My King (hh ,yaoi, mm sub) {c...

By zayaminkhant

33.1K 3.1K 91

ကောင် လေးတစ်ယောက် ကို ပြုပြင် ပြောင်းလဲပေးရာမှ More

He decided to help me.
His Lesson (1) >Fashion
His Lesson (3) > kissing
My Heart's choice (final)
My King stole my heart (Extra)

His Lesson (2) > Style

4.6K 524 9
By zayaminkhant

''ဟာ ဒီလိုမဟုတ်ဘူးလေluhan''

''luhan!!ငါမင်းကို မတ်မတ်လျှောက် ခိုင်းနေတာ ခါးကော့လျှောက်ခိုင်းနေတာမဟုတ်ဘူး ''

'' yerr !! ပြောတဲ့အတိုင်းလုပ် လေ luhan... လက်ပြင် ကြီးကုန်းနေတယ်''

''yerrrr park sehun!!! ငါမလုပ် နိုင် တော့ဘူး''

ကျတော့်ကို စိတ်ပျက်သလိုကြည့်ကာဆူပူနေတဲ့ sehunကို ကျတော် အော်မိလိုက်တယ်... မနက် ကတည်းက ဘာမှတောင် မစားဘဲနဲ့ သူ့အိမ်ကို အ ပြေးလာပြီး လမ်းလျှောက် သင် နေရတယ်... ကျတော့်ကိုက လေးများမှတ်နေလားမသိ... လမ်းလျှောက်တာလက်ပြင် ကုန်းနေလို့ smart ကျကျ လမ်းလျှောက် တတ်အောင် သင် ရမယ်ဆိုပြီး အားရက် ဖြစ်တဲ့ စ နေ နေ့မှာတောင် မနားမ နေ သူ့ဆီ မှာလာလေ့ကျင့် နေရတာကို အားမနာ လျှာ မကျိုး အော်ပဲအော်နေတယ် ... ဗိုက် ဆာလို့ လမ်းတောင် ခိုင် ခိုင် မ လျှောက် နိုင် တဲ့ဟာကို ဒါဖြစ်တယ် ဟိုဟာဖြစ်တယ် နဲ့ မျက် နှာကြီးပျက်ပြီးအော်နေ တော့ ဒေါသ တွေ နှစ်ဆင့် ထပ်ပြီး ပြန် အော် မိ တာပေါ့

''မင်းငါ့ကိုအားမနာဘူးလား luhan. ငါမင်းကိုဖြစ် စေချင် လွန်းလို့ အလုပ် တွေ အကုန် လက်စသတ်ပြီး စ နေ နေ့တောင် မ နားဘဲ ကူညီ ပေးတဲ့ငါ့ကို မင်းက အော်တယ်ပေါ့...ဘာ!! မလုပ် နိုင် တော့ဘူးဟုတ်လား... မလုပ် ချင် နေ ပေါ့ငါနဲ့ ဘာမှ မဆိုင် တာကြီးကို ... မင်း သ ဘောနဲ့ luhan''

ကျတော်အော်လိုက် လို့ sehun တစ်ယောက် ရင် ထဲက မ ကျေနပ် ချက် တွေပေါက်ကွဲလာတော့တယ်... ဟုတ်တာပဲ... သူက ကျတော့်ထက် တောင် အလုပ် များနေတာကို ပိတ် ရက် တွေအားတယ် ဆိုပြီး စိတ်လိုက် မာန်ပါ ကူညီပေးတာ... သူကျတော့်ကိုအော်တယ်ဆိုတာလည်း ဖြစ် စေ ချင် တဲ့ စိတ်တွေကြောင့် အော်မိတာ...ကျတော်က သူ့ စေ တနာကိုနားမလည်တဲ့ အပြင် ကျေးဇုးပါ ကန်းမိသေးတာ

''sehun...ငါ့ကို စိတ်မဆိုးပါနဲ့... ငါက အဲ့လို သ ဘောနဲ့ ပြောတာမဟုတ် ပါဘူး... နော်...sehunနော်...ငါကောင်းကောင်းလုပ်ပါမယ် ... sehun ... မျက် နှာကြီးတည် မ နေ ပါနဲ့တော့နော်...ငါကြောက်လာပြီ ...ဗြဲးးးးး ဗြဲးးး''

ကျတော် ဘာပြောပြော မျက် နှာထားတည် ကာ စူးရဲတဲ့ အကြည့်တွေနဲ့ ကြည့်နေတဲ့ sehunကိုကြောက် တာရော... ဝမ်းနည်းတာရော ပေါင်းပြီး ကျတော် ငိုမိတော့တယ်... ကျတော် က နဂိုကတည်းက မျက် ရည်လွယ် တဲ့လူဆိုတော့ မျက် ရည်တွေက ဘူးသီးလုံးလောက် တစ် ပေါက် ပေါက် ကျလာတော့ sehunခင် ဗျာ မျက် နှာကြီးတင်းနေ ရာက ကျတော့်ကိုလာချော့ရှာတယ်လေ

''ဟာ luhan မငိုနဲ့လေ မင်းက ယောက်ျားလေ''

''ယောက်ျားမှာလည်း နှလုံးသားရှိတယ် ''

''ဟားးးဟုတ်ပါပြီကွာ... မငိုနဲ့တော့ ...ငါကဖြစ် စေချင် တဲ့စိတ်တွေများသွားလို့ ပါကွာ''

ကျတော်ငိုနေတာကို ကြင် နာတဲ့ အကြည့်တွေနဲ့ ကြည့်ပြီး တယုတယ လက် လေးနဲ့ မျက် ရည် တွေကို သုတ်ပေးနေတဲ့ sehunကိုကြည့်ပြီးကြည်နူးသလို ရင် တွေ တ ဒိတ်ဒိတ်ခုန်လာတယ်....ဘယ်မိန်းက လေးလှလှ လေးကိုမှ မဖြစ် ပေါ်ဘူးတဲ့ ခံစားချက်... ဘာမှန်းတော့မသိပေမဲ့ ကျတော်ပျော်နေမိတယ်... ကျတော့်ကိုတယုတယ မျက် ရည် သုတ်ပေးတဲ့ sehun... တကယ်ပဲ စတိုင် ကျလွန်းသလို ကြင် နာ တတ်လွန်းတဲ့ လူတစ်ယောက်ပါ

''luhan ပြန်လေ့ကျင့် ရ အောင် နော် ''

''omm''

ကျတော် မျက် ရည် တွေကိုလက် ဖမိုးနဲ့ ခပ် ကြမ်းကြမ်းပွတ်ဆွဲလိုက်ပြီး sehun သင် ပေးတဲ့ အတိုင်း လိုက်လုပ်ကြည့်တယ်... လမ်းလျှောက် ရင် ကွတကွတ နဲ့ လက်ပြင် ကုန်းကာ လျှောက် တတ်တဲ့ ကျတော့်အကျင့်ကိုပြင် ရတာကျတော့်အတွက် အရမ်းခက်ခဲနေတယ်... သူများတွေအတွက် လွယ် ကောင်း လွယ်လိမ့်မယ် ကျတော့် အတွက် တော့ အရိုးစွဲနေတဲ့ အကျင့်ဆိုတော့ ဖျောက် ဖျက်ဖို့ ခက် လွန်းနေတာပေါ့

''wow!! luhan မင်းလမ်းလျှောက်တာ တော်တော် smart ကျသွားတယ်''

3နာရီလောက် ဆက်တိုက် လေ့ကျင့်ပြီးတဲ့နောက် လမ်းလျှောက်တာတွေ... မတ်တပ် ရပ် တာတွေက modelတစ်ယောက်လို smartကျသွားတယ်... ယုံကြည်မှု အပြည့်နဲ့လျှောက် တတ်လာသလို... လျှောက် လှမ်းလိုက် တဲ့ ခြေလှမ်းတိုင်းဟာ လည်း ပြီးပြည့်စုံနေသလို ခံစားရတယ်...

'' ဒီလောက်ဆို တော်တော် perfectဖြစ်သွားပြီ ''

'' ဒါဆိုခန လောက် နားလို့ ရတယ်မလား sehun ... ငါတော်တော် ဗိုက် ဆာနေပြီ မနက် ကတည်းက ဘာမှမစားရ သေးဘူး''

ဆက် အောင့်ထားချင် ပေမဲ့ ဆန္ဒပြ နေတဲ့ ဗိုက် ကြောင့် ကျတော် မ အောင့်နိုင် တော့ဘူး... မနက် 6နာရီကတည်းက အခု နေ့လည် 1 နာရီ အထိဆိုတော့ တော်တော်လေး လည်းဝမ်းထဲ လစ်ဟာနေ ပြီလေ

''ဟင် ဘာမှ မစား ရ သေးဘူးလာ... sorryငါ စိတ်လောနေလို့ . ငါနဲ့လိုက် ခဲ့လေ... ငါလည်း ဘာမှ မစားရ သေးဘူး''

''omm''

သူကျတော့်ကိုသူ့ကားပေါ်တတ်စေပြီးတစ်နေရာကိုခေါ်သွားတယ် ... ပတ်ဝန်းကျင် ကလည်း သိပ် မျက် စိ မ နောက်သလို.... ဆိုင် ထဲမှာလည်း လူတွေသိပ် ပြည့်မကျပ် နေတဲ့ ဆိုင် တစ် ဆိုင် ကိုခေါ်သွားတယ် ... ဆိုင် ထဲမှာဖွင့်ထားတဲ့ Celine Dion ရဲ့ Because you loved me ဆိုတဲ့ သီချင်းလေး ဟာ လည်းဆိုင် ထဲမှာ သာသာယာယာလေး လွင့်ပျံနေတယ်... ကျတော် အကြိုက် ဆုံးသီချင်းဖြစ်တဲ့အတွက် မလွတ် တမ်းနားထောင် နေမိတယ်လေ... ကြိုက်ဆို သီချင်းရဲ့စာသားလေးတွေက ရင် ထဲထိကြည်နူးဖို့ ကောင်းတဲ့ အဖွဲ့ အနွဲ့လေးနဲ့ လွမ်းမောစရာ တီးလုံးလေးနဲ့ အရမ်းလိုက် ဖက် နေတာကို...

''You were my strength when i was weak.

You were my voice when i couldn't speak.

You were my eyes when i couldn't see.''

သီချင်းထဲမှာ ကောင် မ လေးက ကောင်လေးကိုကျေးဇူးတင် တဲ့ အ ကြောင်း ရေးထားတော့ ချစ် စရာလေးလည်းကောင်းနေပြန်တယ်လေ

''အဲ့ သီချင်းကိုမင်းလည်းကြိုက် တယ်ပေါ့''

သီချင်းထဲ မျောနေတာ sehunအသံကြားမှ ပဲ သတိပြန်ဝင် လာတော့တယ်

''omm အကြိုက် ဆုံးပဲ''

'' မင်းနဲ့ ငါအကြိုက် တူသားပဲ... ငါလည်းအရမ်းကြိုက်တဲ့သီချင်းပဲ''

waiter လေးရောက်လာလို့ sehunကျတော့်ကိုစကားပြောနေရာက ခန နားပြီး မှာစရာရှိတာတွေ မှာတယ်... ကျတော့်ကိုဘာစားမလဲ မေးပေမယ့် ကျတော်လည်းသိပ် မသိတာမို့ sehun အကြိုက်သာ မှာခိုင်းလိုက်တယ်

''ငါလည်း ဖြည့်ဆည်းပေးချင် လိုက်တာ sehunရာ... ငါလည်း hana အ ပေါ် အဲ့လို ဖြည့်ဆည်းပေးချင် လိုက်တာ''

ကျတော့်စကားအဆုံး sehunပြုံးနေတဲ့ မျက် နှာအတန်ငယ်တည်သွားပြီးဝမ်းနည်းတဲ့ အရိပ် အ ယောင် ပေါ်လာတယ်... အင်းလေ သူလည်း ကျတော့်လိုပဲ ကောင် မ လေးကိုလွမ်းလို့ နေပါဦး... ကောင် မ လေး ... အင်းလေ... သူ့လို လူမျိုးက girlfriend ကျိန်းသေ ရှိမှာပေါ့...

ရုတ်တရတ် ဘာလိုနေမှန်းမသိတဲ့ မှုန်သုန်သုန် ကြီး ဖြစ်လာလို့ နီးစပ် ရာမှ ရှိတဲ့ ရေခွက် ထဲက ရေကိုသာ မော့သောက်လိုက်တယ်...sehunမှာ gf ရှိတယ်ဆိုတာနဲ့ ဝမ်းနည်းလာသလိုလို... ကျတော်နဲ့ လည်းဘာမှမဆိုင် ပါပဲနဲ့ ဘာဖြစ် နေပါလိမ့်

''luhan မင်းရေ သောက်တာဘာလို့ ရေခွက် ကြီးကိုမျက် လုံးနှစ်လုံးစလုံးနဲ့စိုက်ကြည့်ပြီးသောက်တာလဲ ''

''ဟမ် ဘာလို့လဲ ငါဒီလိုသောက် နေကြပဲ''

''ဟာ luhan မင်းက ကြည့်လိုက် ရင် အပြစ် ပြောစရာတွေချည်းပဲ...အဲ့လိုအလယ် တည့်တည့်ကိုစိုက်ကြည့်နေ တော့ မျက် စိ စွေနေတာနဲ့တူတာပေါ့''

'' ဒါဆို ငါကဘယ်လိုသောက် ရမှာလဲ''

ဒုက္ခပါပဲ ရေ သောက်တာတောင် ပွစိပွစိနဲ့ စိတ်ညစ်လွန်းလို့ဗိက် ဆာတာတောင် ပျောက်လာသ ယောင်

''မျက် လုံးကို အ ပေါ် ပင့်ထား''

'' ဒီလိုမျိုးလား''

တမင် ရွဲ့ပြီး မျက်လုံးကို စားသောက် ဆိုင် ခေါင် မိုးပေါ် ဦးတည်ကာ ကြည့်ပြ တော့ sehunရဲ့ သက်ပြင်းသံရှည် ရှည်ကြီးက အကျယ်ကြီးထွက် လာတော့တယ်

''ဟာ အဲ့လိုမဟုတ်ဘူး ငါ့ကိုကြည့် luhan''

ကျတော်လည်းsehunပြောတဲ့ အတိုင်း သူ့ကိုတည့်တည့်စိုက်ကြည့်နေရင်း အကြည့်တွေက နဖူး က နေတစ် ဆင့် အောက် ဆင်းသွားတာနောက် ဆုံး ပန်းဆီ ရောင် နှုတ်ခမ်းဖျားပေါ်မှာစုံဆုံသွားတော့တယ်... ကြည့် နေရင်းမ ရိုးမ ရွ ဖြစ်လာတာနဲ့ အကြည့်လွှဲလိုက်တော့ အခွင့်သာစွာ မှာထားတဲ့ စားစရာတွေ ရောက် လာတယ်

''စားကြ ရ အောင် ငါဗိုက် ဆာနေပြီ''

'' ခန နေဦး ငါ့ကို ရေ ပြန် သောက်ပြဦးး''

''ဟိုက်''

လူ့ဂွစာကြီးပါ လား... အ တင်းသင် နေ တော့တာပဲ... အမြင် ကပ်ကပ် နဲ့ ကျတော်လည်းတစ်ခွက်လုံးသောက် လိုက် တော့တယ်

'' မဆိုးပါဘူးတော်သားပဲ.... ဒါနဲ့ မနက် ဖြန် ငါမအားလို့မလာနဲ့တော့ ... စ နေ နေ့တွေပဲလာခဲ့... တစ်ပတ်တစ် ရက် လောက်ပဲ သင် မယ်... စားပြီးရင် လည်းမင်းပြန်လို့ ရပြီနော်''

'' omm''

တစ်ပတ်မှာမှ တစ် ရက် တည်းတွေ့ရမှာလား... ပြီးတော့ မနက် ဖြန် လည်းမ တွေ့ရဘူးဆိုတော့ ကျတော် လွမ်းသလိုလိုခံစားချက်ကြီးဖြစ်လာတယ်

''လွမ်း မ နေ နဲ့နော် hkhk''

''ဘာ !! လွမ်းစရာလား''

sehun က နောက်လိုက် ပေမဲ့ မလုံတဲ့ ကျတော်က တော့ အမြန် ဖုံးဖိလိုက် ရတယ်လေ... ကျတော်ပဲ မျက် လုံးမ ကောင်းတာလားမသိ sehunရဲ့ မဲ့ ပြုံးလေးကို ခပ်ယဲ့ယဲ့လေးဖမ်းမိလိုက်တယ်

''ဖုန်းပေး ''

ကျတော် သူ့ကိုဖုန်းပေးလိုက်တော့ နံပါတ် တချို့ရိုက် ထည့်ပေးတယ်... သူ့ ဖုန်းနံပါတ် ထင် ပါရဲ့

''sehun မင်းဖုန်းလည်း ပေးလေ ငါထည့်ပေးမယ် ''

''omm''

ကျတော်တို့နှစ်ယောက် ဖုန်းနံပါတ်ချင်းဖလှယ်ပြီးတဲ့အခါမှာ ဘယ်သူမှဘာမှ ဆက် မ ပြောတော့ဘူး... အချိန် တွေ ကုန် လာတာနဲ့အမျှ ခွဲခွာရ တော့မယ်ဆိုတာကို ကျတော့်နှလုံးသားက ပြောပြ နေတယ်လေ...သေ ချာတာတော့ အခုအချိန်မှာကျတော် အချိန်တွေ ရပ် တန့်ထားချင် မိတာအမှန်ပါ

ရွေ့လျားနေ တဲ့ နာရီလက် တံတွေကြား ကျတော် လည်းခွဲခွာရမယ့်အချိန်ကိုသာ တိတ်တိတ်လေးစောင့်စားနေမိခဲ့ပါတော့တယ်

Continue Reading

You'll Also Like

165K 25.7K 20
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
65.1K 16.9K 58
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
377K 68.3K 74
Title: Death Progress Bar "生存进度条" Author: Can't Play Chess(不会下棋 ) ရဲဝန်ထမ်းတစ်ဦးဖြစ်သည့်ရှီကျင်းသည် သူခိုးနောက်သို့လိုက်ရင်း ကုန်တင်ကားတိုက်မိကာ... သ...
210K 31.4K 71
Title : Po Yun (破云) Author : Huai Shang (淮上) Chapter:155 chapters + 6 Extras Genre:Action,Crime,Adult,Mystery,Drama,BL,bittersweet Content warning :...