ရှီယွီရှီး သည် ရှီချန်းယု ဒေါသထွက်သည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ ရှီချန်းယု ၏ မျက်လုံးများတွင် ရန်လိုသည့် အရိပ်အယောင်ကို မြင်လိုက်ရတော့ ရှီယွီရှီး သည် အဖြစ်မှန်ကို ချက်ချင်း သွားပြောခဲ့သည်။ ပေါက်စီလေးရဲ့ဒဏ်ရာအတွက် သူမမှာ တာဝန်ရှိလေသည်။ မုဆိုးမကျန်းကိုသာ ကူညီဖို့ သိပ်အာရုံမစိုက်ဘူးဆိုရင် မုဆိုးမကျန်း ရဲ့ သားက ပေါက်စီလေး နာကျင်အောင် လုပ်မှာမဟုတ်ဘူး။
အကြောင်းအရင်းကတော့ သူတို့မိသားစုတွင် အဓိကလူအင်အားမရှိသောကြောင့် ရှီယွီရှီး နှင့် မူလင်းထန် တို့သည် ယခုရက်ပိုင်းအတွင်း အိမ်မှုကိစ္စများကို အတူတကွလုပ်ဆောင်နေကြရသည်။ မူလင်းထန် ၏ မျက်လုံးများသည် ဘာမှမမြင်ရတာကြောင့် အရာများစွာကို လုပ်ဆောင်ရန် ခက်ခဲလှသည်။ ထိုအချိန်တွင် ရှီယွီရှီး သည် ဒါကို ကိုယ်တိုင် ပြုလုပ်ရန် လိုအပ်နေသည်။
ဒီနေ့ မူလင်းထန် ရေချိုးပြီးပြန်လာတဲ့အခါ ပေါက်စီလေးကို ဆော့ဖို့ ခြံထဲကို တွန်းလာလိုက်တယ်။ ပေါက်စီလေး အတွက် အဝတ်အစားအသစ်များ ပြုလုပ်နေစဉ်တွင် သူမသည် ကလေးများကို အခါအားလျော်စွာ စောင့်ရှောက်ခဲ့သည်။ သို့သော် ယခုအချိန်တွင် မုဆိုးမကျန်း သည် သူ့သားနှင့်အတူ တံခါးဆီသို့ရောက်လာသည်။
ဒီမိသားစု၏ ဒုတိယမိသားစုအိမ်သည် သူ့တို့ဘာသာ သူတို့နေထိုင်တက်တာကြောင့် ရွာရှိလူအနည်းငယ်က တစ်ခုခုဆို သူတို့အိမ်တံခါးဆီသို့ လာခဲ့ရသည်။ မုဆိုးမကျန်း သည် ယခုအချိန်တွင် သူမထံ ရုတ်တရက်ရောက်လာတာ အနည်းငယ်ထူးဆန်းနေသည်။ ရှီယွီရှီး သည် မုဆိုးမကျန်း၏ အပြုံးကို မြင်လိုက်ရသဖြင့် စိတ်ထဲမှာ ထူးဆန်းသလို ခံစားလိုက်ရသော်လည်း သူမကို နှင်ထုတ်ရန် မသင့်တော်ပေ။
မုဆိုးမကျန်း ၏သားသည် ယခုနှစ်တွင် နှစ်နှစ်ရှိပြီဖြစ်သည်။ ဒီတစ်ခါ မုဆိုးမကျန်း လာရတဲ့ အကြောင်းရင်းက ဝါးမြစ်ကို ချဉ်အောင် လုပ်နည်းကို လာမေးတာပါ။ ရှီယွီရှီး သည် ဟင်းသီးဟင်းရွက်ကို ချဥ်အောင်လုပ်ရာတွင် အလွန်ကျွမ်းကျင်သည်။ ရီလင်း ရွာမှာ ဘယ်သူမှ သူ့ဟင်းချဉ်လောက် အရသာမရှိဘူး ။
မုဆိုးမကျန်းကို အသီးအရွက်အချဉ်လုပ်နည်းကို ပြောပြနေစဉ် ရှီယွီရှီး သည် မုဆိုးမကျန်း အဘယ်ကြောင့် အိမ်ကို လာရသလဲလို့ မတွေးပဲမနေနိုင်ပေ။ မုဆိုးမကျန်း က ဟင်းသီးဟင်းရွက်ချဉ်လုပ်နည်းကို အမှန်တကယ် လေ့လာလိုခဲ့ရင် မုဆိုးမကျန်း ဟာ ရီလင်း ရွာသားနဲ့ အိမ်ထောင်ကျတာ ဆယ်နှစ်နီးပါးရှိပါပြီ။ ဟင်းသီးဟင်းရွက်ချဉ် ကျွမ်းကျင်မှုကို သင်ယူလိုပါက ဟိုးအရင်ကတည်းက သင်ယူခဲ့ရမှာပါပဲ။
ထို့နောက် အချိန်အကြာကြီး စောင့်ဆိုင်းပြီးနောက်.. မုဆိုးမကျန်း သည် ရှီချန်းယု အကြောင်းကို စတင် ပြောလာခဲ့သည်။ ရှီချန်းယုအကြောင်းကိုသာ အစကနေ အဆုံးထိ ပြောနေခဲ့တာကြောင့် ရှီယွီရှီး ကတော့ တစ်ခုခုမှားနေပြီဆိုတာသတိပြုမိလိုက်သည်။
ထိုအချိန် ပေါက်စီလေး ၏ ညည်းညူသံနှင့် ငိုသံကို သူမကြားလိုက်ရသောကြောင့်စိတ်ရှုပ်သွားသည်။ ပေါက်စီလေး လှည့်ကြည့်လိုက်တော့ မုဆိုးမကျန်း ရဲ့သားက ပေါက်စီလေးရဲ့ မျက်နှာကို သစ်ကိုင်းနဲ့ ခြစ်နေတာကို တွေ့လိုက်ရတယ်။ ထိုအရာကို မြင်လိုက်ရတော့ ရှီယွီရှီး ရူးရမတတ်ဖြစ်သွားရသည်။
ကလေးက အရမ်းနာခံပြီးအသားမနာမချင်း မငိုတတ်ကြပါဘူး။ ပေါက်စီလေး သည် ဤကဲ့သို့ ငိုကြွေးရန် များစွာ ခံစားခဲ့ရပေမည်။ ရှီယွီရှီး က ဒေါသတကြီး ပြေးမလာနိုင်ခင်မှာအသွင်အပြင်တစ်ခုက သူမရှေ့ကို ပြေးသွားပြီး မုဆိုးမကျန်းရဲ့သားကို သတိမထားမိဘဲ တွန်းထုတ်လိုက်မိသည်။
မူလင်းထန် က အဲဒီအချိန်မှာ ပေါက်စီလေးးကို သူက စိတ်ထက်သန်စွာ ချော့မြူဖို့ လက်ကို ဆန့်ထုတ်လိုက်ပြီး ပေါက်စီလေးကို ထိမိပေမယ့် ပေါက်စီလေးက ဘယ်မှာ ဒဏ်ရာရသွားမှန်းမသိပါဘူး။
ထိုကြောင့် မူလင်းထန်သည် မျက်မမြင်ခြင်းတွက် သူ့ကိုယ်သူ မုန်းတီးသည် ပထမဆုံး အကြိမ်ဖြစ်ပြီး သူ့ကလေး ဒဏ်ရာရသွားသည်ကိုပင် မမြင်နိုင်ပေ။
ထို့နောက် ကောင်လေးသည် မူလင်းထန်၏ မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်လိုက်ပြီး မူလင်းထန်၏မျက်နှာတွင် ကြောက်စရာကောင်းသော အမာရွတ်တွေကြောင့် ထိတ်လန့်ကာ ငိုယိုကာ ထွက်ပြေးသွားခဲ့သည်။ မသိတဲ့သူတွေကတော့ သူ့ကို အနိုင်ကျင့်တာက မူလင်းထန်လို့ တင်ကြပေမယ့် တကယ်တော့ မုဆိုးမကျန်ရဲ့သားကသာ တစ်စုံတစ်ယောက်ကို အရင်ဆုံး နာကျင်စေပြီး သူ့ဘာသာသူ ထွက်ပြေးသွားတာဖြစ်သည်ယာ
အိမ်မှာ မုဆိုးမကျန်း ရဲ့ တောင်းပန်ချက်ကတော့ သူမကိုယ်တိုင် တောင်းပန်ခြင်းသာ ဖြစ်ပါတယ်။ သူ့မိသားစု၏ အဖိုးတန်သားတော်သည် ယခုအချိန်တွင် ကပ်ဆိုးကြီးတစ်ခု ဖြစ်မြောက်သွားသည်ကို မသိဘဲ မူလင်းထန်ကို နှလုံးသားထဲတွင်ပင် တိတ်တဆိတ်မုန်းတီးနေပေသည်။
ထို့ကြောင့် ရိုးသားသော ရှီယွီရှီး သည် ဒေါသတကြီးဖြင့် သူမ၏ အိမ်တံခါးဝဆီသို့ ဆွဲခေါ်လာခဲ့သည်။ အကယ်၍ မုဆိုးမကျန်းသာ ဤမျှအနိုင်ကျင့်ခြင်းမရှိပါက..ရှီယွီရှီး သည် ဒေါသနှင့် တံခါးဆီသို့ ဘယ်သောအခါမှဆွဲခေါ်လာမည် မဟုတ်ပေ။
မုဆိုးမကျန်း သည် ရှီချန်းယု ကို မြင်ပြီးကတည်းက သူမ၏ နှလုံးသားထဲ တွင် အနည်းငယ် တုန်လှုပ်ချောက်ချားသွားသည် ။ သို့သော် ရှီချန်းယု သည် ပညာရှင်တစ်ဦးဖြစ်ပြီး သူမသည် အမျိုးသမီးတစ်ဦးဖြစ်သောကြောင့် သူမ အတွက် ဘာမဆိုလုပ်ရန် ခက်ခဲလိမ့်မည်ထင်သောကြောင့်မုဆိုးမကျန်းသည် သတ္တိအနည်းငယ်ကို စုဆောင်းခဲ့ရသည်။
သူမက ရှီချန်းယု ကို သတိထားပြီး စိုက်ကြည့်ရင်း ကြွေကျခါနီး မျက်ရည် တွေနဲ့ ပြည့်နေတဲ့ သူမရဲ့ မျက်လုံးတွေနဲ့ ကြည့်ကာ..
"ဒီကိစ္စ… ဒီကိစ္စက ငါတို့က..ငါတို့ မှားတယ်လို့ ပြောထားပြီးသားပါ.. ”
ရှီချန်းယုက..
"တောင်းပန်မှုတစ်ခုကသာ ဒီလို အသုံးဝင်တယ်ဆိုရင် ရဲတွေအစိုးရတွေကို ဘယ်လိုတော့မလဲ... ရိုးရိုးရှင်းရှင်း တောင်းပန်ရုံနဲ့ လုံလောက်နေပြီ.. လူတွေကို မတော်တဆ သတ်မိပြီး တောင်းပန်ပါတယ် လုပ်လိုက်ရုံပေါ.."
မုဆိုးမကျန်းသည် ထိုစကားကို ကြားလိုက်ရတော့ သူတကယ်ကြောက်နေရမလား၊ ဟန်ဆောင်နေရမလားမသိတော့ပေ။ သူမသည် ရှီချန်းယုကို ကြောင်ထက်ထက်ဖြင့် ကြည့်ကာ သနားစရာကောင်းပြီးအားကိုးရာမရှိဟန်ဖြင့် သိုတော့လေသည်။
မုဆိုးမကျန်း ငိုနေတာကို တစ်ယောက်ယောက်က မြင်လိုက်တဲ့အခါ သူမကိုသနားလို့ကူညီချင်ခဲ့ပေမယ် ထိုအချိန်တွင် လူတစ်ယောက်က ယုတ္တိမရှိတာ ဆိုပြီး လူအုပ်ကြားထဲက ထွက်လာလေသည်။
ရှီချန်းယုက..