အန္တရာယ်ရှိသော စရိုက် - ဘာသာပ...

By Autumn260103

150K 31.2K 2.8K

Title - Dangerous Personality Author - Mu Gua Huang MC- Xie Lin x Chi Qing Chapter 161 + 2 extras ထူးဆန်းသည့်... More

Chapter 1 - စိတ်ဖတ်စွမ်းရည်
Chapter 2- Identity
Chapter 3 - ရောဂါအမည်သတ်မှတ်ခြင်း
Chapter 4- ကွက်လပ်
Chapter 5- ကြောင် အလောင်း
Chapter 6- ဓား
Chapter 7- သံသယ
Chapter 8- ထိပ်တိုက်တွေ့ခြင်း
Chapter 9- ပွဲသိမ်း
Chapter 10- Turning Point
Chapter 11- ကြိုးရာ
Chapter 12- အတည်ပြုခြင်း
Chapter 13- ကောင်လေး
Chapter 14- ငိုသံ
Chapter 15- အမှုဟောင်း
Chapter 16- အတိတ်
Chapter 17- Bar
Chapter 18- အရက်တစ်ခွက်
Chapter 19 - ထိန်းမရတော့ခြင်း
Chapter 20 - လူသတ်မှု
Chapter 21- မျက်နှာချင်းဆိုင်အခန်း
Chapter 22- Cover your ears
Chapter 23- ခြွင်းချက်
Chapter 24- အိပ်မပျော်ခြင်း
Chapter 25- Getting medicine
Chapter 26- အကြံပြုချက်
Chapter 27- လက်အိတ်
Chapter 28- ကုထုံး
Chapter 29- အမှုအကြံပေး
Chapter 30- သံသယတရားခံ
Chapter 31- အိမ်နီးချင်းများ
Chapter 32- ချောင်းကြည့်ခြင်း
Chapter 33- အိမ်ငှား
Chapter 34- လက်စွပ်
Chapter 35- လက်ထောက်အကြံပေး
Chapter 36- အသံ
Chapter 37- Recovery
Chapter 38- အတည်ပြုချက်
Chapter 39 - စုံစမ်းရေး
Chapter 40- တစ်ယောက်ထဲ နေဖြစ်သွားပြီ
Chapter 41- သတိပေးစကား
Chapter 42- Night Visit
Chapter 43- နှစ်ယောက်လုံးအား ရဲတိုင်ခြင်း
Chapter 44 - အထင်လွဲမှု
Chapter 45- အချိန်ကန့်သတ်ချက်
Chapter 46- ပွဲစား
Chapter 47- လူသတ်မှု
Chapter 48 - လူသတ်သမားကို အမဲလိုက်ခြင်း
Chapter 49 - အမှု ပြီးဆုံးခြင်း
Chapter 50- ချောကလက်
Chapter 51 - နောက်တစ်ကြိမ် ထိန်းချုပ်မရတော့ခြင်း
Chapter 52- Night Talk
Chapter 53- Dream Talk
Chapter 54- လမ်းကူးကြမယ်
Chapter 55- ရုပ်ရှင်ရုံ
Chapter 56- တိုက်ပေါ်မှ ပြုတ်ကျ
Chapter 57- ပါပါရာဇီ
Chapter 58- အရူးတစ်ယောက်နဲ့ တွေ့ခဲ့တယ်
Chapter 59- အရူးလက်ထဲမှာ တစ်ခုခုရှိနေတာပဲ
Chapter 60- စိုးရိမ်မှု
Chapter 61- အန္တရာယ်ကြားထဲမှ
Chapter 62- မတော်တဆမှု
Chapter 63- Female Star
Chapter 64- လူနာ
Chapter 65- Photos
Chapter 66- မျက်နှာ
Chapter 67- သန္ဓေသား
Chapter 68- ဓာတ်ပုံဘောင်
Chapter 69- အဆောင်လက်ဖွဲ့ဆိုင်
Chapter 70 - သန္ဓေသားလောင်းမွေးမြူခြင်း
Chapter 71- ယဇ်ပူဇော်သော (ကုမာန်ထုန်)
Chapter 72- အလှည့်အပြောင်း
Chapter 73- နားဆွဲလေးတစ်ဖက်
Chapter 74- ရုပ်ရည်
Chapter 75- နှလုံးခုန်သံ
Chapter 76- လက်တွဲဖော်
Chapter 77- သူ ကြားလိုက်တယ်
Chapter 78- အတည်ပြုချက်
Chapter 79 - ကြောင်လေးတစ်ကောင် အိမ်ပေါ်ရောက်လာတယ်
Chapter 80- ချဉ်းကပ်ခြင်း
Chapter 81- သွေးဆောင်ဖျားယောင်းမြှူဆွယ်ခြင်း
Chapter 82- နားကပ်
Chapter 83- လက်မြှောက်အရှုံးပေးလိုက်ပြီ
Chapter 84 - ဖွင့်ဟဝန်ခံခြင်း
Chapter 85- ကိုယ့်ကို စမ်းချစ်ကြည့်လေ
Chapter 86- A Hug
Chapter 87- ချိန်းတွေ့ခြင်း အနုပညာ
Chapter 88- လျှို့ဝှက်အခန်း
Chapter 89 - နှစ်သိမ့်ပေး
Chapter 90- လူသိရှင်ကြား
Chapter 92- ‌တောင်းဆိုမှု
Chapter 93 - လေတံခွန်
Chapter 94- ကျောင်းသားလေးများ
Chapter 95- ရမှတ်
Chapter 96- စိတ်ခံစားချက်
Chapter 97- သဝန်တိုခြင်း
Chapter 98- အတန်း

Chapter 91- သူတို့နှစ်‌ယောက် ဆက်ဆံရေး

1.2K 296 26
By Autumn260103

Unicode

" မြောင်"

အခုချိန်အထိ နာမည်မရှိသေးသောကြောင်လေးမှာ တံခါး‌ဝရှေ့ ဆောင့်ကြောင့်ထိုင်‌၍ သူတို့ကို စောင့်နေသည်။ နားရွက်လေးကို ခြေဖျားနှင့် တဖျပ်ဖျပ် ကုပ်လိုက် ကော်ရစ်ဒါအပြင်မှ အသံများကို နားထောင်လိုက်နှင့် လုပ်နေရှာသည်။ အိမ်ရှင်ပြန်လာတော့မည်ကို ကြိုသိနေ၍ တစ်ခါတစ်ခါ စိတ်မရှည်ပဲ တံခါးကို လက်နှင့် ကုပ်ဖဲ့နေတတ်သေးသည်။

ထို့နောက် တံခါးလဲ ကလစ်သံတစ်ခုနှင့်အတူ ပွင့်လာသည်။

အမွှေးလုံးလေး အရှေ့သို့ အူယားဖားယား ပြေးသွားသော်လဲ လမ်းတစ်ဝက်တွင် ရပ်တန့်သွား၏။ အေးစက်စက်ကြည့်တတ်သော အိမ်ပိုင်ရှင်အပြင် မျက်နှာချင်းဆိုင်အိမ်တွင်နေသော သူကြည့်မရသည့်လူကြီးပါ အတူပါလာသည်ကို တွေ့လိုက်ရသောကြောင့်ပင်။

အမွှေးလုံးလေး : "..."

ရှဲ့လင်က ဒူးထောက်ကာ နှုတ်ဆက်သည်။
" အသေးလေး"

ကြောင်လေးက ဖြည်းဖြည်းချင်း နောက်ဆုတ်သွားသည်။
" မြောင် (ဘာလို့ထပ်ရောက်လာတာလဲ)"

ရှဲ့လင် : " ငါမလာရင် မင်းကို ဘယ်သူ အစာကျွေးမှာမို့လို့လဲ"

ရှဲ့လင်သည်လဲ ထိုကြောင်ကို မကြည်သည့်တိုင် လူတစ်ယောက်နှင့် ကြောင်တစ်ကြောင်ကြားက ဆက်ဆံရေး တင်းမာမှုမှာ အရင်ကထက် အတော်လေး လျော့ပါးလာသည်။ တစ်ခါတစ်ခါ ရှဲ့လင် လမ်းလျှောက်လာသည်ကို တွေ့သော်လဲ အမွှေးလုံးလေးက အိပ်ပျော်နေရာမှ မျက်လုံးတစ်ဖက်သာ လှန်ကြည့်ဖြစ်၏။

ချီချင်းနှင့် ရှဲ့လင်တို့နှစ်ယောက်မှာ ချိန်းတွေ့ရာမှ မတော်တဆမှုကြောင့် ရဲစခန်းတွင် အချိန်အတော်ကြာ သွားနေလိုက်ရသည်။ ထို့ကြောင့် အချိန်နောက်ကျမှ ပြန်လာဖြစ်လေရာ ကြောင်စာကျွေးချိန် တစ်နာရီတိတိ ကျော်သွားခဲ့လေသည်။

အိမ်ပြန်ရောက်ရောက်ချင်း ချီချင်းလုပ်တတ်သည့်အလုပ်က ရေ‌ချိုးရန်ဖြစ်၏။ ရေချိုးပြီး ထွက်လာသည့်အခါတွင်တော့ ဧည့်ခန်းထဲမှ ကြောင်တစ်ကောင်နှင့် လူသားတစ်ယောက်ကြား အတော်ကြီးကျယ်သည့် ရန်ပွဲတစ်ပွဲဖြစ်နေသည်ကို တွေ့ရလေသည်။

အမွှေးလုံးလေး : "မြောင် မြောင် မြောင်"

ရှဲ့လင် : " ငါ မင်းကို ဒီလောက် ကြိုးကြိုးစားစား အစာကျွေးထားတာ.. ငါ တစ်ချက်လေးပဲ ကိုင်ချင်တဲ့ဟာကို"

အမွှေးလုံးလေး : " မြောင်"

ရှဲ့လင်က ကြောင်၏ လည်ပင်းပေါ် လက်တင်ထားရင်း နှစ်သိမ့်ပေးသလိုနှင့် စကားတွေပြောနေသည်။
" မသိရင် ငါကပဲ မင်းလည်ပင်းကို ချိုးပစ်မှာ ကျနေတာပဲ... တဆတ်ဆတ်ကို တုန်နေတာ"

ရှဲ့လင်က အမွှေးလုံးလေးကို ပွတ်သပ်ပေးချင်ရုံသာ ဖြစ်သော်လဲ သူကတော့ ပြင်းပြင်းထန်ထန်ကို ရုန်းကန်နေ‌သည်။ ရေချိုး၍ ထွက်လာသော ချီချင်းကို မြင်တော့ အနိုင်ကျင့်ခံလိုက်ရသည့်အလား ချီချင်းခြေထောက်နား တိုးဝှေ့နေသည်။

သို့သော် ချီချင်းက ရန်ပွဲကို စီရင်ချက်ချပေးရန်ဘာညာ စိတ်ဝင်စားသူမဟုတ်။
" ငါ အခုပဲ ရေချိုးပြီးတာ... အမွှေးတွေနဲ့ အင်္ကျီကို လာမပွတ်နဲ့"

အမွှေးလုံးလေး : "...."

ချီချင်းက ဆံပင်ရေစိုနေသည်ကိုပင် မမှုတ်ရသေး။ မျက်လုံးအောက်နှိမ့်၍ ‌အမွှေးလုံးလေးကို စကားပြောပြီးနောက် မျက်လုံးလှန်၍ ရှဲ့လင်ကို ကြည့်သည်။
" ခင်ဗျားကရော ဘာလို့မပြန်သေးတာလဲ"

ပြောပြီးတော့မှ ထိုစကားမှာ ရည်းစားနှစ်ယောက်ပြောရန် မသင့်တော်သော စကားဟု ခံစားမိသွားသောကြောင့် စကားပြန်စီရန် ကြိုးစားလိုက်သည်။
" ခင်ဗျား လုပ်စရာကျန်သေးလို့လား"

"..."

ဘယ်လိုပဲကြည့်ကြည့် စကားနှစ်ခွန်းလုံးက လူကို မောင်းထုတ်နေသည်နှင့်သာ တူသည်။

ထို့ကြောင့် ချီချင်းလဲ ရေစိုနေသော ဆံပင်များကို ကိုင်ရင်း စိတ်တိုလာသည်။

လူတစ်ယောက်ကို မောင်းထုတ်သည့်စကားများကို အသက်မရှူပဲ ဆယ်ကြောင်းခန့် တရစပ်ပြောနိုင်သော်လဲ တစ်ဖက်လူနှင့် ရင်းရင်းနှီးနှီးပြောရန် စကားတစ်ခွန်းကိုပင် သူ မရှာနိုင်။

နောက်ဆုံးတော့ ချီချင်း လက်လျှော့လိုက်သည်။
" ဘာပဲဖြစ်ဖြစ်ပါ.. ကျွန်တော် ဘာပြောချင်တယ်ဆိုတာ ခင်ဗျားသိပါတယ်"

" ပုံမှန် ဒီလိုအခြေအနေမျိုးဆိုရင် ခင်ဗျားကို ခဏထိုင်ခိုင်းဖို့ ကျွန်တော် မေ့သွားတာလို့ ပြောလို့ရတယ်လေ"
ရှဲ့လင်က သင်ပေးနေသည်။
" ဒါမှမဟုတ်လဲ ခင်ဗျား မပြန်ချင်သေးရင် ကျွန်တော်နဲ့ခဏလောက် လာထိုင်ပါလား.. အစောကြီးရှိသေးတယ် မပြန်‌နဲ့ဦးလေ လို့ ပြောလို့ရတယ်"

ချီချင်းက ရှဲ့လင်သင်ပေးသော စကားများကို မပြောနိုင်။ အချိန်ပြန်လှည့်၍ ရလျှင်တောင် " ပြန်ချင်လား မပြန်ချင်ဘူးလား" မှလွဲ၍ တခြား ဘာစကားမှ ပြောနိုင်မည်မဟုတ်။

ရှဲ့လင်ကတော့ ရေတစက်စက်ကျနေသော ချီချင်း၏ ဆံပင်များကို သတိထားမိသည်။ သူ့မှတ်ဉာဏ်ကိုသုံး၍ အရင်တစ်ခါ ဆံပင်လေမှုတ်စက်ငှားစဉ်ကအတိုင်း ရေချိုးခန်း ဗီရိုထဲမှ လေမှုတ်စက် ထုတ်ယူလိုက်သည်။ ပလပ်ထိုးပြီးသောအခါ ရှဲ့လင်က ချီချင်းကို သူ့နားလာထိုင်ရန် မေးဆတ်ပြသည်။
" ဘာလုပ်ရပ်ဖြစ်ဖြစ် အသွားအပြန်ဆိုတာ ရှိရမယ်လေ... အရင်တစ်ခါ ကိုယ်‌ နေမကောင်းချင်ယောင်ဆောင်ပြီး မင်းကို ဆံပင်လေမှုတ်ခိုင်းခဲ့တာ.. အခု ကိုယ် ပြန်လုပ်ပေးမယ်"

ရှဲ့လင် နေမကောင်းဖြစ်ချင်ဟန် ဆောင်သည့်အချိန်မှစ၍ သူ့အပေါ် ကြိုတင်ကြံစည်နေခဲ့သည်ဟု ချီချင်း သံသယရှိသည်။

ဆံပင်လေမှုတ်ခြင်းကလဲ အဆိုပါအကြံအစည်ထဲမှ တစ်ရပ်ပင်။

စောစောက သူပြောလိုက်သည့် စကားနှစ်ခွန်းလုံး မပြေပြစ်သောကြောင့် ဒီတစ်ခါတော့ ပြောရန်ပြင်ထားသော 'ကျွန်တော် ဒုက္ခိတမဟုတ်ဘူး.. ကိုယ့်ဟာကိုယ် လုပ်နိုင်တယ်' ဟူသော စကားအစား 'ကျေးဇူး' ဟု ပြောထွက်နိုင်ခဲ့သည်။

ချီချင်းက ဆိုဖာပေါ် ထိုင်နေကာ ရှဲ့လင်က လေမှုတ်စက်ဖွင့်၍ အပူချိန်ကို သူ့လက်ဖဝါးနှင့် စမ်းကြည့်ပြီးနောက် ချီချင်း ဆံစလေးများကို ကိုင်လိုက်သည်။

ချီချင်းနဖူးရှေ့ ကျနေသော ဆံစလေးများမှာ လေအဝှေ့ကြောင့် သူ့မျက်လုံးကို အုပ်ကုန်သဖြင့် သူ့နောက်မှ လူသား၏ လှုပ်ရှားမှုကို ခပ်ရေးရေးသာ သူ သိရသည်။ တစ်ခါတစ်ခါ လက်ချောင်းလေးများက သူ့လည်ပင်းကို ထိခတ်လာသလို တစ်ခါတစ်ခါကျတော့လဲ ပျောက်ကွယ်သွားပြန်၏။ ပေါ့ပါးလွန်းသော ထိုသူ၏ လက်ဆစ်အထိအတွေ့မှာ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသောကြောင့် ချီချင်းတွင် ဖော်မပြနိုင်သော ယားယံမှုတစ်မျိုးကို ခံစားလာရ၏။

ထိုနေ့က ရှဲ့လင်ဆံပင်ကို လေမှုတ်ပေးနေစဉ် သူ ကြောက်နေခဲ့သည်။ မမျှော်လင့်ပဲ အချင်းချင်း၏ လျှို့ဝှက်ချက်ကို သိရှိသွားပြီးနောက် ထိုကြောက်ရွံ့စိတ်က ပို၍ပင် ကြီးမားလာခဲ့သည်။

သူတို့နှစ်ယောက်ကြားထဲမှ ဆက်‌ဆံရေးပြောင်းလဲလာမှုကလဲ အရင်ကနှင့်မတူ။ ထိုသို့ဖြင့် သူတို့ကြားထဲမှ အထိအတွေ့က ပို‌၍ သဘာဝကျလာဟန်တူသည်။

ချီချင်း၏ ဆံပင်ရှည်များက သာမန်ထက် ခြောက်ရန် မလွယ်ကူသော်လဲ အရမ်းမရှည်သည်မို့ အတော်ကြာကြာ အချိန်မယူလိုက်ရ။

ခြောက်သွေ့သွားသော ဆံသားများကို လွှတ်ပေးပြီးနောက် ရှဲ့လင်က လက်ချောင်းလေးများနှင့် ချီချင်း၏ မျက်နှာဘေးကို ပွတ်သပ်ကာ မေးဖျားရောက်သည်အထိ တဖြည်းဖြည်းချင်း ပွတ်တိုက်သွားလေ၏။ ချီချင်း၏ မေးဖျားလေးကို လက်ညိုးလေးနှင့် ပင့်ကာ ခေါင်းမော့၍ သူ့ကိုကြည့်ခိုင်းနေသည်။

ထိုအချင်းအရာက နမ်းခိုင်းသည့်သဘောဖြစ်မှန်း သိသာ၏။

တစ်ယောက်က ထိုင်နေကာ ကျန်တစ်ယောက်က သူ့နောက်တွင် ကပ်လျက် ရပ်နေသည်။ ရှဲ့လင် ခေါင်းငုံ့လိုက်ရုံနှင့် ဆိုဖာပေါ်မှ လူသားလေးအပေါ် ထိကပ်သွားနိုင်သည်။ သူတို့နှစ်ယောက်လုံး အသက်ရှူ တဖြည်းဖြည်း မြန်လာကြသည်။

ထိုသို့နှင့် သူတို့နှစ်ယောက်ကြားမှ အကွာအဝေး တဖြည်းဖြည်း နီးကပ်လာ၏။

ရုတ်တရက်ကြီး ချီချင်းထံမှ လှုပ်ရှားမှုတစ်ခု ပေါ်လာသည်။

ရုတ်တရက်ထရပ်လိုက်သော ချီချင်းကြောင့် ရှဲ့လင်၏ မေးနှင့် ချီချင်းခေါင်းတို့ ခွပ်ခနဲ အသံထွက်သွားလေသည်။

တောင့်တင်းနေသော လက်ချောင်းလေးများကို ဖြေလျှော့ရင်း ချီချင်းက ရှင်းပြရန် ကြိုးစား၏။
" ကျ..  အဲ့ဒါ အလိုအလျောက်.. တုံ့ပြန်တာ.."

မပြင်ဆင်ထားမိတာ အမှန်ပဲမို့ အလိုအလျောက်တုံ့ပြန်သည်ဆိုသော စကားက မယုံနိုင်စရာအကြောင်းမရှိ။

ရှဲ့လင်လက်ကို ကိုင်ရာမှ ဖက်သည်အထိသည်းခံလာခဲ့ရသည်လေ။ အခုလဲ ကြောင်ကို ကိုင်ပြီး လက်မဆေးပဲ သူ့ခေါင်းကိုတောင် အကိုင်ခံခဲ့သည်။ အသန့်ကြိုက်သူတစ်ယောက်အနေနှင့် ဒီလောက်အထိ တိုးတက်လာမှုကို မြန်ဆန်သည်ဟု သတ်မှတ်နိုင်သည်။

သို့သော် အချိန်အတော်ကြာ တည်ရှိလာသော အကျင့်ဆိုသည်က ဖျောက်ဖျက်ရန် ‌အတော်ခက်ခဲ၏။

" ကိုယ့်အပြစ်တွေပါ"
ရှဲ့လင်က ချီချင်းဆံပင်ကို အသာထိုးဖွရင်း ပြန်ပြောသည်။
" ကိုယ် ထိန်းထားလို့မရလို့"

.....

ထိုညတွင် ဆေးခန်းမှ ပြန်ရောက်လာသော ဒေါက်တာဝူတစ်ယောက် အိပ်ရန် ပြင်ဆင်နေသည့်အချိန် ဘေးနားတင်ထားသော ဖုန်းထဲ စာဝင်လာသည်ကို တွေ့လိုက်ရသည်။

သူ့အလုပ်သဘောကိုက သူများနှင့်မတူသောကြောင့် ဒေါက်တာဝူမှာ ဖုန်းကို ၂၄ နာရီ ဖွင့်ထားလေ့ရှိသည်။ အထူးသဖြင့် လူနာတစ်ယောက်ယောက် ညနက်သန်းခေါင် စိတ်ပညာဆွေးနွေးရန် လိုအပ်လာပါက အဆင်သင့်ဖြစ်နေစေရန် ဖြစ်သည်။ စိတ်ရောဂါရှင်အများစုမှာ ညနက်သန်းခေါင်အချိန်တွင် ပို၍ ဒုက္ခရောက်တတ်သည်မဟုတ်ပါလား။

လူနာတစ်ယောက်နှင့် ဖုန်းပြောပြီးစ အိပ်ရန် ကြံစည်ရုံပင်ရှိသေး။ နောက်ထပ် လူနာတစ်ယောက်ထံမှ စာဝင်လာသည်။

" ဒေါက်တာဝူ... မင်္ဂလာညနေခင်းပါ.. အိပ်‌သွားပြီလားဗျ"

ရှဲ့လင်ဆိုသော စာလုံးနှစ်လုံးကို မြင်တော့ ဒေါက်တာဝူ ကြောင်အသွားသည်။ ညနက်သန်းခေါင်ကြီး သူ့ကို တစ်ခါမှ စာမပို့ဖူးသောကြောင့် ရှဲ့လင်တစ်ခုခုဖြစ်နေပြီအထင်နှင့် ချက်ချင်းစာပြန်၏။
" မအိပ်သေးပါဘူး.. ဘာပြဿနာရှိလို့လဲ"

ရှဲ့လင် : " ကျွန်တော် ဆရာ့ကို မေးစရာလေးရှိလို့ပါ.. အသန့်ကြိုက်ရောဂါကလေ တစ်ခုခုကို ပိုပြီး သည်းမခံနိုင်တာမျိုးရော ရှိလားဗျ... ဥပမာ နမ်းတာတို့ ဘာတို့လေ"

ဒေါက်တာဝူ : " မင်း မဖတ်ဖူးတဲ့ စိတ်ပညာဖတ်စာအုပ်ရော ရှိသေးလို့လား... အဲ့ဒါက လူတစ်ယောက်ချင်းစီနဲ့ ဆိုင်တယ်လေ... ပုံမှန်အသန့်ကြိုက်တဲ့သူမျိုးဆိုရင်တော့ အဲ့လောက်ကြီး မဖြစ်လောက်..."

ရှဲ့လင် : " ချီချင်းလို လူမျိုးဆိုရင်ရော..."

ဒေါက်တာဝူ : "..."

ဒေါက်တာဝူမှာ ညနက်သန်းခေါင်ကြီး အသန့်ကြိုက်ရောဂါသည်တစ်ယောက်၏ နမ်းနိုင်ခြင်း မနမ်းနိုင်ခြင်းနှင့် ပတ်သက်သော အကြောင်းအရာကို‌ ‌‌ဆွေးနွေးရလိမ့်မည်ဟု လုံးဝမမျှော်လင့်ထား။

ဒေါက်တာဝူ : " လူကြီးမင်းချီကိုတော့ သာမန်အသန့်ကြိုက်အဆင့်ထဲ ထည့်ထားလို့ မရဘူးလေ... အချိန်အကြာကြီး ဖြစ်တဲ့ရောဂါမို့လို့ အဲ့လိုအထိအတွေ့မျိုးကို လက်ခံနိုင်ဖို့ ခဲယဉ်းတာလဲ ဖြစ်နိုင်ပါတယ်"

ရှဲ့လင်က ထပ်မေးပြန်သည်။ " သူ့လို အခြေအနေမျိုးမှာ ဘယ်လိုတုံ့ပြန်မှုမျိုး ရှိနိုင်လဲဗျ"

ဒေါက်တာဝူလဲ မေးခွန်းထပ်မမေးတော့ပဲ အဆုံးထိ စိတ်နှစ်ကာ အဖြေပေးလိုက်သည်။
" သူ့လိုလူမျိုးဆိုရင်တော့ မင်း တဆင့်ချင်း ကြိုးစားလို့ရပါတယ်.. နည်းနည်း နည်းနည်း စရမှာပေါ့... တစ်ဖက်လူကို အသားကျဖို့ အခွင့်အရေးလဲ ပေးရဦးမယ်လေ"

ရှဲ့လင်က သဘောပေါက်ကြောင်း ပြန်ဖြေသည်။
" ကျေးဇူးပါ ဒေါက်တာဝူ.. နောက်တောင်ကျနေပြီ စောစော အိပ်ရာဝင်လိုက်ပါဦးနော်"

အချိန်အတော်ကြာတော့မှ ဒေါက်တာဝူက ပြန်ဖြေသည်။

" ရပါတယ် ကိစ္စမရှိပါဘူး"

.......

သူတို့ ချိန်းတွေ့ခဲ့သည့်နေရာတွင် အမှုတစ်ခု ပေါ်ပေါက်ခဲ့သဖြင့် ရှဲ့လင်က ထိုနေ့ကို ချိန်းတွေ့သည်ဟု သတ်မှတ်လို့မရ ပုံမှန်ချိန်းတွေ့သည်ဆိုတာ ဒီလိုမဟုတ် ဟု အတင်းအကြပ်ပြောနေသည့်အတွက် ချိန်းတွေ့ရန် ရက်ကို ထပ်၍ ညှိယူကြသည်။

သူတို့နှစ်ယောက်၏ အရှိန်အဝါကြောင့် သွားလေရာတိုင်းတွင် လူသတ်မှုကြုံနေရသည်ကိုတော့ သူတို့ကိုယ်တိုင် မငြင်းဆိုနိုင်သော အမှန်တရားဖြစ်၏။

ထို့နောက် နောက်ထပ် ချိန်းတွေ့ရန် နေရာမရွေးခင် နှစ်ယောက်သား ‌ဆွေးနွေးကြရ၏။

ချီချင်းက စတင်၍ တည်ငြိမ်စွာ ပြောသည်။
" ပထမဆုံး ခင်ဗျား ကျွန်တော့်ကို ဖုန်းဆက်ခေါ်တာ ဘားမှာလေ.. နောက်တစ်နေ့ကျတော့ ဘားမှာတွေ့ခဲ့တဲ့ ယန်ကျန်းကျန်းဆိုတဲ့ မိန်းကလေး သေတယ်"

" ဒုတိယအကြိမ် ခင်ဗျားနဲ့ကျွန်တော် ရုပ်ရှင်အတူသွားကြည့်ကြတော့ ရှော့ပင်းမောလ်ထဲက ထွက်ထွက်ချင်း တိုက်ပေါ်က ပါပါရာဇီတစ်ယောက် ပြုတ်ကျသေတယ်"

" ...."

အဆိုပါဖြစ်ရပ်များမှာ ငြင်းမရသည့် အချက်အလက်များသာ ဖြစ်၏။

ရှဲ့လင် : " လူမရှိတဲ့နေရာတွေကိုသွားရင် မလုံခြုံဘူး.. လူများတဲ့နေရာကျပြန်တော့လဲ အဆင်မပြေနိုင်ဘူး.. ကိုယ်တို့ အိမ်မှာပဲနေပြီး ချိန်းတွေ့ကြရင်ကောင်းမလား"

ချီချင်းက အောက်ထပ်ကို လက်ညိုးထိုးပြသည်။

သူ့‌အိမ်အောက်ထပ်တွင်နေသော ရန်ချင်းသည်ပင် အိမ်ပြောင်းပြောင်းချင်း အသတ်ခံရမလို ဖြစ်ခဲ့သေးသည်။

ချီချင်း : " အိမ်မှာဆိုတိုင်းလဲ အန္တရာယ်မရှိတာမှ မဟုတ်တာ"

ရှဲ့လင် : "...."

ချီချင်းစကားဆုံးတော့ ရှဲ့လင်က စကားလမ်းကြောင်းလွှဲရန် ကြိုးစားသည်။ ဒီလိုသာ ဆက်ပြောနေပါက သူတို့ရဲ့ ဒီနေ့ ဒိတ်လေး အလဟဿ ကုန်ဆုံးတော့မည် မဟုတ်ပါလား။
" ဘာပဲဖြစ်ဖြစ် အပြင်မှာထက်တော့ ပိုကောင်းတယ်လေ..  နေရာကျဉ်းတော့ တစ်ခုခုဖြစ်ရင်တောင် အကြီးကြီး ဘယ်ဖြစ်နိုင်မှာလဲ"

ချစ်ခြင်းက လူတွေကို ဉာဏ်အလင်း ပွင့်စေနိုင်သည်။ သို့သော် ရှဲ့လင်ကတော့ ဖုန်းဖွင့်၍ အကြံဆိုးတစ်ခု ထွက်လာခဲ့၏။
" ကိုယ် အခုပဲ ရန်ချင်းကို ဖုန်းဆက်ပြီး သူ ဘယ်မှာလဲဆိုတာရယ် လုံခြုံနေလားဆိုတာရယ်ကို မေးကြည့်လိုက်မယ်လေ"

ချီချင်းကလဲ ချက်ချင်းခေါင်းညိတ်သည်။
" ကောင်းပြီလေ"

ဖုန်းခေါ်ဆိုမှုက ချက်ချင်းရောက်သွား၏။

ကိတ်ဆိုင်တွင် အလုပ်လုပ်နေသော ရန်ချင်းက ချက်ချင်းဖုန်းကိုင်သည်။
" ဟဲလို.. လူကြီးမင်းရှဲ့"

ရှဲ့လင်မှာ ဖုန်းတစ်ဖက်မှ ကိတ်မုန့်မှာနေသော ဝယ်သူအသံကိုပင် ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
" ခင်ဗျား အခု အလုပ်မှာလား"

" ဟုတ်ပါတယ်ရှင့်"
ရန်ချင်းက ပြန်ဖြေသည်။
" ကျွန်မတို့က ရုံးပိတ်ရက်လဲ မနားဘူးလေ... ဘာဖြစ်လို့လဲ"

ရှဲ့လင် : " ဘာမှမဟုတ်ပါဘူး.. လုံခြုံရေးကို အာရုံစိုက်ဖို့ပါပဲ"

ရန်ချင်း : "ရှင်"

"လုံခြုံရေးကို အာရုံစိုက်" ဟူသော စကားရပ်ကို ပြောသူက ချီချင်းနှင့် ရှဲ့လင်တို့သာ ဖြစ်ပါက လျှစ်လျှူရှုထား၍ မရပေ။

အရင်တစ်ခေါက် အမှုထဲက ရန်ချင်းကောင်းကောင်းနားလည်သွားသည့်အတွက် အခုတော့ သေချာအောင် ထပ်မေးလိုက်သည်။
" ကျွန်မတို့ တိုက်နားမှာ လူသတ်သမား ရှိနေလို့လား"

" မ ရှိ ပါ ဘူး"

သူနဲ့ ချီချင်းတို့ အေးအေးဆေးဆေး ချိန်းတွေ့ရအောင်လို့တော့ သူ ဘယ်လိုပြောလို့ရမှာလဲ....

ရှဲ့လင် : " ကျွန်တော်တို့တိုက်က တကယ်လုံခြုံပါတယ်.. စိတ်မပူပါနဲ့ မနေ့ညက မိုးရွာထားလို့ အိမ်ပြန်လာရင် ဂရုစိုက်ပါလို့ပဲ ပြောချင်တာပါ"

" အာ.. ဟုတ်ကဲ့ ကျေးဇူးပါ .. ကျွန်မ ဂရုစိုက်လိုက်ပါ့မယ်"

......

ရှဲ့လင်က သူတို့နှစ်ယောက် ချိန်းတွေ့ရန် အရာရာကို သတိထားနေရသည်။

ဒီနေ့ ရာသီဥတုသာယာ၍ အပူချိန် အနည်းငယ် တိုးနေသည်။

သို့သော် ရာသီဥတုအပြောင်းအလဲက ချီချင်းအပေါ် မသက်ရောက်။ တစ်အိမ်လုံးရှိ လိုက်ကာများအားလုံး တင်းတင်းစေ့ထားသောကြောင့် ဘယ်လိုအလင်းမျိုးကမှ အိမ်ထဲ မဝင်ရောက်နိုင်။

နှစ်ယောက်သား ရုပ်ရှင်အတူကြည့်ရန်သာ ရွေးချယ်လိုက်သည်။ နေရောင်ကြောက်သော ချီချင်း၏ အကျင့်က ဒီနေရာတွင် ကောင်းသွားသည်။ မှောင်မဲနေသော အခန်းက သီးသန့်ရုပ်ရှင်ရုံနှင့်ပင် သွားတူနေသည်။

အရင်တစ်ခေါက်က သူတို့အတူ ရုပ်ရှင်ကြည့်ဖူးသည်ဆိုသော်လဲ တစ်ယောက်ကိုတစ်ယောက် အာရုံစိုက်ရန်သာ ဗျာများနေသောကြောင့် ဇာတ်လမ်းအကျဉ်းပင် မသိလိုက်ကြ။

လက်ရှိ ဖန်သားပြင်ပေါ်တွင် တိတ်ဆိတ်သော ရုပ်ရှင်ဇာတ်ကားတစ်ကား လာနေသည်။ သို့သော် ဇာတ်ဝင်ခန်းတစ်ခုပြီးတစ်ခုသာ ပြီးသွားသည်။ သရုပ်ဆောင် ဘယ်သူမှန်းပင် သူတို့မသိ။

နှစ်ယောက်လုံးတွင် အတွေးကိုယ်စီ ရှိနေကြ၏။ ရှဲ့လင်က တဆင့်ချင်းသွားနိုင်ရန် အာရုံစိုက်နေကာ ချီချင်းကတော့ မနေ့က အနမ်းကို သူရှောင်မိသည့်‌အပေါ် ပြန်တွေးနေမိ၏။

မနေ့ဖြစ်ရပ်မှာ ရှက်စရာကောင်းလွန်းသောကြောင့် အိပ်မပျော်ခင်အထိ ခဏခဏ ပြန်‌တွေးမိနေသည်။

... ဘာလို့များ ရှောင်ခဲ့တာပါလိမ့်....

.... ရှောင်လိုက်တော့ ပိုပြီး မထူးဆန်းနေဘူးလား...

ချီချင်းမှာ ထိုအကြောင်းကို တွေးလေလေ အခြေအနေများကို ရှုပ်ထွေးစေသည့်အတွက် သူ့ကိုယ်သူ ပိုပိုစိတ်တိုလာလေဖြစ်သည်။

သူ့ကိုယ်သူလဲ ခဏခဏ မေးမိသည်။ ရှဲ့လင်၏ အထိအတွေ့ကိုများ ရွံလို့လားဟူ၍

သို့သော် အဖြေက ထင်ရှားနေ၏။
" လုံးဝမဟုတ်"

အလိုအလျောက် တုံ့ပြန်မှုအပြင် နှလုံးအခုန်မြန်မှုကြောင့် သူ့ကိုယ်သူ ထိန်းချုပ်မရနိုင်တာမျိုး ဖြစ်သွားခြင်းသာ ဖြစ်၏။

ဖန်သားပြင်ပေါ်တွင် ဇာတ်ဝင်ခန်းပြောင်းသွားသောကြောင့် ရုတ်တရက် တစ်ခန်းလုံး အမှောင်ကျသွားသည်။ ရှဲ့လင်၏ မျက်လုံးတို့က အမှောင်ထဲတွင် တောက်ပလာသလိုလို ရှိ၏။ ချီချင်းလက်ကို တဆင့်ချင်း ကိုင်ရန် သူ ကြိုးပမ်းနေခဲ့သည်။ သို့သော် သူမမျှော်လင့်ထားသည်က ချီချင်းမှာ သူ့ဘေးတိုးလာကာ လက်ကို သူ့ဘေးနားတင်ထားလိုက်သည်။ ဤသို့ဖြင့် သူတို့နှစ်ယောက်ကြားမှ အကွာအဝေးမှာ ချက်ချင်းကြီး ကပ်လာသလို ဖန်သားပြင်မှ အမှောင်ကျသွားသည်နှင့် ကွက်တိဖြစ်သွား၏။

ရှဲ့လင် ငုံ့ကြည့်လိုက်တော့ အမှောင်ထုထက် မည်းနက်နေသည့် ချီချင်း၏ မျက်ဆန်နက်လေးများကို မြင်နေရသည်။

ထို့နောက် ချီချင်းက ထိန်းချုပ်မှုမရှိပဲ သူ့နှုတ်ခမ်းကို အရင် လာနမ်းသည်ကိုပါ သူ ခံစားလိုက်ရသည်။

ထိုအချိန် ရှဲ့လင်နှလုံးခုန်နှုန်းများ ရပ်တန့်သွားလေ၏။

ချက်ချင်းပင် ထိန်းချုပ်မရနိုင်သော အရှိန်နှုန်းနှင့် ပြန်ခုန်လာသည်။

ထိုအချိန်တွင် ဖန်သားပြင် မီးပြန်လင်းလာကာ သူတို့နှစ်ယောက်ကို အလင်းရောင် ပေးနေသည်။ ဖြစ်ချင်တော့ ဖန်သားပြင်ထဲရှိ ဇာတ်ဝင်ခန်းမှာ လရောင်ဖြာကျနေသော ပန်းဥယျာဉ်ကြီးထဲတွင် လိပ်ပြာလေးများ ပျံဝဲနေပုံ ဖြစ်နေသည်။

" အရင်တစ်ခေါက်က ခင်ဗျားနဲ့ စမ်းချစ်ကြည့်ကြဖို့ ကျွန်တော် ကတိပေးခဲ့တာလေ"
ဆုံးဖြတ်ချက် ချပြီးဟန်နှင့် ချီချင်းက အခိုင်အမာ ပြန်ပြောနေသည်။
" ဒီနေ့ကစပြီး ခင်ဗျား စမ်းကြည့်စရာမလိုတော့ဘူး"

........
End of part 91
Thank you all


Zawgyi

" ေျမာင္"

အခုခ်ိန္အထိ နာမည္မရွိေသးေသာေၾကာင္ေလးမွာ တံခါး‌ဝေရွ႕ ေဆာင့္ေၾကာင့္ထိုင္‌၍ သူတို႔ကို ေစာင့္ေနသည္။ နား႐ြက္ေလးကို ေျခဖ်ားႏွင့္ တဖ်ပ္ဖ်ပ္ ကုပ္လိုက္ ေကာ္ရစ္ဒါအျပင္မွ အသံမ်ားကို နားေထာင္လိုက္ႏွင့္ လုပ္ေနရွာသည္။ အိမ္ရွင္ျပန္လာေတာ့မည္ကို ႀကိဳသိေန၍ တစ္ခါတစ္ခါ စိတ္မရွည္ပဲ တံခါးကို လက္ႏွင့္ ကုပ္ဖဲ့ေနတတ္ေသးသည္။

ထို႔ေနာက္ တံခါးလဲ ကလစ္သံတစ္ခုႏွင့္အတူ ပြင့္လာသည္။

အေမႊးလုံးေလး အေရွ႕သို႔ အူယားဖားယား ေျပးသြားေသာ္လဲ လမ္းတစ္ဝက္တြင္ ရပ္တန႔္သြား၏။ ေအးစက္စက္ၾကည့္တတ္ေသာ အိမ္ပိုင္ရွင္အျပင္ မ်က္ႏွာခ်င္းဆိုင္အိမ္တြင္ေနေသာ သူၾကည့္မရသည့္လူႀကီးပါ အတူပါလာသည္ကို ေတြ႕လိုက္ရေသာေၾကာင့္ပင္။

အေမႊးလုံးေလး : "..."

ရွဲ႕လင္က ဒူးေထာက္ကာ ႏႈတ္ဆက္သည္။
" အေသးေလး"

ေၾကာင္ေလးက ျဖည္းျဖည္းခ်င္း ေနာက္ဆုတ္သြားသည္။
" ေျမာင္ (ဘာလို႔ထပ္ေရာက္လာတာလဲ)"

ရွဲ႕လင္ : " ငါမလာရင္ မင္းကို ဘယ္သူ အစာေကြၽးမွာမို႔လို႔လဲ"

ရွဲ႕လင္သည္လဲ ထိုေၾကာင္ကို မၾကည္သည့္တိုင္ လူတစ္ေယာက္ႏွင့္ ေၾကာင္တစ္ေၾကာင္ၾကားက ဆက္ဆံေရး တင္းမာမႈမွာ အရင္ကထက္ အေတာ္ေလး ေလ်ာ့ပါးလာသည္။ တစ္ခါတစ္ခါ ရွဲ႕လင္ လမ္းေလွ်ာက္လာသည္ကို ေတြ႕ေသာ္လဲ အေမႊးလုံးေလးက အိပ္ေပ်ာ္ေနရာမွ မ်က္လုံးတစ္ဖက္သာ လွန္ၾကည့္ျဖစ္၏။

ခ်ီခ်င္းႏွင့္ ရွဲ႕လင္တို႔ႏွစ္ေယာက္မွာ ခ်ိန္းေတြ႕ရာမွ မေတာ္တဆမႈေၾကာင့္ ရဲစခန္းတြင္ အခ်ိန္အေတာ္ၾကာ သြားေနလိုက္ရသည္။ ထို႔ေၾကာင့္ အခ်ိန္ေနာက္က်မွ ျပန္လာျဖစ္ေလရာ ေၾကာင္စာေကြၽးခ်ိန္ တစ္နာရီတိတိ ေက်ာ္သြားခဲ့ေလသည္။

အိမ္ျပန္ေရာက္ေရာက္ခ်င္း ခ်ီခ်င္းလုပ္တတ္သည့္အလုပ္က ေရ‌ခ်ိဳးရန္ျဖစ္၏။ ေရခ်ိဳးၿပီး ထြက္လာသည့္အခါတြင္ေတာ့ ဧည့္ခန္းထဲမွ ေၾကာင္တစ္ေကာင္ႏွင့္ လူသားတစ္ေယာက္ၾကား အေတာ္ႀကီးက်ယ္သည့္ ရန္ပြဲတစ္ပြဲျဖစ္ေနသည္ကို ေတြ႕ရေလသည္။

အေမႊးလုံးေလး : "ေျမာင္ ေျမာင္ ေျမာင္"

ရွဲ႕လင္ : " ငါ မင္းကို ဒီေလာက္ ႀကိဳးႀကိဳးစားစား အစာေကြၽးထားတာ.. ငါ တစ္ခ်က္ေလးပဲ ကိုင္ခ်င္တဲ့ဟာကို"

အေမႊးလုံးေလး : " ေျမာင္"

ရွဲ႕လင္က ေၾကာင္၏ လည္ပင္းေပၚ လက္တင္ထားရင္း ႏွစ္သိမ့္ေပးသလိုႏွင့္ စကားေတြေျပာေနသည္။
" မသိရင္ ငါကပဲ မင္းလည္ပင္းကို ခ်ိဳးပစ္မွာ က်ေနတာပဲ... တဆတ္ဆတ္ကို တုန္ေနတာ"

ရွဲ႕လင္က အေမႊးလုံးေလးကို ပြတ္သပ္ေပးခ်င္႐ုံသာ ျဖစ္ေသာ္လဲ သူကေတာ့ ျပင္းျပင္းထန္ထန္ကို ႐ုန္းကန္ေန‌သည္။ ေရခ်ိဳး၍ ထြက္လာေသာ ခ်ီခ်င္းကို ျမင္ေတာ့ အနိုင္က်င့္ခံလိုက္ရသည့္အလား ခ်ီခ်င္းေျခေထာက္နား တိုးေဝွ႕ေနသည္။

သို႔ေသာ္ ခ်ီခ်င္းက ရန္ပြဲကို စီရင္ခ်က္ခ်ေပးရန္ဘာညာ စိတ္ဝင္စားသူမဟုတ္။
" ငါ အခုပဲ ေရခ်ိဳးၿပီးတာ... အေမႊးေတြနဲ႕ အကၤ်ီကို လာမပြတ္နဲ႕"

အေမႊးလုံးေလး : "...."

ခ်ီခ်င္းက ဆံပင္ေရစိုေနသည္ကိုပင္ မမႈတ္ရေသး။ မ်က္လုံးေအာက္ႏွိမ့္၍ ‌အေမႊးလုံးေလးကို စကားေျပာၿပီးေနာက္ မ်က္လုံးလွန္၍ ရွဲ႕လင္ကို ၾကည့္သည္။
" ခင္ဗ်ားကေရာ ဘာလို႔မျပန္ေသးတာလဲ"

ေျပာၿပီးေတာ့မွ ထိုစကားမွာ ရည္းစားႏွစ္ေယာက္ေျပာရန္ မသင့္ေတာ္ေသာ စကားဟု ခံစားမိသြားေသာေၾကာင့္ စကားျပန္စီရန္ ႀကိဳးစားလိုက္သည္။
" ခင္ဗ်ား လုပ္စရာက်န္ေသးလို႔လား"

"..."

ဘယ္လိုပဲၾကည့္ၾကည့္ စကားႏွစ္ခြန္းလုံးက လူကို ေမာင္းထုတ္ေနသည္ႏွင့္သာ တူသည္။

ထို႔ေၾကာင့္ ခ်ီခ်င္းလဲ ေရစိုေနေသာ ဆံပင္မ်ားကို ကိုင္ရင္း စိတ္တိုလာသည္။

လူတစ္ေယာက္ကို ေမာင္းထုတ္သည့္စကားမ်ားကို အသက္မရႉပဲ ဆယ္ေၾကာင္းခန႔္ တရစပ္ေျပာနိုင္ေသာ္လဲ တစ္ဖက္လူႏွင့္ ရင္းရင္းႏွီးႏွီးေျပာရန္ စကားတစ္ခြန္းကိုပင္ သူ မရွာနိုင္။

ေနာက္ဆုံးေတာ့ ခ်ီခ်င္း လက္ေလွ်ာ့လိုက္သည္။
" ဘာပဲျဖစ္ျဖစ္ပါ.. ကြၽန္ေတာ္ ဘာေျပာခ်င္တယ္ဆိုတာ ခင္ဗ်ားသိပါတယ္"

" ပုံမွန္ ဒီလိုအေျခအေနမ်ိဳးဆိုရင္ ခင္ဗ်ားကို ခဏထိုင္ခိုင္းဖို႔ ကြၽန္ေတာ္ ေမ့သြားတာလို႔ ေျပာလို႔ရတယ္ေလ"
ရွဲ႕လင္က သင္ေပးေနသည္။
" ဒါမွမဟုတ္လဲ ခင္ဗ်ား မျပန္ခ်င္ေသးရင္ ကြၽန္ေတာ္နဲ႕ခဏေလာက္ လာထိုင္ပါလား.. အေစာႀကီးရွိေသးတယ္ မျပန္‌နဲ႕ဦးေလ လို႔ ေျပာလို႔ရတယ္"

ခ်ီခ်င္းက ရွဲ႕လင္သင္ေပးေသာ စကားမ်ားကို မေျပာနိုင္။ အခ်ိန္ျပန္လွည့္၍ ရလွ်င္ေတာင္ " ျပန္ခ်င္လား မျပန္ခ်င္ဘူးလား" မွလြဲ၍ တျခား ဘာစကားမွ ေျပာနိုင္မည္မဟုတ္။

ရွဲ႕လင္ကေတာ့ ေရတစက္စက္က်ေနေသာ ခ်ီခ်င္း၏ ဆံပင္မ်ားကို သတိထားမိသည္။ သူ႕မွတ္ဉာဏ္ကိုသုံး၍ အရင္တစ္ခါ ဆံပင္ေလမႈတ္စက္ငွားစဥ္ကအတိုင္း ေရခ်ိဳးခန္း ဗီရိုထဲမွ ေလမႈတ္စက္ ထုတ္ယူလိုက္သည္။ ပလပ္ထိုးၿပီးေသာအခါ ရွဲ႕လင္က ခ်ီခ်င္းကို သူ႕နားလာထိုင္ရန္ ေမးဆတ္ျပသည္။
" ဘာလုပ္ရပ္ျဖစ္ျဖစ္ အသြားအျပန္ဆိုတာ ရွိရမယ္ေလ... အရင္တစ္ခါ ကိုယ္‌ ေနမေကာင္းခ်င္ေယာင္ေဆာင္ၿပီး မင္းကို ဆံပင္ေလမႈတ္ခိုင္းခဲ့တာ.. အခု ကိုယ္ ျပန္လုပ္ေပးမယ္"

ရွဲ႕လင္ ေနမေကာင္းျဖစ္ခ်င္ဟန္ ေဆာင္သည့္အခ်ိန္မွစ၍ သူ႕အေပၚ ႀကိဳတင္ႀကံစည္ေနခဲ့သည္ဟု ခ်ီခ်င္း သံသယရွိသည္။

ဆံပင္ေလမႈတ္ျခင္းကလဲ အဆိုပါအႀကံအစည္ထဲမွ တစ္ရပ္ပင္။

ေစာေစာက သူေျပာလိုက္သည့္ စကားႏွစ္ခြန္းလုံး မေျပျပစ္ေသာေၾကာင့္ ဒီတစ္ခါေတာ့ ေျပာရန္ျပင္ထားေသာ 'ကြၽန္ေတာ္ ဒုကၡိတမဟုတ္ဘူး.. ကိုယ့္ဟာကိုယ္ လုပ္နိုင္တယ္' ဟူေသာ စကားအစား 'ေက်းဇူး' ဟု ေျပာထြက္နိုင္ခဲ့သည္။

ခ်ီခ်င္းက ဆိုဖာေပၚ ထိုင္ေနကာ ရွဲ႕လင္က ေလမႈတ္စက္ဖြင့္၍ အပူခ်ိန္ကို သူ႕လက္ဖဝါးႏွင့္ စမ္းၾကည့္ၿပီးေနာက္ ခ်ီခ်င္း ဆံစေလးမ်ားကို ကိုင္လိုက္သည္။

ခ်ီခ်င္းနဖူးေရွ႕ က်ေနေသာ ဆံစေလးမ်ားမွာ ေလအေဝွ႕ေၾကာင့္ သူ႕မ်က္လုံးကို အုပ္ကုန္သျဖင့္ သူ႕ေနာက္မွ လူသား၏ လႈပ္ရွားမႈကို ခပ္ေရးေရးသာ သူ သိရသည္။ တစ္ခါတစ္ခါ လက္ေခ်ာင္းေလးမ်ားက သူ႕လည္ပင္းကို ထိခတ္လာသလို တစ္ခါတစ္ခါက်ေတာ့လဲ ေပ်ာက္ကြယ္သြားျပန္၏။ ေပါ့ပါးလြန္းေသာ ထိုသူ၏ လက္ဆစ္အထိအေတြ႕မွာ ေပၚလိုက္ေပ်ာက္လိုက္ ျဖစ္ေနေသာေၾကာင့္ ခ်ီခ်င္းတြင္ ေဖာ္မျပနိုင္ေသာ ယားယံမႈတစ္မ်ိဳးကို ခံစားလာရ၏။

ထိုေန႕က ရွဲ႕လင္ဆံပင္ကို ေလမႈတ္ေပးေနစဥ္ သူ ေၾကာက္ေနခဲ့သည္။ မေမွ်ာ္လင့္ပဲ အခ်င္းခ်င္း၏ လွ်ို႔ဝွက္ခ်က္ကို သိရွိသြားၿပီးေနာက္ ထိုေၾကာက္႐ြံ႕စိတ္က ပို၍ပင္ ႀကီးမားလာခဲ့သည္။

သူတို႔ႏွစ္ေယာက္ၾကားထဲမွ ဆက္‌ဆံေရးေျပာင္းလဲလာမႈကလဲ အရင္ကႏွင့္မတူ။ ထိုသို႔ျဖင့္ သူတို႔ၾကားထဲမွ အထိအေတြ႕က ပို‌၍ သဘာဝက်လာဟန္တူသည္။

ခ်ီခ်င္း၏ ဆံပင္ရွည္မ်ားက သာမန္ထက္ ေျခာက္ရန္ မလြယ္ကူေသာ္လဲ အရမ္းမရွည္သည္မို႔ အေတာ္ၾကာၾကာ အခ်ိန္မယူလိုက္ရ။

ေျခာက္ေသြ႕သြားေသာ ဆံသားမ်ားကို လႊတ္ေပးၿပီးေနာက္ ရွဲ႕လင္က လက္ေခ်ာင္းေလးမ်ားႏွင့္ ခ်ီခ်င္း၏ မ်က္ႏွာေဘးကို ပြတ္သပ္ကာ ေမးဖ်ားေရာက္သည္အထိ တျဖည္းျဖည္းခ်င္း ပြတ္တိုက္သြားေလ၏။ ခ်ီခ်င္း၏ ေမးဖ်ားေလးကို လက္ညိုးေလးႏွင့္ ပင့္ကာ ေခါင္းေမာ့၍ သူ႕ကိုၾကည့္ခိုင္းေနသည္။

ထိုအခ်င္းအရာက နမ္းခိုင္းသည့္သေဘာျဖစ္မွန္း သိသာ၏။

တစ္ေယာက္က ထိုင္ေနကာ က်န္တစ္ေယာက္က သူ႕ေနာက္တြင္ ကပ္လ်က္ ရပ္ေနသည္။ ရွဲ႕လင္ ေခါင္းငုံ႕လိုက္႐ုံႏွင့္ ဆိုဖာေပၚမွ လူသားေလးအေပၚ ထိကပ္သြားနိုင္သည္။ သူတို႔ႏွစ္ေယာက္လုံး အသက္ရႉ တျဖည္းျဖည္း ျမန္လာၾကသည္။

ထိုသို႔ႏွင့္ သူတို႔ႏွစ္ေယာက္ၾကားမွ အကြာအေဝး တျဖည္းျဖည္း နီးကပ္လာ၏။

႐ုတ္တရက္ႀကီး ခ်ီခ်င္းထံမွ လႈပ္ရွားမႈတစ္ခု ေပၚလာသည္။

႐ုတ္တရက္ထရပ္လိုက္ေသာ ခ်ီခ်င္းေၾကာင့္ ရွဲ႕လင္၏ ေမးႏွင့္ ခ်ီခ်င္းေခါင္းတို႔ ခြပ္ခနဲ အသံထြက္သြားေလသည္။

ေတာင့္တင္းေနေသာ လက္ေခ်ာင္းေလးမ်ားကို ေျဖေလွ်ာ့ရင္း ခ်ီခ်င္းက ရွင္းျပရန္ ႀကိဳးစား၏။
" က်..  အဲ့ဒါ အလိုအေလ်ာက္.. တုံ႕ျပန္တာ.."

မျပင္ဆင္ထားမိတာ အမွန္ပဲမို႔ အလိုအေလ်ာက္တုံ႕ျပန္သည္ဆိုေသာ စကားက မယုံနိုင္စရာအေၾကာင္းမရွိ။

ရွဲ႕လင္လက္ကို ကိုင္ရာမွ ဖက္သည္အထိသည္းခံလာခဲ့ရသည္ေလ။ အခုလဲ ေၾကာင္ကို ကိုင္ၿပီး လက္မေဆးပဲ သူ႕ေခါင္းကိုေတာင္ အကိုင္ခံခဲ့သည္။ အသန႔္ႀကိဳက္သူတစ္ေယာက္အေနႏွင့္ ဒီေလာက္အထိ တိုးတက္လာမႈကို ျမန္ဆန္သည္ဟု သတ္မွတ္နိုင္သည္။

သို႔ေသာ္ အခ်ိန္အေတာ္ၾကာ တည္ရွိလာေသာ အက်င့္ဆိုသည္က ေဖ်ာက္ဖ်က္ရန္ ‌အေတာ္ခက္ခဲ၏။

" ကိုယ့္အျပစ္ေတြပါ"
ရွဲ႕လင္က ခ်ီခ်င္းဆံပင္ကို အသာထိုးဖြရင္း ျပန္ေျပာသည္။
" ကိုယ္ ထိန္းထားလို႔မရလို႔"

.....

ထိုညတြင္ ေဆးခန္းမွ ျပန္ေရာက္လာေသာ ေဒါက္တာဝူတစ္ေယာက္ အိပ္ရန္ ျပင္ဆင္ေနသည့္အခ်ိန္ ေဘးနားတင္ထားေသာ ဖုန္းထဲ စာဝင္လာသည္ကို ေတြ႕လိုက္ရသည္။

သူ႕အလုပ္သေဘာကိုက သူမ်ားႏွင့္မတူေသာေၾကာင့္ ေဒါက္တာဝူမွာ ဖုန္းကို ၂၄ နာရီ ဖြင့္ထားေလ့ရွိသည္။ အထူးသျဖင့္ လူနာတစ္ေယာက္ေယာက္ ညနက္သန္းေခါင္ စိတ္ပညာေဆြးေႏြးရန္ လိုအပ္လာပါက အဆင္သင့္ျဖစ္ေနေစရန္ ျဖစ္သည္။ စိတ္ေရာဂါရွင္အမ်ားစုမွာ ညနက္သန္းေခါင္အခ်ိန္တြင္ ပို၍ ဒုကၡေရာက္တတ္သည္မဟုတ္ပါလား။

လူနာတစ္ေယာက္ႏွင့္ ဖုန္းေျပာၿပီးစ အိပ္ရန္ ႀကံစည္႐ုံပင္ရွိေသး။ ေနာက္ထပ္ လူနာတစ္ေယာက္ထံမွ စာဝင္လာသည္။

" ေဒါက္တာဝူ... မဂၤလာညေနခင္းပါ.. အိပ္‌သြားၿပီလားဗ်"

ရွဲ႕လင္ဆိုေသာ စာလုံးႏွစ္လုံးကို ျမင္ေတာ့ ေဒါက္တာဝူ ေၾကာင္အသြားသည္။ ညနက္သန္းေခါင္ႀကီး သူ႕ကို တစ္ခါမွ စာမပို႔ဖူးေသာေၾကာင့္ ရွဲ႕လင္တစ္ခုခုျဖစ္ေနၿပီအထင္ႏွင့္ ခ်က္ခ်င္းစာျပန္၏။
" မအိပ္ေသးပါဘူး.. ဘာျပႆနာရွိလို႔လဲ"

ရွဲ႕လင္ : " ကြၽန္ေတာ္ ဆရာ့ကို ေမးစရာေလးရွိလို႔ပါ.. အသန႔္ႀကိဳက္ေရာဂါကေလ တစ္ခုခုကို ပိုၿပီး သည္းမခံနိုင္တာမ်ိဳးေရာ ရွိလားဗ်... ဥပမာ နမ္းတာတို႔ ဘာတို႔ေလ"

ေဒါက္တာဝူ : " မင္း မဖတ္ဖူးတဲ့ စိတ္ပညာဖတ္စာအုပ္ေရာ ရွိေသးလို႔လား... အဲ့ဒါက လူတစ္ေယာက္ခ်င္းစီနဲ႕ ဆိုင္တယ္ေလ... ပုံမွန္အသန႔္ႀကိဳက္တဲ့သူမ်ိဳးဆိုရင္ေတာ့ အဲ့ေလာက္ႀကီး မျဖစ္ေလာက္..."

ရွဲ႕လင္ : " ခ်ီခ်င္းလို လူမ်ိဳးဆိုရင္ေရာ..."

ေဒါက္တာဝူ : "..."

ေဒါက္တာဝူမွာ ညနက္သန္းေခါင္ႀကီး အသန႔္ႀကိဳက္ေရာဂါသည္တစ္ေယာက္၏ နမ္းနိုင္ျခင္း မနမ္းနိုင္ျခင္းႏွင့္ ပတ္သက္ေသာ အေၾကာင္းအရာကို‌ ‌‌ေဆြးေႏြးရလိမ့္မည္ဟု လုံးဝမေမွ်ာ္လင့္ထား။

ေဒါက္တာဝူ : " လူႀကီးမင္းခ်ီကိုေတာ့ သာမန္အသန႔္ႀကိဳက္အဆင့္ထဲ ထည့္ထားလို႔ မရဘူးေလ... အခ်ိန္အၾကာႀကီး ျဖစ္တဲ့ေရာဂါမို႔လို႔ အဲ့လိုအထိအေတြ႕မ်ိဳးကို လက္ခံနိုင္ဖို႔ ခဲယဥ္းတာလဲ ျဖစ္နိုင္ပါတယ္"

ရွဲ႕လင္က ထပ္ေမးျပန္သည္။ " သူ႕လို အေျခအေနမ်ိဳးမွာ ဘယ္လိုတုံ႕ျပန္မႈမ်ိဳး ရွိနိုင္လဲဗ်"

ေဒါက္တာဝူလဲ ေမးခြန္းထပ္မေမးေတာ့ပဲ အဆုံးထိ စိတ္ႏွစ္ကာ အေျဖေပးလိုက္သည္။
" သူ႕လိုလူမ်ိဳးဆိုရင္ေတာ့ မင္း တဆင့္ခ်င္း ႀကိဳးစားလို႔ရပါတယ္.. နည္းနည္း နည္းနည္း စရမွာေပါ့... တစ္ဖက္လူကို အသားက်ဖိဳ႕ အခြင့္အေရးလဲ ေပးရဦးမယ္ေလ"

ရွဲ႕လင္က သေဘာေပါက္ေၾကာင္း ျပန္ေျဖသည္။
" ေက်းဇူးပါ ေဒါက္တာဝူ.. ေနာက္ေတာင္က်ေနၿပီ ေစာေစာ အိပ္ရာဝင္လိုက္ပါဦးေနာ္"

အခ်ိန္အေတာ္ၾကာေတာ့မွ ေဒါက္တာဝူက ျပန္ေျဖသည္။

" ရပါတယ္ ကိစၥမရွိပါဘူး"

.......

သူတို႔ ခ်ိန္းေတြ႕ခဲ့သည့္ေနရာတြင္ အမႈတစ္ခု ေပၚေပါက္ခဲ့သျဖင့္ ရွဲ႕လင္က ထိုေန႕ကို ခ်ိန္းေတြ႕သည္ဟု သတ္မွတ္လို႔မရ ပုံမွန္ခ်ိန္းေတြ႕သည္ဆိုတာ ဒီလိုမဟုတ္ ဟု အတင္းအၾကပ္ေျပာေနသည့္အတြက္ ခ်ိန္းေတြ႕ရန္ ရက္ကို ထပ္၍ ညွိယူၾကသည္။

သူတို႔ႏွစ္ေယာက္၏ အရွိန္အဝါေၾကာင့္ သြားေလရာတိုင္းတြင္ လူသတ္မႈႀကဳံေနရသည္ကိုေတာ့ သူတို႔ကိုယ္တိုင္ မျငင္းဆိုနိုင္ေသာ အမွန္တရားျဖစ္၏။

ထို႔ေနာက္ ေနာက္ထပ္ ခ်ိန္းေတြ႕ရန္ ေနရာမေ႐ြးခင္ ႏွစ္ေယာက္သား ‌ေဆြးေႏြးၾကရ၏။

ခ်ီခ်င္းက စတင္၍ တည္ၿငိမ္စြာ ေျပာသည္။
" ပထမဆုံး ခင္ဗ်ား ကြၽန္ေတာ့္ကို ဖုန္းဆက္ေခၚတာ ဘားမွာေလ.. ေနာက္တစ္ေန႕က်ေတာ့ ဘားမွာေတြ႕ခဲ့တဲ့ ယန္က်န္းက်န္းဆိုတဲ့ မိန္းကေလး ေသတယ္"

" ဒုတိယအႀကိမ္ ခင္ဗ်ားနဲ႕ကြၽန္ေတာ္ ႐ုပ္ရွင္အတူသြားၾကည့္ၾကေတာ့ ေရွာ့ပင္းေမာလ္ထဲက ထြက္ထြက္ခ်င္း တိုက္ေပၚက ပါပါရာဇီတစ္ေယာက္ ျပဳတ္က်ေသတယ္"

" ...."

အဆိုပါျဖစ္ရပ္မ်ားမွာ ျငင္းမရသည့္ အခ်က္အလက္မ်ားသာ ျဖစ္၏။

ရွဲ႕လင္ : " လူမရွိတဲ့ေနရာေတြကိုသြားရင္ မလုံၿခဳံဘူး.. လူမ်ားတဲ့ေနရာက်ျပန္ေတာ့လဲ အဆင္မေျပနိုင္ဘူး.. ကိုယ္တို႔ အိမ္မွာပဲေနၿပီး ခ်ိန္းေတြ႕ၾကရင္ေကာင္းမလား"

ခ်ီခ်င္းက ေအာက္ထပ္ကို လက္ညိုးထိုးျပသည္။

သူ႕‌အိမ္ေအာက္ထပ္တြင္ေနေသာ ရန္ခ်င္းသည္ပင္ အိမ္ေျပာင္းေျပာင္းခ်င္း အသတ္ခံရမလို ျဖစ္ခဲ့ေသးသည္။

ခ်ီခ်င္း : " အိမ္မွာဆိုတိုင္းလဲ အႏၲရာယ္မရွိတာမွ မဟုတ္တာ"

ရွဲ႕လင္ : "...."

ခ်ီခ်င္းစကားဆုံးေတာ့ ရွဲ႕လင္က စကားလမ္းေၾကာင္းလႊဲရန္ ႀကိဳးစားသည္။ ဒီလိုသာ ဆက္ေျပာေနပါက သူတို႔ရဲ႕ ဒီေန႕ ဒိတ္ေလး အလဟႆ ကုန္ဆုံးေတာ့မည္ မဟုတ္ပါလား။
" ဘာပဲျဖစ္ျဖစ္ အျပင္မွာထက္ေတာ့ ပိုေကာင္းတယ္ေလ..  ေနရာက်ဥ္းေတာ့ တစ္ခုခုျဖစ္ရင္ေတာင္ အႀကီးႀကီး ဘယ္ျဖစ္နိုင္မွာလဲ"

ခ်စ္ျခင္းက လူေတြကို ဉာဏ္အလင္း ပြင့္ေစနိုင္သည္။ သို႔ေသာ္ ရွဲ႕လင္ကေတာ့ ဖုန္းဖြင့္၍ အႀကံဆိုးတစ္ခု ထြက္လာခဲ့၏။
" ကိုယ္ အခုပဲ ရန္ခ်င္းကို ဖုန္းဆက္ၿပီး သူ ဘယ္မွာလဲဆိုတာရယ္ လုံၿခဳံေနလားဆိုတာရယ္ကို ေမးၾကည့္လိုက္မယ္ေလ"

ခ်ီခ်င္းကလဲ ခ်က္ခ်င္းေခါင္းညိတ္သည္။
" ေကာင္းၿပီေလ"

ဖုန္းေခၚဆိုမႈက ခ်က္ခ်င္းေရာက္သြား၏။

ကိတ္ဆိုင္တြင္ အလုပ္လုပ္ေနေသာ ရန္ခ်င္းက ခ်က္ခ်င္းဖုန္းကိုင္သည္။
" ဟဲလို.. လူႀကီးမင္းရွဲ႕"

ရွဲ႕လင္မွာ ဖုန္းတစ္ဖက္မွ ကိတ္မုန႔္မွာေနေသာ ဝယ္သူအသံကိုပင္ ရွင္းရွင္းလင္းလင္း ၾကားလိုက္ရသည္။
" ခင္ဗ်ား အခု အလုပ္မွာလား"

" ဟုတ္ပါတယ္ရွင့္"
ရန္ခ်င္းက ျပန္ေျဖသည္။
" ကြၽန္မတို႔က ႐ုံးပိတ္ရက္လဲ မနားဘူးေလ... ဘာျဖစ္လို႔လဲ"

ရွဲ႕လင္ : " ဘာမွမဟုတ္ပါဘူး.. လုံၿခဳံေရးကို အာ႐ုံစိုက္ဖို႔ပါပဲ"

ရန္ခ်င္း : "ရွင္"

"လုံၿခဳံေရးကို အာ႐ုံစိုက္" ဟူေသာ စကားရပ္ကို ေျပာသူက ခ်ီခ်င္းႏွင့္ ရွဲ႕လင္တို႔သာ ျဖစ္ပါက လွ်စ္လ်ႉရႈထား၍ မရေပ။

အရင္တစ္ေခါက္ အမႈထဲက ရန္ခ်င္းေကာင္းေကာင္းနားလည္သြားသည့္အတြက္ အခုေတာ့ ေသခ်ာေအာင္ ထပ္ေမးလိုက္သည္။
" ကြၽန္မတို႔ တိုက္နားမွာ လူသတ္သမား ရွိေနလို႔လား"

" မ ရွိ ပါ ဘူး"

သူနဲ႕ ခ်ီခ်င္းတို႔ ေအးေအးေဆးေဆး ခ်ိန္းေတြ႕ရေအာင္လို႔ေတာ့ သူ ဘယ္လိုေျပာလို႔ရမွာလဲ....

ရွဲ႕လင္ : " ကြၽန္ေတာ္တို႔တိုက္က တကယ္လုံၿခဳံပါတယ္.. စိတ္မပူပါနဲ႕ မေန႕ညက မိုး႐ြာထားလို႔ အိမ္ျပန္လာရင္ ဂ႐ုစိုက္ပါလို႔ပဲ ေျပာခ်င္တာပါ"

" အာ.. ဟုတ္ကဲ့ ေက်းဇူးပါ .. ကြၽန္မ ဂ႐ုစိုက္လိုက္ပါ့မယ္"

......

ရွဲ႕လင္က သူတို႔ႏွစ္ေယာက္ ခ်ိန္းေတြ႕ရန္ အရာရာကို သတိထားေနရသည္။

ဒီေန႕ ရာသီဥတုသာယာ၍ အပူခ်ိန္ အနည္းငယ္ တိုးေနသည္။

သို႔ေသာ္ ရာသီဥတုအေျပာင္းအလဲက ခ်ီခ်င္းအေပၚ မသက္ေရာက္။ တစ္အိမ္လုံးရွိ လိုက္ကာမ်ားအားလုံး တင္းတင္းေစ့ထားေသာေၾကာင့္ ဘယ္လိုအလင္းမ်ိဳးကမွ အိမ္ထဲ မဝင္ေရာက္နိုင္။

ႏွစ္ေယာက္သား ႐ုပ္ရွင္အတူၾကည့္ရန္သာ ေ႐ြးခ်ယ္လိုက္သည္။ ေနေရာင္ေၾကာက္ေသာ ခ်ီခ်င္း၏ အက်င့္က ဒီေနရာတြင္ ေကာင္းသြားသည္။ ေမွာင္မဲေနေသာ အခန္းက သီးသန႔္႐ုပ္ရွင္႐ုံႏွင့္ပင္ သြားတူေနသည္။

အရင္တစ္ေခါက္က သူတို႔အတူ ႐ုပ္ရွင္ၾကည့္ဖူးသည္ဆိုေသာ္လဲ တစ္ေယာက္ကိုတစ္ေယာက္ အာ႐ုံစိုက္ရန္သာ ဗ်ာမ်ားေနေသာေၾကာင့္ ဇာတ္လမ္းအက်ဥ္းပင္ မသိလိုက္ၾက။

လက္ရွိ ဖန္သားျပင္ေပၚတြင္ တိတ္ဆိတ္ေသာ ႐ုပ္ရွင္ဇာတ္ကားတစ္ကား လာေနသည္။ သို႔ေသာ္ ဇာတ္ဝင္ခန္းတစ္ခုၿပီးတစ္ခုသာ ၿပီးသြားသည္။ သ႐ုပ္ေဆာင္ ဘယ္သူမွန္းပင္ သူတို႔မသိ။

ႏွစ္ေယာက္လုံးတြင္ အေတြးကိုယ္စီ ရွိေနၾက၏။ ရွဲ႕လင္က တဆင့္ခ်င္းသြားနိုင္ရန္ အာ႐ုံစိုက္ေနကာ ခ်ီခ်င္းကေတာ့ မေန႕က အနမ္းကို သူေရွာင္မိသည့္‌အေပၚ ျပန္ေတြးေနမိ၏။

မေန႕ျဖစ္ရပ္မွာ ရွက္စရာေကာင္းလြန္းေသာေၾကာင့္ အိပ္မေပ်ာ္ခင္အထိ ခဏခဏ ျပန္‌ေတြးမိေနသည္။

... ဘာလို႔မ်ား ေရွာင္ခဲ့တာပါလိမ့္....

.... ေရွာင္လိုက္ေတာ့ ပိုၿပီး မထူးဆန္းေနဘူးလား...

ခ်ီခ်င္းမွာ ထိုအေၾကာင္းကို ေတြးေလေလ အေျခအေနမ်ားကို ရႈပ္ေထြးေစသည့္အတြက္ သူ႕ကိုယ္သူ ပိုပိုစိတ္တိုလာေလျဖစ္သည္။

သူ႕ကိုယ္သူလဲ ခဏခဏ ေမးမိသည္။ ရွဲ႕လင္၏ အထိအေတြ႕ကိုမ်ား ႐ြံလို႔လားဟူ၍

သို႔ေသာ္ အေျဖက ထင္ရွားေန၏။
" လုံးဝမဟုတ္"

အလိုအေလ်ာက္ တုံ႕ျပန္မႈအျပင္ ႏွလုံးအခုန္ျမန္မႈေၾကာင့္ သူ႕ကိုယ္သူ ထိန္းခ်ဳပ္မရနိုင္တာမ်ိဳး ျဖစ္သြားျခင္းသာ ျဖစ္၏။

ဖန္သားျပင္ေပၚတြင္ ဇာတ္ဝင္ခန္းေျပာင္းသြားေသာေၾကာင့္ ႐ုတ္တရက္ တစ္ခန္းလုံး အေမွာင္က်သြားသည္။ ရွဲ႕လင္၏ မ်က္လုံးတို႔က အေမွာင္ထဲတြင္ ေတာက္ပလာသလိုလို ရွိ၏။ ခ်ီခ်င္းလက္ကို တဆင့္ခ်င္း ကိုင္ရန္ သူ ႀကိဳးပမ္းေနခဲ့သည္။ သို႔ေသာ္ သူမေမွ်ာ္လင့္ထားသည္က ခ်ီခ်င္းမွာ သူ႕ေဘးတိုးလာကာ လက္ကို သူ႕ေဘးနားတင္ထားလိုက္သည္။ ဤသို႔ျဖင့္ သူတို႔ႏွစ္ေယာက္ၾကားမွ အကြာအေဝးမွာ ခ်က္ခ်င္းႀကီး ကပ္လာသလို ဖန္သားျပင္မွ အေမွာင္က်သြားသည္ႏွင့္ ကြက္တိျဖစ္သြား၏။

ရွဲ႕လင္ ငုံ႕ၾကည့္လိုက္ေတာ့ အေမွာင္ထုထက္ မည္းနက္ေနသည့္ ခ်ီခ်င္း၏ မ်က္ဆန္နက္ေလးမ်ားကို ျမင္ေနရသည္။

ထို႔ေနာက္ ခ်ီခ်င္းက ထိန္းခ်ဳပ္မႈမရွိပဲ သူ႕ႏႈတ္ခမ္းကို အရင္ လာနမ္းသည္ကိုပါ သူ ခံစားလိုက္ရသည္။

ထိုအခ်ိန္ ရွဲ႕လင္ႏွလုံးခုန္ႏႈန္းမ်ား ရပ္တန႔္သြားေလ၏။

ခ်က္ခ်င္းပင္ ထိန္းခ်ဳပ္မရနိုင္ေသာ အရွိန္ႏႈန္းႏွင့္ ျပန္ခုန္လာသည္။

ထိုအခ်ိန္တြင္ ဖန္သားျပင္ မီးျပန္လင္းလာကာ သူတို႔ႏွစ္ေယာက္ကို အလင္းေရာင္ ေပးေနသည္။ ျဖစ္ခ်င္ေတာ့ ဖန္သားျပင္ထဲရွိ ဇာတ္ဝင္ခန္းမွာ လေရာင္ျဖာက်ေနေသာ ပန္းဥယ်ာဥ္ႀကီးထဲတြင္ လိပ္ျပာေလးမ်ား ပ်ံဝဲေနပုံ ျဖစ္ေနသည္။

" အရင္တစ္ေခါက္က ခင္ဗ်ားနဲ႕ စမ္းခ်စ္ၾကည့္ၾကဖို႔ ကြၽန္ေတာ္ ကတိေပးခဲ့တာေလ"
ဆုံးျဖတ္ခ်က္ ခ်ၿပီးဟန္ႏွင့္ ခ်ီခ်င္းက အခိုင္အမာ ျပန္ေျပာေနသည္။
" ဒီေန႕ကစၿပီး ခင္ဗ်ား စမ္းၾကည့္စရာမလိုေတာ့ဘူး"

........
End of part 91
Thank you all

Continue Reading

You'll Also Like

OBSESSED By BVRBIEN

Mystery / Thriller

113K 4.8K 28
obsessed
7K 271 29
A tragedy came to Jiyeon's (bona) life, is she able to find the person who almost killed her? What if the person who tried to kill her and her lover...
82.8K 2.9K 80
BANG... BANG..... BANG I jumped up out my sleep to three gun shots. I creep up to my door, opening it up just a little, seeing my father go to my...
476K 8.6K 92
"What the end of the map reveals, is only legendary, till someone proves it real!" A collection of one-piece oneshots, requested by an audience[CLOS...