အစိမ်းရင့်ရင့် အလွမ်း

By AmiCassiopeia

106K 7.6K 451

Yunho Jaejoong More

အပိုင်း-၁
အပိုင်း-၂
အပိုင်း-၃
အပိုင်း-၎
အပိုင်း-၆
အပိုင်း-၇
အပိုင်း-၈
အပိုင်း(၉)
အပိုင်း-၁၀
ဇာတ်သိမ်းပိုင်း

အပိုင်း-၅

6K 609 27
By AmiCassiopeia

ကျွန်မ မျက်စိရှေ့မှာ မြင်နေရသည့် အလိုမကျဖြစ်နေသော သူ့မျက်ဝန်းကို ငေးကြည့်ရင်း ပြုံးလိုက်မိသည် ၊၊ ထိုအချိန်ကတော့ လိုအပ်မူဆိုသည့် အရာကို ဘာမှန်းညာမှန်းမသိပဲ ပျော်ရွှင်မူလေးတစ်ခုကိုသာ မလွတ်တမ်းဖမ်းဆုပ်ထားခဲ့သော ဆယ်ကျော်သက်အရွယ် လူငယ်လေးတစ်ယောက်က, ,,, ၊၊ အခုတော့ သူဘာကို လိုအပ်နေလဲဆိုတာကို ရှင်းလင်းပြတ်သားစွာ ခံစားနေရတော့ မိုက်မဲခဲ့မိသည့် အချိန်များကို နှမျော်နေသည်ထင်သည် ၊၊ ဘာရယ်မသိ လှမ်းမြင်နေရသည့် အလိုမကျသလို အရိပ်တွေနှင့် စိတ်ထဲဆိုးနွဲ့ချင်နေသည့် သူ့ ပုံစံနှင့် သူ့ရဲ့ အနည်းငယ် စူထွက်နေသည့် ပန်းနုရောင်နုတ်ခမ်းက ကျွန်မကို သူ့အပေါ်ထားသည့် မကျေနပ်စိတ်ကို လျော့နည်းစေသည် ၊၊ ကြည့်စမ်းပါဦး အတွေးလေးတစ်ခုနဲ့တင် ထိုလူက ဘာလို့ သူ့အပေါ် လွှမ်းမိုးလွန်းရတာလဲနော် ၊၊ ပြီးတော့ တစ်နှစ်ဆိုသည့် ဝေးကွာခြင်းက သူတို့နှစ်ယောက်ကို ဘာမှ မပြောင်းလဲစေဘူးလား ၊၊ ဘယ်အရာမှ သူတို့ နှစ်ယောက်ကြား မပျက်ဆီးစေဘူးလား ၊၊ ကျွန်မ နားလည်ရခက်သည့် ကောင်လေးနှစ်ယောက်၏ ငြိတွယ်မူက တအံ့တသြနှင့် အားကျခံစားရစေပြီး ၊၊ တစ်ဆက်တည်းပင် ထို ခိုင်မြဲလွန်းသည့် ငြိတွယ်ခြင်းကို အနည်းငယ် မနာလိုဖြစ်မိသည် ၊၊

သူက ရပ်နေသည့် မှန်ပြတင်းပေါက်နားမှ ကျွန်မ ထိုင်နေသည့် ထိုင်ခုံရှေ့ ၊ စောစာက သူထိုင်ခဲ့သော အစိမ်းနုရောင် ဆိုဖါထိုင်ခုံတွင် ပြန်ထိုင်လိုက်သည် ၊၊

'' အခုရော သူ အိမ်ထောင်ကျပြီလား ,,,''

သိချင်စိတ်နှင့်အတူ အလိုလို ပွင့်ထွက်လာသည့် ကျွန်မစကားကြောင့် ကျွန်မ သူ့ကို အားနာသလို ကြည့်လိုက်မိသည် ၊၊ တကယ်ဆို ကျွန်မ ဒီမေးခွန်းကို မမေးသင့်ဘူးနော် ၊၊ ဒါပေမယ့် ကျွန်မတို့ စကားဝိုင်းထဲ သူ့ထက် ထိုလူအကြောင်းက ပိုပြီး စိတ်ဝင်စားစရာ ဖြစ်လာတာ နည်းနည်းတော့ ဆန်းကျယ်စရာပင် နော် ၊၊သူက ဆိုဖါထိုင်ခုံကို ကျောမှီလျှက် ကျွန်မကို စိုက်ကြည့်လာသည် ၊၊

'' ဟင့်အင်း,,, ''

ခေါင်းခါကာ ပြောလိုက်သည့် သူ့အဖြေစကားက ကျွန်မကို အနည်းငယိတော့ အံ့သြမူကို ဖြစ်စေသည် ၊၊ ဒါပေမယ့် ဘာရယ်မသိ ကျွန်မကို ကြည့်နေသည့် သူ့မျက်ဝန်းက နာကြည်းရိပ်တွေကို ဘာမဆိုင်ညာမဆိုင် ကျွန်မ ခံစားမိတော့ ကျွန်မ ထိုအကြောင်းအရာကို ဆက်မမေးဖို့ စိတ်ကူးလိုက်ကာ ဘောလ်ပင်ကို တစ်ချက်နိုပ်လိုက်သည် ၊၊

'' ဒါဆို ရှင်တို့ နှစ်ယောက် ပြန်လည် အဆင်ပြေသွားတယ်ဆိုမလား ,,,''

ကျွန်မ အမေးကို သူက ပုခုံးလေး တစ်ချက် တွန့်လိုက်သည် ၊၊ ပြီးတော့ ခေါင်းလေး တစ်ချက်ခါပြီး ၊၊

'' ကျွန်တော် မသိဘူး ,,, ''

သူ ခပ်တိုးတိုး ပြောပြီး လက်ထဲမှ ဆေးလိပ်ကို တစ်ရှိုက်ဖွာလိုက်သည် ၊၊ ပြီးတော့ အဖြူရောင် ဆေးလိပ်ငွေ့များကို သူ့ နုတ်ခမ်းဖူးဖူးလေးမှ မှုတ်ထုတ်လိုက်သည် ၊၊

'' ဘယ်အရာက သူနဲ့ ကျွန်တော့်အတွက် အဆင်ပြေဆုံးလဲ ဆိုတာ ကျွန်တော် အခုထိ မသိဘူး ဟာနူး,,,''

ကြေကွဲစွာ ထွက်ကျလာသည့် သူ့ စကားသံထဲမှာ ဝမ်းနည်းမူကို ကျွန်မ ခံစားမိတော့ ၊၊ ဘာရယ်မသိ နာကျင်နေသည့် သူ့ကိုယ်လေးကို ထွေးပွေ့ထားချင်စိတ်က ကျွန်မ အတွေးထဲ ခပ်ရိုင်းရိုင်းဝင်ရောက်လာတော့ ,,၊၊ ကျွန်မ ထိုအတွေးကို အားမနာပါးမနာဖြင့် ကျိန်ဆဲလိုက်သည် ၊၊ တကယ်တော့ ၊၊ ကျွန်မ သူ့လို ပုံစံ ယောကျာင်္းမျိုးကို သဘောမကျပါ ၊၊ သာမာန်ရုပ်ရည်သာ ရှိသည့် ကျွန်မက ဘုရားကပေးသည့် အလှအပတရားတွေကို အားလုံးပိုင်ဆိုင်ထားသည့် သူ့ကို အနည်းငယ် မနာလိုဖြစ်တာ ကျွန်မ မမှားဘူးဟု ထင်မိသည် ၊၊ ထိုကဲ့သို့ ကျွန်မ တွေးမိတော့ သူ့လို လူဆီက အခုလို ဆုံးရှုံးခြင်းမျိုးရှိနေသည့်အဖြစ်ကို စိတ်ထဲ ကျေနပ်နေမိပြန်သည် ၊၊ ဒါဟာ ၊၊ ကိုကိုပြောတဲ့ ၊၊ တရားမျှတသည့် လောကကြီးတစ်ခုလို့ဆိုရမလား ၊၊

'' ရှင်ကိုယ်တိုင်က သိအောင် မကြိုးစားခဲ့တာလား ,,''

သူ ကျွန်မ စကားကို ချက်ချင်း ပြန်မဖြေပဲ နောက်ထပ်တစ်ကြိမ် ဆေးလိပ်ကို တစ်ရှိုက်ရှိုက်ပြီး မှုတ်ထုတ်လိုက်သည် ၊၊ ကျွန်မ အနည်းငယ် အနံခံသလို ရရှိနေမိသည့် ဆေးလိပ်ငွေ့ရနံကို ခံစားမိတော့ အလိုလို အသက်အောင့်ထားမိသည် ၊၊ ဆေးလိပ်သောက်သည်ကို သဘောမကျသည့် ကျွန်မက ဆေးလိပ်အနံကို လက်မခံနိုင်တာ အပြစ်မှ မဟုတ်တာနော် ၊၊ ကျွန်မ ဖြစ်နေသည့် ပုံစံကို သူ အနည်းငယ် သတိထားမိလိုက်သည်ထင် ၊၊ ဆောရီးဟု တစ်ခွန်းပြောကာ စားပွဲပေါ်ရှိ အစိမ်းရောင် ကြွေထည်ဆေးလိပ်ပြာခွက်ထဲကို သူသောက်နေသည့် ဆေးလိပ်အား ထိုးချေငြိမ်းသက်လိုက်သည် ၊၊ ကျွန်မ အခုမှ အသက်ကို ဝဝရှုထုတ်လိုက်ကာ ၊၊

'' ဆောရီးပါ ၊၊ ကျွန်မက ဆေးလိပ်အနံကို မခံနိုင်ဘူး ,,,''

ကျွန်မ စကားကို သူက နားလည်သည့် မျက်ဝန်းဖြင့် ကြည့်လာသည် ၊၊ ကျွန်မအတွက်တော့ ဆေးလိပ်ဆိုသည့် အရာမှာ ငွေကို မီးရှို့ပြီး ရောဂါကို ဝယ်ယူသည်ဟုသာ မှတ်ယူထားသည်လေ ၊၊ သူငယ်ချင်းတွေကတော့ ကျွန်မရဲ့ အဲဒီအကျင့်စရိုက်ကို အူတူတူဟု ရှုံ့ချတတ်ကြပြီး ၊၊ ဒီခေတ်မှာ ဆေးလိပ်မသောက်တတ်သည့် လူသာ ရှာယူမယ်ဆို နင်ဘယ်တော့မှ ယောကျာင်္ရမှာ မဟုတ်ဘူးဟု ဝိုင်းပြောခဲ့ဘူးသည် ၊၊ ဒါပေမယ့် ကိုကို နှင့် ကျွန်မ ချစ်သူဖြစ်ပြီး သူငယ်ချင်းများနှင့် စတင်မိတ်ဆက်တော့ ကျွန်မရဲ့ အတွေးကို ရူးကြောင်ကြောင်ဟု မပြောကြတော့ချေ ၊၊ အဘယ့်ကြောင့်ဆိုသော် ဆေးလိပ်မသောက်သည့် ကိုကိုက အားလုံး အားကျလောက်သည်အထိ ကျွန်မကို ဂရုစိုက်ခဲ့၍ပင် ဖြစ်သည် ၊၊

'' ဒါဆို ဘယ်လို အရာတွေက ရှင်တို့ကို အပြီးတိုင်ဝေးကွာစေခဲ့တာလဲ ,,,''

ကျွန်မ စကားအဆုံး သူ မျက်မှောင်ကျုပ်လာပြီး ကျွန်မကို စိုက်ကြည့်လာသည် ၊၊

'' ဘာလို့ ကျွန်တော့်တို့ ဝေးကွာခဲ့တယ်လို့ မင်းထင်ရတာလဲ ,,,''

ကျွန်မ အနည်းငယ်မျှ ကြောင်သွားသည် ၊၊ အနည်းငယ် စိတ်တိုနေသလို သူ့မျက်ဝန်းတွေက ကျွန်မကို အနည်းငယ် ထိတ်လန့်စေသည် ၊၊ သူ အင်တာဗျုးကို ရပ်တန့်တော့မလား,, ၊၊ ကျွန်မ စိတ်ထဲ စိုးရိမ်စိတ်ဝင်မိပေမယ့် ,, ၊၊

'' ဘာလို့လဲဆိုတော့ ရှင့်မျက်လုံးမှာ ကျွန်မ မြင်နေရလို့ပေါ့ ,,,''

ကျွန်မရဲ့ ပြတ်သားသည့် စကားကို သူ အံ့သြကာ အထူးအဆန်းသဖွယ် ကြည့်လာသည် ၊၊ အင်း!,,, ဒီလောက်ဆို ကျွန်မတို့ အခြေအနေ မဆိုးသေးပါဘူးနော် ,,၊၊

'' jaejoong shii, ,,, ရှင်သူ့ကို အရမ်းကို လွမ်းနေတယ် ,,,''

သူ့ နုတ်ခမ်းဖူးဖူးက တစ်ဖြေးဖြေးကွေးညွှတ်လာသည် ၊၊ ဒါပေမယ့် ဒါဟာ အပြုံးတစ်ခုမဟုတ်တာကို ကျွန်မ ခံစားမိတော့ ဆွဲမက်ဖွယ် လှပလွန်းသည့် သူ့ အပြုံးအောက်ရှိ အထီးကျန်ကြေကွဲမူကို ကျွန်မ ပမာဏ တိုင်းတာချင်မိလာသည် ၊၊ အသက် ၁၆ နှစ်က စတင်ခဲ့သည့် ၁၂ နှစ်ကြာမျှ ထိုခံစားမူကြီးကို အချစ်လို့ ကျွန်မ ခေါင်းစဉ်တပ်ရမည်လား ၊၊ ဒါဆို ထိုနှိုင်းယှဉ်မူဟာ သိပ်ကို ပေါ့ပျက်ပျက်နိုင်လွန်းသည်ဟု ကျွန်မ ထင်မိတော့ ၃နှစ်ကြာမျှ ကြာရှည်ခဲ့သည့် ကိုကိုအပေါ် ကျွန်မရဲ့ ခံစားမူက အချစ်လို့ ခေါ်ထိုက်ပါ့မလားဟု ကျွန်မ သံဃယဝင်လာမိသည် ၊၊ ပြီးပြည့်စုံလွန်းသည့် ကိုကို့ကို လက်မလွတ်နိုင်ကာ ချစ်ခဲ့မိသည့် ကျွန်မ အချစ်က စင်ဒရဲလားပုံပြင်ကို အားကျသည့် သာမန်မိန်းကလေးတစ်ယောက်ရဲ့ ဖြစ်စဉ်တစ်ခုပင်လား ၊၊

'' ဟုတ်တယ် ,,, ကျွန်တော် သူ့ကို အရမ်းလွမ်းတယ် ,, အရမ်းလွမ်းတယ်,,''

ကျွန်မ သူ့ရဲ့ ခပ်တိမ်တိမ်ဝင်နေသည့် ကြေကွဲမူတွေပါဝင်သည့် စကားကို နားထောင်ပြီး သူ့ကို ဘယ်လို နှစ်သိမ့်ရမလဲဆိုသည့် အတွေးကို ခေါင်းပေါက်မတတ် တွေးတောနေမိသည် ၊၊ ဒါပေမယ့် အရာရာ ပြည့်စုံလွန်းနေသည့် သူ့အတွက် ဖြေသိမ်မူက ဘယ်လိုအရာလည်း ကျွန်မ မသိဘူး ၊၊ ကိုယ်တိုင်ရေးသီချင်းများကို ကိုယ်တိုင် ခံစားသီဆို အောင်မြင်နေသည့် သူ့ကို နှစ်သိမ့်စရာ စကားလုံးကို ကျွန်မ မစဉ်းစားတတ်ပါ ၊၊ ကျွန်မ စကားတွေက သူဖန်တီးသည့် သံဇဉ်တွေလောက် လှပလိမ့်မည် မဟုတ်ဘူးဆိုတာ အသေအချာပဲလို့ ကျွန်မ ထင်မိသည် ၊၊ နောက်ဆုံးတော့ ကျွန်မ သူ့ကို အကြည့်လွဲကာ အနည်းငယ် ပူနေသေးသော ကော်ဖီကို တစ်ငုံသောက်လိုက်သည် ၊၊

ကျွန်မ နောက်ထပ်မေးခွန်းတွေကို စတင်သင့်သည်ဟု တွေးကာ မှတ်စုစာအုပ်က နောက်စာမျက်နာကို လှန်ကာ စိတ်ကို ထိန်းရန် ဘောလ်ပင်ကို တစ်ချက်နိုပ်လိုက်သည် ၊၊ စိတ်ရှုပ်မူတွေကို ဘောလ်ပင်နိုပ်သံဖြင့် ဖြေဖျောက်တတ်သည့် ကျွန်မ အကျင့်က ယောကျာင်္တွေ ခံတွင်းချဉ်၍ ဆေးလိပ်သောက်သည်နှင့် တူနေမလား ၊၊ ဘာပဲ ဖြစ်ဖြစ် ကျွန်မ အကျင့်က ကျန်းမာရေးကို မထိခိုက်စေဘူးဆိုတော့ ကျွန်မ အကျင့်တစ်ခု၏ လုပ်ရပ်က မှန်သည်ဟု ကျွန်မ မျက်စိစုံမှိတ်ပြီး တွေးပစ်လိုက်သည် ၊၊

'' ဒါဆို ရှင့်ရင်ထဲက ခံစားချက်ကို ရှင် ဘယ်အချိန်မှာ သေချာသိခဲ့တာလဲ ,,,''

သူ ကျွန်မကို ငေးကြည့်နေဆဲ ၊၊ ကျွန်မ သူ့အနောက်က ပန်းချီကားပေါ်က လက်ကို တစ်ချက်ငေးကြည့်ပြီး သူ့လက်သန်းကြွယ်က လက်စွပ်ကို တစ်ချက်ပြန်ကြည့်လိုက်သည် ၊၊ ဒါကို ကျွန်မ ဘယ်မှာ မြင်ခဲ့ဘူးသည်လဲ ၊၊ အော်!,, ဒီလိုပဲ သူ့အသုံးအဆောင်တွေကို လိုက်ဝတ်ကြတဲ့ ဆယ်ကျော်သက်ကောင်မလေးတွေဆီကပဲ ဖြစ်မှာပေါ့ ဟု တွေးကာ ကျွန်မ ဝင်လာသည့် အတွေးတွေကို မောင်းထုတ်လိုက်သည် ၊၊

'' jaejoong shi, ,, ရင်ထဲက အလွမ်းတွေကို ဘယ်အချိန်လောက်မှာ ဘာသာပြန်တတ်ခဲ့တာလဲ ,,,''

ကျွန်မ စကားအဆုံး သူ့ ဆီက သက်ပြင်းချသံ က တိတ်ဆိတ်သည့် အခန်းထဲ ကျယ်လောင်စွာ ထွက်ပေါ်လာသည် ၊၊ ထိုသက်ပြင်းချသံနှင့်အတူ ကျွန်မစိတ်ထဲပါ မွန်းကျပ်လာသလို ခံစားမိတော့ လူတွေစိတ်ကို နစ်မျှော်နိုင်သည့် အနုပညာဆိုတာ ဒါမျိုးလားဟု တွေးမိသည် ၊၊ သူက အနည်းငယ် ရှေ့ကျနေသည့် အညိုရောင် ခပ်ပျော့ပျော့ ဆံနွယ်များကို လက်ဖြင့် သပ်တင်လိုက်ကာ ,,,၊၊

'' အလွမ်းဆိုတာ မင်း မကြိုက်တဲ့ ဆေးလိပ်လိုမျိုးပဲ ,,, ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက်စေသည်လို့ သတိပေးစာရေးထားတာတောင် စွဲလမ်းစွာ သောက်တဲ့သူတွေကို အရူးလို့ လက်ညိုးထိုးရင် မင်း ယောကျာင်္းတိုင်းကို လက်ညိုးထိုးရလိမ့်မယ်,,''

ကျွန်မ သူ့ရဲ့ ဆွေးရိပ်သမ်းနေသည့် မျက်လုံးကို ငေးကြည့်နေမိသည် ၊၊ ယောကျာင်္းတိုင်း ဆေးလိပ်မသောက်ပါဘူးဟုလည်း ညစ်ကျဲကျဲ တွေးမိလိုက်သည် ,, ၊၊ သူက စားပွဲကိုလက်ချောင်းများဖြင့် ဆော့ကစားနေသည် ၊၊

'' အလွမ်းဆိုတာလဲ နာကျင်ရတယ်လို့ လူတိုင်း ပြောကြပေမယ့် ဆိုးဝါးတဲ့ အလွမ်းကို လူတွေ ဖက်တွယ်နေတုန်းပဲ စောဟာနူး,,,''

ကျွန်မ အောက်နုတ်ခမ်းကို ဖိကိုက်ကာ သူ့ရဲ့ ယုံကြည်မူမျက်ဝန်းကို တုန့်ပြန်ကြည့်ပြီး မှတ်စုစာအုပ်တွင် အင်တာဗျုးနှင့် မသက်ဆိုင်သည့် စာလုံးတစ်ခုကို ကျွန်မ အလိုလိုချရေးလိုက်မိသည် ၊၊

{ ကိုကို,,,}

ထို့အတူ ကိုကိုက ဆေးလိပ်မသောက်သလို ,,, ကျွန်မကို အလွမ်းတွေနှင့် ဖက်တွယ်စေမည့် လူမျိုးမဟုတ်ဘူးဟုလည်း ခပ်ကြောင်ကြောင် ကျွန်မ တွေးလိုက်မိသည် ၊၊

◆◆◆◆◆◆◆◆◆◆♡♡♡♡♡♡♡◆◆◆◆◆◆◆◆◆

မေးခွန်း-၅

( အလွမ်းတွေကို ဘယ်အချိန်လောက်မှာ ဘာသာပြန်တတ်ခဲ့တာလဲ ,,)

ကျွန်တော် အထက်တန်းအောင်ပြီး တက္ကသိုလ်တက်ရန် စဉ်းစားတော့ တစ်အိမ်သားလုံး ခေါင်းပူအောင် ဝိုင်းစဉ်းစားပေးကြသည် ၊၊ အထက်တန်းကို ထူးချွန်စွာ အောင်မြင်သည့် ကျွန်တော့်ကို မေမေက ဆရာဝန်ဖြစ်ရန် ဆေးကျောင်းတက်စေချင်ပြီး ၊၊ ဖေဖေက ယောကျာင်္းလေးပီပီ အင်ဂျင်နီယာသာ ဖြစ်စေချင်ပြန်သည် ၊၊ ဘွားဘွားတို့ကတော့ မေမေနှင့်ဖေဖေရဲ့ အငြင်းပွားမူပြသနာကို ငါ့မြေးစိတ်တိုင်းကျသာ တက်ပါစေလို့ စကားတစ်ခွန်းတည်းဖြင့် ရပ်တန့်ပစ်လိုက်သည် ၊၊ ကျွန်တော်ကတော့ အနာဂါတ်ဆိုတာကို ပုံဖော်မထားပဲ သူ့ ကျောင်းမှ အိမ်အပြန်အလာလိုသာ စောင့်မျှော်နေမိသည် ၊၊ ထိုအချိန်က ကျွန်တော် သူ တက်ခိုင်းသည့် တက္ကသိုလ်သာ တက်မည် စိတ်ကူးကလွဲ၍ ပိုကောင်းတဲ့အတွေး ကျွန်တော် မတွေးတတ်ခဲ့ပါ ၊၊ ပြန်တွေးကြည့်ရင် ကျွန်တော် လျှောက်ခဲ့သည့် လမ်းများက သူ ဖန်တီးခဲ့သည် ပန်းတိုင်များလားဟူသော အတွေးများက ဝင်လာတတ်သည် ၊၊ ဒါမှမဟုတ် ထိုအချိန်ကတည်းက ကျွန်တော့် ပန်းတိုင်က သူ ဖြစ်နေခဲ့သည်လား ၊၊

ကျွန်တော် ဘာတက္ကသိုလ်တက်ရမည်ကို စဉ်းစားနေစဉ်ပင် သူ အိမ်သို့ ကျောင်းပိတ်ရက်တွင် ပြန်လာခဲ့သည် ၊၊ ဒုတိယနှစ်စာမေးပွဲပြီးတောင် စာတမ်းကိစ္စကြောင့် အိမ်ပြန်မလာသည့် သူ့ကို တတိယနှစ် စာမေးပွဲအတွင်း အိမ်ပြန်လာတော့ တစ်အိမ်လုံး အံ့သြကာ ဖြစ်နေပေမယ့် သူ့ကို ဘာမှ မမေးခဲ့ပါ ၊၊ ကျွန်တော်ကတော့ အိမ်ပြန်မလာရင် ကျောင်းဆက်မတက်ဘူးဆိုသည့် ကျွန်တော့် စကားကြောင့် ညတွင်းချင်း အိမ်သို့ ပြန်ရောက်လာသည့်သူ့ကို ကြိတ်ပြီးပြုံးကာ ကျေနပ်နေမိသည် ၊၊ ဘယ်တော့မဆို ကျွန်တော့်စကားကို မငြင်းဆန်နိုင်တာ သူ့ အကျင့်တစ်ခုက ထိုအချိန်ကတည်းက ဖြစ်ပေါ်လာတာလား ၊၊

'' ကျွန်တော် ကလေးနဲ့ အတူတူ ဥပဒေကျောင်းတက်ရမလားဟင်,,,''

'' မင်းက ဝါသနာပါလို့လား,,''

ညရောက်တော့ သူ့ အခန်းထဲ ကျွန်တော် ဝင်ကာ သူ့ကို မေးလိုက်သည် ၊၊

'' ဟင့်အင်း,, ဒါပေမယ့် ကလေးရှိရင် ဘာပဲဖြစ်ဖြစ် ပျော်တယ်လေ, ,,''

သူ ပြုံးကာ နေတော့ ကျွန်တော် သူ့ရဲ့ ကုတင်ပေါ်တက်ကာ စာဖက်နေသည့် သူ့ ပေါင်ပေါ် ခေါင်းအုံးလိုက်သည် ၊၊

'' ဝါသနာမပါတဲ့အရာကို အချိန်တွေအများကြီး ပေးဆပ်ရတာ သဘာဝမကျပါဘူး,,''

ကျွန်တော် သူဖက်နေသည့် စာအုပ်ကြားမှ မြင်နေရသည့် သူ့နုတ်ခမ်းကို ငေးကြည့်နေမိသည် ၊၊ ပြီးတော့ စမြင်ကတည်းက ငေးမောအားကျမိသည့် သူ့ရဲ့ မေးရိုးအကျကို ကျွန်တော် လက်ချောင်းများဖြင့် ခပ်ဖွဖွ တို့ထိနေမိသည် ၊၊ သူ မရုန်းဖယ်ပေမယ့် သူ့ အကြည့်ကလည်း စာအုပ်မှ မခွာသေးပါ ၊၊

'' ဒါဆို ကျွန်တော်က ဘာလုပ်ရမှာလဲ ,,, အဆိုတော်လုပ်ဖို့ အနုပညာတက္ကသိုလ်တက်ရမှာလား,,''

သူ စာအုပ်ကို ဘေးသို့ ချကာ သူ့မေးဖျားရှိ ကျွန်တော့် လက်ကို ဆွဲဖယ်လိုက်သည် ၊၊ ပြီးတော့ နဖူးပေါ်ဝဲကျနေသည့် ကျွန်တော့်ရဲ့ အနက်ရောင် ဆံပင်များကို သူ ခပ်ဖွဖွ သပ်တင်ပေးတော့ ,, ၊၊ ဒီနေ့က ကျွန်တော့် အတွက် ကံကောင်းသည့် နေ့ဟု ကျွန်တော် တွေးမိလိုက်သည် ၊၊

'' မင်းက အနုပညာလုပ်ရင် အောင်မြင်မှာ ,,, joongie မှာ လူတွေကို လွှမ်းမိုးနိုင်တဲ့ ညို့ဓာတ်ရှိတယ်လေ, ,,''

အဲဒီ ညို့ဓာတ်က သူ့ အပေါ်ရော မသက်ရောက်ဘူးလားလို့ ကျွန်တော် တွေးလိုက်မိပြီး ကျွန်တော် အနုပညာကျောင်းကို တက်ဖို့ သူ့အပြုံးတွေကို ကြည့်ပြီး အတည်ပြုလိုက်သည် ၊၊

ကျွန်တော် အနုပညာတက္ကသိုလ်တက်ခွင့်ရတော့ အလိုလို သူနှင့် နှစ်ယောက်တည်း အတူတူ နေဖို့ဖြစ်လာခဲ့သည် ၊၊ ဆိုးလ်အနုပညာတက္ကသိုလ်တက်ခွင့်ရတော့ အဘွားတို့ မေမေတို့ရဲ့ တော်သေးတယ် တူဝရီးအတူတူ ရှိနေတော့ စိတ်မပူရဘူးပေါ့ ဆိုသည့် စိတ်ချသွားသည့် စကားသံများကြား ကျွန်တော်ကတော့ လေထဲမြှောက်သလို ကျေနပ်ပျော်ရွှင်နေခဲ့မိပေမယ့် သူကတော့ ထိုအချိန်က ကျွန်တော့်ကိုသာ ငေးကြည့်နေပြီး မပြုံးခဲ့ပါ ၊၊ ကျွန်တော် အနုပညာတက္ကသိုလ် ပထမနှစ်တက်တော့ သူက ဥပဒေကျောင်း စထ္ထတနှစ်ကျောင်းသားပင် ဖြစိနေပြီ ၊၊ အရင် သူတစ်ယောက်တည်း နေစဉ်က တစ်ပါတ်တစ်ခါ ရောက်လာတတ်သည့် မေမေနှင့် ဘွားဘွားတို့ကတောင် ကျွန်တော်ရှိနေ၍ဟုဆိုကာ တစ်လတွင် နှစ်ကြိမ်ခန့်သာ ရောက်လာကြသည် ၊၊ ကျွန်တော် ရောက်ခါစကတော့ သူ့တိုက်ခန်းက ကျွန်တော် ပထမတစ်ကြိမ် မြင်ခဲ့စဉ်လို ရှုပ်ပွနေပေမယ့် ကျွန်တော့်ရဲ့ အိမ်ထောင်ထိန်းသိမ်းမူကြောင့် သန့်ရှင်းသပ်ရပ်နေသည်ဟု ပြောရင် ရီစရာ ဖြစ်နေမလား ၊၊ တကယ်တော့ ထိုအချိန်က နှစ်ယောက်တည်း အတူတူနေသည့် သူက ကျွန်တော့် အတွက် တစ်ဦးတည်းသော အိမ်သားလို့ တွေးမိသည်က အမှန်အကန်ပင် ၊၊ ကျွန်တော် ပျော်နေခဲ့သည်လေ ၊၊ မနက်ခင်း ကျောင်းမသွားခင် ကျွန်တော် ချက်ကျွေးသည့် မနက်စာကိုစားပြီး ညစာကို မျက်နာချင်းဆိုင် စားကာ ညအိပ်ချိန်ထိ သူ ကျွန်တော့် မျက်လုံးရှေ့တွင် ရှိနေသည်က ကျွန်တော့်ကို ပြည့်စုံမူဖြစ်စေသည်ဆိုတာကို ကျွန်တော် သိပေမယ့် ဘာကို ပြည့်စုံစေတာလည်းလို့ ကျွန်တော် သိအောင် မကြိုးစားမိ ၊၊ ကျောင်းချင်းဝေးသည့် သူက ကားဖြင့် သူ့ကျောင်းကို သွားပြီး ကျွန်တော်ကတော့ ဘက်စ်ကားဖြင့်သာ ကျောင်းတက်ဖြစ်သည် ၊၊ မေမေတို့က ကားဝယ်ပေးမည်ပြောသော်လည်း ဘက်စ်ကားတစ်ဆင့်ကာ စီးရသည့် ကျောင်းကို ကျွန်တော် ကားမောင်းဖို့ စိတ်ကူးမရှိသဖြင့် လက်မခံမိပါ ၊၊ ကျွန်တော့်အတွက်တော့ ပထမနှစ်တက္ကသိုလ်တက်သည့် အတွေ့အကြုံအဆန်းများထက် ညရောက်ရင် သူ့ကို ဘာချက်ကျွေးရမလဲဆိုသည့် အတွေးများဖြင့်သာ အချိန်ကုန်ခဲ့သည် ၊၊ ကျွန်တော်တို့ တိုက်ခန်းပတ်ဝန်းကျင်ရှိ လူများတောင် အရမ်းချစ်ကြသည့် တူဝရီးလို့ သတ်မှတ်ထားသည်အထိ ကျွန်တော် သူ့ကို ဂရုစိုက်အားကိုးခဲ့ပြီး သူကလည်း ကျွန်တော့်ကို အပြစ်မမြင်စွာ အလိုလိုက်ခဲ့သည်လေ ၊၊ သူ စာတမ်းများနှင့် အလုပ်ရှုပ်နေချိန် ကျွန်တော့် ကျောင်းက သင်ခန်းစာများကို ကျွန်တော်နှင့် အတူ လိုက်ပြီး လေ့ကျင့်ဖို့ တောင်းဆိုတိုင်း သူ မငြင်းခဲ့ ၊၊ သူ သူ့သူငယ်ချင်းကောင်မလေးအချို့ရဲ့ စာမေးသည့် ဖုန်းကို ပြန်ဖြေနေချိန် ဟင်းချက်နေရင်း ကျွန်တော် ထအော်ရင် သူ ဖုန်းချပြီး ပြေးလာဆဲ ၊၊ ပြီးတော့ ဘာမှ မဖြစ်သည့် ကျွန်တော့်ကို အမြဲစိုးရိမ်ကာ တစ်ကိုယ်လုံး ထိကာ ဘာဖြစ်သလဲ သူ မေးတတ်ဆဲ ၊၊ ကျွန်တော်က ဘာမှ မဖြစ်ဘူးဟု ပြုံးကာ ပြောရင် သူက တေိာသေးတာပေါ့ဟု သက်ပြင်းချဆဲ ၊၊ ကျွန်တော့်အတွက်တော့ ထိုအချိန်အခါက ဘဝမှာ ဘာအရောင်မှ မစွန်းထင်သေးသည့် ခံစားမူများဖြင့် သူ့အပေါ် ငြိတွယ်ဆဲ အချိန်ဖြစ်မည်ဟု ထင်မိသည် ၊၊

ကျွန်တော့်တို့ရဲ့ ထိုအစွန်းအထင်းမရှိသေးသည့် ခံစားမူကို အရောင်ဆိုးလိုက်မိသည်ကလည်း ကျွန်တော့် ကြောင့်ဟု ပြောရမည် ၊၊ ကျွန်တော် ပထမနှစ်ကျောင်းတက်နေသည့် အချိန်တော်တော်ကြာအထိ သူ ကျွန်တော့် ကျောင်းကို ရောက်မလာဖူးပါ ၊၊ ကျွန်တော်ကလည်း သူ့ကို လာပါဟု မခေါ်ခဲ့ဖူးပါ ၊၊ ဒါပေမယ့် သူက ကျွန်တော် ပထမနှစ် စာသင်နှစ်တစ်နှစ် ကုန်ခါနီးအချိန်လောက်တွင် ကျွန်တော့် ကျောင်းသို့ရောက်လာသည် ၊၊ ထိုအချိန်က ကျောင်းတွင် သရုပ်ဆောင် ဘာသာရပ်အတွက် ဇာတ်ညွှန်းတစ်ခုကို ကျောင်းသူ မိန်းကလေးတစ်ဦးနှင့် လေ့ကျင့်နေသော ကျွန်တော့်ကို မြင်ပြီး သူ ကျွန်တော့်ကို ကျောင်းပြန်သည့်လမ်းတစ်လမ်းလုံး စကားမပြောတော့ချေ ၊၊ ဘာရယ်မသိ ကျွန်တော်နှင့် ထိုကောင်မလေးကို မြင်ပြီး နာကျင်နေသည့် သူ့ မျက်ဝန်းကိုကြည့်ပြီး ကျွန်တော် စိတ်ထဲ ကျေနပ်နေမိသည် ၊၊ သူ့မှာ ကျွန်တော်နှင့် ပါတ်သတ်ပြီး ခံစားချက်တစ်ခုခုတော့ရှိနေပြီ ၊၊ ပြီးတော့ ကျွန်တော် ထိုခံစားချက်ကို သိချင်မိသည် ၊၊ သူက ထိုညက ကျွန်တော့်ကို ကြည့်ပြီး joongie, , နားက သူငယ်ချင်းတစ်သိုက်နဲ့ မပေါင်းနဲ့ ဟူ၍သာ ပြောသည် ၊၊ ကျွန်တော် သူ့စကားကြောင့် ထို အနည်းငယ်မျှ ဆိုးဝါးသည့် ထိုအပေါင်းအသင်းတွေကို ပေါငိးဖို့ စိတ်ကူးလိုက်သည် ၊၊ ကျွန်တော့် စိတ်ထဲ ထိုသူငယ်ချင်းများဖြင့် အပျော်အပါးကို လက်တည့်စမ်းဖို့အတွက် သူ့ရဲ့ စိတ်ကို လက်တည့်စမ်းဖို့သာ အတွေးရှိသည် ၊၊ ဒါကြောင့် သူက ကျွန်တော့်ရဲ့ သူတို့တွေနှင့် ဘတ်ရုတ်သုတ်ခရိုက်ထားသည့် အပေါ်အဝတ်ကင်းမဲ့နေသော ကျွန်တော် ပို့လိုက်သည့် ပုံကို တွေ့တော့ စာတမ်းတင်မည့်သူက ကျွန်တော် ရှိရာ ကျောင်းကို ရောက်ရှိလာပြီး တစ်ကျောင်းလုံးအနှံကျွန်တော့်ကို လိုက်ရှာခဲ့သည် ၊၊ သူငယ်ချင်းများနှင့် ရီမောကာ စကားပြောနေသည့် ကျွန်တော့်ကို တွေ့တော့ သူ အံ့သြနေခဲ့တာ ၊၊ ထို့အတူ ကျွန်တော်လည်း အံ့သြနေခဲ့သည် ၊၊ သူ ချက်ချင်းရောက်လာလိမ့်မည် ကျွန်တော် မထင်ခဲ့ဘူးလေ ၊၊

'' ဘာမှ မဟုတ်ဘူး ၊၊ ပြဇာတ်အတွက် လေ့ကျင့်ရင်း သူငယ်ချင်းတွေနဲ့ နောက်ပြီး ရိုက်ထားတာ ,,,''

ကျွန်တော့် ရီမောကျေနပ်နေသည့် စကားကို ကြားတော့ သူ့မျက်ဝန်းက ကျွန်တော် တစ်ခါမှ မမြငိဖူးသည့် ဒေါသကြောင့်နီရဲကာ သူ ကျွန်တော့် ပါးတစ်ဖက်ကို နာကျင်စွာ လွဲရိုက်လိုက်သည် ၊၊

'' မင်း နောက်စရာ ဒီလောက်ရှားလား jaejoong, ,,''

ကျွန်တော် သူ့ကို နာကြည်းစွာ စိုက်ကြည့်ပြီး ထိုနေရာမှ ပြေးထွက်လာမိသည် ၊၊ တကယ်ဆို သူ ဒီလောက် မပေါက်ကွဲသင့်ဘူးဟု ကျွန်တော် ထင်သည်လေ ၊၊ ပုံထဲမှာ ရိုက်ထားသည့်အတိုင်း ကျွန်တော်က ကောင်လေးတစ်ယောက် ဖျက်ဆီးမှာကို ခံရမည့် လူမျိုးလား ၊၊ သူ ဒီလောက် အယုံမလွယ်သင့်ဘူးလေ ၊၊ ထိုညက ကျွန်တော် သူ့ကို ညစာ ချက်မကျွေးမိပါ ၊၊ ည အနည်းငယ်နောက်ကျမှ ပြန်ရောက်လာသည့် သူ့ကို ညစာစားပြီးပြီလား ကျွန်တော် မေးချင်ပေမယ့် ကျွန်တော် အခန်းတခါးကို ပိတ်ကာ ငြိမ်သက်နေဆဲ ၊၊ ဒါပေမယ့် ပိတ်ထားသည့် ကျွန်တော့်အခန်းတခါးကို လော့မချထားသည်ကတော့ ,,,၊၊

'' joongie, , ,, တောင်းပန်ပါတယ် ,,, ''

ကုတင်ပေါ် စောင်ကို ခေါင်းမြှီးခြုံကာ လဲနေသည့် ကျွန်တော့် အနား နီးကပ်လာသည့် ခြေသံနှင့် စကားသံကြောင့် ကျွန်တော် စောင်ပုံကြားမှ အနည်းငယ်ပြုံးလိုက်မိသည် ၊၊ ကုတင်ထောင့်တွင် သူ ဝင်ထိုင်လိုက်သည်ကို ကျွန်တော် အလိုလို ခံစားမိသည်နှင့် သူ ကျွန်တော့်ရဲ့ ခြုံထားသည့် စောင်ကို ဖယ်ကာ ကျွန်တော့်ရဲ့ ဖြူဖွေးနေသည့် ပါးပြင်မှ နီရဲနေသော နေရာကို သူ လက်ဖြင့် ခပ်ဖွဖွ ထိကိုင်နေသည် ၊၊

'' တောင်းပန်ပါတယ် ,,, ငါ မင်းကို စိတ်ပူပြီး အရူးလို ဖြစ်သွားတာ ,,,''

'' တော်ပါ,,''

ကျွန်တော် ပါးပြင်ပေါ်မှ သူ့လက်ကို ဖယ်ကာ ကုတင်ပေါ်အိပ်နေရာမှာ ထကာ ဆင်းလိုက်သည် ၊၊ ဆင်းသွားသည့် ကျွန်တော့် လက်ကို သူ ရုတ်တရက် လှမ်းဆွဲလိုက်တော့ ကျွန်တော့်ကိုယ်က သူ့ပေါင်ပေါ်ထိုင်ကျသွားသည် ၊၊

'' ပြ, ,, အရမ်းနာနေလား,,,''

ကျွန်တော့် ပါးပြင်ကို ခပ်ဖွဖွထိကိုင်လာသည့် သူ့ လက်ကို ကျွန်တော် မရုန်းဖယ်ပဲ သူ့ရဲ့ နွေးထွေးသည့် မျက်ဝန်းကိုသာ စိုက်ကြည့်နေမိသည် ၊၊

'' ဘာလို့ ကျွန်တော့်ကို စိတ်တိုသွားရတာလဲ ,,''

သူ ဘာမှ မပြောပဲ ကျွန်တော့်ကို သာ ကြည့်နေသည် ၊၊ ကျွန်တော် သူ့ရဲ့ ဘယ်ဘက် မျက်လုံးထောင့်ရှိ အမာရွတ်လေးကို လက်ချောင်းဖြင့် ထိကာ ,,,၊၊

'' ကလေး ကျွန်တော့်ကို ဘယ်သူ့ကိုမှ မပေးနိုင်ဘူးမဟုတ်လား,''

ကျွန်တော် မျှော်လင့်တကြီးငေးကြည့်မိတော့ သူ ဖြေးညင်းစွာ ခေါင်းငြိမ့်လာသည် ၊၊ ကျွန်တော့်လက်က သူ့ နှာသီးထိပ်လုံးလုံးလေးဆီရောက်လာပြီး ၊၊

'' ဒါဆို ကျွန်တော် ဘယ်သူ့ဆီမှ ထွက်မသွားနိုင်အောင် ကျွန်တော့်ကို နမ်းသင့်တယ်မထင်ဘူးလား ,,,''

သူ တစ်ချက်ပြုံးလာသည် ၊၊ ကျွန်တော့် လက်က သူ့ နုတ်ခမ်းပါးပေါ်က မှဲ့နက်လေးကို ထိလိုက်သည် ၊၊

'' အနမ်းနဲ့ ကျွန်တော့်ကို ဆွဲထားပါလား ,, ''

သူ ကျွန်တော့်ကို ပြုံးကာ ကျွန်တော့် ခါးကို ဆုပ်ကိုင်ပြီး ကျွန်တော့် မျက်နာကို လက်တစ်ဖက်ဖြင့် ငုံ့စေကာ ကျွန်တော့် နဖူးကို တစ်ချက်နမ်းလိုက်သည် ၊၊

'' အဲဒီနေရာမဟုတ်ဘူး,,''

သူ ကျွန်တော့် ပါးကို တစ်ချက်နမ်းလိုက်သည် ၊၊ ကျွန်တော် သူ့ကို အောက်နုတ်ခမ်းကိုက်ကာ စိတ်ဆိုးသလိုကြည့်လိုက်သည် ၊၊

'' ကလေး ကျွန်တော့် နုတ်ခမ်းကို မနမ်းရင် ကျွန်တော် ကလေးနုတ်ခမ်းကို စနမ်းမိလိမ့်မယ်,,''

ကျွန်တော့် စကားအဆုံး သူ ဟက်ဟက်ပက်ပက်ရီမောကာ ခါးကိုကိုငိထားသည့် လက်ကို လွတ်ပြီး သူ့ လက်နှစ်ဖက်လုံးနှင့် ကျွန်တော့် မျက်နာကို ဆုပ်ကိုင်လိုက်ကာ ကျွန်တော့် နုတ်ခမ်းကို သူ ကြင်နာစွာ နမ်းလိုက်သည် ၊၊ ဒါက ကျွန်တော့် ဘဝရဲ့ ပထမဆုံး အနမ်းဖြစ်၍ရင်ခုန်နေမိသည်လား သူ့ ရဲ့ ကြင်နာသည့် နုတ်ခမ်းကြောင့် လား ၊၊ ကျွန်တော် ထိုအနမ်းကို ထပ်ခါထပ်ခါ လိုချင်လာသည် ၊၊

'' ညောင်းနေပြီလား ,,,''

'' ဟင့်အင်း!,,''

'' ဒါဆိုရင် ကျွန်တော့်ကို ကလေး တစ်ညလုံး အခုလို ပွေ့ထားပါလား,,''

ကျွန်တော့် စကားအဆုံး ကျွန်တော့် အခန်းအတွင်း ရီသံများလွင့်ပျံလာသည် ၊၊ ထိုညက ကျွန်တော် သူ့ ပေါင်ပေါ်အချိန် ၄ နာရီကြာမျှ ထိုင်ခဲ့ပြီး သူ့ ရင်ခွင်ထဲတွင် တစ်ညလုံး တိုးဝင်နေကာ သူ့နုတ်ခမ်းကိုတော့ ကျွန်တော့် အကြိမ်ပေါင်း ၅၆၃ ခါမျှ နမ်းလိုက်သည် ၊၊ ပြီးတော့ ထိုရင်ခုန်ခံစားမူကို အချစ်ဟု ပထမဆုံး အသိအမှတ်ပြုလိုက်သည် ၊၊

◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆

Continue Reading

You'll Also Like

5.2M 410K 57
#July - 17 - 2020 #Moewathan #Art by Maythitsar🌹 ယခုဇာတ်လမ်းတွင်ပါဝင်သော အကြောင်းအရာများနှင့် ဇာတ်လမ်း ဇာတ်ကွက်များဟာ စာရေးသူ၏စိတ်ကူးယဥ်ဇာတ်လမ်းသာဖ...
31.9K 5.1K 29
Title - Falling In Love In The Supernatural World Author - 即墨遥 Total Chapters - 47 Genre - Horror, Romance, Action, Shounen Ai Eng Tranator - Vivian...
1.7K 190 8
Park Chanyeol, Byun Baekhyun, and the countdown to their rendezvous.
2M 129K 82
ကိုယ့်ကိုမချစ်ဘူး အကြိမ်ကြိမ်ပြောလည်း ကိုယ်ကတော့ နောင့်ကိုအမြဲချစ်သွားမှာ❣️