ကျွန်တော့်ရဲ့ပြာကလပ်စိန်သတို့...

By ctjctj

38K 3.2K 159

JinKook Fic Starts From Ep 19... I am choiyoung4 ရှေ့ကအပိုင်းတွေ Choiyoung4 မှာရှိပါတယ် More

I am ChoiYoung4
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
Plz Read This..☺
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၃၀)
Bla Bla
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)ဇာတ်သိမ်းပိုင်း

အပိုင်း(၂၉)

2K 173 3
By ctjctj

Jin အလုပ်ကနေစိတ်ဖိစီးမှူတွေများစွာနဲ့ည၇နာရီခွဲ
လောက်အိမ်ပြန်ရောက်လာခဲ့သည်...သူအိမ်ထဲဝင်
တော့သူ့အိမ်သူသက်ထားလေးက ဆိုဖာပေါ်ထိုင်စားပွဲ
ပေါ်ခြေနှစ်ဖက်တင်ပြီးပေါက်ပေါက်စားကာ Tv ကြည့်
နေ၏..သူလာမှကမန်းကတန်းကုန်းရုန်းထပြီးလက်ထဲ
ကလက်ဆွဲအိတ်တွေဘာတွေလာဆွဲရင်း

Kook - Oppa ပြန်လာတာနောက်ကျတယ်နော်
ဘာလုပ်နေတာလဲ အလုပ်များနေတာလား ထမင်း
စားတော့မလား ခူးပေးမယ်လေ...Oppa ကြိုက်တာ
ချက်ထားတယ်လေ....

Jin - မစားတော့ဘူး သွားနားတော့မယ်

Kook - ဩော် အင် အင်....

Jin အပေါ်ထပ်ကိုတက်သွားတော့ Kook မီးဖိုခန်း
ထဲလာရင်းအုပ်ဆောင်းထဲကဟင်းတွေကိုသွန်ပစ်နေ
ရသည်....

Kook - အကုန်သွန်ပစ်ရတော့မယ် အပြင်မှာများစား
လာလားမသိဘူး....

Kook - တကယ်ပဲ....စေတနာကိုထားလို့မရတာ

Kook - လက်အပူလောင်တာလက်ဓားရှတာတောင်
မတန်ဘူး ချီးထုတ်လဒ အကျင့်မကောင်းတဲ့လူကြီး

Kook - အံမလေး ကန်တော့ ကန်တော့...ငါ့ထက်
၇နှစ်လောက်တောင်ကြီးတာကိုပြောနေတာရစရာမရှိ
ဘူး ငါတော့သေတော့မှာပဲ

ဟင်းတွေကိုသွန်ပစ်ရင်းဘေစင်မှာပန်းကန်တွေဆေး
ကာပါးစပ်ကပွစိ ပွစိ....

Jin အိပ်ယာပေါ်ခြေပစ်လက်ပစ်ပက်လက်လန်လှဲအိပ်
လိုက်ပြီးသက်ပြင်းရှည်ကြီးချလိုက်သည်..ပြီးတော့ဘေး
တိုက်လှည့်ပြီးသူဖက်နေကျအရုပ်ကိုဖက်ဖို့ရှာတော့မရှိ

Jin - ဟင်!ငါ့ Mario ကော???

အရုပ်ပျောက်လို့အခန်းတစ်ခုလုံးကိုမြေလှန်ရှာသော်လဲ
မတွေ့မွေ့ယာကိုလှန်ကြည့်သည်မတွေ့...ဘီရိုတွေကို
လဲဖွင့်ကြည့်သည်မတွေ့.....

Jin - ထူးဆန်းတယ် ဘယ်ရောက်သွားတာလဲ???
Kook များသိမလား မသိဘူး....

"Kook ရေ Kook ရေ "

Jin လှမ်းခေါ်တော့အောက်ထပ်မီးဖိုချောင်က Kook
အာပြဲနဲ့ပြန်ထူး၏....

"Nae Opppa...."

Jin - အပေါ်ထပ်တက်ပြီးအခန်းထဲလာဦးခဏ

Kook - Omo အခန်းထဲခေါ်နေသဟ ဟိဟီ...
လာပါပြီ Oppa.....

*ဒုန်း ဒုန်း ဒုန်း*

သူမခြေသံလေးသည်မိန်းမပီသလွန်းလှပေစွ....

Kook - ပြော Oppa ဘာကိတ်...ဟီးဟီး

Jin - မေးစရာလေးရှိလို့ပါ...

Kook - မေးလေ မေးမေး ဟီးဟီး

Jin - Oppa ရဲ့အရုပ်ဘယ်ရောက်သွားလဲ?

Kook - ဟင်!အရုပ်??

Jin - Oppa ဖက်အိပ်နေကျ Mario ရုပ်လေ

Kook - ဩော် အဲ့တာလား....

Jin - မြင်လိုက်လား ဘယ်မှာလဲ....

Kook - မြင်တော့မြင်လိုက်တယ်ဒါပေမဲ့နောက်ဆို
မြင်ရတော့မှမဟုတ်ဘူး

Jin - မျက်စိနောက်သက်သာတာပေါ့..ဘာ!!!???

Kook - အောင်မြတ်လေးဖြေးဖြေးအော်ပါ

Jin - ငါ့အရုပ်ဘယ်ရောက်သွားတာလဲ

Kook - မသိဘူး ရှိတော့ဘူး သူ့ကို Kook သတ်လိုက်ပြီ

Jin - အရုပ်ကိုသတ်တယ်!ဘယ်လိုသတ်တာလဲ?

Kook - ဓားနဲ့နုတ်နုတ်စင်းပစ်တာ....

Jin - ဘာ!!!ဘာကိစ္စငါ့အရုပ်ကိုထိတာလဲ

Kook - Oppa ကအဲ့အရုပ်ကိုပဲတမမလုပ်နေတာ
ကို Kook ကိုအရုပ်လောက်တောင်ဂရုမစိုက်ဘူး
အဲ့အရုပ်ကိုဖက်သလို Kook ကိုတစ်ခါတောင်ဖက်
ဖူးသလားပြော အရုပ်ကိုမနာလိုဘူး...မနာလိုဘူး

Jin - ဘာ!မနာလိုဘူး မင်းရူးနေလား မင်းဦးနှောက်
ကောရှိရဲ့လား သက်မဲ့အရုပ်လေးတစ်ရုပ်ကိုတောင်
မနာလိုလိုက်ဖြစ်ရလောက်အောင်မင်းသဘောထား
သေးသိမ်လား မင်းကဒီလိုမိန်းမမျိုးလား...အဲ့အရုပ်က
ငါ့အတွက်ဘယ်လောက်အဖိုးတန်လဲဆိုတာမင်းသိ
လား

Jin ဒေါသတကြီးနဲ့လည်ပင်းကြောတွေထောင်ကာ
သူမမျက်နှာတည့်တည့်လက်ညိုးတထိုးထိုးနဲ့သည်းကြီး
မည်းကြီးပြောဆိုနေသည်ကိုကြည့်ပြီးလန့်လာသည်...မျက်ရည်လေးတွေဝိုင်းလာသည်...

Kook - ဘာ!!!ရူးနေလားဟုတ်လား ဟုတ်တယ်
Oppa Kook ကရူးနေတယ် ဘာဖြစ်လဲ ရူးနေ
တယ် kook ရူးနေတာတွေအကုန်လုံးကလဲ Oppa
ကြောင့်ပဲ Oppa ကိုအရမ်းချစ်တာ Oppa ကတော့ဘာမှမဟုတ်တဲ့အရုပ်လေးတစ်ရုပ်ဆိုင်မှာ
ပြန်ဝယ်လို့ရမှအရုပ်တစ်ရုပ်အတွက်နဲ့များ

Jin - အဲ့အရုပ်ကငါဘယ်မှာမှပြန်ဝယ်လို့မရဘူးမင်း
သိလား....အဲ့အရုပ်ကငါ့ကို သူများလက်ဆောင်ပေး
ထားတာကွ....

Kook - Nora Unnie လား?????

Jin - အဲ့နာမည်ကိုငါ့ရှေ့မှာလာမပြောနဲ့...!!

Kook - ပြောတယ် ဘာဖြစ်လဲ Oppa ကသူ့ကို
လက်စားချေချင်လို့ Kook ကိုလက်ထပ်ခဲ့တာမလား

Jin - မင်းမဟုတ်တာတွေမပြောနဲ့နော်

Kook - Kook ကိုအသုံးချရင်းသူမခံချိမခံသာဖြစ်
အောင်ဆွချင်တာမလား....

Jin - မင်းနော်......တိတ်စမ်းကွာ

Kook - Kook သိပါတယ်...Oppa သူ့ကိုချစ်
နေတုန်းပဲမလား

Jin - မင်းပါးစပ်ကိုပိတ်ထားကွာ တခြားမဆိုင်တာ
တွေဆွဲမထည့်စမ်းနဲ့

Kook - ဝန်ခံလိုက်ပါ Oppa Kook ကိုဘယ်
တုန်းကမှမချစ်ခဲ့ဘူးမလား....Oppa Kook ကိုမုန်း
တယ်မလား...အရုပ်လောက်တောင်တန်ဖိုးမထား
ဘူးမလားဟုတ်တယ်မလား....ဟုတ်တယ်မလား

"Yahh Kim Jung Kook!!!"

မပြောနဲ့လို့ပြောနေတဲ့ကြားကထပ်ခါထပ်ခါပြောနေလို့
Jin စိတ်တွေအရမ်းဆိုးပြီးအရင်ကထက်မြင့်သော
အသံနှူန်းထားနဲ့အော်လိုက်တော့ Kook တစ်ကိုယ်
လုံးတုန်သွားသည်...

Jin - မင်းပြောတာအကုန်မှန်တယ် မင်းကိုဘယ်တုန်း
မှမချစ်ခဲ့ဘူး မုန်းလဲမုန်းတယ်...မင်းကအရုပ်လောက်
တောင်တန်ဖိုးမရှိတဲ့မိန်းမပဲ...

Kook - Oppa ကိုလဲ Kook အရမ်းမုန်းတယ်
မုန်းတယ် မုန်းတယ် မုန်းတယ်....!!!!!!

Kook ငိုယိုပြီးအိမ်ထဲကပြေးထွက်သွားခဲ့သည်...
Jin သူ့ခေါင်းကဆံပင်တွေကိုဆွဲဖွရင်းအိပ်ယာပေါ်
အရုပ်ကြိုးပြတ်ထိုင်ချလိုက်၏....

Jin - ဟူး စိတ်ပျက်လိုက်တာ.....

အိမ်အောက်ကိုဆင်းရေခဲသေတ္တာကိုဆွဲဖွင့်ပြီးရေလာ
သောက်တော့အမှိုက်ပုံးထဲမှာဓားခုတ်ရာတွေနဲ့ပျက်စီး
ဖွာလန်နေသောသူ့ Mario အရုပ်...

Jin - ဟူး....ဒီကောင်မလေးတစ်ယောက်နဲ့တော့

သူလွန်သွားတာတွေအတွက်တောင်းပန်ဖို့အိမ်ရှေ့က
ဆိုဖာပေါ်ထိုင်ပြီး Kook စိတ်ဆိုးပြေပြီးပြန်လာမယ့်
အချိန်ကိုစောင့်သည်....အချိန်တွေနာရီတွေသာတ
ရွေ့ရွေ့ကုန်သွားပြီးည ၉ နာရီခွဲသွားသည်..သူမပြန်
ရောက်မလာခဲ့....

Jin - ဟာဘယ်တွေများသွားနေပါလိမ့်...???

စိတ်တွေပူပြီးကားအမြန်မောင်းကာတစ်လမ်းဝင်တစ်
လမ်းထွက် Kook ကိုရှာတော့၏...လမ်းမှာလူတွေ
တောင်ရှင်းစပြုနေပြီ...မိုးတွင်းမို့ပတ်ဝန်းကျင်ကလေ
အေးလေးတွေတိုက်ခတ်လို့...တစ်ချက်တစ်ချက်လျှပ်
စီးလက်သည်...တစ်ခါတစ်လေ မိုးခြိမ်းသည်...သူ
Kook ကိုဖုန်းတရစပ်ခေါ်နေမိသည်....

Jin - Jelba ဖုန်းအမြန်ကိုင်ပါ ကိုင်ပါ

♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡

Kook အိမ်ကထွက်လာတာအတော်ကြာနေပြီ..
အပြင်မှာလေတွေတိုက်နေလို့ အိမ်နေရင်းဝတ်စုံအပါး
လေးနဲ့အရမ်းလဲချမ်းနေခဲ့၏....လမ်းလျှောက်နေတာ
ကြာနေပြီမို့ခြေထောက်ညောင်းပြီးလူတောင်နည်းနည်း
ယိုင်ချင်နေသလို......အိမ်နဲ့ခပ်ဝေးဝေးကိုလဲရောက်နေ
ပြီစိတ်ရူးပေါက်ပေါက်နဲ့တွေ့ကရာဘတ်စ်ကားတက်စီး
ပြီးတွေ့ကရာလမ်းကြားထဲဝင်ကာလမ်းလျှောက်ခြင်း
ဖြစ်သည်...ဒီလမ်းကလူတွေအရမ်းရှင်းနေပြီးလူလေး
တစ်ယောက်စနှစ်ယောက်စသာရှိသည်...သူမပတ်ဝန်း
ကျင်ကိုတောင်သတိမပြုမိပါ...ဝမ်းနည်းရင်းမျက်ရည်
တွေကျနေလို့ခေါင်းကိုသာငိုက်စိုက်ချထားသည်

Kook's pov
----------------

အချစ်ဆိုတာကိုသူ့ဆီကဘယ်တော့မှမရနိုင်တော့ဘူး
လား....ကျွန်မဆုတောင်းတာတောင်သူ့ဆီကကြင်နာမှု
မရနိုင်ဘူးလား....အချစ်တွေ ကြင်နာမှုတွေဆိုတာ
သူ့ဆီကဘယ်တုန်းကမှမရခဲ့သလိုနောက်လဲမရနိုင်
တော့ပါဘူး ကျွန်မကသူ့အရုပ်လောက်တောင်တန်ဖိုးမ
ရှိပါဘူးလေ....အရုပ်လောက်တောင်ဂရုစိုက်ပါဘူး
လေ...သက်မဲ့အရုပ်ကတောင်ကျွန်မထက်
ကံကောင်းနေသေးတယ်.....

《ဂျိန်း!!!!!》

Kook - အား အမေ့....

မိုးခြိန်းသံအကျယ်ကြီးကြောင့်သူမလန့်အော်လိုက်ပြီး
မျက်စိမှိတ်နားပိတ်ကာဆောင့်ကြောင့်ထိုင်ချလိုက်၏ငယ်ငယ်တည်းကလျှပ်စီးလက်တာနဲ့မိုးခြိမ်းတာကိုသေ
မလောက်ကြောက်ခဲ့သူပါ....မျက်စိမှိတ်တာကိုဖွင့်ပြီး
ကောင်းကင်ကြီးကိုမော့ကြည့်လိုက်တော့သူမမျက်နှာ
ပေါ်မိုးစက်လေးတွေကျလာခဲ့သည်....နဂိုတည်းက
အင်္ကျီအပါးလေးသာပါသောသူမမိုးရေထဲတွင်ကြွက်
စုတ်ဖြစ်နေခဲ့သည်

"အီး ဟီးဟီး....ဗြဲ..."

ကျယ်လောင်သောမိုးရွာချသံနဲ့အတူထွက်လာသော
သူမ၏ငိုသံ.....တစ်ချက်တစ်ချက်လျှပ်စီးလက်လိုက်
တိုင်းကြောက်လွန်းသဖြင့်သူမတစ်ကိုယ်လုံးတုန်တုန်
သွားသည်........

^TEEE TEEE TEEE^

သူမအသည်းသန်ကြောက်နေချိန် Jin ဆီကဝင်လာ
သောဖုန်းကသူမအတွက်အားဆေးတစ်ခွက်လိုဖြစ်
သွားသည်...လက်တုန်တုန်နဲ့ဖုန်းကိုကိုင်လိုက်၏

Kook - O....Oppa....

Jin - Kookie မင်းဘယ်မှာလဲ မိုးတွေသည်းနေ
တာ မင်းဘယ်ရောက်နေလဲ ဘယ်ရောက်နေလဲ

Kook - မ...မ....မသိဘူး...ဘယ်နေရာလဲ...
ဆို...ဆို...တာ...

ချမ်းပြီးအသံတွေပါတုန်နေရှာသည်...

Jin - အဲ့နားမှာထင်ရှားတဲ့အမှတ်သားဘာရှိလဲပြော
ပြော Oppa လာမယ်

Kook - ကြော်....ကြော်....ငြာ ဆိုင်းဘုတ် အကြီး
ကြီးနဲ့....သစ်...သစ်ပင်တွေအများကြီးရှိတယ်....

Jin - Ok နေရာသိတယ် လာခဲ့မယ် တစ်လက်မ
တောင်မရွေ့ပဲစောင့်နေပါ....

Kook - O...O...oppa kook အရမ်း..ကြောက်
တယ် အီးဟီး....ကြောက်တယ် အား...လျှပ်စီးတွေ
လက်နေတယ်....

Jin - ဖုန်းချလိုက် လျှပ်စီးတွေဝင်ကုန်မယ် Oppa
ခုလာနေပြီ....

သူမဖုန်းချလိုက်ပြီးဆောင့်ကြောင့်ထိုင်နေရာကနေရာ
ကနေမတ်တပ်ထရပ်လိုက်သည်...Jin လာခေါ်မယ်
ဆိုတော့အကြောက်တွေတစ်ဝက်ပြေလျော့သွား၏
အကြောက်ပြေသွားတုန်းရှိသေး...သူမဆီကိုတည့်
တည့်လျှောက်လာသော မိုးကာဝတ်စုံတွေနဲ့လမ်းသရဲ
လိုလိုဘာလိုလိုကောင်လေး၃ယောက်ကြောင့်ပို
ကြောက်သွားပြန်သည်

Boy 1 - အရမ်းချမ်းနေလား ကောင်မလေး

Kook - ဘာ...ဘာတွေလာပြောနေတာလဲ?
နင်...နင်...နင်တို့ကို...ငါ..မသိဘူး

Boy 2 - ကြည့်ပါဦး အသံတွေတောင်တုန်နေရှာပြီ

Boy 3 - Oppa တို့နွေးထွေးမှူပေးပါ့မယ်...

Boy 1 - aigoo ချစ်ဖို့ကောင်းလိုက်တာ...

Kook - Ya!!!!ငါ့ကိုလွှတ်ကြစမ်း..

ပါးကိုင်နားကိုင်နဲ့အတင်းဆွဲလားရမ်းလားလုပ်တော့
သူမအကြောက်အကန်ရုန်းသည်...ယောက်ျားအား
နဲ့မိန်းမအားကမမျှတော့မရုန်းနိုင်....မိုးသဲထဲရုန်းကန်
နေရင်းနဲ့သတိလစ်ချင်သလိုဖြစ်နေခိုက်ကားစက်ရပ်သံ
နဲ့အတူသူမမျက်လုံးထဲလင်းကနဲခံစားလိုက်ရသည်....

ကားပေါ်ကနေမျက်မှောင်ကြုတ်ပြီးဆင်းလာသူက
Jin ထိုကောင်လေးတွေကိုမြင်ကတည်းကားပေါ်မှာ
သူအမြဲအသင့်ဆောင်ထားလေ့ရှိသောဘေ့စ်ဘော
ရိုက်တုတ်ကိုတခါတည်းဆွဲပြီးဆင်းလာသည်

《ခွပ်》......《ခွပ်》....《ခွပ်》

သုံးယောက်စလုံးကိုခေါင်းမရိုက်ပဲ ညိုသကျည်းတွေ
တံခေါက်ကွေးတွေ ခါးနေရာကိုမလွတ်တမ်းအားနဲ့
ပိတ်ရိုက်ပစ်လိုက်သည်...သုံးယောက်လုံးထော့ကျိုး
ထော့ကျိုးနဲ့ပြေးတော့မှ မိုးရေထဲခွေခွေလေးလဲနေ
သော Kook ကိုပြေးထူ၏....

Jin - ဘာဖြစ်သွားသေးလဲ....

Kook - ကြောက်...ကြောက်တယ် အရမ်းကြောက်
တယ်....ချမ်းလဲ ...အရမ်း ချမ်းတယ်

Jin - လာ...လာအိမ်အမြန်ပြန်ရအောင်...

Kook အားယူပြီးထဖို့လုပ်တုန်း Jin ကတခါတည်း
ကောက်ပွေ့ပြီးကားပေါ်တင်သွားလိုက်သည်..သူမမှာ
တော့အံ့ဩပြီးမျက်လုံးအပြူးသား...

အိမ်ကိုရောက်ပြန်တော့လဲ Kook ကိုပွေ့ပြီးတခါ
တည်းအပေါ်ထပ်အခန်းထဲကိုခေါ်သွားသည်...သူမ
ကိုအိပ်ယာပေါ်တင်ပေးလိုက်ပြီးဘီရိုထဲကအဝတ်
တွေထုတ်ပေးကာ.....

Jin - ရော့ငါ ရေနွေးသွားတည်တုန်းဝတ်ထား...

Kook - မဝတ်ချင်ဘူး...

Jin - ငါလာဝတ်ပေးရမှာလား...

Kook - အား!မလုပ်နဲ့...

Jin - ဒါဆိုဝတ်...

Kook အင်္ကျီတွေဝတ်ပြီးစောင်ခြုံထဲကွေးနေတုန်း
Jin ရေနွေးနဲ့ရေပတ်တိုက်ဖို့တဘက်လေးယူပြီးအခန်း
ထဲပြန်ဝင်လာခဲ့၏...စောင်ခြုံထဲကသူမကိုဆွဲထူရင်း
သာမိုမီတာကိုင်တုန်းရှိသေးမယ်မင်းကြီးမကပါးစပ်
ဟပေး၏....

Jin - ပါးစပ်ကဘာကိစ္စဟတာလဲ...

Kook - သာမိုမီတာထည့်မယ်မဟုတ်လား

Jin - ဒါကနားထဲထည့်ရတဲ့ဥစ္စာကြီးကို

Kook - ဩော်

ရှက်ရှက်နဲ့ဟထားသောပါးစပ်ကြီးပြန်ပိတ်သွား၏
နည်းနည်းကြာတော့သူမနားထဲကသာမိုမီတာကိုပြန်
ထုတ်ပြီးဘယ်ပြန်ညာပြန်ကြည့်သည်...အဖျားကမရှိ

Jin - ဟူး တော်ပါသေးရဲ့ အဖျားမရှိဘူး....

Kook - ဩော်....

Jin - စိတ်ပူလိုက်တာသေတော့မယ်

ပါးစပ်ကပြောပြီးအိပ်ယာပေါ်ထိုင် Kook ကိုယ်လေး
ကိုဖက်ကာသူမခေါင်းကိုရင်ခွင်ထဲထည့်ပြီးဆံစလေး
တွေကိုပွတ်ပေးနေ၏....Kook ကတော့ဖက်ထား
တဲ့သူ့လက်တွေကြားကအတင်းရုန်းကန်နေသည်

Jin - မရုန်းပါနဲ့ Kookie...ah....စိတ်ပူလိုက်ရ
တာသေတော့မယ် မင်းသာတစ်ခုခုသွားဖြစ်ရင်ကိုယ်
သေမလားမသိဘူး....

Kook - အပိုတွေ....

Jin - အပိုမဟုတ်ဘူး အတည်တွေ အတည်
kookie ကို Oppa အရမ်းချစ်တယ်

ချစ်တယ်ဆိုသောစကားကြာတော့ Jin ရင်ဘတ်ကို
လက်၂ဖက်နဲ့အရမ်းတွန်းလိုက်လို့ Jin ခမျာပက်လက်
လေးဖြစ်သွားသည်...Kook မျက်ရည်တွေဝဲပြီး

Kook - လိမ်တာတွေတော်ပါတော့....

Jin - Arni လိမ်တာမဟုတ်ဘူး...

Kook - တော်ပါတော့ Oppa ကိုမုန်းတော့မလို့
စဉ်းစားနေတာစိတ်ယိုင်အောင်ကျေးဇူးပြု၍ထပ်မလုပ်
ပါနဲ့တော့.....Kook ကိုမနှစ်သိမ့်ပါနဲ့ Jelba....

Jin - Arni မနှစ်သိမ့်ဘူးတကယ်ချစ်တာ စောနက
Kook အသံတွေတုန်ရီနေတုန်းကဆို Oppa
စိတ်တွေယောက်ယက်ခတ်ရင်တွေမွန်းကြပ်ပြီးသေ
တော့မလိုပဲ....Kook ကိုဆုံးရှူံးရတော့မယ်ဆိုတဲ့
အသိက Kook ကိုအရမ်းချစ်တယ်ဆိုတာပေါ်လွင်
စေခဲ့တာ အရင်က Oppa ကိုယ်တိုင်တောင်မသိခဲ့
ဘူး Kookie

Kook - Nora unnie ကကော???

Jin - သူ့ကိုကျနှလုံးသားနဲ့ချစ်ခဲ့တာမဟုတ်ဘူး
ထင်တာပဲ....

Kook - သူ့ကိုကျဘယ်လိုချစ်ခဲ့တာလဲ....

Jin - သူကချောတယ် လှတယ် ထက်မြက်တယ်
ကိုယ်ပိုင်အလုပ်ကိုင်နဲ့ပြီးတော့ယောက်ျားတိုင်းပိုင်ဆိုင်
ချင်တဲ့မိန်းကလေးမျိုး....သူနဲ့လက်ထပ်မယ်ဆိုရင်ရှေ့
သွားနောက်လိုက်ညီမယ်ထင်ပြီးရွေးချယ်ခဲ့တာ
Kook ကတော့မတူဘူး ရှင်းရှင်းပြောရင်ရှပ်ပြာတဲ့
မိန်းကလေးကို ကိုယ်မုန်းတယ်...ဒါပေမဲ့ Kook
ကိုဘယ်လိုမုန်းမုန်း Kook အပြုမူတွေက Oppa မျက်လုံးထဲချစ်စရာကောင်းနေတယ်

Kook - Nora unnie ကိုချစ်နေသေးတာ
သေချာပါတယ်....

Jin - No!မချစ်ဘူး သူ့အပေါ်ခံပြင်းတာပဲရှိတယ်
တကယ်ချစ်တာ Kook ကိုပါ....

Kook - ညာနေတာပါ လိမ်နေတာပါ မချစ်ပဲနဲ့များ
အရုပ်လေးကိုအသည်းသန်ဖြစ်နေစရာအကြောင်းမရှိ
ဘူး....

Jin - မဟုတ်ဘူး အရုပ်လေးနဲ့ဖက်အိပ်ရင်..Oppa
ကအိပ်လို့ကောင်းတယ်...အိပ်မပျော်ရင်အဲ့ဒါပဲဖက်
အိပ်ရတာ.. mario ရုပ်ကို Oppa အရမ်းချစ်လို့ပါ
အထင်သက်သက်လွဲတာ

Kook - ဟင် ဒါဆိုအရုပ်သစ်ပြန်ဝယ်ပေးရမလား..
Oppa ညအိပ်မပျော်ပဲနေဦးမယ်....

Jin - အခုတော့မလိုတော့ဘူး...

Kook - ဘာလို့....အွန့်....

KoOk ကိုဒုတိယအကြိမ်ဆွဲဖက်လိုက်ပြန်ပြီးရင်ခွင်
ထဲထည့်လိုက်ပြန်သည်...

Jin - အခုတော့ယုန်ရုပ်လေးကိုပဲဖကိအိပ်တော့မယ်

Kook - ဘယ်ကယုန်လဲ...!!

Jin - ကိုယ့်ရင်ခွင်ထဲကယုန်သွားခေါမလေးပေါ့

Kook - Oppa နော် သွားကခေါတာမဟုတ်ဘူး
ရှေ့သွားကကြီးနေတာ....

Jin - စတာပါ စတာပါ....

Kook - လွတ် လွတ် ပေးတော့လေ....

Jin - မလွှတ်ပေးပါဘူး...

Kook ခေါင်းလေးကိုသူ့ရင်ဘတ်နဲ့အနီးဆုံးကိုဆွဲကပ်
လိုက်ပြီးရင်ခုန်သံတွေကိုနားထောင်စေလိုက်သည်...

Jin - ကြားလား Oppa ရင်ခုန်သံတွေ...

Kook - အင်း...ကြား...တယ်....ဒုန်းဒုန်းနဲ့

Jin - Kookie ah....

Kook - ဟင်....

Jin ခေါင်းလေးနည်းနည်းငုံ့ပြီး kook နာမည်ကိုခေါ်
တာကို Kook ကမသိပဲရုတ်တရက်ကြီးမော့ကြည့်
လိုက်တော့မျက်နှာနှစ်ခုအရမ်းနီးကပ်သွားပြီး Kook
ရင်တွေလှိုက်ခုန်သွားသည်....Kook အောက်ပြန်ငုံ့ဖို့
လုပ်တော့ Jin ကသူမမေးစေ့ကိုဖမ်းဆွဲကာနှူတ်ခမ်းပါး
လေးကိုနမ်း၏...ပြီးတော့ပြောလိုက်သေးသည်

Jin - ပထမတစ်ခေါက်ကဘာမှမမှတ်မိတော့ဒီတစ်
ခေါက်မှတ်မိအောင်ကြိုးစားရမှာပေါ့....

Kook - Oppa ဘာတွေလျှောက်ပြော..နေ..နေ

စကားတောင်မဆုံးသေး...သူမကိုတွန်းလှဲလိုက်ပြီး
သူမခါးပေါ်ကနေတက်ခွကာသူ့အပေါ်အင်္ကျီကိုဆွဲ
ချွတ်လိုက်၏....

Kook - Oppa ဘာတွေလုပ်နေတာလဲ...

Jin - Shu....တိုးတိုး

သူမနှူတ်ခမ်းတွေကိုစတင်နမ်းရှိုက်ရင်းသူ့လက်တွေက
သူမအင်္ကျီအောက်လျှိုကာနှိုက်နေတော့....သူမဆီ
ကအသံလေးတွေထွက်လာသည်

Kook - Ummm..Oppa ဘာတွေလုပ်နေ
တာလဲ နေရတာကြပ်တယ်....

Jin - Ah....အင်္ကျီကသေးနေတော့ လက်ဝင်ရတာ
ကကြပ်နေတယ်..

Kook - Umm...ဒါဆိုချွတ်လိုက်လေ...

*ဗြိ*

Kook - ဟာ တခါတည်းဖြဲပစ်လိုက်တယ်...

Jin - အသဲယားလာလို့ပါ....

Kook - Ah..!!!!Oppa...

Jin - Ummm Umm Kookie ah.....

မိုးခြိမ်းသံတွေမိုးသည်းထန်စွာရွာနေစောအသံတွေ
ကိုအခန်းထဲကအသံတွေကိုသူတို့နှစ်ဦးကြားကြမည်
မထင်ပါ...အပြင်မှာမိုးတွေရွာနေသလိုအခန်းထဲမှာ
လဲအချစ်မိုးတွေရွာနေပြီဖြစ်သည်....

♥♥♥♥♥♥♥♥♥♥♥

စောင့်နေကြတဲ့ readers တွေကျေးဇူးနော်
ခုတလောသိပ်မအားဖြစ်နေလို့ပါ..စိတ်တွေလဲညစ်
နေတယ်...ဖလူးတာတွေလဲသိပ်မသေသပ်တော့ဘူး
မီရန်းနယ်....စာရေးတာတွေလဲသိုင်းကွက်နင်းနေပြီ
ကြိုက်ကောကြိုက်ကြသေးရဲ့လား..အပိုင်းတွေက
ကျန်သေးတယ် ပြီးသေးဘူး ...Bla Bla...

Thank for moi readers

Choi Do Young(SunShine)

Continue Reading

You'll Also Like

218 46 7
Kalimat Curahan yang berasal dari Hati. -A ----------------------------------------------------- Don't Copy paste!!!
0 0 1
Todo mal
2.6K 55 7
"𝚈𝚘𝚞 𝚔𝚗𝚘𝚠 𝚢𝚘𝚞'𝚛𝚎 𝚖𝚢 𝚖𝚒𝚗𝚍.." 𝗬𝗮𝗻𝗱𝗲𝗿𝗲 𝗦𝘁𝗿𝗮𝗻𝗴𝗲𝗿𝘀 𝗧𝗵𝗶𝗻𝗴𝘀