Part-7(Avenge's First Step)

13.6K 1.1K 13
                                    

"Chanyeol Oppa!!"

Chanyeolသူ့နာမည်​ ​ခေါ်လိုက်​သံ​ကြောင့်​ ​အောက်​ငုံ့​နေရာက​နေ​မော့ကြည့်​လိုက်​​တော့ သူ့ဆီ​ပြေးလာတဲ့ ​ကျောင်းဝတ်​စုံ​လေးနဲ့ Yuen..

"Aww..Yuen ah~တ​ယောက်​တည်းလား?သူငယ်​ချင်း​တွေ​ရော??"

"အင်း..သူတို့​တွေက ညီမကိုတ​ယောက်​တည်းထားခဲ့ကြတယ်​.."

ပျစ်​ချွဲချွဲစကားသံအဆုံး chanyeolတချက်​ပြုံးလိုက်​တယ်​..။

ဒီလိုပုံစံမျိုးမို့ baekhyunကသူ့ကိုစိတ်​မချတာ​နေမှာ...

"Oppa..Baekhyunကို လာကြိုတာလား?"

"အင်း..ဟုတ်​တယ်​​လေ.."

"​အော်​.."

နှုတ်​ခမ်း​လေးဆူပြီး ပျစ်​ချွဲ​နေ​အောင်​မူပြီး​ပြော​နေတဲ့ Yuenကိုကြည့်​ပြီး စိတ်​ပျက်​သွားတယ်​..။ဒါ yeol styleမှမဟုတ်​တာ..။အီစီကလီ ပျစ်​ချွဲချွဲ​ကောင်​မ​လေး​တွေဆို သူသိပ်​မုန်းတယ်​​လေ..

ဒါ​ပေမယ့်​ ကျောင်းဝင်းထဲက​နေ ​ထွက်​လာတဲ့ baekhyun​လေးကို​တွေ့လိုက်​တယ်​ဆိုရင်​ပဲ သူ့လက်​​တွေက အလိုလိုYuenရဲ့​ခေါင်းက ဆံပင်​​လေး​တွေကို ပွတ်​​ပေးပြီးသားဖြစ်​သွားတယ်​..။ပါးစပ်​က​နေလည်း..

"Aigoo..Yuen​လေးက ချစ်​ဖို့​ကောင်းလိုက်​တာ.."

မျက်​လုံး​လေးက​နေ အ​ရောင်​တလက်​လက်​​တောက်​သွားတဲ့ Yuenကိုကြည့်​ပြီး သူ့မျက်​လုံး​တွေက သူတို့နဲ့၅လှမ်းအကွာ​လောက်​မှာရပ်​ပြီး သူတို့၂​ယောက်​ရဲ့ အမူရာကိုကြည့်​​နေတဲ့ ကိုယ်​​သေး​သေး​လေး ​ခြေတချက်​ယိုင်​သွားတာကို မြင်​လိုက်​​တော့Chanyeol​အောင်​နိုင်​သူအပြုံး​လေးပြုံးလိုက်​တယ်​..

ပြီးမှမသိချင်​​ယောင်​​ဆောင်​ပြီး baekhyunကိုကြည့်​လိုက်​တယ်​.မျက်​လုံး​တွေကလည်းလန့်​သွားတဲ့ပုံ ဟန်​​ဆောင်​လိုက်​ပြီး yuenရဲ့​ခေါင်း​ပေါ်က သူ့လက်​ကိုအမြန်​ဖယ်​ချလိုက်​တယ်​...

ပြီးမှ..

"Arr..baek..ba..baby.လာ.လာ​လေ.."

စကားထစ်​ချင်​​ယောင်​​ဆောင်​​ပြောလိုက်​တယ်..

Avenge=Love (Chanbaek/Baekyeol Yaoi)Where stories live. Discover now