အစိမ်းရင့်ရင့် အလွမ်း

Від AmiCassiopeia

106K 7.6K 451

Yunho Jaejoong Більше

အပိုင်း-၂
အပိုင်း-၃
အပိုင်း-၎
အပိုင်း-၅
အပိုင်း-၆
အပိုင်း-၇
အပိုင်း-၈
အပိုင်း(၉)
အပိုင်း-၁၀
ဇာတ်သိမ်းပိုင်း

အပိုင်း-၁

33.4K 1.1K 28
Від AmiCassiopeia

မြင့်မားလှသည့် နီညိုရောင် အုတ်တံတိုင်းက ရှည်လျှားလွန်းလှသည် ၊၊ အုတ်တစ်ချပ်ချင်းစီအလိုက် သဘာဝဆန်ဆန် ပုံဖေါ်ထားပုံက မြင်ရသူ စိတ်ကို မျက်စိပဒေသာဖြစ်လွန်းလှသည် ၊၊ ညီညာစွာ တည်ရှိနေသည့် ခြံဝန်းတခါးမြင့်မြင့်ရဲ့ တစ်ဖက်စီမှာ နဂါးပုံ ပြုလုပ်ထားသည်ကို မြင်သည်နှင့် ဒီအိမ်ပိုင်ရှင်ဟာ ကြီးကျယ်မြင့်မြတ်သူဆိုတာ ငေးကြည့်နေသူ ကျွန်မ စိတ်ကို အလိုလို ဖြစ်ပေါ်ခံစားစေသည် ၊၊ ခြံဝင်းရှေ့ရောက်တာတောင် ခြံထဲ မဝင်နိုင်ပဲ ငေးမောကြည့်နေမိသည်အထိ အနုပညာဆန်လွန်းသည်ကို ၊၊ အနုပညာရှင် တိုင်း၏ နေအိမ်တိုင်းက ဒီလိုပဲ အနုပညာဆန်လွန်းသည်လား ၊၊ ဒါတော့ မဖြစ်နိုင်ပါ ၊၊ ကျွန်မ ခြံဝင်းအား ငေးမောကြည့်နေသည်ကို ရပ်ကာ ခြံတခါးဘေးရှိ လူခေါ် ခုလုပ်ကို နိုပ်လိုက်သည် ၊၊ ကျွန်မ ခုလုပ်နိုပ်လိုက်သည်နှင့် အစိမ်းရောင် မီးလေးတစ်ချက် ဖျက်ခနဲ လင်းလတ်သွားသည် ၊၊

'' ဝင်ခဲ့ပါ,,''

ခပ်ရှရှ ထွက်ကျလာသည့် စကားသံက စပီကာမှ ပီပီသသ ကြားလိုက်ရတော့ ကျွန်မ လက်ရှိ ရောက်နေသည့် အနေအထားကို မယုံမရဲ ခံစားနေမိသည် ၊၊ ကျွန်မ အနည်းငယ် အိပ်မက်ဆန်သည့် အတွေးတွေကို ကြိုးစားဖယ်ထုတ်ကာ ကြီးမားသည့် ခြံတခါးဘေးရှိ လူဝင်ပေါက်တခါးသေးသေးကို ကျွန်မ မဝင့်မရဲ တွန်းဖွင့်လိုက်သည် ၊၊ ခြံဝင်းတခါးက ကျွန်မ လက်ထဲ လွယ်ကူစွာ ပွင့်လာတော့ ၊၊ ပထမဦးစွာ ကျွန်မ မြင်ကွင်းထဲ ဝင်လာသည့် အစိမ်းရောင် မြက်ခင်းပြင်ကြီးများကြားရှိ အနီရောင် နှင်းဆီ ပန်းခင်းကြီး ၊၊ ဒါဆို နှင်းဆီပန်းကြိုက်တတ်သည်ဆိုသည့် သူ့အကြောင်းက ကောလဟာလတစ်ခု မဟုတ်ခဲ့ဘူးပေါ့ ၊၊ ခေတ်မီသည့် အဖြူရောင် တိုက်ရှေ့တွင် စိမ်းလမ်းနေသည့် မြက်ခင်းပြင်က ပန်းချီကားတစ်ချပ်လို အသက်ဝင်လှပလွန်းသည်ဆိုရပေမဲ့ မျက်စိတဆုံးရှိနေသည့် အနီရောင် နှင်းဆီပန်းခင်းကြီးကတော့ ထိုလှပမူကို အနည်းငယ်မျှ အရုပ်ဆိုးစေသည်ဟု ကျွန်မ ထင်သည် ၊၊ ကျွန်မသာဆိုရင် ထိုစိမ်းစိုနေမူကို ပန်းရောင်စုံဖြင့် ပွင့်လန်းစေမှာ ၊၊ ကျွန်မ အိစက်နေသည့် မြက်ခင်းစိမ်းစိမ်းပေါ် ခပ်ဖြေးဖြေး လှမ်းလျှောက်နေမိသည် ၊၊ တကယ်ဆို ကျွန်မ ဖိနပ်ချွတ်ကာ လျှောက်ချင်သည် ၊၊ ကျွန်မ ဘာမှ ထပ်မတွေးတော့ပဲ စီးထားသည့် ခပ်ပါးပါးဖိနပ်ကို ချွတ်ကာ ဖိနပ်ကို လက်ဖြင့် ကိုင်လျှက် မြက်ခင်စိမ်းပေါ် လှမ်းလျှောက်လိုက်သည် ၊၊ အေးစက်မူက ကျွန်မ ခြေဖဝါးမှ တဆင့် ကျွန်မ စိတ်ကိုတောင် အေးချမ်းစေသည် ၊၊ ကျွန်မ အိမ်ရှေ့တခါးအရောက် ကိုင်ထားသည့် ဖိနပ်ကို ချကာ အိမ်ထဲဝင်ရန် အိမ်တခါးကို ဆွဲဖွင့်လိုက်သည် ၊၊

'' တီ,,, တီ,,,''

ရုတ်တရက် ဖုန်းမြည်သံကြောင့် ကြိုးသိုင်းလွယ်ထားသည့် ခပ်ကြီးကြီး အိတ်ထဲမှ ဖုန်းကို ရှာလိုက်သည် ၊၊ အစီအစဉ်မကျ ထည့်ထားသည့် ပစ္စည်းတွေထဲ မြည်နေသည့် ဖုန်းကို ကျွန်မ ကြိုးစားရှာဖွေနေမိသည် ၊၊ တစ်ခြားမိန်းကလေးများအတွက် ပိုက်ဆံအိတ်ဆိုတာ ပိုက်ဆံနှင့် အလှပြင်ပစ္စည်းများ ထည့်ဖို့နှင့် ဖက်ရှင်ကျစေရန်ဆိုပေမယ့် ကျွန်မအတွက်တော့ ပိုက်ဆံအိတ်က စာရွက်များ မှတ်စုစာအုပ်များ ဘောပင် ရောင်စုံများ အသံသွင်းစက်များ မုန့်ခြောက်များ စသည်တို့ ထည့်ဖို့အတွက်ပင် ဖြစ်သည် ၊၊ ကျွန်မ အိတ်ထဲမှ ဖုန်းကို တွေ့တော့ ,,,

'' ဟဲလို,,,''

'' yaasa! !!!!,,, ကောင်မ နင်ဘယ်မှာလဲ,,''

ကျွန်မ ထူးသံမှ မဆုံးသေး တစ်ဖက်မှ စူးရှသည့် အသံနှင့် ဝမ်းကွဲအမဖြစ်သူ ရဲ့ စကားသံကြောင့် ကျွန်မ ဖုန်းကိုတောင် နားမှ ချက်ချင်းခွာလိုက်ရသည် ၊၊

'' နင် ရူးနေလား ,,, ဒီညနေ နင့် မင်္ဂလာပွဲရှိတယ်လေ, ,, ဘာကိစ္စ နင်က အဲ့အင်တာဗျုးကို လက်ခံလိုက်ရတာလဲ ,,, သတိုးသမီးက လုပ်စရာ အလုပ်တွေ အရမ်းများနေတာကို ,,, အင်တာဗျုးလုပ်ရအောင် အားယားနေလား,,, မင်္ဂလာပွဲကို မလှမပ တက်ချင်လို့လား,,, အခုချက်ချင်း ပြန်လာခဲ့,,, မိတ်ကပ်ဆရာ,,''

'' ဆောရီး မမ, ,, ခဏနေမှ ပြန်ဆက်မယ်နော်,,,''

ကျွန်မ ပြောပြီး ချက်ချင်း ဖုန်း ချပစ်လိုက်ကာ ဖုန်းပါ ပိတ်ပစ်လိုက်သည် ၊၊ တစ်ဖက်က မမကတော့ ဘယ်လောက်တောင် စိတ်တိုနေမလဲမသိ ၊၊ ဒါပေမယ့် မတတ်နိုင်ဘူးလေ ၊၊ အခွင့်ရေးဆိုတာ နှစ်ခါမှ မလာတာ ၊၊ သူ့လို အနုပညာရှင်ကို အင်တာဗျုးခွင့်ရတာက နည်းသည့် အခွင့်အရေးတစ်ခုမဟုတ်လား ၊၊ ကျွန်မ ညနေဆိုသည့် အကြောင်းအရာကို ခေါင်းထဲမှ ခဏထုတ်ကာ အနည်းငယ်တုန်နေသည့် ခြေလှမ်းကို ထိန်းရန် ပင့်သပ်တစ်ချက်ချလိုက်သည် ၊၊ လက်က အိမ်တခါးကို ဖွင့်ကာ အိမ်ထဲဝင်လိုက်တော့ ,,,, ကျွန်မ အရာအားလုံးကို ပါးစပ်အဟောင်းသားနှင့် ငေးကြည့်နေမိသည် ၊၊ အပြင်ဘက်တွင်တော့ သူ၏ အိမ်က အောက်ထပ်ကို အဖြူရောင်သုတ်ထားပေမယ့် အပေါ်ထပ်တစ်ထပ်လုံးတော့ မှန်များဖြင့်သာ ဆောက်လုပ်ထားပြီး ထိုမှန်များကို အစိမ်းနုရောင် လိုက်ကာ များဖြင့် ကာရံထားသည် ၊၊ ဒါပေမယ့် အိမ်ထဲဝင်လိုက်တော့ဧည့်ခန်းအပြည့် ,,, ဟင့်အင်း မဟုတ်ဘူး တစ်အိမ်လုံးဖြစ်နိုင်သည် ၊၊ အစိမ်းရောင်ရင့်ရင့် ချယ်ထားသည့် နံရံက ပြောင်လက်လွန်းလှသည် ၊၊ ဒါဆို အနီရောင်ကြိုက်တယ်ဆိုတဲ့ သတင်းက အမှန်မဟုတ်ဘူးပေါ့ ၊၊ ခေတ်မီသည့် ဒီဇိုင်းနှင့် နောက်ဆုံးပေါ်လက်ရာဖြင့် လှပလွန်းသည့် အိမ်အတွင်းပိုင်းက အစိမ်းရင့်ရင့်အရောင်သာ မဟုတ်ခဲံရင် မြင်ရသူတွေကို အခုလောက် ကတိကအောက်မဖြစ်နိုင်လောက်ဘူး ထင်သည် ၊၊ ကျွန်မ ကြီးမားသည့် ဧည့်ခန်းအတွင်း ငေးမောကြည့်ရှုနေမိသည်မှာ ထိုင်နေဖို့တောင် မေ့လျော့နေမိသည် ၊၊ တန်ဖိုးကြီး ကြွေထည်ပစ္စည်းများ တန်းဖိုးကြီး အပြင်အဆင်များဖြင့် ဧည့်ခန်းက လှပနေသည်ဆိုဦးတော့ အနုပညာရှင်ဖြစ်သည့် အနုပညာဆန်ဆန် ပုံတူ ပန်းချီကားတစ်ချက်မျှ မရှိသည်မှာတော့ အံ့သြဖို့ကောင်းလွန်းလှသည် ၊၊ ဒါကြောင့်လည်း ခန့်မှန်းရခက်ပြီး လျှို့ဝှက်လွန်းသည့် အနုပညာရှင်ရယ်လို နာမည်ကြီးသူလေ ၊၊ ကျွန်မ အကြည့်က ဧည့်ခန်းရဲ့ တစ်နေရာအရောက် ရပ်တန့်သွားသည် ၊၊ အစိမ်းရောင်နံရံပေါ်တွင် ချိတ်ဆွဲထားသည့် ပန်းချီကားတစ်ချက် ၊၊ မျှော်လင့်သလို သူ့ပုံတူ ပန်းချီကားတစ်ချက်မဟုတ်ပေမယ့် လှပသည့် လက်ချောင်းသွယ်သွယ်လေးများ ဆုပ်ကိုင်ထားသည့် လက်ပုံစံပင် ၊၊ လူတစ်ယောက်ရဲ့ လက်နှစ်ဖက်ဆုပ်ထားသည့် ပုံက ဘာလို့ ဒီနေရာမှာ နေရာယူနေတာလဲ ၊၊ ကျွန်မ ထိုပန်းချီကားကို စိတ်ဝင်စားလာကာ ခြေလှမ်းကို ရှေ့တိုးလိုက်သည် ၊၊ သူ့ လက်လား ၊၊ သွယ်လျသည့် လက်ချောင်းက ဘာရယ်မသိ ကြည့်နေသူ ကျွန်မရင်ကိုတောင် နွေးထွေးမူပေးစေသည် ၊၊ ကျွန်မ ပန်းချီကားထဲမှ လက်ရဲ့ လက်သန်းကြွယ်ရှိ လက်စွပ်ကို မြင်တော့ သိချင်စိတ်တို့ များပြားလားကာ အနီးသို့ ကပ်လိုက်ရန် ဟန်ပြင်လိုက်သည် ၊၊

'' ထိုင်ပါဦး,,''

ရုတ်တရက် အနောက်မှ ကြားလိုက်သည့် အသံကြောင့် ကျွန်မ ခြေလှမ်းကို ရပ်ကာ အနောက်သို့ လှည့်ကြည့်လိုက်သည် ၊၊ ကျွန်မ ရှေ့ အဖြူရောင် စပို့ရှပ်လက်ရှည်ကို တံတောင်ဆစ်ထိခေါက်တင်လျှက် အပြာနုရောင် ဂျင်းဘောင်းဘီဖြင့် ပေါ့ပါးစွာ ဝတ်ဆင်ထားသည့် သူ့ ပုံစံက အိမ်နေရင်းဆိုရင်တောင် သိပ်ကို သန့်စင်နုဖက်လွန်းသည် ၊၊ သူက ကျွန်မကို တစ်ချက်ပြုံးပြကာ ဧည့်ခန်းထဲရှိ အစိမ်းနုရောင် ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည် ၊၊ ကျွန်မလည်း အလိုက်အထိုက် သူ့ အရှေ့ ထိုင်ခုံတွင်တွင် ဝင်ထိုင်လိုက်သည် ၊၊ ပြီးတော့ အိတ်ထဲမှ မှတ်စုစာအုပ်နှင့် ဘောပင်ကို ရှာထုတ်လိုက်တော့ ကျွန်မလက်ထဲ အစိမ်းရောင်မှတ်စုစာအုပ်နှင့် အစိမ်းရောင် ဘောလ်ပင်တစ်ချောင်းပါလာသည် ၊၊ ကျွန်မ အစိမ်းကို စိတ်ရှုပ်ထွေးစွာ တစ်ချက်ကြည့်လိုက်သည် ၊၊ သူ့ကို တည်ငြိမ်စွာ ကြည့်လိုက်တော့ သူက ကျွန်မ မျက်နာကို စိုက်ကြည့်နေသည် ၊၊ နှစ်လိုဖွယ်မကောင်းပေမယ့် သူ့ အကြည့်က တစ်ဖက်လူရင်ကို စွဲလမ်းမူဖြစ်စေတာကတော့ ဝန်ခံရမည် ၊၊ ဒီညနေသာ ကျွန်မ ချစ်တဲ့သူနှင့်လက်ထပ်ပွဲမကျင်းပရင် သေချာတယ် သူ့ရဲ့ နာမည်ကြီးသည့် ညို့ကြည့်ကို ကျွန်မ တစ်ပါတ်လောက် အိပ်မက်မက်မည်ထင် ၊၊

'' မနက်က ဖုန်းဆက်တယ်ပြောလို့ အင်တာဗျုး လက်ခံတယ်ဆို,,,''

'' အင်း,,''

တစ်ခွန်းတည်းမျှ ထွက်ကျလာသည့် သူ့အသံက ကျွန်မ စိတ်ကို ခဏတော့ ကျင်းကျပ်စေပါသည် ၊၊ ဒါပေမယ့် နားလည်ရခက်သည့် အနုပညာရှင်တွေကို တွေ့ဆုံမေးမြန်းနေကြ ကျွန်မအတွက်တော့ သိပ်ပြီး ထူးခြားမနေပါ ၊၊ မနက်က ကုမ္ပဏီမှ ဖုန်းဆက်ပြီး သူက အင်တာဗျုးလုပ်ချင်တယ်နှင့် ကျွန်မကို အင်တာဗျုးဖို့ လွတ်ပေးဖို့ တောင်းဆိုသည်ဆိုသည့် ဌာနမှူးစကားကြောင့် ကျွန်မဆိုသည့် အလုပ်ကိုချစ်သည့် မယ်လုပ်ချင်က ချက်ချင်းကို အင်တာဗျုးကို လက်ခံသည်လေ ၊၊ အင်တာဗျုးတွေကို ရှောင်သည့် သူကို အင်တာဗျုးခွင့်ရတာ နည့်တဲ့ ကုသိုလ်ကံမှ မဟုတ် ၊၊ ဒါကို ကျွန်မ လက်လွတ်မခံနိုင်ဘူးလေ ၊၊

'' စမေးလို့ရပြီလားဟင်,,''

ခေါင်းငြိမ့်ကာ ဖြေလိုက်သည့် သူ့စကားအဆုံး ကျွန်မ အိတ်ထဲမှ အသံသွင်းစက်ကို ထုတ်ကာ ခုလုပ်နိုပ်လိုက်သည် ၊၊ ပြီးတော့ လက်ထဲရှိ ဘောလ်ပင်ကို သေချာစွာကိုင်ပြီး သူ့ရဲ့ လှပလွန်းသည့် မျက်လုံးကြီးကြီးကို စိုက်ကြည့်လိုက်သည် ၊၊ ဘာရယ်မသိ ဆုတောင်းပြည့်လွန်းသည့် သူ့အလှကို ကျွန်မ မနာလိုဖြစ်မိသည် ၊၊ မိန်းမတစ်ယောက်အနေနှင့် ယောကျာင်္းတစ်ယောက်ရဲ့ လှပမူကို မနာလိုတာ နည်းနည်းတော့ စိတ်ပျက်စရာပင်နော် ၊၊ ဒါပေမယ့် မတတ်နိုင်ဘူးလေ ၊၊ သာမန်ရုပ်ရည်အဆင့်သာ ရှိသည့် ကျွန်မလို မိန်းကလေး မဆိုထားနှင့် လှပေ့ချောပေ့ဆိုသည့် မိန်းကလေးများတောင် သူ့ရှေ့ရောက်ရင် အလိုလို သိမ်ငယ်သွားသည် ၊၊ ဖြူဝင်းလှသည့် အသားအရည်နှင့် ပန်းနုရောင် သဘာဝနုတ်ခမ်းဖူးဖူးက မိန်းကလေးများထက် ပြည့်စုံလွန်းသည်လေ ၊၊ ပထမဆုံး နီးကပ်စွာ မြင်ရသည့် ကျွန်မအတွက်တော့ သူ့ရဲ့ လှပမူတွေက အံ့သြဖွယ်တစ်ခုလိုပင် ၊၊ ဒါနဲ့များ သီချင်းမဆိုပဲ မင်းသားလုပ်ပါလားကွယ် ၊၊ ဒါဆိုလည်း စွဲမက်စရာ ခပ်ရှရှသူ့ အသံက နှမျှော်စရာ ကောင်းနေလိမ့်မည် ၊၊ ကျွန်မ အသက်ကို တစ်ချက်ရှုကာ ,,,

'' jaejoong shii, ,,, ဘယ်အချိန်က စပြီး ဂီတကို ရူးသွပ်ခဲ့တာလဲ,,,''

ကျွန်မ မေးခွန်းအဆုံး တင်းတင်းစေ့ထားသည့် သူ့နုတ်ခမ်း အနည်းငယ်ပြုံးလာသည်ထင် ၊၊ ပြီးတော့ ကျွန်မမျက်လုံးကို စိုက်ကြည့်လာသည် ၊၊

'' သူနဲ့ ပထမဆုံး တွေ့တဲ့အချိန်ကပေါ့,,,''

'' သူ!!,,,''

ကျွန်မ သူ့စကားကြား အလိုလို သံယောင်လိုက်မိလိုက်သည် ၊၊ သူ,,, ဟုတ်လား ? ၊၊ သူမ မဟုတ်ပဲ သူ ဆိုသည့် အသုံးနှုံးက အနည်းငယ်တော့ ကျွန်မ အတွက် ထူးဆန်းနေလိမ့်မည် ၊၊ သူက ကျွန်မကို အကြည့်မလွဲသေး ၊၊ ဒီနေ့မှ ဘာမှ မလိမ်းခြယ်လာသည့် ကိုယ့်မျက်နာကိုပဲ ဖွက်ထားချင်မိသည် ၊၊ ဒါမှမဟုတ် ကြည့်ကောင်းအောက်မျှ မလိမ်းခြယ်တတ်သည့် ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်ရမည် ၊၊

'' သူဆိုတာ ,,,''

ကျွန်မ သိချင်စိတ်ဖြင့် ခပ်တိုးတိုးမေးကြည့်လိုက်သည် ၊၊ ထိုအချိန် အံ့သြလောက်စွာ သူ့နုတ်ခမ်းက ပြုံးလာသည် ၊၊ အပြုံးက အံ့သြစရာ တစ်ခုမဟုတ်ပေမယ့် အမြဲ စွဲဆောင်မူရှိရှိ ပြုံးတတ်သည့် သူ့ဆီက အခုလို ဖြူစင်လွန်းသည့် အပြုံးကို မြင်ရတာ အခု မနက်ခင်းကို လှပစွာ အဓိပ္ပါယ်ရှိစေသည် ၊၊ သူ ပြုံးတတ်သား ၊၊

'' သူဆိုတာက, ,,,''

•••••••••••••••••••••••••••••♡♡♡♡♡••••••••••••••••••

မေးခွန်း-၁

( ဘယ်အချိန်က စပြီး ဂီတကို ရူးသွပ်ခဲ့တာလဲ )

ကျွန်တော် သူ့ကို စတင်တွေ့ဆုံသည်က ကျွန်တော် ငယ်ငယ်တည်းက ကြီးပြင်းလာသည့် မိဘမဲ့ကျောင်းတွင် ဖြစ်သည် ၊၊ ပြီးတော့ ထိုနေ့က ကျွန်တော့်ရဲ့ အသက် ၁၆ နှစ်ပြည့်သည့်နေ့ပင် ဖြစ်သည် ၊၊ တစ်ကြိမ်တစ်ခါမှ မကျင်းပ မပျော်ရွှင်ဖူးသည့် ကျွန်တော့် ရှေးယခင် မွေးနေ့များအတိုင်း ထိုနေ့က ကျွန်တော့်အတွက် ပုံမှန် နေ့လေးတစ်နေ့သာပင် ၊၊ လက်ဆောင်ဆိုတာ အိပ်မက်ထဲတောင် မမက်တော့သည့် ကျွန်တော့် ကျွန်တော့် မွေးနေ့ရက်က ကြေကွဲဝမ်းနည်းစရာပင် ကျွန်တော့်အတွက် တစ်စိမ်းဆန်စွာ ဖြတ်သန်းတော့မည် ၊၊ ဒါပေမယ့် သူနှင့် မတွေ့ခင် အချိန်သာ ထိုစိတ်ပျက်နာကျင်မူကို ခံစားရပေမယ့် ,,, ပထမဆုံး သူ့ကို တွေ့သည်နှင့် ကျွန်တော့် အတွက် လက်ဆောင်ဆိုတာ အပြုံးတစ်ခုအဖြစ် သူ တိတ်တဆိတ်ဖန်တီးပေးခဲ့သည် ၊၊

ကျွန်တော် ၁၆နှစ်ပြည့်သည့် နေ့မှာပင် သူ့ရဲ့ အသက်၂၀ပြည့်မွေးနေ့ကို ကျွန်တော်တို့ မိဘမဲ့ကျောင်းတွင် လာကျင်းပသည် ၊၊ ဒါက ကျွန်တော့်တို့ နှစ်ယောက်အတွက် လှပမူ တစ်ခုမဟုတ်ပေမယ့် ,,, ကျွန်တော့်အတွက်တော့ လှပမူတစ်ခုပင် ဖြစ်သည် ၊၊ သူ့ အပြုံးက အရမ်းလှသည် ၊၊ အသက်၂၀ အရွယ် လူငယ်ဆန်ဆန် ချောမောပြေပြစ်မူနှင့် မြင့်မားသည့် သူ့အရပ်မောင်းရဲ့ အချိုးစားကျကျ ခန္ဒာကိုယ်က ကျွန်တော့်ကို အားကျစေသည့် ခံစားမူကို ဖြစ်ပေါ်စေသည် ၊၊ ပြီးတော့ အားငယ်မူကိုပါ တစ်ပြိုင်တည်း ဖြစ်စေပြန်သည် ၊၊ သူငယ်ချင်းများနှင့် ကလေးများကြား ပေါ့ပါးပြုံးရီနေသည့် သူ့ အပြုံးရဲ့ လွတ်လပ်မူက ကျွန်တော့်စိတ်ကို မနာလိုမူဖြစ်ပေါ်စေသည် ၊၊ အပူအပင်ဆိုတာ ကျွန်တော်တို့လို နိုမ့်ပါးသည့် လူတွေအတွက်ပဲလား ၊၊ ကျွန်တော်တို့လို အတန်းကြီးသမားတွေက အလှူကို ဝိုင်းလုပ်နေပေမယ့် ကလေးများလို့ သူ့အနားသွားမရတာကို ကျေဇူးတင်မိသည် ၊၊ ဘာကြောင့်လဲမသိ ကျွန်တော့်ရဲ့ စုတ်ချာနေသည့် ပုံစံကို သူ့အပြုံးအောက် မရောက်စေချင်ပါ ၊၊ မပြောနိုင်ဘူးလေ ၊၊ ကျွန်တော်တို့လို နွမ်းပါးမူက သူတို့လိုလူအတွက် လှောင်ပြောင်မူမဖြစ်နိုင်ဘူးဆိုတာ ၊၊

ကျွန်တော် အလုပ်ပါးတော့ လူရှုပ်နေသည့် ကလေးများနှင့် သူတို့ရှိရာနေရာနှင့် ဝေးသည့် အရိပ်ကျကျသစ်ပင်အောက်ရှိ မြက်ခင်းပြင်ပေါ်တွင် စိတ်ပျက်စွာ လှဲလျောင်းနေမိသည် ၊၊ မျက်စိရှေ့က ကျယ်ပျံ့လွန်းသည့် မိုးကောင်းကင်ကို အဓိပ္ပါယ်မဲ့စွာ ငေးကြည့်နေမိသည် ၊၊ ပြီးတော့ နာကျင်လာမိသည့် ခံစားမူကြားမှ ကျွန်တော့်ရဲ့ ဘဝပေးအခြေအနေကို နာကြည်းနေမိသည် ၊၊ ကျွန်တော် စိတ်ပျက်စရာကောင်းလှသည့် လောကကြီးကို စိတ်ကုန်လာကာ မြင်နေရသည့် ကောင်းကင်ပြာပြာတောင် ကျွန်တော့်အတွက် လှပမူကို မဖြစ်ပေါ်စေတော့ ကျွန်တော် နာကျင်စွာပြုံးလိုက်ပြီး မျက်လုံးကို မှိတ်လိုက်သည် ၊၊ မှော်မိုက်မူက မင်းအတွက် အကောင်းဆုံးပဲ kim jaejoong, ,,, ၊၊

'' အိပ်နေတာလား,,''

ခပ်တိုးတိုးဆိုပေမယ့် ကြည်လင်စွာ ကြားလိုက်သည့် စကားသံကြောင့် ကျွန်တော် မျက်ထားသည့် မျက်လုံးကို ဖွင့်ကြည့်လိုက်သည် ၊၊ ပထမဦးစွာ ကျွန်တော် မြင်လိုက်သည်က ကျွန်တော့်ကို စိုက်ကြည့်နေသည့် မျက်လုံးက အပြုံးရိပ်လေး ၊၊ ပြီးတော့ ကျွန်တော့်ကို ရင်းနှီးစေသည့် သူ့ နုတ်ခမ်းပါးလေး ၊၊ မှတ်မှတ်ရရ နုတ်ခမ်းနားတွင် မှဲ့ပါလျှင် စကားကြွယ်သည်ဆိုသည့် ဆိုရိုးစကားအရ သူ့ နုတ်ခမ်းပါးပေါ်ရှိ မှဲ့နက်လေးကို ပထမဆုံးအကြိမ်ကျွန်တော် မြင်စဉ်က သူ စကားပြောကြွယ်သူ ဖြစ်မည်ဟု ထင်ခဲ့တာ ၊၊ ဒါပေမယ့် သူက သိပ်ကို မြိုသိပ်နိုင်လွန်းသူဆိုတာ နောက်ပိုင်း ကျွန်တော် တဖြေးဖြေး သိလာသည် ၊၊ နီးကပ်လွန်းသည့် သူ့ မျက်နာက ကျွန်တော့် စိတ်ကို ရှုပ်ထွေးစေသည် ၊၊ ကျွန်တော်က လူတိုင်းကို လိုက်လျောညီထွေ ရင်းနှီးကျွမ်းဝင်တတ်သူ မှ မဟုတ် ၊၊ ဒါပေမယ့် ကြည်လင်သည့် သူ့ အပြုံးက ကျွန်တော့် ရင်ကိုတော့ နွေးထွေးစေတာကို ကျွန်တော် ပထမဆုံး အံ့သြစွာ ခံစားမိပြန်သည် ၊၊ ကျွန်တော့်လို ကြီးမားသည့် မျက်လုံးမျိုးမဟုတ်ပဲ မျက်ရစ်မပါသည့် သူ့မျက်လုံးက အံ့သြစရာ မှေးမနေပါ ၊၊ နှာတံစင်းစင်းလေးအောက်ရှိ အပေါ် နုတ်ခမ်းပါးက အောက်နုတ်ခမ်းဖူးဖူးနှင့် လိုက်ဖက်လှသည် ၊၊ ပြည့်စုံခြင်းဆိုတာ ဒါကို ပြောတာလား ၊၊ ကျွန်တော် အသိဝင်ကာ လှဲနေရမှ ထထိုင်လိုက်သည် ၊၊ သူလည်း ကျွန်တော့်ဘေးတွင် ဝင်ထိုင်လိုက်သည် ၊၊ လေနှင့်အတူပျံ့လွင့်လာသည့် သူ့ ကိုယ်သင်းရနံက ဘာလို့ ဒီလောက် စွဲမက်ဖွယ်ဖြစ်နေတာလဲ ၊၊ လူပျိုအနံဆိုတာ ဒါကို ပြောတာလား ၊၊

'' သီချင်း နားထောင်မလား,,,''

သူက ပြောပြီး ကျွန်တော့် အဖြေကိုတောင် မစောင့် ၊၊ သူ့ တွင်ပါလာသည့် ဖုန်းထဲမှ သီချင်းတစ်ပုဒ်ကို ဖွင့်ကာ နားကြပ်တစ်ဖက်ကို ကျွန်တော့် နားတွင် တပ်လိုက်သည် ၊၊ ပုံမှန်ဆို အခုလို ရင်းနှီးသည့် အနေအထားမျိုးကို ကျွန်တော် သဘောမကျမိပေမယ့် ဘာရယ်တော့ မသိ သူ့ရဲ့ အပြုအမူကို ပိုင်စိုးပိုင်နင်းနိုင်လှသည်ဟု မှတ်ချက်ပြုမူမိရုံမှလွဲ၍ ကျွန်တော် ဘာမှ မတုန့်ပြန်မိခဲ့ ၊၊ သူ့ အပြုအမူက ရဲတင်းလွန်းသည်ဆိုရပေမယ့် သူ့ အပြုံးက ဖြူစင်လွန်းတာ ကျွန်တော့် အတွက် ခက်ခဲမူပင် ၊၊ ကျွန်တော် ထိုအပြုံးကို မနာလိုဘူး ၊၊ ကျွန်တော့် အတွေးတွေသာ ယောက်ယက်ခတ်ကာနေပေမယ့် သူကတော့ မြတ်ခင်းပေါ် လက်ထောက်ကာ ခေါင်းတငြိမ့်ငြိမ့်နှင့် နေသည် ၊၊ ပြီးတော့ မြက်ခင်းပေါ်ထိုင်ရတာ အရမ်းကြိုက်တယ်တောင် ဆိုသေးသည် ၊၊ ကျွန်တော် စိတ်ရှုပ်နေသည့်ကြားမှ ငြိမ့်ညောင်းသည့် သံဇဉ်တစ်ခုကြောင့် စိတ်တွေ ငြိမ်းချမ်းလာသလိုပင် ၊၊ မြက်ခင်းပြငိပေါ် လက်နောက်ပစ်ထောက်ထားသည့် သူ့ လက်သန်းက ကျွန်တော့် လက်သန်းကို လာထိတော့ ခပ်နွေးနွေးအထိအတွေ့ကြား ကျွန်တော် နှလုံးခုန်သံက ငြိမ်သက်ကာ နားထဲရှိ သံဇဉ်က ကွယ်ပြောက်သွားသည် ၊၊ ကျွန်တော် ရင်ခုန်မူကြားမှ သူ့ကို ကြည့်လိုက်တော့ သူက ငြိမ်သက်စွာ သီချင်းနားထောင်ဆဲ ၊၊ ဘေးတိုက်မြင်နေရသည့် သူ့ မျကိနာမေးရိုးက ကောင်လေးတစ်ယောက်အတွက် သိပ်ကို ပြေပြစ်လွန်းတယ်ထင်သည် ၊၊ ပြီးတော့ သိပ်ကိုလည်း ကြည့်ကောင်းလွန်းလှသည် ၊၊ ကျွန်တော် သူ့ကို ငေးကြည့်ရင်း ပိုပြီး နာကျင်လာသလို သိမ်ငယ်လာသလို ခံစားရသည် ၊၊ ငါ မင်းကို လုံးဝ မနာလိုဘူး ၊၊ သီချင်းတစ်ပုဒ်ဆုံသွား၍ထင် သူ ကျွန်တော့် ဘက်လှည့်ကြည့်လာသည် ၊၊ ဒါပေမယ့် သူ ဖြူစင်စွာ ပြုံးဆဲပါ ၊၊ မင်း အပြုံးကို အဲဒီအချိန်တည်းက မုန်းခဲ့တာ ၊၊

'' သီချင်း မကြိုက်ဘူးလား ,,,''

'' ,,,,,''

'' ဒါ ငါ အကြိုက်ဆုံး သီချင်းလေ, ,,''

'' အဆိုတော်က?, ,,''

'' kim kwang seok, ,''

'' သီချင်း ခေါင်းစဉ်က? ,,''

သူ ကျွန်တော့်ကို ကြည့်ကာ တစ်ချက်ပြုံးလိုက်သည် ၊၊ ဘာရယ်မသိ ထိုအပြုံးမှာ ပြည့်စုံမူကို ကျွန်တော် ခံစားရသည်ထင်မိသည် ၊၊ သူက ကျွန်တော့် နားက နားကြပ်ကို ဆွဲဖြုတ်လိုက်သည် ၊၊ သူ့ လက်ချောင်းက ကျွန်တော့် နားသံစပ်ကို စက္ကန့်ပိုင်းမှ လာထိသည်ကို ကျွန်တော် တိကျစွာ ခံစားမိတာ ဆန်းကျယ်လွန်းသည်နော် ၊၊

'' Though I Love You, ,,တဲ့,,''

ကျွန်တော် ထိုခေါင်းစဉ်ကို နုတ်ဖျားမှ အလိုလို ရေရွတ်နေမိသည် ၊၊ ကျွန်တော် သူ့ကို ငေးကြည့်ကာ ၊၊

'' သီချင်းကို သဘောကျတာလား,,''

'' အင်း,,, သံဇေဉ်တွေက ငါ့ ဘဝကို လွတ်လပ်ပေါ့ပါးစေတယ်လေ, ,,''

ထိုအချိန် သူ့မျက်ဝန်းက အပြုံးက သိပ်ကို လှပလွန်းသည် ၊၊ ပြီးတော့ ထိုအပြုံးကို ကျွန်တော် ပိုင်ဆိုင်ချင်သည် ၊၊ ထိုအချိန် ခပ်လှမ်းလှမ်းမှ သူ့ သူငယ်ချင်းတွေရဲ့ ပြန်မည်ဆိုသည့် အော်ခေါ်သံကြောင့် သူ ထိုင်နေရာမှ ထရပ်လိုက်သည် ၊၊ ကျွန်တော် မြင်နေရသည့် သူ့ ကျောပြင်ကို ငေးကြည့်ရင်း စိတ်ထဲ ဝမ်းနည်းပြီး လွမ်းစွတ်လာသလိုပင် ၊၊

'' ခင်များ နာမည် ဘယ်လို ခေါ်လဲ?,,''

'' ဟမ်!,,''

ကျယ်လောင်စွာ ထွက်လာသည့် ကျွန်တော့် အသံကြောင့် သူ ကျွန်တော့်ကို အံ့သြစွာ လှည့်ကြည့်လာသည် ၊၊ ကျွန်တော် ရှက်ရွံ့မူကြောင့် ခေါင်းကို ငုံ့လိုက်သည် ၊၊ အသံမကြားတော့ သူ ပြန်သွားပြီထင်ကာ ကျွန်တော် ပြန်ကြည့်တော့ ၊၊ ထူးဆန်းစွာပင် သူ ကျွန်တော့်ကို ပြုံးကာ စိုက်ကြည့်နေဆဲ ၊၊ ကျွန်တော် ရင်ခုန်စွာ သူ့ စကားသံကို မျှော်လင့်နေမိဆဲ ၊၊

'' ငါ့ နာမည်က, ,,,,,''

မင်း သိလား?,,, အဲ့ဒီ အချိန်ကစပြီး ငါ့ အိပ်မက်က ဂီတ ဖြစ်လာခဲ့တာ ၊၊ ငါ ဂီတကို ရူးသွပ်စွာ ပိုင်ဆိုင်ချင်လာခဲ့တာ ၊၊

◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆

Продовжити читання

Вам також сподобається

141K 16.9K 123
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xigua Status in COO : 253 chapters ...
73.6K 4.9K 27
အခုခေတ်ရဲ့ B@d@ssက နှောင်းပိုင်းခေတ်ကို ရောက်သွားတဲ့အခါ...
56.2K 3.1K 42
Intro Sing; လက်ထဲက ဖယောင်းတိုင်လေးကို မီးညှိပြီး ''ဘေဘီလွန် ဘေဘီလွန် Candleလေး ကြယ်ကြွေလေးဆီ ပို့ဆောင်ပေး'' လို့ ကျနော်ရွတ်လိုက်တာနဲ့ ရုတ်တရက်လေဟာနယ...
476K 16K 16
စိတ် အဆင်ပြေသလောက် ရေးပါမည်။ Over possessive Seme Beau Uke