အစိမ်းရင့်ရင့် အလွမ်း

Od AmiCassiopeia

106K 7.6K 451

Yunho Jaejoong Více

အပိုင်း-၁
အပိုင်း-၂
အပိုင်း-၃
အပိုင်း-၎
အပိုင်း-၅
အပိုင်း-၆
အပိုင်း-၇
အပိုင်း-၈
အပိုင်း(၉)
ဇာတ်သိမ်းပိုင်း

အပိုင်း-၁၀

6.6K 664 59
Od AmiCassiopeia

" ရှင်တို့တွေ နောက်ဆုံးတော့ လမ်းခွဲခဲ့ကြတယ်ပေါ့။ .."

မေးခွန်းတစ်ခုရယ် မဆိုသာသည့် ကျွန်မရဲ့ အမေးဝါကျ တစ်ခုမှာ နှမျှော်သတခြင်းတွေ ပါဝင်နေသည်ကို ကျွန်မ ခံစားမိတော့ ကိုယ့်ကိုယ်ကို အံ့ဩနေမိပြန်သည်။ ကျွန်မ စိတ်ထဲ အမှန်တကယ်ပင် သူတို့ နှစ်ဦးအား အဆင်ပြေစေချင်မိနေသည်လား။ ဒီလို သဘာဝမကျတဲ့ လိင်တူဆက်ဆံရေးမျိုးကို သဘောမကျပေမယ့် ထိုသဘာဝမကျသည့် အနေအထားမှ ဖြစ်ပေါ်လာသည့် ထိုဆက်ဆံရေးကို ကျွန်မ မသိစိတ်က လေးစားနေမိသည်လား။ ဒါမှမဟုတ် အားကျနေမိသည်လား။

" အင်း...။ ဆိုပါတော့။ "

တည်ငြိမ်စွာ ပြောလိုက်သည့် သူ့ စကားသံမှာတော့ နှမျှော်သတခြင်းတွေ ကျွန်မ မတွေ့မြင်မိသလိုပင်။ ကျွန်မ သူ့အား နားမလည်နိုင်စွာ ကြည့်နေမိသည်။ သူက စားပွဲပေါ်ရှိ အစိမ်းရောင်ကော်ဖီခွက်ထဲမှ အေးစက်စက်ကော်ဖီကို အကုန်မော့သောက်လိုက်သည်။ အေးစက်စက်ကော်ဖီကို မကြိုက်တတ်သည့် ကိုကိုသာဆိုရင် ကျွန်မ အရှေ့က သူ့ရဲ့ အပြုအမူကို မျက်နာရှုံ့ကာ ကြည့်နေမလား ကျွန်မ တွေးနေမိသည်။ ဟင့်အင်း။ မသေချာလှပါ။ ကိုကိုက ဘယ်တုန်းကမှ သူတစ်ပါးကို အပြစ်တင်ရှုံ့ချတတ်တဲ့ သူ မဟုတ်ဘူးဆိုတာ ကျွန်မ အသိဆုံးပင်။ ဒါဆိုရင် ကိုကို့ရင်ထဲမှာ သဘောကျသည့် အရာတွေက မည်ကဲ့သို့အရာတွေလည်းလို့ ကျွန်မ တွေးမိတော့လည်း သေချာသည့် အဖြေ ကျွန်မဆီတွင် ရှိမနေပါ။

" ချစ်သူဆိုတဲ့ ကျွန်တော်တို့ ဆက်ဆံရေး ပြတ်တောက်သွားတာပေါ့။ "

ဒါဆိုရင် ဦးလေးနှင့်တူလေးဆိုသည့် ဆက်ဆံရေးကတော့ ။

" အခုအချိန်အထိ သူက ကျွန်တော့် ဦးလေး အဖြစ်ရှိနေဆဲပါ။ "

ခပ်ဆွေးဆွေးနှင့် ခပ်လေးလေး သူ့စကားလုံးများက ကျွန်မ စိတ်ကို လေးလံလွန်းစေပါသည်။ ဒါကြောင့် စောစောကလို သူ တည်ငြိမ်နေနိုင်ခဲ့သည်ထင်သည်။ တည်ရှိပုံချင်း ပြောင်းလဲသွားခဲ့ပေမယ့် ရင်ထဲက တည်ဆောက်ထားသည့် အရာက တည်မြဲနေ၍ပင်ပဲလား။ လူသားနှစ်ဦးရဲ့ စည်းခြားထားသည့် ပတ်သက်မူနှင့် မဖြစ်နိုင်သည့် လူ့သဘာဝ ဖွဲ့စည်းပုံတွေက ထိုလူနှစ်ယောက်ရဲ့ ရင်ထဲက ခံစားမှုကို မကွယ်ပျောက်စေဘူးလား။ ပုံဖော်ပြီး ဖမ်းဆုပ်၍မရသည့် ခံစားမှုလေးက လူတစ်ယောက်ရဲ့ စိတ်နှလုံးသားထဲ တည်ရှိနေတယ်ဆိုရုံက ထိုလူရဲ့ အနာဂတ်တစ်ခုလုံး ပြောင်းလဲစေသည်ထင်သည်။ ဒါကြောင့် လောကကြီးမှာ စိတ်သည်သာ ကြောက်စရာအကောင်းဆုံးဟု ပြောဆိုသတ်မှတ်ကြသည်ထင်သည်။

" အချိန်တောင် တော်တော်ကြာသွားပြီပဲ။ "

လက်မှ နာရီကို ငုံ့ကြည့်ပြီး ပြောလာသည့် သူ့ စကားကြောင့် ကျွန်မ လည်း လက်မှ နာရီကို အလိုလို အကြည့်ရောက်သွားသည်။ နေ့ခင်း ၁ နာရီထိုးတော့မည်။ သူနှင့် ပက်သက်ပြီး အနည်းငယ် ဆက်မေးရန် မေးခွန်းများ ကျွန်မဆီတွင် ကျန်နေသေးသော်လည်း ညနေပိုင်းပြုလုပ်မည့် ကျွန်မရဲ့ မင်္ဂလာပွဲကြောင့် အခု အင်တာဗျူးကို အဆုံးသတ်သင့်ပြီဟု ကျွန်မ တွေးလိုက်သည်။ တကယ်ဆိုရင် ကျွန်မ သူ့အား မေးခွန်းတွေ မြောက်မြားစွာ ထပ်မံမေးမြန်းချင်သေးသည်။ သူနှင့် ထိုလူရဲ့ နောက်ထပ် ပတ်သက်မူတွေ ။ အနေအထားတွေ။ နာကျင်မှုတွေကို ကျွန်မ ထပ်သိချင်သေးသည်။ ဒါပေမယ့် အခုလို ကျွန်မကို ပြောပြနေသည့် သူ့ အဖြေများနှင့် နာကျင်နေသော သူ့ မျက်ဝန်းများအရတော့ ဆုံစည်းခြင်းဆိုတာ အခုအချိန်အထိ သူနှင့် ထိုလူကြား အလှမ်းဝေးကွာလွန်းနေဆဲ ဖြစ်လိမ့်မည်။ ဒါဆိုရင် ဘာလို့များ ထိုလူနှင့် ပက်သက်သော သူ့ရင်ထဲက ခံစားချက်များကို ဘာလို့ အခုလို လူသိရှင်ကြား သူရင်ဖွင့်လာသည်လဲ။ ဒါက သူ့ရဲ့ အနုပညာနှင့် သူ့အနာဂတ်တစ်ခုလုံး။ ဟင့်အင်း ။ မဟုတ်သေးဘူး။ ဒါက အချိန်ကြာမြင့်စွာ ဖုံးကွယ်ထားသည့် သူ့ မိသားစုများအတွက် ရိုက်ခတ်မူတွေ မဖြစ်နိုင်ဘူးလား။ ဒီသတင်းကို ကျွန်မ ချပြလိုက်သည်နှင့် သတင်းလောကသားများက သူနှင့် ပက်သက်သည့် ထိုလူကို စုံစမ်းမည်။ ပြီးတော့ သူ့ရဲ့ မွေးစားမိသားစုအကြောင်း စုံစမ်းမည်။ ဘုရားရေ။ နောက်ဆက်တွဲ အဖြစ်အပျက်တွေက ဘာတစ်ခုမှ ကောင်းမွန်သည်မှ မဟုတ်ပဲ။ kim jaejoong ရှင် ရူးများ နေခဲ့ပြီလား။ ကျွန်မ သူ့အား နားမလည်နိုင်စွာ ပြီးတော့ အံ့ဩစိတ်ပျက်စွာ ငေးကြည့်လိုက်မိသည်။ ဒါပေမယ့် ကျွန်မ တွေးထင်ထားသလို သူ့ မျက်ဝန်းထဲမှာ စိုးရိမ်ကြောက်ရွံ့ခြင်းနှင့် နောင်တရခြင်းတွေကို မတွေ့ရတော့ သူ့အား ကျွန်မ ရူးမိုက်လွန်းလှသူဟု မှတ်ချက်ပြုချင်သည်။ ကျွန်မ အတွေးများနှင့် သက်ပြင်းတစ်ချက်ချလိုက်မိတော့ သူက သဘောကျစွာ ပြုံးလာသည်။ ပထမဆုံးအကြိမ်မြင်တွေ့ရသည့် သူ့ရဲ့ လွတ်လပ်ပေါ့ပါးစွာ ပြုံးလာသည့် အပြုံးရဲ့ လှပမှုကို ကျွန်မ မျက်တောင်ခတ်ဖို့ မေ့လျော့ကာ ငေးမောကြည့်နေမိသည်။ သူ ပျော်နေသည်လားကွယ်။ အခု အင်တာဗျူးအပြီးမှာ သူ့စိတ်တွေက ပေါ့ပါးနေပြီး ကျွန်မ စိတ်တွေက လေးလံနေခဲ့သည်ကို ကျွန်မ မည်ကဲ့သို့ နားလည်ရမည်လဲနော်။

" ခေါင်းစဉ်ကို မင်း ဘယ်လိုပေးမှာလဲ။ "

" ရှင်။ "

" အခု ငါ့ရဲ့ အင်တာဗျူသတင်းခေါင်းစဉ်ကို မင်း ဘယ်လိုပေးမှာလဲ "

ကျွန်မ လက်ထဲရှိ အစိမ်းရောင်မှတ်စုစာအုပ်ကို မေးငေါ့ပြရင်း သူ ကျွန်မကို မေးလာသည်။ ကျွန်မ လက်ထဲမှ မှတ်စုစာအုပ်ကို ကြည့်နေမိသည်။ ဘယ်လို ပေးရမည်လဲ။ သူက ကျွန်မကို စိုက်ကြည့်ရင်း။

" ငါ မင်းပေးမဲ့ ခေါင်းစဉ်ကို သိချင်လို့ပါ စောဟာနူး။ "

ကျွန်မ အသည်းအသန် စဉ်းစားနေမိသည်။ အမှန်တကယ်ဆိုရင် သူ့ဆီလာစဉ်က မာနကြီးသော သူ့အား ပေးစရာ ခေါင်းစဉ်တွေ စဉ်းစားထားတာ အပြည့်ပင်။ ဒါပေမယ့် မထင်မှတ်သော သူ့ဆီမှ အဖြစ်အပျက်အချို့နှင့် ခံစားမှုများကြောင့် ကျွန်မ တွေးထားသည့် ခေါင်းစဉ်များက အသုံးမဝင်တော့သလို ဖြစ်သွားသည်။ ကျွန်မ သူ့ရဲ့ စူးရဲသော အကြည့်ကြား မွန်းကြပ်နေမိသည်။

" kim jaejoong ရဲ့ စွဲလမ်းမှု အနုပညာများလို့ ကျွန်မ ပေးချင်တယ်။ "

သူက ကျွန်မ အဖြေမှာ မျက်ခုံးလေးပင့်လိုက်သည်။ ပြီးတော့ သဘောကျစွာ တစ်ချက်ရီမောလိုက်သည်။ ဘယ်လောက်တောင် သူ သဘောကျနေမိလဲတော့ ကျွန်မ မသိပါ။ ဒါပေမယ့် တစ်ချက်ရီမောလိုက်သည့် သူ့ ပုခုံးလေးက တုန်လှုပ်သွားကာ လှပလွန်းသော သူ့ရဲ့ သွားဖြူဖြူလေးက သူ့အပြုံးကို လှပစွာ တန်ဆာဆင်ပေးနေသည်။ ဒီလောက် ရီမောချင်စရာ မကောင်းသည့် ကျွန်မ အဖြေအတွက် သူ ဘာလို့များ ရီမောနေသည်လဲ။

" ဘာလို့ အချစ်လို့ မင်း ခေါင်းစဉ်မတပ်ရတာလဲ စောဟာနူး။ "

ကျွန်မ သူ့ရဲ့ ပြုံးနေသော မျက်ဝန်းအား ငေးကြည့်နေမိဆဲ။ သူက ခေါင်းကို အနည်းငယ် ငုံပြီး အရှေ့ဆံပင်များကို လက်ဖြင့် အနောက်သို့ သပ်တင်လိုက်တော့ ပြန်လည်ကျရောက်လာသည့် သူ့မျက်နာမှ အပြုံးတွေက တိကနဲ ရပ်တန့်သွားသည်။ လျင်မြန်ပြီး အပြောင်းအလဲမြန်လှသည့် သူ့ မျက်နာလှုပ်ရှားမှုများကို ကျွန်မ ကြည့်ရင်း အံ့ဩနေမိသည်။ အခုတော့ သူ့ မျက်ဝန်းတွေက စောစောကလို လွတ်လပ်မှုအပြုံးတွေ မရှိတော့ အလိုမကျမူများနှင့် စူးရှသည့် အကြည့်တွေသာ ရှိနေသည်။ ကျွန်မ သူ့အား ငေးကြည့်ရင်း တံတွေးတစ်ချက် မြိုချလိုက်မိသည်။

" ဘာလို့ ငါ့ရင်ထဲက ခံစားမှုကို မင်း အချစ်လို့ ခေါင်းစဉ်မတပ်ချင်ရတာလဲ။ "

နှစ်လိုဖွယ် မရှိသော သူ့ရဲ့ စကားလုံးတွေက ပြတ်သားခြင်းတွေပါ အရိပ်ထင်နေသည်။ ကျွန်မ စိတ်ကို တင်းကာ သူ့အား စိုက်ကြည့်နေမိသည်။

" အချစ်က အဲဒီလောက် ဘေးထွက်ဆိုးကျိုး မရှိဘူး jaejoongshii ။ "

သူက ဘေးထွက်ဆိုးကျိုးဆိုသည့် အရာကို ကျွန်မ ကြားရုံ ရေရွတ်နေသည်။

" ဒါကို စွဲလမ်းမှုလို့ပဲ ကျွန်မ ခေါင်းစဉ်တပ်ချင်တယ်။ "

"............"

" စွဲလမ်းခြင်းက ရူးသွပ်ခြင်းရဲ့ အမှတ်တံဆိပ်ပဲလေ။ မိုက်မဲတဲ့ စွဲလမ်းမှုကပဲ ရှင့်ကို အခုလို ပျက်စီးစေတာ။ အချစ်က ရှင် ထင်တာထက် အများကြီး ကျေနပ်စရာကောင်းလှပါတယ်။ "

ရှင့်မှာ အချစ်နဲ့ ပတ်သက်ပြီး မကျေနပ်တာတွေ အရမ်းများနေတယ် ။ ရှင့်မှာ အချစ်နဲ့ ပတ်သက်ပြီး လိုအပ်ချက်တွေ အရမ်းများနေတယ်။ ရှင့်မှာ အချစ်နဲ့ ပတ်သက်ပြီး ရလိုမူတွေ အရမ်းများနေတယ်။ ပြီးတော့ ရှင့်မှာ အချစ်နဲ့ ပတ်သက်ပြီး ဆုံးရှုံးမှုတွေ အရမ်းများနေပြီ။ ကျွန်မ မျက်လုံးက စကားလုံးများကို သူ အဓိပ္ပာယ်ပြန်တတ်၍လား မသိပါ။ သူ မျက်လွှာချသွားကာ နာနာကျင်ကျင် ပြုံးနေသည်။

" အင်း။ အခုတော့ အဲဒီ စွဲလမ်းမှုတွေ အဆုံးသတ်ရတော့မယ် ထင်ပါတယ်။ "

တိုးတိမ်လွန်းသော သူ့ဆီမှ စကားသံက ကြေကွဲမူတွေ အပြည့်နှင့်ပင်။ ကျွန်မ ဘာရယ်မဟုတ် နာကျင်နေသော သူ့အား နှစ်သိမ့်ပေးချင်သည့် စိတ်တွေ ရင်ထဲဝင်ရောက်လာပြန်သည်။ အရာရာ လွဲချော်ခဲ့သည့် သူတို့ ခံစားမှုတွေအတွက် တစ်စုံတစ်ရာသော နှစ်သိမ့်မူတွေ ရှိစေချင်မိသည်။ ကျွန်မ သက်ပြင်းချကာ လက်ထဲရှိ အစိမ်းရောင် မှတ်စုစာအုပ်ကို ပိတ်လိုက်သည်။ ပြီးတော့ စားပွဲပေါ်ရှိ ဘောလ်ပင်နှင့် ကာလာဆော့ပင်များကို ကျွန်မဘေးတွင် ချထားသော ခပ်ကြီးကြီးပိုက်ဆံအိတ်ထဲ ထည့်လိုက်သညါ။ ကျွန်မ စားပွဲပေါ်ရှိ ဖုန်းကို ကောက်ကိုင်တော့ ဖုန်းစခရင်က ကိုကို့ရဲ့ နှုတ်ခမ်းပုံက ပေါ်လာသည်။ ကျွန်မ ငြိမ်သက်စွာ ထိုဖုန်းစခရင်မှ ကိုကို့နှုတ်ခမ်းရှိ မှဲ့မက်လေးကို လက်ညိုးဖြင့် ညင်သာစွာ တို့ထိနေမိသည်။ သူက ကျွန်မ အပြုအမူကို ငေးကြည့်လာသည်။ ကျွန်မ သူ့အား ကြည့်ကာ။

" ကျွန်မ တစ်ခုလောက် မေးလို့ရမလား kim jaejoong ။ ဒါက အင်တာဗျူ နဲ့ မဆိုင်ပါဘူး။"

သူက ဘာလဲဆိုသည့် ပုံစံဖြင့် မေးငေါ့လာသည်။ ကျွန်မ သူ့အား စိုက်ကြည့်ကာ။

" ရှင် ဘာလို့ ကျွန်မနဲ့ အင်တာဗျူဖြေဖို့ ဆုံးဖြတ်ခဲ့တာလဲ။ "

ကျွန်မ စကားအဆုံး သူက သဘောကျစွာ ပြုံးလာသည်။ ကျွန်မ သူ့ရဲ့ လှပသည့် အပြုံးကို ငေးကြည့်ရင်း ဖြေလာမည့် သူ့ဆီမှ အဖြေကို မျှော်လင့်နေမိသည်။ သူက ထိုင်နေရာမှ ထရပ်လိုက်သည်။ ကျွန်မလည်း ဘေးရှိ ပိုက်ဆံအိတ်ကို လှမ်းယူလွယ်ပြီး သူနှင့်အတူ အလိုလို လိုက်ရပ်လိုက်သည်။

" မင်း ဖြစ်နေလို့ပါ။ "

" ရှင်။ "

" အိမ်တံခါးကို ပြန်ပိတ်ခဲ့ပေးပါနော်။ "

ကျွန်မ အံ့ဩနေစဉ်မှာပင် နှင်လွတ်ဟန်မပါသည့် သူ့ရဲ့ အနှင်သဘောဆောင်သော စကားကြောင့် သူ ကျွန်မ့မေးခွန်းကို မဖြေချင်ဘူးဆိုတာကို ကျွန်မ ရိပ်မိလိုက်သည်။ ကျွန်မ သူ့အား ခေါင်းငုံ့ပြီး နှုတ်ဆက်လိုက်သည်။

" နောက်တစ်ခါ ပြန်တွေ့ရတာပေါ့ jaejoongshii "

နောက်တစ်ကြိမ်တော့ အခုထက် ပိုပြီး နွေးထွေးသော အနေအထားမျိုးနှင့် ကျွန်မ သူ့အား ပြန်တွေ့ချင်ပါသည်။ လောကကြီးကို ကျေနပ်နေတဲ့ kim jaejoong အဖြစ်နဲ့ပေါ့။ ကျွန်မ ပြောပြီး လှည့်ထွက်လာလိုက်သည်။

" ဆောရီး။ စောဟာနူး။ "

အိမ်တံခါး အရှေ့အရောက် ကြားလိုက်သည့် သူ့စကားသံကြောင့် ကျွန်မ သူ့အား ပြန်လှည့်ကြည့်လိုက်မိသည်။ ဘာကို သူ ပြောသည်လဲ။ အံ့ဩစရာကောင်းလှသည်ကတော့ ကျွန်မအား အနိုင်ပိုင်းယူကာ ကြည့်နေသော သူ့မျက်ဝန်းတွေက မီးရောင်ကြားမှာ တောက်ပပြီး လှပလွန်းနေခဲ့သည်။ ကျွန်မ ဘာမှ မပြောဘဲ သူ့ ခြံထဲမှ ထွက်လာခဲ့တော့သည်။ ကျွန်မ သူ့ ခြံနှင့် အနည်းငယ်လှမ်းသော နေရာသို့ လမ်းလျှောက်သွားပြီး အငှားကားတစ်စီးငှားရန် စောင့်နေမိသည်။ အငှားကား စောင့်ရင်း အိတ်ထဲရှိ မှတ်စုစာအုပ်ကို ဖတ်ကြည့်နေလိုက်သည်။ ပြီးတော့ ဌာနမှူးအား ကျွန်မ လာရန် ဖုန်းဆက်ထားလိုက်သည်။ ကျွန်မ မေးလာသည့် အကြောင်းများကို ဌာနမှူးသိရင် အံ့ဩနေလိမ့်မည်ထင်သည်။ ကျွန်မ အငှားကားတစ်စီးပေါ် တင်ပြီး ကုမ္ပဏီသို့ ထွက်လာခဲ့သည်။ လမ်းပေါ် ကျွန်မ မှတ်စုစာအုပ်ဖတ်နေရင်း နားမလည်စွာ ခံစားနေမိသည်။ ဘာလို့ သူ အခုမှ ဒီအကြောင်းကို ရင်ဖွင့်လာသည်လဲ။

( အခုတော့ စွဲလမ်းမှုတွေ အဆုံးသတ်ရတော့မယ် ထင်ပါတယ်။ )

နောက်ဆုံးပြောသွားသည့် သူ့ရဲ့ အဖြေစကား။ ကျွန်မ စိတ်ထဲ အမည်မသိသော စိုးရိမ် ကြောင့်ကြခြင်းတွေ အထိတ်တလန့် ဝင်ရောက်လာသည်။ အဆုံးသတ်မည်။ မဖြစ်နိုင်ဘူးနော်။ မဖြစ်နိုင်ဘူး။ စိတ်ထဲ ငြင်းဆန်ကာ နေပေမဲ့ နာကျင်ပြီး ကြေကွဲအထီးကျန်နေသော သူ့ မျက်ဝန်းက အပြီးသတ်လွတ်လပ်မှုကို ခံစားမိတော့ ကျွန်မ အငှားကားကို အလျင်အမြန်ရပ်ခိုင်းကာ သူ့ရှိရာ နေအိမ်သို့ အပြေးလာခဲ့မိသည်။ သူ့ ခြံတံခါးရှေ့ အပြေးအလွှားရောက်လာကာ အမောပင်မဖြေနိုင်ခင် ကျွန်မ လူခေါ်ခုလုပ်ကို နိုပ်လိုက်သည်။ တစ်ချက်။ နှစ်ချက်။ သုံးချက်။

" kim jaejoong. "

မီးလင်းမလာသည့် လူခေါ်ခုလုပ်အား ကျွန်မ ငေးကြည့်ရင်း စိတ်များ ဖိစီးနေမိသည်။ ကျွန်မ ဖုန်းဖွင့်ပြီး အင်တာနက်မှ သူ့ အကြောင်းကို ရှာလိုက်ကာ ခြံတံခါးရဲ့ လျှိုဝှက်နံပါတ်ကို ဖြစ်နိုင်သည်များ စိတ်ကူးပြီး နိုပ်နေမိသည်။ သူ့ ပထမဆုံး ဆိုလိုထွင်သည့် နေ့။ သူ အကြိုက်ဆုံး နံပါတ်။ သူ့ရဲ့ မွေးနေ့။ ဟင့်အင်း။ တစ်ခုမှ မဟုတ်သေးဘူး။ ကျွန်မ တစ်စုံတစ်ရာကို သတိရသွားမိသည်။

(ကျွန်တော့် မွေးနေ့အမှန်က ပရိသတ်သိတဲ့မွေးနေ့နဲ့ ၃၇ ရက်ကွာတယ်။ )

ကျွန်မ စိတ်ထဲ တွက်ချက်ကာ ရလာသည့် နံပါတ်ကို နိုပ်လိုက်သည်။ ၆၀၂၁၉၈၆ ။ ဒီနေ့လား။ ဟော! ။ ပွင့်လာသည့် ခြံတံခါးကြောင့် ကျွန်မ ဘာမှ ဆက်မတွေးနိုင်ပဲ အိမ်ထဲ ပြေးဝင်သွားလိုက်သည်။ တိတ်ဆိတ်နေသော အိမ်ခန်းထဲ သီချင်းသံ သဲ့သဲ့သာ ကြားနေရသည်။ သူရဲ့ နောက်ဆုံးထွက်ခဲ့သည့် love you more သီချင်း။

" jaejoongshii "

ကျွန်မ သူ့ နာမည်ကို အော်ခေါ်ကာ လိုက်ရှာနေမိသည်။ တိတ်ဆိတ်သည့် အိမ်ထဲ သူ့ အရိပ်အရောင်ကို ကျွန်မ မမြင်ရသေး။ အပေါ်ထပ်သို့ တက်ရန်ကျွန်မ ခြေလှမ်းပြင်လိုက်စဉ် အနည်းငယ် ဟနေသော ထောင့်စွန်းရှိအခန်းတခါးကြောင့် ကျွန်မ ခြေလှမ်းက ထိုအခန်းကို ဦးတည်လိုက်သည်။ သီချင်းက ထိုအခန်းက လာသည်ထင်သည်။ ကျွန်မ အခန်းတံခါးကို ဖြေးဖြေးဖွင့်ကာ အခန်းထဲ ကြည့်လိုက်တော့။ အိုးးးးးးးး။

" kim jaejoongshii ။ "

ကျွန်မ အထိတ်တလန့်အော်ကာ အနီရောင်မီးရောင်တို့ကြား အခန်းထဲရှိကြမ်းပြင်ပေါ်တွင် ပုံလျှက်လဲကျနေသော သူရှိရာ ပြေးသွားလိုက်သည်။ ကျွန်မ သူ့ရဲ့ ကိုယ်လေးအား မကာပွေ့လိုက်တော့ သူ့ကိုယ်က ကျွန်မ ရင်ခွင်ထဲ ပျော့ခွေကာ ရောက်လာသည်။ ဘုရားရေ။ သူ အသက်မရှုတော့ဘူးလား။

" jaejoongshii။ ရှင် သတိရပါဦး။ kim jaejoongshii ။ "

ကျွန်မ သူ့ဘေးကြမ်းပြင်ပေါ်ရှိ ပျံကျဲနေသော အဖြူရောင်ဆေးလုံးများကို ကြည့်ရင်း စိတ်များ ထိတ်လန့်နေမိသည်။ ဘာလို့များ။ ဘာလို့များကွယ်။ သူ့အား မိုက်မဲလှချည်ရဲ့လို့ ကျွန်မ တွေးချင်မိသည်။ ကျွန်မ စောင့်တည်ရာမရ ဖြစ်နေရင်းမှ ၁၉၉ကို ဖုန်းဆက်ရန် အတွေးဝင်လာသည်။ ကျွန်မ လက်တစ်ဖက်က သူ့အား ထွေးပွေ့ရင်း ကျန်လက်က ဖုန်းကို နိုပ်လိုက်သည် ။

" ဟဲလို။ ၁၉၉ ကပါ။ ဘာကူညီပေးရမလဲ။ "

" ဒီကို အမြန်ဆုံးလာပေးပါ။ ဒီမှာ လူတစ်ယောက်!....."

ကျွန်မ စကားလုံးများ ရပ်တန့်ကာ ဖုန်းကို ကိုင်ထားရင်းပင် အသက်မရှိသလို ငေးငေါင်မိသွားသည်။ မြတ်စွာဘုရား!။ ဒါက။ ဒါတွေက။ ကျွန်မ အနီရောင်မီးရောင်များကြား လှမ်းမြင်နေရသည့် အခန်းနံရံပေါ်အပြည့် ဓါတ်ပုံများ။ နံရံအပြည့် ပြည့်နှက်နေသာ ဓါတ်ပုံများက လူတစ်ဦးတည်းရဲ့ ပုံတွေပင်။ လူတစ်ယောက်ရဲ့ ပြုံးရီနေသော ပုံ။ လူတစ်ယောက်ရဲ့ အဝေးသို့ လှမ်းကြည့်နေသော ပုံ။ လူတစ်ယောက် လက်မထောင်နေသော ပုံ။ ကျွန်မ စိတ်ခြောက်ခြားမူများနှင့် အခန်းနံရံရှိ ပုံများကို ထိတ်လန့်စွာ ငေးမောကြည့်နေမိသည်။

" ဟဲလို။ ဘာကူညီရမလဲနော်။ "

တစ်ဖက်က လှမ်းမေးနေသော စကားသံက ကျွန်မ အသိစိတ်ဓာတ်တွေကို ရိုးချိုက်ပစ်နေသလိုပင်။ တစ်စုံတစ်ရာကို ပြန်ဖြေရန် ဟန်ပြင်နေသော ကျွန်မ နှုတ်ခမ်းက အဖြေစကားက ကျွန်မ ရင်ထဲရှိ မယုံကြည်နိုင်မူနှင့် ထိတ်လန့်ခြင်းကြား စွံ့အနေမိသည်။ ကျွန်မ မျက်လုံးမှိတ်နေသော ရင်ခွင်ထဲရှိ သူ့အား တစ်ချက်ငုံ့ကြည့်ပြီး နံရံရှိ လက်ရှိလက်စွပ်ကို ကျေနပ်စွာ နမ်းရှိုက်နေသော ယောကျာင်္းတစ်ယောက်ရဲ့ ပြီးပြည့်စုံသည့်အပြုံးကို ငေးကြည့်ရင်း ထိုပြီးပြည့်စုံသော အပြုံးအောက်က လှပသော မှဲ့နက်လေးကို ကျွန်မ နာကျင်စွာ နာကျင်စွာ ငေးကြည့်နေမိသည်။

ကိုကို။

သူ။ ကျွန်မ သိချင်သည့် နောက်ဆုံး မေးခွန်းကို ဖြေသွားခဲ့သည်။

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

မေးခွန်း(၁၀)

(ဘာလို့ ကျွန်မနဲ့ အင်တာဗျူ ဖြေဖို့ ဆုံးဖြတ်ခဲ့တာလဲ။ )

ထိုညနေက ကျွန်တော့် လမ်းခွဲစကားအဆုံး သူ့ထံမှ မှတ်ချက်စကား ဘာတစ်ခွန်းမှ ထွက်ကျမလာခဲ့ပါ။ ကျွန်တော် ပြန်သည့် အချိန်တောင် သူက နေခဲ့ဦးမည်ဟု ဆိုကာ ထိုပင်လယ်ကမ်းစပ် သဲသောင်ပြင်ပေါ်တွင် သူ ထိုင်နေခဲ့သည်။ ကျွန်တော် တိတ်ဆိတ်ငိုကြွေးပြီး သူ့အား လှည့်ကြည့်လိုက်တော့ နီရဲနေသော အနီရောင်နေမင်းကြီးအောက်ရှိ ရိုက်ခတ်နေသော အဆုံးမရှိ ပင်လယ်ရေလှိုင်းများကြား သူ့ရဲ့ ကြေကွဲနေသော ကျောပြင်လေးသာ မြင်နေရသည်။ ကျွန်တော့် အမြင်အာရုံကွယ်ပျောက်သည်အထိ ကျွန်တော် သူ့ရဲ့ ကျောပြင်ကို နာကျင်စွာ မျက်ရည်များကြား ငေးကြည့်နေမိသည်။ ထိုပုံရိပ်လေးက ပထမဆုံးအကြိမ် မဟုတ်ပေမယ့် နာကျင်ကြေကွဲမူကတော့ ပထမဆုံးအကြိမ်ကထက် ပိုပြီး ခံရခက်ခဲ့သည်။ ကျွန်တော်တို့တွေ အရမ်းကို ရင်းနှီးခဲ့ကြပြီးပြီး မဟုတ်လား။ ကျွန်တော်တို့တွေ ဘယ်တော့မှ မခွဲဘူးလို့ သစ္စာမပြုခဲ့ကြပေမယ့် ဘယ်အရာကမှ မခွဲနိုင်ဘူးလို့ ယုံကြည်ခဲ့ကြသည် မဟုတ်လား။ ဒါပေမယ့် ဝမ်းနည်းစရာကောင်းလှသည့် ကံကြမ္မာအချို့က ကျွန်တော်တို့ အချစ်ကို ဖျက်ဆီးစေခဲ့သည်လား။ ထိုကဲ့သို့ အခုအချိန် ကျွန်တော် တွေးမိရင် ကျွန်တော်တို့ ရင်ထဲက အချစ်က ဘာမှ မဟုတ်ခဲ့သည့် အပေါစားခံစားမူလေလားဟု သံသယဝင်လာမိသည်။ ဟင့်အင်း။ အဲလိုလည်း မဟုတ်ရပါဘူး ကလေးရယ်။ ကလေးနဲ့ ကျွန်တော်တို့ အချစ်တွေက တန်ဖိုးဖြက်လို့မရလောက်အောင် ကြီးမားနေခဲ့လို့ပါဟု ကျွန်တော် ဖြေတွေးမိပြန်သည်။

ကျွန်တော် ဆိုးလ်ကိုပြန်ရောက်ပြီး တတိယဆိုလိုအခွေအတွက် အလုပ်များနေချိန်မှာ သူ အမေရိကားသို့ ထွက်သွားသည်ဆိုသည့် သတင်းကို ကြားလိုက်ရသည်။ ထိုသတင်းကြားချိန်က ကျွန်တော် ဘွားဘွားမွေးနေ့ ဘူဆန်သို့ ပြန်ရောက်သည့် အချိန်ပင်ဖြစ်သည်။ ဘွားဘွားကတော့ မွေးနေ့အမှီလေးအထိတောင် အနားမနေသည့် သူ့အား စိတ်ဆိုးကာ ဝမ်းနည်းနေပေမဲ့ အမေရိကားရောက်တာ တစ်ပတ်ပင်မပြည့်သေးသည့် သူ့အား လူကြုံနှင့် စားစရာတွေထည့်ပေးနေသည်။ ကမ်းခြေမှ ပြန်ရောက်လာစဉ်ကတည်းက အဆက်အသွယ်မလုပ်ခဲ့မိသည့် ကျွန်တော်က သူ့သတင်းကို ကြားကြားချင်း စိတ်မကောင်းဖြစ်မိသေးသည်။ ဘယ်လိုအခြေအနေမျိုးပဲ ဖြစ်ဖြစ် အနည်းဆုံးတော့ သူ ကျွန်တော့်အား နှုတ်ဆက်သင့်သည်ဟု တွေးတောကာ ထိုအချိန်က ကျွန်တော် အမှန်တကယ် သူ့အား စိတ်နာမိသည်။ ကျွန်တော်တို့နှစ်ယောက်က မချစ်၍ လမ်းခွဲခဲ့သည်မှ မဟုတ်ပဲ။ ကျွန်တော် မည်မျှထိ သူ့အား ချစ်သည်ဆိုတာ သူသိရဲ့နှင့် ။ အရာရာ ပေးဆပ်ကာ ကျွန်တော် ချစ်ခဲ့သည်ကို သူသိရဲ့နှင့် ။ တကယ်တမ်း အခုအချိန် ကျွန်တော် ပြန်တွေးကြည့်ရင် ဘယ်တုန်းကမှ နှုတ်ဆက်စကား မပြောသည့် သူက ထိုအချိန်က ကျွန်တော့်အား နှုတ်ဆက်စကား မဆိုသည်ကို နားလည်လာမိသည်။ နှုတ်ဆက်ခွဲခွာခြင်းက သူ့အတွက် ကျွန်တော့်အား မရှိစေချင်ခဲ့ဘူးလေ။ ထိုကဲ့သို့ ကျွန်တော် တွေးမိပြန်တော့လည်း သူ့ရင်ထဲရှိ ကျွန်တော်နှင့် ပတ်သက်သည့် အချစ်ဆိုသည့် ခံစားမှုက ထုထည်မည်မျှ ကြီးမားနေသည်လဲ မသိခဲ့တဲ့ ကျွန်တော့်ကိုယ်ကျွန်တော်သာ အပြစ်တင်မဆုံး ဖြစ်မိသည်။ ကလေးရယ် ။ ကလေး ကျွန်တော့်ကို ထိုမျှလောက် ချစ်ခဲ့လိမ့်မည်လို့ ကျွန်တော် မသိခဲ့ပဲ။ အလွမ်းဆိုတဲ့ ခပ်ဆိုးဆိုး ခံစားမှုမှာ ကျွန်တော်ကိုယ်တိုင် ကလေးကိုရော ကျွန်တော့်ကိုပါ နာကျင်စေခဲ့တယ်။

သူ အမေရိကားသွားသည့် ခပ်စောစော အချိန်ကာလများတွင်တော့ ကျွန်တော် သူ့အား လွမ်းစွတ်တမ်းတမိပေမယ့် မဆက်သွယ်ခဲ့ပါ။ ကျွန်တော် ကုမ္ပဏီပြောင်းကာ စာချုပ်ကိစ္စများနှင့် ကျွန်တော့် တတိယဆိုလိုခွေ ကိစ္စများအတွက် ကျွန်တော် အလုပ်များနေခဲ့သည်။ သူ့ ထွက်သွားသည့် ၃လအကြာမှ ကျွန်တော့် ဆိုလိုခွေထွက်ကာ နောက်ထပ်အောင်မြင်မှုနှင့်အတူ ကျွန်တော့်ရဲ့ အနုပညာက ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာသည်။ ကမ္ဘာလှည့် ဖျော်ဖြေပွဲများနှင့်အတူ ပရိသတ်များရဲ့ လက်ခုပ်သံကြား ကျွန်တော် သူ့အား အနည်းငယ်မေ့လျော့နေခဲ့မိပြန်သည်။

သူနှင့် ကျွန်တော် ပြန်လည်တွေ့ဆုံသည်က အမေရိကားတွင် ၈လမျှ သူနေထိုင်ပြီး ကိုရီးယားသို့ပြန်လည်ရောက်ရှိချိန်ဖြစ်သည်။ ဘွားဘွားရဲ့ ကျန်းမာရေးအခြေအနေကြောင့် ဒီမှာပင် လုပ်ငန်းပြန်လုပ်ရန် ဆုံးဖြတ်လိုက်သည့် သူ့ ဆုံးဖြတ်ချက်ကို ထိုအချိန်ကျွန်တော် တိတ်တဆိတ် ကျေနပ်ခဲ့သည်။ အချိန် တစ်နှစ်နှီးပါး ကြာမြင့်စွာ မတွေ့ရသည့် သူ့အား ကျွန်တော် ပြန်တွေ့စဉ်က ဘွားဘွားနှင့် ဒေါ်လေးတို့ကြား ကျွန်တော်တို့ အနေခက်စွာ ငြိမ်သက်နေခဲ့ကြသည်။ အနုပညာအလုပ်များနှင့် သိပ်မရောက်လာဖြစ်သည့် ကျွန်တော့်အား ဘွားဘွားက သူပြန်ရောက်လာချိန်မှ ကျွန်တော်ရောက်လာတော့ ကံဆုံလွန်းတဲ့ တူဝရီးဟု ရီမောစွာ စနောက်နေခဲ့သေးသည်။ ကျွန်တော်နှင့် သူကတော့ ဘွားဘွားစကားကြား ပြုံး၍သာ ငြိမ်သက်နေခဲ့ကြသည်။ မကြာခဏ လာလည်ပါကွယ်ဟု မှာခဲ့သည့် ဘွားဘွားစကားကို ကျွန်တော် ဘွားဘွားကျေနပ်အောင် ကျွန်တော် ခေါင်းငြိမ့်ခဲ့သည်။

" မင်း အရမ်းကို အောင်မြင်လာတယ် joongie ။ "

ပြန်လည်တွေ့ဆုံချိန် ကျွန်တော့်အား ပထမဆုံးပြောသည့် သူ့စကားပင်။ အရင်လို အိမ်ရှေ့ ကင်ချီအိုးများရှိရာ ပန်းပင်များကြား ပြုလုပ်ထားသည့် ခုံတန်းပေါ် ကျွန်တော်တို့ အတူတူ ထိုင်နေရင်း။ ဟိုအရင်ကတော့ ဒီလိုအချိန်ဆို သူ့ ပေါင်ပေါ် ကျွန်တော် ခေါင်းအုံးကာ လှဲနေတတ်ပေမယ့် အခုတော့ ကျွန်တော်တို့ကြား တစ်ပေစာမျှ အကွာအဝေးရှိနေခဲ့ကြသည်။ ထိုတစ်ပေက ကျွန်တော်တို့အတွက်တော့ တစ်ကမ္ဘာစာရှိမည်ထင်ခဲ့သည်။

" ကလေးရော အသားဖြူလာတယ်။ ပြီးတော့ အရမ်း ကြည့်ကောင်းလာတယ်။ "

သူ သဘောကျစွာ ပြုံးလေတော့ ကျွန်တော် သူ့အား ပထမဆုံးမြင်စဉ်ကလိုပင် သူ့ရဲ့ ဘေးတိုက်မျက်နာအကျကို ငေးမောကြည့်နေမိသည်။ ထိုအချိန်က ကျွန်တော့်ကဲ့သို့ သူ့အား ငေးကြည့်နေမည့် မိန်းကလေးတစ်ယောက် ရှိခဲ့သည်ကို မတွေးမိရင်းပေါ့။ ဟုတ်တယ်။ ကလေးရဲ့ အပြုံးနှင့် ကလေးရဲ့ ပြီးပြည့်စုံမူကို ကျွန်တော်သာ ထာဝစဉ်ပိုင်ဆိုင်နိုင်သည်ဟု ကျွန်တော်က တိတ်တဆိတ် ယုံကြည်နေခဲ့မိသည်ကိုး။

" ပြုံးလိုက်ရင် အရမ်းလှတဲ့ မိန်းကလေးတစ်ယောက်ကို ငါ တွေ့ခဲ့တယ်။ "

ဒါက ကျွန်တော်နှင့် ကလေးကြား ပထမဆုံး ကလေးနုတ်ဖျားမှ ထွက်ကျလာသည့် မိန်းကလေးတစ်ဦး၏ အကြောင်းပင်ဖြစ်သည်။ ဒါပေမယ့် ထိုအချိန်က ကျွန်တော့် စိတ်ထဲ စိုးရိမ်ခြင်းတွေ ရှိမနေခဲ့သည်က ဟိုအရင်က ကျွန်တော်တို့အချစ်ကြောင့်လား။

" အမေရိကားမှာလား။ "

" အင်း။ သူ့ကို မြင်တော့ အရမ်းအံ့ဩခဲ့တာ။ သူ့လို မိန်းကလေးမျိုး အပြင်မှာ တကယ်မရှိဘူးလို့ ကိုယ်တို့ ထင်ခဲ့တာလေ။ ကိုယ်လည်း အံ့ဩပြီး မင်း အပြုံးက သိပ်လှတာပဲလို့ သူ့ကို ပြောလိုက်မိတယ်။ "

ကျွန်တော် သူ့စကားကို ထိုအချိန်က သဘောကျစွာ ရီမောခဲ့မိသည်။ သူရော ကျွန်တော်ရော ရီမောသံက ပန်းပွင့်တွေရဲ့ ရနံ့ကြား လှပတဲ့ သံဇဉ်တစ်ခုလိုဖြစ်ခဲ့သည်လေ။ ထိုအချိန်ကတော့ ထိုအပြုံးလှသည့် ကောင်မလေးကို စိတ်ထဲကျေးဇူးတင်ခဲ့မိသည်။ ထိုအကြောင်းအရာက ကျွန်တော်နှင့်သူ့ကြားက အနည်းငယ်စိမ်းနေသော ဆက်ဆံရေးကို နီးကပ်စေခဲ့သည်ကိုး။ ပြီးတော့ ထိုကဲ့သို့ အကြောင်းအရာက နောက်ထပ်ကျွန်တော်နှင့် သူ့ကြား ရှိလာမည်မဟုတ်ဘူးဟု ကျွန်တော် ယုံကြည်ခဲ့မိတော့။ အခုအချိန် ဖူးစာဆိုသည့် စကားလုံးကို ကျွန်တော် မုန်းတီးမိသည်။

" ကိုယ် အဲဒီ မိန်းကလေးကို ဒီမှာ ပြန်တွေ့တယ်။ ငါ လက်ထပ်ခွင့် တောင်းခဲ့တယ်။ "

ဒါက သူ ကိုရီးယားသို့ ပြန်လည်ရောက်လာသည့် ၃နှစ်ကြာ အချိန်တွင်ပင် ဖြစ်သည်။ ထိုအချိန်က သူ့စကားကြား ကျွန်တော် ထိုမိန်းကလေး ဘာပြန်ဖြေလဲဟုတောင် မမေးမိခဲ့ပါ။ လက်ထပ်ခြင်းက ကျွန်တော်တို့နှစ်ယောက်ကို ဝေးကွာစေသည်မှာမှ မဟုတ်ပဲဟု ထိုအချိန်က ကျွန်တော် မိုက်မိုက်မဲမဲ ယုံကြည်နေမိပေမယ့် စိုးရိမ်စိတ်တွေ အနည်းငယ်တော့ ဝင်ရောက်လာခဲ့သည်။ ဒါပေမယ့် အမုန်းမပွားပဲ အဆင်ပြေနေသော သူနှင့် ကျွန်တော့်ကြားက ဆက်ဆံရေးကို ကျွန်တော် တန်ဖိုးထားကာ ဝင်ရောက်လာသည့် စိုးရိမ်စိတ်တွေကို မေ့ပစ်ခဲ့မိသည်။ တကယ်ဆိုရင် ကျွန်တော် လိုအပ်နေသည်က နေမကောင်းရင် နေကောင်းလား မေးသည့်၊ မွေးနေ့ရောက်ရင် မွေးနေ့ဆုတောင်းပေးသည့်၊ အဆင်မပြေရင် နှစ်သိမ့်ပေးမည့် တစ်နှစ်မှ ၅ကြိမ်လောက် တွေ့ဆုံခွင့်ရသည့် ဖြူစင်သည့် သံယောဇဉ်ဆက်ဆံရေးမျိုးမှ မဟုတ်ခဲ့ပဲ။ အခုအချိန် ကျွန်တော့် လိုအပ်သည့် အရာကို သိမြင်မိတော့ အရင်က မိုက်မဲစွာ တန်ဖိုးထားမိသည့် ဖြူစင်မူတွေကို ကျွန်တော် မုန်းတီးမိသည်။ တကယ်တော့ ဆုံးဖြတ်ချက်တွေကြား ဝေးဝါးခဲ့သူက ကျွန်တော်ပါ ကလေးရယ်။

ကျွန်တော်ရဲ့ လိုအပ်ချက်နှင့် မက်မောခြင်းတွေကို ကျွန်တော် သေချာသိမြင်ချိန်ကတော့ သူ့ဆီမှ ထိုမိန်းကလေးအား လက်ထပ်ခွင့်တောင်းသည်ဆိုသည့် အချိန်မှ ၆လခန့်ကြာမြင့်ချိန်ပင်ဖြစ်သည်။ ဘွားဘွားဆီမှ အပြန် ဘွားဘွားရဲ့ ဝမ်းသာအားရ မင်း ဦးငယ်လေး မိန်းမယူတော့မှာ ဆိုသည့် စကားနှင့် နောက်အပါတ်ထဲ ဦးငယ်လေး မွေးနေ့မှာလေ ဆိုသည့် စကားများက ကျွန်တော့်ကို အလန့်တကြားဖြစ်သွားစေသည်။ ဘွားဘွားကတော့ အခြေအနေကို နားမလည်စွာ ကျွန်တော့်အား အနုပညာရှင်ဖြစ်၍ မလာလည်းရသည်ဟု ပြောခဲ့သေးသည်။ ဒါပေမယ့် ဘွားဘွားမျက်ဝန်းတွေကတော့ ကျွန်တော့်အား လာစေချင်သည်လေ။ ဘွားဘွားက မေမေဆုံးသွားပြီးနောက်ပိုင်း ကျွန်တော့်အား စိမ်းကားနေသည်ဟု လာတိုင်းပြောနေကြပင်။ ထိုအချိန်က ခဏနေရင် မင်းဦးလေးနဲ့ သူ့ သတို့သမီးလောင်း ရောက်လာမှာဆိုသည့် ပျော်ရွှင်နေသော ဘွားဘွားစကားကို ကျွန်တော် အဆုံးထိ နားမထောင်တော့ပဲ ဘူဆန်မှ ပြန်လာခဲ့သည်။ ကျွန်တော့် ဘဝတွင် ပထမဆုံးသူ့အား မတွေ့ချင်၍ ရှောင်ပြေးမိခြင်းပင်ဖြစ်သည်။ ကျွန်တော် ကလေးဘေးက မိန်းကလေးကို ယှဉ်တွဲမကြည့်ချင်ဘူးကွယ်။ ထိုနေ့ညက ကျွန်တော် စိတ်လေကာ ကားလျှောက်မောင်းရင်း ည၁၂နာရီ အချိန်လောက်မှ သူနေသည့် တိုက်ခန်းကို ရောက်လာမိသည်။

" ဟော။ မင်း ဘူဆန်က ဘာလို့ အစောကြီး ပြန်သွားရတာလဲ။ "

ကျွန်တော့်ကို မြင်တော့ တည်ငြိမ်စွာ ပြောလာတဲ့ သူ့စကားအဆုံး ကျွန်တော် သူ့ ရင်ခွင်ထဲ တိုးဝင်လိုက်မိသည်။ အခန်းတံခါးပေါက်နား သူက ကျွန်တော့်အား အံ့ဩကာ ရပ်နေဆဲ။

" joongie ....။ "

ကျွန်တော် မက်မောစွာ သူ့နှုတ်ခမ်းကို ခြေဖျားထောက်နမ်းတော့ သူ အထိတ်တလန့်ဖြစ်သွားပေမယ့် ရုန်းထွက်မသွားခဲ့ပါ။ ကျွန်တော် အငမ်းမရနမ်းမိတော့ သူက အခန်းတံခါးကို ဆွဲပိတ်ကာ ကျွန်တော့်ကို တံခါးနှင့် ကျောပြင်ကပ်ကာ အငမ်းမရကျွန်တော့အနမ်းကို ရပ်တန့်လိုက်သည်။

" joongie ... ဘာဖြစ်ချင်နေတာလဲ။ ကိုယ့်ကို ရှင်းရှင်းလင်းလင်းပြောပါ။ joongie ဘာဖြစ်ချင်တာလဲ။ "

" ကျွန်တော် ကလေးနဲ့ အတူတူအိပ်ချင်တယ်။ "

တကယ်တော့ ထိုအချိန်က ကျွန်တော် ဒီထက်ကောင်းသည့် အကြောင်းပြချက်ကို သူ့အား ဖြေပေးခဲ့သင့်တာ။ သူ့ရဲ့ နာကျင်သွားသည့် မျက်ဝန်းက ကျွန်တော့်ကို ကလေးစိတ်နာနေခဲ့သည်ဆိုရင်တောင် ကျွန်တော် တောင်းဆိုမှုကိုတော့ ကလေး မငြင်းဆန်ခဲ့ပါဘူး။ တကယ်ဆိုရင် ကျွန်တော်က ကလေးနားနေချင်ခဲ့ရုံပါ။ ဒါကြောင့် သူ့ ရင်ခွင်ထဲ နစ်မြုပ်စွာ ဖက်ခံထားရသည့် ကျွန်တော်က ဘာစကားတစ်ခွန်းမှ မဆိုပဲ သူ့ နှုတ်ခမ်းကိုသာ ကျီစယ်တို့ထိနေခဲ့တာ။ သူ ဘာလို့ ထိုမိန်းကလေးကို လက်ထပ်ခဲ့သည်လဲ။ သူ ဘာဖြစ်လို့ ထိုနေ့ကို လက်ထပ်ခဲ့သည်လဲ။ ကျွန်တော်မှာ မေးစရာများပြားလှပေမယ့် နောက်ဆုံး သူ့ဆီက မှန်ကန်သည့် အဖြေကို ကျွန်တော် ကြိုတင်သိမြင်မိတော့ နာကျင်မှုကြားမှ ကျေနပ်စွာ ပြုံးနေမိခဲ့သည်။

" မင်း ဦးငယ် ဖိတ်စာ။ "

ဖေဖေ လာပေးသည့် အစိမ်းရောင်ဖိတ်စာကို ကျွန်တော် ကိုင်ရင်း ရီလိုက်မိသည်။ ကျွန်တော့် အပြုံးကို မြင်ပြီး ဖေဖေဆီမှ စောစောက စိုးရိမ်နေသော မျက်လုံးက စိတ်ချလက်ချဖြစ်သွားသည်ထင်သည်။ ဖေဖေ ကျွန်တော့်အား စိုးရိမ်နေခဲ့သည်ထင်သည်။ ကျွန်တော် ထို ဖိတ်စာကို ကိုင်ရင်း တစ်ညလုံးတွေးတောကာ မနက်စောစော အင်တာဗျူးဖြေရန် ဆုံးဖြတ်လိုက်သည်။

" ထိုင်ပါဦး။ "

ပထမဆုံး ကျွန်တော် ထိုမိန်းကလေးကို သနားမိသွားသည်။ သူ့ရဲ့ လက်ချောင်းပုံ ပန်းချီကားရှေ့ရပ်နေရင်း ကျွန်တော့်အား ပြန်လည်လှည့်ကြည့်လာသော ထိုမိန်းကလေးရဲ့ သမာန်ရုပ်ရည်ကြားမှ မာနဖြင့် လင်းလက်နေသော မျက်လုံးကို ကျွန်တော် ကြည့်လိုက်မိသည်။ ဒါက ဒီနေ့ညနေ သူ လက်ထပ်မည့် မိန်းကလေးတဲ့လား။ ကျွန်တော် မာနကြားမှ ဖြူစင်သော အကြည့်တို့ကို ခံစားမိတော့ ကျွန်တော့် အရှေ့မှ ထိုင်နေသော မိန်းကလေးကို သနားစရာ သတ္တဝါတစ်ကောင်လို ပြုံးပြလိုက်သည်။

မင်းက သူ့ အချစ်ကို ငါ့ဆီက လုယူနိုင်မဲ့ မိန်းကလေးမျိုး မဟုတ်တာ လုံးဝသေချာတယ် ။ သနားစရာ။

စောဟာနူး ..... မင်းက ငါ့ရဲ့ ပြိုင်ဘက်တစ်ယောက် မဟုတ်ဘူး။

»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»

Pokračovat ve čtení

Mohlo by se ti líbit

7.1K 500 25
အတိတ်က သိပ်ချစ်ခဲ့ကြတဲ့ချစ်သူနှစ်ဦးဟာ အခုဘဝအထိ သစ္စာကတိတွေ ခိုင်မြဲနေကြသတဲ့လား ... # ဤဇာတ်လမ်းတွင်ပါဝင်သော အကြောင်းအရာများသည် သမိုင်းနောက်ခံများနှင့်...
Dream Heart Od Burma LGBT

Mystery / Thriller

14.7K 575 9
Dream Heart ....? ဟုတ်ပါသည်။ Dream Heart ပါ။ Dream Heart ဟုဆိုလိုက်ရုံနှင့် မသိသူက ခပ်ရှားရှားပင်။ အကယ်၍သင်သည် မြန်မာနိုင်ငံသားတစ်ယောက်ဆိုပါက နိုင...