Avenge=Love (Chanbaek/Baekyeo...

By kyalsin92

357K 28K 462

သူငယ်​ချင်းဖြစ်​သူ​သေဆုံးမှုနဲ့ပတ်​သက်​ပြီးလက်​စား​ချေရန်​အထက်​တန်း​ကျောင်းသား​လေးByun Baekhyunနားသို့ရည်​ရ... More

Part-1
PART-2
အတန်းရှင်းပလိစ်​....
Part-3
Part-4
Part-5
Part-6
Part-7(Avenge's First Step)
Part-8
Part-9(Avenge's Second Step)
Part-10(Avenge's Third Step)
Part-11(Last Step of Avenge)
Part-12(Mistakable Avenge)
Part-13
အတန်းရှင်းပလိစ်​...
Part-15
Part-16
Part-17
Part-18
Part-19
Part-20(Final)
Part-20(Final)
<Mine>

Part-14

14.8K 1.2K 26
By kyalsin92

"တစ်ခါတစ်​​လေ..​လောကကြီးက မတရားဘူးဗျာ...။လောကကြီးကပဲ မတရားတာလား?ကျ​နော်​ကပဲ ကံမ​ကောင်းတာလား??"

~~~~~~~~~~~•••••••~~~~~~~~~~~~~
{Note••chanyeol's point of view..}

နောက်​ဆုံး​တော့ ကျ​နော်​ဆုံးဖြတ်​လိုက်​​တော့တယ်​..။ဒီKoreaမှာ မ​နေ​တော့ဘဲ Baekရှိ​နေနိုင်​​လောက်​တဲ့ Chinaကို လိုက်​သွား​တော့မယ်​လို့..

သူဘယ်​နိုင်​ငံမှာ ​ဆေးသွားကုလဲ ကျ​နော်​မသိပါဘူး.။ဒါ​ပေမယ့်​ ​နောက်​ဆုံးကျရင်​​တော့ သူ့မိသားစုရှိတဲ့ Chinaကိုပဲ​ရောက်​လာမှာမလား??

ကျ​နော့်​Appaဆီကို ChinaမှာCompanyရုံးခွဲဖွင့်​​ပေးဖို့​တောင်းဆိုမိတယ်​..။အ​ပြောက​တော့ ​ချောလို့​ပေါ့ဗျာ.၊တစ်​ကမ္ဘာလုံးကို စီးပွား​ရေးချဲ့ချင်​တယ်​လို့​ပေါ့..Huk huk..​ကျေးဇူးရှင်​appaက​ငေါက်​တယ်​ဗျ..ရုံးခွဲဖွင့်​ဖို့ဆိုတာ လွယ်​တယ်​များမှတ်​​နေလားတဲ့။နောက်​၂နှစ်​ကျမှဖွင့်​မယ်​တဲ့..

အဲ့လို​တော့ကျ​နော်​အဖြစ်​မခံပါဘူး..။နောက၂်​နှစ်​??​နောက်​၂နှစ်​ဆို ကျ​နော့်​က​လေး​လေးအခြားသူလက်​ထဲပါသွားမှာ​ပေါ့..။ကျ​နော်​သူ့ကိုပြန်​​တောင်းပန်​ပြီး ကျ​နော်​တကယ်​ချစ်​​ကြောင်း​ပြောပြမယ်​​ပေါ့ဗျာ..။သူကျ​နော့်​ကို ခွင့်​မလွှတ်​​တောင်​ ကျ​နော်​​တောင်းပန်​မယ်​လို့ ဆုံးဖြတ်​ပြီး ကျ​နော်​Chinaကို ထွက်​လာခဲ့တယ်​..။ဒါ​ပေမယ့်​ဗျာ.......

~~~~~~~~Avenge=Love~~~~~~~~

"ဟူး~~~၁နှစ်​ခွဲရှိပြီ baekရာ..."

Chanyeolဆိုင်​တံခါးက ကဒ်​​လေးကို Close​နေရာက​နေOpen​ပြောင်းရင်း တီးတိုး​ရေရွတ်​လိုက်​တယ်​..။

ဒီ​နေ့နဲ့ဆို သူဒီ​ရောက်​တာ၁နှစ်​နဲ့၆လတင်းတင်းပြည့်​တဲ့​နေ့.ကုမ္ပဏီရုံးခွဲက ဖွင့်​ဖို့ခဲယဉ်းတယ်​ဆို​ပေမယ့်​ သူ်​ဒီကိုမ​ရမကကိုလာခဲ့တယ်​..။Koreaက companyရုံးခွဲကို​တော့ ညီဝမ်းကွဲနဲ့လွှဲထားခဲ့ပြီး chanyeolက​တော့Chinaမှာ Ice-Creamဆိုင်​အ​သေး​လေးဖွင့်​ပြီး ဒီက​နေပဲကုမ္ပဏီရဲ့လိုအပ်​ချက်​အချို့ကို ကူညီ​ပေးခဲ့တာ.။Appaက​တော့ အကြီးအကျယ်​စိတ်​တို​နေတယ်​...။ကုမ္ပဏီကို ပစ်​ထားခဲ့ပြီး Chinaကိုထွက်​လာခဲ့လို့တဲ့​လေ.။သူ့အ​ဖေမသိတာက သူ့ချစ်​သူက တရုတ်​ပြည်​က​ကောင်​​လေးဆိုတာ..

ဒီChina​မြေကို ​ခြေချပြီးကတည်းက baekhyunအ​ကြောင်းကို စုံစမ်းခဲ့တယ်​..။ဘာသာစကား??သူ့အတွက်​ အခက်​ခဲမရှိပါဘူး..နဂိုကတည်းက အ​ခြေခံတတ်​ပြီးသားဆို​တော့ အဆန်းတကျယ်​​လေ့လာစရာမလို..။

Baek..သူ့အ​ကြောင်းစုံစမ်းရတာက chanyeolရင်​ကိုနာကျင်​​ရ​စေတယ်​..။ဘာသတင်းအစအနမှမသိရလို့​လေ..။ဒီ၁နှစ်​နဲ့၆လအတွင်းမှာသတင်းစာ​တွေ၊TVက​နေတစ်​ဆင့်​ လုပ်​ငန်းရှင်​ကြီးYifanရဲ့အ​ကြောင်း​တွေအကုန်​သိရ​ပေမယ့်​ အငယ်​ဆုံးသား​လေး Byun Baekhyunအ​ကြောင်းကိုနည်းနည်း​လေးမှမသိရ...။Company partyပွဲ​တွေမှာ yifanတို့မိသားစုလိုက်​ ​တွေ့ရတတ်​​ပေမယ့်​ အငယ်​ဆုံးသား​လေးကို​တော့ အရိပ်​အ​ယောင်​​တောင်​မ​တွေ့ရ..။အဆိုးဆုံးက​တော့ Baekhyunရဲ့အ​ဖေ​မွေး​နေ့ပွဲကျင်းပတဲ့​နေ့က ထွက်​လာတဲ့ဓာတ်​ပုံ​တွေထဲမှာ​တောင် သူbaekကိုမ​တွေ့ခဲ့ရ...။ဘာလို့လဲ?ကံတရားအ​ကြောင်းမလှဘဲနဲ့ baekများမ​တော်​တဆ ​သေဆုံး....Arnyi..အဲ့လိုမဟုတ်​ပါဘူး..အဲ့လိုမဖြစ်​နိုင်​ပါဘူး..။yifanတို့က baekhyun​လေးကိုသူရှာမ​တွေ့​အောင်​ ၀ှက်​ထားတာပဲ ဖြစ်​မှာပါ..။အဲ့လိုပဲ ဖြစ်​ပါ​စေ...။

Baekbaek​လေးမ​သေ​သေးဘူးဆိုတဲ့ ယုံကြည်​မှုတစ်​ခုတည်းနဲ့တင်​ yeolဒီမြေမှာice-creamဆိုင်​​လေးဖွင့်​ပြီး​စောင့်​​နေခဲ့တာ..။ဒီဆိုင်​​လေးကို ​အောင်​မြင်​​အောင်​လုပ်​မယ်..သူ့ဆိုင်​​​လေးနာမည်​ကြီးလာမှ ​ရေခဲမုန့်​သရဲ​လေးကသိပြီး yeolဆိုင်​​လေးကိုလာစားမယ်​..။အဲ့ချိန်​ကျမှ သူbaekနဲ့​တွေ့ပြီး ​တောင်းပန်​စကား​ပြောပြီး ချစ်​စကားဆိုမယ်​..။ဒီလိုရည်​ရွယ်​ချက်​​တွေ​​ကြောင့်​ပဲ chanyeolကြိုးကြိုးစားစားနဲ့ အလုပ်​လုပ်​​နေခဲ့တာ..

သူ့ရည်​ရွယ်​ချက်​​တွေ အမှန်​တကယ်​အထ​မြောက်​ခဲ့ပါတယ်​ဗျာ..။ဒါ​ပေမယ့်​ chanyeolကံမ​ကောင်းခဲ့ပါဘူး..

ထို​နေ့..ထို​နေ့က..yeol​မွေး​နေ့..November,27..။မွေး​နေ့မို့လို့ ဆိုင်​ပိတ်​ပြီး ​လျှောက်​လည်​ဖို့စိတ်​ကူးလိုက်​တယ်​..။ဒါနဲ့ပဲ သူအိမ်​က​နေ အပြင်​ကိုပဲ ထွက်​လာခဲ့တယ်​.။သူသွားမယ့်​​နေရာကို​ရောက်​ဖို့ ဆိုင်​​ရှေ့ကဖြတ်​ရတယ်​..။

ဘာရယ်​မဟုတ်​..ဆိုင်​​ရှေ့ကဖြတ်​ရင်း ဆိုင်​ဘက်​ကိုကြည့်​လိုက်​​တော့....​ကောင်​​လေး..​ကောင်​​လေးတစ်​​ယောက်​ ဆိုင်​ထဲကို ​ချောင်းကြည့်​​နေတာ..။အဲ့​နောက်​​ကျော​လေး.သူသိတာ​ပေါ့..အဲ့​ကျောပြင်​​သေး​သေး​လေး တစ်​ဘ၀လုံး​မေ့မရနိုင်​တဲ့ ​ကောင်​​လေးရဲ့ ​ကျောပြင်​​​လေးဆို​တာ...

"Baek???"

Chanyeolကား​လေးကို လမ်း​ဘေးရပ်​လိုက်​ရင်း ဆိုင်​​ရှေ့ကို ခပ်​သွက်​သွက်​ကူးလာခဲ့တယ်​..။ ​ကောင်​​လေးရဲ့န​ဘေးကို သူရပ်​ပြီးသည်​အထိ အနှီ​ကောင်​​လေးကလှည့်​မကြည့်​​သေး..

နောက်​ဆုံး​တော့ ​ကောင်​​လေးသူ့ဘက်​ကို လှည့်​ကြည့်​ရှာပါတယ်​..။သေချာတာ​ပေါ့..သူ့က​လေး​လေးဆိုတာ..chanyeolချစ်​ရက်​နဲ့ မချစ်​ဟန်​​ဆောင်​ပြီး နာကျင်​​အောင်​ လုပ်​ခဲ့တဲ့က​လေး​လေး...

Chanyeolကိုမြင်​တော့ baekhyun​လေးက အူ​ကြောင်​​ကြောင်​​လေး ကြည့်​​နေတယ်​..။yeolလည်း ​ပျော်​လွန်းလို့ ဘာပြန်​​ပြောရမှန်းမသိ..။

Baekကမျက်​​တောင်​​လေး ပုတ်​ခတ်​ပုတ်​ခတ်​လုပ်​ပြီး လက်​​လေးတစ်​ဖက်​​ထောင်​ပြပြီး...

"ni hao!!"

"Arr..Anyeong..baekhyun ah~~"

Baekhyun,Chanyeolကို Chinaလိုနှုတ်​ဆက်​တယ်​.။ဒါ​ပေမယ့်​ yeolကတော့ သူ့ကို ကိုရီးယားလိုပဲ ပြန်​နှုတ်​ဆက်​လိုက်​တယ်​..။

အဲ့အချိန်​မှာ baekhyunပြန်​ပြောခဲ့တဲ့ စကား​လေး..။chanyeolကိုကြည့်​ပြီး အံ့သြတကြီး ပြန်​​ပြောခဲ့တဲ့ စကားတစ်​ခွန်း..။အဲ့စကား​လေးကြားပြီPark Chanyeol ကမ္ဘာကြီးပျက်​သွားသလိုပဲ..

Baekhyun​လေး​ပြောလိုက်​တာက...

"ခင်​ဗျား ကျ​နော့်​ကိုသိတယ်​​လား??"တဲ့...

အံ့သြတကြီး ​မေးလိုက်​တဲ့ baekhyunစကား​ကြောင့်​ chanyeolလည်းအံ့သြသွားပြီး..

"Baek..ကိုယ်​​လေ..Chanyeol​လေကွာ.."

သူ့စကားဆုံး​တော့ ​ကောင်​​လေးကမျက်​​မှောင်​ကြုတ်​သွားပြီး..

"Chan..Chanyeol??ကျ​နော်​ မသိဘူးခင်​ဗျ.။ခင်​ဗျားက ကိုရီးယားလူမျိုးတစ်​​ယောက်​ပဲလား??"

ကြားနေရတဲ့ စကား​တွေက သူ့ရင်​ကို အစိမ်း​လိုက်​ခွဲ​နေသ​ယောင်​..။ဒါဆို ခုသူ့က​လေး​လေးက သူ့ကိုမမှတ်​မိ​တော့ဘူးတဲ့လား??အတိတ်​​​မေ့သွားတာလား?Chanyeol​ရှေ့တစ်​လှမ်းတိုးလိုက်​​ပြီး..

"Baek..ကိုယ့်​ကို မ​နောက်​ပါနဲ့ကွာ..။ကိုယ်​..ကိုယ်​မှားခဲ့မှန်း ၀န်​ခံပါတယ်​..။ကိုယ်​​လေ babyအ​ကြောင်း​တွေတစ်​ခုမှမသိဘဲ လုပ်​ခဲ့မိတာပါကွာ..ကိုယ်​​တောင်းပန်​ပါတယ်​.."

ဆောက်​တည်​ရာမရ ​ရောက်​တတ်​ရာရာ စကား​တွေ​ပြော​နေတဲ့ yeolကိုကြည့်​ပြီး ​ကောင်​​လေးက​ခြေတစ်​လှမ်း​နောက်​ဆုတ်​ကာ..

"ဟို​လေ..လူမှား​နေတာထင်​တယ်​.."

ထပ်​ထွက်​လာတဲ့ စကားသံ​ကြောင့်​ chanyeolတ​ယောက်​​လောကကြီးနဲ့ ခဏအဆက်​သွယ်​ပြတ်​သွားတယ်​..။

သူ့ရဲ့အူ​ကြောင်​​ကြောင်​ အ​နေထားကိုကြည့်​ပြီး ​ကောင်​​လေးက သက်​ပြင်း​လေးချရှာတယ်​..။ပြီးမှ
"ကျ​နော်​ကခင်​ဗျားထင်​​နေတဲ့သူမဟုတ်​ဘူး..။ရုပ်​တူတာ​နေမှာပါ.."

"မ..မဟုတ်​ပါဘူး မင်းကကိုယ့်​ရဲ့baekhyunအစစ်​ပါ..ဟုတ်​တယ်​မလား?babyရယ်​jelbaကိုယ့်​ကိုမစပါနဲ့ကွာ.."

"ကျွတ်​..မဟုတ်​ပါဘူးဆို​​နေ..။"

စိတ်​ရှုပ်​တဲ့ပုံစံ​လေးနဲ့ ခပ်​ဆတ်​ဆတ်​​ပြောလာတဲ့ ​ကောင်​​လေးစကား​ကြောင့်​ chanyeolတစ်​​ယောက်​စိတ်​ညစ်​သွားကာ..

"မင်း..မင်းနာမည်​ကbaekhyunမဟုတ်​ဘူးလား??"

"ဟုတ်​တယ်​..baekhyun.."

ကောင်​​လေးအ​ဖြေစကား​ကြောင့်​ yeolအားတက်​သွားကာ..

"ဒါဆို မင်းကိုယ့်​ကိုမမှတ်​မိဘူးလား??"

"လုပ်​ပြန်​ပြီ..ကျ​နော်​ခင်​ဗျားကိုမသိပါဘူးဆို​နေတာကို..။ခင်​ဗျားလူနဲ့ကျ​နော်​ကရုပ်​တင်​မကဘူး နာမည်​ပါတူ​နေတာ​နေမှာ..​လောကကြီးမှာ နာမည်​တူမရှား လူတူမရှားကို.."

ဟင့်​အင်း..ဒါဘယ်​နည်းနဲ့မှမဖြစ်​နိုင်​တာ..။ချစ်​ဖို့​ကောင်းတဲ့ မျက်​၀န်းလှလှ​လေး​တွေကို ပိုပြည့်​စုံသွား​အောင်​ ခြယ်​ထားတဲ့liner..နှုတ်​ခမ်းအထက်​က မြင်ရ၇
သည်​ဆိုရုံ​လောက်​ မှဲ့နက်​​လေး..ညာဘက်​နားထင်​နားက မှဲ့​လေး..။လူတူတယ်​​ဆို​တောင်​ ဒီ​လောက်​ထိမတူနိုင်​..ဒါ သူချစ်​ခဲ့တဲ့ baekhyun..သူ့က​လေး​လေးအစစ်​မှအစစ်​..

"Yifan hyungကမင်းအစ်​ကို မဟုတ်​ဘူးလား??"

သူ့စကား​ကြောင့်​ ​ကောင်​​လေးကခဏ စဉ်းစားဟန်​ပြုတယ်​..ခဏကြာမှ..

"Yifan..ခင်​ဗျား​ပြောတဲ့yifanဆိုတာ စီးပွား​ရေးလုပ်​ငန်းရှင်​ကြီးကို​ပြောတာလား?"

Chanyeol​လေး​လေးပင်​ပင်​ပဲ ​ခေါင်းငြိမ့်​ပြလိုက်​​တော့..

"ရူး​နေတာလား?ကျ​နော်​ကသူ့လိုနာမည်​ကြီးတ​ယောက်​ရဲ့ ညီဖြစ်​မလား?ပြီး​တော့ သူကတရုတ်​လူမျိုး ကျ​နော်​က ကိုရီးယား.။ကျ​နော်​ကတဦးတည်း​သောသားဗျ.."

"မဖြစ်​နိုင်​တာ..မင်းဒီကို ဘယ်​ကတည်းက​ရောက်​တာလဲ?ကိုရီးယားမှာ​ရော ​နေခဲ့ဘူးလား?"

Baekhyunအတိတ်​​မေ့​နေတယ်​ဆိုတဲ့ ထင်​မြင်​ချက်​နဲ့ chanyeolတ​ယောက်​ ​ကောင်​​လေးကို ​မေးခွန်း​တွေတရစပ်​​မေး​နေမိတယ်​..

"ဟူး..ခက်​တယ်​..။ကျ​နော်​​မွေးကတည်းက ဒီမှာပဲ​နေခဲ့တာ..။ကျ​နော့်​မိဘ၂ပါးလုံးက ကိုရီးယားလူမျိုး​တွေဗျ..။သူတို့ဒီနိုင်​ငံမှာ အ​ခြေချပြီးမှ ကျ​နော့်​ကို​မွေးတာ..ရပြီလား?"

ကောင်​​လေးပြန်​​ဖြေတဲ့ အ​ဖြေ​တွေက သူလိုချင်​တဲ့အ​ဖြေ​တွေမှ မဟုတ်​ဘဲ.။chanyeolစိတ်​ပျက်​လက်​ပျက်​နဲ့ ​ခေါင်းငိုက်​စိုက်​ကျသွားတယ်​..။ကောင်​​လေးက သူ့ပုံစံကိုကြည့်​ပြီး ​ခေါင်းတချက်​ခါတယ်​..။ပြီးမှ ဆိုင်​ဘက်​ကိုလှမ်းကြည့်​လိုက်​ပြီး..

"ခင်​ဗျား ဒီဆိုင်​ပိုင်​ရှင်​ကို သိလား??"

Chanyeolလည်ူး သူ့ဆိုင်​ထဲကိုကြည့်​လိုက်​ပြီး..

"ကိုယ်​ပဲ​လေ.."

တိုးလျလျထွက်​လာတဲ့ သူ့စကားသံဆုံး​တော့ ​ကောင်​​ချော​လေးက သူ့ဘက်​ကို အမြန်​လှည့်​ကြည့်​ပြီး ၀မ်းသာသွားတဲ့မျက်​လုံး​လေးနဲ့..

"Wow..really..daebak..ဒါနဲ့ ဒီ​နေ့ဆိုင်​မဖွင့်​ဘူးလား??"

"အင်း..ပိတ်​တယ်​..ကိုယ်​ဒီ​နေ့ဆိုင်​ပိတ်​တယ်​.ဘာလို့လဲ??"

ကျဆင်းလာ​တော့မယ့်​ မျက်​ရည်​တို့ကို ဟန်​​ဆောင်​ထိန်းလိုက်​ရင်း နွမ်းလျတဲ့အပြုံး​လေးနဲ့ chanyeol​မေးခွန်းပြန်​​မေးလိုက်​တယ်​..

သူ့ဆီကဆိုင်​မဖွင့်​ဘူးဆိုတဲ့ စကား​ကြောင့်​ ဖြူဖြူဖပ်​ဖပ်​က​လေး​လေးက နှုတ်​ခမ်း​လေးဆူသွားပြီး.

"ဟင်​..ကျ​နော်​စားမယ့်​​နေ့ကြမှဗျာ.."

ရှေ့က​နေ ဆူပုပ်​ပုက်​မျက်​နှာ​လေးနဲ့ ​ပြောလိုက်​တဲ့ ​ကောင်​​လေးကိုကြည့်​ပြီးchanyeolရင်​အစုံ နာကျင်​လှပါတယ်​..။မ​တွေ့ခင်​က​တော့ ​တွေ့​အောင်​မရမကလိုက်​ရှာခဲ့ရတယ်​..။အခု​တွေ့ပြန်​​တော့လည်း ချစ်​ရသူရဲ့ ပုံစံကဘာမှန်းမ​ရေရာ..

*ကံတရားရယ်​ ရက်​စက်​လိုက်​တာ..*

Yeolနှာ​တချက်​ရှိုက်​လိုက်​ပြီး..

"Baekစားချင်​တယ်​ဆိုရင်​ hyungဆိုင်​ဖွင့်​​ပေးမယ်​​လေ.."

သူ့စကား​ကြောင့်​ ​ကောင်​​လေးက မျက်​လုံးတဖျက်​ဖျက်​​တောက်​သွားပြီး...

"တကယ်​​ပြောတာလား??"

"အင်း..ကိုယ်​ဒီဆိုင်​ကိုစဖွင့်​ကတည်းက babyမင်းအတွက်​ ဖွင့်​ခဲ့တာပဲ​လေ.."

သူ​မျှော်​လင့်​တကြီး​ပြောမိ​ပေမယ့်​ ပြန်​ရလိုက်​တာက baekhyunရဲ့တွန့်​​ကွေးသွားတဲ့ မျက်​ခုံး​...

"ကဲပါ..လာ.၀င်​.."

>>>>>>>>>>>>>>>>>>>>>>>>>>>>>

Chanyeolတစ်​​ယောက်​ သူ့​ရှေ့က​နေ ice-creamကို အားရပါးရငုံ့စား​နေတဲ့ ​ကောင်​​လေးကိုကြည့်​ပြီး မျက်ရည်​​တို့စီးကျလာတယ်​..။

သူ baekhyunကို ​ရေခဲမုန့်​ဝယ်​​ကျွေးတဲ့ညမှာပဲ ဖွင့်​​ပြောခဲ့တာမလား??အရာအားလုံးကို အဲ့​နေ့ညကပဲ စခဲ့တယ်​ဆိုပါ​တော့..။

"အင်​..ခင်​ဗျား ဘာလို့ငို​နေတာလဲ?ကျ​နော်​ပိုက်​ဆံမရှင်းမှာစိုးလို့လား??"

ခပ်​စူးစူးထွက်​လာတဲ့ အသံ​သေး​သေး​လေး​ကြောင့်​ yeol သူ့မျက်​ရည်​တို့ကိုသုတ်​လိုက်​ပြီး..

"မဟုတ်​ပါဘူးကွာ..တစ်​​ယောက်​​ယောက်​ကို သတိရသွားလို့ပါ.."

"​အော်​...မဟုတ်​မှ baekbaekဆိုတဲ့ တစ်​​ယောက်​ကို သတိရသွားတာလား??"

မျက်​ခုံး​လေးပင့်​ပြီး ​မေးလိုက်​တဲ့​ကောင်​​လေးရဲ့ အ​မေးစကားက chanyeolအတွက်​​တော့ မျက်​ရည်​​တွေအဖြစ်​သာ ​ပြောင်းသွားတယ်​..။

အရင်​က သူ baekhyunကိုငို​အောင်​ လုပ်​ခဲ့လို့ အခု ဘုရားသခင်​ကသူ့ကိုအပြစ်​ပြန်​​ပေးတာထင်​ပါတယ်​..။baekhyun​ သူ့အနားမှာ မရှိ​တော့ကတည်းက သူ့အတွက်​​တော့ ညတိုင်းဟာ မျက်​ရည်​ည​တွေ...

"​ဟေ့..​အော်​ ​ပြော​နေရင်းနဲ့သတိရသွားပြန်​ပြီလား?mianhaenae..mianhaenae.."

"အချိန်​ပြည့်​သတိရ​နေတာပါ..အဲ့baekbaekဆိုတဲ့ ​ကောင်​​လေးကို.."

"​ခင်​ဗျားရဲ့ညီလား??"

မေး​လေး​ထောက်​ပြီး​မေးလိုက်​တဲ့ ​ကောင်​​လေးကိုကြည့်​ပြီး chanyeolအသာပြုံးကာ..

"Arnyi~~baekhyunက ကိုယ့်​ချစ်​သူ.."

သူ့အ​ပြော​ကြောင့်​ ​ကောင်​​လေးကမျက်​လုံးပြူးသွားတယ်​..။ခဏကြာမှ ဟန်​ပါပါ​ခေါင်းငြိမ့်​ပြီး..

"ဒါ​ကြောင့်​ကို..အဲ့ဒါ​ကြောင့်​ ခင်​ဗျားကျ​နော့်​ကိုလူမှားပြီး ပုံပျက်​ပန်းပျက်​ဖြစ်​​နေတာကို..။ကြည့်​ရတာ ​တော်​​တော်​ချစ်​ပုံပဲ.."

"အင်း..အရမ်းချစ်​ခဲ့တာ..ဒါနဲ့မင်းဘယ်​လိုသိတာလဲ?ငါbaekbaek​လေးကို သတိရ​နေမှန်း..ပြီး​တော့မင်းကဘယ်​လိုလုပ်​ baekbaekကိုသိ​နေတာလဲ?"

ကောင်​​လေးက နှာ​ခေါင်းတချက်​ရှုံ့ပြတယ်​..ပြီးမှ..

"ခင်​ဗျားကျ​နော့်​ကို ​သေ​သေချာချာကိုထိုင်​ကြည့်​​နေလို့​လေ..။ခင်​ဗျားရဲ့baekbaekကို သိတာလည်းအဆန်းမဟုတ်​ပါဘူး..ခင်​ဗျားက​စော​စောက​ပြောတယ်​​လေ ကျ​နော့်​ကိုbaekhyunလား​ဆိုပြီး​တော့..။နောက်​တစ်​ခုက ခင်​ဗျားဆိုင်​နာမည်​ကbaekbaekတဲ့​လေ..အဲ့ဒါ​ကြောင့်​ သိတာ​ပေါ့."

ကောင်​​လေးရဲ့ ​ဖြေရှင်းချက်​သံအပြီးမှာ yeol​ခေါင်း​တဆတ်​ဆတ်​ငြိမ့်​ပြီး နှုတ်​ခမ်းတချက်​ကိုက်​ထားလိုက်​တယ်​..။ရည်​ရွယ်​ချက်​က​တော့ သူ့မျက်​ရည်​​တွေကျမလာ​စေဖို့.

သူ့​ရှေ့က baekhyunနဲ့တူတဲ့​ကောင်​​လေးက​တော့ ဆိုင်​ထဲကိုမျက်​လုံး​ဝေ့ကြည့်​ပြီး..

"ဆိုင်​​လေးက ချစ်​စရာ​လေး​နော်​..။ဆိုင်​နာမည်​​လေးကလည်း ချစ်​ဖို့​ကောင်းတယ်​..ကျ​နော့်​နာမည်​နဲ့တူတယ်​..baekbaekတဲ့.."

chanyeolလည်း သူ့ဆိုင်​​လေးထဲကို မျက်​လုံးပတ်​ကြည့်​ရင်း..

"Baekbaek​လေးက ice-creamအရမ်းကြိုက်​တာ​လေ..အဲ့ဒါ​ကြောင့်​ပဲ ဒီဆိုင်​​လေးဖွင့်​ခဲ့ပြီး ဆိုင်​နာမည်​ကိုသူ့နာမည်​​ပေးခဲ့တာ​လေ.."

"​အော်​..အဲ့​လောက်​​တောင်​ချစ်​သလား??"

"​ပြောမပြတတ်​​အောင်​ကို ချစ်​ခဲ့တာပါ.."

သူ့အ​ပြော​ကြောင့်​ ​ကောင်​​လေးက တချက်​ပြုံးရင်း..

"ကဲ..ကျ​နော်​လည်းပြန်​​တော့မယ်​.။ဘယ်​​လောက်​​ပေးရမလဲ ​ရေခဲမုန့်​ဖိုး.."

Chanyeol​ခေါင်းရမ်းပြလိုက်​ရင်း.

"မ​ပေးပါနဲ့​တော့..ဒီ​နေ့က ငါ့​မွေး​နေ့မို့ မင်းကိုအလကား​ကျွေးလိုက်​ပါ့မယ်​.."

"Wow..မိုက်​တယ်​..။နောက်​ရက်​​တွေ​ရော??"

"​နောက်​ရက်​​တွေ​တော့ ကျသင့်​​ငွေရှင်း​ပေးရမှာ​ပေါ့.."

သူ့အ​ဖြေ​ကြောင့်​ ​ကောင်​​လေးက နှုတ်​ခမ်း​လေးမဲ့ပြလိုက်​ကာ..

"ဟုတ်​ပါပြီ​ဗျာ..birthday presentက​နောက်​မှပဲ ယူ​တော့.။ကျ​နော်​ပြန်​ပြီ"

ပြောရင်းဆိုရင်း ​ဆိုင်​အပြင်​ကိုထွက်​သွားတဲ့ က​လေး​လေးကို chanyeolတစ်​​ယောက်​လှမ်းမဆွဲမိ..။နေရာမှာတင်​ အရူးတစ်​​ယောက်​လို ထိုင်​ငို​နေမိတယ်​..

ဆိုင်​အပြင်​က ​ကောင်​​လေးက​တော့ ဆိုင်​ထဲမှာထိုင်​ငို​နေတဲ့ သူ့ကိုကြည့်​ပြီး..

"Saeng-il Chukahaeyoe hyung..ကျ​နော်​hyung​ရှေ့​ပြန်​​ပေါ်လာတာကို ​မွေး​နေ့လက်​​ဆောင်​အဖြစ်​ယူလိုက်​​နော်​..ခုလိုလုပ်​ရတဲ့အတွက်​mianhaenae hyung..အရမ်းချစ်​လွန်းလို့ပါ."

ကောင်​​လေးရဲ့လက်​က အခြားလက်​တဖက်​ရဲ့ လက်​​ကောက်​၀တ်​ကအမာရွတ်​​လေးကို ပွတ်​​နေရင်း​ပြောလိုက်​တယ်​။ပါးထက်​မှာက မျက်​ရည်​စီး​ကြောင်း~~~

>>>>>>>>>>>>>>>>>>>>>>>>>>>>>

To be continued...
We are one...
Exo K+Exo L+Exo M=One...
Exo saranghaja...
Exo is always 12members in my mind and heart...
Saranghae EXO & EXOL...
90°bow...
Star click plzzz...☺ ☺


Continue Reading

You'll Also Like

75K 4.1K 61
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။
28.7K 2.2K 22
Another forthbeam short story
101K 17.7K 58
❝ ﹏ මට මේක කියන්නකෝ අග්‍ර..බියුටි ඇන්ඩ් ද බීස්ට් එකේ කුමාරයා ශාපයක් නිසා එච්චර කැත රාක්‍ෂයෙක් වුනේ නැත්තම් බෙල් වගේ දුප්පත් කෙල්ලෙක් දිහා අඩුම තරමෙ බ...
575K 35.3K 70
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...