ထိမ်း​​မြားပဏ္ဏာအင်ပါယာ

By zuriiiiii8

12.2K 1.4K 99

လူတစ်ယောက်က သေခြင်းတရားကိုတောင် မျက်ကွယ်ပြုပြီး မင်းကို ချစ်နိုင်တယ်ဆိုရင် သူဟာ မင်းနဲ့ ဘယ်တော့မှ မခွဲခွာနိ... More

အခန်း ၁ /ဓားစာခံမင်းသား(ဓားစာခံမင္းသား)
အခန်း၂/ပထမဆုံးတွေ့ဆုံခြင်း(ပထမဆုံးေတြ႕ဆုံျခင္း)
အခန်း ၃ /ဒူးထောက်အပြစ်ပေးခြင်း(ဒူးေထာက္အျပစ္ေပးျခင္း)
You must read this ><
အခန်း ၄/ဆေးသောက်ချိန်(ေဆးေသာက္ခ်ိန္)
အခန်း၅/နိုင်လိုမင်းထက်ဧကရာဇ်(နိုင္လိုမင္းထက္ဧကရာဇ္)
အခန်း ၆/ကိုယ်တော့်ကိုဝတ်ရုံတော်ပြင်ဆင်ပေး
အခန်း၇/သက်မဲ့နှလုံးသား
အခန်း၈/အမြော်အမြင်ရှိသောအမေးအဖြေ
အခန်း ၉/အဆောင်တော်အပြောင်းအလဲ
အခန်း ၁၀/အဆိပ်ကိုမြည်းစမ်းခြင်း
အခန်း ၁၁/ ရေချိုးချိန်
အခန်း ၁၂/ ထုံရှစ်
အခန်း ၁၃/ဝတ်ရုံလက်ဖြတ်
အခန်း ၁၄/ပန်းချီဆွဲချိန်
အခန်း ၁၅ /တေးကဗျာ
အခန်း ၁၆ /ရင်ဖိုဖွယ်အိပ်မက်
အခန်း ၁၇/ သက်တော်စောင့်ခွေး
အခန်း ၁၈/အားမုံ့
好消息
အခန်း ၁၉ /တန်ပြန်တိုက်ခိုက်မှု
启事

အခန်း ၂၀/ အရူး

121 22 0
By zuriiiiii8

-ကျွန်တော်မျိုးကိုအပြစ်မပေးလို့ရမလား-

ထန်ချွမ်းအဆောင်တော်ဝယ်၊ ဝေ့လျန်တစ်ယောက် စိတ်အေးလက်အေး ရေစိမ်နေဆဲဖြစ်
သည်။ ရေမျက်နှာပြင်ဟာ ရင်ဘတ်ကို ကျူး
ကျော်လျက် ညှပ်ရိုးအောက်တွင် ငြိမ်သက်နေ
၏။ လည်တိုင်သွယ်သွယ်နှင့် ရေစိုနေသော ခ
န္ဓာကိုယ်အလှဟာ မြင်သူတကာကို အရူးအမူး
စွဲလန်းသွားအောင် ဆွဲဆောင်နိုင်စွမ်းရှိပေသည်။

ရေချိုးကန်ထဲတွင် အနီရောင်ပွင့်ချပ်များလည်း ကြဲထားသည့်အတွက် ဝေ့လျန်၏ ပတ်လည်တွင် ရောင်ပြေးအရိပ်ထင်နေမှုဟာ ရေကန်ထဲမှ နိုးထလာသော ပန်းမိစ္ဆာနှင့်ပင် ဆင်တူနေသေးသည်။ ထိုမြင်ကွင်းကြောင့် ထန်ချွမ်းအဆောင်တော်ထဲသို့ ဒုန်းစိုင်းဝင်လာသော ကျီယွဲ့၏ ခြေလှမ်းများမှာ ရုတ်ချည်း အရှိန်လျော့သွားရလေသည်။ ရင်
ဘတ်ထဲမှ ဒေါသမီးလျှံများမှာလည်း ရေနှင့်ပက်လိုက်သကဲ့သို့ ရှဲခနဲအရှိန်သေသွားကာ အခိုးအ
ငွေ့တချို့သာ တလူလူလွင့်ကျန်ခဲ့လေသည်။

"အားလုံး ထွက်သွားကြစမ်း"

ကျီယွဲ့သည် ဝေ့လျန်၏ ခန္ဓာကိုယ်ဟာ ကန်ရေ
ပြင်အောက်တွင် နစ်မြုပ်နေသော်လည်း သူမှလွဲ
၍ အခြားသူစိမ်းများကို ကြည့်ခွင့်မပေးနိုင်သောကြောင့် ရောက်ရောက်ချင်းမှာပင် ပြန်မောင်းထုတ်လိုက်လေသည်။

"အမိန့်တော်အတိုင်းပါ"

ဤသို့ဖြင့် ထန်ချွမ်းအဆောင်တော်တွင် သူနှင့်ဝေ့လျန်နှစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။ ထိုအ
ချိန်တွင်မှ ဝေ့လျန်က ဆတ်ခနဲ လှည့်ကြည့်ပြီး အံ့သြတကြီးမေးသည်။

"အရှင်ဧကရာဇ် ဘယ်လိုဖြစ်ပြီး ဒီကိုရောက်လာ
တာပါလဲ"

"ကိုယ်သာမလာခဲ့ရင် မင်း ကိုယ့်နောက်ကျောကို ဓားနဲ့ထိုးဖို့ စီစဥ်ထားတာကို သိခဲ့မှာတောင်မဟုတ်ဘူး"

ကျီယွဲ့က အပြုံးမမည်သော အပြုံးဖြင့် အေးစက်စွာပြောသည်။ ဆန့်ကျင်ဘက်အားဖြင့် ဝေ့လျန်ကမူတည်ငြိမ်နေဆဲပင်။

"အရှင်ဧကရာဇ် ဘာကိုဆိုလိုချင်တာလဲ"

သူသည် ကျူးယွဲ့ကို ထောင်ချောက်ဆင်ခဲ့စဥ်ကတည်းက ကျီယွဲ့ထံတွင် အဖော်ခံရနိုင်ကြောင်း ကြိုခန့်မှန်းပြီးသားဖြစ်သည်။ သို့သော် ကျီယွဲ့လိုလူမျိုးဟာ အကြံကြီးသော အစေခံတစ်ဦး၏
စကားကို မျက်စိမှိတ်ခေါင်းညိတ်ပြီး ယုံမည့်သူမျိုးမဟုတ်သည့်အတွက် သူအနေနှင့်လည်း အ
ဆုံးထိ ဝန်မခံဘဲ အတင်းငြင်းနေရုံသာရှိသည်။

ကျီယွဲ့က ပြန်မဖြေဘဲ အပေါ်ဝတ်ရုံကို ဆွဲချွတ်ကာ အတွင်းဝတ်ရုံတစ်ထပ်တည်းဖြင့် ကန်ထဲသို့ ဆင်းချလာသည်။ ကျီယွဲ့၏ ချဥ်းကပ်မှုကိုမြင်သော် ဝေ့လျန် လက်ကောက်ဝတ်တွင် ဝတ်ဆင်ထားသော ငွေရောင်လက်ကောက်ကို သတိကြီးကြီး ဆုပ်ကိုင်လိုက်သည်။ သူ့တွင် အခြားခုခံစရာလက်နက်မရှိ၊လက်ကောက်ထဲတွင် ထည့်ဝှက်ထားသော ငွေအပ်များသာရှိသည်။

ကျီယွဲ့က တစ်လှမ်းချင်းစီ လျှောက်လာသည်။ သူ၏အတွင်းဝတ်ရုံဟာ ရေနှင့်ထိသွားသည်နှင့်တစ်ပြိုင်နက် ဝမ်းဗိုက်မှ ကြွက်သားအပြိုင်းပြိုင်းကို ထင်ရှားစွာ ပေါ်လွင်စေသည်။ ဤသို့ဖြင့် ကျီယွဲ့က တစ်လှမ်းချင်းစီ လှမ်းလာရင်း ဝေ့လျန်နှင့် ခြေတစ်လှမ်းအကွာအဝေးသို့ရောက်မှ ရပ်သွားသည်။

ကျီယွဲ့ဟုအမည်ရသော ချင်ဧကရာဇ်တွင် ညှို့ငင်မှုရှိပြီး အန္တရာယ်များသော ဇာမဏီမီးငှက်သဖွယ် မျက်ဝန်းတစ်စုံရှိသည်။ မျက်ဝန်းတစ်ဖက်စီ၏ အဆုံးသတ်တွင် ရွှေအိုရောင်မီးလျှံမီးစတို့ ကိန်း
အောင်းနေသည့်နှယ် အပေါ်သို့ အတန်ငယ် ကော့သွယ်နေသယောင်ပင်။ လက်ရှိတွင် ထိုမျက်ဝန်းတစ်စုံဟာ ဝေ့လျန်တစ်ဦးတည်းကိုသာ မြဲမြံစွာ
စိုက်ကြည့်နေပြီး 'သေချာကြည့်ထား ငါ့မျက်လုံး
ထဲမှာ မင်းတစ်ယောက်ပဲရှိတယ်'ဟူသော ခံစားချက်ကို ပေးစွမ်းလျက်ရှိသည်။

သို့တမျှ အန္တရာယ်များလွန်းသော ယောကျာ်းမျိုးကိုမှ ပစ်မှတ်ထားခြင်းဟာ ကျိန်းသေပေါက် ကောင်းသော ရွေးချယ်မှုမျိုးတော့မဟုတ်ပေ။ ကျီယွဲ့ဟာ ပြုံးနေဆဲဖြစ်ပြီး ပေါ့ပါးသော လေသံဖြင့် အရွှန်းဖောက်သည်။ 

"ကိုယ်သတင်းကြားလာတာ ဝေ့လျန်က ကိုယ်နဲ့ညတိုင်းအတူပျော်ရတာ အရမ်းပင်ပန်းလွန်းလို့ နန်းတွင်းထဲက အစေခံကိုတောင် အကူအညီတောင်းခဲ့ရတယ်ဆိုပဲ"

ဝေ့လျန်: "..."

"အဲ့ဒီလိုကိစ္စမျိုးမရှိပါဘူးအရှင်ဧကရာဇ်"

"အို ဟုတ်လား"

"ဒါဆိုရင် အဲ့ဒီအစေခံက မင်းကို တမင်သက်
သက်စွပ်စွဲတာပေါ့" 

ဝေ့လျန်က အံ့အားသင့်သော အမူအရာဖြင့် တုံ့ပြန်သည်။

"အဲ့ဒီအစေခံက တကယ်ကို အတင့်ရဲလွန်းတာပဲ"

ချင်ဧကရာဇ်သည်လည်း ခေသူတော့မဟုတ်။ ကျူးယွဲ့၏အမည်ကို ထုတ်မပြောဘဲ 'အစေခံ'ဟု သုံးနှုန်းခြင်းအားဖြင့် ဝေ့လျန်ထံမှ 'ကျူးယွဲ့'ဟူ
သော အမည်နာမထွက်လာမည့်အချိန်ကို အလစ်ဖမ်းရန် စောင့်ဆိုင်းနေခြင်းဖြစ်သည်။ ဝေ့လျန်သာ အမှန်တကယ် ရိုးသားပါက 'ကျူးယွဲ့'ကို သိစရာအကြောင်းမရှိပေ။

ချင်ဧကရာဇ်တွင် ထောင်ချောက်တစ်သောင်းရှိလျှင် ဝေ့လျန်တွင်လည်း လှည့်ကွက်တစ်သောင်းရှိပေသည်။ သူသည် ချင်ဧကရာဇ်ထံတွင် အလွ
ယ်တကူ ထောင်ချောက်ဆင်ခံမည့်လူစားမျိုးမဟုတ်ပေ။ ထိုနည်းတူစွာပင် ကျီယွဲ့သည် ဝေ့လျန်၏ အမူအရာတစ်ခုချင်းစီကိုမျက်တောင်မခတ်တမ်း အသေးစိတ် အကဲခတ်နေသော်လည်း စ
ကားအသွားအလာနှင့် အပြုအမူများက ပြေပြစ်လွန်းလှသည့်အတွက် ဝေ့လျန်နှင့် တကယ်ပဲ
မသက်ဆိုင်သလားဟုပင် ထင်ယောင်ထင်မှားဖြစ်သွားရသည်။

"သူဘယ်သူလဲဆိုတာ မင်းသိဖို့မလိုတော့ပါဘူး..ကိုယ် သူ့ကို သေတဲ့အထိ ကြိမ်ဒဏ်ပေးလိုက်ပြီ"

'သေတဲ့အထိ ကြိမ်ဒဏ်ပေးလိုက်ပြီ"ဟူသော စကားကိုကြားသော် ဝေ့လျန် မသိမသာ ခေါင်းငုံ့လိုက်မိသည်။ သို့သော် အားနာစိတ်ကြောင့်တော့မဟုတ် အသက်ဆုံးရှုံးမှုအတွက် သက်ပြင်းတစ်ချက်ချပေးလိုက်ရုံမျှသာဖြစ်သည်။ 

"သူက မင်း သူ့ကို ခိုင်းလို့လုပ်ရတာပါလို့ပြောတယ်"

"ဝေ့လျန် မင်းဘယ်လိုထင်လဲ..ကိုယ် သူ့ကို ယုံ
သင့်လား"

ဝေ့လျန်က တိုးညှင်းစွာ တုံ့ပြန်သည်။

"သေရမှာကြောက်တဲ့လူတစ်ယောက်က သူ့ဘဝရဲ့ သေရေးရှင်ရေးအချိန်ကိုရောက်လာပြီဆိုရင် သူအသက်ဘေးကလွတ်ဖို့အတွက် ဘယ်သူ့ကိုမဆို ချနင်းပြီး အသုံးချတတ်တာပါပဲ..အဲ့ဒီအစေခံက ဒီလိုအရဲတင်းတဲ့ကိစ္စမျိုးကိုတောင် မဆင်မခြင်လုပ်ရဲတယ်ဆိုထဲက အရှင်ဧကရာဇ်ကို ချစ်တဲ့စိတ်ကြောင့် မျက်ကန်းတစ်ယောက်ဖြစ်သွားပုံပါပဲ..အရှင်ဧကရာဇ်က ကျွန်တော်မျိုးကို အရမ်းမျက်နှာသာပေးနေတော့ မနာလိုဖြစ်ပြီး ချောက်
ချခဲ့တယ်ထင်ပါရဲ့"

"သူဘယ်လိုမှ အသက်မရှင်နိုင်တော့ဘူးဆိုတာသိတော့ ကျွန်တော်မျိုးကိုပါ သူနဲ့အတူ ငရဲကိုဆွဲခေါ်သွားဖို့လုပ်ခဲ့တာပါ"

"ဒါပေမဲ့ ကျွန်တော်မျိုးလို နိမ့်ကျတဲ့လူတစ်ယောက်ရဲ့စကားကို အရှင်ဧကရာဇ်အနေနဲ့ ယုံချင်မယ်မထင်ပါဘူး..အရှင်ဧကရာဇ် အပြစ်ပေးမယ်ဆိုရင်လည်း ခံယူဖို့အသင့်ပါပဲ"

ကျီယွဲ့က ခွန်းတုံ့ပြန်ခြင်းမပြုဘဲ အချိန်အတန်
ကြာ စူးစူးရဲရဲ စိုက်ကြည့်နေခြင်းကြောင့် ဝေ့လျန်လည်း မျက်လွှာချပြီး ခေါင်းငုံ့ထားလိုက်သည်။

"ဝေ့လျန်က တကယ်ကို ပါးနပ်တဲ့ယောကျာ်း
တစ်ယောက်ပဲ"

နောက်ဆုံးတွင် ကျီယွဲ့က ရယ်သွမ်းသွေးသော လေသံဖြင့် ခပ်ဖွဖွ ရယ်မောလာပြီး ဝေ့လျန်၏ မေးစေ့ကို ဆတ်ခနဲ ဆွဲကိုင်မော့လျက် မျက်လုံးချင်းဆုံစေသည်။

"မင်းရဲ့ပြောပုံဆိုပုံက ပြေပြစ်လွန်းလို့ က်ိုယ့်မှာ လိမ်နေတာလား အမှန်အတိုင်းပြောနေတာလားဆိုတာကိုတောင် ဝေခွဲရခက်တဲ့အထိပဲ..ဒါပေမဲ့ အဲ့ဒီအစေခံ မလိမ်ဘူးဆိုတာကို ကိုယ်သိတယ်..
မင်း ကိုယ့်ကို ငတုံးများထင်နေလား" 

ကျီယွဲ့၏ မီးဟုန်းဟုန်းတောက်နေသော မျက်ဝန်းကို စိုက်ကြည့်နေသော ဝေ့လျန်၏ မျက်ဝန်းတစ်စုံဟာ တုန်လှုပ်သွားခြင်းမရှိ၊ တည်ငြိမ်လျက်သားပင်။

လျှော့တွက်မိသွားပြီ..

ဝေ့လျန်သည် ငယ်စဥ်ကတည်းက လူတို့၏ စိတ်နှလုံးသားကို ကောင်းစွာ လှည့်စားတတ်သူဖြစ်ပြီး ဥာဏ်ရည်အထက်မြတ်ဆုံး မင်းသားတစ်ပါးလည်းဖြစ်သည်။ သူ၏ဆရာဖြစ်သူပင်လျှင် ကြိမ်ဖန်များစွာ ချီးကျူးခဲ့ဖူးသော်လည်း တစ်နေ့တွင် ပခုံးချင်းယှဥ်နိုင်သည့် ပြိုင်ဘက်
နှင့် ရင်ဆိုင်ရပါက တစ်ဖက်လူ၏ အရည်အချင်းကို လျှော့တွက်ပြီး တဇွတ်ထိုးဆန်စွာ ပြုမူတတ်သည့်အကျင့်ဆိုးကြောင့် ဒုက္ခရောက်လိမ့်မည်ဟု သတိပေးခဲ့ဖူးသည်။

သို့သော် ဝေ့လျန်သည် သူ့ဘဝတွင် သူနှင့်
ပခုံးချင်းယှဥ်နိုင်သည့် ပြိုင်ဘက်ကို မတွေ့ဖူးခဲ့ခြင်းကြောင့် ဆရာဖြစ်သူ၏စကားကို အရေးမလုပ်ခဲ့ပေ။ သူ့အမြင်တွင် မိုက်မဲသော်လည်း က
ယ်တင်၍ရနိုင်သေးသူနှင့် ကယ်တင်၍မရလော
က်အောင်ကို မိုက်မဲသူဟူ၍ လူနှစ်မျိုးနှစ်စားသာရှိသည်။ 

သူသည် ချူအင်ပါယာတွင် မွေးဖွားလာသူဖြစ်ပြီး ချူဧကရာဇ်တွင် သားတော်တစ်ဆယ့်ခုနစ်ပါးရှိသည်။ ထို့ကြောင့် ကြင်ရာတော်နှင့် ကိုယ်
လုပ်တော်တို့၏ အချင်းချင်း မနာလိုမှု၊ အဖေတူအမေကွဲ ညီအစ်ကိုအချင်းချင်း အားပြိုင်မှုများကို ရှေ့တွင်တစ်မျိုး၊ကွယ်ရာတစ်မျိုး မမြင်ချင်လောက်အောင်ကို မြင်တွေ့ခဲ့ရသည်။ ချူဧက
ရာဇ်ထံမှ မျက်နှာသာရရန် အပြိုင်အဆိုင် ကြိုး
ပမ်းမှုများကိုလည်း မျက်မြင်တွေ့ခဲ့ရသူဖြစ်ရာ အချိန်တိုင်းနီးပါး တကျတ်ကျတ်ရန်ဖြစ်နေကြသော ထိုလူတစ်အုပ်ကို 'စားကျတ်လုနေသော ကြက်များ'ဟု နာမည်ပြောင်ပေးထားလိုက်သည်။

သူတို့၏အရည်အချင်းဟာ အပေါစားဆန်ပြီး ကလေးဆန်လွန်းသည့်အတွက် ဝေ့လျန်ဘယ်
တုန်းကမှ အဖတ်မလုပ်ခဲ့ဖူးပေ။ 

သို့သော် ချူဧကရာဇ်သည် ထိုထောင်ချောက်များတွင်သာ ရစ်မူးသာယာနေပြီး ကိုယ်လုပ်တော်များမှာလည်း တစ်ယောက်၏ထောင်ချောက်တွင်
တစ်ယောက်က ကျရှုံးလျက်၊ သားတော်များမှာလည်းတစ်ယောက်ထက် တစ်ယောက်ကပိုညံ့
ဖျင်းကြလေလေပင်။  ထို့ကြောင့် ဝေ့လျန်သည်
သပွတ်အူကဲ့သို့ ရှုပ်ထွေးနေသော ချူနန်းတော်
၏ ပဋိပက္ခများတွင် ပါဝင်ပတ်သတ်နေသူတိုင်းကို ဥာဏ်မရှိသော ငတုံးငအများအဖြစ်သာ မှတ်ယူထားသည်။

မည်သို့ပင်ဖြစ်စေ ချင်အင်ပါယာတစ်ခုလုံးကို အုပ်စိုးနေသော ချင်ဧကရာဇ်မင်းကျီယွဲ့ကမူ ချူဧကရာဇ်ကဲ့သို့ ငတုံးငအတစ်ယောက်မဟုတ်ပေ။ အသက်တစ်ဆယ့်ငါးနှစ်အရွယ်တွင် အင်ပါယာတွင်း စစ်မက်ဖြစ်ပွားမှုကို ထိန်းချုပ်ပြီး အသက်နှစ်ဆယ့်တစ်နှစ်အရွယ်တွင် အင်ပါယာခြောက်ခုကို သိမ်းပိုက်နိုင်ခဲ့သော ဤဧကရာဇ်သည် ဝေ့လျန်ကဲ့သို့ပင် ပြိုင်စံရှား အရည်အချင်းရှ်ိသော ယော
ကျာ်းတစ်ယောက်ဖြစ်သည်။ ကျူးယွဲ့တွင် မကောင်းသော အကြံအစည်မျိုးရှိလျှင်တောင်
မှ ကျူးယွဲ့၏ ဖွင့်ဟဝန်ခံချက်ဟာ အစစ်အမှန်ဟုတ်၊မဟုတ်ကို ကောင်းစွာ ပိုင်းခြားဆုံးဖြတ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် ချင်ဧကရာဇ်သည်လည်း ပါးနပ်သူတစ်ဦးဖြစ်နေခြင်းကြောင့်ပင်။

အတိတ်တွင်သာဖြစ်ခဲ့ပါက ဝေ့လျန်တစ်ယောက် ကျီယွဲ့ကဲ့သို့ သူ့နှင့်ပခုံးချင်းယှဥ်နိုင်သော ပြိုင်
ဘက်နှင့်တွေ့ရခြင်းကို ဝမ်းသာမိမည်ဖြစ်သော်
လည်း လက်ရှိတွင်မူ သူဟာ ချင်အင်ပါယာသို့ရောက်နေသော ဓားစာခံမင်းသားတစ်ဦးဖြစ်နေ
သည့်အတွက် အခြေအနေသိပ်မဟန်လှချေ။

ရှစ်ဖူပြောတာအမှန်ပဲ..ငါက အရမ်းဆင်ခြင်လုပ်လွန်းတယ်..အခုတော့ ကိုယ့်လည်ပင်းကိုယ်
ကြိုးကွင်းစွပ်မိပြီ

မည်သို့ပင်ဖြစ်စေ ဝေ့လျန်ကား မျက်နှာတစ်ချက်
မပျက်ယွင်းဘဲ တည်ငြိမ်နေဆဲဖြစ်သည်။ နောက်
ဆုံးတွင်မှ သူက သက်ပြင်းတစ်ချက်ချပြီး ကူကယ်ရာမဲ့စွာဆိုလေသည်။

"အရှင်ဧကရာဇ်က သူမတူအောင် ထက်မြက်လွန်းပါတယ်"

ကျီယွဲ့က မျက်ခုံးပင့်ပြီး မေးသည်။

"ဒါဆိုရင် မင်းခိုင်းခဲ့တယ်လို့ဝန်ခံတာပေါ့"

"ဟုတ်ပါတယ်"

"အရှင်ဧကရာဇ် ကျွန်တော်မျိုးကို ဘယ်လိုအပြစ်ပေးချင်ပါသလဲ"

ဝေ့လျန်သည် အပေါ်ယံတွင် မြင်နေရသကဲ့သို့ ရိုးသားဖြူစင်သူမဟုတ်၊ သူ့တွင် နားလည်ရခက်ပြီး အန္တရာယ်များသော နှလုံးသားတစ်ခုရှိသည်။ ထို့ကြောင့် ကျီယွဲ့ ဝေ့လျန်ကို ပိုစိတ်ဝင်စားလာမိသည်။ ကျီယွဲ့အတွက်မူ ဝေ့လျန်သည် ရတနာတစ်ခုနှင့်ဆင်တူသည်။ ကျောက်စိမ်းကွဲကြောင်းမှ ငွေမျှင်ရောင်အလင်းတန်းများထွက်လာသကဲ့
သို့၊ ထိုငွေမျှင်ရောင်အလင်းတန်းများအကြား ရွှေအိုရောင်အလင်းတန်းများပါ ရောယှက်နေသကဲ့သို့ အံ့အားသင့်ဖွယ်ရာများကို ဆင့်ကဲပေး
စွမ်းလျက်ရှိသည်။

သို့သော် ကျီယွဲ့သည် သူ့ကို လှည့်စားရန် ကြိုး
ပမ်းသည့်မည်သူကိုမဆို သနားညှာတာပေးတတ်သူမဟုတ်ပေ။ အခြားတစ်ယောက်ကို ရှင်းထုတ်ရန်အတွက် သူ့ကို အသုံးချခဲ့သည်ဆိုပါက တန်
ရာတန်ကြေးတော့ ပြန်ပေးဆပ်ရလိမ့်မည်။

"အဲ့ဒီအစေခံကို သေဒဏ်ပေးလိုက်ပြီဆိုတော့..."

ကျီယွဲ့က ခပ်အေးအေးပြောသည်။

"ကိုယ့်နောက်ကျောကို ဓားနဲ့ထိုးဖို့ ကြိုးစားခဲ့တဲ့မင်းကိုလည်း အပြစ်ပေးရလိမ့်မယ်..ဒီလိုကြီးလေးတဲ့အပြစ်အတွက် ကြိမ်ဒဏ်အချက်နှစ်ဆယ်ကျခံစေမယ်..နောင်အနာဂတ်မှာ မင်း ဒီလိုလုပ်ရပ်မျိုး ထပ်လုပ်အုံးရဲမလားဆိုတာကို စောင့်ကြည့်ရသေးတာပေါ့"

ဝေ့လျန်ကျူးလွန်ခဲ့သည့်အပြစ်နှင့် ယှဥ်ကြည့်ပါက ကြိမ်ဒဏ်အချက်နှစ်ဆယ်ဟူသည့် သက်ညှာလွန်းသော အပြစ်ဒဏ်မျှသာဖြစ်သည်။  သို့သော် ဝေ့လျန်သည် အသားနာခြင်းကို မုန်းတီးသူဖြစ်သည့်အလျောက် ကြိမ်ဒဏ်မခံယူချင်ပေ။  ထို့ကြောင့် ကျီယွဲ့ကို တစ်ချက်လှမ်းကြည့်ပြီး အရှေ့သို့ ခပ်မြန်မြန်တိုးကာ လည်တိုင်ကို အတင်းဖက်တွယ်လျက် အနမ်းပေးလိုက်လေတော့သည်။

ကျီယွဲ့: "....."

နူးညံ့သော နှုတ်ခမ်းတစ်စုံနှင့် ထိတွေ့သွားသည့်အခိုက်အတန့်တွင် မွှေးပျံ့ချိုမြိန်သော မက်မွန်နံ့ကပါ နှာခေါင်းထဲသို့ တိုးဝင်လာသည်။ ကျီယွဲ့သည် ဝေ့လျန်ကို တွန်းထုတ်လိုက်ချင်ပါသော်
လည်း တစ်သက်မှာ တစ်ခါသာမက်ခဲ့ဖူးသည့် အိပ်မက်ကို ရုတ်တရက် ပြန်အမှတ်ရသွားပြီး တွန့်ဆုတ်သွားရလေသည်။ ဝေ့လျန်၏ အနမ်းသည် ကန်ရေပြင်ကို တို့ထိသွားသော ပုစဥ်းရင်ကွဲတစ်ကောင်ကဲ့သို့ ပေါ့ပါးပြီး မြန်ဆန်လွန်းလှသည်။

"အရှင်ဧကရာဇ်ကို ဝေ့လျန်က ဒီလိုမျိုးတောင်း
ပန်ပါတယ်..ကျေးဇူးပြုပြီး ကြိမ်ဒဏ်မပေးလို့ရ
မလားဟင်"

ကျီယွဲ့: "...."

ဒီမှာ မင်း..မင်း..ငါ့ကို ဒီလိုမျိုး လာလှည့်စားလို့မရဘူး!

ငါ မင်းဆီက နောက်တစ်ကြိမ် လှည့်စားခံတော့မှာမဟုတ်ဘူး!

ကျီယွဲ့သည်  စိတ်မာသော ယောကျာ်းတစ်ယောက်ဖြစ်သော််လည်း ဝေ့လျန်နှင့်တွေ့လျှင်တော့ တင်းထားသမျှ စိတ်အစုံဟာ ကြက်ပျောက်ငှက်ပျောက် ပြေလျော့သွားရမြဲဖြစ်သည်။ မည်
သို့ပင်ဖြစ်စေ ဤတစ်ကြိမ်တွင်တော့ ဝေ့လျန်ကို သူအရှုံးမပေးနိုင်ချေ။ ဝေ့လျန်ကို စိုက်ကြည့်နေရင်း အတွေးတစ်ခုက ဦးနှောက်ထဲတွင် ရုတ်တ
ရက် တောက်ပလာသည်။ ဤသို့ဖြင့် ရေအောက်ထဲသို့ ရောက်နေသော လက်တစ်စုံဟာ ဝေ့လျန်
၏ အထိမခံနိုင်သော နေရာကို ဆတ်ခနဲ ဆုပ်ကိုင်လိုက်လေသည်။

ကျီယွဲ့၏ ရုတ်တရက်ဆန်လွန်းသော အပြုအမူကြောင့် ဝေ့လျန်မှာ တစ်ကိုယ်လုံး တောင့်တင်းသွားရပြီး ပြူးကျယ်နေသော မျက်ဝန်းတစ်စုံဖြင့် အထိတ်တလန့် ရေရွတ်လာသည်။

"အ..အရှင်ဧကရာဇ်"

သူနှင့် ဝေ့လျန်တို့ စတွေ့ဖူးစဥ်ကတည်းက ဝေ့လျန်တစ်ယောက် ဤမျှထိတ်လန့်သွားခြင်းကို သူတစ်ခါမှ မမြင်ဖူးချေ။ မည်သည့်အခြေအနေတွင်မဆို အမူအရာမပျက် အိန္ဒြေကြီးစွာ ပြုမူနေထိုင်တတ်သော လျန်သခင်လေး၏ ဂုဏ်သိက္ခာများ တခွမ်းခွမ်းကျကွဲသွားခြင်းကြောင့် ကျီယွဲ့မှာ စိတ်ထဲတွင် ကြိတ်၍ဝမ်းသာနေမိတော့သည်။

"ဒီနေ့ည ကိုယ်နဲ့အတူပျော်ဖို့ အားမရှိတော့ဘူးလို့ပြောခဲ့တာမဟုတ်လား..ကိုယ် မင်းကို မျက်နှာလွှဲ
ခဲပစ်လုပ်လို့ဘယ်ဖြစ်ပါ့မလဲ"

ဝေ့လျန်က အောက်နှုတ်ခမ်းကို အသာအယာဖိကိုက်ရင်း အတန်ငယ် နီမြန်းလာသော မျက်ဝန်းတစ်စုံဖြင့် အထစ်ထစ်အငေါ့ငေါ့ဆိုသည်။

"အရှင်ဧကရာဇ် ဒီလိုလုပ်ဖို့ မ..မလို..."

ကျီယွဲ့က ပိုတင်းကျပ်စွာ ဆုပ်ကိုင်ပြီး ရွှင်မြူးသောလေသံဖြင့်မေးသည်။

"ဘာမလိုတာလဲ ကိုယ့်ကိုပြောပါအုံး"

နောက်ဆုံးတွင် ဝေ့လျန်တစ်ယောက် မျက်လွှာချပြီး ကူကယ်ရာမဲ့စွာဆိုလေသည်။

"အရှင်ဧကရာဇ်အလိုအတိုင်းသာနေပါ့မယ်"

ဆိုးဘူး ဒီနည်းလမ်းက အသုံးဝင်သားပဲ..

"သုံးကြိမ်..သုံးကြိမ်ပြီးလို့မှ မင်း အထွတ်အထိပ်ကိုမရောက်ဘူးဆိုရင် အပြင်ထွက်ပြီး ကြိမ်ဒဏ်အချက်နှစ်ဆယ်ခံယူရမယ်"

ဝေ့လျန်:"...."

ကောင်းပြီ ဒီတစ်ကြိမ်တော့ မင်းနိုင်တယ်
ခွေးကောင်!

ဘာပဲဖြစ်ဖြစ် သုံးကြိမ်လုံး ငါပဲသာယာမှာလေ..အကျိုးယုတ်စရာတော့မရှိပါဘူး

× × ×

အဆုံးတွင် ရေကန်ထဲမှ အပူငွေ့နွေးနွေးရှိသော ရေများမှာ အေးစက်မှုအဖြစ်သို့ ပြောင်းလဲသွားလေသည်။ ဝေ့လျန်သည် ကျီယွဲ့၏ ပခုံးပေါ်တွင် မေးတင်ပြီး အားပျော့စွာ ဖက်တွယ်ထားရင်း မိန်း
မောနေလျက်ရှိသည်။မက်မွန်ပွင့်ချပ်နှင့် ဆင်တူသော မျက်ဝန်းတစ်စုံဟာ နီမြန်းပြီး မှေးစင်းလျက်ရှိသည်။ ကန်ရေပြင်ထဲတွင် ထင်ဟပ်နေသော ကိုယ့်အရိပ်ကို သဲသဲကွဲကွဲ မမြင်နိုင်သည်အထိပင်။ ရေပေါ်တွင် မျောလွင့်နေသော ပွင့်ချပ်
များမှ အရောင်အသွေးများဟာ ဝေ့လျန်၏ ပါးပြင်ပေါ်တွင် စွန်းထင်နေသလားဟုပင် ထင်မှတ်
ရသည်။

ကျီယွဲ့တစ်ယောက် လက်မှ စေးပျစ်နေသော အရည်များကို ရေဖြင့် ဆေးကြောလိုက်သည်။ ကိုယ်တိုင်ပင် တစ်ခါမှ အာသာမဖြေခဲ့ဖူးသူဟာ သူ့လက်နှင့် ဝေ့လျန်ကို လိုလိုလားလား လုပ်ပေးခဲ့မိသည်။ ဝေ့လျန်သည်မိန်းမောနေဆဲဖြစ်ပြီး ကျီယွဲ့ကို ရန်မလုပ်နိုင်လောက်အောင်ပင် မော
ပန်းလျက်ရှိသည်။ မူလက ကျီယွဲ့ ဝေ့လျန်ကို တစ်ညလုံး စိတ်ဒုက္ခပေးပြီး လက်စားချေရန် ကြံရွယ်ထားသော်လည်း သူ့အရှေ့မှ လူငယ်လေးဟာ သုံးကြိမ်တိုင်တိုင် အထွတ်အထိပ်သို့ ရောက်ပြီးသည့်နောက်တွင် အလွန်ပင်ပန်းပြီး ပျော့ခွေသွားလေတော့သည်။

သူ၏ ရင်ခွင်ထဲတွင် မိန်းမောနေသော ဝေ့လျန်သည် မထိရက်မကိုင်ရက်အောင်ကို နူးညံ့သော ဝါဂွမ်းလုံးလေးနှင့်ဆင်တူသည်။

ဝေ့လျန်ကိုကြည့်ပြီး ကျီယွဲ့၏ နှုတ်ခမ်းစွန်းတွင် အပြုံးတစ်ပွင့်ဖြစ်တည်လာရလေသည်။

"အရူးလေး"

"ကိုယ် မင်းကို ကြိမ်ဒဏ်မပေးတော့ဘူး"

...................................××.....................................

-ကြၽန္ေတာ္မ်ိဳးကိုအျပစ္မေပးလို႔ရမလား-

ထန္ခြၽမ္းအေဆာင္ေတာ္ဝယ္၊ ေဝ့လ်န္တစ္ေယာက္ စိတ္ေအးလက္ေအး ေရစိမ္ေနဆဲျဖစ္
သည္။ ေရမ်က္ႏွာျပင္ဟာ ရင္ဘတ္ကို က်ဴး
ေက်ာ္လ်က္ ညွပ္ရိုးေအာက္တြင္ ၿငိမ္သက္ေန
၏။ လည္တိုင္သြယ္သြယ္ႏွင့္ ေရစိုေနေသာ ခ
ႏၶာကိုယ္အလွဟာ ျမင္သူတကာကို အ႐ူးအမူး
စြဲလန္းသြားေအာင္ ဆြဲေဆာင္နိုင္စြမ္းရွိေပသည္။

ေရခ်ိဳးကန္ထဲတြင္ အနီေရာင္ပြင့္ခ်ပ္မ်ားလည္း ႀကဲထားသည့္အတြက္ ေဝ့လ်န္၏ ပတ္လည္တြင္ ေရာင္ေျပးအရိပ္ထင္ေနမႈဟာ ေရကန္ထဲမွ နိုးထလာေသာ ပန္းမိစ္ဆာႏွင့္ပင္ ဆင္တူေနေသးသည္။ ထိုျမင္ကြင္းေၾကာင့္ ထန္ခြၽမ္းအေဆာင္ေတာ္ထဲသို႔ ဒုန္းစိုင္းဝင္လာေသာ က်ီယြဲ႕၏ ေျခလွမ္းမ်ားမွာ ႐ုတ္ခ်ည္း အရွိန္ေလ်ာ့သြားရေလသည္။ ရင္
ဘတ္ထဲမွ ေဒါသမီးလွ်ံမ်ားမွာလည္း ေရႏွင့္ပက္လိုက္သကဲ့သို႔ ရွဲခနဲအရွိန္ေသသြားကာ အခိုးအ
ေငြ႕တခ်ိဳ႕သာ တလူလူလြင့္က်န္ခဲ့ေလသည္။

"အားလုံး ထြက္သြားၾကစမ္း"

က်ီယြဲ႕သည္ ေဝ့လ်န္၏ ခႏၶာကိုယ္ဟာ ကန္ေရ
ျပင္ေအာက္တြင္ နစ္ျမဳပ္ေနေသာ္လည္း သူမွလြဲ
၍ အျခားသူစိမ္းမ်ားကို ၾကည့္ခြင့္မေပးနိုင္ေသာေၾကာင့္ ေရာက္ေရာက္ခ်င္းမွာပင္ ျပန္ေမာင္းထုတ္လိုက္ေလသည္။

"အမိန့္ေတာ္အတိုင္းပါ"

ဤသို႔ျဖင့္ ထန္ခြၽမ္းအေဆာင္ေတာ္တြင္ သူႏွင့္ေဝ့လ်န္ႏွစ္ဦးတည္းသာ က်န္ရစ္ခဲ့သည္။ ထိုအ
ခ်ိန္တြင္မွ ေဝ့လ်န္က ဆတ္ခနဲ လွည့္ၾကည့္ၿပီး အံ့ၾသတႀကီးေမးသည္။

"အရွင္ဧကရာဇ္ ဘယ္လိုျဖစ္ၿပီး ဒီကိုေရာက္လာ
တာပါလဲ"

"ကိုယ္သာမလာခဲ့ရင္ မင္း ကိုယ့္ေနာက္ေက်ာကို ဓားနဲ႕ထိုးဖို႔ စီစဥ္ထားတာကို သိခဲ့မွာေတာင္မဟုတ္ဘူး"

က်ီယြဲ႕က အၿပဳံးမမည္ေသာ အၿပဳံးျဖင့္ ေအးစက္စြာေျပာသည္။ ဆန့္က်င္ဘက္အားျဖင့္ ေဝ့လ်န္ကမူတည္ၿငိမ္ေနဆဲပင္။

"အရွင္ဧကရာဇ္ ဘာကိုဆိုလိုခ်င္တာလဲ"

သူသည္ က်ဴးယြဲ႕ကို ေထာင္ေခ်ာက္ဆင္ခဲ့စဥ္ကတည္းက က်ီယြဲ႕ထံတြင္ အေဖာ္ခံရနိုင္ေၾကာင္း ႀကိဳခန့္မွန္းၿပီးသားျဖစ္သည္။ သို႔ေသာ္ က်ီယြဲ႕လိုလူမ်ိဳးဟာ အႀကံႀကီးေသာ အေစခံတစ္ဦး၏
စကားကို မ်က္စိမွိတ္ေခါင္းညိတ္ၿပီး ယုံမည့္သူမ်ိဳးမဟုတ္သည့္အတြက္ သူအေနႏွင့္လည္း အ
ဆုံးထိ ဝန္မခံဘဲ အတင္းျငင္းေန႐ုံသာရွိသည္။

က်ီယြဲ႕က ျပန္မေျဖဘဲ အေပၚဝတ္႐ုံကို ဆြဲခြၽတ္ကာ အတြင္းဝတ္႐ုံတစ္ထပ္တည္းျဖင့္ ကန္ထဲသို႔ ဆင္းခ်လာသည္။ က်ီယြဲ႕၏ ခ်ဥ္းကပ္မႈကိုျမင္ေသာ္ ေဝ့လ်န္ လက္ေကာက္ဝတ္တြင္ ဝတ္ဆင္ထားေသာ ေငြေရာင္လက္ေကာက္ကို သတိႀကီးႀကီး ဆုပ္ကိုင္လိုက္သည္။ သူ႕တြင္ အျခားခုခံစရာလက္နက္မရွိ၊လက္ေကာက္ထဲတြင္ ထည့္ဝွက္ထားေသာ ေငြအပ္မ်ားသာရွိသည္။

က်ီယြဲ႕က တစ္လွမ္းခ်င္းစီ ေလွ်ာက္လာသည္။ သူ၏အတြင္းဝတ္႐ုံဟာ ေရႏွင့္ထိသြားသည္ႏွင့္တစ္ၿပိဳင္နက္ ဝမ္းဗိုက္မွ ႂကြက္သားအၿပိဳင္းၿပိဳင္းကို ထင္ရွားစြာ ေပၚလြင္ေစသည္။ ဤသို႔ျဖင့္ က်ီယြဲ႕က တစ္လွမ္းခ်င္းစီ လွမ္းလာရင္း ေဝ့လ်န္ႏွင့္ ေျခတစ္လွမ္းအကြာအေဝးသို႔ေရာက္မွ ရပ္သြားသည္။

က်ီယြဲ႕ဟုအမည္ရေသာ ခ်င္ဧကရာဇ္တြင္ ညွို႔ငင္မႈရွိၿပီး အႏၱရာယ္မ်ားေသာ ဇာမဏီမီးငွက္သဖြယ္ မ်က္ဝန္းတစ္စုံရွိသည္။ မ်က္ဝန္းတစ္ဖက္စီ၏ အဆုံးသတ္တြင္ ေ႐ႊအိုေရာင္မီးလွ်ံမီးစတို႔ ကိန္း
ေအာင္းေနသည့္ႏွယ္ အေပၚသို႔ အတန္ငယ္ ေကာ့သြယ္ေနသေယာင္ပင္။ လက္ရွိတြင္ ထိုမ်က္ဝန္းတစ္စုံဟာ ေဝ့လ်န္တစ္ဦးတည္းကိုသာ ၿမဲၿမံစြာ
စိုက္ၾကည့္ေနၿပီး 'ေသခ်ာၾကည့္ထား ငါ့မ်က္လုံး
ထဲမွာ မင္းတစ္ေယာက္ပဲရွိတယ္'ဟူေသာ ခံစားခ်က္ကို ေပးစြမ္းလ်က္ရွိသည္။

သို႔တမွ် အႏၱရာယ္မ်ားလြန္းေသာ ေယာက်ာ္းမ်ိဳးကိုမွ ပစ္မွတ္ထားျခင္းဟာ က်ိန္းေသေပါက္ ေကာင္းေသာ ေ႐ြးခ်ယ္မႈမ်ိဳးေတာ့မဟုတ္ေပ။ က်ီယြဲ႕ဟာ ၿပဳံးေနဆဲျဖစ္ၿပီး ေပါ့ပါးေသာ ေလသံျဖင့္ အ႐ႊန္းေဖာက္သည္။

"ကိုယ္သတင္းၾကားလာတာ ေဝ့လ်န္က ကိုယ္နဲ႕ညတိုင္းအတူေပ်ာ္ရတာ အရမ္းပင္ပန္းလြန္းလို႔ နန္းတြင္းထဲက အေစခံကိုေတာင္ အကူအညီေတာင္းခဲ့ရတယ္ဆိုပဲ"

ေဝ့လ်န္: "..."

"အဲ့ဒီလိုကိစၥမ်ိဳးမရွိပါဘူးအရွင္ဧကရာဇ္"

"အို ဟုတ္လား"

"ဒါဆိုရင္ အဲ့ဒီအေစခံက မင္းကို တမင္သက္
သက္စြပ္စြဲတာေပါ့"

ေဝ့လ်န္က အံ့အားသင့္ေသာ အမူအရာျဖင့္ တုံ႕ျပန္သည္။

"အဲ့ဒီအေစခံက တကယ္ကို အတင့္ရဲလြန္းတာပဲ"

ခ်င္ဧကရာဇ္သည္လည္း ေခသူေတာ့မဟုတ္။ က်ဴးယြဲ႕၏အမည္ကို ထုတ္မေျပာဘဲ 'အေစခံ'ဟု သုံးႏႈန္းျခင္းအားျဖင့္ ေဝ့လ်န္ထံမွ 'က်ဴးယြဲ႕'ဟူ
ေသာ အမည္နာမထြက္လာမည့္အခ်ိန္ကို အလစ္ဖမ္းရန္ ေစာင့္ဆိုင္းေနျခင္းျဖစ္သည္။ ေဝ့လ်န္သာ အမွန္တကယ္ ရိုးသားပါက 'က်ဴးယြဲ႕'ကို သိစရာအေၾကာင္းမရွိေပ။

ခ်င္ဧကရာဇ္တြင္ ေထာင္ေခ်ာက္တစ္ေသာင္းရွိလွ်င္ ေဝ့လ်န္တြင္လည္း လွည့္ကြက္တစ္ေသာင္းရွိေပသည္။ သူသည္ ခ်င္ဧကရာဇ္ထံတြင္ အလြ
ယ္တကူ ေထာင္ေခ်ာက္ဆင္ခံမည့္လူစားမ်ိဳးမဟုတ္ေပ။ ထိုနည္းတူစြာပင္ က်ီယြဲ႕သည္ ေဝ့လ်န္၏ အမူအရာတစ္ခုခ်င္းစီကိုမ်က္ေတာင္မခတ္တမ္း အေသးစိတ္ အကဲခတ္ေနေသာ္လည္း စ
ကားအသြားအလာႏွင့္ အျပဳအမူမ်ားက ေျပျပစ္လြန္းလွသည့္အတြက္ ေဝ့လ်န္ႏွင့္ တကယ္ပဲ
မသက္ဆိုင္သလားဟုပင္ ထင္ေယာင္ထင္မွားျဖစ္သြားရသည္။

"သူဘယ္သူလဲဆိုတာ မင္းသိဖို႔မလိုေတာ့ပါဘူး..ကိုယ္ သူ႕ကို ေသတဲ့အထိ ႀကိမ္ဒဏ္ေပးလိုက္ၿပီ"

'ေသတဲ့အထိ ႀကိမ္ဒဏ္ေပးလိုက္ၿပီ"ဟူေသာ စကားကိုၾကားေသာ္ ေဝ့လ်န္ မသိမသာ ေခါင္းငုံ႕လိုက္မိသည္။ သို႔ေသာ္ အားနာစိတ္ေၾကာင့္ေတာ့မဟုတ္ အသက္ဆုံးရႈံးမႈအတြက္ သက္ျပင္းတစ္ခ်က္ခ်ေပးလိုက္႐ုံမွ်သာျဖစ္သည္။

"သူက မင္း သူ႕ကို ခိုင္းလို႔လုပ္ရတာပါလို႔ေျပာတယ္"

"ေဝ့လ်န္ မင္းဘယ္လိုထင္လဲ..ကိုယ္ သူ႕ကို ယုံ
သင့္လား"

ေဝ့လ်န္က တိုးညွင္းစြာ တုံ႕ျပန္သည္။

"ေသရမွာေၾကာက္တဲ့လူတစ္ေယာက္က သူ႕ဘဝရဲ႕ ေသေရးရွင္ေရးအခ်ိန္ကိုေရာက္လာၿပီဆိုရင္ သူအသက္ေဘးကလြတ္ဖို႔အတြက္ ဘယ္သူ႕ကိုမဆို ခ်နင္းၿပီး အသုံးခ်တတ္တာပါပဲ..အဲ့ဒီအေစခံက ဒီလိုအရဲတင္းတဲ့ကိစၥမ်ိဳးကိုေတာင္ မဆင္မျခင္လုပ္ရဲတယ္ဆိုထဲက အရွင္ဧကရာဇ္ကို ခ်စ္တဲ့စိတ္ေၾကာင့္ မ်က္ကန္းတစ္ေယာက္ျဖစ္သြားပုံပါပဲ..အရွင္ဧကရာဇ္က ကြၽန္ေတာ္မ်ိဳးကို အရမ္းမ်က္ႏွာသာေပးေနေတာ့ မနာလိုျဖစ္ၿပီး ေခ်ာက္
ခ်ခဲ့တယ္ထင္ပါရဲ႕"

"သူဘယ္လိုမွ အသက္မရွင္နိုင္ေတာ့ဘူးဆိုတာသိေတာ့ ကြၽန္ေတာ္မ်ိဳးကိုပါ သူနဲ႕အတူ ငရဲကိုဆြဲေခၚသြားဖို႔လုပ္ခဲ့တာပါ"

"ဒါေပမဲ့ ကြၽန္ေတာ္မ်ိဳးလို နိမ့္က်တဲ့လူတစ္ေယာက္ရဲ႕စကားကို အရွင္ဧကရာဇ္အေနနဲ႕ ယုံခ်င္မယ္မထင္ပါဘူး..အရွင္ဧကရာဇ္ အျပစ္ေပးမယ္ဆိုရင္လည္း ခံယူဖို႔အသင့္ပါပဲ"

က်ီယြဲ႕က ခြန္းတုံ႕ျပန္ျခင္းမျပဳဘဲ အခ်ိန္အတန္
ၾကာ စူးစူးရဲရဲ စိုက္ၾကည့္ေနျခင္းေၾကာင့္ ေဝ့လ်န္လည္း မ်က္လႊာခ်ၿပီး ေခါင္းငုံ႕ထားလိုက္သည္။

"ေဝ့လ်န္က တကယ္ကို ပါးနပ္တဲ့ေယာက်ာ္း
တစ္ေယာက္ပဲ"

ေနာက္ဆုံးတြင္ က်ီယြဲ႕က ရယ္သြမ္းေသြးေသာ ေလသံျဖင့္ ခပ္ဖြဖြ ရယ္ေမာလာၿပီး ေဝ့လ်န္၏ ေမးေစ့ကို ဆတ္ခနဲ ဆြဲကိုင္ေမာ့လ်က္ မ်က္လုံးခ်င္းဆုံေစသည္။

"မင္းရဲ႕ေျပာပုံဆိုပုံက ေျပျပစ္လြန္းလို႔ က်ိုယ့်မှာ လိမ္ေနတာလား အမွန္အတိုင္းေျပာေနတာလားဆိုတာကိုေတာင္ ေဝခြဲရခက္တဲ့အထိပဲ..ဒါေပမဲ့ အဲ့ဒီအေစခံ မလိမ္ဘူးဆိုတာကို ကိုယ္သိတယ္..
မင္း ကိုယ့္ကို ငတုံးမ်ားထင္ေနလား"

က်ီယြဲ႕၏ မီးဟုန္းဟုန္းေတာက္ေနေသာ မ်က္ဝန္းကို စိုက္ၾကည့္ေနေသာ ေဝ့လ်န္၏ မ်က္ဝန္းတစ္စုံဟာ တုန္လႈပ္သြားျခင္းမရွိ၊ တည္ၿငိမ္လ်က္သားပင္။

ေလွ်ာ့တြက္မိသြားၿပီ..

ေဝ့လ်န္သည္ ငယ္စဥ္ကတည္းက လူတို႔၏ စိတ္ႏွလုံးသားကို ေကာင္းစြာ လွည့္စားတတ္သူျဖစ္ၿပီး ဥာဏ္ရည္အထက္ျမတ္ဆုံး မင္းသားတစ္ပါးလည္းျဖစ္သည္။ သူ၏ဆရာျဖစ္သူပင္လွ်င္ ႀကိမ္ဖန္မ်ားစြာ ခ်ီးက်ဴးခဲ့ဖူးေသာ္လည္း တစ္ေန႕တြင္ ပခုံးခ်င္းယွဥ္နိုင္သည့္ ၿပိဳင္ဘက္
ႏွင့္ ရင္ဆိုင္ရပါက တစ္ဖက္လူ၏ အရည္အခ်င္းကို ေလွ်ာ့တြက္ၿပီး တဇြတ္ထိုးဆန္စြာ ျပဳမူတတ္သည့္အက်င့္ဆိုးေၾကာင့္ ဒုကၡေရာက္လိမ့္မည္ဟု သတိေပးခဲ့ဖူးသည္။

သို႔ေသာ္ ေဝ့လ်န္သည္ သူ႕ဘဝတြင္ သူႏွင့္
ပခုံးခ်င္းယွဥ္နိုင္သည့္ ၿပိဳင္ဘက္ကို မေတြ႕ဖူးခဲ့ျခင္းေၾကာင့္ ဆရာျဖစ္သူ၏စကားကို အေရးမလုပ္ခဲ့ေပ။ သူ႕အျမင္တြင္ မိုက္မဲေသာ္လည္း က
ယ္တင္၍ရနိုင္ေသးသူႏွင့္ ကယ္တင္၍မရေလာ
က္ေအာင္ကို မိုက္မဲသူဟူ၍ လူႏွစ္မ်ိဳးႏွစ္စားသာရွိသည္။

သူသည္ ခ်ဴအင္ပါယာတြင္ ေမြးဖြားလာသူျဖစ္ၿပီး ခ်ဴဧကရာဇ္တြင္ သားေတာ္တစ္ဆယ့္ခုနစ္ပါးရွိသည္။ ထို႔ေၾကာင့္ ၾကင္ရာေတာ္ႏွင့္ ကိုယ္
လုပ္ေတာ္တို႔၏ အခ်င္းခ်င္း မနာလိုမႈ၊ အေဖတူအေမကြဲ ညီအစ္ကိုအခ်င္းခ်င္း အားၿပိဳင္မႈမ်ားကို ေရွ႕တြင္တစ္မ်ိဳး၊ကြယ္ရာတစ္မ်ိဳး မျမင္ခ်င္ေလာက္ေအာင္ကို ျမင္ေတြ႕ခဲ့ရသည္။ ခ်ဴဧက
ရာဇ္ထံမွ မ်က္ႏွာသာရရန္ အၿပိဳင္အဆိုင္ ႀကိဳး
ပမ္းမႈမ်ားကိုလည္း မ်က္ျမင္ေတြ႕ခဲ့ရသူျဖစ္ရာ အခ်ိန္တိုင္းနီးပါး တက်တ္က်တ္ရန္ျဖစ္ေနၾကေသာ ထိုလူတစ္အုပ္ကို 'စားက်တ္လုေနေသာ ၾကက္မ်ား'ဟု နာမည္ေျပာင္ေပးထားလိုက္သည္။

သူတို႔၏အရည္အခ်င္းဟာ အေပါစားဆန္ၿပီး ကေလးဆန္လြန္းသည့္အတြက္ ေဝ့လ်န္ဘယ္
တုန္းကမွ အဖတ္မလုပ္ခဲ့ဖူးေပ။

သို႔ေသာ္ ခ်ဴဧကရာဇ္သည္ ထိုေထာင္ေခ်ာက္မ်ားတြင္သာ ရစ္မူးသာယာေနၿပီး ကိုယ္လုပ္ေတာ္မ်ားမွာလည္း တစ္ေယာက္၏ေထာင္ေခ်ာက္တြင္
တစ္ေယာက္က က်ရႈံးလ်က္၊ သားေတာ္မ်ားမွာလည္းတစ္ေယာက္ထက္ တစ္ေယာက္ကပိုညံ့
ဖ်င္းၾကေလေလပင္။ ထို႔ေၾကာင့္ ေဝ့လ်န္သည္
သပြတ္အူကဲ့သို႔ ရႈပ္ေထြးေနေသာ ခ်ဴနန္းေတာ္
၏ ပဋိပကၡမ်ားတြင္ ပါဝင္ပတ္သတ္ေနသူတိုင္းကို ဥာဏ္မရွိေသာ ငတုံးငအမ်ားအျဖစ္သာ မွတ္ယူထားသည္။

မည္သို႔ပင္ျဖစ္ေစ ခ်င္အင္ပါယာတစ္ခုလုံးကို အုပ္စိုးေနေသာ ခ်င္ဧကရာဇ္မင္းက်ီယြဲ႕ကမူ ခ်ဴဧကရာဇ္ကဲ့သို႔ ငတုံးငအတစ္ေယာက္မဟုတ္ေပ။ အသက္တစ္ဆယ့္ငါးႏွစ္အ႐ြယ္တြင္ အင္ပါယာတြင္း စစ္မက္ျဖစ္ပြားမႈကို ထိန္းခ်ဳပ္ၿပီး အသက္ႏွစ္ဆယ့္တစ္ႏွစ္အ႐ြယ္တြင္ အင္ပါယာေျခာက္ခုကို သိမ္းပိုက္နိုင္ခဲ့ေသာ ဤဧကရာဇ္သည္ ေဝ့လ်န္ကဲ့သို႔ပင္ ၿပိဳင္စံရွား အရည်အချင်းရှ်ိသော ေယာ
က်ာ္းတစ္ေယာက္ျဖစ္သည္။ က်ဴးယြဲ႕တြင္ မေကာင္းေသာ အႀကံအစည္မ်ိဳးရွိလွ်င္ေတာင္
မွ က်ဴးယြဲ႕၏ ဖြင့္ဟဝန္ခံခ်က္ဟာ အစစ္အမွန္ဟုတ္၊မဟုတ္ကို ေကာင္းစြာ ပိုင္းျခားဆုံးျဖတ္နိုင္သည္။ အဘယ္ေၾကာင့္ဆိုေသာ္ ခ်င္ဧကရာဇ္သည္လည္း ပါးနပ္သူတစ္ဦးျဖစ္ေနျခင္းေၾကာင့္ပင္။

အတိတ္တြင္သာျဖစ္ခဲ့ပါက ေဝ့လ်န္တစ္ေယာက္ က်ီယြဲ႕ကဲ့သို႔ သူ႕ႏွင့္ပခုံးခ်င္းယွဥ္နိုင္ေသာ ၿပိဳင္
ဘက္ႏွင့္ေတြ႕ရျခင္းကို ဝမ္းသာမိမည္ျဖစ္ေသာ္
လည္း လက္ရွိတြင္မူ သူဟာ ခ်င္အင္ပါယာသို႔ေရာက္ေနေသာ ဓားစာခံမင္းသားတစ္ဦးျဖစ္ေန
သည့္အတြက္ အေျခအေနသိပ္မဟန္လွေခ်။

ရွစ္ဖူေျပာတာအမွန္ပဲ..ငါက အရမ္းမဆင္မျခင္လုပ္လြန္းတယ္..အခုေတာ့ ကိုယ့္လည္ပင္းကိုယ္
ႀကိဳးကြင္းစြပ္မိၿပီ

မည္သို႔ပင္ျဖစ္ေစ ေဝ့လ်န္ကား မ်က္ႏွာတစ္ခ်က္
မပ်က္ယြင္းဘဲ တည္ၿငိမ္ေနဆဲျဖစ္သည္။ ေနာက္
ဆုံးတြင္မွ သူက သက္ျပင္းတစ္ခ်က္ခ်ၿပီး ကူကယ္ရာမဲ့စြာဆိုေလသည္။

"အရွင္ဧကရာဇ္က သူမတူေအာင္ ထက္ျမက္လြန္းပါတယ္"

က်ီယြဲ႕က မ်က္ခုံးပင့္ၿပီး ေမးသည္။

"ဒါဆိုရင္ မင္းခိုင္းခဲ့တယ္လို႔ဝန္ခံတာေပါ့"

"ဟုတ္ပါတယ္"

"အရွင္ဧကရာဇ္ ကြၽန္ေတာ္မ်ိဳးကို ဘယ္လိုအျပစ္ေပးခ်င္ပါသလဲ"

ေဝ့လ်န္သည္ အေပၚယံတြင္ ျမင္ေနရသကဲ့သို႔ ရိုးသားျဖဴစင္သူမဟုတ္၊ သူ႕တြင္ နားလည္ရခက္ၿပီး အႏၱရာယ္မ်ားေသာ ႏွလုံးသားတစ္ခုရွိသည္။ ထို႔ေၾကာင့္ က်ီယြဲ႕ ေဝ့လ်န္ကို ပိုစိတ္ဝင္စားလာမိသည္။ က်ီယြဲ႕အတြက္မူ ေဝ့လ်န္သည္ ရတနာတစ္ခုႏွင့္ဆင္တူသည္။ ေက်ာက္စိမ္းကြဲေၾကာင္းမွ ေငြမွ်င္ေရာင္အလင္းတန္းမ်ားထြက္လာသကဲ့
သို႔၊ ထိုေငြမွ်င္ေရာင္အလင္းတန္းမ်ားအၾကား ေ႐ႊအိုေရာင္အလင္းတန္းမ်ားပါ ေရာယွက္ေနသကဲ့သို႔ အံ့အားသင့္ဖြယ္ရာမ်ားကို ဆင့္ကဲေပး
စြမ္းလ်က္ရွိသည္။

သို႔ေသာ္ က်ီယြဲ႕သည္ သူ႕ကို လွည့္စားရန္ ႀကိဳး
ပမ္းသည့္မည္သူကိုမဆို သနားညွာတာေပးတတ္သူမဟုတ္ေပ။ အျခားတစ္ေယာက္ကို ရွင္းထုတ္ရန္အတြက္ သူ႕ကို အသုံးခ်ခဲ့သည္ဆိုပါက တန္
ရာတန္ေၾကးေတာ့ ျပန္ေပးဆပ္ရလိမ့္မည္။

"အဲ့ဒီအေစခံကို ေသဒဏ္ေပးလိုက္ၿပီဆိုေတာ့..."

က်ီယြဲ႕က ခပ္ေအးေအးေျပာသည္။

"ကိုယ့္ေနာက္ေက်ာကို ဓားနဲ႕ထိုးဖို႔ ႀကိဳးစားခဲ့တဲ့မင္းကိုလည္း အျပစ္ေပးရလိမ့္မယ္..ဒီလိုႀကီးေလးတဲ့အျပစ္အတြက္ ႀကိမ္ဒဏ္အခ်က္ႏွစ္ဆယ္က်ခံေစမယ္..ေနာင္အနာဂတ္မွာ မင္း ဒီလိုလုပ္ရပ္မ်ိဳး ထပ္လုပ္အုံးရဲမလားဆိုတာကို ေစာင့္ၾကည့္ရေသးတာေပါ့"

ေဝ့လ်န္က်ဴးလြန္ခဲ့သည့္အျပစ္ႏွင့္ ယွဥ္ၾကည့္ပါက ႀကိမ္ဒဏ္အခ်က္ႏွစ္ဆယ္ဟူသည့္ သက္ညွာလြန္းေသာ အျပစ္ဒဏ္မွ်သာျဖစ္သည္။ သို႔ေသာ္ ေဝ့လ်န္သည္ အသားနာျခင္းကို မုန္းတီးသူျဖစ္သည့္အေလ်ာက္ ႀကိမ္ဒဏ္မခံယူခ်င္ေပ။ ထို႔ေၾကာင့္ က်ီယြဲ႕ကို တစ္ခ်က္လွမ္းၾကည့္ၿပီး အေရွ႕သို႔ ခပ္ျမန္ျမန္တိုးကာ လည္တိုင္ကို အတင္းဖက္တြယ္လ်က္ အနမ္းေပးလိုက္ေလေတာ့သည္။

က်ီယြဲ႕: "....."

ႏူးညံ့ေသာ ႏႈတ္ခမ္းတစ္စုံႏွင့္ ထိေတြ႕သြားသည့္အခိုက္အတန့္တြင္ ေမႊးပ်ံ့ခ်ိဳၿမိန္ေသာ မက္မြန္နံ႕ကပါ ႏွာေခါင္းထဲသို႔ တိုးဝင္လာသည္။ က်ီယြဲ႕သည္ ေဝ့လ်န္ကို တြန္းထုတ္လိုက္ခ်င္ပါေသာ္
လည္း တစ္သက္မွာ တစ္ခါသာမက္ခဲ့ဖူးသည့္ အိပ္မက္ကို ႐ုတ္တရက္ ျပန္အမွတ္ရသြားၿပီး တြန့္ဆုတ္သြားရေလသည္။ ေဝ့လ်န္၏ အနမ္းသည္ ကန္ေရျပင္ကို တို႔ထိသြားေသာ ပုစဥ္းရင္ကြဲတစ္ေကာင္ကဲ့သို႔ ေပါ့ပါးၿပီး ျမန္ဆန္လြန္းလွသည္။

"အရွင္ဧကရာဇ္ကို ေဝ့လ်န္က ဒီလိုမ်ိဳးေတာင္း
ပန္ပါတယ္..ေက်းဇူးျပဳၿပီး ႀကိမ္ဒဏ္မေပးလို႔ရ
မလားဟင္"

က်ီယြဲ႕: "...."

ဒီမွာ မင္း..မင္း..ငါ့ကို ဒီလိုမ်ိဳး လာလွည့္စားလို႔မရဘူး!

ငါ မင္းဆီက ေနာက္တစ္ႀကိမ္ လွည့္စားခံေတာ့မွာမဟုတ္ဘူး!

က်ီယြဲ႕သည္ စိတ္မာေသာ ေယာက်ာ္းတစ္ေယာက္ျဖစ္ေသာ္္လည္း ေဝ့လ်န္ႏွင့္ေတြ႕လွ်င္ေတာ့ တင္းထားသမွ် စိတ္အစုံဟာ ၾကက္ေပ်ာက္ငွက္ေပ်ာက္ ေျပေလ်ာ့သြားရၿမဲျဖစ္သည္။ မည္
သို႔ပင္ျဖစ္ေစ ဤတစ္ႀကိမ္တြင္ေတာ့ ေဝ့လ်န္ကို သူအရႈံးမေပးနိုင္ေခ်။ ေဝ့လ်န္ကို စိုက္ၾကည့္ေနရင္း အေတြးတစ္ခုက ဦးႏွောက္ထဲတြင္ ႐ုတ္တ
ရက္ ေတာက္ပလာသည္။ ဤသို႔ျဖင့္ ေရေအာက္ထဲသို႔ ေရာက္ေနေသာ လက္တစ္စုံဟာ ေဝ့လ်န္
၏ အထိမခံနိုင္ေသာ ေနရာကို ဆတ္ခနဲ ဆုပ္ကိုင္လိုက္ေလသည္။

က်ီယြဲ႕၏ ႐ုတ္တရက္ဆန္လြန္းေသာ အျပဳအမူေၾကာင့္ ေဝ့လ်န္မွာ တစ္ကိုယ္လုံး ေတာင့္တင္းသြားရၿပီး ျပဴးက်ယ္ေနေသာ မ်က္ဝန္းတစ္စုံျဖင့္ အထိတ္တလန့္ ေရ႐ြတ္လာသည္။

"အ..အရွင္ဧကရာဇ္"

သူႏွင့္ ေဝ့လ်န္တို႔ စေတြ႕ဖူးစဥ္ကတည္းက ေဝ့လ်န္တစ္ေယာက္ ဤမွ်ထိတ္လန့္သြားျခင္းကို သူတစ္ခါမွ မျမင္ဖူးေခ်။ မည္သည့္အေျခအေနတြင္မဆို အမူအရာမပ်က္ အိႏၵျေႀကီးစြာ ျပဳမူေနထိုင္တတ္ေသာ လ်န္သခင္ေလး၏ ဂုဏ္သိကၡာမ်ား တခြမ္းခြမ္းက်ကြဲသြားျခင္းေၾကာင့္ က်ီယြဲ႕မွာ စိတ္ထဲတြင္ ႀကိတ္၍ဝမ္းသာေနမိေတာ့သည္။

"ဒီေန႕ည ကိုယ္နဲ႕အတူေပ်ာ္ဖို႔ အားမရွိေတာ့ဘူးလို႔ေျပာခဲ့တာမဟုတ္လား..ကိုယ္ မင္းကို မ်က္ႏွာလႊဲ
ခဲပစ္လုပ္လို႔ဘယ္ျဖစ္ပါ့မလဲ"

ေဝ့လ်န္က ေအာက္ႏႈတ္ခမ္းကို အသာအယာဖိကိုက္ရင္း အတန္ငယ္ နီျမန္းလာေသာ မ်က္ဝန္းတစ္စုံျဖင့္ အထစ္ထစ္အေငါ့ေငါ့ဆိုသည္။

"အရွင္ဧကရာဇ္ ဒီလိုလုပ္ဖို႔ မ..မလို..."

က်ီယြဲ႕က ပိုတင္းက်ပ္စြာ ဆုပ္ကိုင္ၿပီး ႐ႊင္ျမဴးေသာေလသံျဖင့္ေမးသည္။

"ဘာမလိုတာလဲ ကိုယ့္ကိုေျပာပါအုံး"

ေနာက္ဆုံးတြင္ ေဝ့လ်န္တစ္ေယာက္ မ်က္လႊာခ်ၿပီး ကူကယ္ရာမဲ့စြာဆိုေလသည္။

"အရွင္ဧကရာဇ္အလိုအတိုင္းသာေနပါ့မယ္"

မဆိုးဘူး ဒီနည္းလမ္းက အသုံးဝင္သားပဲ..

"သုံးႀကိမ္..သုံးႀကိမ္ၿပီးလို႔မွ မင္း အထြတ္အထိပ္ကိုမေရာက္ဘူးဆိုရင္ အျပင္ထြက္ၿပီး ႀကိမ္ဒဏ္အခ်က္ႏွစ္ဆယ္ခံယူရမယ္"

ေဝ့လ်န္:"...."

ေကာင္းၿပီ ဒီတစ္ႀကိမ္ေတာ့ မင္းနိုင္တယ္
ေခြးေကာင္!

ဘာပဲျဖစ္ျဖစ္ သုံးႀကိမ္လုံး ငါပဲသာယာရမွာေလ..အက်ိဳးယုတ္စရာေတာ့မရွိပါဘူး

 

အဆုံးတြင္ ေရကန္ထဲမွ အပူေငြ႕ႏြေးႏြေးရွိေသာ ေရမ်ားမွာ ေအးစက္မႈအျဖစ္သို႔ ေျပာင္းလဲသြားေလသည္။ ေဝ့လ်န္သည္ က်ီယြဲ႕၏ ပခုံးေပၚတြင္ ေမးတင္ၿပီး အားေပ်ာ့စြာ ဖက္တြယ္ထားရင္း မိန္း
ေမာေနလ်က္ရွိသည္။မက္မြန္ပြင့္ခ်ပ္ႏွင့္ ဆင္တူေသာ မ်က္ဝန္းတစ္စုံဟာ နီျမန္းၿပီး ေမွးစင္းလ်က္ရွိသည္။ ကန္ေရျပင္ထဲတြင္ ထင္ဟပ္ေနေသာ ကိုယ့္အရိပ္ကို သဲသဲကြဲကြဲ မျမင္နိုင္သည္အထိပင္။ ေရေပၚတြင္ ေမ်ာလြင့္ေနေသာ ပြင့္ခ်ပ္
မ်ားမွ အေရာင္အေသြးမ်ားဟာ ေဝ့လ်န္၏ ပါးျပင္ေပၚတြင္ စြန္းထင္ေနသလားဟုပင္ ထင္မွတ္
ရသည္။

က်ီယြဲ႕တစ္ေယာက္ လက္မွ ေစးပ်စ္ေနေသာ အရည္မ်ားကို ေရျဖင့္ ေဆးေၾကာလိုက္သည္။ ကိုယ္တိုင္ပင္ တစ္ခါမွ အာသာမေျဖခဲ့ဖူးသူဟာ သူ႕လက္ႏွင့္ ေဝ့လ်န္ကို လိုလိုလားလား လုပ္ေပးခဲ့မိသည္။ ေဝ့လ်န္သည္မိန္းေမာေနဆဲျဖစ္ၿပီး က်ီယြဲ႕ကို ရန္မလုပ္နိုင္ေလာက္ေအာင္ပင္ ေမာ
ပန္းလ်က္ရွိသည္။ မူလက က်ီယြဲ႕ ေဝ့လ်န္ကို တစ္ညလုံး စိတ္ဒုကၡေပးၿပီး လက္စားေခ်ရန္ ႀကံ႐ြယ္ထားေသာ္လည္း သူ႕အေရွ႕မွ လူငယ္ေလးဟာ သုံးႀကိမ္တိုင္တိုင္ အထြတ္အထိပ္သို႔ ေရာက္ၿပီးသည့္ေနာက္တြင္ အလြန္ပင္ပန္းၿပီး ေပ်ာ့ေခြသြားေလေတာ့သည္။

သူ၏ ရင္ခြင္ထဲတြင္ မိန္းေမာေနေသာ ေဝ့လ်န္သည္ မထိရက္မကိုင္ရက္ေအာင္ကို ႏူးညံ့ေသာ ဝါဂြမ္းလုံးေလးႏွင့္ဆင္တူသည္။

ေဝ့လ်န္ကိုၾကည့္ၿပီး က်ီယြဲ႕၏ ႏႈတ္ခမ္းစြန္းတြင္ အၿပဳံးတစ္ပြင့္ျဖစ္တည္လာရေလသည္။

"အ႐ူးေလး"

"ကိုယ္ မင္းကို ႀကိမ္ဒဏ္မေပးေတာ့ဘူး"

........................................................................

Continue Reading

You'll Also Like

315K 15.3K 84
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
50.9K 7.7K 28
Name: 落到玫瑰上的星星 (The Star That Fell on the Rose) Author: 藤花琅 Chapters: 24 chapters + 3 Extras...
2.4M 197K 105
ғᴜʟʟ ᴄʀᴇᴅɪᴛ ᴛᴏ ᴏʀɪɢɪɴᴀʟ ᴄʀᴇᴀᴛᴏʀ ᴇɴɢ ɴᴀᴍᴇ-ᴘʀɪᴍᴇ ᴍɪɴɪsᴛᴇʀ ɪɴ ᴅɪsɢᴜɪsᴇ ᴄʜɪɴᴇsᴇ ɴᴀᴍᴇ-代嫁丞相 ᴀᴜᴛʜᴏʀ-ᴍᴀɴ ɢᴏɴɢᴄʜᴀɴɢ ᴍʏᴀɴᴍᴀʀ ᴛʀᴀɴsʟᴀᴛᴏʀ-ᴄʜᴜᴄʜᴜ ထူးချွန်ထက်မြက်တ...
68.7K 10.9K 14
Completed✔✔ 📌 This is my second work of Translation.Not for money! Not my own story! I just want to share this beautiful story with my local ppl. A...