''ဘာပြောလိုက်တာ...''
မိုရာချော်လဲသည်လိူ့ပြောလို့ခါရူးလိုက်ကြည့်မိတော့သွေးတွေနဲ့သတိလစ်နေတဲ့မိုရာ့ကိုသာမြင်လိုက်ရတာမို့လူကဘာမှမတွေးနိုင်တော့ပဲ မိုရာ့ကိုအပြေးချီပြီးအိပ်ဆောင်ကိုသာအလောသုံးဆယ်ပြန်မိသည်။အခုတော့ဆေးဆရာပြောလိုက်တဲ့စကားကြောင့်ကိုယ့်နားတောင်ကိုယ်မယုံချင်။
အိပ်ဆောင်ကိုရောက်ထဲက မိုရာ့ရဲ့အောက်ပိုင်းကသွေးတွေကမြင်မကောင်းအောင်အဆက်မပြတ်စီးဆင်းနေတာဖြစ်ပြီး နာကျင်မှုကြောင့်ထင်သတိလစ်နေတာတောင်မိုရာကမျက်ခုံးများကိုကျုံ့ထားသည်။ဘယ်ကဘယ်လိုနာကျင်နေလဲဆိူတာခါရူးလဲမမှန်းဆတတ်။အောက်ပိုင်းကရောဘာကြောင့်များဒီလောက်ထိသွေးထွက်နေရတာလဲ။ကလေးမီးဖွားပြီးခါစထိခိုက်မိရင်တစ်မျိုးအခုက သားပင်ခြောက်လပြည့်နေပြီဆိူတော့ခါရူးမတွေးတတ်ပေ။ဒါပေမဲ့အခုဆေးဆရာရဲ့ပြောစကားမှာခါရူးပြောစရာပျောက်ရှတဲ့အထိဖြစ်ရသည်။ကလေးပျက်ကျတာတဲ့။မိုရာကလေ...
''ဟုတ်ပါတယ်.သခင်...သခင်မက သန္ဓေသားပျက်စီးသွားလို့အခုလိုသွေးအဆက်မပြက်ထွက်နေတာပါ''
''အဲ့တာဆို မိုရာရဲ့အခြေအနေကရော ဘယ်လိုလဲ''
''သခင်မက ကလေး ပျက်ကျတဲ့အရှိန်ကြောင့်သွေးထွက်များသွားလို့အားနည်းပြီးမေ့မျောနေတာပါ ခနနေရင်သတိရလာပါလိမ့်မယ်''
''ကောင်းပြီ.... သခင်မသောက်ဖို့ဆေးပေးခဲ့လိုက်ပါ..ပြီးတော့အခုကိစ္စကိုသခင်မကိုပေးမသိပါနဲ့ သူစိတ်မကောင်းဖြစ်လိမ့်မယ်''
''ဟုတ်ကဲ့ပါသခင်..ခွင့်ပြုပါဦး''
ဆေးဆရာထွက်သွားမှ ဖြူဖျော့နေတဲ့မိုရာ့ရဲ်မျက်နှာလေးကိုဖွဖွကိုင်ကြည့်ရင်းတောင်းပန်မိသည်။
''ကိုယ်တောင်းပန်ပါတယ် ကလေးရယ် ကိုယ့်ကြောင့် ကိုယ်ဂရုမစိူက်မိလို့အခုလိုဖြစ်ရတာ''
ခါရူးလဲရင်နှင့်အမျှနာကျင်ရပါသည်။သူတို့ရဲ့ကလေးလေး..ရှိမှန်းတောင် မသိလိူက်ရတဲ့ကလေးလေးကအခုတော့မရှိတော့ဘူးတဲ့လေ။သားသားရှိနေလို့ ေနာက်ထပ်ကလေးယူဖို့တွေးမထားပေမဲ့အမှတ်မထင်ရလာတဲ့ကလေးလေးကအခုတော့သူတို့ဘဝထဲက ထွက်သွားပြီဖြစ်သည်။ရောက်လာတာလဲမသိလိုက်သလိုထွက်သွားတော့လဲ မြန်မြန်ဆန်ဆန်ပင်ဖြစ်သည်။
တောင်းပန်ပါတယ် ကလေးလေးရယ် ဒီဖခင်အသုံးမကျလို့ ကလေးလေးက လောကကြီးကိုတောင်မရောက်လိုက်ရဘူး။မိုရာသာသိရင်ဘယ်လောက်ဝမ်းနည်းနေလိုက်မလဲ။သခင့်အတွက်ကလေးလေးတွေအများကြီးမွေးပေးပါ့မယ်လိုတတွတ်တွတ်ပြောတတ်တဲ့သူရဲ့ဇနီးလေး အခုသားလေးကိုတောင်အရိပ်တကြည့်ကြည့်နဲ့ချစ်တာ..သူရဲ့ကလေးလေးက အခုလိုသူ့ရင်သွေးလေးပျက်ဆီးတာကိုသိရင် ဘယ်လိုများနေပါ့မလဲ။သူတောင်ခုလောက်ခံစားနေရရင် သူ့ကလေးလေးကရောဘယ်လောက်တောင်ခံစားနေရရှာမလဲ။
''အင်းးးး''
ခါရူးဆုံးရှုံးသွားတဲ့ကလေးလေးအတွက်ရောမိူရာ့အတွက်ပါတွေးနေတဲ့အချိန်မိုရာ့ဆီက ညည်းသံကြားမိလိုက်သောကြောင့် ကျဆင်းနေတဲ့မျက်ရည်ကိုအလျင်အမြန်ပွတ်သုတ်လိုက်ပြီး မိုရာ့ကိုခေါ်လိုက်သည်။
''ရာရာ..ကလေးလေးနိုးပြီးလား''
''အင်းး..သခင်..''
''အင်း ကိုယ်ရှိတယ်လေ ဘာဖြစ်လို့လဲ''
''ရေ...ရေသောက်ချင်တယ်''
''ဟမ်..ရေလား ကိုယ်တိုက်မယ်နော်''
စားပွဲပေါ်ကရေကရားထဲက ရေကိုဖန်ခွက်ထဲထည့်ပြီးရေတောင်းနေတဲ့သူလေးကိူပွေ့ပြီးရေတိုက်တော့ အငမ်းမရသောက်ရှာသည်ရေဆာနေတာဖြစ်ရမည်။ခနအကြာရေသောက်လို့ပြီးတော့ ရေခွက်ကိုဘေးမှာပြန်ထားပြီး မိုရာ့ကို ရင်ခွင်ထဲမှာ ထည့်ပြီးဖက်ထားမိသည်
''သခင်..''
''အင်းး''
''ရာရာ ဘာဖြစ်တာလဲဟင်''
''ဟင်..''
ခါရူးထိတ်လန့်သွားရသည်။မိုရာ့ကိုအမှန်တိုင်းပြောပြလို့မရ သားကငယ်သေးတဲ့အချိန် မိုရာကစိတ်ဒဏ်ရာရလို့မဖြစ်။အဲ့တာကြောင့်မိုရာ့ကိူအမှန်တိူင်းမပြောဖို့ဆူံးဖြတ်လိုက်ပြီး
''ဘာမှမဖြစ်ပါဘူး..ချော်လဲတဲ့အရှိန်ကြောင့်သတိလစ်သွားတာပါ''
''ဟင်..ဟုတ်လို့လား''
''ဟုတ်တယ် ကလေးရဲ့ဆေးဆရာကိုယ်တိုင်ပြောသွားတာ''
''အဲ့တာဆိုရင်ဘာလို့ရာရာ့အောက်ပိုင်းကသွေးထွက်ရတာလဲ''
''သြော်..အဲ့တာက..အရင်သားကိုမွေးထားတဲ့ဒဏ်ရာကပြန်ခိုက်မိသွားလို့ပါ''
''ဟုတ်လား အဲ့တာကြောင့်ထင်တယ်အောက်ပိုင်းကနာနေတာ''
''အင်း ဟုတ်တယ် အခုနားလိူက်နော်''
''ဟုတ်ကဲ့ ''
ခါရူးမနည်းထိန်းပြီးဖြေလိုက်ရသည်။တစ်ခုခုအမှားပါသွားလို့ရာရာရိပ်မိသွားမှာကိုကြောက်မိနေတာကြောင့်ဇောချွေးတောင်ပျံနေရသည်။တကယ်တော့မိုရာ့ရဲ့အောက်ပိုင်းနာနေရတာကလဲ ကလေးလေးကဗိုက်ထဲမှာတင်ပျက်စီးသွားတာကြောင့်ကလေးလေးကိုနှိုက်ပြီးထုတ်ထားရတာကြောင့်ဖြစ်သည်။တော်သေးတာက မိုရာကခါရူးပြောတာကိုယုံကြည်ပြီးဘာမှထပ်မမေးတော့တာပင်။မဟူရင်ရှင်းရခက်နေဦးမည်။
''သခင်ကြီး...ဧည့်သည်ရောက်နေပါတယ်''
''ဘယ်သူလဲ..ဧည့်သည်က''
''မသိပါဘူး.. သခင်ကြီးနဲ့တွေ့ချင်လို့တဲ့ပြီးတော့အရေးကြီးတယ်လို့လဲပြောလိုက်ပါသေးတယ်''
''အင်းခေါ်ခဲ့လိုက်လေ..''
မက်သရူးအတွေးများနေတုန်းအစေခံကောင်လေးရဲ့အပြောကြောင့်အံသြနေရသည်။သူ့ဆီကိုတကူးတကလာမဲ့သူမှမရှိတာ။
မက်သရူးလဲအခုဆိုအရင်လိုမဟုတော့ပေ။အီရန်ပြောပြလို့အကြောင်းစုံသိသွားပြီဖြစ်သည်။အဲ့အတွက်လဲ အီရန့်ကိုတောင်းပန်လိုက်ရသေးသည်။သူချစ်မြတ်နိူးတဲ့လူကိုတောင်အပြစ်မြင်ရတဲ့အထိသူ့ရဲ့အာရုံတွေက အမှောင်ဖုံးခဲ့သည်။ထိုသို့ဖြစ်အောင်လုပ်တဲ့ အစ္စလီ ကိုလဲ အရင်ကထက်ပိုပြီးရွံမုန်းမိသည်။
မျိုးနွယ်စုဆီ စရောက်တဲ့အချိန်ထဲက မက်သရူးအနေနဲ့သိပ်ပြီးမသကာ်သလိုကြည့်လို့လဲမရပေ။မက်သရူးရဲ့ဖခင်ကအပျော်အပါးမက်တဲ့သူမဟုတ်သလိုတွေ့ရာမိန်းမနဲ့လဲ ပျော်ပါးမှာမဟုတ်ခဲ့ပေ။ဒါပေမဲ့ဖခင်ကိုယ်တိုင်ကလက်ခံတဲ့အတွက်သူလဲဘာမှမပြောလိုတော့ပဲလက်ခံလိုက်ရတာဖြစ်သည်။အခုတော့အတန်တန်သတိထားနေတဲ့ကြားက သူမရဲ့ ကောက်ကျစ်မှုကိုခံရသေးသည်။
''အကို...''
''ဟင်''
အတွေးလွန်နေတုန်းအသံချိုချိုလေးကိုကြားလိုက်ရတာမို့ မက်သရူးပြုံးမိသည်။သူရဲ့အသည်းအသက်လေးအသံမလား။ သူတောင်းပန်တုန်းကလဲ သာသာယာယာပဲ ခွင့်လွှတ်ပေးတဲ့အတွက် သူ့မှာမျက်နှာပူရသေးသည်။
''ဘာတွေတွေးနေတာမလို့ အီရန်ခေါ်တာကိုမကြားရတာလဲ''
''ဘာအကြောင်းကိုတွေးရမှာလဲ..ကိုယ်ရဲ့ဇနီးလေးရဲ့အကြောင်းပေါ့''
မက်သရူးပြောလိုက်တော့ပါးလေးနှစ်ဖက်နီစွေးသွားတဲ့အီရန်က အရင်ကထက်ပင်ပိုလှလာသလိုပင်။ရှက်တတ်တဲ့အကျင့်ကလဲ အခုထိကိုမပျောက်သေးပေ။အရင်တုန်းကဆက်ဆက်ထိမခံဖြစ်ပြီးမောက်မာခဲ့တုန်းကလဲချစ်ခဲ့ရသလို အခုလိုလေးတည်ငြိမ်ပြီးအရာရာကိုခွင့်လွှတ်ပေးတတ်တဲ့သူအဖြစ်ပြောင်းလဲသွားတော့လဲပိုလို့တောင်ချစ်ရသေးသည်။
''သခင်ကြီး ခေါ်လာပါပြီ''
အစေခံကောင်လေးခေါ်လာလို့ကြည့်မိတော့အမျိုးသမီးတစ်ယောက်ကိုတွေ့လိုက်ရသည်။အမျိုးသမီးကြီးကြည့်ရတာနွမ်းနွမ်းဖတ်ဖတ်ကိုမှ ယောက္ခမတော်ရဲ့အသက်အရွယ်လောက်ပင်ရှိလောက်မည်။
''သခင်နဲ့သခင်မကိုနှုတ်ဆက်ပါတယ်''
''အင်းထိုင်ပါဦး''
ထိုအမျိုးသမီးက မက်သရူးတို့ကိုနှုတ်ဆက်ပြီးမက်သရူးတို့ရဲ့ဘေးကခုံမှာဝင်ထိုင်လိုက်ပြီးစကားစလာသည်။
''ကျွန်မက ယုရီရဲ့အမေပါ''
''ဘယ်လို...''
ထိုအမျိုးသမီးရဲ့စကားအဆုံးနှစ်ယောက်လုံးမျက်လုံးပြူးသွားရသည်။အခုသူမက သူ့ကိုယ်သူ ယုရီရဲ့အမေပါလို့ပြောလိုက်တယ်မလား။ယုရီကိုသူတို့မသိပေ။ဘယ်ကမိန်းကလေးအကြောင်းလဲဆိုတာမတွေးတတ်တာမို့မေးကြည့်မိသည်။
''ယုရီဘယ်ကယုရီလဲဒီမှာအဲ့လိုနာမည်နဲ့မိန်းကလေးမရှိဘူး''
မက်သရူးကပြောတော့ထိုအမျိုးသမီးကပြန်ဖြေလာတဲ့အဖြေကြောင့် အံသြရသေးသည်။သူမပြောတာက
''သခင်ကြီးတို့ဆီကို အမျိုးသမီးတစ်ယောက်နဲ့မိန်းကလေးတစ်ယောက်ရောက်လာတယ်မလား''
''ခများဘယ်လိုသိလဲ''
''အဲ့မိန်းကလေးက ကျွန်မရဲ့သမီးယုရီပါ''
''ဘယ်လို....''
''ဟုတ်ပါတယ် ''
အာ့တာဆိုရင်ဆုံးပါးသွားတဲ့အမေဆိုသူကရောဘယ်သူလဲ။ဒီမိန်းမကရောအမှန်တိုင်းပြောတာဖြစ်နိုင်ပါ့မလား။မက်သရူးတို့နှစ်ယောက်အတွေးများနေတာကိုထိုမိန်းမကသိပုံရပြီးဆက်ပြောလာသည်။
''သခင်ကြီးတို့မယုံနိုင်တာကိုသိပါတယ်ဒါပေမဲ့ အမှန်တရားကိုပြောတာပါ''
''ဘယ်လိုသက်သေပြပေးနိုင်မလဲ''
''ကျွန်မပြောပြပါ့မယ်....ကျွန်မကဒီမျိူးနွယ်စုနဲ့သိပ်မဝေးနဲ့ရွာကပါ ရွာဆိုတာကလဲ လူတွေအများကြီးမရှိပါဘူး ခရီးသွားတွေသွားရင်းလာရင်းတည်းခိုတဲ့သူတွေလောက်ပဲရှိတာပါပြီးတော့အဲ့ရွာမှာနေတဲ့သူကနည်းပါတယ်။တစ်နေ့မှာ ကျွန်မတို့အိမ်ကို အမျိုးသမီးတစ်ယောက်ရောက်လာပါတယ်သူ့ပုံကိုကြည့်ရတာချမ်းသာတဲ့ပုံပါပဲ အဝတ်အစားကအစတောက်ပြောင်နေတာပဲ.သူမကပြောတယ်သူဒီရွာမှာနေချင်လို့ အိမ်ဆောက်ချင်လို့ ကူညီပေးပါလို့ပြောလာတယ်ပြီးတော့ သူမက ကိုယ်ဝန်အရင့်အမာကြီးလဲရှိနေတာမို့လို့ ကျွန်မရဲ့အမျိုးသားကသနားသွားတယ်ကျွန်မကိူယ်တိူင်ကလဲ ကိုယ်ဝန်ရှိနေတာမို့ကိုယ်ချင်းစာပြီး ကျွန်မတို့အိမ်မှာပဲထားလိုက်တယ် သူမကကျွန်မတို့အတွက်အိမ်စရိတ်ကိုလဲပေးတော့အဆင်ပြေတာပေါ့...နောက်သိပ်မကြာလိုက်ပဲသူမနဲ့ကျွန်မရှေ့ဆင့်နောက်ဆင့်ကလေးမီးဖွားခဲ့တယ် နှစ်ယောက်လုံး ကလဲသမီးလေးတွေချည်းပဲ ဒါပေမဲ့သူမရဲ့ကလေးက သုံးလလောက်ရောက်တော့ဖျားနာပြီးဆုံးသွားတယ်။သွေးနုတဲ့အချိန်လဲ ဖြစ် ကလေးကိုသိပ်ချစ်တဲ့သူဆိုတော့အရူးတစ်ပိုင်းပဲ ကျွန်မတို့လဲ သူမကိူကြည့်ပြီးသနားခဲ့ရတယ်။နောက်တော့သူမကကျန်းမာရေးပြန်ကောင်းလာတယ်ကျွန်မတို့သမီးလေးကိုလဲသူ့သမီးအရင်းလေးလိုချစ်ပေးတယ် သမီးလေး၃နှစ်အရွယ်ရောက်တော့ ကျွန်မခင်ပွန်းကရောဂါတစ်ခုကြောင့်ဆုံးပါးသွားခဲ့တယ်အာ့အချိန်ကစပြီး ကျွန်မ တို့သားအမိက ထိုအမျိုးသမီးကိုပဲအားကိုးနေရတော့တာပဲ''
''အာ့တော့ အခုကဘာ ဖြစ်လို့လဲ ဘာဖြစ်လို့ကျုပ်တို့ဆီလာရတာလဲ''
မက်သရူးစိတ်မရှည်ချင်တော့ပေ။ဟုတ်တယ်လေသူ့သမီးရဲ့အကြောင်းကိုပြောနေတာနဲ့တင်နားထောင်ရတာညောင်းလှပြီ။
''အကို....ဆက်ပြောပါဘာဆက်ဖြစ်လဲ''
စိတ်မရှည်ဖြစ်နေတဲ့အကို့ကိုအီရန်သတိပေးပြီးခုနကအမျိုးသမီးကိုစကားဆက်ပြောခိုင်းလိုက်သည်။
''ကျွန်မသမီးလေးကအရွယ်ရောက်လာလေသူ့စကားတွေကိုနားထောင်ပြီးလမ်းမှားလာလေဖြစ်လာတယ် သမီး လေးက ပိုက်ဆံကိုသိပ်မက်ပြီးချမ်းချမ်းသာသာနေချင်လာတယ်အာ့တာကလဲ ဟိူမိန်းမရဲ့မြူဆွယ်ပြောဆိုမှုတွေကြောင့်ပါ....တစ်နေ့ ကျွန်မတို့အိမ်ကို လူတစ်ချိူ့ရောက်လာတယ်ကျွန်မရဲ့သမီးက လက်ဆက်ထားတဲ့ယောကျာ်းတစ်ယောက်နဲ့လာပက်သက်နေလို့တဲ့လေ အာ့ယောကျာ်းရဲ့အမျိုးသမီးကိုယ်တိုင်လာပြောတာ အဲ့နေ့ကနေစပြီး သမီးလေးရောဟိူမိန်းမရောပျောက်သွားတာပဲ ကျွန်မ လဲလိုက်ရှာရင်းနဲ့ကျွန်မတို့ရွာနဲ့သိပ်မဝေးတဲ့မြို့ကစားသောက်ဆိုင်တစ်ခုမှာသမီးလေးကိုခေါ်သွားတဲ့အမျိုးသမီးအကြောင်းကိုသိခဲ့ရတယ် အဲ့အမျိုးသမီးက အရင်ကအပျော်မယ်တဲ့လေ သခင်ကြီးတစ်ယောက်ကိုအပိုင်ဖမ်းပေမဲ့သခင်ကြီးက အရေးမစိုက်ပဲ ငွေတွေသာပေးခဲ့ပြီးထားခဲ့တာတဲ့သူမကတော့ဗိုက်တစ်လုံးနဲ့ကျန်ခဲ့ရတာတဲ့လေ...နောက်ထပ်ဆက်စုံစမ်းရင်းနဲ့မှ သမီးလေးက ဒီကိုရောက်လာတာကိုသိရသလိူ ဟိုမိန်းမနဲ့ပက်သက်ဘူးတဲ့သူကဒီမျိုးနွယ်ရဲ့သခင်ကြီးဆိူတာသိရလို့ ဒီကိုလိုက်လာတာပါ''
ထိုအမျိုးသမီးရဲ့စကားအဆုံး အီရန်တို့မှာအံ့သြမှုကြောင့်စကားတောင်မပြောနိုင်ပေ။အာ့တာဆိုရင်လီလီက အကိုနဲ့ဘာမှမတော်သလို ယောက္ခထီးရဲ့ကလေးလဲမဟုတ်ဘူးပေါ့။အီရန်တိူ့အညာမိသွားတာပေါ့
''အာ့တာဆို ဒီကိုရောက်လာတဲ့အစ္စလီက ခများသမီးပေါ့ဟုလား''
''အစ္စလီတဲ့လားး''
''ဟုတ်တယ် လေအာ့တာခများသမီးနာမည်''
''ကျွန်မသမီးလေးရဲ့နာမည်ကယုရီပါ အစ္စလီဆိုတာသူတိူ့ပြောင်းလိုက်ကြတာဖြစ်မယ် အခုကျွန်မသမီးလေးကဘယ်မှာလဲဟင် ဟိုအမျိူးသမီးရောပဲ''
''ဟိုအမျိုးသမီးကတော့ ဒီကိုရောက်ပြီးသိပ်မကြာဘူး ဆုံးသွားတယ်ဒါပေမဲ့ခများသမီးကတော့ ဒီမှာမရှိဘူး''
''သမီး ေလးကဘယ်ရောက်နေလို့လဲဟင်''
''ခများသမီးက အခုကျုပ်အကိုရဲ့မျိူးနွယ်စုမှာရောက်နေတာ''
''ဘယ်လိုဖြစ်ပြီး...''
''ခများရဲ့သမီးကကျုပ်ရဲ့ခင်ပွန်းကိုဆေးခပ်ပြီးသူပြောသမျှကိုလုပ်အောင် ကြံစည်ခဲ့တယ်ပြီးတော့ ကျုပ်အကိုရဲ့ခင်ပွန်းနဲ့လက်ဆက်ချင်ပါတယ်ပြောလို့ ကျုပ်ရဲ့ခင်ပွန်းကသူခပ်ထားတဲ့ဆေးအရှိန်ကြောင့်သူပြောသမျှကိုလူပ်ပေးခဲ့တာ အာ့တာကြောင့်အခုခများသမီးက ကျုပ်အကိုရဲ့ခင်ပွန်းနဲ့လက်ဆက်ပြီး ချန်မျိူးနွယ်မှာရောက်နေတယ်''
''ဟင်..အာ့တာဆိုရင်မြန်မြန်သွားခေါ်မှရမှာ''
''ဘာဖြစ်လို့လဲ... ''
''ကျွန်မရဲ့သမီးက ဟိုအမျိုးသမီးကြောင့်စည်းစိမ်ကိုပိုမက်ပြီး သူလိုချင်သမျှကိုရဖို့အတွက်ဆိုရင်လဲဘာမဆိုလုပ်ရဲသလို ဒုက္ခလဲပေးရဲတယ် အာ့တာကြောင့် ကျွန်မတို့မြန်မြန်သွားမှရမယ်''
''ဟင်...အာ့တာဆိုရင် ကျုပ်ရဲ့အကိုဒုက္ခရောက်နေလောက်ပြီပေါ့...အကိုအီရန်တို့လိုက်သွားမှရမယ်မဟုတ်ရင်အီရန့်အကိုဒုက္ခရောက်လိမ့်မယ်''
''အင်းပါစိတ်ကိုအေးအေးထားဟုတ်ပြီလားအကိုတို့နက်ဖန်လိုက်သွားကြတာပေါ့..ကဲခများလဲနားလိုက်တော့လေ နက်ဖန်ခရီးထွက်ရင်လိုက်ရမှာဆိုတော့အနားယူလိုက်ဦး..အစေခံကောင်လေးတွေလမ်းပြလိမ့်မယ်''
''ကောင်းပါပြီ ''
ထိုအမျိုးသမီးထွက်သွားမှပဲအီရန်လဲအကို့နားကိုပိုတိုးကပ်ပြီးထိုင်လိုက်မိသည်။စည်းစိမ်ကိုမက်တယ်တဲ့လား အဲ့တာကြောင့်အပြစ်မရှိတဲ့အီရန်ရဲ့ကလေးလေးကိုသတ်ပြစ်ခဲ့တာပေါ့။အီရန်မျက်နှာမကောင်းတာကိူမြင်တော့အကိုကမေးလာသည်
''အီရန်ဘာဖြစ်လို့လဲဟင် ဘာလို့မျက်နှာမကောင်းတာလဲ''
''အီရန့်တို့ရဲ့ကလေးလေးအကြောင်းကိုတွေးမိသွားလို့ပါ''
''ကိုယ်တောင်းပန်ပါတယ် အီရန်ရယ်ကိုယ့်ကြောင့်ကိုယ်အသုံးမကျလို့ ကလေးလေးအခုလိုဖြစ်ရတာပါ''
''ဟင့်အင် အကိုကြောင့်မဟုတ်ပါဘူး ကိုယ့်ကိုကိုယ်အပြစ်မတင်ပါနဲ့ အီရန်ရဲ့ပေါ့ဆမှူကြောင့်ပါ အီရန်သာသတိထားပြီးနေခဲ့ရင်အခုလိုဖြစ်မှာမဟုတ်ဘူး''
''ဟင့်အင် ကိုယ်မကောင်းခဲ့တာပါ ကိုယ့်ကိုဆေးခပ်တာတောင်မတိမ်းရှောင်နိုင်ခဲ့လိုကိုယ့်ရဲ့သွေးသားကိုအခုလိုဆုံးရှုံးရတာ''
အကိုက ပြောရင်းနဲ်မျက်ရည်တွေကျလာသည်။ထိုသို့အကိုဝမ်းနည်းနေတာမြင်ရတော့အီရန်စိတ်မကောင်းပေ။အရာအားလုံးကအစ္စလီကြောင့်သာအခုလိုဖြစ်ရတာပင်။သူမကြောင့်သူတို့ကလေးလေးသေရတာဖြစ်သည်။အခုလဲ မိုရာနဲ့တူလေးအတွက်စိုးရိမ်မိသည်။မိုရာ့ရဲ့ခင်ပွန်းက မိုရာ့ကိုသိပ်ချစ်တော့မိုရာ့ကိုဒုက္ခပေးလာနိုင်သည်။
''အီရန်.ဘာတွေတွေးနေတာလဲ ကလေးလေးအကြောင်းမတွေးပါနဲ့တော့''
''မဟုတ်ပါဘူးအကိုရဲ့မိုရာနဲ့တူလေးအကြောင်းစဥ်းစားနေတာပါ ဘာမှမဖြစ်ပါစေနဲ့လို့ဆုတောင်းနေတာ''
''ဘာမှမဖြစ်လောက်ပါဘူး သူ့ခင်ပွန်းက ဒီလောက်ဂရုစိုက်ပေးတာ''
''အင်း အကိုလဲ သူ့ခင်ပွန်းလို့ အီရန်နဲ့ကလေးလေးကိုဂရုစိုက်ရမယ်နော်''
''ဒါပေါ့ ဂရုစိုက် မှာပေါ့...ဟမ် အီရန်အခုဘာပြောလိုက်တာလဲကလေးလေးလို့ပြောလိုက်တာမလား''
''ဟုတ်တယ် အကို အီရန့်မှာအကိုရဲ့ရင်သွေးလေးထပ်ရှိနေပြီး''
''တကယ် ဝမ်းသာလိုက်တာအီရန်ရယ်...ကိုယ်တကယ်ပျော်တယ်စိတ်ချပါအခုကစပြီးအီရန်နဲ့ကလေးလေးကိုမှဲ့တစ်ပေါက်မစွန်းအောင်စောင့်ရှောက်ပါ့မယ်လို့ကတိပေးပါတယ်''
''ယုံပါတယ် အကို...''
အီရန်ရဲ့နောက်ထပ်ကလေးလေးကိုလဲထပ်အထိခိုက်မခံနိုင်တော့ပေ။ဒါပေမဲ့အခုလောလောဆယ် မိုရာကပိုပြီးအရေးကြီးသည်။အီရန်တို့ရောက်သွားတဲ့အထိဘာမှမဖြစ်ပါစေနဲ့ဦးလို့ပဲဆုတောင်းရမည်။
...................................................
Yoon
ရေးရင်းလဲအရှိန်တွေပါ၃၀၀၀တေွကျော်သွားပါတယ်လို့ အိပ်ပျော်သွားလို့ လန့်နိုးတော့ရေးထားတဲ့စာလုံးရေး၂၇၀၀မှာ၅၀၀လောက်ပျက်သွားတယ် အာ့တာ ကြောင့် အိပ်ချင်မူးတူးရေးထားလို့စာလုံးပေါင်းသည်းခံပါလို့