"ဟင်းးး"
" ဆယ့်ငါးခါ "
"ဟင်?"
"မင်း ဒီရောက်ကတည်းက ချတဲ့ သက်ပြင်း အကြိမ်အရေအတွက်. . . "
"ဪ...... ဟင်းးးး "
သည်းမခံနိုင်ဆုံး မင်းသား Jeonghan မှာ ဖတ်နေတဲ့ စာအုပ်ကို ချ ပြီး သူ့ညီ ကို မေးတော့သည်။
" ကဲ ဘာဖြစ်လို့တုန်း....ဘာတွေ စိတ်ညစ်စရာရှိနေတာလည်း "
Joshua မှာ စားပွဲပေါ် မေးတင်လျှက်ပဲ သူ့အကိုကို ကြည့်ပြီး ဘာမှ မပြော သက်ပြင်းထပ်ချပြန်တယ်။
" ဒီ ကောင်လေးတော့...."
*ဒေါက် ဒေါက်*
"မင်းသားတို့ ကျွန်တော် Seokmin ပါ"
Seokmin အသံ ကြားကြားချင်း Joshua မှာ ချက်ချင်း ခါးမတ် ထိုင်ကာ ဆံပင်ကို သပ်ပြီး အနေအထိုင်ကို ပြင်တော့သည်။
ထိုအရာကိုမြင်လိုက်ရတဲ့ Jeonghan တစ်ယောက်ကတော့ အရိပ်ပြအကောင်မြင် တောင်မဟုတ် အကောင်လိုက်ကြီး ထုတ်ပြလိုက်တာကို မျက်မြင်သက်သေဖြစ်သွားတော့တယ်။
"၀...၀င်လာခဲ့"
စကားထစ်သွားမိလို့ နားတွေ နီရဲလာတဲ့ Joshua မှာ သတိမထားမိအောင် စာအုပ်ဖတ်ဟန်ဆောင်နေတော့သည်။
ကိုယ်ရံတော် Seokmin မှာ ၀င်လာရင်း ဘေးမှာ Noli လေး ကလည်း ခုန်ဆွခုန်ဆွ နဲ့ ပြေး၀င်လာပါတော့တယ်။
" Aigooo Noli လေးပါ ပါလာတာလား... လာပါအုန်း ဦးလေး Jeonghan ဆီ လာပါအုန်း "
Jeonghan မှာ Noli လေးကို ရင်ခွင်ထဲ ပိုက်ရင်း ကစားနေကာ Seokmin ကို မော့ကြည့်လိုက်သည်။
" ဘယ်လိုလည်း နန်းတော်မှာ နေသားကျနေလောက်လို့ ထင်တယ် ရောက်တာလည်း သုံးလ ကျော်ပြီဆိုတော့ "
" ဟုတ် ... အထိန်းတော် Ruul လည်း ကူပေးနေတော့ နေသားကျဖို့ အချိန်သိပ်မယူလိုက်ရပါဘူး မင်းသား "
" ကောင်းတယ် ကောင်းတယ် .... ဓားရေးကျင့်တာတွေရော အခြေအနေ ကောင်းရဲ့ လား "
" ဟုတ် အခု Noli လေးကို လာပို့ပြီး ခဏနေ သင်တန်းသား အချို့ကို ကူသင်ပေးဖို့ ပြောထားရှိလို့ သွားသင်ပေးရမှာပါ "
" အို့ ဟုတ်လား အေးအေး အာ့ဆို မြန်မြန် သွားလိုက်အုန်း နောက်ကျလို့ အပြောခံနေရအုန်းမယ် "
" ဟုတ် ... ဒါဆို ခွင့်ပြုပါအုန်း "
Seokmin မှာ ဦးညွှန့်ပြီး ထွက်သွားတော့သည်။
.
.
.
.
.
" Seokmin ထွက်သွားပြီ ဇောက်ထိုးကိုင်ထားတဲ့ စာအုပ်ကို ချလိုက်တော့ "
" အာ.... "
Joshua မှာ သူ့လက်ထဲ က စာအုပ်ဇောက်ထိုးဖြစ်နေတာကို သတိထားမိပြီး ရှက်ကိုးရှက်ကန်းဖြင့် ချောင်းဟက် ရင်း စာအုပ်ကို ချလိုက်ကာ Jeonghan ကို ကြည့်လိုက်တယ်။
" ဘာ လည်း .... ဘာကြည့်တာလည်း "
Jeonghan မှာ မျက်တောင် တခက်ခက် နဲ့ ဖြေးဖြေးချင်းအရှေ့ တိုးပြီး မေးလိုက်သည်။
" မင်း မဟုတ်မှလွဲ Seokm.... "
" ဘာ ...ဘာ.. ဘာကိုလည်း ... မဟုတ်ပါဘူး ငါလား သူ့ကို စိတ်၀င်စားမယ် ဟာသတွေ ဟား ! "
ရုတ်တရက် ဖြတ်ပြောလိုက်တဲ့ Joshua ကို Jeonghan မှာ ပြူးကြောင်ကြောင် လေးကြည့်နေပြီး
" ... သူ့ကို စိတ်၀င်စားနေတာလား လို့ ငါ .... မပြောမိဘူးနော် "
Joshua မှာ သူပြောလိုက်တာကို သတိထားမိပြီး မျက်နှာရဲတတ်လာတော့တယ်။
" .........မင်း...ထိုင်နေ "
Jeonghan တစ်ယောက် သူ့ညီကို ပြန်ထိုင်ခိုင်းပြီး တံခါးထ လော့ချကာ ထိုင်ခုံသို့ပြန်လာထိုင်လိုက်သည်။
" ကဲ ပြောတော့ စတဲ့ နေရာကနေအကုန် ငါ့ပြောပြ "
.
.
.
.
.
.
.
.
.
.
.
ပန်းခြံ မှာ တစ်ယောက်တည်း ဓားရေးကျင့်နေတဲ့ Seokmin မှာ ချွေးများထွက်ရင်း မနားတန်း ကျင့်နေတာ မသိရင် တစ်ခုခုကို မတွေးမိအောင် ဒါမှမဟုတ် အဖြေရှာမရလို့ စိတ်ရှုပ်နေလို့ ဖြေလျှော့နေသလိုပဲ
"Seokmin အတင်းကာရော အရမ်းမကျင့် နဲ့ ခန္ဓာကိုယ် က ဒဏ်ဖြစ်ကုန်မယ် "
ရင်းနှီးသော အသံကြောင့် ကျင့်နေရာကနေ ရပ်ပြီး အနောက်ကိုလှည့်ကြည့် ကာ နှုတ်ဆက်လိုက်သည်။
" အကို SeungCheol "
" ကဲ Cheolie လို့ ခေါ်ပါဆို Jeonghan နဲ့လည်း ရင်းနှီးနေကြတာ "
မင်းသား Jeonghan ကို နာမည်ပဲ ခေါ်လိုက်တာ ကို သတိထားမိပြီး Seokmin မှာ ခဏတာ တွေဝေရင်း မေးခွန်း မေးလိုက်တော့သည်။
" မင်းသား Jeonghan နဲ့ အနေနီးတယ် ထင်တယ် .... "
SeungCheol မှာ ခဏတာ စဉ်းစားရင်း တစ်ခုခုကို သတိရမိပြီး ပြုံးမိတယ်။
" အင်း ပေါ့ ... ပြောရရင် အစပိုင်းကတော့ သူ့နားကပ်ဖို့ မလွယ်ခဲ့ဘူး .... မင်းသား Joshua လိုပဲ ဒါပေမယ့် Jeonghan ကကြ . . . . . . "
ပြောရင်း သက်ပြင်းချကာ ပြုံးရယ်နေတဲ့ SeungCheol ကို ကြည့်ပြီး Seokmin မှာ ကြောင်ကြည့်နေမိတော့သည်။
Seokmin အခြေအနေကို သတိထားမိတဲ့ SeungCheol က ချက်ချင်း ချောင်းဟက်ကာ စကားပြန်စလိုက်တယ်။
". . . . Jeonghan နဲ့ ရင်းနှီးတယ်ဆိုတာလည်း ငါ့ဘက်က ခြေလှမ်းစခဲ့တာလည်းပါတာပေါ့ . . . ငါက မြင်မြင်ချင်းချင်း စ သဘောကျခဲ့တာဆိုတော့ "
" အာ.... အဲ့လိုကို........ဗျာ!!?"
Seokmin လန့်သွားတဲ့ ရုပ်ကို ကြည့်ပြီး SeungCheol တစ်ယောက် ထရယ်ပါလေတော့တယ်။
" ငါ့ အပြုအမှုတွေက အရမ်းသိသာမယ် ထင်ခဲ့တာ .... မင်း သတိမထားမိဘူးပဲ "
Seokmin မှာ လန့်သွားသောလည်း ရုတ်တရက် အတွေးတစ်ခု၀င်လာသည်။
"ဟို....အကို SeungCheol....တစ်ခု မေးလို့ရမလား"
"ရတာပေါ့ ဘာမေးချင်တာတုန်း"
" . . . မင်းသား Jeonghan ကို အကို သဘောကျမိတယ် ဆိုတာ ဘယ်လို စသိလိုက်တာလည်း "
ရင့်ကျက်တဲ့ ရုပ် ပိုင်ဆိုင်ပြီး တိုက်ပွဲပေါင်းများစွာ အောင်နိုင်ခဲ့တဲ့ သူဆီက ကလေးဆန်ပြီး ဖြူစင်တဲ့မေးခွန်းကို ရုတ်တရက် အမေးခံလိုက်ရတဲ့ SeungCheol တစ်ယောက်ဟာ အခုဆိုရင် ဘုရားကျောင်း သွားပြီး ချက်ချင်း အပြစ်ဖြေချချင်စိတ်ပေါ်လာတော့သည်။
" . . . ရုတ်တရက် နတ်သားလေး ကို မြင်လိုက်ရသလိုပဲ ခဏ "
" ခင်ဗျာ? "
" ဟုတ်ဘူး ဟုတ်ဘူး ကဲ ဘယ်လို စသိလိုက်တာလည်းဆိုတော့က .... သူ စကားပြောရင် မျက်နှာကို မလွဲနိုင်တာ၊ သူ ရယ်ရင်လည်း ကြည့်ပြီး လိုက်ရယ်မိတာ၊ သူစိတ်ဆိုးမှာ စိတ်တိုမှာကို စိုးရိမ်မိတာ၊ သူ မျက်ရည်ကျမှာကို ကြောက်မိတာ၊ ငို ရင် ဖက်ထားချင်မိတာ.....ပြီးတော့ သူ့ကို အရာအားလုံးကနေ ကာကွယ်ပေးချင်မိတာ ပေါ့ "
" . . . . . ကာကွယ်ပေးချင်မိတာ .... ဒါပေမယ့် ကျွန်တော်က ကိုယ်ရံတော်တစ်ယောက်ဆိုတော့ ကာကွယ် ပေးရမှာက တာ၀န်ဆိုတဲ့ အတွေးက ရှိနေတော့ ခံစားချက်ကို နားမလည်နိုင်ဘူး ဖြစ်နေတယ် . . "
" မင်း သူ့ကို လက်ဆောင်ပေးဖူးလား ..... သာမန် မဟုတ်ပဲ ပစ္စည်းလေး မြင်ပြီး သူ့ကို သတိရသွားလို့ ၀ယ်ပြီးပေးလိုက်တဲ့ ဟာမျိုး "
"..... "
" မင်း တစ်ယောက်တည်း ရှိနေချင်တဲ့အချိန်သွားနေကြ နေရာ ကို ခေါ်သွားတာ မျိုးရော?"
"......"
" သူ့ကို ကြည့်ပြီး ဘာနေနေ ဘာဖြစ်ဖြစ် အဆုံးထိ ကာကွယ် ပေးသွားမယ် ဆိုပြီး အတွေး၀င်လာတာမျိုး ရော ? "
"...."
" ဒါဆို မင်း အဖြေသိပြီလို့ထင်တယ် .... ကဲ ငါလည်း မြောက်ဘက်အဆောင်သွားစရာရှိတာ အချိန်ကျပြီ သွားလိုက်အုန်းမယ် ..... "
SeungCheol ဟာ Seokmin ရဲ့ ဆံပင်ကို ဖွပြီး ထွက်သွားတော့သည်။
"....အဖြေ .....? "
ရင်ဘက်ပေါ်လက်တင်ရင်း သူတွေးမိတဲ့တစ်စုံတစ်ယောက်ကြောင့် သူကိုယ်တိုင်တောင် သတိမထားမိပဲ ပြုံးမိသွားတော့တယ်။
.
.
.
.
.
.
" အမြင့်ကို မော့ကြည့်နေရုံပဲတတ်နိုင် တဲ့ ကျွန်တော် ဒီတိုင်းလေး ပဲ ဘေးကနေ ကာကွယ်ရင်း နေသွားလိုက်ပါမယ် . . . . . မင်းသား Joshua . . . "
________________________________________
A/N
Update ကြာသွားမိလို့ တောင်းပန်ပါတယ် TwT
Vote ပေးတဲ့ noti လေးတွေ တတ်လာတာ ကို မြင်ရတာ တကယ်အားတတ်တယ်
ကျေးဇူးတင်ပါတယ် ဖတ်ပေးကြလို့
နောက်ဆက်တွဲလေးလည်း မျှော်ပေးကြပါအုန်းနော် ♡(˃͈ દ ˂͈ ༶ )