အပိုင်း(၂၁)

1.9K 159 4
                                    

Nora အလုပ်လုပ်ရာနေရာတစ်နည်းအားဖြင့် Nora ဖွင့်ထားသော Fashion ဆိုင်ကိုဒေါသတွေနဲ့ Jin
ရောက်သွားသည်...သူရောက်သွားတော့ကောင်မလေး
တစ်ယောက်က

Dasom - အကို ဘာအလိုရှိလို့လဲ Wedding
dress တွေဘာတွေများအပ်မလို့ပါလားရှင်

Jin - ဘာမှမအပ်ဘူး ဒီကပိုင်ရှင် Nora နဲ့တွေ့ချင်
လို့လာခဲ့တာ သူကော??

Nora - ကျွန်မဒီမှာပါ Jin ရှင်ကဒီကိုဘာလာ
လုပ်တာလဲ

Jin - မင်းနဲ့စာရင်းရှင်းစရာရှိလို့

Dasom - စာရင်းကမမနဲ့ရှင်းရတာမဟုတ်ဘူးကျွန်မ
က ကောင်တာ မှာထိုင်တာ ပိုက်ဆံတွေဘာတွေဆို
ကျွန်မနဲ့ပဲရှင်း...ရှင်း...

Jin - ဟာ!!အသာနေစမ်းပါ

Dasom - အွတ်...

Nora - Dasom ကိုယ်လုပ်စရာရှိတာပဲဆက်
လုပ်နေပါ Jin ကျွန်မရုံးခန်းထဲလိုက်ခဲ့ပါ

သူမ Design တွေဆွဲရာရုံးခန်းထဲကို Jin ကိုခေါ်
သွားသည်..အထဲကိုရောက်တော့

Nora - ဘာကိစ္စရှိလို့လဲ အခုချိန်မှာ ကျွန်မရှင်နဲ့
စကားပြောချင်ဘူး

Jin - ငါလဲပြောချင်တယ်များထင်နေလား မင်းလိုသစ္စာမရှိတဲ့မိန်းမကို

Nora - နေစမ်းပါဦး  အဲ့စကားကကျွန်မပြော
ရမှာမဟုတ်လား

Jin - အခုငါပြောရမယ့်အလှည့်ရောက်သွားပြီငါနဲ့
Sulli နဲ့ကရိုးရိုးသားသားကွ မင်းနဲ့အဲ့ကောင်လို
မဟုတ်ဘူး

Nora - ဘယ်ကောင်လဲ ဘာတွေလာပြောနေတာလဲ

Jin - အဟက် ဒီလောက်အင်တာနက်မှာပလူပျံနေ
တဲ့ကိစ္စကိုမင်းကမသိဘူးတဲ့လား?

Nora - ဘာအင်တာနက်လဲ?Park seok jin
ဘာတွေလာပြောနေတာလဲ

Jin - ဘာတွေလဲဆိုတာဒီမှာကြည့်

Video ကိုပြလိုက်တော့ Nora မျက်လုံးပြူးသွား
သည်...

Nora - ဟင်!!!

Jin - အဲ့ကောင်ကဘယ်သူလဲ?

Nora - ဘာ...ဘာတွေလာမေးနေတာလဲကျွန်မ
ကဘယ်သိပါ့မလဲ??

Nora လန့်သွားပြီး စကားတွေအထစ်ထစ်အငေါ့ငေါ့
ဖြစ်နေသည်...Hobi စွပ်ထားပေးသောလက်စွပ်ကို
လဲခုထိမချွတ်ရသေး...အခုမှချွတ်ရင်လဲ Jin မြင်
သွားမှာစိုးလို့ဘယ်ဘက်လက်ကိုနောက်ပစ်ပြီးလက်
ကိုဖွက်လိုက်သည်..

ကျွန်တော့်ရဲ့ပြာကလပ်စိန်သတို့သမီးလေး(Pt.2)Where stories live. Discover now