53

1.4K 125 0
                                        

ရှီယွီရှီး သည် ရှီချန်းယု ဒေါသထွက်သည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ ရှီချန်းယု ၏ မျက်လုံးများတွင် ရန်လိုသည့် အရိပ်အယောင်ကို မြင်လိုက်ရတော့ ရှီယွီရှီး သည် အဖြစ်မှန်ကို ချက်ချင်း သွားပြောခဲ့သည်။  ပေါက်စီလေးရဲ့ဒဏ်ရာအတွက် သူမမှာ တာဝန်ရှိလေသည်။ မုဆိုးမကျန်းကိုသာ ကူညီဖို့ သိပ်အာရုံမစိုက်ဘူးဆိုရင် မုဆိုးမကျန်း ရဲ့ သားက ပေါက်စီလေး နာကျင်အောင် လုပ်မှာမဟုတ်ဘူး။

အကြောင်းအရင်းကတော့ သူတို့မိသားစုတွင် အဓိကလူအင်အားမရှိသောကြောင့် ရှီယွီရှီး နှင့် မူလင်းထန် တို့သည် ယခုရက်ပိုင်းအတွင်း အိမ်မှုကိစ္စများကို အတူတကွလုပ်ဆောင်နေကြရသည်။ မူလင်းထန် ၏ မျက်လုံးများသည် ဘာမှမမြင်ရတာကြောင့် အရာများစွာကို လုပ်ဆောင်ရန် ခက်ခဲလှသည်။ ထိုအချိန်တွင် ရှီယွီရှီး သည် ဒါကို ကိုယ်တိုင် ပြုလုပ်ရန် လိုအပ်နေသည်။

ဒီနေ့ မူလင်းထန် ရေချိုးပြီးပြန်လာတဲ့အခါ ပေါက်စီလေးကို ဆော့ဖို့ ခြံထဲကို တွန်းလာလိုက်တယ်။ ပေါက်စီလေး အတွက် အဝတ်အစားအသစ်များ ပြုလုပ်နေစဉ်တွင် သူမသည် ကလေးများကို အခါအားလျော်စွာ စောင့်ရှောက်ခဲ့သည်။ သို့သော် ယခုအချိန်တွင် မုဆိုးမကျန်း သည် သူ့သားနှင့်အတူ တံခါးဆီသို့ရောက်လာသည်။

ဒီမိသားစု၏ ဒုတိယမိသားစုအိမ်သည် သူ့တို့ဘာသာ သူတို့နေထိုင်တက်တာကြောင့် ရွာရှိလူအနည်းငယ်က တစ်ခုခုဆို သူတို့အိမ်တံခါးဆီသို့ လာခဲ့ရသည်။ မုဆိုးမကျန်း သည် ယခုအချိန်တွင် သူမထံ ရုတ်တရက်ရောက်လာတာ အနည်းငယ်ထူးဆန်းနေသည်။ ရှီယွီရှီး သည် မုဆိုးမကျန်း၏ အပြုံးကို မြင်လိုက်ရသဖြင့် စိတ်ထဲမှာ ထူးဆန်းသလို ခံစားလိုက်ရသော်လည်း သူမကို နှင်ထုတ်ရန် မသင့်တော်ပေ။

မုဆိုးမကျန်း ၏သားသည် ယခုနှစ်တွင် နှစ်နှစ်ရှိပြီဖြစ်သည်။ ဒီတစ်ခါ မုဆိုးမကျန်း လာရတဲ့ အကြောင်းရင်းက ဝါးမြစ်ကို ချဉ်အောင် လုပ်နည်းကို လာမေးတာပါ။ ရှီယွီရှီး သည် ဟင်းသီးဟင်းရွက်ကို ချဥ်အောင်လုပ်ရာတွင် အလွန်ကျွမ်းကျင်သည်။ ရီလင်း ရွာမှာ ဘယ်သူမှ သူ့ဟင်းချဉ်လောက် အရသာမရှိဘူး ။

ကူးပြောင်းလာပြီးနောက်အင်ပါယာစာမေးပွဲ​ဖြေဖို့ပြင်ဆင်နေတဲ့  Gong (Mm tran)Where stories live. Discover now