(10)Unicode

489 51 4
                                    


မိုးစက်တို့ရိုက်ခတ်တဲ့ဒဏ်ကြောင့် မူသန်းပန်းတို့ ပွင့်ဖတ်လှလှ​မြေခခဲ့ကြပြီ။ဒါပေမဲ့လည်း မိုးရေတွေကြားကနေအားယူလို့ အီအီကလေး မွှေးပျံ့ပေးနေဆဲ။

အိမ်တော်ထဲကိုရောက်တာနဲ့ အမျိုးသားကလေးရဲ့ ခါးကျဉ္ကျဉ္လေးကို လွှတ်ပေးလိုက်ပြီး ထီးကိုပိတ်လိုက်တယ်။ရေစက်လက်နဲ့ထီးကို နံရံထောင့်မှာထောင်ပစ်လိုက်တဲ့အထိ အမျိုးသားလေးက တုပ်တုပ်လှုပ်မလာသေးဘူးရယ်။ ဝတ်ရုံစကို လက်ကလေးတွေနဲ့ ချေဆုပ်လု့ိ ငြိမ်ငြိမ်ကလေး ရပ်လို့နေပါတယ်။

"အဝတ်လဲရမှာမဟုတ်ဘူးလား အအေးပတ်ကုန်မယ်လေ ဟမ်"

သူဘယ်လိုပဲ ထီးကိုအတတ်နိုင်ဆုံးယိမ်းပြီး ဆောင်းပေးပေမဲ့ လေပါတဲ့မိုးမို့ အမျိုးသားက​ေလးရဲ့ အဝတ်တွေဟာ မိုးရေကွက်တိကွက်ကျားစိုနေပြီပဲဖြစ်တယ်။ကပိုကရိုဆံနွယ်ရှည်တွေဆို အဖျားနားမှာ ရေစက်လက်နဲ့ရယ်။စိုးရိမ်စိတ်နဲ့ ခပ်ပြတ်ပြတ်လေး​ပြောမိပြန်တော့ မျက်ဝန်းရွဲရွဲတွေနဲ့ ငေးကြည့်လာပါရဲ့။ခပ်စင်းစင်းမျက်တောင်ဖျားတွေပေါ်မှာတော့ မိုးမှုန်မိုးမွှားတို့ စီလို့ရီလို့နေပါတယ်။

"ကိုယ်ရံတော်ချန် အများကြီးနာနေလားဟင်"

"........."

ရုတ်တရက် တိုးတိုးလေးမေးလာသူကြောင့် ရိပေါ်ဘာပြန်ဖြေရမှန်း မသိဘူး။ကရုဏာစွက်တဲ့အသံသေးသေးလေးကို ကြားရပုံထောက်ရင် ကိုယ်ရံတော်ချန်အတွက် စိတ်ပူနေတဲ့ပုံပါပဲ။ကိုယ်ရံတော်ချန်ဆိုမှ အထောက်တော်ကျန်ကိုပါ ပြေးမြင်မိသွားပြီမို့ သူ့မျက်ခုံးတန်းတွေ စုကျုံ့သွားရပြီပဲဖြစ်တယ်။အထောက်တော်ကျန်ရဲ့တရားခံစုံစမ်းဖော်ထုတ်ရေး ကြန့်ကြာမှုမရှိစေဖို့ ကိုယ်ရံတော်ချန်ကို အ​ေဖာ်အဖြစ်စေလွှတ်ခဲ့ပေမဲ့ နောက်ဆုံးကျ ဒဏ်ရာရလာခဲ့တာပဲဖြစ်တယ်။

မနက်တုန်းက ကိုယ်ရံတော်ချန်ပြန်ရောက်တဲ့အကြောင်း သတင်းပို့လာတာနဲ့ ထွက်ကြည့်တော့ ဒဏ်ရာရလာတာကိုတွေ့လိုက်ရတာပဲ။ညလုံးပေါက်ခရီးနှင်လာခဲ့ကြပေမဲ့ အရုဏ်တက်ချိန်လောက်မှာ မိုးရွာလာတာမို့ မြို့တံခါးနားမရောက်ခင် ဖမ်းလာတဲ့တရားခံတွေနဲ့အတူနားနေတုန်း မြားနဲ့လုပ်ကြံခံလိုက်ရတာလို့တော့ သိရတယ်။

ғʀᴏᴍ ɴᴏᴡ ᴏɴ (Oɴɢᴏɪɴɢ)Where stories live. Discover now