"Baek...ငါဟိုနေ့ကကိစ္စ တောင်းပန်ပါတယ်ကွာ..
ငါ့ကိုယ်ငါအလိုက်မသိမှန်းသိပါတယ်..jinja miyanae.."
Jong Dae တစ်ယောက် စာရေးနေသောbaek
ဘေးတွင် တွယ်ကပ်ကာ တောင်းပန်တိုးလျှိုး နေသည်...
"Tsk.."
Baek hyun Jong Dae မျက်နှာကိုစိတ်ပျက်နေသောပုံစံဖြင့်တည့်တည့်ကြည့်လိုက်သည်...
Jong Dae က baek hyun ရင်ဖက်ကို လက်ညှိုးလေးနဲ့ထိုးပြီး
"ဟီး....aww...aww...baekhyun ah...baek ah..
ဟင်...ဟင်.."
"မလိုက်မဖက်ကွာ....aegyo တွေလာမလုပ်ပြနဲ့..
မင်းကိုသိပ်ကြည့်ရတာမဟုတ်ဘူး.."
"အေးပါကွာ...ငါမှားလို့ပေါ့..မင်းကလည်း
သဘောထားကြီးစမ်းပါ..."
Baek pov-
ငါကသူနဲ့ပတ်သက်လာရင် ဘယ်အရာမှ
သဘောထားမကြီးနိုင်ဘူး...
"အေးပါထားလိုက်တော့...ဒါပေမယ့် နောက်တစ်ခါဆိုရင်တော့ခွင့်လွှတ်မှာမဟုတ်ဘူး.."
"ခွင့်မလွှတ်တော့မင်းကဘာလုပ်မှာလဲ...blah.."
ပြောရင်းJong Dae ကmin seok ရဲ့အနောက်ကိုဝင်သွားသည်..
"အားကိုးတွေသိပ်ရှိနေတာ...Kim Jong Dae တို့များ.."
__________________________
"Borrr...Chan yeol ကကျောင်းအပြီးထွက်သွား
ပြီဟုတ်လား.."
"အေးဟ...ပြီးတော့ Byun Baek hyunနဲ့လည်း
ပြတ်သွားပြီဟ.."
"ဟယ်...ဘယ်လိုဖြစ်တာလဲ..ငါလည်းမသိလိုက်ရပါလား.."
"Byun baek hyun ကစွန့်ပစ်ခံရတာတဲ့.."
"Omo...jinja?? Daebaek.."
"ရှူးတိုးတိုး...ကြားသွားမယ်...လာ..လာသွားမယ်..
အဲ့တာငါတို့အလုပ်မဟုတ်ဘူး.."
Baek pov-
Hak...ငါတို့အလုပ်မဟုတ်လို့ပဲ...
မိန်းမတွေများအတင်းတုပ်ဖို့ကလွဲရင်ဘာမှမသိကြ
ဘူး..စိတ်ပျက်စရာတွေ....
ငါသေလုမတက်ခံစားနေရတာကိုဘယ်သူသိမှာလဲ..
မာကြောချင်ယောင်ဆောင်နေတာကိုဘယ်သူ သိမှာလဲ..
ငါ့နှလုံးသားတွေကြေမွနေပြီဆိုတာ ငါကလွဲပြီး
မသိနိုင်ဘူး...
Park chan yeol မင်းလည်းမသိနိုင်ဘူး...
လောကကြီးကလူတွေဘယ်သူမှမသိနိုင်ဘူး..
နားမလည်နိုင်ဘူး...
ငါ အဆင်ပြေပါတယ် ...
မင်းဘယ်သူ့အတွက်မှမကြည့်နဲ့...
မင်းအတွက်မင်းပဲကြည့်..
မင်းပျော်ရင် ပြီးတာပဲ...
ငါမငိုတော့ဘူး...ထိန်းချုပ်နိုင်သွားပြီ...
ငါ့ဆုံးဖြတ်ချက်အတိုင်း...ငါမငိုတော့ဘူး...
Park Chan Yeol
Good luck..
__________________________
"Channie ဘာလုပ်နေတာလဲ....ပင်ပန်းမယ်ဆို.."
Chan yeol အစ်မဖြစ်သူ Yoora ပြောနေပေမယ့်ဂရုမစိုက် လုပ်နေဆဲအလုပ်ကိုဆက်လုပ်နေသည်...
Yeol pov-
ကျတော်ချစ်သူမွေးနေ့ရောက်တော့မယ်လေ..
နောက်သုံးလဆို...
သူ့အတွက်...
ကျတော်ဘာမှကြီးကြီးကျယ်ကျယ်အမှတ်တရမလုပ်ပေးနိုင်ဘူး...
ဒါပေမယ့် သူနည်းနည်းအမှတ်ရစေမယ့်အရာ
လေးတွေတော့ကျတော်လုပ်ပေးကြည့်ချင်တယ်..
ကြယ်လေးတွေ....
သူတစ်ခါကကျတော်ကိုပြောဘူးခဲ့တယ်...
ကြယ်လေးတွေကိုအားကျတယ်...
ကြယ်လေးဖြစ်ချင်တယ်တဲ့...
ဘာလို့လဲဆိုတော့....ကြယ်ဆိုတာဟိုး...
အမြင့်ကောင်းကင်ထက်မှာတည်ရှိနေသည်မလား..
ကမ္ဘာမြေကြီးကိုဘယ်နေရာကြည့်ကြည့်လှမ်းမြင်ရ
မှာလေ....ကြယ်တွေဆီကနေ...
ကျတော်ဘာတွေလုပ်နေတယ်...ဆိုတာကိုသူ
အမြဲတမ်းကြည့်ချင်မိလို့...သူကြယ်လေးဖြစ်ချင်တယ်တဲ့..
သိပ်ပြီးစကားပြောတတ်တဲ့ကျတော်ကလေးလေး..
ကျတော့်ရင်ခွင်ထဲမှာတစ်သတ်လုံးသိမ်းထားပစ်ချင်တယ်...ကလေးလေးလိုချစ်ဖို့ကောင်းတဲ့
ကျတော့်ချစ်သူကို...
ဒါပေမယ့်ထိုအရာကအိပ်မက်သာ.....
"Channie...နှာခေါင်းသွေး..."
Yoora က တစ်သျှူးယူပြီးသုတ်ပေးသည်..
Yeol pov-
သွေးတွေ...
ဟုတ်တယ်...ကျတော်ကိုယ်ကသွေးတွေက
တစ်ခါတစ်ရံ အပြင်ကိုထွက်လာတယ်..
ကျတော့်ကိုမကောင်းတဲ့ကောင်ဆိုပြီးအပြစ်ပေးတာနေမှာပေါ့...
________________________
"Baekhyun...သွားလိုက်အုံးနော်..."
"အင်းပါဗျာ....."
"အသံကဘယ်လိုဖြစ်နေတာလဲ....နင့်အဒေါ်အရင်းမဟုတ်ဘူးလား.."
Baekhyun အသံကိုအချိုးကျအောင်ပြင်ရင်း...
"ဟုတ်ကဲ့ omma ...ကျတော်ဒီနေ့သွားလိုက်မယ်.."
Baek pov-
ကျတော်နေမကောင်းဘူး...
နေမကောင်းဘူးဆိုတာထက်စိတ်တွေလေးလံပြီး
ရှုပ်နေတာ...
ကောင်းတဲ့ကိစ္စတော့မဟုတ်မှန်းကျတော်သိနေတယ်...
အဲ့တာကြောင့်အိမ်ထဲအိမ်ပြင်ကိုမထွက်ဘဲနေမိပါတယ်...
ကျတော့်အမေရဲ့ညီမအရင်းခေါက်ခေါက်
ကျတော့်အဒေါ်အရင်းကြီးရေချိုးခန်းထဲမှာချော်လဲလို့တဲ့...
ခြေထောက်အရိုးအက်သွားပြီးဆေးရုံရောက်သွားတယ်...
ကျတော့်ကိုမဆီမဆိုင်လူနာသတင်းသွားမေးခိုင်း တယ်...
မဆီမဆိုင်လို့လဲပြောလို့မရပါဘူးလေ...ကိုယ့်အမျိုးပဲ...
_________________________
"လူနာByun Se Yarr ရဲ့အခန်းလေးတစ်ချက်လောက်.."
"Nae..အခန်းနံပတ် 554 ပါ"
"Nae..gamsamitha.."
baek pov-
ကျတော်ဆေးရုံအနံ့တွေကိုမုန်းတယ်...
အဲ့အနံ့တွေကကျတော်ကိုခေါင်းကိုက်စေတယ်...
ပြီးတော့ ဝေဒနာခံစားနေရတဲ့သူတွေ...
အဲ့တာတွေကျတော်မမြင်ချင်ဘူး...
Baek Hyun အခန်း နံပါတ်554 ကိုရှာနေမိသည်..
"ရိုးရိုးလူနာဆောင် 554...554...ဟင် Yoora Noona မလား...ဆေးရုံကိုဘာကိစ္စရောက်နေတာလဲ.."
Baek hyun Chan yeol noona Yoora ကိုတွေ့တော့နှုတ်ဆက်ရမလို...မနှုတ်ဆက်ရမလို...
သုံးနှစ်ကျော်ကြာတွဲလာခဲ့တာ..Chan yeolရဲ့ မိသားစုတွေနဲ့အကုန်ရင်းနှီးနေပြီလေ..
Yoora ကတော့သူ့အာရုံနဲ့သူမို့ Baek Hyun ကိုမမြင်..
Baek pov-
Chan yeol နဲ့ပတ်သတ်တာ ငါနဲ့မှမဆိုင်တော့ပဲ..
ကင်းကင်းရှင်းရှင်းနေမှဖြစ်မယ်...
Baek hyun ရဲ့စိတ်ထဲကအတွေးသက်သက်သာ..
သူ့ခြေထောက်က Yooraနောက်လိုက်သွားလေပြီ...
Yoora အခန်းတစ်ခုထဲဝင်သွားသည်...
အရေးပေါ် အခန်းကဲ့သို့တစ်ဦးတည်းသီးသန့်ခန်း..
အရေးပေါ် အခန်းဆိုတော့Baek hyun ရင်ထဲထိတ်ကနဲ...
Chan yeol ရဲ့ အဖေ အမေတွေ များ
နေမကောင်းလို့များလား...
Baek hyun pov-
ငါနဲ့မဆိုင်မှန်းသိတယ်...မဆိုင်မှန်းသိတယ်...
ဒါပေမယ့်....ငါမသိသလိုမနေနိုင်ဘူး...
ဘာပဲဖြစ်ဖြစ် သံယောဇဉ် ဆိုတာတွေရှိသေးတာပဲ
Baek Hyun ဆုံးဖြတ်ချက်ချကာ
Chan yeol အဖေ ပဲဖြစ်ဖြစ် အမေပဲဖြစ်ဖြစ်လူနာသတင်းမေးဖို့ကြိုးစားလိုက်သည်...
အခန်းတံခါးရှေ့တည့်တည့်တွင်ရပ်လိုက်ကာ...
အခန်းအရှေ့ကနာမည်ကတ်ကိုကြည့်လိုက်တော့...
Park Chan Yeol .....
Baek hyun pov-
ဘုရားရေ....
လူနာ နာမည်က Park Chan yeol တဲ့...
သူ ဘာ..ဘာဖြစ်လို့လဲ...
Accident များလား..??
ဒါမှမဟုတ်
သူကိုယ်သူများSucide လုပ်လို့များလား...??
ဒါမှမဟုတ်
တစ်ခုခုမတော်တဆ...ရန်ဖြစ်တာတို့ဘာတို့ များလား??
အတွေးပေါင်းများစွာ...
လူနာ နာမည်က Park chan yeolဆိုကတည်း
က Baek Hyun ရင်ထဲပိုမိုစိုးထိတ်နေမိသည်..
စိုးရိမ်နေမိသည်....
Baek pov-
Chan yeol....
ဘာမှမဖြစ်ပါစေနဲ့...ဘာမှမဖြစ်ပါစေနဲ့...
ကျတော်မချစ်တော့ဘူးလို့သတ်မှတ်ထားတဲ့
သူကိုကျတော်စိုးရိမ်နေတယ်...
ကျတော့်ကိုအကြောင်းမဲ့စွန့်ပစ်လိုက်တဲ့သူ့ကို
ကျတော်စိုးရိမ်နေတယ်...
ကျတော့်ကိုဒဏ်ရာတွေပေးတဲ့သူ့ကိုကျတော်စိုးရိမ်နေတယ်...
ကျတော်အရှုံးကြီးရှုံးနေတာပဲ...
ဒါပေမယ့်...ဒီနှလုံးသားအစုတ်အပျက်ကြိီးက
အမှတ်မှမရှိတာ...
Baek hyun တံခါးလက်ကိုင်ကိုကိုင်လိုက်ထားသောလက်များက တဆက်ဆက်တုန်နေလေသည်.
သာမန်စိတ်နဲ့တခြားသူများဆို သူ့လိုစိုးရိမ်မိမှာလား??
ဟင့်အင်း..အပြစ်ဒဏ်ခံရတယ်လို့သာတွေးပြီး
လှောင်ရယ် သွားမှာ...
Baek pov-
ကျတော် အဲ့လိုမလုပ်နိုင်ဘူး..
သူ့အပေါ်ထားတဲ့ခံစားချက်တွေက ပူနွေးနေတုန်း ပဲ...
Baek hyun တံခါးလက်ကိုင်ကို လှည့်ရန်ပြင်လိုက်စဉ်...
"ဒီမှာ...."
Baek Hyun လှည့်ကြည့်လိုက်တော့
Baek pov-
ဟိုနေ့က Chan yeol နဲ့တွဲလာတဲ့မိန်းမ..
"ကျမကိုမှတ်မိလားမသိ...ကျမကတော့ရှင့်ကိုမှတ်မိတယ်.."
Baek pov-
ဦးနှောက်ပျက်နေတာမှမဟုတ်တာ..
မမှတ်မိစရာအကြောင်းမရှိ...
"အင်း..မှတ်မိတယ်.."
"Nae..ကျမနာမည်က Oh Bi Nar ပါ..."
ထိုမိန်းကလေးကနှစ်လိုဖွယ်အပြုံးကိုပြုံးကာ
နှုတ်ဆက်သည်...
Baek pov-
ဘာလဲဟ...
ကျတော်သူ့နာမည်များမေးမိလို့လား...
ကျတော်ကိုသူနိုင်တယ်ဆိုတဲ့အကြောင်းလာပြီး
ဂုဏ်ယူပြတာလား..??
အပြုံးတွေကိုကလှောင်ပြုံးတွေ...
မိန်းမတစ်ယောက်နဲ့ပြိုင်ရတဲ့ဘဝ..
Hak...သနားစရာ byun baek......
"ဟုတ်ကဲ့..ကျတော်နာမည်က Byun baek hyun"
"အာ..nae..ကျမသိပါတယ်..သီးသန့်စကားပြောလို့ရမလား...baek hyun shi.."
"Nal??..."
Baek hyun အံသြော်သလိုဖြစ်ပေမယ့်...
သိပ်တော့မအံ့သြော်ပေ...
သူမ ပြောချင်တဲ့အကြောင်းအရင်းရဲ့အဖြစ်နိုင်ဆုံး
99.9%က....
Chan yeol ဘေးနားကိုလာမကပ်ဖို့ပဲဖြစ်မယ်ဆိုတာ....
Baek Hyun ရိပ်မိပြီသား...
_________________________
"Baek hyun shi ဘာသောက်မလဲ.."
"ကျတော်ကိုတိုက်ရိုက်ပြောပါ Oh Bi Nar shi.."
"ရှင်...ဘာကိုဆိုလို.."
"ကျတော်က Chan yeol နဲ့အရင်ကသက်ဆိုင်ဖူးတဲ့သူဆိုတာ Oh Bi Nar shi သိမှာပေါ့..အဲ့တော့ပြောချင်တဲ့စကားကိုတိုက်ရိုက်ပြောပါ.."
"Baek hyun shi တစ်ခုခုအထင်လွဲနေတယ်ထင်တယ်..ကျမက baek hyun shi ကိုပြောစရာရှိတယ်ဆိုတာက..."
"ကျတော့်ကို Chan yeol အနားမကပ်ဖို့ပဲမလား.."
"ရှင်!!"
Baek pov-
သူမက ဘာကိစ္စ အဲ့လောက်အံ့သြော်တဲ့ရုပ်ဖြစ်နေရတာလဲ...
သူမပြောချင်တဲ့စကားကို ကျတော်ကအလိုက်တသိပြောလိုက်တာပဲလေ...
"မဟုတ်ပါဘူး...baek kyun shi အထင်လုံးဝလွဲနေတာပါ...Park chan yeol shi ကကျမလူနာပါ"
"ဟင်...လူနာ...ဒါဆို...မင်းကဆရာဝန်လား.."
"ဟုတ်ပါတယ်..ကျမကဆရာဝန်ပါ...chan yeol shi ကရှင်နဲ့ပတ်သတ်ပြီးတော်တော်များများကျမကိုပြောပြဘူးလို့ကျမရှင့်ကိုသိပါတယ်.."
"Bi Nar shi အခုပြောချင်တာက...??"
"Chan yeol shi ရဲ့အခြေအနေ.."
_________________________
Baek pov-
ကျတော်ကိုယ့်ခြေထောက်တောင်ကိုယ်မနိုင်ချင်တော့.....
ကျတော်တုံးလွန်းခဲ့တာလား...??
ကိုယ့်ချစ်သူတစ်ယောက်လုံး နာကျင်ခံစားနေရတာ...
ကျတော်သူ့ဝေဒနာတွေကိုမမြင်ခဲ့ဘူး...
သူ့မျက်ဝန်းရဲ့အဓိပ္ပါယ်တွေကိုနားမလည်ခဲ့ဘူး..
တဂယ်တမ်းတကိုယ်ကောင်းဆန်ပြီးအပြစ်ဒဏ်ပေးခံသင့်တဲ့သူကကျတော်ပါ....
ကျတော်အတ္တကြီးလွန်းခဲ့တာ....
ဘုရားသခင်...
ဝိဥာဉ် ကိုနုတ်ယူသွားမယ်ဆိုရင် ကျတော်အသက်ဝိဥာဉ်ကိုသာ နှုတ်ယူသွားပါ...
ကျတော်ချစ်သူကိုတော့ချမ်းသာပေးပါ...
Baek Hyun မျက်ရည်များဖြင့် Oh Bi Nar ဆိုတဲ့ဆရာဝန်မနှင့်စကားပြောနေရာမှ ဝရုန်းသုန်း
ကားပြေးထွက်လာခဲ့သည်...
လောကကြီးကိုကြည့်ရတာမူးနောက်နေပြီး
Baek hyun စိတ်ထဲမှာတစ်ခုပဲသိလေသည်...
အဲ့ဒါ...
Chan yeol...
ဆောက်တည်ရာမရ....
ကမ္ဘာပျက် သည်ဆိုတာထိုအရာမျိုးကိုခေါ်တာနေမှာ...
"Chan yeol...chan yeol..."
ဆေးရုံအဝင်ထဲကငိုကာ Chan yeol ဆိုတဲ့နာမည်ကိုအကြိမ်ကြိမ်ရေရွတ်နေမိသည်...
လူတွေကတော့ထင်မယ်...ကျတော်ကိုအရှုးလို့...
ထင်ပါစေ..ကျတော်တဂယ်ရှုးနေပြီ...
Park Chan Yeol လို့ နာမည်ကပ်ထားသော
ဆေးရုံအခန်းရှေ့...
ပထမတစ်ခေါက်ကလို့တုန်ယင်ကြောက်လန့်မှုမရှိ
Baek hyunတံခါးလက်ကိုင်ကိုဆွဲဖွင့်လိုက်ကာ
"Yeol ah..."
Baek hyun ရဲ့ခေါ်သံအဆုံး...
ခုတင်ထပ်တွင်ဖျော့တော့စွာလဲလျောင်းနေသော
ကျတော့်ချစ်သူ chan yeolဆက်ကနဲထလာကာ...
"Baek.."
Baek pov-
ကျတော်ချစ်သူ မျက်နှာကဖြူဖျော့ကာသွေးမရှိသည့်အလား....
အရင်ကကျတော်
မြတ်နိုးစွာနမ်းရှိုက်ခဲ့သောသူ့ပါးဖောင်းဖောင်းတို့ကချောင်ကျကာ လေရှုံ့သွားသောပူဖောင်း ပမာ...
အရင်ကကျတော်ကို
ချိုမြိန်သောအနမ်းများပေးတတ်သာ ပတ္တမြား ရောင်နှုတ်ခမ်းပါးတို့က ဖြူဖျော့ကာစက္ကူရွက်
အရောင်ကဲ့သို့..
အရင်က ကျတော်ကို
စူးရှသောအကြည့်စူးစူးလေးများနှင့် ညှို့ယူတတ်သော သူ့မျက်ဝန်းဝိုင်းဝိုင်းလေးတို့က ညှိုးနွမ်းကာ
အားမရှိနေသယောင်...
အရင်က ကျတော်ကို
ရှုးမတက်ဖမ်းစားတတ်သောပြုံးပြလိုက်လျှင်
တစ်ချက်တစ်ချက်ပေါ်လာတတ်သောပါးချိုင့်လေးနဲ့သူ့အပြုံးတွေပျောက်ကွယ်သွားပြီ....
"Yeol ah..."
Baek hyunဘေးမှာ Yoora noona ရှိတာတွေ ပတ်ဝန်းကျင်တွေမသိတော့...
Yoora ကလည်းအလိုက်သိပါသည်...
အခန်းအပြင်ထွက်ပေးလေသည်..
Chan yeol ရင်ခွင်ထဲသို့အတင်းပြေးဝင်ကာ
Chan yeol ရဲ့မေးဖျားလေးကို သူ့နှာခေါင်းလေးနဲ့ပွတ်တိုက်နေသည်...
မျက်ဝန်းမှလည်းမျက်ရည်တို့ကတသွင်သွင်...
"ငါ့ကို ပြန်ဖက်လေကွာ...ပြန်နမ်းလေကွာ..ငါ့ကိုမချစ်တော့တာလည်းမဟုတ်ပဲနဲ့
မချစ်တော့သလိုဟန်မဆောင်နေပါနဲ့.."
Chan yeol ဘာမှပြန်မဖြေ....
နှုတ်ခမ်းလွှာနှစ်ခုကိုတင်းတင်းစေ့ထားဆဲ...
Baek Hyun Chan yeol ၏ပါးနှစ်ဖက်ကို
လက်သွယ်သွယ်လေးနှစ်ဖက်ဖြင့်ဖမ်းချုပ်ကိုင်လိုက်ကာ Chan yeol နှုတ်ခမ်းနှင့်သူ့နှုတ်ခမ်း
ကိုဖိကပ်လိုက်သည်...
Baek pov-
ခြောက်ကပ်နေသော Chan yeol ရဲ့နှုတ်ခမ်းတွေ ကျတော့်နှုတ်ခမ်းမှအစိုဓာတ်တွေကူးစေ...
သူဘယ်လိုအခြေအနေ ဘယ်လိုပုံစံ ဘယ်လိုအဆိုးဆုံးတွေနဲ့ပဲကြုံကြုံ ကျတော့်သူ့အပေါ် ထားတဲ့အချစ်တွေမပြောင်းလဲဘူးဆိုတာ
Chan yeol သိစေ...
သူ့ရဲ့နာကျင်မှုတွေကျတော့်ကိုဝေခွဲပေးစေ...
Chan yeol အစက Baek hyun ရဲ့အနမ်း များကိုမတုံ့ပြန်သော်လည်း နောက်ပိုင်း
ပြန်လည်တုံ့ပြန်လာလေသည်...
အနမ်းယာဉ်ကျောမှာမျောရင်း...
ငါးမိနစ်ခန့်ကြာသော်...baek hyun
Chan yeol ရင်ဖက်ကိုတွန်းကာရပ်တန့်လိုက်သည်...
Baek hyun တမ်းတနေသောအနမ်းတွေကို
အကြာကြီးအတိုးချကာရယူချင်သော်လည်း Chan yeol မောနေလိမ့်မည်...
"Gomorwor..yeol ah..baek ကိုပြန်နမ်းပေးလို့.."
"ကျေးဇူးတင်စရာလား baek ရယ်...ကလေးလေးကဒီကိုဘယ်လိုသိပြီးဘယ်လိုရောက်လာတာလဲ.."
"ဒါက yeol သိစရာလိုလို့လား...ကိုယ့်ဘာသာကိုယ်ဘယ်လိုသိသိပေါ့...yeol ဘာလို့ baek ကိုမပြောပြခဲ့တာလဲ.."
"အလကားနေရင်း စိတ်ပူနေမှာဆိုးလို့ပေါ့
ကလေးရယ်...ကိုယ်ကသာမန်နေမကောင်းဖြစ်တာကို.."
Baek pov-
သူ ကျတော်ကို့ညာတယ်...
မညာတတ်ပဲညာတယ်...
သူညာနေမှန်းမသိရအောင်
ကျတော်ငတုံးတစ်ယောက်မဟုတ်ဘူး....
ဒီအခြေအနေက...
သာမန်နေမကောင်းဖြစ်တာလား...
ကျတော်သိနေပြီဆိုတာသိလျက်နဲ့
သူဘာလို့ဗြောင်လိမ်နေတာလဲ....
__________________________
To be continued...
နောက်တစ်ပိုင်းပြီးပြီ..
မကောင်းမှန်းသိတယ်...သည်းခံဖတ်ကြလော..
Sad ending or happy ending....
Author သဘောပေါ့နော်...ဟီး...
Vote 100 ကျော်မှ final တင်မယ်...
မရမှန်းသိလို့ယုတ်မာဒါ...
တဂယ်၁၀၀ကျော်မှတင်မှာ...
မဟုတ်ရင်မတင်ဘူးး........... -.-
Vote တေ f.b တေပေးတဲ့သူတေကို
ကျုပ် အသေချစ်တယ်...
နာမည်ပြောင်းထားဒယ်သိလား...မေ့မသွားနဲ့...:3
Mwks...mwks..
Sayangal my readers...
90°bow..