ғʀᴏᴍ ɴᴏᴡ ᴏɴ (Oɴɢᴏɪɴɢ)
By thea_wynona
13.6K 1.3K 189
"ဝမ်...ဝမ်သာ့ရန် " "ဟင့်အင်း...နီသဲ့ရန်" More
(1)Unicode
(1)Zawgyicode
(2)Unicode
(2)Zawgyicode
(3)Unicode
(3)Zawgyicode
(4)Unicode
(4)Zawgyicode
(5)Unicode
(5)Zawgyicode
(6)Unicode
(6)Zawgyicode
(7)Unicode
(7)Zawgyicode
(8)Unicode
(9)Unicode
(9)Zawgyicode
Xiǎo Wáwá
(10)Unicode
(10)Zawgyicode
(11)Unicode
(11)Zawgyicode
(12)Unicode
(12)Zawgyicode
(13)Unicode
(13)Zawgyicode
(8)Zawgyicode
148 3 0
By thea_wynona
အိပ်ခန်းဟာ လင်းဖြာနေတဲ့ဆီမီးရောင်အောက်မှာ ညက်ညက်ကလေးဝါ။ခုတင်ပေါ် အလူးလူးအလိမ့်လိမ့်နဲ့ ခုထိမအိပ်နိုင်သေးတာကတော့ ရှောင်ဝါးဝါ။
သူအိပ်လို့မပျော်ဘူး။ ဘာလို့ဆို ဟိုလူကြီးဆီက သက်သေယူဖို့ စိတ်လှုပ်ရှားနေရလို့ပဲဖြစ်ပါတယ်။ဟိုလူကြီး ဆေးလာတိုက်တာနဲ့ သောက်ချင်ယောင်ဆောင်မယ်။နောက်ပြီးရင်တော့ အိပ်ချင်ယောင်ဆောင်ပစ်လိုက်မှာပေါ့။ သူအိပ်ပျော်သွားပြီအထင်နဲ့ ဟိုလူကြီး ခုတင်ပေါ်တက်လာတော့မှ ဓားရိုးဖြစ်ဖြစ်၊ ဓားနှောင့်ဖြစ်ဖြစ် ရအောင်ဆွဲထုတ်ပြမယ်။ လက်ပူးလက်ကြပ်မိဖို့သာ ပြင်ထား..ဟမ့်။
အတွေးနဲ့အတူ သူ့နှုတ်ခမ်းပါးအစွန်းလေးတွေ ကော့ညွှတ်တက်သွားတယ်။ မှဲ့ပွင့်နက်နက်ကလေးဆို လွင့်ခနဲ။သူ့ကိုယ်သူ အချိန်ပိုင်း အထောက်တော်ကလေးလို့တောင် ထင်မိသွားပါရဲ့။မျက်လုံးလဲ့လဲ့လေးတွေ ထောင့်ကပ်လို့ခိုးကြည့်တော့ ဟိုလူကြီးက အလုပ်ရှုပ်နေပုံပါပဲ။
ပေသီးတချောက်ချောက်ခေါက်ရင်း စာရင်းစာအုပ်ကိုသာ သဲကြီးမဲကြီးကြည့်လို့နေပါတယ်။ဒါနဲ့ လူကြီးက သူ့ကိုဆေးတိုက်ဖို့မေ့နေတာများလားပဲ။
"အဟမ်း..အဟမ်း"
သူ အသံမြှင့်ပြီး ချောင်းဟန့်လိုက်ပေမဲ့ ဘာမှမထူးခြားဘူးရယ်။ ဟိုလူကြီးကတော့ စာရွက်လှန်မပျက်၊ ပေသီးခေါက်မပျက်။
"အဟွတ်...အဟွတ် အဟမ်းး"
ဒီတစ်ခေါက်ကျ ချောင်းပါဆိုးပြလိုက်ပေမဲ့လည်း အချည်းနှီးပါပဲ။ လူကြီးက စုတ်တံကိုင်ပြီးတောင် အသေးစိတ်ရေးမှတ်ပစ်လိုက်ပါသေးရဲ့။အကြံအစည်မအောင်မြင်တဲ့ သူ့မှာတော့ နှာသီးဖျားလေး ရှုံ့တွသွားပြီရယ်။ သက်ပြင်းကို ဟင်းခနဲချတယ်။ ခန္ဓာကိုယ်လေးကို လိမ့်နေအောင်မှောက်လှဲပြီးတဲ့အခါ ထောင်ထားတဲ့ခြေနှစ်ချောင်းကို ဟိုဒီလှုပ်ယမ်းလိုက်ပါတယ်။
ပြီးတော့မှ ဟိုလူကြီးရဲ့အရိပ်အခြေကို အကဲခတ်ရင်း ခပ်ညည်းညည်းလေးရေရွတ်လိုက်တာက...
"အိုင်းးးဒီအချိန်ရောက်တိုင်း ဆေးခါးခါးလေးသောက်နေကျမို့ထင်တယ်...လျှာက အခါးဓာတ်ကိုတောင့်တနေရောပဲ "
"........"
သူ့​စကားသာဆုံးသွားတယ် တစ်ဖက်ကဘာသံမှထွက်မလာတာမို့ ဇဝေဇဝါဖြစ်သွားရပါတယ်။မျက်လုံးလေးထောင့်ကပ်လို့ ခိုးကြည့်လိုက်တဲ့အခါမှာတော့ ရယ်မြူးရိပ်သမ်းတဲ့အကြည့်နွေးနွေးနဲ့ ပက်ပင်းတိုးတော့တာပါပဲ။
"ဒီနေ့ကစပြီး သောက်ဆေးမလိုတော့ဘူး...ရနံ့ကုထုံးနဲ့ပြောင်းကုသကြည့်ဖို့ သမားတော်ကျိုစီစဉ္နတေယ်"
တစ်လုံးချင်းပြောလာတဲ့စကားသံက ပီပီသသဩရှရှ။သူကတော့ ခဲလေသမျှ သဲရေကျသွားရပြီမို့ ခြေထောက်လေးတွေကိုတောင် မလှုပ်ယမ်းနိုင်တော့ဘူးရယ်။ အိပ်ရာပေါ် မှောက်လျက်သားနဲ့ အပုံလိုက်ကလေးဖြစ်လို့နေပါတယ်။ခဏနေတော့ ဟိုလူကြီးက စကားစလာလေရဲ့။
"စောစောအိပ်တော့...ကိုယ်စာရင်းတွေစစ်ဖို့ရှိသေးလို့ မီးမငြှိမ်းသေးဘူး ရှောင်ဝါးဝါအဆင်ပြေတယ်ဟုတ်..."
"စာရင်းက ဘယ်တော့စစ်လို့ပြီးမှာလဲ"
"ဟိုက်အချိန်လောက်ထိပေါ့"
"ဟင်...ဟိုက်အချိန်! "
လူကြီးရဲ့စကားအဆုံးမှာ သူ့မျက်ဝန်းလဲ့လဲ့လေးတွေ ဝိုင်းစက်သွားရတယ်။ဟိုက်အချိန် (အခုခေတ် ည ၁၀ နာရီ) ထိဆို သူ စောင့်နိုင်ပါ့မလားပဲ။အဲ့အချိန်လောက်ဆို သက်သေယူဖို့အသာထား၊ အိပ်ငိုက်နေတာနဲ့တင် ကိစ္စတုံးသွားလိမ့်မှာရယ်။အတွေးနဲ့အတူ သက်ပြင်းတိုးတိုးချတော့ ဟိုလူကြီးက ဖွဖွပြုံးတယ်။ နောက်တော့ ပေသီးကို စားပွဲပေါ်ချရင်း ဩရှတိုးဖွစွာနဲ့ပြောလာတာက...
"အဆင်မပြေလို့လား...ဒါဆိုရင်လည်း ကိုယ် စာကြည့်ဆောင်မှာပဲ အလုပ်ဆက်လုပ်လိုက်မယ်လေ...မီးရောင်နဲ့ဆို ရှောင်ဝါးဝါ အိပ်မပျော်မှာစိုးလို့ ကိုယ် မီးငြှိမ်းပေးခဲ့မယ် ဟုတ်ပြီလား"
"​မသွားပါနဲ့"
"အင်ဟင်"
ဟိုလူကြီးစကားဆုံးရုံရှိသေး သူသတိလက်လွတ်အော်လိုက်တော့ လူကြီးက မျက်ခုံးပင့်ကြည့်လာတယ်။ ရုတ်တရက်မို့ သူလည်းအကျပ်ရိုက်သွားရပြီး လက်သီးလုံးလေးကို တင်းကျစ်နေအောင် ထွေးဆုပ်လိုက်ပါတယ်။အသက်ကို ဝဝရှူတယ်။အထောက်တော်ကလေး တာဝန်ထမ်းဆောင်ဖို့ရာ ဉာဏ်နီဉာဏ်နက်ပေါက်စနတွေ ထွက်လာချိန်မှာတော့ သူ့နှုတ်ခမ်းပါးလေးကနေ အသံတိုးတိုးကလေး ထွက်ကျလာပါရဲ့။
"ဟို...သ...သရဲကြောက်လို့...ခင်ဗျားစာကြည့်ဆောင်ကို မသွားလို့မရဘူးလားဟင်"
သူ​မဝံ့မရဲဟန်နဲ့ပြောလိုက်ချိန်မှာ ဟိုလူကြီးက သွားတန်းဖွေးဖွေးပေါ်တဲ့အထိ ရယ်ချလိုက်တယ်။နောက်တော့ စားပွဲကနေ ထလာပြီး သူရှိရာ ခုတင်ဆီ ဖြည်းဖြည်းချင်းလျှောက်လှမ်းလာပါတယ်။ လက်တစ်ကမ်းအကွာလောက်ရောက်မှ ခြေလှမ်းတွေကိုရပ်လို့ ငုံ့မိုးကြည့်လာပြီး...
"ရှောင်ဝါးဝါက သရဲကြောက်တယ်တဲ့လား...ဒါဆို ကိုယ့်ကိုတော့ မကြောက်ဘူးပေါ့"
"ဟင်..."
မထီတရီပြောလာတဲ့ လူကြီးကြောင့် သူ့ခမျာယောင်နန။ သတိဝင်လာချိန်မှာတော့ ခန္ဓာကိုယ်လေးကိုတစ်ပတ်လှိမ့်လို့ စောင်ပုံထဲ တိုးဝင်ပစ်လိုက်ရတော့တာပါပဲ။ လူကြီးက မုန်းချင်စရာရယ်။သူ့ကို အနုနည်းနဲ့ ခြိမ်းခြောက်နေပါတယ်။
"ဝမ်သာ့ရန်...ခင်ဗျားနော်...လက်နက်အားကိုးနဲ့ လူကိုလာပြီးအနိုင်မကျင့်နဲ့ "
"ကိုယ်က...ဘာလက်နက်ကိုအားကိုးနေလို့တုန်း ရှောင်ဝါးဝါရဲ့...ဟင်"
"ခင်...ခင်ဗျားလက်နက် ခင်ဗျားအသိဆုံးနေမှာပေါ့ "
"ကိုယ့်လက်နက်!...အမ်း...ကိုယ့်လက်နက်က ဘယ်လိုပုံစံများပါလိမ့်"
သူဘောက်ဆတ်ဆတ်ကလေးပြောလိုက်တော့ လူကြီးက မေးဖျားကိုလက်နဲ့ပွတ်သပ်ရင်း စဉ်းစားခန်းဝင်လို့နေပါတယ်။မျက်ဝန်းတွေက ရယ်မြူးရိပ်သမ်းနေပြီး နှုတ်ခမ်းပါးဟာလည်း ပြုံးတုံ့ပြုံးလှယ်ဖြစ်လို့နေပါရဲ့။သူကတော့ ချဉ္ချဉ် စူးစူးကြည့်ရင်း မှတ်ချက်ချပစ်လိုက်တာပဲ။' ပုံစံကိုက မရိုးမသားနဲ့ ' ။
ဒီလူကြီးက သိပ်ကိုလည်တာပဲ။ တကယ်ဆို သူဖန်တီးထားတဲ့အကွက်ထဲဝင်လာရမှာမဟုတ်ဘူးလားနော် ။
"ရှောင်ဝါးဝါ သရဲကြောက်ရင် ကိုယ် စာရင်းတွေဆက်မလုပ်တော့ဘဲ အတူတူအိပ်ရာဝင်ပေးမယ်နော်" လို့​ပြောလိုက်ရင် ဘာဖြစ်သွားမှာမို့လို့လဲ။ အဲ့လိုသာဆို သူလည်းပဲ သက်သေကို လွယ်လွယ်ကူကူ နှိုက်ယူလို့ရပြီရယ်။ အခုကျ သူ့မှာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့ဘဲ စောင်ပုံထဲမှာ ကျပ်ညပ်နေရပြီပဲဖြစ်ပါတယ်။
သူ မျက်မှောင်လေးကြုတ်ရင်း တွေးတောနေတုန်းမှာပဲ ဟိုလူကြီးက လက်နှစ်ဖက်ကို ဖြန့်ပြရင်း နီးသထက်နီးအောင် ငုံ့ကိုင်းလို့ပြောလာတာက...
"ကြည့်...ကိုယ့်မှာဘာလက်နက်မှ မရှိဘဲနဲ့...နောက်ပြီး ဘာသရဲမှလည်း ရှိမနေတာမို့ ရှောင်ဝါးဝါက စိတ်ချလက်ချ အိပ်တော့နော်...ကိုယ်လက်စသတ်ပြီးတာနဲ့ ဝင်လာခဲ့မယ်..."
"........."
လူကြီးက စကားအဆုံးမှာ ဖွဖွပြုံးပြလာပါသေးရဲ့။သူကတော့ မျက်လုံးလဲ့လဲ့လေး ထောင့်ကပ်ကြည့်ရင်း မယုံသင်္ကာဖြစ်နေရတုန်းရယ်။အဲ့လူကြီးရဲ့လက်နက်က လက်ဖဝါးမှာမှမဟုတ်ဘဲ။ ခါးအောက်မှာ၊ ခါးအောက်မှာ။
သူမကျေမချမ်းနဲ့ နှာသီးဖျားလေးရှုံ့တွလိုက်ချိန်မှာတော့ ဟိုလူကြီးက ခါးကိုပြန်မတ်လို့ ကျောခိုင်းသွားပြီပဲဖြစ်ပါတယ်။ဒီတော့မှ သူလည်း လက်သီးလုံးလေးကို ဆတ်ခနဲထောင်ပြလိုက်ပြီး အသံတိုးတိုးလေးနဲ့ ရေရွတ်လိုက်ပါတော့တယ်။
"ဟမ့်...သတ္တိရှိရင် လက်သီးချင်း လာယှဉ္ကြည့်ပါလားလို့"
ဖူးးးးး
စကားအဆုံးမှာ လက်သီးလုံးလေးကို ဖူးခနဲမြည်အောင် လေနဲ့မှုတ်တယ်။ဟိုလူကြီး ဖျတ်ခနဲကြည့်လာချိန်မှာတော့ သူလည်း သမ်းချင်ယောင်ဆောင်ရတော့တာပဲ။မသိရင် သမ်းဝေနေချိန် လက်သီးဆုပ်ကလေးနဲ့ ကာထားပါတယ်ပေါ့။လူကြီးက သူ့ကို ယဲ့ယဲ့ကလေးပြုံးကြည့်ပြီးတာနဲ့ စာအုပ်တွေဆီ အကြည့်လွှဲပါတယ်။မကြာခင် ပေသီးသံတချောက်ချောက်မြည်လာချိန်မှာတော့ သူ့မျက်တောင်ဖျားတွေဟာလည်း စင်းကျလာခဲ့ပြီပဲဖြစ်ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဂျိန်းးးးဂျလိန်းးးး
"အွန့်"
မိုးခြိမ်းသံအကျယ်ကြီးကြောင့် သူ ရုတ်တရက်လန့်နိုးလာတယ်။ဒါပေမဲ့ မျက်လုံးဖွင့်နိုင်လောက်တဲ့အထိတော့ သတိကပ်မနေပါဘူး။မိုးသံသဲ့သဲ့က ခေါင်မိုးပေါ် နင်းလျှောက်နေသလို ဖျတ်ဖျတ်မြည်သံပေးနေလေရဲ့။စောင်လွတ်နေပုံရတဲ့ သူ့ခမျာမှာတော့ ချမ်းစိမ့်လာရပြီမို့ အိပ်ချင်မူးတူးလေးနဲ့ ဟိုဟိုဒီဒီလိုက်စမ်းပါတော့တယ်။
ဒါပေမဲ့ အဲ့ခဏအတွင်းမှာပဲ သိပ်ကိုနွေးထွေးလွန်းတဲ့နေရာတစ်ခုဆီ ဆွဲခေါ်ခံလိုက်ရပါတယ်။ခေါင်းလုံးလုံးလေးက ကျစ်လျစ်နွေးထွေးတဲ့အရာပေါ် လိမ့်ခနဲ။ ခန္ဓာကိုယ်ငယ်လေးဟာတော့ အနွေးစိုင်ဆီ အပြေးကလေးအပ်တော့တာပါပဲ။အိပ်ချင်စိတ်သာကြီးစိုးနေချိန်မို့ သူ့မှာ ဘာအတွေးမှရှိမနေဘူးရယ်။အနွေးဓာတ်ကလေးကိုသာ ရသလောက်ထိသဲ့ယူနေခဲ့မိပါတယ်။
မကြာခင်မှာ သူအိပ်မက်တစ်ခုမက်တယ်။အိပ်မက်ထဲမှာ သူနဲ့ဟိုလူကြီးက ချောက်ကမ်းပါးစွန်းမှာ မျက်နှာချင်းဆိုင်ရပ်နေပါသတဲ့။သူ့မျက်လုံးလေးတွေကို အလုပ်ပေးလိုက်တဲ့အခါ ဟိုလူကြီးလက်ထဲက ဓားရှည်တစ်လက်ကို သတိထားမိသွားပါတယ်။နက်စွေးနေတဲ့ဓားအိမ်ဟာ ရွှေရေးရွှေခြည်တို့နဲ့ ခံ့ခံ့ညားညား။ ရုတ်တရက်မို့ လန့်ဖျပ်သွားတဲ့သူကတော့ ခဏအကြာမှာ သတိရသွားတော့တာပါပဲ။သူ ဒီသက်သေကိုယူပြီး ပေါင်ကုန်းဆီ သွားအပ်ရမယ်။
လက်သေးသေးလေးနှစ်ဖက်က ဓားအိမ်ကိုဆွဲလုဖို့လှမ်းတော့ ဟိုလူကြီးက ရှောင်လို့တိမ်းပါတယ်။ ဒါပေမဲ့လည်း သူ ကိုယ်ကလေးကိုယို့ပြီး ခြေတစ်လှမ်းတိုးလို့ ဆွဲယူလိုက်တဲ့အခါမှာတော့ သိပ်ကိုလက်ရာမြောက်တဲ့ဓားအိမ်ကို ဖမ်းဆုပ်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်။
ဓားအိမ်သားက နူးညံ့သယောင်ဆိုပေမဲ့ ကျစ်လျစ်ပြီး ကြီးမားလွန်းလှတယ်။သူ့လက်ဖဝါးလေးထဲတောင် သိပ်မဆံ့ချင်ဘူးရယ်။နောက်ပြီး အထိအတွေ့က ပူခြစ်ခြစ်နဲ့။ဘာကြောင့်ပူနေမှန်း စပ်စုချင်တဲ့ သူကတော့ ဓားအိမ်ထဲက ဓားရိုးကိုဆွဲချွတ်ဖို့ကြိုးစားတော့တာပဲ။ ဒါပေမဲ့လည်း ဘယ်လိုချွတ်ချွတ် ကျွတ်မလာဘူးရယ်။
သူက အားနဲ့အင်နဲ့ ဆွဲလေလေ ညည်းသံလိုလိုထွက်ကျလာလေပဲ။ညည်းသံဟာ ဓားရိုးဆီကလား၊ ဓားအိမ်ထဲကလားဆိုတာ သေချာအောင် နားစွင့်လိုက်တော့ ဟိုလူကြီးရဲ့အသံဖြစ်လို့နေလေရဲ့။သူ ယောင်နနကလေး ကြည့်လိုက်တဲ့အခါ ဟိုလူကြီးက သူ့ကို မျက်ထောင့်နီကြီးနဲ့စိုက်ကြည့်နေပါတယ်။နောက်တော့ ဩရှရှလေသံနဲ့ တစ်လုံးချင်းပြောလာတာက...
"ကိုယ့်ဓားက လွယ်လွယ်နဲ့ဆွဲချွတ်ဖို့မဖြစ်နိုင်သလို သွေးမသောက်ဘဲနဲ့ ပြန်သိမ်းဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး ရှောင်ဝါးဝါရ...ဟားးးဟားးးဟားးး"
"အားးးးး"
သူ လန့်လန့်ဖျပ်ဖျပ်နဲ့နိုးလာချိန်မှာ မိုးလင်းလို့ နေခြည်ရေးရေးတောင် ပျို့နေပြီရယ်။ဖွင့်ထားတဲ့ပြတင်းကနေ လှမ်းကြည့်တော့ မိုးရေဝနေတဲ့ မူသန်းပန်းတွေကို လှမ်းတွေ့လိုက်ရပါရဲ့။အိပ်မက်ဆိုးကြောင့် ထိတ်နေတဲ့စိတ်ကလေးတောင် ငြိမ်ကျသွားရပြီပဲဖြစ်ပါတယ်။ဒါနဲ့ အိပ်မက်က ဘယ်လိုကြီးလဲ။ သိပ်လှတဲ့ဓားအိမ်နဲ့ ဓားရိုးပူနွေးနွေး။
သူ့လက်ဖဝါးသေးသေးလေးကို ဖြန့်လိုက် ဆုပ်လိုက်လုပ်ကြည့်လိုက်တဲ့အခါ အဲ့ဒီအထိအတွေ့ကို အခုထိ ခံစားမိနေသေးတာကို သတိထားမိလိုက်ပါတယ်။ အိပ်မက်ကလည်း တကယ်အတိုင်းပဲ။ဇဝေဇဝါမျက်နှာထားနဲ့ နှာသီးဖျားလေးကို တွန့်ခနဲရှုံ့တယ်။အိပ်ရာတစ်ဖက်ခြမ်းက လစ်ဟာနေတဲ့ ခပ်နွေးနွေးနေရာဟာတော့ ဟိုလူကြီး အိပ်ရာထသွားတာ မကြာသေးမှန်း သက်သေထူလို့နေပါတယ်။
သူ ဟိုလူကြီးဆီကနေ လက်နက်သက်သေယူဖို့ လွတ်သွားပြန်ပြီပဲ။ အတွေးနဲ့အတူ မျက်စောင်းလှလှလေးက အပြစ်မရှိတဲ့ မူသန်းပန်းအဆုပ်အခဲတွေဆီ ဒိုင်းခနဲ။ဒါနဲ့ ဟိုလူကြီးက အတော်ဆိုးဆိုးပဲ။အိပ်မက်ထဲမှာတောင်မှ ဓားဂုဏ်မောက်လို့ ခြိမ်းခြောက်သွားသေးရဲ့။အိပ်မက်ဆိုပေမဲ့ ပေါင်ကုန်းဆီ တိုင်လို့ရရင် သိပ်ကောင်းမှာပါပဲ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
TBC
Continue Reading
You'll Also Like
436K 40.3K 46
HE ပါ SE ထင်ရင် လိုက်ရိုက်မာ😘 HE ပါ SE ထင်ရင် လိုက်ရိုက်မာ😘
8.2M 345K 52
"I hope you realize you made the worst f**king decision of your life." She could feel his cold icy blue eyes piercing through her soul. "I didn't as...
281K 25.1K 38