အစိမ်းရင့်ရင့် အလွမ်း

By AmiCassiopeia

106K 7.6K 451

Yunho Jaejoong More

အပိုင်း-၁
အပိုင်း-၂
အပိုင်း-၃
အပိုင်း-၎
အပိုင်း-၅
အပိုင်း-၆
အပိုင်း-၈
အပိုင်း(၉)
အပိုင်း-၁၀
ဇာတ်သိမ်းပိုင်း

အပိုင်း-၇

5.8K 602 27
By AmiCassiopeia

{ အကျင့် ,,,}

သူ့ စကားများကို နားထောင်ပြီးတော့ မှတ်စုစာအုပ်ထဲ ကျွန်မ နောက်ဆုံးရေးလိုက်မိသည်က အကျင့် ဆိုသည့် စကားလုံးပင် ဖြစ်သည် ၊၊ အလေ့အကျင့် ဆိုသည်မှာ လူသားတွေ နေထိုင်သည့် ဘဝအတွက်တော့ မရှိမဖြစ်ကို လိုအပ်သည့် အပြုအမူ တစ်ခုပင် ဖြစ်သည် ၊၊ တစ်ချို့ ဆိုးဝါးသည့် ကိစ္စရပ်များကို အလေ့အကျင့်အဖြင့် ကြိုတင် လေ့ကျင် သင်ကြားခဲ့သည် မဟုတ်လား ၊၊ နေ့တဒူဝ ကျွန်မတို့ ဖြက်သန်းနေသည့် နေ့စဉ် ပုံမှန်အချိန်ဇယားများတောင်မှ မပြောင်းလဲသည့် အလေ့အကျင့် များနှင့် ဖြတ်ကျော်ရသည်လေ ၊၊ မနက် အိပ်ယာနိုးသည်နှင့် မျက်နာသစ်ရသည်ကလည်း ငယ်စဉ်ကတည်းက လေ့ကျင့်ခံရသည့် အလေ့အကျင့် တစ်ခုလေးပဲ မဟုတ်လား ၊၊ ထို့ကဲ့သို့ အလေ့အကျင့်ထဲတွင် ယခု သူပြောနေသည့် ခွဲခွာခြင်းမျိုးရော ရှိသည်တဲ့လား ၊၊ ခွဲခွာခြင်းက အလေ့အကျင့် တစ်ခု ဖြစ်သည်တဲ့လား ၊၊

'' ခွဲခွာခြင်းက အလေ့အကျင့် တစ်ခုလို ဖြစ်သွားတာလား,,''

ကျွန်မ သိချင်စိတ်ဖြင့် အလိုလို ပွင့်ထွက်လာသည့် စကားကြောင့် ကျွန်မ အရှေ့တွင် ထိုင်နေသည့် သူက ကျွန်မကို ကြည့်လာသည် ၊၊ သူ့ မျက်ဝန်းလှလှလေးထဲမှာ ယူကျုံးမရဖြစ်နေသည့် ခံစားမူလေးတွေကို ကျွန်မ မြင်တွေ့မိတော့ ယောကျာင်္းနှစ်ယောက်ကြားရှိ နှစ်ရှည်လများ ခံစားချက်များကို ကျွန်မ အံ့သြနေမိသည် ၊၊ ထို ခံစားမူများကို အလိုမကျပေမယ့် ထိုငြိတွယ်ခြင်းတွေက အတွေးနဲ့တင် လှပလွန်းတာကို ကျွန်မ ခံစားမိသည် ၊၊

'' ဟင့်အင်း,,''

ခေါင်းလေးခါပြီး ဖြေညင်းစွာ ထွက်ကျလာသည့် စကားသံက တိုးတိုးလေးသာပင် ဖြစ်သည် ၊၊ ဒါပေမယ့် သူ့ဆီက သက်ပြင်းချသံကတော့ ကျယ်လောင်လွန်းလှပါသည် ၊၊ ထိုကျယ်လောင်သည့် သက်ပြင်းချသံနှင့် ကြေကွဲနေသည့် သူ့မျက်ဝန်းတွေက ဘာရယ်မသိ ကျွန်မ စိတ်ကို မွန်းကြပ်နေပါသည် ၊၊ သူက စိတ်ရှုပ်နေမူကို ထိန်းရန်ထင် ညာလက်ချောင်းလေးများဖြင့် သူ့ရဲ့ ဘယ်လက်ရှိလက်သန်းကြွယ်မှ လက်စွပ်ကို ဆော့ကစားနေသည် ၊၊

'' ခွဲခွာခြင်းကို အကျင့် ဖြစ်သွားတာမဟုတ်ဘူး စောဟာနူး,,,''

'' ,,,,,, ''

'' လွမ်းဆွေးခြင်းကို ကျင့်သားရခဲ့ကြတာ ,,,''

ကျွန်မ သူ့ စကားအဆုံး မျက်မှောင်ကျုပ်ကာ ပါးစပ်မှ လည်း အလွမ်းဆိုသည့် စကားလုံးကို အလိုလို ခပ်တိုးတိုး ရေရွတ်မိလိုက်သည် ၊၊ ထို့အတူ အခန်းပြတင်းပေါက်ကို ငေးကြည့်နေသည့် သူ့ရဲ့ အညိုရောင် မျက်ဝန်းကို ကျွန်မ ကြည့်ရင်း ရင်ထဲ မောပန်းလာမိသည် ၊၊ နေရောင်မှ ဖျာကျနေသည့် အလင်းရောင်ကြောင့်ပင်လား မသိ ၊၊ သူ့ မျက်ဝန်းတွေက ကျွန်တော် ရောက်စကထက် အညိုရောင်သန်းနေသည် ၊၊ စင်ပေါ်တွင် အလင်းရောင်အလိုက် အရောင်ပြောင်းလဲတတ်သည့် မျက်ဝန်းပိုင်ရှင်ရယ်လို့ နာမည်ကြီးသည့် သူ့ မျက်ဝန်းက အခုလို နေရောင်နှင့် ထိရင် အညိုရောင် ပြောင်းတတ်သည်လား ၊၊ ကျွန်မ အံ့သြကာ သူ့မျက်ဝန်းကို ငေးမော ကြည့်နေမိသည် ၊၊

'' ကျွန်တော်တို့ နှစ်ယောက်လုံး အလွမ်းဆိုတာကို အကျင့်တစ်ခုလို ဖြစ်ခဲ့ကြတာ ,,,''

အဝေးကို လှမ်းကြည့်နေသည့် သူ့ မျက်ဝန်းတွေက ထိုစကားနှင့်အတူ အရည်လဲ့လာသည် ၊၊ သူ့ မျက်ဝန်းက နာကျင်မူကြောင့် ဖြစ်ပေါ်လာသည့် ထိုမျက်ရည်များက မျက်ဝန်းမှာ ရစ်ဝိုင်းနေပြီး ဝမ်းနည်းစရာကောင်းလွန်းလှသည်ဆိုပေမယ့် ၊၊ ထို ကြေကွဲဝမ်းနည်မူကြားမှာ သူ့ရဲ့ မျက်ရည်က သူ့ကို တောက်ပသည့် အလင်းရောင်အဖြစ် မြင်စေပြီး လှပလွန်းတာ သူ သိရဲ့လား ၊၊ ဒီမျက်ရည်များနှင့် မျက်လုံးတွေ သိပ်လှပလွန်းတယ် ဟု ကျွန်မ တွေးလိုက်မိသည် ၊၊

အလွမ်းဆိုတာကို အကျင့်တစ်ခုလို ထမင်းစားရေသောက် ဖြစ်လာတဲ့ သူ့ကို ကျွန်မ ကံကောင်းတယ်လို့ နှစ်သိမ့်ရမည်လား ၊၊ ကြေကွဲစရာ တစ်ခုလို နာကျင်မူကိုတောင် မခံစားမိတော့သည်အထိ သူ အလွမ်းများနှင့် ထုံကျင်နေခဲ့သည်ကို ဝမ်းနည်းစရာပဲဟု ချော့သိပ်ရမည်လား ၊၊ ကျွန်မ အတွေးများနှင့် အလုပ်များနေစဉ် သူက အရှေ့က ကော်ဖီခွက်ကို တစ်ငုံသောက်လိုက်သည် ၊၊ ခါးသက်လွန်းသည့် ကော်ဖီက သူ့ စိတ်ကို ခဏမျှ အမောဖြေပေးရန် ကျွန်တော် မျှော်လင့်နေမိသည် ၊၊ နာကျင်နေသည့် သူ့မျက်ဝန်းကို ကြည့်ပြီး ကျွန်မ စကားလမ်းကြောင်း ပြောင်းရန် စိတ်ကူးလိုက်သည် ၊၊

'' jaejoong shii က ပထမဆုံး သီချင်းတစ်ပုဒ်နဲ့တင် အောင်မြင်လာတာနော် ၊၊ ''

ကျွန်မ မေးခွန်းကို သူ ခေါင်းလေးညိမ့်ကာ အဖြေပေးလေသည် ၊၊ ကျွန်မ အတတ်နိုင်ဆုံး ဘာခံစားချက်မပါဝင်လောက်သည့် အပြုံးကို ပြုံးပြလိုက်ကာ ၊၊

'' ရှင်ကို လူတွေက အောင်မြင်မူ အရှိန်အဟုန် အမြန်ဆုံး အနုပညာရှင်လို့ အားလုံး သတ်မှတ်ထားကြတယ်နော် ၊၊ ''

နောက်ထပ်တစ်ကြိမ် သူ ခေါင်းငြိမ့်လိုက်ပြန်သည် ၊၊ သူက ပထမဆုံး သီချင်းတစ်ပုဒ်နဲ့ နာမည်ကြီး အနုပညာစာရင်းဝင်ခဲ့ပြီး သူ့ရဲ့ ပထမဆုံး ဆိုလိုခွေကိုထုတ်တော့ အာရှတွင်သာမက ကမ္ဘာကပါ အသိအမှတ် ပြုသည်အထိ အောင်မြင်မူက သူ့နောက်တွင် ကပ်ပါလာသည်လား ၊၊ သူ့ လျှောက်သည့် လမ်းရှေ့တိုင်းတွင် အောင်မြင်မူတွေ တန်းစီရှိနေသည်လား ၊၊ အနုပညာဆိုတာ ကြိုးစားမူတစ်ခုနှင့်သာ မဆိုင်ပဲ ကံ၊ ဥာဏ် ၊ နှင့်ပါ သက်ဆိုင်သည်ဆိုရင် ၊၊ kim jaejoong ဆိုသည့် သူက အနုပညာရှင်ဖြစ်ဖို့ မွေးဖွားလာသူ တစ်ဦးဖြစ်မည် ၊၊ သူ ရေးစက်ပြီး သူ သီဆိုသည့် တေးသီချင်းတိုင်းက ပရိတ်သတ်အားလုံးရဲ့ ရင်ကို ခံစားတိုးဝင်နိုင်သည်လေ ၊၊ အနုပညာက မှော်ဆိုရင် သူက ပညာရပ်အားလုံးကို တက်မြောက်ထားသည့် မှော်ဆရာ တစ်ပါးလည်း ဖြစ်နိုင်သည် ၊၊ သူ့ရဲ့ ပထမဆိုလို အောင်မြင်မူကြောင့်ပင် အိမ်ရှင်အဖြစ်ကျင်းပသည့် ကျွန်မတို့ နိုင်ငံ၏ ၂၀၁၆ ခုနှစ် ကမ္ဘာဖလားပွဲရဲ့ ဖွင့်ပွဲသီချင်းကို သီဆိုနိုင်သည်အထိ သူက အနုပညာသက်တမ်းနုနုနှင့် အသက်ငယ်ငယ်တွင် အောင်မြင်မူ အံ့မခန်းပိုင်ဆိုင်ထားသူပင် ဖြစ်သည် ၊၊ ဒါပေမယ့် အောင်မြင်မူနှင့်အတူ ရိုက်ခတ်လာသည့် နာကျင်မူတွေကိုလည်း သူ မည်မျှခံစားနေရမည်လဲ ၊၊ ထိုအချိန်က သူ့ရဲ့ အောင်မြင်မူကို မနာလိုကျသည့် အနုပညာရှင်တစ်ချို့၏ ဝေဖန်တိုကိခတ်မူတွေကြား ၊၊ သူက SN အင်တာတိန်းမန့်၏ စီအီးအို ဆိုသူနှင့် ယောကျာင်္းချင်း အိမ်ထောင်ရေးဖေါက်ပြန်ခဲ့သည်ဟူသည်အထိ ဆိုးဝါးလှသည့် ကောလဟာလတွေတောင် ထွက်ခဲ့ဖူးသည် ၊၊ အောင်မြင်မူနှင့်အညီ သူ့ကို မုန်းတီးသည့် ပရိတ်သတ်များကလည်း သူ့ရဲ့ လှပလွန်းသည့် မျက်နာအား အက်စစ်ဖြင့် ပက်ရန် ကြံစည်ဖူးသည် ၊၊ ထိုအချိန်က ထိုအကြံအစည် မအောင်မြင်ခဲ့ပဲ ဖမ်းခံရသည့် ပရိတ်သတ်အား သူက ပင် တရားမဆွဲပဲ လွတ်ပေးခဲ့သည် ၊၊

ကျွန်မ အတွက်တော့ သူက ကျွန်မ သဘောကျသည့် အနုပညာရှင် မဟုတ်ပေမယ့် သူ့ကြောင့် ကျွန်မ ဘဝ အနည်းငယ် အဆင်ပြေခဲ့သည်ကိုတော့ လက်ခံရမည် ၊၊ ကျွန်မ အမေရိကားတွင် သတင်းထောင့်ပညာသင်ယူရန် ရောက်ရှိစဉ်က လေဆိပ်မှာပင် သူခိုးခိုးခံရ၍ တစ်ယောက်တည်း ငိုကြွေးနေစဉ် အမေရိကန်မလေးတစ်ဦးက ကျွန်မအား ကိုရီးယားလူမျိုးလားဟု မေးပြီး ကျွန်မ သွားချင်သည်နောက် လိုက်ပို့ဖူးသည် ၊၊ သူမက သူ့ရဲ့ အမာခံပရိတ်သတ်ဖြစ်ပြီး ကိုရိးယားလူမျိုးတွေကို သူ့ကြောင့် ချစ်တတ်လာသူပင် ဖြစ်သည်လေ ၊၊ နောက်ထပ် ကျွန်မ နှင့် ကိုကို တွေ့ဆုံသည့် ပထမဆုံးအချိန်ကလည်း သူ့ကြောင့်လို့ပြောရင် အနည်းငယ်မှန်လိမ့်မည် ၊၊ ထိုအချိန်က အမေရိကားတွင် ကိုရီးယားအနုပညာပြပွဲတစ်ခု၍ ကျွန်မ သတင်းသွားယူစဉ် ကိုကိုနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည် ၊၊ kim jaejoong ဆိုသည့် သူ့ရဲ့ တတိယမြောက် ဆိုလိုထွက်ရှိချိန် Only Y ဆိုလိုခေါင်းစဉ်နှင့် ပြုံးနေပေမယ့် မျက်ဝန်းက မျက်ရည်များဖြင့် နာကျင်နေသည့် သူ့ရဲ့ ဆိုလိုကာဗာပိုစတာ အကြီးကြီး ရှေ့တွင် ကိုကိုနှင့် ကျွန်မ ပြိုင်တူယှဉ်ကာ ခြေစုံရပ်မိကြသည် ၊၊ ထိုအချိန်က အရှေ့က အနုပညာဆန်စွာ လှပလွန်းသည့် သူ့ပုံစံထက် သူ့ကို ငေးကြည့်နေသည့် ကိုကို ပုံစံက ကျွန်မအတွက် အနုပညာ ပိုပြီး ဆန်ခဲ့သည်ဆိုရင် ရီမောစရာများ ဖြစ်နေမလား ၊၊ သူလိုလူကို ရှေ့ထားပြီး အနုပညာဆိုတာ တစ်ခြားတစ်ခုဖြစ်တည်လာသည်ကိုက အံ့သြစရာပင်နော် ၊၊ ဒါပေမယ့် သူ့ပုံကို ငေးကြည့်နေသည့် ကိုကို့ရဲ့ ဘေးတိုက်ပုံစံက ကျွန်မမှ မဟုတ် မြင်ရသူ မည်သူမဆို ကျွန်မလို ခံစားမိမှာပါ ၊၊ ကိုကိုက သိပ်ကို ပြီးပြည့်စုံလွန်းခဲ့တာကိုး ၊၊ ထိုအချိန်က ငေးကြည့်နေမိသည့် ကျွန်မက လှည့်ကြည့်လာသည့် ကိုကိုကြောင့် မျက်နာပူစွာ ကျွန်မ ရှက်ရီရီလိုက်မိသည် ၊၊ ထိုရီမောလိုက်ခြင်းရဲ့ ရလဒ်ကတော့ ကိုကို့ဆီမှ မင်း အပြုံးက သိပ်လှတာပဲဆိုသည့် စကားကို ပထမဆုံးကြားလိုက်ခြင်းပင် ၊၊ အမှန်တိုင်း ဝန်ခံရရင် ကျွန်မက ကိုကို့ကို မြင်မြင်ချင်းချစ်ခဲ့မိသည် ၊၊ ဒါပေမယ့် အမေရိကားတွင် နိုင်ငံတူချင်း ခဏမျှ ရင်နှီးခဲ့သည့် ကိုကိုက ကျွန်မနှင့် သိကျွမ်းပြီး ၆ လ မပြည့်ခင်ပင် ကိုရီးယားသို့ ပြန်သွားသည် ၊၊ ထိုနောက် အဆက်အသွယ် မရှိပဲ မေ့မေ့ ပျောက်ပျောက်နေနေမိသည့် ကျွန်မ ရှေ့ ကိုကို လွန်ခဲ့သည့် ၆ လလောက်မှ ပြန်လည် ပေါ်လာသည် ၊၊ သတင်းတစ်ခုယူရင်း အမှတ်မထင်ပြန်တွေ့သည့် ကိုကို့ကို လူအုပ်ကြား ကျွန်မ အသက်ရှု ရပ်စွာ ငေးမောနေမိသည် ၊၊ ထိုနေ့မှာပင် ကိုကိုနှင့် အအေးအတူတူသောက်ရင်း ၊၊ ထိုနေ့မှာပင် ကိုကိုက ကျွန်မအား လက်ထပ်ခွင့်တောင်းခဲ့သည် ၊၊ နောက်ထပ်တစ်ကြိမ်ပြန်ဆုံရင် မင်းကို လက်ထပ်ခွင့်တောင်းမယ်လို့ ကိုယ် ဆုံးဖြတ်ထားတာ ဆိုသည့် ကိုကို့စကားမှာ ကျွန်မ ကမ္ဘာတစ်ခုလုံး ချာချာလည်ခဲ့သည်လေ ၊၊ ဖူးစာဆိုသည်ကို ကိုကို မည်ကဲ့သို့ ဖန်တီးခဲ့သည်လည်း မသိပေမယ့် ကျွန်မ အတွက်တော့ ဖူးစာဆိုသည်မှာ ကိုကို့ကို မြင်သည့် အချိန်မှ စတင်တွေးတောမိသည့် စကားလုံးပင် ၊၊

ကျွန်မ လွင့်ပျံ့နေသည့် အတွေးများကို မောင်းထုတ်ကာ အရှေ့မှ သူ့ကို ပြန်ကြည့်လိုက်သည် ၊၊

'' မင်း ချစ်သူ အကြောင်း တွေးနေတယ်ထင်တယ် ,,,''

ကျွန်မကို စိုက်ကြည့်ကာ ပြောလာသည့် သူ့စကားကြောင့် ကျွန်မ အံ့သြသွားမိသည် ၊၊ စိတ်ထဲတွင်လည်း သူ ဘာလို့ သိနေတာလဲ ဆိုသည့် မေးခွန်းက အစီအစဉ်မကျထွက်လာသည် ၊၊ သူ ဘာလို့ ကျွန်မ့ ချစ်သူ ရှိတာ သိနေတာလဲ ၊၊ သူက ကျွန်မ အတွေးကို သိမြင်သည်ထင် ၊၊ နုတ်ခမ်းဖူးဖူးလေးကို လှပစွာ ပြုံးပြီး သူ့ လက်ကို သူ့ မျက်နာတွင် လှည့်ကာ မေးလေးငေါ့ပြီး ၊၊

'' မင်း မျက်နာ မှာ အတိုင်းသား ပေါ်နေတယ် ,,,''

'' ,,,,,, '''

'' မင်း အချစ်ကြောင့် ပျော်ရွှင်နေရတယ် ဟာနူး,,,''

ကျွန်မ ငြင်းဆိုသည်လည်း မဟုတ်ပဲ ခေါင်းလည်း မညိမ့်ပဲ တည်ငြိမ်စွာ ပြုံးလိုက်သည် ၊၊ ဒါပေမယ့် ကျွန်မ အပြုံးက ကျေနပ်ခြင်းတွေ ပါဝင်နေမှာ အသေအချာပင် ၊၊ သူက ပြုံးလျှက် ကျွန်မကို သဘောကျစွာ ကြည့်ရင်း ၊၊

'' အချစ်ဆိုတာ အဆုံးသတ်မှာ နာကျင်ရတယ် ဆိုစေဦးတော့ အနည်းဆုံးတော့ တစ်ခါလောက် ပျော်ရွှင်ဖူးတာနဲ့ နာကျင်မူအားလုံးက ထိုက်တန်ပါတယ် ,,,''

ကျွန်မ သူ့ကို ငေးစိုက်ကြည့်လိုက်သည် ၊၊ တစ်ခါတစ်လေ နားလည်ရခက်ခဲသည့် သူ့ မျက်ဝန်းကို အဓိပ္ပါယ် ဖေါ်ရတာ စိတ်ဝင်စားဖို့တော့ ကောင်းသား ၊၊

'' ရှင့်အတွက်လည်း အချစ်က အဆုံးသတ်မလှတောင် အရာရာ ထိုက်တန်တယ်လို့ ဆိုလိုတာလား ,,,''

ကျွန်မ စကားအဆုံး အောင်နိုင်သူလို ပြုံးလိုက်သည့် သူ့ ပုံစံကို ကျွန်မ အံ့သြကြည့်နေမိသည် ၊၊

'' ငါတို့ အချစ်မှာ အဆုံးသတ်ဆိုတာ ဘယ်တုန်းကမှ မရှိဘူး ဟာနူး,,''

ကျွန်မ သူ့စကားမှာ ဘာရယ် မသိ အလိုလို ကြက်သီးထသွားမိသည် ၊၊ ပြီးတော့ အခုန်မြန်လာသည့် နှလုံးခုန်သံကို ထိန်းရန် မှတ်စုစာအုပ်ကို အဓိပ္ပါယ်မဲ့ လှန်လိုက်သည် ၊၊ ကျွန်မ လက်မခံချင်သည့် အချစ်တစ်ခုရဲ့ ကြီးကျယ်ခန်းနားမူကို ကျွန်မ ခံစားနေရသည်က ဘာရယ်မသိ ကျွန်မ့ ရင်ကို မွန်းကျပ်စေသည် ၊၊ ကျွန်မ အသက်တစ်ချက်ရှုကာ ဘောလ်ပင်ကို တစ်ချက်နိုပ်လိုက်သည် ၊၊

'' ရှင်ရဲ့ အများအားကျလောက်တဲ့ ကြီးကျယ်တဲ့ အောင်မြင်မူအတွက် ရှင့် ဘက်က ပေးဆပ်ခဲ့ရတာတွေ ရှိလား ,,,''

သူ ,,, ကျွန်မကို မျက်တောင် မခတ်စိုက်ကြည့်လာသည် ၊၊ ကျွန်မ တံတွေးတစ်ချက်မြိုချပြီး စိတ်ကို ထိန်းလိုက်သည် ၊၊

'' ကျွန်မ ပြောချင်တာက, ,, အောင်မြင်မူနောက်ကွယ်မှာ ရှင်ကိုယ်တိုင်နစ်နာခဲ့တယ်လို့ ထင်ခဲ့တဲ့ အရာတွေပေါ့ ၊၊ ဥပမာ ,, ရှင့်ကြောင့် စီအီးအိုလင်မယား ကွာရှင်းရတယ်ဆိုတဲ့ သတင်း,,''

'' တစ်ချက် ,,, စောဟာနူး,,, မင်းကို ငါ ပြောမယ်,,''

လက်လေးကာကာ ဖြတ်ပြောလိုက်သည့် သူ့ စကားကြောင့် ကျွန်မ ပြောလက်စ စကား ရပ်သွားသည် ၊၊

'' ငါက ယောကျာင်္းချင်းကြိုက်တဲ့ သူ မဟုတ်ဘူး,, ယောကျာင်္းတစ်ယောက်တည်းကိုပဲ ချစ်ခဲ့တဲ့ လူနော် ,,, ''

ကျွန်မ ငြိမ်သက်နေမိသည်၊၊

'' ဒါကြောင့် ငါ့ကို မင်း အထင်သေးလို့ရတယ် ,,, ငါတို့ အချစ်ကို မင်း ဘယ်တော့မှ အထင်မသေးနဲ့,,,''

ကျွန်မ အသက်ရှုဖို့ မေ့လျော့က မာနဖြင့် ဖုံးလွမ်းနေသည့် သူ့ မျက်ဝန်းက ယုံကြည်မူကို ငေးမောကြည့်နေမိတော့သည် ၊၊

◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆♡♡♡♡♡◆◆◆◆◆◆◆◆◆◆

မေးခွန်း- ၇

( အောင်မြင်မူတွေအတွက် ရှင် ဘာတွေ ပေးဆပ်ခဲ့သလဲ )

နှစ်နှစ်ဆိုသည့် အချိန်အခါကို သူ မရှိပဲ ကျွန်တော် ဖြတ်ကျော်နိုင်မည်မဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်ခဲ့သည် ၊၊ တကယ်တမ်းတော့ ကျွန်တော် သူ မရှိပဲ နှစ်နှစ်ဆိုသည့် အချိန်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့သည် ၊၊ ဒါဟာ ကောင်းမွန်သည့် ရလဒ်လို့ တစ်ခုလို့ ထိုအချိန်က ကျွန်တော် လက်ခံလိုက်မိသည်က ကျွန်တော်က သူပေးသည့် အလွမ်းတွေထဲ ကျင့်သားရနေသည်ကို မသိ၍ ဖြစ်နိုင်သည် ၊၊ နှလုံးသားရေးရာအရ ကျွန်တော် သူ့ကို လွမ်းစွတ်ခဲ့ပေမယ့် အနုပညာ ကြိုးစားမူကတော့ နှစ်နှစ်အတွင်းမှာပင် အံ့မခန်း အောင်မြင်လာခဲ့သည်လေ ၊၊ တစ်ခါတစ်ရံ အောင်မြင်မူနှင့် ဆုံးရှုံးမူကို လူတစ်ယောက်က တစ်ပြိုက်နက်တည်း ခံစားကြုံတွေ့နေရရင် ထိုလူက ဘာကို တွေးတောလက်ခံမည်ထင်လဲ ၊၊ လူဆိုသည်က စိတ်ချမ်းသာမူကိုပဲ လိုချင်သည့် အမျိုးပဲလေ ၊၊ ဒါကြောင့် ထိုအချိန်က သူ့ကို လွမ်းသည့် နာကျင်မူက အားလုံးက ငေးမောအားကျနေသည့် အောင်မြင်မူအောက်တွင် ကွယ်ပျောက်ခဲ့သည်လို့ ကျွန်တော် အခုပြန်လည် တွေးမိတော့ ကျွန်တော် လက်ရှိ အောင်မြင်ခြင်းကို နာကြည်းမိသည် ၊၊

သူ စစ်ထဲ ဝင်မည်ဆိုသည့် သတင်းကြားသည်နှင့် သူနှင့် ကျွန်တော် တစ်အိမ်ထဲ အတူတူ နေနေပေမယ့် စကားမပြောဖြစ်ချေ ၊၊ ကျွန်တော့် ခံစားချက်တွေကို ထည့်မတွတ်သည့် သူ့ကို ကျွန်တော် ထိုအချိန်က နာကြည်းမိခဲ့သည်လေ ၊၊ ဥပဒေ နောက်ဆုံးနှစ်ကိုတောင် မဖြေပဲ စစ်ထဲဝင်သည့် သူ့ကို တစ်အိမ်လုံးက အံ့သြကာ နေပေမယ့် ဘာမှတော့ မပြောကြ ၊၊ သူက ဘယ်တုန်းကမှ ဘွားဘွားကို စိတ်မပျက်စေခဲ့ဘူးလေ ၊၊ ကျွန်တော် သူ မသွားခင် တစ်ပါတ်လုံး သူနှင့် စကားမပြောပဲ မနက်ဖြန်လို စစ်ထဲဝင်မည့် သူက အိမ်ပြန်ကာ နုတ်ဆက်တော့ ကျွန်တော် စာမေးပွဲကို အကြောင်းပြကာ ဆိုးလ်မှာပင် နေခဲ့သည် ၊၊ ထိုညက မနက်ဖြန်ဆိုသည့် အရာကို မေ့ထားရန် ကျွန်တော် ထုတ်လုပ်ရေးကုမ္ပဏီတွင်သာ အချိန်ပြည့်နေမိသည် ၊၊ ထိုညက ကျွန်တော့်ရဲ့ ပထမဆုံးထွက်သည့် stan by you ကို ရေးသားခဲ့သည် ၊၊ ကျွန်တော့် သီချင်းကို ကြည့်ပြီး တေးရေးဆရာ လီဂျီအာ က တွေ့ပြီး ချက်ချင်းပင် အသံသွင်းမည်လုပ်တော့ ကျွန်တော် ကုပ္မဏီတွင် အသံသွင်းနေ၍ ထိုနေ့က တော်တော် မိုးချုပ်သည်အထိ အလုပ်ခန်းတွင် ကျွန်တော်ရှိနေခဲ့သည် ၊၊ ထိုအချိန်ကတော့ အခုလို ကျွန်တော့်ကို စိတ်မလွင့်အောင် အသံသွင်းသည့် ဆရာ လီဂျီအာကိုတောင် ကျေ:ဇူးတင်နေမိသည် ၊၊ ဒါပေမယ့် ကျွန်တော့် အတွေးက ည ၁ နာရီ တိုက်ခန်းပြန်ရောက်ချိန်တွင် မှားယွင်းခဲ့သည်၊၊ သော့ပိတ်ထားသည့် တိုက်ခန်းရှေ့ ငုတ်တုတ်ထိုင်ကာ ကျွန်တော် အပြန်လာကို စောင့်နေသည့် သူ့ကို မြင်တော့ ကျွန်တော် အလိုလို ကိုယ့်ကိုယ်ကို အပြစ်တင်မိသည် ၊၊ ဆောင်းရာသီရဲ့ အေးစက်သည့် ဒဏ်ကြား ကျွန်တော့်ကို ပြန်လိုက်ပို့သည့် ဆရာလီဂျီအာကို စိုက်ကြည့်နေသည့် သူ့အကြည့်က ထိုအချိန်က အရမ်းကို အေးစက်လွန်းသည်လေ ၊၊

'' နောက်တစ်ခါ အခုလို အိမ်ပြန် အရမ်း နောက်မကျပါနဲ့ joongie ရာ ,,''

'',,,,''

'' လူတွေကိုလဲ သိပ်မယုံနဲ့,,''

'',,,,,,''

'' အနုပညာသမားဆိုပြီး အစားအသောက်ကို မချွေတာနဲ့ ၊၊ ကျန်းမာရေးနဲ့ ညီညွတ်အောင် စား,,''

'' တော်တော့,,''

ကျွန်တော် နှင်းစိုနေသည့် အဝတ်အစားများကို လဲနေရင်း သူ့ ရင်ခွင်ထဲ တိုးဝင်လိုက်သည် ၊၊ နှင်းစိုသည့် သူ့ အဝတ်အစားက ကျွန်တော့်ကို အေးစက်စေသည် ၊၊

'' စိတ်မချရင်လည်း ဘာလို့ ထားခဲ့သေးလည်း ၊၊ ကလေး ကျွန်တော့်ကို စိတ်မချရင် ဘာလို့ ထားခဲ့သေးလဲ ,,''

'' မင်း ကို ချစ်လို့ ,,, မင်း ကို ချစ်လွန်းလို့ ,,, ငါ့ အချစ်တွေက မင်း ပျံသန်းမဲ့ အတောင်ပံတွေကို ရိုက်ချိုးမိမှာ စိုးတာ ,,, မင်းက ဟိုးအမြင့်ကြီးကို ပျံသန်းနိုင်တဲ့ ငှက်တစ်ကောင်လေ, ,,''

ကျွန်တော် သူ့စကားတွေထဲမှာ ငိုကျွေးနေရုံမှ လွဲ၍ ဘာမှ မတတ်နိုင်ခဲ့ပါ ၊၊ ဒါက သူ့ဆီက ကျွန်တော် ပထမဆုံးကြားခဲ့ရသည့် ချစ်တယ်ဆိုသည့် စကားပင် ဖြစ်သည် ၊၊ ထိုညက နှင်းစိုနေသည့် သူ့ရင်ခွင်ထဲ ကျွန်တော် တစ်ညလုံး မအိပ်ပဲ ငြိမ်သက်နေခဲ့သည် ၊၊ မနက်မိုးမလင်းခင် ကျွန်တော့် နဖူးကို နမ်းကာ ထွက်သွားသည့် သူ့ကို ကျွန်တော် မျက်လုံးမှိတ်လျှက် မတားခဲ့သော်လည်း ကျွန်တော် မရှိုက်ပဲ မျက်ရည်ကျခဲ့သည် ၊၊ တစ်ခါတစ်လေတော့လည်း ရှိုက်သံမထွက်သည့် မျက်ရည်များက နာကျင်မူ သိပ်သည်းစ ပိုပြီး ကြီးမားသည်လေ ၊၊

နောက်ဆုံးတော့ ကျွန်တော်က သူ့ကို လွမ်းသည့် ခံစားမူနှင့် မြင့်မားစွာ ပျံသန်းခဲ့တော့သည် ၊၊ ကျွန်တော် သူ စစ်ထဲဝင်နေတော့ တစ်ခါသာ သွားတွေ့ဖြစ်ပြီး ၊၊ သူ စစ်ထဲမှ ပြန်လည် ထွက်လာတော့ ကျွန်တော်နှင့် ချက်ချင်း မတွေ့ဖြစ်သေးပါ ၊၊ ထိုအချိန်က ကျွန်တော့်ရဲ့ ပထမဆုံး ဆိုလို စီးရီးခွေအတွက် ကျွန်တော် ဂျပန်ကို ရောက်ရှိနေချိန်ဖြစ်သည် ၊၊ မေမေ့ဆီမှ ဖုန်းနှင့် ပြောစကားအရ သူလည်း ဥပဒေနောက်ဆုံးနှစ်ကို ပြန်လည်ဖြေဆိုဖို့ ကျောင်းပြန်တက်ရန် လုပ်နေသည်ဆိုတာပင် ၊၊ နောကိတော့ သူ ပြန်ရောက်ပြီး ၅ လ ကျော်သည်အထိ ကျွန်တော့် ရဲ့ ဆိုလိုခွေ ပရိုမိုးရှင်းအတွက် အာရှနိုင်ငံများကို လှည့်လည်သွားလာနေပြီး သူကလည်း လစ်ဟာနေသည့် ကျောင်းစာများကို ကြိုးစားနေချိန်ပင် ဖြစ်၍ ကျွန်တော် တို့ မတွေ့ဖြစ်ပါ ၊၊ တစ်ခါတစ်ရံ အိမ်သို့ ဖုန်းဆက်စဉ် ဘွားဘွားနှင့်အတူ သူ့ ရဲ့ အသံကိုတော့ ကျွန်တော် ခပ်ဝါးဝါးကြားရသည် ၊၊ ထိုအချိန်ကတော့ သူ ဘယ်ဖုန်းကို ကိုင်လဲ ကျွန်တော် မမေးခဲ့သလို ကျွန်တော် ဘယ်မှာ နေလည်း သူ မစုံစမ်းခဲ့ပါ ၊၊ ကျွန်တော်က ဆိုးလ်တွင် ကုပ္မဏီမှ စီစဉ်ထားသည့် တိုက်ခန်းတွင်နေပြီး သူကတော့ အရင် တိုက်ခန်းတွင်သာ နေသည် ၊၊

ကျွန်တော့် ပထမဆုံး ဆိုလိုခွေက အားလုံးထင်ထားသည်ထက် အောင်မြင်ခဲ့သည်ဟု ဆိုရမည် ၊၊ ကုမ္ပဏီက ကျွန်တော့်ကို အနည်းငယ် မျက်နာသာပေးလာသည်လေ ၊၊ ထိုအချိန်ကတော့ သူ့ကို တွေ့ဖို့ထက် လူတွေရဲ့ အားကျသည့် အကြည့်တွေကိုသာ လက်ခံဖို့ ပိုပြီး ထက်သန်ခဲ့သည်လေ ၊၊ ကျွန်တော်နှင့်သူ ပြန်လည်တွေ့ဆုံခဲ့သည်ကတော့ သူ စစ်ထဲမှ ထွက်လာပြီး ၉ လကြာမြင့်ချိန် ၊၊ သူ ဥပဒေအောင်ပြီး အလွတ်တန်းရှေ့နေ့ လိုင်စင်ရရှိချိန် ၊၊ တနည်းအားဖြင့် ကျွန်တော့်ရဲ့ မေမေသတ်မှတ်ထားသည့် အသက် 24 နှစ်ပြည့်ချိန် မွေးနေ့ပင် ဖြစ်သည်၊၊ ကျွန်တော်က အနုပညာအလုပ်များနှင့် ဘယ်လောက်ပင် မအားလပ်ပါစေ ဘယ်တော့မဆို မေမေ့အတွက် ကျွန်တော့် မွေးနေ့ မေမေတို့နှင့်အတူ ကျင်းပမြဲပင် ၊၊ ထိုနေ့ကလည်း မေမေတို့ ဘွားဘွားတို့မိသားစုနှင့်အတူ မွေးနေ့ပွဲ ကျင်းပ ဖြစ်သည် ၊၊ အနုပညာရှင် ဖြစ်လာသဖြင့် အရင်လိုတော့ မေမေက ဧည့်သည်များကို မဖိတ်ခဲ့ပါ ၊၊ ထိုညက သူကလည်း ရှေ့နေ့လိုင်စင်ရ၍ ဘွားဘွားဆီ ပြန်လာချိန်ဖြစ်သည် ၊၊ ပထမဆုံး ကျွန်တော်တို့ တွေ့တော့ အနည်းငယ်မျှသာ နေရခက်ခဲ့ပေမယ့် အခြေအနေင ထင်ထားသလောက် မဆိုးဝါးခဲ့ပါ ၊၊ ကျွန်တော် ညအိပ်မပျော်၍ အိပ်ရှေ့ထွက်လာတော့ သူနှင့်တွေ့ကာ ဘာရယ်မဟုတ် ကျွန်တော်တို့ ကင်ချီထမင်းသုတ်ရန် စီစဉ်ကြသည် ၊၊ ထိုညက ဘွားဘွားသိပ်ထားသည့် ကင်ချီအိုးများထဲမှ တစ်အိုးစီမြည်းကာ ကြိုက်တဲ့ ကင်ချီကို ပျော်ရွှင်စွာ ရွေးနေကြသည် ၊၊ ကျွန်တော်နှင့် သူ့ကြား အရင်လို ဦးလေးနှင့်တူလေးဆိုသည့် အနေအထားတစ်ခုက ကျွန်တော်တို့ကြား ပြန်လည်ရောက်ရှိလာသည် ၊၊

'' ကလေး ရှေ့နေဖြစ်တာ ဂုဏ်ယူပါတယ် ,,,''

အသက် ၂၈ နှစ်အရွယ် သူ့ အပြုံးက အရင်ကလို လှပဆဲဆိုပေမယ့် အရင်ကထက် တည်ငြိမ်လာသည် ၊၊

'' လက်ဆောင်ပေးဖို့ ဘာမှ ပါမလာခဲ့ဘူး ,,,ရော့ ဒါလေးပဲ ယူ ,,''

ကျွန်တော် ထိုအချိန်က နားတစ်ဖက်တွင် တပ်ထားသည့် နားကပ်ကို ဖြုတ်ပေးလိုကိတော့ သူက ထိုနားကပ်ကို သေချာဆုပ်ကိုင်ကာ လမင်းကို မော့ကြည့်နေသည် ၊၊

'' ကလေးရော ကျွန်တော့်မွေးနေ့ကို ဘာမှ မပေးတော့ဘူးလား,,''

'' တကယ်တော့ ပေးပြီးသား ဒါပေမယ့် အခု ထပ်ပေးပါ့မယ် ,,ရော ,,,''

လှမ်းပေးလာသည့် သူ့လက်ထဲက အရာကြောင့် ကျွန်တော် အံ့သြငြိမ်သက်မိသည် ၊၊ သူက ကျွနမတော်တို့ သောက်သည့် ဘီယာဘူးခွံဖွင့်သည့် အဝိုင်းလေးကို ကျွန်တော့် လက်သန်းတွင် စွပ်ပေးလေသည် ၊၊

'' ဘာမှ တန်ဖိုးမရှိဘူး၊၊ ငါ အလုပ်လုပ်ပြီး လစာရမှ ကောင်းတာနဲ့ ပြန်လဲပေးမယ်,,,''

ကျွန်တော် ထိုလက်သန်းက အဝိုင်းလေးကို ကြည့်ကာ မလဲပါနဲ့ဟု တိုးတိုးလေး ပြောမိသည် ၊၊

နောက်တော့ သူ နှင့် ကျွန်တော် အပြန်အလှန် ဖုန်းနံပါတ်လဲကာ ၊၊ ညတိုင်း မပျက်မကွက် ဖုန်းပြောဖြစ်သည် ၊၊ ထိုအချိန်ကတော့ သူ့ရဲ့ အမူသည်အကြောင်းနှင့် ကျွန်တော့်ရဲ့ ဒုတိယအကြိမ်ထွက်မည့် ဆိုလိုတေးသီချင်းများအကြောင်းသာပင် ပြောဖြစ်ကြသည် ၊၊ ကျွန်တော့် အတွက်တော့ သူ ကျွန်တော့် အနားပြန်လည်ရောက်ရှိလာသည်ကိုပင် ကျေနပ်နေမိသည် ၊၊ ကျွန်တော်တို့တွေ တည်ငြိမ်နိုင်ခဲ့သည်က ကျွန်တော်ကိုယ်တိုင်က အသက်အရွယ်အလိုက် ရင့်ကျက်ခဲ့၍ပဲလား ၊၊ သူကိုယ်တိုင်က ဟန်ဆောင်လွန်းခဲ့သည်လား ၊၊

ကျွန်တော့် ဒုတိယဆိုလိုမထွက်ခင် ကျွန်တော့်အတွက် ဆိုးဝါးသည့် အတိုက်အခံများကြုံခဲ့ရသည် ၊၊ ကုမ္ပဏီတူ အနုပညာရှင်တစ်ဦးက ကျွန်တော့်အား စီအီးအိုအိမ်ထောင်ရေးကို ဖြိုခွဲသူဟု သတင်းလွင့်ပြီး ကျွန်တော့်ကို မုန်းသည့် ပရိတ်သတ်တစ်ယောက်မှ ကျွန်တော့်အား အက်စစ်နှင့် ပတ်ရန် ကြံစည်ခဲ့သည် ၊၊ ကံကောင်းစွာပင် ကျွန်တော် ထိခိုက်မူမဖြစ်ခဲ့ပေမယ့် ပရိတ်သတ်ကြား ကျွန်တော့်ကို လုပ်ကြံသည့် ပုံနှင့်ဗီဒီယိုများက ချက်ချင်းပြန့်နှံသွားသည် ၊၊ ကျွန်တော် ထိုအချိန်က ဖမ်းခေါ်သွားသည့် လူကြား ကျွန်တော့် မျက်နာကို စိုက်ကြည့်စွာ ပြောဆိုသွားသည့် ထိုမိန်းကလေးမျက်ဝန်းများကြား ထိတ်လန့်ခဲ့ရသည်၊၊ သူက ထိုသတင်းကြားကြားချင်း လေဆိပ်မှလကျွန်တော့် ဆီ ပြန်ပြေးလာခဲ့သည် ၊၊ ထိုအချိန်က သူက အမေရီကားသို့ အလုပ်နှင့် ခရီးထွက်ရန်ဖြစ်သည် ၊၊ ကျွန်တော့် ကြောင့် သူ အလုပ်ကို လျော်ကြေးပေးကာ အပြေးရောက်လာသည့် သူ့ကို ထိုအချိန်က ကျွန်တော် ကျေနပ်ခဲ့သည် ၊၊ တကယ်တော့ သူ အမေရီကားကို နောက်ထပ်တစ်ကြိမ်ထပ်သွားရမည်ဆိုတာကိုသာ ကျွန်တော် ကြိုသိရင်တော့ ထိုအချိန်က ကျွန်တော် ဒီလောက် ကျေနပ်နေလိမ့်မည်မထင် ၊၊

'' ဘာဖြစ်သွားသေးလဲ ၊,,,''

ကျွန်တော်နေသည့် တိုက်ခန်းကိုရောက်လာပြီး ကျွန်တော့်ကို စိုးရိမ်စွာ မေးလာသည့် သူ့ မျကိဝန်းတွေကို မြင်တော့ ကျွန်တော် သူ့ ကို သိုင်းဖက်ကာ သူ့ နုတ်ခမ်းကို ကြမ်းတမ်းစွာ နမ်းလိုက်သည် ၊၊

'' joongie! ,,,''

'' မပြောနဲ့ ၊ ကလေး ဘာမှ မပြောနဲ့ ၊၊ ကျွန်တော် မုန်းမိလိမ့်မယ် ၊ ကလေးကို ကျွန်တော် မုန်းမိလိမ့်မယ် ၊၊ ကျွန်တော် ကို ဘာလို့ ဒီလောက် မြင့်မားတဲ့နေရာကို ပို့ရတာလဲ ,,, ဘာလို့လဲ,,''

သူက ငိုကြွေးနေသည့် ကျွန်တော့်ကို ညင်သာစွာ ထွေးပွေ့ထားသည် ၊၊

'' ကျွန်တော် မမေ့နိုင်ဘူး ၊၊ ကလေးကို ကျွန်တော် မမေ့နိုင်ဘူး ၊၊ ,,,''

တင်းကျပ်စွာ သူ ကျွန်တော့်ကို ပွေ့ဖက်လာသည် ၊၊ တိုက်ခန်းအတွင်း ကြမ်းပြင်ပေါ် ငုတ်တုတ်ထိုင်ကာ ကျွန်တော်တို့တွေ မလွတ်တမ်းဖက်ထားကြသည် ၊၊ တစ်ချက်တစ်ချက် ကျွန်တော့်ရဲ့ အငမ်းမရဖြစ်နေသည့် အနမ်းအချို့ကို သူက ထိန်းပေးရင်း ,,၊၊

'' ချစ်တယ်,,, ကိုယ် joongie ကို ချစ်တယ်,,,''

တစ်ခါတစ်ရံ ကျွန်တော်တွေးတောမိသည် ၊၊ ကျွန်တော်တို့ အချစ်က မီးတောက်ကို မမြင်ပဲ တစ်ဖြေးဖြေးနှင့် လောင်မြိုက်နေသည့် ဖွဲမီးဆိုတာ ၊၊

●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●

Continue Reading

You'll Also Like

142K 17K 123
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xigua Status in COO : 253 chapters ...
91.6K 4.3K 8
Yaoi fan fiction SeBaek(EXO's Sehun & EXO's Baekhyun) >> I'll tell you how much I love you...one day <<
407K 13.2K 17
My priority /property/privacy