အပိုင်း-၆

5.7K 583 39
                                    

၅၆၃ ခါ ,,,, ၊၊

ကျွန်မ ထိုဂဏ္ဏာန်းကို စိတ်ထဲ အလိုလို ရေရွက်လိုက်မိသည် ၊၊ ပြီးတော့ ကောင်လေးနှစ်ယောက်ရဲ့ ပြင်းပြသည့် အနမ်းကို ပုံဖော်ရင်း ကျွန်မစိတ်ထဲ ထိုပြင်းပြမူကို အလိုမကျဖြစ်မိသည် ၊၊ တစ်ညလုံး ဤမျှလောက် အကြိမ်အရေအတွက်ကို မငြီးမငြူဖန်တီးခဲ့သည်က မက်မောသည့် စိတ်ဆန္ဒတစ်ခုတည်းနှင့်လား ၊၊ ဒါဆို ထိုမက်မောခြင်းကိုလည်း ကျွန်မ အလိုမကျဖြစ်မိသလိုပင် ၊၊ ဒါက အချစ်လို့ သူ ပြောရင် လွန်ခဲ့သည့် သုံးနှစ်မှ စတင် တွေ့ရှိခဲ့ပြီး ၊၊ လွန်ခဲ့သည့် ၆ လလောက်မှစကာ ချစ်သူ ဖြစ်ခဲ့ကြသည့် ကိုကို့ဆီက အနမ်းဆိုတာ တစ်ပွင့်မှ မရရှိခဲ့သည်ကို ကျွန်မ မကျေမနပ်ဖြစ်မိလာသည် ၊၊ ဒီညနေပင် လက်ထပ်တော့မည့် ကျွန်မနှင့် ကိုကိုကြား စည်းစောင့်ခြင်းဆိုတာ ကိုကို့ရဲ့ အနေတည်မူကြောင့်လား ၊၊ ကျွန်မရဲ့ စတင်တောင်းဆိုဖို့ အရှက်သည်းမူကြောင့်လား ၊၊ ဒါပေမယ့် ဒါကို ကိုကိုရဲ့ ကျွန်မကို တန်ဖိုးထားမူဟု တွေးမိလိုက်တော့ ကျွန်မ စိတ်ကို အနည်းငယ်တော့ စိတ်ဖြေစေပြန်သည် ၊၊

'' အချစ်လို့ ရှင် ပြောလိုက်တာလား ,,,''

ကျွန်မ စကားကို သူ ခနဲ့သလို ပြုံးလိုက်တော့ ကျွန်မ ထိုလှပသည့် အပြုံးကို မနှစ်မြိုသလို ခံစားမိသည် ၊၊ တကယ်ဆို သူ ကျွန်မကို လှောင်စရာ မလိုဘူးထင်သည် ၊၊

'' စောဟာနူး,, မင်းက gay relationship ကို ဆန့်ကျင်တယ်နော် ,,,''

ကျွန်မ မှတ်စုစာအုပ်ကို ပိတ်ကာ သူ့ကို သေချာ စိုက်ကြည့်လိုက်သည် ၊၊ သေချာပြီ ၊၊ သူနှင့် ကျွန်မ့ကြားက မတူညီမူတွေက ထင်ထားသည်ထက် ပိုများနေသည် ၊၊ လူဆိုတာ ခံယူချက်ချင်းတော့ ဘယ်တူကြမလဲ ၊၊ လွတ်လပ်သည့် နိုင်ငံမှာ လွတ်လပ်စွာ ပြောဆို နေထိုင်နိုင်သည်ဆိုပေမယ့် လူဆိုသည့် သတ္တဝါက အသိပညာ မရှိသည့် တိရိစ္ဆာန်မှမဟုတ်တာ ၊၊ အသိတရားနှင့် သဘာဝတရားကို ဖန်တီးရမည် မဟုတ်လား ၊၊ အနည်းငယ်မျှ တစ်ယူသန်သည်ပဲဆိုဆို ကျွန်မကတော့ သဘာဝတရားကို လွန်ဆန်သည့် အခြေအနေကို ဂုဏ်ပြုဖို့ စိတ်ကူး လုံးဝ မရှိပါ ၊၊

'' ဟုတ်တယ်,,, ကျွန်မ တက္ကသိုလ်တက်တုန်းက gay life ဆန့်ကျင်ရေးအဖွဲ့အစည်းထဲ ဝင်ခဲ့ဖူးတယ် ,,''

အစိမ်းရင့်ရင့် အလွမ်းTempat cerita menjadi hidup. Temukan sekarang