(Unicode)🥟
ဒေါက်! ဒေါက်!
"လာပါပြီ.....!"
ကျွီ!
"......."
ငြိမ့်တံခါးဖွင့်လိုက်သည်နှင့်တွေ့လိုက်ရသည့်မြင်ကွင်းကြောင့် နှုတ်ခမ်းထောင့်လေးတွေ မသိမသာ ညွှတ်ကွေးကုန်သည်။
လယ်၀ိုင်း ဆွယ်တာလက်ရှည်နှင့် ခြည်သားဘောင်းဘီအပွကိုတွဲ၀တ်ထားပြီး၊ တွေ့နေကျလို ဆံပင်များမှာ ဂျယ်လ်ဖြင့်ပုံသွင်းထားခြင်းမဟုတ်ဘဲ ခေါင်းလျှော်ထားသည့်နှယ် စိုစွတ်စွတ်ဆံပင်များမှာ နှဖူးပေါ်သို့ ဟိုတစ်စဒီတစ်စပင် ကျနေသည်။
"ငါ့ကိုပေးမ၀င်တော့ဖူးလား"
"အာ..!ဟုတ်..!"
လူကိုခေါင်းအစခြေအဆုံး မျက်တောင်မခတ် တရားခံကြည့်သလိုကြည့်နေသော အရှေ့ကတံခါးရှေ့တွင်ပိတ်ရပ်ထားကာ ညအိပ့်ကာတွန်း၀မ်းဆက်၀တ်ထားသော ဖြူစွတ်စွတ်ကောင်ကို တော်၀င်ခပ်ဆတ်ဆတ် တစ်ချက်ဟောက်ပေးလိုက်တော့ သူ့ကိုယ်လေးကို အနောက်သို့ကပ်ပေးလာသည်။
"........"
"ဟို အကို....ခဗျား ဘာပြောစရာရှိလို့လဲဟင်"
"........"
အကိုက မည်သည်မျှပြန်မဖြေကာ ကုတင်ပေါ်သို့ ပက်လက်လှဲအိပ့်လိုက်သည်။
ဘာများဖြစ်လို့ပါလိမ့်။
"အကို ဘာများဖြစ်-!"
"နှောင်းငြိမ့်မြူ.....ငါ့အနားကိုလာပါ"
ငြိမ့်ပြောမည့်စကားတွေ ဇာတ်တောင်မသိမ်းလိုက်ခင် အကိုက လှဲလျက်ဖြတ်ကာပြောလာတဲ့စကားကြောင့် ငြိမ့်ကြောင်တောင်တောင်ပင်ဖြစ်သွားရသည်။
"ဗျာ......"
"အနားကိုလာလို့"
"ဟုတ်....."
ငြိမ့်အကို အိပ့်နေရာဆီသို့ ဖြေးဖြေးချင်းလျှောက်သွားလိုက်ပြီး အကို့အနားတွင်ရပ်နေလိုက်သည်။
ဘုန်း!
"ဘာ....ဘာလုပ်တာလဲ အကို....ခဗျား!"
ငြိမ့်လက်ကိုဆွဲကာ ကုတင်ပေါ်သို့ဆွဲချလိုက်တာကြောင့်ပင်။
"ငြိမ်ငြိမ်နေပါ...."
"......."
ငြိမ့်အနောက်မှအကိုက ရုတ်ချည်းသိုင်းဖက်လာကာ ငြိမ့်လယ်တိုင်တွင် နှာတံချွန်ချွန်ကို နစ်နေအောင် ဖိကပ်ထားတာကြောင့် ငြိမ့်ကိုယ်လေးကို ကျုံ့ထားမိသည်။
ရင်ခုန်သံတွေမှာလဲ အထိန်းအကွတ်မဲ့စွာ။
တော်၀င် ထိုကလေး၏လယ်တိုင်ကျော့ကျော့မှာ နှာဖျားနှစ်ကာ ကိုယ်သင်းနံ့မွေ့မွေ့ကို စိတ်ပြေနှပ်ပြေ ရှုရှိုက်နေမိသည်။
"ငါမင်းအနံ့လေးကို သဘောကျတယ်....."
"ဗျ..ဗျာ!"
"သဘောကျတယ်လို့၊ မင်းရဲ့ကိုယ်သင်းနံ့လေးကို"
"........"
ငြိမ့်ရင်တွင်းတစ်နေရာမှာ လှပ်ခနဲပင်ဖြစ်သွားပြီး တံတွေးပင် မျိုချလိုက်မိသည်။
"ငါ....စိတ်ပင်ပန်းနေတဲ့အချိန်တိုင်း ဒီကိုယ်သင်းနံ့လေးကို ရှုရှိုက်ချင်တယ်...."
"........"
"ငါအခုအရမ်းပင်ပန်းနေတယ်"
ထိုစကားကြောင့် ငြိမ့်မျက်လုံးလေးတွေ လက်သွားကာ အကို့ဘက်သို့ လှည့်လိုက်ပြီး
"ကျွန်တော့်ကို....ပြောပြလို့ရရင် ပြောပြပါ။ရင်ဖွင့်လို့ရပါတယ်၊ ကျွန်တော်နားထောင်ပေးပါမယ်"
ထိုစကားအဆုံး တော်၀င် နှုတ်ခမ်းထောင့်လေးတွေ ကွေးကာသွားသည်။
မျက်လုံးလေးပြူးကာ ယုန်ဖြူလေးလိုပင်။
"ရတယ်.....ဒီတိုင်းပဲ....ဒီတိုင်းလေးပဲနေပေးပါ"
အကိုက ငြိမ့်ကို ရင်ခွင်ထဲသို့ထည့်ကာပြောသည်။
ကိုယ့်ရင်ထဲပေါ့ဖို့အတွက်နဲ့ ကိုယ့်အပူတွေ မင်းကိုမပေးချင်ဖူး နှောင်းငြိမ့်မြူ။
"........"
"နှောင်းငြိမ့်မြူ...."
"ဗျာ"
ငြိမ့် အကို့ရင်ခွင်ထဲမှာ ခေါင်းလေးထောင်မော့ကာ ထူးလိုက်သည်။
"ငါ.....မနက်ကျရင် မင်းကိုလိုက်ပို့ဖို့ မအားတော့ဖူး"
"ဗျာ...."
အကိုက ငြိမ့်ကိုငုပ်ကာကြည့်လာသည်။
"ဟို....အရေးကြီးကိစ္စလေးရှိလို့၊ အ့တာ....."
"ဟုတ် ရပါတယ်၊ မနက်ကျရင် ကျွန်တော် ကိုယ့်ဘာသာပဲ သွားလိုက်ပါ့မယ်"
"........"
"အကို့ အလုပ်ကိစ္စကိုသာ စိတ်ဖြောင့်ဖြောင့်သွားလုပ်ပါ"
"........"
"ကျွန်တော်က ဒီတိုင်းသွားလဲရပါတယ်"
"........"
အကိုက ငြိမ့်ကို တိုးကာပွေ့ဖက်လာသည်။
ခနလောက်ကြာသည်အထိ စကားမဆက်မိကြပါ။
အကို့အသက်ရှုသံပုံမှန်ကြားမှာ အကိုအိပ့်ပျော်သွားပြီဖြစ်မှန်း ငြိမ့်သိတော့၏။
တစ်စုံတစ်ယောက်က အိပ်ပျော်သွားနိုင်ပေမဲ့ တစ်စုံတစ်ယောက်မှာတော့ ရင်ခုန်သံတွေ ၀ုန်းဒိုင်းကျဲကာ ကျန်နေခဲ့တော့၏။
>>>>>>>>>>>>>>
လိုက်ကာမပိတ်ထားသည့် မှန်ပြတင်းပေါက်မှ မျက်နှာပေါ်သို့ ကျရောက်လာသည့် နေရောင်ခြည်နွေးနွေးကြောင့် ငြိမ့်နိုးလာခဲ့သည်။
လေးလံနေသည့် မျက်လုံးအစုံကို အားယူကာဖွင့်လိုက်ပြီး ဘေးရှိ မည်သူမျှမရှိသည့် နေရာလွတ်လေးကိုကြည့်ပြီး နှစ်နှစ်ခြိုက်ခြိုက်ပင်ပြုံးနေမိတော့သည်။
အကို အုံးသည့်ခေါင်းအုံးကိုဆတ်ခနဲဆွဲယူပြီး အားဖြင့်ညစ်ကာ ပွေ့ဖက်ပြီး နမ်းရှူံနေမိသည်မှာ အရူးတစ်ယောက်လိုပင်။
မြတ်နိုးသည်။ထိုလူနှင့်ပတ်သတ်သမျှ အသေးအမွှားလေးတွေက အစမြတ်နိုးရပါ၏။
"အရမ်းချစ်မိနေပြီထင်တယ်၊ ဒီလိုနဲ့....ချစ်တယ်ဆိုတဲ့စကားကိုမပြောလိုက်ရမှာအရမ်းကြောက်တယ်။အကိုသာ ကျွန်တော့်လို မခံစားနေရဘူးရင်ဆိုတဲ့စိတ်နဲ့လဲ ဖွင့်ပြောမိသွားမှာဆိုးတယ်...."
"ကိုယ်သာမပိုင်ဆိုင်ခဲ့ရရင်ဆိုတဲ့စိတ်ကလဲ တစ်ကြော့ပြန်ခြောက်လန့်နေပြီး၊ တခြားသူသာ ပိုင်ဆိုင်သွားခဲ့ရင်ဆိုတဲ့စိတ်ကလဲ နှလုံးသားထဲကို တဖြေးဖြေးတိုက်စားနေပြန်တယ်"
"ဒီအတောအတွင်း.....အကိုတစ်ယောက်ယောက်ကိုသဘောကျသွားမှာလဲစိုးတယ်၊ သဘောကျသွားတဲ့ တစ်ယောက်ယောက်ကလဲ.....ကျွန်တော်မဟုတ်မှာ ကြောက်တယ်အကို.....ခဗျားကို ကျွန်တော်တစ်ယောက်တည်းပဲ အပိုင်လိုချင်လိုက်တာ"
"ဘယ်သူမှမတွေ့နိုင်တဲ့ နေရာတစ်နေရာမှာ ဖွတ်ထားချင်လောက်အောင်အထိကိုပဲ...."
ခေါင်းအုံးတစ်လုံးကို အရူးတစ်ယောက်လိုပင် ကြည့်ကာ တစ်ယောက်တည်းစကားတွေပြောနေမိသည်။
အချစ်ကြောင့်....ရူးနေပြီနဲ့တူပါရဲ့။
____________________
မေကျော့ရှင်း တစ်ယောက် အရှေ့ရှိ မိမိထက် ၄နှစ်လောက်ငယ်သည့် ကောင်လေးကိုငေးနေမိသည်။
ထိုသူကတော့ ဖုန်းကြည့်ပင်မပျက်၊ စရောက်တည်းက ကိုယ်ဘာစကားမှစမပြောတာကို သူကလဲ ဘာစကားမှဆိုမလာ။ကိုယ့်ကိုတစ်ချက်တောင်မကြည့်။
မေကျော့ စိတ်ထဲမှာ မခံမရပ်နိုင်ပင်ဖြစ်လာသည်။
"ဟိတ်..."
"........"
ကိုယ့်ဘက်မှအသံပြုတော့ မျက်လုံးလှန်ကာကြည့်လာသည်။
"မင်း....တို့နဲ့ ဘာပြောစရာမှမရှိဖူးလား"
"ကျွန်တော်က.....မာမီလာတွေ့ခိုင်းလို့လာတွေ့ရုံပါပဲ"
"ဒါပေမဲ့ တို့တွေက လက်ထပ်ရမဲ့လူတွေလေ၊ တစ်ယောက်အကြောင်းတစ်ယောက်သိအောင်တော့-!"
"မမေကျော့ရှင်း....."
"........"
"ကျွန်တော့်ဘက်က စိတ်မပါဖူးဆိုတာကို မမေကျော့ရှင်း သိထားမှာပါ"
"........"
"အဲ့တာကြောင့် ကျေးဇူးပြုပြီး ဒီ့ထက်ပိုလာမဲ့ စကားတွေမပြောပါနဲ့"
"........"
"မမေကျော့ရှင်း ပြောစရာမရှိတော့ရင် ဒီလောက်နဲ့ပဲ ကျွန်တော် ပြန်ပါတော့မယ်၊ ခွင့်ပြုပါအုံး"
"တို့က မင်းနဲ့ လက်ထပ်ရတဲ့နေ့ထိစောင့်နေမှာ!"
တော်၀င်ထရပ်လိုက်သည်နှင့် ထိုသို့ပြောလာသည်။
"အဲ့တာက အမသဘောပါ၊ အခုတော့ ကျွန်တော်မအားသေးတာမို့"
"........"
ထိုသို့ပစ်ပစ်ခါခါပြောကာ လှည့်ထွက်သွားသူ၏ကျောပြင်ကိုကြည့်ကာမေကျော့ရှင်းတစ်ယောက် ရှက်စိတ်နှင့် ဒေါသစိတ်တို့ရောထွေးကာ အသက်ရှုတွေပင်မြန်လာခဲ့သည်။
မေကျော့ရှင်းမှာ ၂၆နှစ် လူလတ်ပိုင်းမိန်းမတစ်ယောက်၏ နန်းဆန်သည့်အလှမျိုးပင်ရှိသည်။ခါးလောက်ရှိသည့် ရှည်လျား၊ နက်မှောင်နေသည့်ဆံပင်နှင့် ၀တ်တတ်စားတတ်မှု့က သူ့အလှကို ပို၍ပင် အရောင်ဟပ်စေသည်။
မေကျော့ရှင်းဆိုတဲ့ မိန်းမကိုလိုချင်နေသည့် ယောကျာ်းတွေမှာ တောင်လိုယာလိုပင်ပုံနေသည့်ကြားမှ ကိုယ့်ကိုအရေးတောင်မစိုက်သည့် ယောကျာ်းကိုမှ!!
ဘာပဲဖြစ်ဖြစ် ငါက မင်းကိုလက်ထပ်မှာ!
____________________
ကမ္ဘာ နှောင်းငြိမ့်နှင့် ၀ဿန်တို့နှင့်အတူ ကန်တင်းသို့စကားပြောကာ၊ ဆိုကာ လျှောက်လာကြသည်။
"ဟိုမှာ....ကဗျာပဲ၊ ကဗျာ့...."
၀ဿန်က ကဗျာ့ကို လက်လှမ်းပြကာလှမ်းခေါ်တာကြောင့် ကဗျာ မရုံ့မရဲဖြင့်သူတို့အနားသို့လျှောက်သွားလိုက်သည်။
"......."
"ငါတို့နဲ့ ကန်တင်းလိုက်ခဲ့ကဗျာ"
"အင်း ဟုတ်တယ်"
၀ဿန်နှင့် နှောင်းငြိမ့်ကထိုသို့ပြောလာသည်။
"ဟို....."
"လိုက်ခဲ့ပါ"
နှောင်းငြိမ့်က ကဗျာ့လက်ကိုဆွဲကာပြောလာသည်။
"အင်း.....လိုက်ခဲ့ပါမယ်"
"အဲ့တာဆိုသွားကြမယ်"
"ဟို....ငါ ဗိုက်....ဗိုက်အောင့်လာလို့ မလိုက်တော့ဖူးနော်"
သွားခါနီး ကမ္ဘာက သူ့ဗိုက်သူပွတ်ကာပြောလာသည်။
"ဟဲ့ ချက်ချင်းကြီး နင်ကလဲ"
"ငါသွားတော့မယ်!"
ကမ္ဘာက ဤသို့ပြောကာချက်ချင်းပင်ပြေးထွက်သွားသည်။
ကျန်သူတွေမှာတော့ ကြောင်တောင်တောင်ပင်။
ငါ့ကိုရှောင်နေတာလားကမ္ဘာ။ဒီနေ့နှင့်ဆို ကမ္ဘာနှင့် သေချာစကားမပြော၊ မတွေ့ရတာ ကဗျာနေမကောင်းတဲ့နေ့မှစ၍ ၁ပတ်ပင် တင်းတင်းပြည့်တော့မည်ဖြစ်သည်။
ဘာလို့.....ငါ့အပေါ်ကိုဒီလောက်တောင် စိမ်းကားသွားရတာလဲ ကမ္ဘာ။ငါမင်းအပေါ်မှာ ခံစားချက်တွေရှိနေတာကိုသာ သိသွားခဲ့ရင် ဒီထက်ပိုပြီး မင်းနဲ့ ဝေးကွာသွားနိုင်မလား။ချစ်လာပေးဖို့ မမျှော်လင့်ပေမဲ့၊ မင်းပေးတဲ့ လျစ်လျူရှု့မှု့တွေကိုတော့ ငါမလိုချင်ဖူးကမ္ဘာ။
"ကဲပါ....ငါတို့ပဲသွားကြမယ် လာ"
"အာ....အင်း"
၀ဿန်အသံကြားမှ အတွေးများ တစ်ခန်းရပ်ကာကန်တင်းဘက်သို့ဆက်လျှောက်လာကြတော့သည်။
ငြိမ့်တွေးနေမိသည်က သူကမ္ဘာ့ကိုအခွင့်အရေးပေးမည်ဟု ပြောခဲ့မိသည်က မှားများနေပြီလားပင်။
ထိုသို့ပြောခဲ့ခြင်းက တွေဝေစိတ်ကြောင့်ဖြစ်သည်။
အခု ငြိမ့်က ကဗျာ့ အချစ်ကို လုယူမည့်လူဖြစ်နေပြီးလားဆိုတာကိုပဲ။
______________________
ဒီနေ့တော့ အကိုလာမကြိုနိုင်တာမို့ ငြိမ့်လိုင်းကားစီး၍သာပြန်ရမည်ဖြစ်သည်။
"အဲ့တာဆို ငါသွားတော့မယ်နော်"
"နှောင်းငြိမ့် ကိုယ်အိမ်ပြန်လိုက်ပို့မယ်လေ"
ကမ္ဘာက ဆတ်ခနဲ၀င်၀င်ပြောသည်။
"ရပါတယ်....ငါဘာသာပြန်မှာ"
"ဟို......ငါအရင်ပြန်တော့မယ်နော်"
ကဗျာထိုသို့ပြောကာ ခပ်သွက်သွက်ထွက်လာလိုက်သည်။
"နေအုံး ကဗျာ!ငါနဲ့ပြန်မယ်"
၀ဿန်က အနောက်မှလှမ်းခေါ်ကာ ပြောသည်မို့ ကဗျာ ၀ဿန်ဖြင့်အတူထွက်လာလိုက်သည်။
ကျန်ခဲ့သည်က ကမ္ဘာနှင့် နှောင်းငြိမ့်ပင်။
အဆင်ပြေပါစေနော်.....ကမ္ဘာ။
ငြိမ့်ကမ္ဘာ့မျက်နှာကိုအကြည့်ရောက်သွားစဥ် ကမ္ဘာက ထွက်သွားသည့် ကဗျာ့ကျောပြင်ကို မျက်မှောင်ကျုံ့ကာ ငေးစိုက်၍ကြည့်နေသည်။
ထိုမြင်ကွင်းကြောင့် ငြိမ့်မသိမသာပြုံးလိုက်မိသည်။
ဒီလောကကြီးက ဘာတွေများ သီသီလေးလွဲနေကြတာပါလိမ့်။
____________________
နေ့အလင်းရောင်ကွယ်ပျောက်၍ အမှောင်လာနေသည်မှာအချိန် ည၈နာရီပင် တင်းတင်းထိုးနေပြီးဖြစ်သည်။သို့ပေမဲ့ ဟိုကလေးကတော့ ယခုထိပြန်မရောက်သေးသည်မို့ တော်၀င် ဧည့်ခန်းထဲ၌ ဟိုဘက်လျှောက်၊ ဒီဘက်လျှောက်၍ ဖင်မငြိမ်နိုင်ပင်ဖြစ်နေသည်။
ဘယ်တွေလျှောက်သွားနေတာလဲ နှောင်းငြိမ့်မြူ!!
"အကို....ခဗျား ပြန်ရောက်နေပြီလား"
ထိုအသံကြားသည်နှင့် တော်၀င်စိတ်တွေအစိုးမရကာ။
"ဘယ်အချိန်ရှိနေပြီလဲ!!"
"ဗျာ....."
"ဒါ မင်းပြန်လာရမဲ့အချိန်လား နှောင်းငြိမ့်မြူ"
"........"
ပြန်ချိန်နောက်ကျသွားသည်ကိုငြိမ့်သိသည်။
ငြိမ့်ကို ကမ္ဘာလိုက်ပို့တာဖြစ်သည်။ပြောပါသေးသည်၊ လိုက်ပို့စရာမလိုဖူးဟု။သို့ပေမဲ့ ငြိမ့်မလိုက်မချင်း ဆိုင်ကယ်နှင့်အနောက်မှ လိုက်လာနေသေးသည်မို့ မနေသာသည့်အဆုံးလိုက်လာခဲ့ရခြင်းဖြစ်သည်။ကံကဆိုးချင်တော့ လမ်းတွင်ဆိုင်ကယ်ဘီးပေါက်ကာ ပြင်ဆိုင်ရှိမည့်နေရာကိုလိုက်ရှာပြီး ပြင်ပြီးသည်အထိစောင့်နေရသည်မို့ အခုလိုနောက်ကျခြင်းဖြစ်သည်။
"ငါပြောနေတာကြားရဲ့လား!!"
ငြိမ့်ပုခုံးနှစ်ဖက်ကို လှုပ်ရမ်းကာပြောလာသည်မို့ လန့်ပင်သွားရသည်။
"ဟုတ်ကြား...ကြားပါတယ်"
ငြိမ့်အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြန်ဖြေလိုက်သည်။
အကို့မျက်လုံးတွေမှာ ဒေါသရိပ့်တွေ တမွေ့မွေ့နှင့်မို့ ငြိမ့်ခေါင်းလေးကိုငုပ်ထားမိသည်။
ကျစ်!
"ငါ့အရှေ့မှာ အဲ့လိုလာလုပ်ပြမနေနဲ့"
"........."
တော်၀င်သက်ပြင်းတစ်ချက်ချကာ
"ငါဘယ်လောက်စိတ်ပူနေလဲ သိရဲ့လား"
"........."
ထိုစကားအဆုံးငြိမ့်ခေါင်းလေး ဆတ်ခနဲထောင်သွားသည်။
အကိုက စိတ်ပူနေတာတဲ့လား!!ဘုရားရေ!
"အခု.....ဘယ်လိုပြန်လာတာလဲ"
ထိုစကားကြောင့် ငြိမ့်အကြပ်ရိုက်သွားရသည်။
ကမ္ဘာလိုက်ပို့သည်ဟုပြောလိုက်လျှင် အကိုပို၍ဒေါသထွက်မည်ပင်ဖြစ်သည်မို့
"ဟို.....လိုင်းကားနဲ့ပါ"
"လိုင်းကားနဲ့က ဘာလို့အဲ့လောက်နောက်ကျရတာလဲ"
အဖြေမှာ ရှာရပင်ခက်နေသည့်အခြေအနေ။
"သူ..သူငယ်ချင်းတစ်ယောက်က သူတို့အိမ်မှာ မုန့်လုပ်ထားလို့ စားဖို့ခေါ်လို့ လိုက်သွားတာပါ၊ အဲ့တာနဲ့ နောက်ကျသွားတာပါ အကို"
"........"
တော်၀င်သိပ်တော့မယုံချင်ပေမဲ့ ထိုကလေး၏မျက်နှာကိုကြည့်နေရင်းနှင့်ပင် စိတ်ထဲမရိုးမရွဖြစ်လာတာကြောင့်
"လာ သွားအိပ့်မယ်"
"ဗျာ.....!"
"သွားအိပ့်မယ်လို့"
"ဘာ...ဘယ်လိုသွားအိပ့်မှာလဲ!"
ငြိမ့်လက်ကိုဆွဲကာ အကိုက သူ့အခန်းဘက်သို့ ဦးတည်နေသည်မို့ ငြိမ့်အီလည်လည်ဖြစ်သွားကာ
"ငါ့အခန်းမှာ"
"ဗျာ!"
"မကြားတာလား နှောင်းငြိမ့်မြူ"
"ဟို....."
"ငါကောင်းကောင်းခေါ်တုန်းလိုက်အိပ့်နော် မဟုတ်ရင်-!"
"အကို!ခဗျားနော်!"
"ဘာလဲ"
"လိုက်အိပ့်ပါမယ်ဆို!!"
ထိုစကားအဆုံးတော်၀င်နှုတ်ခမ်းတစ်ဖက်တွန့်ရုံပြုံးလိုက်သည်။
တစ်နေကုန်ပင်ပန်းခဲ့သမျှ စိတ်တွေသည်လည်း ကြက်ပျောက်ငှက်ပျောက်။
ဒီရက်တွေထဲ.....သိသိသာသာပြုံးမိလာတယ်။ပြုံးမိလာသည်ကိုလည်း သိသည်။
မြင်ရသည်နှင့် ထိချင်၊ တွေ့ချင်နေတာ။ထိုကလေးဘယ်လိုလေးတွေပဲ လုပ်လုပ် ရယ်မိ၊ ပြုံးမိနေတော့တာပါပဲ။
မကြာခဏ သတိထားမိနေပြီး ဖန်ခါတလဲလဲကို ပြုံးမိနေတော့တာ။
ထိုကလေးကိုမြင်သည်နှင့် စိတ်ရော ခန္ဓာပါ ချုပ်နှောင်ခံလိုက်ရသလိုမျိုး။
ကိုယ်တိုင်မသိလိုက်ခင်ပဲ ပြောမပြတတ်အောင်......ဒီခံစားချက်လေးကို အရမ်းသဘောကျနေမိပြီ။
______________________
ကမ္ဘာတစ်ယောက် ကုတင်ပေါ်တွင်လှဲလျက်ဖုန်းcontactလေးတစ်ခုကိုကြည့်ကာ အတွေးများနေသည်။
"ငါဘာလို့ မင်းကိုရှောင်နေမိတာလဲ ကဗျာ..."
ကျစ်!
ခေါင်းကို လက်နှစ်ဖက်ဖြင့်ကုတ်ကာ စုပ်တစ်ချက်သတ်လိုက်သည်။
ကိုယ့်စိတ်တွေကိုလဲ နားမလည်နိုင်ဖြစ်ရသည်။နှောင်းငြိမ့်နှင့်အတူရှိနေသည့် အချိန်တွေဆိုလဲ ကဗျာအကြောင်းက ခေါင်းထဲတ၀ဲ၀ဲလည်နေပြီး စိတ်တွေသည်လည်း ကဗျာ့ဆီသို့ ရောက်နေသလိုပင်။
ကိုယ်တိုင်လဲ ဘာတွေဖြစ်နေမှန်းမသိ၊ ကဗျာ့ကိုရှောင်သည်နှင့် မျက်နှာချင်းမဆိုင်ရဲတာကြောင့် ရှောင်ပြေးနေမိသည်မှာ အတန်ကြာပြီဖြစ်သည်။
တွေ့ရင်လည်း မျက်နှာချင်းမဆိုင်ရဲ၊ မတွေ့ပြန်တော့လဲ စိတ်တွေက သတိရနေသလိုပဲ။
ဒါက ငယ်ငယ်တည်းကပေါင်းလာတဲ့ သူငယ်ချင်းတစ်ယောက်မို့ သာမန်သံယောဇဥ်ကြောင့် ဖြစ်ပါစေလို့ဆုတောင်းနေမိသည်။
ဒီခံစားချက်ကို သေချာအောင်ရှင်းပြမည့် လူလိုနေသလိုပင်။
>>>>>>>>>>>>>>>>>
ဒီနေ့တော်၀င် အတော်လေးကို စိတ်အစုံကကြည်လင်နေသည်။မျက်နှာမှာ ပြုံးရိပ်သန်းနေပုံက ပျားရည်လောင်းထားသလိုပင်။
"တော်၀င်မှိုင်း"
ကိုယ့်အတွေးနှင့်ကိုယ် လှေကားပေါ်မှဆင်းလာပြီး အိမ်ဧည့်ခန်းအနားရောက် မမေကျော့ရှင်းနှင့် မာမီကိုတွေ့သည်မို့ ရှောင်သွားမည်အပြု ဆတ်ခနဲလှမ်းခေါ်သံကြောင့် တော်၀င် သက်ပြင်းတစ်ချက်ချလိုက်ကာ အနားသို့လျှောက်သွားလိုက်သည်။
"........."
"ဒီမှာ.....မေကျော့ရှင်းရောက်နေတယ်လေ"
"တွေ့တယ်လေ"
"ဒီနေ့.....မင်းတို့ စေ့စပ်လက်စွပ်သွားရွေးရမှာ"
ထိုစကားကြောင့် တော်၀င်စိတ်တွေ ဂနာမငြိမ်ဖြစ်သွားရသည်။
စေ့စပ်လက်စွပ်တဲ့လား!ဘာလို့ ဒီလောက်ထိ မြန်မြန်စီစဥ်ရတာလဲ!!
"မာမီ!!"
"ဘာလဲ!ငါကသွားရွေးဆိုသွားရွေးလိုက်ပေါ့!"
"ကျွန်တော် မအားဖူး၊ ဒီမနက်meetingတတ်စရာရှိတယ်။ပြီးတော့ နှောင်းငြိမ့်မြူကို ကျောင်းလိုက်ပို့ရမယ်"
နှောင်းငြိမ့်မြူဆိုသည့် နာမည်ကြားသည်နှင့် မေကျော့ရှင်းအတွေးတွေ အလုပ်များသွားရသည်။
ဘယ်သူမို့လို့ ဒီလောက်အထိ လိုက်လုပ်ပေးနေရတာလဲ!ပြီးတော့.....သူ့မှာ မွေးချင်းရှိသည်ဟု မကြားမိပါ။
"ရှိတဲ့ meetingတွေ အကုန်ဖြတ်လိုက်!အေး ပြီးတော့ မင်းဒီနေ့ကစပြီး အဲ့ကောင်လေးကို လိုက်မပို့ရတော့ဖူး!"
"မာမီ!"
"ငါထပ်မပြောချင်ဖူး၊ အခုချက်ချင်း မေကျော့ရှင်းနဲ့အတူ လက်စွပ်သွားရွေး!မင်းရှိတဲ့ အလုပ်တွေ အကုန်ရွေ့လိုက်တော့"
"........"
"ဒါဆိုလဲ.....သွားကြမယ်လေ တော်၀င်"
တော်၀င် ထိုအမျိုးသမီးကို မျက်လုံးတစ်ချက်သာဝေ့ကြည့်လိုက်ပြီး အရှေ့ကနေသာ အရင်ထွက်လာလိုက်ပြီး
"အန်တီ.....ဒါဆို ခွင့်ပြုပါအုံးနော်"
မမေကျော့ရှင်းက အနောက်မှလိုက်လာသည်။
"အင်း"
ဒေါ်နွယ်ဒါလီ မျက်နှာမှာတော့ အဓိပ္ပာယ်ပင်ရှာဖွေမရသည့် အပြုံးတစ်ခုချိတ်ဆွဲလျက်။
လှေကားအပေါ်၏တစ်ဖက်ချမ်းမှာတော့ မျက်ရည်ကြည်အချို့ရွဲစိုလျက်နှင့် ကောင်လေးတစ်ယောက်။
ရှိုက်သံအချို့ကို ထိန်းကာ အခန်းထဲသို့သာ ပြေး၀င်ခဲ့ပြီး ကုတင်ခြေရင်းတွင် ထိုင်ချကာ
အကို...အကိုက လက်ထပ်တော့မှာလား!!အဲ့တာဆို.....ငါကရော!နေ့တိုင်း စာတွေထဲမှာ စိတ်နှစ်ထားရပေမဲ့ ကျန်တဲ့အချိန်ဆို တစ်စက္ကန့်တောင်မလစ်ဟင်းဘဲ အကိုက ကျွန်တော့်ကိုစိုးမိုးနေခဲ့တာ!!
ဒီအတောအတွင်း ငါ့အပေါ်ကြင်နာပေးခဲ့တာတွေကရော....မျှော်လင့်ချက်လို့ခံစားရအောင် ပြောခဲ့တဲ့ စကားလုံးတွေကရော!
အကုန်....အကုန်အလိမ်အညာတွေလား!!
စိတ်အစုံနွေးထွေးသည်အထိ ဘာလို့ ဆက်ဆံပေးခဲ့ရတာလဲ!
နာကျင်ရလွန်းလို့ ငိုနေပေမဲ့လည်း အကိုနဲ့ ကျွန်တော်နဲ့က သူစိမ်းတစ်ယောက်ထက်မပိုခဲ့ဖူးမလား။
အများကြီးမျှော်လင့်ထားခဲ့တဲ့ ကျွန်တော်ကသာ အရူး!ကျွန်တော့်အပြစ်တွေ!!အဲ့တော့လည်း ကိုယ့်အပြစ်နဲ့ ကိုယ်ဒဏ် ခံရုံပဲပေါ့။
ရောက်လာမှာကြောက်နေခဲ့တဲ့အချိန်တွေက မရောက်စေချင်တာကို သိနေ၍လားမသိ အရမ်းမြန်ဆန်စွာ တိုး၀င်လာခဲ့တယ်။
ဖြစ်နိုင်ရင်.....ကျွန်တော်ကလွဲပြီး ဘယ်သူ့ကိုမှ မရွေးစေချင်ဖူး!
တီ! တီ! တီ!
တုန်ခါမြည်နေသည့် ဖုန်းကို မျက်လုံးတစ်ချက်ဝေ့ကာကြည့်လိုက်တော့ မျက်ရည်တွေက အလိုက်ကန်းစိုးမသိကျလာပြန်သည်။
ဘာလို့ နှလုံးသားကိုအကြိမ်ကြိမ်နာကျင်အောင် လုပ်နေရတာလဲ ကိုမင်းတော်၀င်မှိုင်း!!
လိုက်မပို့နိုင်သည့်အကြောင်းကို လှမ်းပြောမည်ဟုဖုန်းဆက်လိုက်သော်လည်း တစ်ခါခေါ်သည်လည်း ဖုန်းမိကိုင်၊ နှစ်ခါခေါ်သည်လည်း ဖုန်းမကိုင်တာကြောင့် တော်၀င်ဒေါသထွက်ကာ ဖုန်းကို ဆောင့်ကာပိတ်လိုက်သည်။
ကျစ်!
"ဘာဖြစ်လို့လဲ တော်၀င်"
"မမေကျော့ရှင်းနဲ့ မဆိုင်ပါဖူး"
"........"
ထိုစကားကြောင့် မေကျော့ရှင်းစိတ်ထဲ ရှက်စိတ်က အလုံးအရင်း၀င်လာသည်မို့ အံ့ကြိတ်ကာ တစ်ဖက်သို့လှည့်လိုက်သည်။
အဟွန့်!အဲ့လိုလုပ်ပြနေလေလေ ငါက မင်းကိုပိုလိုချင်လေပဲ။မေကျော့ရှင်းဘ၀မှာ လိုချင်တာမရဘူးဆိုတာမရှိစေရဖူး!
_______________________
11.5.2024
_______________________
(Zawgyi)🥟
ေဒါက္! ေဒါက္!
"လာပါၿပီ.....!"
ကြၽီ!
"......."
ၿငိမ့္တံခါးဖြင့္လိုက္သည္ႏွင့္ေတြ့လိုက္ရသည့္ျမင္ကြင္းေၾကာင့္ ႏႈတ္ခမ္းေထာင့္ေလးေတြ မသိမသာ ၫႊတ္ေကြးကုန္သည္။
လယ္ဝိုင္း ဆြယ္တာလက္ရွည္ႏွင့္ ျခည္သားေဘာင္းဘီအပြကိုတြဲ၀တ္ထားၿပီး၊ ေတြ့ေနက်လို ဆံပင္မ်ားမွာ ဂ်ယ္လ္ျဖင့္ပံုသြင္းထားျခင္းမဟုတ္ဘဲ ေခါင္းေလ်ွာ္ထားသည့္ႏွယ္ စိုစြတ္စြတ္ဆံပင္မ်ားမွာ ႏွဖူးေပၚသို႔ ဟိုတစ္စဒီတစ္စပင္ က်ေနသည္။
"ငါ့ကိုေပးမ၀င္ေတာ့ဖူးလား"
"အာ..!ဟုတ္..!"
လူကိုေခါင္းအစေျခအဆံုး မ်က္ေတာင္မခတ္ တရားခံၾကည့္သလိုၾကည့္ေနေသာ အေရ႔ွကတံခါးေရ႔ွတြင္ပိတ္ရပ္ထားကာ ညအိပ့္ကာတြန္း၀မ္းဆက္၀တ္ထားေသာ ျဖဴစြတ္စြတ္ေကာင္ကို ေတာ္၀င္ခပ္ဆတ္ဆတ္ တစ္ခ်က္ေဟာက္ေပးလိုက္ေတာ့ သူ႔ကိုယ္ေလးကို အေနာက္သို႔ကပ္ေပးလာသည္။
"........"
"ဟို အကို....ခဗ်ား ဘာေျပာစရာရိွလို႔လဲဟင္"
"........"
အကိုက မည္သည္မ်ျွပန္မေျဖကာ ကုတင္ေပၚသို႔ ပက္လက္လွဲအိပ့္လိုက္သည္။
ဘာမ်ားျဖစ္လို႔ပါလိမ့္။
"အကို ဘာမ်ားျဖစ္-!"
"ေနွာင္းၿငိမ့္ျမဴ.....ငါ့အနားကိုလာပါ"
ၿငိမ့္ေျပာမည့္စကားေတြ ဇာတ္ေတာင္မသိမ္းလိုက္ခင္ အကိုက လွဲလ်က္ျဖတ္ကာေျပာလာတဲ့စကားေၾကာင့္ ၿငိမ့္ေၾကာင္ေတာင္ေတာင္ပင္ျဖစ္သြားရသည္။
"ဗ်ာ......"
"အနားကိုလာလို႔"
"ဟုတ္....."
ၿငိမ့္အကို အိပ့္ေနရာဆီသို႔ ေျဖးေျဖးခ်င္းေလ်ွာက္သြားလိုက္ၿပီး အကို႔အနားတြင္ရပ္ေနလိုက္သည္။
ဘုန္း!
"ဘာ....ဘာလုပ္တာလဲ အကို....ခဗ်ား!"
ၿငိမ့္လက္ကိုဆြဲကာ ကုတင္ေပၚသို႔ဆြဲခ်လိုက္တာေၾကာင့္ပင္။
"ၿငိမ္ၿငိမ္ေနပါ...."
"......."
ၿငိမ့္အေနာက္မွအကိုက ရုတ္ခ်ည္းသိုင္းဖက္လာကာ ၿငိမ့္လယ္တိုင္တြင္ ႏွာတံခြၽန္ခြၽန္ကို နစ္ေနေအာင္ ဖိကပ္ထားတာေၾကာင့္ ၿငိမ့္ကိုယ္ေလးကို က်ံဳ႔ထားမိသည္။
ရင္ခုန္သံေတြမွာလဲ အထိန္းအကြတ္မဲ့စြာ။
ေတာ္၀င္ ထိုကေလး၏လယ္တိုင္ေက်ာ့ေက်ာ့မွာ ႏွာဖ်ားႏွစ္ကာ ကိုယ္သင္းနံ႔ေမြ့ေမြ့ကို စိတ္ေျပႏွပ္ေျပ ရႈရိႈက္ေနမိသည္။
"ငါမင္းအနံ႔ေလးကို သေဘာက်တယ္....."
"ဗ်..ဗ်ာ!"
"သေဘာက်တယ္လို႔၊ မင္းရဲ့ကိုယ္သင္းနံ႔ေလးကို"
"........"
ၿငိမ့္ရင္တြင္းတစ္ေနရာမွာ လွပ္ခနဲပင္ျဖစ္သြားၿပီး တံေတြးပင္ မ်ိဳခ်လိုက္မိသည္။
"ငါ....စိတ္ပင္ပန္းေနတဲ့အခ်ိန္တိုင္း ဒီကိုယ္သင္းနံ႔ေလးကို ရႈရိႈက္ခ်င္တယ္...."
"........"
"ငါအခုအရမ္းပင္ပန္းေနတယ္"
ထိုစကားေၾကာင့္ ၿငိမ့္မ်က္လံုးေလးေတြ လက္သြားကာ အကို႔ဘက္သို႔ လွည့္လိုက္ၿပီး
"ကြၽန္ေတာ့္ကို....ေျပာျပလို႔ရရင္ ေျပာျပပါ။ရင္ဖြင့္လို႔ရပါတယ္၊ ကြၽန္ေတာ္နားေထာင္ေပးပါမယ္"
ထိုစကားအဆံုး ေတာ္၀င္ ႏႈတ္ခမ္းေထာင့္ေလးေတြ ေကြးကာသြားသည္။
မ်က္လံုးေလးျပဴးကာ ယုန္ျဖဴေလးလိုပင္။
"ရတယ္.....ဒီတိုင္းပဲ....ဒီတိုင္းေလးပဲေနေပးပါ"
အကိုက ၿငိမ့္ကို ရင္ခြင္ထဲသို႔ထည့္ကာေျပာသည္။
ကိုယ့္ရင္ထဲေပါ့ဖို႔အတြက္နဲ႔ ကိုယ့္အပူေတြ မင္းကိုမေပးခ်င္ဖူး ေနွာင္းၿငိမ့္ျမဴ။
"........"
"ေနွာင္းၿငိမ့္ျမဴ...."
"ဗ်ာ"
ၿငိမ့္ အကို႔ရင္ခြင္ထဲမွာ ေခါင္းေလးေထာင္ေမာ့ကာ ထူးလိုက္သည္။
"ငါ.....မနက္က်ရင္ မင္းကိုလိုက္ပို႔ဖို႔ မအားေတာ့ဖူး"
"ဗ်ာ...."
အကိုက ၿငိမ့္ကိုငုပ္ကာၾကည့္လာသည္။
"ဟို....အေရးႀကီးကိစၥေလးရိွလို႔၊ အ့တာ....."
"ဟုတ္ ရပါတယ္၊ မနက္က်ရင္ ကြၽန္ေတာ္ ကိုယ့္ဘာသာပဲ သြားလိုက္ပါ့မယ္"
"........"
"အကို႔ အလုပ္ကိစၥကိုသာ စိတ္ေျဖာင့္ေျဖာင့္သြားလုပ္ပါ"
"........"
"ကြၽန္ေတာ္က ဒီတိုင္းသြားလဲရပါတယ္"
"........"
အကိုက ၿငိမ့္ကို တိုးကာေပြ့ဖက္လာသည္။
ခနေလာက္ၾကာသည္အထိ စကားမဆက္မိၾကပါ။
အကို႔အသက္ရႈသံပံုမွန္ၾကားမွာ အကိုအိပ့္ေပ်ာ္သြားၿပီျဖစ္မွန္း ၿငိမ့္သိေတာ့၏။
တစ္စံုတစ္ေယာက္က အိပ္ေပ်ာ္သြားႏိုင္ေပမဲ့ တစ္စံုတစ္ေယာက္မွာေတာ့ ရင္ခုန္သံေတြ ဝုန္းဒိုင္းက်ဲကာ က်န္ေနခဲ့ေတာ့၏။
>>>>>>>>>>>>>>
လိုက္ကာမပိတ္ထားသည့္ မွန္ျပတင္းေပါက္မွ မ်က္ႏွာေပၚသို႔ က်ေရာက္လာသည့္ ေနေရာင္ျခည္ေနြးေနြးေၾကာင့္ ၿငိမ့္ႏိုးလာခဲ့သည္။
ေလးလံေနသည့္ မ်က္လံုးအစံုကို အားယူကာဖြင့္လိုက္ၿပီး ေဘးရိွ မည္သူမ်ွမရိွသည့္ ေနရာလြတ္ေလးကိုၾကည့္ၿပီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ပင္ၿပံဳးေနမိေတာ့သည္။
အကို အံုးသည့္ေခါင္းအံုးကိုဆတ္ခနဲဆြဲယူၿပီး အားျဖင့္ညစ္ကာ ေပြ့ဖက္ၿပီး နမ္းရႉံေနမိသည္မွာ အရူးတစ္ေယာက္လိုပင္။
ျမတ္ႏိုးသည္။ထိုလူႏွင့္ပတ္သတ္သမ်ွ အေသးအမႊားေလးေတြက အစျမတ္ႏိုးရပါ၏။
"အရမ္းခ်စ္မိေနၿပီထင္တယ္၊ ဒီလိုနဲ႔....ခ်စ္တယ္ဆိုတဲ့စကားကိုမေျပာလိုက္ရမွာအရမ္းေၾကာက္တယ္။အကိုသာ ကြၽန္ေတာ့္လို မခံစားေနရဘူးရင္ဆိုတဲ့စိတ္နဲ႔လဲ ဖြင့္ေျပာမိသြားမွာဆိုးတယ္...."
"ကိုယ္သာမပိုင္ဆိုင္ခဲ့ရရင္ဆိုတဲ့စိတ္ကလဲ တစ္ေၾကာ့ျပန္ေျခာက္လန္႔ေနၿပီး၊ တျခားသူသာ ပိုင္ဆိုင္သြားခဲ့ရင္ဆိုတဲ့စိတ္ကလဲ ႏွလံုးသားထဲကို တေျဖးေျဖးတိုက္စားေနျပန္တယ္"
"ဒီအေတာအတြင္း.....အကိုတစ္ေယာက္ေယာက္ကိုသေဘာက်သြားမွာလဲစိုးတယ္၊ သေဘာက်သြားတဲ့ တစ္ေယာက္ေယာက္ကလဲ.....ကြၽန္ေတာ္မဟုတ္မွာ ေၾကာက္တယ္အကို.....ခဗ်ားကို ကြၽန္ေတာ္တစ္ေယာက္တည္းပဲ အပိုင္လိုခ်င္လိုက္တာ"
"ဘယ္သူမွမေတြ့ႏိုင္တဲ့ ေနရာတစ္ေနရာမွာ ဖြတ္ထားခ်င္ေလာက္ေအာင္အထိကိုပဲ...."
ေခါင္းအံုးတစ္လံုးကို အရူးတစ္ေယာက္လိုပင္ ၾကည့္ကာ တစ္ေယာက္တည္းစကားေတြေျပာေနမိသည္။
အခ်စ္ေၾကာင့္....ရူးေနၿပီနဲ႔တူပါရဲ့။
____________________
ေမေက်ာ့ရွင္း တစ္ေယာက္ အေရ႔ွရိွ မိမိထက္ ၄ႏွစ္ေလာက္ငယ္သည့္ ေကာင္ေလးကိုေငးေနမိသည္။
ထိုသူကေတာ့ ဖုန္းၾကည့္ပင္မပ်က္၊ စေရာက္တည္းက ကိုယ္ဘာစကားမွစမေျပာတာကို သူကလဲ ဘာစကားမွဆိုမလာ။ကိုယ့္ကိုတစ္ခ်က္ေတာင္မၾကည့္။
ေမေက်ာ့ စိတ္ထဲမွာ မခံမရပ္ႏိုင္ပင္ျဖစ္လာသည္။
"ဟိတ္..."
"........"
ကိုယ့္ဘက္မွအသံျပဳေတာ့ မ်က္လံုးလွန္ကာၾကည့္လာသည္။
"မင္း....တို႔နဲ႔ ဘာေျပာစရာမွမရိွဖူးလား"
"ကြၽန္ေတာ္က.....မာမီလာေတြ့ခိုင္းလို႔လာေတြ့ရံုပါပဲ"
"ဒါေပမဲ့ တို႔ေတြက လက္ထပ္ရမဲ့လူေတြေလ၊ တစ္ေယာက္အေၾကာင္းတစ္ေယာက္သိေအာင္ေတာ့-!"
"မေမေက်ာ့ရွင္း....."
"........"
"ကြၽန္ေတာ့္ဘက္က စိတ္မပါဖူးဆိုတာကို မေမေက်ာ့ရွင္း သိထားမွာပါ"
"........"
"အဲ့တာေၾကာင့္ ေက်းဇူးျပဳျပီး ဒီ့ထက္ပိုလာမဲ့ စကားေတြမေျပာပါနဲ႔"
"........"
"မေမေက်ာ့ရွင္း ေျပာစရာမရိွေတာ့ရင္ ဒီေလာက္နဲ႔ပဲ ကြၽန္ေတာ္ ျပန္ပါေတာ့မယ္၊ ခြင့္ျပဳပါအံုး"
"တို႔က မင္းနဲ႔ လက္ထပ္ရတဲ့ေန့ထိေစာင့္ေနမွာ!"
ေတာ္၀င္ထရပ္လိုက္သည္ႏွင့္ ထိုသို႔ေျပာလာသည္။
"အဲ့တာက အမသေဘာပါ၊ အခုေတာ့ ကြၽန္ေတာ္မအားေသးတာမို႔"
"........"
ထိုသို႔ပစ္ပစ္ခါခါေျပာကာ လွည့္ထြက္သြားသူ၏ေက်ာျပင္ကိုၾကည့္ကာေမေက်ာ့ရွင္းတစ္ေယာက္ ရွက္စိတ္ႏွင့္ ေဒါသစိတ္တို႔ေရာေထြးကာ အသက္ရႈေတြပင္ျမန္လာခဲ့သည္။
ေမေက်ာ့ရွင္းမွာ ၂၆ႏွစ္ လူလတ္ပိုင္းမိန္းမတစ္ေယာက္၏ နန္းဆန္သည့္အလွမ်ိဳးပင္ရိွသည္။ခါးေလာက္ရိွသည့္ ရွည္လ်ား၊ နက္ေမွာင္ေနသည့္ဆံပင္ႏွင့္ ၀တ္တတ္စားတတ္မႈ႔က သူ႔အလွကို ပို၍ပင္ အေရာင္ဟပ္ေစသည္။
ေမေက်ာ့ရွင္းဆိုတဲ့ မိန္းမကိုလိုခ်င္ေနသည့္ ေယာက်ာ္းေတြမွာ ေတာင္လိုယာလိုပင္ပံုေနသည့္ၾကားမွ ကိုယ့္ကိုအေရးေတာင္မစိုက္သည့္ ေယာက်ာ္းကိုမွ!!
ဘာပဲျဖစ္ျဖစ္ ငါက မင္းကိုလက္ထပ္မွာ!
____________________
ကမ႓ာ ေနွာင္းၿငိမ့္ႏွင့္ ၀ႆန္တို႔ႏွင့္အတူ ကန္တင္းသို႔စကားေျပာကာ၊ ဆိုကာ ေလ်ွာက္လာၾကသည္။
"ဟိုမွာ....ကဗ်ာပဲ၊ ကဗ်ာ့...."
၀ႆန္က ကဗ်ာ့ကို လက္လွမ္းျပကာလွမ္းေခၚတာေၾကာင့္ ကဗ်ာ မရံု႔မရဲျဖင့္သူတို႔အနားသို႔ေလ်ွာက္သြားလိုက္သည္။
"......."
"ငါတို႔နဲ႔ ကန္တင္းလိုက္ခဲ့ကဗ်ာ"
"အင္း ဟုတ္တယ္"
၀ႆန္ႏွင့္ ေနွာင္းၿငိမ့္ကထိုသို႔ေျပာလာသည္။
"ဟို....."
"လိုက္ခဲ့ပါ"
ေနွာင္းၿငိမ့္က ကဗ်ာ့လက္ကိုဆြဲကာေျပာလာသည္။
"အင္း.....လိုက္ခဲ့ပါမယ္"
"အဲ့တာဆိုသြားၾကမယ္"
"ဟို....ငါ ဗိုက္....ဗိုက္ေအာင့္လာလို႔ မလိုက္ေတာ့ဖူးေနာ္"
သြားခါနီး ကမ႓ာက သူ႔ဗိုက္သူပြတ္ကာေျပာလာသည္။
"ဟဲ့ ခ်က္ခ်င္းႀကီး နင္ကလဲ"
"ငါသြားေတာ့မယ္!"
ကမ႓ာက ဤသို႔ေျပာကာခ်က္ခ်င္းပင္ေျပးထြက္သြားသည္။
က်န္သူေတြမွာေတာ့ ေၾကာင္ေတာင္ေတာင္ပင္။
ငါ့ကိုေရွာင္ေနတာလားကမ႓ာ။ဒီေန့ႏွင့္ဆို ကမ႓ာႏွင့္ ေသခ်ာစကားမေျပာ၊ မေတြ့ရတာ ကဗ်ာေနမေကာင္းတဲ့ေန့မွစ၍ ၁ပတ္ပင္ တင္းတင္းျပည့္ေတာ့မည္ျဖစ္သည္။
ဘာလို႔.....ငါ့အေပၚကိုဒီေလာက္ေတာင္ စိမ္းကားသြားရတာလဲ ကမ႓ာ။ငါမင္းအေပၚမွာ ခံစားခ်က္ေတြရိွေနတာကိုသာ သိသြားခဲ့ရင္ ဒီထက္ပိုၿပီး မင္းနဲ႔ ေဝးကြာသြားႏိုင္မလား။ခ်စ္လာေပးဖို႔ မေမ်ွာ္လင့္ေပမဲ့၊ မင္းေပးတဲ့ လ်စ္လ်ူရႈ႔မႈ႔ေတြကိုေတာ့ ငါမလိုခ်င္ဖူးကမ႓ာ။
"ကဲပါ....ငါတို႔ပဲသြားၾကမယ္ လာ"
"အာ....အင္း"
၀ႆန္အသံၾကားမွ အေတြးမ်ား တစ္ခန္းရပ္ကာကန္တင္းဘက္သို႔ဆက္ေလ်ွာက္လာၾကေတာ့သည္။
ၿငိမ့္ေတြးေနမိသည္က သူကမ႓ာ့ကိုအခြင့္အေရးေပးမည္ဟု ေျပာခဲ့မိသည္က မွားမ်ားေနၿပီလားပင္။
ထိုသို႔ေျပာခဲ့ျခင္းက ေတြေဝစိတ္ေၾကာင့္ျဖစ္သည္။
အခု ၿငိမ့္က ကဗ်ာ့ အခ်စ္ကို လုယူမည့္လူျဖစ္ေနၿပီးလားဆိုတာကိုပဲ။
______________________
ဒီေန့ေတာ့ အကိုလာမႀကိဳႏိုင္တာမို႔ ၿငိမ့္လိုင္းကားစီး၍သာျပန္ရမည္ျဖစ္သည္။
"အဲ့တာဆို ငါသြားေတာ့မယ္ေနာ္"
"ေနွာင္းၿငိမ့္ ကိုယ္အိမ္ျပန္လိုက္ပို႔မယ္ေလ"
ကမ႓ာက ဆတ္ခနဲ၀င္၀င္ေျပာသည္။
"ရပါတယ္....ငါဘာသာျပန္မွာ"
"ဟို......ငါအရင္ျပန္ေတာ့မယ္ေနာ္"
ကဗ်ာထိုသို႔ေျပာကာ ခပ္သြက္သြက္ထြက္လာလိုက္သည္။
"ေနအံုး ကဗ်ာ!ငါနဲ႔ျပန္မယ္"
၀ႆန္က အေနာက္မွလွမ္းေခၚကာ ေျပာသည္မို႔ ကဗ်ာ ၀ႆန္ျဖင့္အတူထြက္လာလိုက္သည္။
က်န္ခဲ့သည္က ကမ႓ာႏွင့္ ေနွာင္းၿငိမ့္ပင္။
အဆင္ေျပပါေစေနာ္.....ကမ႓ာ။
ၿငိမ့္ကမ႓ာ့မ်က္ႏွာကိုအၾကည့္ေရာက္သြားစဥ္ ကမ႓ာက ထြက္သြားသည့္ ကဗ်ာ့ေက်ာျပင္ကို မ်က္ေမွာင္က်ံဳ႔ကာ ေငးစိုက္၍ၾကည့္ေနသည္။
ထိုျမင္ကြင္းေၾကာင့္ ၿငိမ့္မသိမသာၿပံဳးလိုက္မိသည္။
ဒီေလာကႀကီးက ဘာေတြမ်ား သီသီေလးလြဲေနၾကတာပါလိမ့္။
____________________
ေန့အလင္းေရာင္ကြယ္ေပ်ာက္၍ အေမွာင္လာေနသည္မွာအခ်ိန္ ည၈နာရီပင္ တင္းတင္းထိုးေနၿပီးျဖစ္သည္။သို႔ေပမဲ့ ဟိုကေလးကေတာ့ ယခုထိျပန္မေရာက္ေသးသည္မို႔ ေတာ္၀င္ ဧည့္ခန္းထဲ၌ ဟိုဘက္ေလ်ွာက္၊ ဒီဘက္ေလ်ွာက္၍ ဖင္မၿငိမ္ႏိုင္ပင္ျဖစ္ေနသည္။
ဘယ္ေတြေလ်ွာက္သြားေနတာလဲ ေနွာင္းၿငိမ့္ျမဴ!!
"အကို....ခဗ်ား ျပန္ေရာက္ေနၿပီလား"
ထိုအသံၾကားသည္ႏွင့္ ေတာ္၀င္စိတ္ေတြအစိုးမရကာ။
"ဘယ္အခ်ိန္ရိွေနၿပီလဲ!!"
"ဗ်ာ....."
"ဒါ မင္းျပန္လာရမဲ့အခ်ိန္လား ေနွာင္းၿငိမ့္ျမဴ"
"........"
ျပန္ခ်ိန္ေနာက္က်သြားသည္ကိုၿငိမ့္သိသည္။
ၿငိမ့္ကို ကမ႓ာလိုက္ပို႔တာျဖစ္သည္။ေျပာပါေသးသည္၊ လိုက္ပို႔စရာမလိုဖူးဟု။သို႔ေပမဲ့ ၿငိမ့္မလိုက္မခ်င္း ဆိုင္ကယ္ႏွင့္အေနာက္မွ လိုက္လာေနေသးသည္မို႔ မေနသာသည့္အဆံုးလိုက္လာခဲ့ရျခင္းျဖစ္သည္။ကံကဆိုးခ်င္ေတာ့ လမ္းတြင္ဆိုင္ကယ္ဘီးေပါက္ကာ ျပင္ဆိုင္ရိွမည့္ေနရာကိုလိုက္ရွာၿပီး ျပင္ၿပီးသည္အထိေစာင့္ေနရသည္မို႔ အခုလိုေနာက္က်ျခင္းျဖစ္သည္။
"ငါေျပာေနတာၾကားရဲ့လား!!"
ၿငိမ့္ပုခံုးႏွစ္ဖက္ကို လႈပ္ရမ္းကာေျပာလာသည္မို႔ လန္႔ပင္သြားရသည္။
"ဟုတ္ၾကား...ၾကားပါတယ္"
ၿငိမ့္အထစ္ထစ္အေငါ့ေငါ့ျဖင့္ ျပန္ေျဖလိုက္သည္။
အကို႔မ်က္လံုးေတြမွာ ေဒါသရိပ့္ေတြ တေမြ့ေမြ့ႏွင့္မို႔ ၿငိမ့္ေခါင္းေလးကိုငုပ္ထားမိသည္။
က်စ္!
"ငါ့အေရ႔ွမွာ အဲ့လိုလာလုပ္ျပမေနနဲ႔"
"........."
ေတာ္၀င္သက္ျပင္းတစ္ခ်က္ခ်ကာ
"ငါဘယ္ေလာက္စိတ္ပူေနလဲ သိရဲ့လား"
"........."
ထိုစကားအဆံုးၿငိမ့္ေခါင္းေလး ဆတ္ခနဲေထာင္သြားသည္။
အကိုက စိတ္ပူေနတာတဲ့လား!!ဘုရားေရ!
"အခု.....ဘယ္လိုျပန္လာတာလဲ"
ထိုစကားေၾကာင့္ ၿငိမ့္အၾကပ္ရိုက္သြားရသည္။
ကမ႓ာလိုက္ပို႔သည္ဟုေျပာလိုက္လ်ွင္ အကိုပို၍ေဒါသထြက္မည္ပင္ျဖစ္သည္မို႔
"ဟို.....လိုင္းကားနဲ႔ပါ"
"လိုင္းကားနဲ႔က ဘာလို႔အဲ့ေလာက္ေနာက္က်ရတာလဲ"
အေျဖမွာ ရွာရပင္ခက္ေနသည့္အေျခအေန။
"သူ..သူငယ္ခ်င္းတစ္ေယာက္က သူတို႔အိမ္မွာ မုန္႔လုပ္ထားလို႔ စားဖို႔ေခၚလို႔ လိုက္သြားတာပါ၊ အဲ့တာနဲ႔ ေနာက္က်သြားတာပါ အကို"
"........"
ေတာ္၀င္သိပ္ေတာ့မယံုခ်င္ေပမဲ့ ထိုကေလး၏မ်က္ႏွာကိုၾကည့္ေနရင္းႏွင့္ပင္ စိတ္ထဲမရိုးမရျြဖစ္လာတာေၾကာင့္
"လာ သြားအိပ့္မယ္"
"ဗ်ာ.....!"
"သြားအိပ့္မယ္လို႔"
"ဘာ...ဘယ္လိုသြားအိပ့္မွာလဲ!"
ၿငိမ့္လက္ကိုဆြဲကာ အကိုက သူ႔အခန္းဘက္သို႔ ၪီးတည္ေနသည္မို႔ ၿငိမ့္အီလည္လည္ျဖစ္သြားကာ
"ငါ့အခန္းမွာ"
"ဗ်ာ!"
"မၾကားတာလား ေနွာင္းၿငိမ့္ျမဴ"
"ဟို....."
"ငါေကာင္းေကာင္းေခၚတုန္းလိုက္အိပ့္ေနာ္ မဟုတ္ရင္-!"
"အကို!ခဗ်ားေနာ္!"
"ဘာလဲ"
"လိုက္အိပ့္ပါမယ္ဆို!!"
ထိုစကားအဆံုးေတာ္၀င္ႏႈတ္ခမ္းတစ္ဖက္တြန္႔ရံုၿပံဳးလိုက္သည္။
တစ္ေနကုန္ပင္ပန္းခဲ့သမ်ွ စိတ္ေတြသည္လည္း ၾကက္ေပ်ာက္ငွက္ေပ်ာက္။
ဒီရက္ေတြထဲ.....သိသိသာသာၿပံဳးမိလာတယ္။ၿပံဳးမိလာသည္ကိုလည္း သိသည္။
ျမင္ရသည္ႏွင့္ ထိခ်င္၊ ေတြ့ခ်င္ေနတာ။ထိုကေလးဘယ္လိုေလးေတြပဲ လုပ္လုပ္ ရယ္မိ၊ ၿပံဳးမိေနေတာ့တာပါပဲ။
မၾကာခဏ သတိထားမိေနၿပီး ဖန္ခါတလဲလဲကို ၿပံဳးမိေနေတာ့တာ။
ထိုကေလးကိုျမင္သည္ႏွင့္ စိတ္ေရာ ခႏၶာပါ ခ်ဳပ္ေနွာင္ခံလိုက္ရသလိုမ်ိဳး။
ကိုယ္တိုင္မသိလိုက္ခင္ပဲ ေျပာမျပတတ္ေအာင္......ဒီခံစားခ်က္ေလးကို အရမ္းသေဘာက်ေနမိၿပီ။
______________________
ကမ႓ာတစ္ေယာက္ ကုတင္ေပၚတြင္လွဲလ်က္ဖုန္းcontactေလးတစ္ခုကိုၾကည့္ကာ အေတြးမ်ားေနသည္။
"ငါဘာလို႔ မင္းကိုေရွာင္ေနမိတာလဲ ကဗ်ာ..."
က်စ္!
ေခါင္းကို လက္ႏွစ္ဖက္ျဖင့္ကုတ္ကာ စုပ္တစ္ခ်က္သတ္လိုက္သည္။
ကိုယ့္စိတ္ေတြကိုလဲ နားမလည္ႏိုင္ျဖစ္ရသည္။ေနွာင္းၿငိမ့္ႏွင့္အတူရိွေနသည့္ အခ်ိန္ေတြဆိုလဲ ကဗ်ာအေၾကာင္းက ေခါင္းထဲတဝဲ၀ဲလည္ေနၿပီး စိတ္ေတြသည္လည္း ကဗ်ာ့ဆီသို႔ ေရာက္ေနသလိုပင္။
ကိုယ္တိုင္လဲ ဘာေတျြဖစ္ေနမွန္းမသိ၊ ကဗ်ာ့ကိုေရွာင္သည္ႏွင့္ မ်က္ႏွာခ်င္းမဆိုင္ရဲတာေၾကာင့္ ေရွာင္ေျပးေနမိသည္မွာ အတန္ၾကာၿပီျဖစ္သည္။
ေတြ့ရင္လည္း မ်က္ႏွာခ်င္းမဆိုင္ရဲ၊ မေတြ့ျပန္ေတာ့လဲ စိတ္ေတြက သတိရေနသလိုပဲ။
ဒါက ငယ္ငယ္တည္းကေပါင္းလာတဲ့ သူငယ္ခ်င္းတစ္ေယာက္မို႔ သာမန္သံေယာဇဥ္ေၾကာင့္ ျဖစ္ပါေစလို႔ဆုေတာင္းေနမိသည္။
ဒီခံစားခ်က္ကို ေသခ်ာေအာင္ရွင္းျပမည့္ လူလိုေနသလိုပင္။
>>>>>>>>>>>>>>>>>
ဒီေန့ေတာ္၀င္ အေတာ္ေလးကို စိတ္အစံုကၾကည္လင္ေနသည္။မ်က္ႏွာမွာ ၿပံဳးရိပ္သန္းေနပံုက ပ်ားရည္ေလာင္းထားသလိုပင္။
"ေတာ္၀င္မိႈင္း"
ကိုယ့္အေတြးႏွင့္ကိုယ္ ေလွကားေပၚမွဆင္းလာၿပီး အိမ္ဧည့္ခန္းအနားေရာက္ မေမေက်ာ့ရွင္းႏွင့္ မာမီကိုေတြ့သည္မို႔ ေရွာင္သြားမည္အျပဳ ဆတ္ခနဲလွမ္းေခၚသံေၾကာင့္ ေတာ္၀င္ သက္ျပင္းတစ္ခ်က္ခ်လိုက္ကာ အနားသို႔ေလ်ွာက္သြားလိုက္သည္။
"........."
"ဒီမွာ.....ေမေက်ာ့ရွင္းေရာက္ေနတယ္ေလ"
"ေတြ့တယ္ေလ"
"ဒီေန့.....မင္းတို႔ ေစ့စပ္လက္စြပ္သြားေရြးရမွာ"
ထိုစကားေၾကာင့္ ေတာ္၀င္စိတ္ေတြ ဂနာမၿငိမ္ျဖစ္သြားရသည္။
ေစ့စပ္လက္စြပ္တဲ့လား!ဘာလို႔ ဒီေလာက္ထိ ျမန္ျမန္စီစဥ္ရတာလဲ!!
"မာမီ!!"
"ဘာလဲ!ငါကသြားေရြးဆိုသြားေရြးလိုက္ေပါ့!"
"ကြၽန္ေတာ္ မအားဖူး၊ ဒီမနက္meetingတတ္စရာရိွတယ္။ၿပီးေတာ့ ေနွာင္းၿငိမ့္ျမဴကို ေက်ာင္းလိုက္ပို႔ရမယ္"
ေနွာင္းၿငိမ့္ျမဴဆိုသည့္ နာမည္ၾကားသည္ႏွင့္ ေမေက်ာ့ရွင္းအေတြးေတြ အလုပ္မ်ားသြားရသည္။
ဘယ္သူမို႔လို႔ ဒီေလာက္အထိ လိုက္လုပ္ေပးေနရတာလဲ!ၿပီးေတာ့.....သူ႔မွာ ေမြးခ်င္းရိွသည္ဟု မၾကားမိပါ။
"ရိွတဲ့ meetingေတြ အကုန္ျဖတ္လိုက္!ေအး ၿပီးေတာ့ မင္းဒီေန့ကစၿပီး အဲ့ေကာင္ေလးကို လိုက္မပို႔ရေတာ့ဖူး!"
"မာမီ!"
"ငါထပ္မေျပာခ်င္ဖူး၊ အခုခ်က္ခ်င္း ေမေက်ာ့ရွင္းနဲ႔အတူ လက္စြပ္သြားေရြး!မင္းရိွတဲ့ အလုပ္ေတြ အကုန္ေရြ့လိုက္ေတာ့"
"........"
"ဒါဆိုလဲ.....သြားၾကမယ္ေလ ေတာ္၀င္"
ေတာ္၀င္ ထိုအမ်ိဳးသမီးကို မ်က္လံုးတစ္ခ်က္သာေဝ့ၾကည့္လိုက္ၿပီး အေရ႔ွကေနသာ အရင္ထြက္လာလိုက္ၿပီး
"အန္တီ.....ဒါဆို ခြင့္ျပဳပါအံုးေနာ္"
မေမေက်ာ့ရွင္းက အေနာက္မွလိုက္လာသည္။
"အင္း"
ေဒၚႏြယ္ဒါလီ မ်က္ႏွာမွာေတာ့ အဓိပၸာယ္ပင္ရွာေဖြမရသည့္ အၿပံဳးတစ္ခုခ်ိတ္ဆြဲလ်က္။
ေလွကားအေပၚ၏တစ္ဖက္ခ်မ္းမွာေတာ့ မ်က္ရည္ၾကည္အခ်ိဳ႕ရြဲစိုလ်က္ႏွင့္ ေကာင္ေလးတစ္ေယာက္။
ရိႈက္သံအခ်ိဳ႕ကို ထိန္းကာ အခန္းထဲသို႔သာ ေျပး၀င္ခဲ့ၿပီး ကုတင္ေျခရင္းတြင္ ထိုင္ခ်ကာ
အကို...အကိုက လက္ထပ္ေတာ့မွာလား!!အဲ့တာဆို.....ငါကေရာ!ေန့တိုင္း စာေတြထဲမွာ စိတ္ႏွစ္ထားရေပမဲ့ က်န္တဲ့အခ်ိန္ဆို တစ္စကၠန္႔ေတာင္မလစ္ဟင္းဘဲ အကိုက ကြၽန္ေတာ့္ကိုစိုးမိုးေနခဲ့တာ!!
ဒီအေတာအတြင္း ငါ့အေပၚၾကင္နာေပးခဲ့တာေတြကေရာ....ေမ်ွာ္လင့္ခ်က္လို႔ခံစားရေအာင္ ေျပာခဲ့တဲ့ စကားလံုးေတြကေရာ!
အကုန္....အကုန္အလိမ္အညာေတြလား!!
စိတ္အစံုေနြးေထြးသည္အထိ ဘာလို႔ ဆက္ဆံေပးခဲ့ရတာလဲ!
နာက်င္ရလြန္းလို႔ ငိုေနေပမဲ့လည္း အကိုနဲ႔ ကြၽန္ေတာ္နဲ႔က သူစိမ္းတစ္ေယာက္ထက္မပိုခဲ့ဖူးမလား။
အမ်ားႀကီးေမ်ွာ္လင့္ထားခဲ့တဲ့ ကြၽန္ေတာ္ကသာ အရူး!ကြၽန္ေတာ့္အျပစ္ေတြ!!အဲ့ေတာ့လည္း ကိုယ့္အျပစ္နဲ႔ ကိုယ္ဒဏ္ ခံရံုပဲေပါ့။
ေရာက္လာမွာေၾကာက္ေနခဲ့တဲ့အခ်ိန္ေတြက မေရာက္ေစခ်င္တာကို သိေန၍လားမသိ အရမ္းျမန္ဆန္စြာ တိုး၀င္လာခဲ့တယ္။
ျဖစ္ႏိုင္ရင္.....ကြၽန္ေတာ္ကလြဲၿပီး ဘယ္သူ႔ကိုမွ မေရြးေစခ်င္ဖူး!
တီ! တီ! တီ!
တုန္ခါျမည္ေနသည့္ ဖုန္းကို မ်က္လံုးတစ္ခ်က္ေဝ့ကာၾကည့္လိုက္ေတာ့ မ်က္ရည္ေတြက အလိုက္ကန္းစိုးမသိက်လာျပန္သည္။
ဘာလို႔ ႏွလံုးသားကိုအႀကိမ္ႀကိမ္နာက်င္ေအာင္ လုပ္ေနရတာလဲ ကိုမင္းေတာ္၀င္မိႈင္း!!
လိုက္မပို႔ႏိုင္သည့္အေၾကာင္းကို လွမ္းေျပာမည္ဟုဖုန္းဆက္လိုက္ေသာ္လည္း တစ္ခါေခၚသည္လည္း ဖုန္းမိကိုင္၊ ႏွစ္ခါေခၚသည္လည္း ဖုန္းမကိုင္တာေၾကာင့္ ေတာ္၀င္ေဒါသထြက္ကာ ဖုန္းကို ေဆာင့္ကာပိတ္လိုက္သည္။
က်စ္!
"ဘာျဖစ္လို႔လဲ ေတာ္၀င္"
"မေမေက်ာ့ရွင္းနဲ႔ မဆိုင္ပါဖူး"
"........"
ထိုစကားေၾကာင့္ ေမေက်ာ့ရွင္းစိတ္ထဲ ရွက္စိတ္က အလံုးအရင္း၀င္လာသည္မို႔ အံ့ႀကိတ္ကာ တစ္ဖက္သို႔လွည့္လိုက္သည္။
အဟြန္႔!အဲ့လိုလုပ္ျပေနေလေလ ငါက မင္းကိုပိုလိုခ်င္ေလပဲ။ေမေက်ာ့ရွင္းဘ၀မွာ လိုခ်င္တာမရဘူးဆိုတာမရိွေစရဖူး!
_______________________
11.5.2024
_______________________