အရင္တုန္းက...coffeeတစ္ခြက္ဝယ္ျပီးတာနဲ႔...
ေက်ာခိုင္းထြက္လာေနက်...StarBucks coffeeဆိုင္ေလးဟာ...အခုေတာ့ ကြ်န္ေတာ္...
တစ္ေန႕မွာ...နာရီဝက္ေလာက္...
ေအးေအးလူလူထိုင္ေနမိတတ္တဲ႔...ေနရာေလး...
တစ္ေနရာ ျဖစ္လာခဲ႔သလို...
ကြ်န္ေတာ့္နွလံုးသားမွာလည္း...coffee ေကာင္းေကာင္း
ေဖ်ာ္တတ္ျပီး...ပါးခ်ိဳင့္ေလးေတြ ေပၚေအာင္ ျပံဳးျပတတ္တဲ႔... ေကာင္မေလး တစ္ေယာက္က...
အျပန္အလွန္သေဘာ...ေနရာယူလို႕လာျပီေလ...
သူမမွာ...ပါးလ်ားလ်ားမဟုတ္ဘဲ...
အနည္းငယ္ ခ်စ္စဖြယ္ ခပ္တဲြတဲြေလးက်ေနတဲ့...
ႏႈတ္ခမ္းထူထူေလးေတြ ရိွတယ္...
မ်က္လံုးေတြဟာ...သူ႕လို...အျမဲ မေတာက္ပေနတတ္ေပမယ့္...သဘာဝအတိုင္း အိပ္ခ်င္သလို ျဖစ္ေနတတ္တဲ့...မ်က္ခြံေလးေတြကို ပင့္တင္ျပီး...ၾကည့္လိုက္တဲ႔အခါ...တကယ္ ခ်စ္ဖို႕ေကာင္းတယ္...သိုးငယ္ေလး လိုပဲ...
ျပင္ဆင္ျခယ္သျခင္း...သိပ္မရိွဘဲ...ပန္းနုေရာင္ သန္းေနတတ္တဲ႔...မ်က္နွာေလးကို ျမင္ရတဲ႔အခါ...
Eyelinerထူထူေတြ...make upေတြနဲ႔...
ပူအိုက္...မြန္းက်ပ္ေနတတ္တဲ႔...သူ႕မ်က္နွာကို...
မဆီမဆိုင္...သြား...သတိရမိတတ္ေသးတယ္...
သူမကို...ေကာင္းေကာင္းျမင္သာတဲ႔...တစ္ေနရာမွာ...ထိုင္...Americanoတစ္ခြက္ကို...စားပဲြေရွ႕ခ်ရင္း... Customerေတြနဲ႔...စကားေျပာေနတတ္တဲ့ သူမကို
သိသိသာသာတစ္မ်ိဳး...မသိမသာတစ္မ်ိဳး...
ေငးၾကည့္မိတဲ႔အခါ... သူမရဲ႕...ႏႈတ္ခမ္းေလးဟာ...စုစုခြ်န္ျပီး...အေရွ႕ကို ခ်စ္စဖြယ္ ထြက္လာတတ္တာကို ေတြ႕ရတယ္
အစကေတာ့...တမင္တကာ
ခ်စ္စရာေကာင္းေအာင္ လုပ္ေျပာတယ္ ထင္မိခဲ႔ေပမယ့္...
အဲဒီလို မဟုတ္ဘဲ...သူမရဲ႕...ကိုယ္ပိုင္ အမူအက်င့္ေလးတစ္ခုလို႕...သတိထားမိလာရဲ႕...
ဒီအခ်က္ကေတာ့...Xiao Luhanနဲ႔ သူမရဲ႕...
တူညီတဲ႔ အခ်က္တစ္ခုပဲ...
ဘယ္သူက ပိုျပီးသာသလဲ ဆိုတာေတာ့...
ကြ်န္ေတာ္ ေဝခဲြမတတ္...
ေနပါဦး...ကြ်န္ေတာ္...ဘာလို႕...
မိန္းကေလးတစ္ေယာက္ကို...ေယာက္်ားတစ္ေယာက္နဲ႔...အရာရာတိုင္း လိုက္ျပီး ႏိႈင္းယွဥ္ေနမိလဲ?...
ဘာဆိုဘာမွ မတူညီတဲ့ လူနွစ္ေယာက္ၾကားထဲက...
တူညီမႈအခ်ိဳ႕ကို...ဘာလို႕မ်ား ခဲရာခဲဆစ္ လိုက္ျပီး...ရွာေဖြေနမိတာလဲ?...
ယွဥ္မိျပီ...ႏႈိင္းမိျပီဆိုတာနဲ႕...
တစ္စံုတစ္ေယာက္ကို အသာေပး...
တစ္စံုတစ္ေယာက္ကို...နိမ့္က်တယ္လို႕...
သတ္မွတ္ရေတာ့မွာေလ
ဒါဆို...ကြ်န္ေတာ္ လိုခ်င္ေနတာကေရာ ဘယ္လိုအရာမ်ိဳးလဲ?...
Xiao Luhanရဲ႕...အနိုင္နဲ႔ ပိုင္းမႈကိုလား...
Xing...ဆိုတဲ႔ မိန္းကေလးရဲ႕...ရံႈးနိမ့္မႈကိုလား...
အဟင္း...မသိစိတ္က တစ္ခါတစ္ရံလည္း အလိုလို အေျဖထုတ္ေပးတတ္တာပဲ
ဟုတ္တယ္...ကြ်န္ေတာ္ လိုခ်င္တာ...အဲဒါ...
Xiao Luhanက အရာရာ သာလြန္ေနတာမ်ိဳးကို လိုခ်င္တာ...ဒါမွ...သူ႕ထက္ အစစအရာရာ နိမ့္က်တယ္လို႕...သူမွတ္ယူတဲ႔
ျပိဳင္ဘက္တစ္ေယာက္ကို ရံႈးနိမ့္ရတဲ႔...ခံစားမႈက...
သူ႕ အသည္းနွလံုးေတြကို...
တစ္စစီ...ဆဲြဆုတ္သလို...နာက်င္ေစမွာ...
ခင္ဗ်ားၾကီး ေျပာေျပာေနသလို...
တစ္ခ်က္ခုတ္ျပီး...နွစ္ခ်က္ျပတ္တဲ႔ သေဘာေပါ့...
Xiao Luhanရာ...
သူမ်ားကို...နာက်င္ေစခ်င္စိတ္ေတြနဲ႔ ျပည့္နွက္ေနတဲ့ ကြ်န္ေတာ္...
ေက်းဇူးရွင္ကို ေက်းစြပ္ဖို႕... စိုင္းျပင္းေနတဲ႔ ကြ်န္ေတာ္...
ဒီနည္းလမ္းက မည္သူတစ္ဦးတစ္ေယာက္အတြက္မွ... မမွန္ကန္မွန္း မမွ်တမွန္း သိပါရက္နဲ႔ေတာင္...
ေရွ႕ဆက္ျပီးေတာ့...တိုးဖို႕...ကြ်န္ေတာ္ ေနာက္မတြန္႕
ဟုတ္တယ္...
ေစာ္ကားခံရမႈေတြ...မြန္းၾကပ္မႈေတြ...
ေလွာင္ပိတ္ခံရမႈေတြက...ထြက္ေပါက္မရိွေတာ့တဲ႔ ကြ်န္ေတာ့္ကို ဒီလို လူဆိုးတစ္ေယာက္အျဖစ္ တြန္းပို႕ခဲ႔တာ ဆိုရင္...Xiao Luhan...
ခင္ဗ်ားက ဒီဇာတ္ကို ခင္းတဲ႔...ဇာတ္ဆရာပဲ...
ရည္ရြယ္ခ်က္?...ဦးတည္ရာ?
ဒီ အဓိပၸာယ္မဲ႔ လုပ္ရပ္ အားလံုးမွာ direction တစ္ခုပဲ ရိွတယ္...သူမက...ကြ်န္ေတာ့္ရဲ႕ ေန႔ရက္ေတြကို... ဘယ္လိုလွပေအာင္ ဖန္တီးလိမ့္မလဲ ဆိုတာ
Xiao Luhanကို သိေစခ်င္တာ...ျမင္ေစခ်င္တာ...
ေနာင္တရေစခ်င္တာ...နာက်င္ေစခ်င္တာ...
Awwz...မုန္းမိတဲ႔ လူတစ္ေယာက္ Xiao Luhanရဲ႕ နာက်င္မႈက ကြ်န္ေတာ့္အတြက္...ေပ်ာ္ရႊင္မႈ ပန္းတိုင္ခရီးလမ္းဆံုး...တဲ႔လား...
သဘာဝေတာ့လည္း မက်ေသးပါ...ဒါေပမယ့္
ဒီထက္ပိုျပီး...ကြ်န္ေတာ္ မေတြးနိုင္...
က်န္တဲ႔အပိုင္းမ်ားက...ကိုယ့္ကိုကိုယ္ နားလည္နိုင္ဖို႕ရန္...အမွန္ကို...ရႈပ္ေထြးလြန္းေနတယ္
ဒါေပမယ့္...ကြ်န္ေတာ္တို႕ နွစ္ေယာက္ရဲ႕ၾကားထဲ Xingဆိုတဲ႔...အျဖဴထည္မိန္းကေလးတစ္ေယာက္ကို
အသံုးခ်ယံုသက္သက္...ေခၚသြင္းလာတာမ်ိဳးေတာ့ ...
အလ်င္းမဟုတ္ခဲ႔...
ကြ်န္ေတာ္... သူမကို သေဘာက်ပါတယ္...
ဒါေပမယ့္...ခုခ်ိန္ထိေတာ့ သေဘာက်ရံုပဲ...သူမလည္း
ကြ်န္ေတာ့္ကို ေသခ်ာေပါက္ သေဘာက်ေနပါျပီ......
အဟင္း......
အေတြးေတြက ပိုင္စိုးပိုင္နင္း...ျမန္ဆန္လြန္းေနရဲ႕...
တကယ္တမ္း နွစ္ေယာက္ၾကားက အေျခအေနက
အၾကည့္ခ်င္းဆံု...ရင္ခုန္လို႕ ရိပ္ဖမ္းသမ္းဖမ္း အဆင့္ေလာက္ပဲ ရိွေသးတာပါ...
အင္းေလ...
ဒီဘက္ပိုင္းမွာ...ကြ်န္ေတာ္ နည္းနည္း နံုအ ေနာက္က်ေနျပီ ထင္ပါတယ္...
ဖိုမသဘာဝအရ...အလိုလို ဆဲြငင္ျပီးသား
ဆန္႕က်င္ဘက္လိင္...မိန္းကေလးတစ္ေယာက္ကို
step by step ဘယ္လို ခ်ည္းကပ္ရမယ္ဆိုတာ...
အခ်ိန္အေတာ္ၾကာေအာင္ ျပန္လည္... ေတြးယူရေလာက္ေအာင္ထိ...အဲဒီဘက္နဲ႔...
အလွမ္းေဝးေနခဲ႔ျပီကိုး...
ဘာပဲျဖစ္ျဖစ္...ဒီေန႕...ကြ်န္ေတာ္ ph noေတာ့.ရေအာင္ယူမွ ျဖစ္မွာပါ...
ညဘက္မွာ...showပဲြ ဒုတိယေန႔မို႕...သူ...စင္ေပၚမွာ ေဖ်ာ္ေျဖေနတဲ႔ အခ်ိန္တစ္ေလွ်ာက္လံုး...သူမနဲ႔ ကြ်န္ေတာ္ ေအးေဆး စကားေျပာဖို႕ အခြင့္အေရး ရနိုင္မယ္ေလ...
ဆိုင္ထဲ ဝင္သြားေတာ့...ဝန္ထမ္းေကာင္မေလးေတြက
ျပံဳးတံု႕တံု႕...မ်က္နွာေပးနဲ႔...
"Xingေရ...နင့္ အစ္ကို လာေနျပီ"
မ်က္နွာရိပ္ မ်က္နွာကဲနဲ႔ စေနာက္တဲ႔အခါ...သူမ ရွက္သြားလိုက္တာမ်ား...မ်က္နွာတစ္ခုလံုး...ပန္းနုေရာင္ကေန...ခ်ယ္ရီသီးေရာင္ သန္းသြားတယ္...
"အို...သူတို႕ကလည္း ဘယ္လိုေတြ ေျပာေနၾကမွန္း မသိဘူး..."
သူ႕ဟာသူ...ေရရြတ္သလို...ကြ်န္ေတာ့္ကိုပဲ ေျပာသလိုနဲ႔ မ်က္နွာေလး ေအာက္ခ်ျပီး...Americanoကို ကြ်န္ေတာ္ မေျပာရေသးဘဲ ေဖ်ာ္ေနေလရဲ႕...
"Xing"
"nae?"
ပန္းပြင့္လႊာေလးလို ေခ်ာေမြ႕ေျပာင္ရွင္းေနတဲ့ မ်က္ခံြေလးေတြကို ပင့္ျပီး...ကြ်န္ေတာ့္ကို ေမာ့ၾကည့္လာရဲ႕...နာမည္ကို ေခၚလိုက္တဲ႔ အတြက္ အံ႔ၾသသြားပံုလည္း ရပါတယ္...
"Xing နာမည္ကို ဘယ္လို လုပ္ျပီး?"
ဟက္...တကယ္ အူေၾကာင္ၾကား ေကာင္မေလးပဲ...
တစ္ဆိုင္လံုးက Xingလို႕ ေခၚၾကတဲ႔ဟာ...သူ႕နာမည္ ဘယ္လို သိသလဲတဲ႔?
"ဘာလို႕လဲ?...Xing... အားလံုးက ဒီိလိုပဲ ေခၚေနၾကေတာ့ ကိုယ္လည္း ေခၚခြင့္ရိွမယ္ထင္လို႕ေလ"
ႏႈတ္ခမ္းေလးေတြကို ေမ့တိေမ့ေလ်ာ့ ဟထားမိတဲ႔အထိ
အံ႔အားသင့္ေနတဲ႔ သူမက...ဒီလိုက်ျပန္ေတာ့လည္း တစ္ဖန္ရွက္သြားျပန္တယ္ေလ...သူမ မ်က္နွာ ရဲတက္လာတာကို...သိထားဟန္တူတဲ႔ သူမက ေခါင္းကို အတင္းငံု႕ထားရင္း...Americano ခြက္ေလးကို ကြ်န္ေတာ့္ ေရွ႕ခ်ေပးတယ္...
"ရပါျပီရွင္...ေက်းဇူးတင္ပါတယ္"
"Xingေရ...အဲဒီအစ္ကို ေခ်ာင္းဆိုးကုန္ေတာ့မယ္ေနာ္
ၾကည့္လည္း လုပ္ပါဦး...Creamေတြမွ အမ်ားၾကီး"
သြက္သြက္လက္လက္ရိွတဲ႔...ဝန္ထမ္းေကာင္မေလး
စကားေၾကာင့္ ကြ်န္ေတာ္ ျပံဳးလိုက္မိတယ္...
သူမက... အပီအျပင္ကို ေလွာ္ေပးေနတာပါ...
ဟုတ္တယ္...ကြ်န္ေတာ္ အခ်ိဳၾကိဳက္တယ္လို႕ ေျပာမိကတည္းက...ကြ်န္ေတာ့္ရဲ႕ Americanoမွာ Creamေတြ အမ်ားၾကီး ပါလာတတ္တာ...
"အို...Yang Miကလည္း...Xingက ေစတနာနဲ႔ပါ"
ျပာျပာသလဲ ထျပီး ေျဖရွင္းခ်က္ေပးတဲ႔ စကားမွာတင္ ကြ်န္ေတာ့္အေပၚထားရိွတဲ႔ သူမရဲ႕ ေႏြးေထြးတဲ႔ ခံစားခ်က္အခ်ိဳ႕ကို ဖမ္းဆုပ္လိုက္မိတယ္...
"Xing...ကိုယ့္ကို...မင္း phေလး ခဏေလာက္ ငွားပါလား"
"ရွင္?"
မ်က္လံုးေလးေတြ ဝိုင္းစက္ျပီး ေျပာတာကိုပဲ နားမလည္လိုက္သလို...တံု႕ျပန္ေလရဲ႕...သူမက တကယ္ အရုပ္ေလးတစ္ရုပ္လိုပဲ...
"ခဏေလးပါပဲ"
ကြ်န္ေတာ္ ျပံဳးျပီးေျပာေတာ့...သူမက...
ဝန္ထမ္းဝတ္စံုေအာက္မွာ ထည့္သိမ္းထားတဲ႔
phေလးကို ထုတ္ေပးတယ္
Lock screenကို ေတြ႕တဲ႔အခါ...ကြ်န္ေတာ္ phကို သူမဆီ ထိုးေပးမလို႕ ျပင္ေတာ့
"passwordက x-i-n-g ပါ..."
ကြ်န္ေတာ္ ႏႈတ္ခမ္းတို႕ ေကြးညြတ္ရံုမက သြားေပၚေအာင္ပါ ျပံဳးမိတယ္ ထင္ရဲ႕...စဥ္းစားမိလို႕ေလ
passwordကို ကိုယ့္ နာမည္ေလးထားျပီး...
လူေတြသိသြားမွာလည္း ဝန္မေလးတဲ႔ သူမရဲ႕
passwordထားရတဲ႔ ရည္ရြယ္ခ်က္က ဘာလို႕မ်ားပါလိမ့္ေပါ့ေလ
msg boxကို ဝင္ျပီး ရင္းနွီးကြ်မ္းဝင္လြန္းျပီးသား
ph no.တစ္ခုကို ရိုက္ထည့္လိုက္တယ္...
စာတိုေလးတစ္ေစာင္... ခပ္ျမန္ျမန္ရိုက္ျပီး...
ကြ်န္ေတာ္ ျပန္ေပးလိုက္ပါတယ္
"ေက်းဇူးတင္တယ္ေနာ္...Xing "
"ရပါတယ္"
"ကိုယ္ သြားေတာ့မယ္"
"ahh...ဟုတ္ကဲ႔"
ကြ်န္ေတာ္ ခါတိုင္းလို မထိုင္ေတာ့ဘဲ ျမန္ျမန္ပဲ ျပန္ထြက္လာျဖစ္တယ္...
သူ႕အတြက္...Americano plainကိုေတာ့...
ခုတေလာ ေမ့လက္စနဲ႔ ဒီေန႕အတြက္...
ထပ္ျပီး ေမ့ခ်င္ေယာင္ေဆာင္ထားဖို႕ ဆံုးျဖတ္လိုက္မ္ိရဲ႕
Tsk...Xiao Luhan...
ခင္ဗ်ားကလည္း ကြ်န္ေတာ့္ အေတြးေတြထဲ မတရားၾကီးကို ခဏခဏ ဝင္လာေနတာပဲ...
ထားလိုက္စမ္းပါ...ဒါက...ခဏ...
ေဘာင္းဘီအိတ္ထဲ ထည့္ထားခဲ႔တဲ႔...phကို ထုတ္ျပီး ၾကည့္လိုက္တဲ႔အခါ...အခုနက ကြ်န္ေတာ္ပို႕လိုက္တဲ႔
msgေလး ဝင္ေနေလရဲ႕...ဒီအခါ msg boxထဲဝင္...
Contact nameေနရာမွာ...Xing လို႕
ရိုက္ထည့္ သိမ္းဆည္းထားလိုက္မိတယ္
ဒီလိုဆိုေတာ့လည္း အၾကံပိုင္တယ္ ေျပာရမလား...ဟက္
လူ႕သဘာဝအရ...စူးစမ္းခ်င္တဲ႔ စိတ္ေလးနဲ႕...
ေျခရာလက္ရာ ထင္က်န္ခဲ႔တာေလးေတြ ၾကည့္မိတဲ႔အခါ
သူမ...ကြ်န္ေတာ္ မဖ်က္ပစ္ခဲ႔တဲ့ msgကို ေတြ႕မွာ ေသခ်ာတယ္...
*Xing...Let me call you tonight (^_^)*
ညက်ရင္ သူမကို ကြ်န္ေတာ္ ph ေခၚလိုက္မယ္ေလ;-)
{{{{{{{{{{{{{{{{{{{{{{{{{{{TRAP}}}}}}}}}}}}}}}}}}}}}}}}}}}
မ်က္နွာခ်င္းဆိုင္မွာ ရိွတဲ႔ ေၾကးမံုျပင္ေပၚက ျဖဴေဖ်ာ့ေဖ်ာ့ ပံုရိပ္က ကြ်န္ေတာ့္ကို စိတ္ပ်က္လက္ပ်က္ စိုက္ၾကည့္ေနတယ္
"make up နည္းနည္းဖို႕ေပးပါ"
make up artistရဲ႕ လက္အစံုက ကြ်န္ေတာ့္မ်က္နွာေပၚ...က်ေရာက္လာျပီး...ဟိုဟိုဒီဒီ...
တဖတ္ဖတ္နဲ႔...အလုပ္မ်ားေနေလရဲ႕...
မ်က္လံုးအစံုကိုမိွတ္...ျငိမ္ခံေနလိုက္ရင္း...
မူးလိုက္တာ...
ကြ်န္ေတာ္ အနည္းငယ္ ေမာဟိုက္ေနသလိုပဲ...
rehearsal အနည္းငယ္လုပ္ထားတာကလဲြရင္...
အင္း...
မေန႕က ပဲြအရိွန္ နည္းနည္းက်န္တယ္ ဆိုရင္လည္း...
မနက္ကတင္ ကိုယ္ေတြ လက္ေတြ နာေနမွာစုိးလို႕...
အကိုက္အခဲ ေပ်ာက္ေဆးေတြလည္း ေသာက္ထားပါရက္
"Luhan...မင္းကို ၾကည့္ရတာ ျဖဴေဖ်ာ့ေနတာပဲ...
ေနမေကာင္းဘူးလား"
ဘယ္အခ်ိန္က ေရာက္လာမွန္းမသိတဲ႔...
Chenအသံေၾကာင့္...
မ်က္လံုးတို႕ကို ဖြင့္ၾကည့္လိုက္မိရဲ႕
"ေကာင္း...ပါတယ္...Sehunေရာ?"
Chen...နာရီကို ၾကည့္လိုက္ရင္း...
"အင္း...သူ လာလိမ့္မယ္"
မွန္ေရွ႕က...ပံုရိပ္ဟာ ၾကည့္ေနရင္း လည္သလို ျဖစ္လာတာမို႕...ေခါင္းကို ခါယမ္းပစ္လိုက္မိရင္း
"ခဏေနရင္...ပဲြစေတာ့မွာ မဟုတ္လား"
"ဟုတ္တယ္...Fighting!
ငါ stageဘက္ ခဏသြားလိုက္ဦးမယ္..."
"အင္း"
Sehun...သူ ဘာလို႕ မလာေသးတာလဲ?
ကြ်န္ေတာ္ Stageေပၚတက္တိုင္း...သူ႕ဆီက အနမ္းတစ္ပြင့္နဲ႔မွ...အားယူျပီး တက္တဲ႔ဟာကိုေလ...
Tsk...အေရးထဲ...ေခါင္းက မူးေနေသးတယ္...
အေရးမပါတာ...
"Xiao...Luhan"
ေဟာ...
"Sehun...ah"
"ဘာျဖစ္ေနတာလဲ?...ခင္ဗ်ားပံုက ျဖဴဆုတ္ဆုတ္နဲ႔..."
သူ...ဝင္လာတာနဲ႔...အလုပ္တဲြလုပ္လာတာ ၾကာျပီျဖစ္တဲ႔
Make up artistက အလိုက္တသ္ိ ထြက္သြားေပးပါရဲ႕
သူကလည္း...ထံုးစံအတိုင္း...တံခါးနားသြား...ေလာ့ခ်လိုက္ျပီး...ကြ်န္ေတာ့္ ေနာက္ကို လာရပ္တယ္...
"Hun ah...ငါ့ကို ခဏ ဖက္ထားေပးပါ"
စကားအဆံုးမွာ...ကြ်န္ေတာ့္ရင္ဘတ္နားဆီ...သူ႕လက္ေတြက သြယ္ယွက္လာျပီး...ခပ္ေလ်ာ့ေလ်ာ့ ေပြ႕ဖက္ထားေပးပါတယ္...
ဝတ္ေက်တန္းေက် ဆန္ေပမယ့္လို႕...ဒီအတိုင္း သူ ဖက္ထားရင္ပဲ...ေလာကၾကီးက...တစ္ဝက္နီးပါး
ကြ်န္ေတာ့္ အပိုင္ျဖစ္သြားသလိုပဲ...
" ေနမေကာင္းဘူးလား..."
"arrnyi...ဒီအတိုင္း...ပင္ပန္းသလို ခံစားရလို႕"
"အင္း...ဂရုစိုက္...နွစ္နာရီခဲြေလာက္ပဲ သည္းခံလိုက္ပါ
ျပီးေတာ့လည္း ျပီးသြားမွာပဲ"
"အင္းပါ..."
သူ...ကြ်န္ေတာ့္ေရွ႕ကို လာရပ္လိုက္တဲ႔ေနာက္ မ်က္လံုးတို႕ကို...မိွတ္ထားလိုက္မိတယ္......
ဒီေန႕ေတာ့ မင္းပဲ ဦးေဆာင္ေတာ့...Hunရယ္...
ငါ တကယ္ ပင္ပန္းေနလို႕...
စိုေထြးေထြး ႏႈတ္ခမ္းဖ်ားက...ကြ်န္ေတာ့္ရဲ႕ ႏႈတ္ခမ္းဆိုးေဆး ကင္းမဲ႔ေနဆဲ ေျခာက္ေျခာက္ေသြ႕ေသြ႕
ႏႈတ္ခမ္းေပၚ လာေရာက္ခိုနားတဲ႔အခါ...
ခဏေလးပဲျဖစ္ျဖစ္ သူ မျငီးေငြ႕ရေအာင္...ရည္ရြယ္ျပီး...
လွ်ာဖ်ားကို လွစ္ကနဲ အလ်င္အျမန္ ထိုးသြင္းလႈပ္ရွားမိလိုက္ရဲ႕...
ထူးဆန္းတယ္...coffeeမၾကိဳက္တဲ႔ သူ႕ဆီက...coffeeအနံ႕ကို ရလိုက္မိသလိုပါပဲလား...
ကြ်န္ေတာ္ အေၾကာင္းျပခ်က္မဲ႔စြာပဲ
ဆဲြကိုင္ထားတဲ႔ သူ႕ရင္ဘတ္က အက်ႋီစကို နဂိုထက္ပို တင္းက်ပ္ေနေအာင္ ဆဲြထားလိုက္မိတယ္...
အခ်ိန္က်ေရာက္လာတဲ႔အခါ...ကြ်န္ေတာ္ ပထမေန႕
လိုပဲ...ေအာင္ေအာင္ျမင္ျမင္ ျပီးဆံုးပါေစ ေမွ်ာ္လင့္ရင္း Stageေပၚ တက္လာမိရဲ႕...
(ဟင္...ဘယ္လိုျဖစ္ေနတာလဲ?)
စင္ေပၚမွာ...အားတင္းျပီး...မတ္တပ္ရပ္လိုက္တဲ႔အခါ
ပရိတ္သတ္ဆီက...ေဝါကနဲ ထြက္က်လာတဲ႔...
အားေပးေအာ္ဟစ္လိုက္သံက...ကြ်န္ေတာ့္ ေခါင္းထဲ မိုက္ကနဲ ျဖစ္သြားေစတယ္
နားၾကပ္ကေန...ေတးသြားေတြ ၾကားေနရမယ့္အစား...
တစီစီ ျမည္သံေတြပဲ ၾကားေနရသလို...
အဝါေရာင္ လႈပ္ရွားေနတဲ႔ lightstickေတြက...
ျမင္ကြင္းထဲမွာ...ပန္းစၾကာဝိုင္းၾကီးလို ခ်ာခ်ာလည္ေနတယ္...
အနက္ေရာင္...အမိုးေတြကို ေမာ့ၾကည့္မိတဲ႔အခါ
ကြ်န္ေတာ့္ေပၚကို...သူတို႕ေတြ ျပိဳက်လာသလိုပဲ...
ဟင့္အင္း...ကြ်န္ေတာ္ အဆံုးသတ္ကို ျမင္လာသလိုပဲ...
ဘယ္ေလာက္ပဲ ေခါင္းမာမိေပမယ့္...ဘယ္ေလာက္ပဲ Hunေျပာသလို နွစ္နာရီေက်ာ္ေက်ာ္ေလာက္ ဆက္ျပီး အားတင္းထားဖို႕ စဥ္းစားထားေပမယ့္...
ဘယ္လိုပဲေျပာေျပာဒီတစ္ခါ...ကြ်န္ေတာ္...သူတို႕အေပၚ
ကြ်န္ေတာ့္ကို ခ်စ္တဲ႔ ပရိတ္သတ္ေတြအေပၚ...
တာဝန္ မေက်နိုင္ေတာ့ဘူးထင္တယ္...
ဟင့္အင္း...မျဖစ္ဘူး...
ဒီေနရာမွာ ယိုင္လဲသြားလို႕ မျဖစ္ဘူး...
လဲက်သြားလို႕ မျဖစ္ဘူး...
ခ်ာခ်ာလည္ေနတဲ႔...ကမာၻမွာ...ကြ်န္ေတာ္ တစ္ေယာက္တည္း...ကူကယ္ရာမဲ႔ေနသလို ခံစားမိလာတဲ႔အခါ မ်က္ရည္အခ်ိဳ႕ စီးက်လာမိတယ္
ေျခေထာက္ေတြေပၚ ရပ္ေနေသးေပမယ့္လည္း...ယိုင္လဲ ျပိဳဆင္းလာေနၾကျပီ...
အကယ္၍...အကယ္၍မ်ား...ဒီေနရာမွာ...ကြ်န္ေတာ္ အဆံုးသတ္သြားခဲ႔ရင္...စစ္မွန္တဲ႔ အခ်စ္တစ္ခုနဲ႔ ကြ်န္ေတာ့္အတြက္ ပူေဆြးတမ္းတျခင္းေတြ ရိွပါ့မလား...
တကယ္ကို...ကြ်န္ေတာ္ တစ္ေယာက္တည္း သိပ္အထီးက်န္မွာပဲ...
ဟင့္အင္း...အနည္းဆံုးေတာ့...
ေနာက္ဆံုး လက္က်န္နဲ႔ တစ္ခုတည္းေသာ ေမွ်ာ္လင့္ခ်က္ေလးဆီ...
"Hunေရ...ငါ...ငါ...အရမ္း မူးေနတယ္"
{{{{{{{{{{{{{{{{{{{{{{{{{{{TRAP}}}}}}}}}}}}}}}}}}}}}}}}}}}
"ဟင္?"
မူမမွန္တဲ႔...သူ႕ပံုစံကို...စင္ေနာက္ကေန လွမ္းၾကည့္မိေနခုိက္...သီခ်င္းသံ မဟုတ္ဘဲ...
ကြ်န္ေတာ့္ နာမည္ကို ေခၚလိုက္သံ...
ခပ္တိုးတိုးထြက္လာေပမယ့္ ပါးစပ္မွာ တပ္ထားတဲ႔ မိုက္ေၾကာင့္ Audienceတစ္ခုလံုးဆီ ပ်ံ႕နွံ႕လို႕သြားတယ္...
စင္ျမင့္ထက္မွာ...ပံုကနဲ လဲက်သြားတဲ႔သူ...
ဘုရားေရ...Xiao Luhan...ခင္ဗ်ား ဘာျဖစ္တာလဲ?
Stageစင္ေပၚက မီးေတြ အပိတ္ကို မေစာင့္နိုင္ေတာ့ဘဲ
ကြ်န္ေတာ္ သူ႕ဆီ ေျပးသြားမိတယ္...
ပါးစပ္နားက မိုက္ကို ျဖဳတ္လိုက္ရင္း...ေပြ႕လိုက္မိေတာ့
hmm?
သူ႕တစ္ကိုယ္လံုး ေအးစက္ေတာင့္တင္းလို႕ ေနပါလား
"Xiao Luhan...ခင္ဗ်ား ဘာျဖစ္တာလဲ?...
ဟမ္? သတိထားပါဦး... Xiao Luhan"
ကြ်န္ေတာ္...သူ႕ခႏၶာကိုယ္ကို ေပြ႕ခ်ီဖို႕ ျပင္လိုက္ျပီးမွ
တစ္ခ်ိန္လံုး ေအာက္မွာျငိမ္သက္ျပီး ၾကည့္ေနတဲ႔ ပရိ္တ္သတ္ၾကီးကို သတိထားလိုက္မိေတာ့
"ဘာလုပ္ေနတာလဲ? မီးကို ပိတ္ခ်ေလ"
ေအာ္လိုက္မွပဲ ေၾကာင္အျပီး ၾကည့္ေနတဲ႔ Staffအဖဲြ႕က stage မီးေတြကို မိွ္တ္ခ်လိုက္တယ္
ကြ်န္ေတာ္...သူ႕ကိုေပြ႕ျပီး စင္ေနာက္ကို အျမန္ဆံုး ေျပးထြက္လာခဲ႔မိရဲ႕...
"Xiao Luhan...ခင္ဗ်ား ဘာမွ မျဖစ္ရဘူးေနာ္...
ဘာဆိုဘာမွ...ဘာတစ္ခုမွ မျဖစ္ရဘူး"
Unicode
အရင်တုန်းက...coffeeတစ်ခွက်ဝယ်ပြီးတာနဲ့...
ကျောခိုင်းထွက်လာနေကျ...StarBucks coffeeဆိုင်လေးဟာ...အခုတော့ ကျွန်တော်...
တစ်နေ့မှာ...နာရီဝက်လောက်...
အေးအေးလူလူထိုင်နေမိတတ်တဲ့...နေရာလေး...
တစ်နေရာ ဖြစ်လာခဲ့သလို...
ကျွန်တော့်နှလုံးသားမှာလည်း...coffee ကောင်းကောင်း
ဖျော်တတ်ပြီး...ပါးချိုင့်လေးတွေ ပေါ်အောင် ပြုံးပြတတ်တဲ့... ကောင်မလေး တစ်ယောက်က...
အပြန်အလှန်သဘော...နေရာယူလို့လာပြီလေ...
သူမမှာ...ပါးလျားလျားမဟုတ်ဘဲ...
အနည်းငယ် ချစ်စဖွယ် ခပ်တွဲတွဲလေးကျနေတဲ့...
နှုတ်ခမ်းထူထူလေးတွေ ရှိတယ်...
မျက်လုံးတွေဟာ...သူ့လို...အမြဲ မတောက်ပနေတတ်ပေမယ့်...သဘာဝအတိုင်း အိပ်ချင်သလို ဖြစ်နေတတ်တဲ့...မျက်ခွံလေးတွေကို ပင့်တင်ပြီး...ကြည့်လိုက်တဲ့အခါ...တကယ် ချစ်ဖို့ကောင်းတယ်...သိုးငယ်လေး လိုပဲ...
ပြင်ဆင်ခြယ်သခြင်း...သိပ်မရှိဘဲ...ပန်းနုရောင် သန်းနေတတ်တဲ့...မျက်နှာလေးကို မြင်ရတဲ့အခါ...
Eyelinerထူထူတွေ...make upတွေနဲ့...
ပူအိုက်...မွန်းကျပ်နေတတ်တဲ့...သူ့မျက်နှာကို...
မဆီမဆိုင်...သွား...သတိရမိတတ်သေးတယ်...
သူမကို...ကောင်းကောင်းမြင်သာတဲ့...တစ်နေရာမှာ...ထိုင်...Americanoတစ်ခွက်ကို...စားပွဲရှေ့ချရင်း... Customerတွေနဲ့...စကားပြောနေတတ်တဲ့ သူမကို
သိသိသာသာတစ်မျိုး...မသိမသာတစ်မျိုး...
ငေးကြည့်မိတဲ့အခါ... သူမရဲ့...နှုတ်ခမ်းလေးဟာ...စုစုချွန်ပြီး...အရှေ့ကို ချစ်စဖွယ် ထွက်လာတတ်တာကို တွေ့ရတယ်
အစကတော့...တမင်တကာ
ချစ်စရာကောင်းအောင် လုပ်ပြောတယ် ထင်မိခဲ့ပေမယ့်...
အဲဒီလို မဟုတ်ဘဲ...သူမရဲ့...ကိုယ်ပိုင် အမူအကျင့်လေးတစ်ခုလို့...သတိထားမိလာရဲ့...
ဒီအချက်ကတော့...Xiao Luhanနဲ့ သူမရဲ့...
တူညီတဲ့ အချက်တစ်ခုပဲ...
ဘယ်သူက ပိုပြီးသာသလဲ ဆိုတာတော့...
ကျွန်တော် ဝေခွဲမတတ်...
နေပါဦး...ကျွန်တော်...ဘာလို့...
မိန်းကလေးတစ်ယောက်ကို...ယောက်ျားတစ်ယောက်နဲ့...အရာရာတိုင်း လိုက်ပြီး နှိုင်းယှဉ်နေမိလဲ?...
ဘာဆိုဘာမှ မတူညီတဲ့ လူနှစ်ယောက်ကြားထဲက...
တူညီမှုအချို့ကို...ဘာလို့များ ခဲရာခဲဆစ် လိုက်ပြီး...ရှာဖွေနေမိတာလဲ?...
ယှဉ်မိပြီ...နှိုင်းမိပြီဆိုတာနဲ့...
တစ်စုံတစ်ယောက်ကို အသာပေး...
တစ်စုံတစ်ယောက်ကို...နိမ့်ကျတယ်လို့...
သတ်မှတ်ရတော့မှာလေ
ဒါဆို...ကျွန်တော် လိုချင်နေတာကရော ဘယ်လိုအရာမျိုးလဲ?...
Xiao Luhanရဲ့...အနိုင်နဲ့ ပိုင်းမှုကိုလား...
Xing...ဆိုတဲ့ မိန်းကလေးရဲ့...ရှုံးနိမ့်မှုကိုလား...
အဟင်း...မသိစိတ်က တစ်ခါတစ်ရံလည်း အလိုလို အဖြေထုတ်ပေးတတ်တာပဲ
ဟုတ်တယ်...ကျွန်တော် လိုချင်တာ...အဲဒါ...
Xiao Luhanက အရာရာ သာလွန်နေတာမျိုးကို လိုချင်တာ...ဒါမှ...သူ့ထက် အစစအရာရာ နိမ့်ကျတယ်လို့...သူမှတ်ယူတဲ့
ပြိုင်ဘက်တစ်ယောက်ကို ရှုံးနိမ့်ရတဲ့...ခံစားမှုက...
သူ့ အသည်းနှလုံးတွေကို...
တစ်စစီ...ဆွဲဆုတ်သလို...နာကျင်စေမှာ...
ခင်ဗျားကြီး ပြောပြောနေသလို...
တစ်ချက်ခုတ်ပြီး...နှစ်ချက်ပြတ်တဲ့ သဘောပေါ့...
Xiao Luhanရာ...
သူများကို...နာကျင်စေချင်စိတ်တွေနဲ့ ပြည့်နှက်နေတဲ့ ကျွန်တော်...
ကျေးဇူးရှင်ကို ကျေးစွပ်ဖို့... စိုင်းပြင်းနေတဲ့ ကျွန်တော်...
ဒီနည်းလမ်းက မည်သူတစ်ဦးတစ်ယောက်အတွက်မှ... မမှန်ကန်မှန်း မမျှတမှန်း သိပါရက်နဲ့တောင်...
ရှေ့ဆက်ပြီးတော့...တိုးဖို့...ကျွန်တော် နောက်မတွန့်
ဟုတ်တယ်...
စော်ကားခံရမှုတွေ...မွန်းကြပ်မှုတွေ...
လှောင်ပိတ်ခံရမှုတွေက...ထွက်ပေါက်မရှိတော့တဲ့ ကျွန်တော့်ကို ဒီလို လူဆိုးတစ်ယောက်အဖြစ် တွန်းပို့ခဲ့တာ ဆိုရင်...Xiao Luhan...
ခင်ဗျားက ဒီဇာတ်ကို ခင်းတဲ့...ဇာတ်ဆရာပဲ...
ရည်ရွယ်ချက်?...ဦးတည်ရာ?
ဒီ အဓိပ္ပာယ်မဲ့ လုပ်ရပ် အားလုံးမှာ direction တစ်ခုပဲ ရှိတယ်...သူမက...ကျွန်တော့်ရဲ့ နေ့ရက်တွေကို... ဘယ်လိုလှပအောင် ဖန်တီးလိမ့်မလဲ ဆိုတာ
Xiao Luhanကို သိစေချင်တာ...မြင်စေချင်တာ...
နောင်တရစေချင်တာ...နာကျင်စေချင်တာ...
Awwz...မုန်းမိတဲ့ လူတစ်ယောက် Xiao Luhanရဲ့ နာကျင်မှုက ကျွန်တော့်အတွက်...ပျော်ရွှင်မှု ပန်းတိုင်ခရီးလမ်းဆုံး...တဲ့လား...
သဘာဝတော့လည်း မကျသေးပါ...ဒါပေမယ့်
ဒီထက်ပိုပြီး...ကျွန်တော် မတွေးနိုင်...
ကျန်တဲ့အပိုင်းများက...ကိုယ့်ကိုကိုယ် နားလည်နိုင်ဖို့ရန်...အမှန်ကို...ရှုပ်ထွေးလွန်းနေတယ်
ဒါပေမယ့်...ကျွန်တော်တို့ နှစ်ယောက်ရဲ့ကြားထဲ Xingဆိုတဲ့...အဖြူထည်မိန်းကလေးတစ်ယောက်ကို
အသုံးချယုံသက်သက်...ခေါ်သွင်းလာတာမျိုးတော့ ...
အလျင်းမဟုတ်ခဲ့...
ကျွန်တော်... သူမကို သဘောကျပါတယ်...
ဒါပေမယ့်...ခုချိန်ထိတော့ သဘောကျရုံပဲ...သူမလည်း
ကျွန်တော့်ကို သေချာပေါက် သဘောကျနေပါပြီ......
အဟင်း......
အတွေးတွေက ပိုင်စိုးပိုင်နင်း...မြန်ဆန်လွန်းနေရဲ့...
တကယ်တမ်း နှစ်ယောက်ကြားက အခြေအနေက
အကြည့်ချင်းဆုံ...ရင်ခုန်လို့ ရိပ်ဖမ်းသမ်းဖမ်း အဆင့်လောက်ပဲ ရှိသေးတာပါ...
အင်းလေ...
ဒီဘက်ပိုင်းမှာ...ကျွန်တော် နည်းနည်း နုံအ နောက်ကျနေပြီ ထင်ပါတယ်...
ဖိုမသဘာဝအရ...အလိုလို ဆွဲငင်ပြီးသား
ဆန့်ကျင်ဘက်လိင်...မိန်းကလေးတစ်ယောက်ကို
step by step ဘယ်လို ချည်းကပ်ရမယ်ဆိုတာ...
အချိန်အတော်ကြာအောင် ပြန်လည်... တွေးယူရလောက်အောင်ထိ...အဲဒီဘက်နဲ့...
အလှမ်းဝေးနေခဲ့ပြီကိုး...
ဘာပဲဖြစ်ဖြစ်...ဒီနေ့...ကျွန်တော် ph noတော့.ရအောင်ယူမှ ဖြစ်မှာပါ...
ညဘက်မှာ...showပွဲ ဒုတိယနေ့မို့...သူ...စင်ပေါ်မှာ ဖျော်ဖြေနေတဲ့ အချိန်တစ်လျှောက်လုံး...သူမနဲ့ ကျွန်တော် အေးဆေး စကားပြောဖို့ အခွင့်အရေး ရနိုင်မယ်လေ...
ဆိုင်ထဲ ဝင်သွားတော့...ဝန်ထမ်းကောင်မလေးတွေက
ပြုံးတုံ့တုံ့...မျက်နှာပေးနဲ့...
"Xingရေ...နင့် အစ်ကို လာနေပြီ"
မျက်နှာရိပ် မျက်နှာကဲနဲ့ စနောက်တဲ့အခါ...သူမ ရှက်သွားလိုက်တာများ...မျက်နှာတစ်ခုလုံး...ပန်းနုရောင်ကနေ...ချယ်ရီသီးရောင် သန်းသွားတယ်...
"အို...သူတို့ကလည်း ဘယ်လိုတွေ ပြောနေကြမှန်း မသိဘူး..."
သူ့ဟာသူ...ရေရွတ်သလို...ကျွန်တော့်ကိုပဲ ပြောသလိုနဲ့ မျက်နှာလေး အောက်ချပြီး...Americanoကို ကျွန်တော် မပြောရသေးဘဲ ဖျော်နေလေရဲ့...
"Xing"
"nae?"
ပန်းပွင့်လွှာလေးလို ချောမွေ့ပြောင်ရှင်းနေတဲ့ မျက်ခွံလေးတွေကို ပင့်ပြီး...ကျွန်တော့်ကို မော့ကြည့်လာရဲ့...နာမည်ကို ခေါ်လိုက်တဲ့ အတွက် အံ့သြသွားပုံလည်း ရပါတယ်...
"Xing နာမည်ကို ဘယ်လို လုပ်ပြီး?"
ဟက်...တကယ် အူကြောင်ကြား ကောင်မလေးပဲ...
တစ်ဆိုင်လုံးက Xingလို့ ခေါ်ကြတဲ့ဟာ...သူ့နာမည် ဘယ်လို သိသလဲတဲ့?
"ဘာလို့လဲ?...Xing... အားလုံးက ဒီလိုပဲ ခေါ်နေကြတော့ ကိုယ်လည်း ခေါ်ခွင့်ရှိမယ်ထင်လို့လေ"
နှုတ်ခမ်းလေးတွေကို မေ့တိမေ့လျော့ ဟထားမိတဲ့အထိ
အံ့အားသင့်နေတဲ့ သူမက...ဒီလိုကျပြန်တော့လည်း တစ်ဖန်ရှက်သွားပြန်တယ်လေ...သူမ မျက်နှာ ရဲတက်လာတာကို...သိထားဟန်တူတဲ့ သူမက ခေါင်းကို အတင်းငုံ့ထားရင်း...Americano ခွက်လေးကို ကျွန်တော့် ရှေ့ချပေးတယ်...
"ရပါပြီရှင်...ကျေးဇူးတင်ပါတယ်"
"Xingရေ...အဲဒီအစ်ကို ချောင်းဆိုးကုန်တော့မယ်နော်
ကြည့်လည်း လုပ်ပါဦး...Creamတွေမှ အများကြီး"
သွက်သွက်လက်လက်ရှိတဲ့...ဝန်ထမ်းကောင်မလေး
စကားကြောင့် ကျွန်တော် ပြုံးလိုက်မိတယ်...
သူမက... အပီအပြင်ကို လှော်ပေးနေတာပါ...
ဟုတ်တယ်...ကျွန်တော် အချိုကြိုက်တယ်လို့ ပြောမိကတည်းက...ကျွန်တော့်ရဲ့ Americanoမှာ Creamတွေ အများကြီး ပါလာတတ်တာ...
"အို...Yang Miကလည်း...Xingက စေတနာနဲ့ပါ"
ပြာပြာသလဲ ထပြီး ဖြေရှင်းချက်ပေးတဲ့ စကားမှာတင် ကျွန်တော့်အပေါ်ထားရှိတဲ့ သူမရဲ့ နွေးထွေးတဲ့ ခံစားချက်အချို့ကို ဖမ်းဆုပ်လိုက်မိတယ်...
"Xing...ကိုယ့်ကို...မင်း phလေး ခဏလောက် ငှားပါလား"
"ရှင်?"
မျက်လုံးလေးတွေ ဝိုင်းစက်ပြီး ပြောတာကိုပဲ နားမလည်လိုက်သလို...တုံ့ပြန်လေရဲ့...သူမက တကယ် အရုပ်လေးတစ်ရုပ်လိုပဲ...
"ခဏလေးပါပဲ"
ကျွန်တော် ပြုံးပြီးပြောတော့...သူမက...
ဝန်ထမ်းဝတ်စုံအောက်မှာ ထည့်သိမ်းထားတဲ့
phလေးကို ထုတ်ပေးတယ်
Lock screenကို တွေ့တဲ့အခါ...ကျွန်တော် phကို သူမဆီ ထိုးပေးမလို့ ပြင်တော့
"passwordက x-i-n-g ပါ..."
ကျွန်တော် နှုတ်ခမ်းတို့ ကွေးညွတ်ရုံမက သွားပေါ်အောင်ပါ ပြုံးမိတယ် ထင်ရဲ့...စဉ်းစားမိလို့လေ
passwordကို ကိုယ့် နာမည်လေးထားပြီး...
လူတွေသိသွားမှာလည်း ဝန်မလေးတဲ့ သူမရဲ့
passwordထားရတဲ့ ရည်ရွယ်ချက်က ဘာလို့များပါလိမ့်ပေါ့လေ
msg boxကို ဝင်ပြီး ရင်းနှီးကျွမ်းဝင်လွန်းပြီးသား
ph no.တစ်ခုကို ရိုက်ထည့်လိုက်တယ်...
စာတိုလေးတစ်စောင်... ခပ်မြန်မြန်ရိုက်ပြီး...
ကျွန်တော် ပြန်ပေးလိုက်ပါတယ်
"ကျေးဇူးတင်တယ်နော်...Xing "
"ရပါတယ်"
"ကိုယ် သွားတော့မယ်"
"ahh...ဟုတ်ကဲ့"
ကျွန်တော် ခါတိုင်းလို မထိုင်တော့ဘဲ မြန်မြန်ပဲ ပြန်ထွက်လာဖြစ်တယ်...
သူ့အတွက်...Americano plainကိုတော့...
ခုတလော မေ့လက်စနဲ့ ဒီနေ့အတွက်...
ထပ်ပြီး မေ့ချင်ယောင်ဆောင်ထားဖို့ ဆုံးဖြတ်လိုက်မိရဲ့
Tsk...Xiao Luhan...
ခင်ဗျားကလည်း ကျွန်တော့် အတွေးတွေထဲ မတရားကြီးကို ခဏခဏ ဝင်လာနေတာပဲ...
ထားလိုက်စမ်းပါ...ဒါက...ခဏ...
ဘောင်းဘီအိတ်ထဲ ထည့်ထားခဲ့တဲ့...phကို ထုတ်ပြီး ကြည့်လိုက်တဲ့အခါ...အခုနက ကျွန်တော်ပို့လိုက်တဲ့
msgလေး ဝင်နေလေရဲ့...ဒီအခါ msg boxထဲဝင်...
Contact nameနေရာမှာ...Xing လို့
ရိုက်ထည့် သိမ်းဆည်းထားလိုက်မိတယ်
ဒီလိုဆိုတော့လည်း အကြံပိုင်တယ် ပြောရမလား...ဟက်
လူ့သဘာဝအရ...စူးစမ်းချင်တဲ့ စိတ်လေးနဲ့...
ခြေရာလက်ရာ ထင်ကျန်ခဲ့တာလေးတွေ ကြည့်မိတဲ့အခါ
သူမ...ကျွန်တော် မဖျက်ပစ်ခဲ့တဲ့ msgကို တွေ့မှာ သေချာတယ်...
*Xing...Let me call you tonight (^_^)*
ညကျရင် သူမကို ကျွန်တော် ph ခေါ်လိုက်မယ်လေ;-)
{{{{{{{{{{{{{{{{{{{{{{{{{{{TRAP}}}}}}}}}}}}}}}}}}}}}}}}}}}
မျက်နှာချင်းဆိုင်မှာ ရှိတဲ့ ကြေးမုံပြင်ပေါ်က ဖြူဖျော့ဖျော့ ပုံရိပ်က ကျွန်တော့်ကို စိတ်ပျက်လက်ပျက် စိုက်ကြည့်နေတယ်
"make up နည်းနည်းဖို့ပေးပါ"
make up artistရဲ့ လက်အစုံက ကျွန်တော့်မျက်နှာပေါ်...ကျရောက်လာပြီး...ဟိုဟိုဒီဒီ...
တဖတ်ဖတ်နဲ့...အလုပ်များနေလေရဲ့...
မျက်လုံးအစုံကိုမှိတ်...ငြိမ်ခံနေလိုက်ရင်း...
မူးလိုက်တာ...
ကျွန်တော် အနည်းငယ် မောဟိုက်နေသလိုပဲ...
rehearsal အနည်းငယ်လုပ်ထားတာကလွဲရင်...
အင်း...
မနေ့က ပွဲအရှိန် နည်းနည်းကျန်တယ် ဆိုရင်လည်း...
မနက်ကတင် ကိုယ်တွေ လက်တွေ နာနေမှာစိုးလို့...
အကိုက်အခဲ ပျောက်ဆေးတွေလည်း သောက်ထားပါရက်
"Luhan...မင်းကို ကြည့်ရတာ ဖြူဖျော့နေတာပဲ...
နေမကောင်းဘူးလား"
ဘယ်အချိန်က ရောက်လာမှန်းမသိတဲ့...
Chenအသံကြောင့်...
မျက်လုံးတို့ကို ဖွင့်ကြည့်လိုက်မိရဲ့
"ကောင်း...ပါတယ်...Sehunရော?"
Chen...နာရီကို ကြည့်လိုက်ရင်း...
"အင်း...သူ လာလိမ့်မယ်"
မှန်ရှေ့က...ပုံရိပ်ဟာ ကြည့်နေရင်း လည်သလို ဖြစ်လာတာမို့...ခေါင်းကို ခါယမ်းပစ်လိုက်မိရင်း
"ခဏနေရင်...ပွဲစတော့မှာ မဟုတ်လား"
"ဟုတ်တယ်...Fighting!
ငါ stageဘက် ခဏသွားလိုက်ဦးမယ်..."
"အင်း"
Sehun...သူ ဘာလို့ မလာသေးတာလဲ?
ကျွန်တော် Stageပေါ်တက်တိုင်း...သူ့ဆီက အနမ်းတစ်ပွင့်နဲ့မှ...အားယူပြီး တက်တဲ့ဟာကိုလေ...
Tsk...အရေးထဲ...ခေါင်းက မူးနေသေးတယ်...
အရေးမပါတာ...
"Xiao...Luhan"
ဟော...
"Sehun...ah"
"ဘာဖြစ်နေတာလဲ?...ခင်ဗျားပုံက ဖြူဆုတ်ဆုတ်နဲ့..."
သူ...ဝင်လာတာနဲ့...အလုပ်တွဲလုပ်လာတာ ကြာပြီဖြစ်တဲ့
Make up artistက အလိုက်တသိ ထွက်သွားပေးပါရဲ့
သူကလည်း...ထုံးစံအတိုင်း...တံခါးနားသွား...လော့ချလိုက်ပြီး...ကျွန်တော့် နောက်ကို လာရပ်တယ်...
"Hun ah...ငါ့ကို ခဏ ဖက်ထားပေးပါ"
စကားအဆုံးမှာ...ကျွန်တော့်ရင်ဘတ်နားဆီ...သူ့လက်တွေက သွယ်ယှက်လာပြီး...ခပ်လျော့လျော့ ပွေ့ဖက်ထားပေးပါတယ်...
ဝတ်ကျေတန်းကျေ ဆန်ပေမယ့်လို့...ဒီအတိုင်း သူ ဖက်ထားရင်ပဲ...လောကကြီးက...တစ်ဝက်နီးပါး
ကျွန်တော့် အပိုင်ဖြစ်သွားသလိုပဲ...
" နေမကောင်းဘူးလား..."
"arrnyi...ဒီအတိုင်း...ပင်ပန်းသလို ခံစားရလို့"
"အင်း...ဂရုစိုက်...နှစ်နာရီခွဲလောက်ပဲ သည်းခံလိုက်ပါ
ပြီးတော့လည်း ပြီးသွားမှာပဲ"
"အင်းပါ..."
သူ...ကျွန်တော့်ရှေ့ကို လာရပ်လိုက်တဲ့နောက် မျက်လုံးတို့ကို...မှိတ်ထားလိုက်မိတယ်......
ဒီနေ့တော့ မင်းပဲ ဦးဆောင်တော့...Hunရယ်...
ငါ တကယ် ပင်ပန်းနေလို့...
စိုထွေးထွေး နှုတ်ခမ်းဖျားက...ကျွန်တော့်ရဲ့ နှုတ်ခမ်းဆိုးဆေး ကင်းမဲ့နေဆဲ ခြောက်ခြောက်သွေ့သွေ့
နှုတ်ခမ်းပေါ် လာရောက်ခိုနားတဲ့အခါ...
ခဏလေးပဲဖြစ်ဖြစ် သူ မငြီးငွေ့ရအောင်...ရည်ရွယ်ပြီး...
လျှာဖျားကို လှစ်ကနဲ အလျင်အမြန် ထိုးသွင်းလှုပ်ရှားမိလိုက်ရဲ့...
ထူးဆန်းတယ်...coffeeမကြိုက်တဲ့ သူ့ဆီက...coffeeအနံ့ကို ရလိုက်မိသလိုပါပဲလား...
ကျွန်တော် အကြောင်းပြချက်မဲ့စွာပဲ
ဆွဲကိုင်ထားတဲ့ သူ့ရင်ဘတ်က အင်္ကျီစကို နဂိုထက်ပို တင်းကျပ်နေအောင် ဆွဲထားလိုက်မိတယ်...
အချိန်ကျရောက်လာတဲ့အခါ...ကျွန်တော် ပထမနေ့
လိုပဲ...အောင်အောင်မြင်မြင် ပြီးဆုံးပါစေ မျှော်လင့်ရင်း Stageပေါ် တက်လာမိရဲ့...
(ဟင်...ဘယ်လိုဖြစ်နေတာလဲ?)
စင်ပေါ်မှာ...အားတင်းပြီး...မတ်တပ်ရပ်လိုက်တဲ့အခါ
ပရိတ်သတ်ဆီက...ဝေါကနဲ ထွက်ကျလာတဲ့...
အားပေးအော်ဟစ်လိုက်သံက...ကျွန်တော့် ခေါင်းထဲ မိုက်ကနဲ ဖြစ်သွားစေတယ်
နားကြပ်ကနေ...တေးသွားတွေ ကြားနေရမယ့်အစား...
တစီစီ မြည်သံတွေပဲ ကြားနေရသလို...
အဝါရောင် လှုပ်ရှားနေတဲ့ lightstickတွေက...
မြင်ကွင်းထဲမှာ...ပန်းစကြာဝိုင်းကြီးလို ချာချာလည်နေတယ်...
အနက်ရောင်...အမိုးတွေကို မော့ကြည့်မိတဲ့အခါ
ကျွန်တော့်ပေါ်ကို...သူတို့တွေ ပြိုကျလာသလိုပဲ...
ဟင့်အင်း...ကျွန်တော် အဆုံးသတ်ကို မြင်လာသလိုပဲ...
ဘယ်လောက်ပဲ ခေါင်းမာမိပေမယ့်...ဘယ်လောက်ပဲ Hunပြောသလို နှစ်နာရီကျော်ကျော်လောက် ဆက်ပြီး အားတင်းထားဖို့ စဉ်းစားထားပေမယ့်...
ဘယ်လိုပဲပြောပြောဒီတစ်ခါ...ကျွန်တော်...သူတို့အပေါ်
ကျွန်တော့်ကို ချစ်တဲ့ ပရိတ်သတ်တွေအပေါ်...
တာဝန် မကျေနိုင်တော့ဘူးထင်တယ်...
ဟင့်အင်း...မဖြစ်ဘူး...
ဒီနေရာမှာ ယိုင်လဲသွားလို့ မဖြစ်ဘူး...
လဲကျသွားလို့ မဖြစ်ဘူး...
ချာချာလည်နေတဲ့...ကမ္ဘာမှာ...ကျွန်တော် တစ်ယောက်တည်း...ကူကယ်ရာမဲ့နေသလို ခံစားမိလာတဲ့အခါ မျက်ရည်အချို့ စီးကျလာမိတယ်
ခြေထောက်တွေပေါ် ရပ်နေသေးပေမယ့်လည်း...ယိုင်လဲ ပြိုဆင်းလာနေကြပြီ...
အကယ်၍...အကယ်၍များ...ဒီနေရာမှာ...ကျွန်တော် အဆုံးသတ်သွားခဲ့ရင်...စစ်မှန်တဲ့ အချစ်တစ်ခုနဲ့ ကျွန်တော့်အတွက် ပူဆွေးတမ်းတခြင်းတွေ ရှိပါ့မလား...
တကယ်ကို...ကျွန်တော် တစ်ယောက်တည်း သိပ်အထီးကျန်မှာပဲ...
ဟင့်အင်း...အနည်းဆုံးတော့...
နောက်ဆုံး လက်ကျန်နဲ့ တစ်ခုတည်းသော မျှော်လင့်ချက်လေးဆီ...
"Hunရေ...ငါ...ငါ...အရမ်း မူးနေတယ်"
{{{{{{{{{{{{{{{{{{{{{{{{{{{TRAP}}}}}}}}}}}}}}}}}}}}}}}}}}}
"ဟင်?"
မူမမှန်တဲ့...သူ့ပုံစံကို...စင်နောက်ကနေ လှမ်းကြည့်မိနေခိုက်...သီချင်းသံ မဟုတ်ဘဲ...
ကျွန်တော့် နာမည်ကို ခေါ်လိုက်သံ...
ခပ်တိုးတိုးထွက်လာပေမယ့် ပါးစပ်မှာ တပ်ထားတဲ့ မိုက်ကြောင့် Audienceတစ်ခုလုံးဆီ ပျံ့နှံ့လို့သွားတယ်...
စင်မြင့်ထက်မှာ...ပုံကနဲ လဲကျသွားတဲ့သူ...
ဘုရားရေ...Xiao Luhan...ခင်ဗျား ဘာဖြစ်တာလဲ?
Stageစင်ပေါ်က မီးတွေ အပိတ်ကို မစောင့်နိုင်တော့ဘဲ
ကျွန်တော် သူ့ဆီ ပြေးသွားမိတယ်...
ပါးစပ်နားက မိုက်ကို ဖြုတ်လိုက်ရင်း...ပွေ့လိုက်မိတော့
hmm?
သူ့တစ်ကိုယ်လုံး အေးစက်တောင့်တင်းလို့ နေပါလား
"Xiao Luhan...ခင်ဗျား ဘာဖြစ်တာလဲ?...
ဟမ်? သတိထားပါဦး... Xiao Luhan"
ကျွန်တော်...သူ့ခန္ဓာကိုယ်ကို ပွေ့ချီဖို့ ပြင်လိုက်ပြီးမှ
တစ်ချိန်လုံး အောက်မှာငြိမ်သက်ပြီး ကြည့်နေတဲ့ ပရိတ်သတ်ကြီးကို သတိထားလိုက်မိတော့
"ဘာလုပ်နေတာလဲ? မီးကို ပိတ်ချလေ"
အော်လိုက်မှပဲ ကြောင်အပြီး ကြည့်နေတဲ့ Staffအဖွဲ့က stage မီးတွေကို မှိတ်ချလိုက်တယ်
ကျွန်တော်...သူ့ကိုပွေ့ပြီး စင်နောက်ကို အမြန်ဆုံး ပြေးထွက်လာခဲ့မိရဲ့...
"Xiao Luhan...ခင်ဗျား ဘာမှ မဖြစ်ရဘူးနော်...
ဘာဆိုဘာမှ...ဘာတစ်ခုမှ မဖြစ်ရဘူး"