြေတယ်​ ...

ကျ​တော့်​ချစ်​သူအတွက်​ကျ​တော်​​ဟန်​ဆောင်​​နိုင်​တယ်​...

"​ဖျောက်​..."

Yeol လက်​​ဖျောက်​တီးလိုက်​​တော့ baek က
ပြူး​​ကြောင်​​ကြောင်​​လေးဖြင့်​..

"ဘာလုပ်​တာလဲ..လန့်​လိုက်​တာ yeol ရယ်​.."

ကောင်​​လေးတစ်​​ကောင်​​ yeol ဆီ​ပြေးလာသည်​..
လက်​ထဲတွင်​လည်းဘူး​လေးတစ်​ဘူးနှင့်

Baek hyun ​​ဘာမှနားမလည်​​သောရုပ်​​လေးဖြင့်​သာကြည့်​​နေမိသည်​...

"တန်​...တန်​.."

Yeol ကအသဲပုံလက်​​ဆောင်​ဘူးအရွယ်အစား ခပ်လတ်လတ်ေ​လးကို​ပေးသည်​..

"ဖွင့်​ကြည့်​​လေ.."

Baek hyun ဖွင့်​ကြည့်​လိုက်​​တော့ ကြယ်​​တွေ
တစ်​ဘူးလုံးအပြည့်​....

Baek pov-

ကြယ်​​လေး​တွေ...အလုံး​ပေါင်း​ထောင်​​ကျော်​​လောက်​မယ်​..

သူဒါ​တွေအကုန်​လုံးကိုလုပ်​ထားတာလား..

"Yeol ရယ်​ဘာလို့အပင်​ပန်းခံပြီး.."

"Arni..ကိုယ်​မပင်​ပန်းဘူး..baek အတွက်​ဆိုဘာမဆိုလုပ်​မှာ..baek သ​ဘောကျရဲ့လား..
ကိုယ်​​ပေးတဲ့လက်​​ဆောင်​​ကတန်​ဖိုးမရှိဘူး..ဒါ​ပေမယ့်​...ဟူး."

"စကား​တွေအရမ်းမ​ပြောပါနဲ့..​yeol​မောမယ်​.. baekအတွက်​ yeol​ပေးတဲ့ဘာမဆိုတန်​ဖိုး ရှိတယ်​.."

"Baek ဘယ်​​နှစ်​ နှာရီ ရှိပြီလဲ.."

Baek ကသူ့နာရီ​လေးကိုသူကြည့်​ကာ

"ဆယ့်​တစ်​နာရီ ခွဲ..."

Yeol pov-

ကျ​တော်​​တောင့်​ခံနိုင်​ပါတယ်​...

ဒီ​နေ့တစ်​​နေ့​တော့...

ကျ​တော့်​ကိုဒီ​နေ့တစ်​​နေ့ရဲ့အချိန်​​လေးကို​တော့
ရှင်​သန်​ခွင့်​​ပေးပါ..

Yeol တစ်​​ယောက်​နာကျင်​မှုနှင့်​အားပြိုင်​​နေသကဲ့သို့..

နာကျင်​မှုကို အန်​ကြိတ်​ကာရုန်းကန်​​နေမိသည်​...

လက်​သီး​တွေကိုကျပ်​ကျပ်​ဆုပ်​ထားကာ...

"Yeol ah..ဘာဖြစ်​​နေတာလဲဟင်​..​ချွေး​တွေထွက်​​နေတယ်​..yeol နာ​နေတာလား.."

Yeop pov-

ဟင့်​အင်း..ကျ​တော့်​ချစ်​သူရိပ်​မိလို့မဖြစ်​ဘူး..

"ဟင့်​အင်း..အင်္ကျီကပူလို့ပါ..က​လေးရဲ့..ကိုယ်​​​နေ​ကောင်းတယ်​..ဘာမှမဖြစ်​ဘူး.."

Yeol ရဲ့နှဖူးထိပ်​မှ ​ချွေး​လေး​တွေကို baek hyunက သူ့အင်္ကျီလက်​​လေးနှင့်​သုတ်​​ပေးရှာသည်​...

"Baek ကို​ပေးဖို့တစ်​ခုကျန်​​သေးတာ..ကိုယ်​​မေ့​နေတာ.."

Wheel Chair ​အောက်​က stand ​လေး​တွင်​တင်​ထား​သော..

အဖြူ​ရောင်​ နှင်းဆီပန်း​စည်း...

"နှင်းဆီပန်း​အဖြူ​တွေ...baek အရမ်းကြိုက်တာ.. gomorwor....yeol.."

"Baek ကိုယ့်​ကိုချစ်​လား.."

"ချစ်​တာ​ပေါ့.."

"ကိုယ့်​ကိုနမ်း...."

Baek hyun chan yeol ရဲ့မျက်​နှာ​ကိုလက်​​နှစ်​ဖက်​နှင့်ကိုင်​ကာ နှုတ်​ခမ်းနှစ်​ခုကိုညင်​သာစွာထိကပ်​လိုက်​သည်​...

နူးညံ့ ​သောအနမ်း..

အတ္တကင်း​သောအနမ်း...

ကြည်​နူးစရာ​ကောင်း​သောအနမ်း...

.
.
.
.
.
.
.
.

နောက်ဆုံး​အနမ်း...~~~~~~

"Baek ကိုယ်​အိပ်​ချင်​ပြီ...baek ​ရင်​ခွင်​​လေးငှား.."

"အင်း..yeol..."

Chan yeol ရဲ့​ခေါင်း​လေးက baek hyun ရင်​ခွင်​ထဲသို့တိုးဝင်​လာသည်​...

Chan yeolပါးနှစ်​ဖက်​တို့က baek hyunရဲ့
ရင်​ခွင်​ငွေ့​​ကြောင့်​​နွေး​ထွေး​နေသည်​...

Yeol pov-

ကျ​တော်​​ပျော်​တယ်​...

ကျ​တော့်​ချစ်​သူရင်​ခွင်​ထဲ​မှေးစက်​ရာတာကို
ကျ​တော်​သ​ဘောကျတယ်​...

ထာရဝ​မှေးစက်လိုက်​​တော့မယ်​...ကိုယ့်​ကိုခွင့်​ပြု​ပေးပါ​နော်​...

Baek hyun ah ကိုယ်​မင်းကို ချစ်​တယ်​...

Baek hyun မျက်​ဝန်းမှမျက်​ရည်​များကတစ်​စက်​ချင်းလှိမ့်​ကျလာသည်​...

Baek ပါးထက်မှ​မျက်​ရည်​စက်​တို့က Chan yeolရဲ့ပါးပြင်​ထက်​ ဆက်​လက်​စီးဆင်းခဲ့သည်​...

Baek hyun ​ပေါင်​​ပေါ်တွင်​တင်​ထား​သော
နှင်းဆီပန်းအဖြူ​ရောင်​တို့က....

chan yeol ရဲ့​သွေးစက်များ​စွန်း​နေ​သော
အနီ​ရောင်​သို့.....

အသက်​ရှူ ရှိုက်​သံပြင်းနေ​သော Chan yeol
ငြိမ်​သက်​သွားခဲ့​လေပြီ....

12:05 Am....

Baek hyun ရဲ့အချစ်​​တွေတစ်​ဖန်​​မြေခခဲ့ရပြန်​ပြီ...

Baek pov-

Yeol အရမ်းနာကျင်​ခံစား​နေရတာကျ​တော်​သိပါတယ်​..

Yeol ချစ်​သူတစ်​​ယောက်​ရဲ့တာဝန်​​ကျေခဲ့ပါတယ်​.

ကျေးဇူးတင်​ပါတယ်​...yeol...

Baek ကိုချစ်​​ပေးလို့...

Baek အတွက်​အရာရာကို​ပေးဆပ်​​ပေးလို့...

Baek အတွက်​​တောင့်​ခံ​ပေးလို့...

Baekကို​ပေးထားတဲ့ကတိကို yeol မတည်​ဘူး..

ဒါ​ပေမယ့်​ yeol ကို baek မမုန်းနိုင်​ဘူး..

yeolကိုထာဝရချစ်​သွားမယ်​...

အရမ်းချစ်​တယ်​..Chan yeol....

_______The end_______

ပြီးသွားပြီ...ဗြဲ...

ဘာ​တွေဘိုဖြစ်​သွားလည်းမသိဘူး....

အဖျားရှူးသွားသလိုပဲ​နော်​...အသုံးမကျတာပါT.T

ကွကိုယ်​​ရေးပြီး ငို​နေရတယ်​...

ကျုပ်​အရမ်း​တေများရက်​စက်​သွားသလား??

မ​ကျေနပ်​ရင်​ ကျုပ်​ကိုသာဆဲသွားကြ​တော့..

T.T...
(18.3.16)
စာ​မေးပွဲ ကဒီ​နေ့myanmar​ဖြေရ​ဒါ..​ဖြေနိုင်​​ဒေသိလား အာ့​ကြောင့်​ date ​ပေးတာ..
နောက်​ဘာသာ​တေအတွက်​ဆု​တောင်း​ပေးကြဖာ..
ဟီး.

Continue Reading

You'll Also Like

267K 40.3K 103
ပြန်သူမရှိတော့ဘူးဆိုလို့ ယူပြန်လိုက်ပြီ ဟီးဟီး ဖတ်ပေးကြပါဦး
170K 15.5K 30
"သူက သူစိမ်းမှ မဟုတ်တာ..." "..............." "အဟင်း..ငယ်သူငယ်ချင်းလို့ပြောရမလား..အတန်းတူတက်ခဲ့ဖူးတဲ့ အတန်းဖော်လို့ ပြောရမလား...ဒါမှမဟုတ်..ရန်သူတွေလို...
335K 19.3K 41
You live in a different time zone Think I know what this is It's just the time's wrong
40.5K 70 14
🤍 if u're not interested, don't report, just dont read!! 🤍