ချစ်ရပါသောကိုယ့်ရဲ့ 'မိုရာ'(C...

By yoonshweyeethoon

102K 6.5K 279

ရှေးခေတ် မျိုးနွယ်စု ပုံစံရေးမှာပါ။ ဟိုဖက်မျိုးနွယ် ဒီဖက်မျိုးနွယ် တွေအကြောင်းပါ။စိတ်ကူးယဥ်ဇာတ်လမ်းဖြစ်လို​့... More

အပိုင်း(1)
အပိုင်း(2)
please
အပိုင်း(3)
အပိုင်း(4)
အပိုင်း(5)
တောင်းပန်ခြင်း
အပိုင်း(6)
အပိုင်း(7)
အပိုင်း(8)
အပိုင်း(9)
အပိုင်း(10)
အပိုင်း(11)
Hey....
အပိုင်း(12)
အပိုင်း(13)
အပိုင်း(14)
အပိုင်း(15)
အပိုင်း(16)
ဖြေရှင်းချက်
အပိုင်း(17)
အပိုင်း(18)
အပိုင်း (19)
အပိုင်း(20)
အပိုင်း(21)
အပိုင်း(22)
အပိုင်း(23)
ဖတ်ပေးကြပါ pls
အပိုင်း(24)
အပိုင်း(25)
အပိုင်း(26)
အပိုင်း(27)
အပိုင်း(28)
အပိုင်း(29)
အပိုင်း(30)
အပိုင်း(31)
အပိုင်း(32)
အပိုင်း(33)
အပိုင်း(34)
******
အပိုင်း(35)
အပိုင်း(37)
အပိုင်း(38)
အပိုင်း(39)
အပိုင်း(40)
အပိုင်း(41)
အပိုင်း(42)
အပိုင်း(43)
အပိုင်း(44)
အပိုင်း(45)Final
ကျေးဇူးတင်လွှာ

အပိုင်း(36)

1.3K 123 4
By yoonshweyeethoon

မိုရာတို့လဲမနက်စာစားပြီးရော သားကလဲနိုးလာတာမို့သားကိုသွားချီပြီးနို့တိုက်နေချိန် အစေခံကောင်လေးက ဝင်လာတာမို့လို့မိုရာတစ်ဖက်ကိုလှည့်လိုက်သည်။ဘယ်လိုပဲလက်ဆက်ပြီးလို့ အအိုပဲ ဖြစ်နေပါစေသူစိမ်းယောကျာ်းတစ်ယောက်ရှေ့မှာဒီလိူမျိုးမနေသင့်တာမို့ ဟိုဖက်ခြမ်းကိုအသာလှည့်လိုက်တော့ခါရူးကလဲအလိုက်တသိနဲ့ကွယ်ပေးသည်။

''ဘာကိစ္စ လဲ...''

''ဧည့်သည်တွေရောက်လာပြီလို့ လာပြောတာပါသခင်''

''အော်...အင်းခနနေရင်အထဲကိုလွှတ်လိုက်''

''ဟုတ်ကဲ့.''

အစေခံကောင်လေးပြန်ထွက်သွားတော့မှ မိုရာလဲဒီဖက်လှည့်ပြီးပြန်ထိုင်လိုက်သည်။

''သခင်..ဧည့်သည်တွေရောက်လာရင် မိုရာအိပ်ခန်းထဲဝင်လိုက်မယ်လေသားက လဲ ခုမှအိပ်ရာနိုးခါစဆိုတော့ပြန်အိပ်ဦးမှာမဟုတ်ဘူး''

''မလိုပါဘူး.. သူတို့ ကိုခနနေမှဝင်လာဖို့ပြောထားတယ်သားကိုသာ နို့ဝအောင်တိုက်လိုက်''

''ဟိုဖြစ်ပါ့မလားသခင်ရယ်..အားနာစရာကြီး ''


''အားနာစရာမလိုပါဘူးကွာ..သူတို့ကတွေ့ချင်တဲ့သူပဲစောင့်ပါစေ''

သခင်တစ်ယောက်နဲ့လဲ လုံးဝကိုပြောမနိုင်တော့ပေ။သူ့သားနဲ့ပက်သက်ရင်အရာရာဟာနောက်မှာပင်။သူ့သားကသာအဓိကဖြစ်သည်။အခုလဲ ဒီကိစ္စကသူစိတ်မပါပေမဲ့လဲမျိုးနွယ်အတွက်မဖြစ်မနေလုပ်ရမဲ့အလုပ်မို့လို့ကြိတ်မှိတ်လုပ်နေပေမဲ့လဲအလေးမထားပေ။ကြာလာရင်ဟိုဖက်ကလူတွေကသခင့်ကိုလေးစားမှာမဟုတ်တော့ပေ။


''အဲ့လိုတော့မပြောပါနဲ့သခင်ရယ်...သားကလဲနို့ဝနေပါပြီခေါ်လိုက်ပါ တအားကြာနေရင်ဘယ်ကောင်းမလဲ''

''အင်းပါ ....အပြင်ကလူတွေဧည့်သည်တွေကိုခေါ်ခဲ့ကြ''

အပြင်ကလူတွေကိုလှမ်းအော်ပြီးသိပ်မကြာလိုက် ယောကျာ်းတစ်ယောက်နဲ့မိန်းကလေးတစ်ယောက်ဝင်လာပြီးခါရူးကိုနှုတ်ဆက်သည်။

''ချန်မျိူးနွယ်က သခင့်ကိုနှုတ်ဆက်ပါတယ်''

''အင်းရပါတယ် ထိုင်ပါ''

''ကျေးဇူးတင်ပါတယ် သခင်''

''ဒါနဲ့ကျုပ်ရဲ့ဘေးမှာထိုင်နေတဲ့ကျုပ်ရဲ့ဇနီးနဲ့သားကိုမတွေ့တာတော့မဟုတ်ဘူးမလား''


''ဗျာ.'' ''ရှင်''

ဟိုဖက်ကလူတွေနှုတ်ဆက်ပြီးထိုင်တဲ့အချိန်ထိအကောင်း ထိုင်ပြီးကာမှခါရူးပြောလိုက်တဲ့စကားကြောင့်မိုရာတောင်ကြောင်သွားသည်။ပြီးကာမှ မိုရာကိုပါတစ်ခါထဲမနှုတ်ဆက်လို်ပြောနေကြောင်းသဘောပေါက်သွားတာမို့ပြုံးမိသည်။ခါရူးက မိုရာ့ကိုမလေးမစားဆက်ဆံတာမြင်ရင်ကိုမကြိုက်ပေ။အခုလဲဟိုနှစ်ယောက်က ခါရူးကိုနှုတ်ဆက်ပြီး မိုရာကိုမရှိသလိုသဘောထားနေတာကို မိုရာသိပေမဲ့သားကိုမြူနေတာကြောင့်မော့လဲမကြည့်မိသလိုစိတ်ထဲလဲ မထားပေ။ပြီးကာမှ မော့ကြည့်မိတော့မိုရာ့မျက်လုံးတွေပြူးကျယ်သွားရသည်။ဒီလူ...ဒီလူက သူ့ညီရဲ့အိမ်ထောင်ဖက်ဖြစ်တဲ့ မက်သရူးမလား။ မိုရာကအံသြသလိုဖြစ်နေတာကိုခါရူးကသတိထားမိသွားသည်ဖြစ်ရမည်မိုရာ့ကို မေးဆတ်ပြတာမို့ ေခါင်းသာခါပြလိုက်သည်။

''မဟုတ်ပါဘူး... သခင်မကိုလဲနှုတ်ဆက်ပါတယ်ကျွန်တော်တို့ကိုခွင့်လွှတ်ပါနော်'


''အာ..မလိုပါဘူးရပါတယ်''

''ဟုတ်ကဲ့...''

''ကျွန်မ နာမည် အစ္စလီပါ လီလီ လို့လဲခေါ်လို့ရပါတယ်''

အကိုမက်သရူးကဘာမှမပြောပဲပါလာတဲ့ကောင်မလေးကအရင်မိတ်ဆက်လာတာမို့..မိုရာမျက်ခုံးပင့်မိသည်။ကောင်မလေးကိူကြည့်ရသလောက် အရမ်းကြီးလှပနေတာမဟုတ် ပေမဲ့သူမရဲ့မျက်လုံးတွေကိုကစူးရှပြီး တစ်ခုခုကို ကြံစည်တွေးတောနေတဲ့ပုံဖြစ်သည်။အသားကခပ်လတ်လတ်ကိုမှ ဝတ်စားထားတာကိုလဲ သိပ်သဘောမကျပေ။မိန်းမတို့ရဲ့မမြင်အပ်တဲ့အရာတွေကို သိပ်ကိုဖော်ပြနေသလိုဖြစ်နေတဲ့ဝတ်စုံကြောင့်သူ့အစားမိုရာက ရှက်ပြီးမျက်နှာတွေရဲတက်လာသည်။


''အင်း....ကျုပ်နာမည်ကခါရူး.ဒီဖက်ကတော့ကျုပ်ရဲ့ဇနီးသည်ဒီမျိုးနွယ်ရဲ့သခင်မဖြစ်တဲ့မိုရာပဲ အနှီးထုတ်ထဲက ​ သေးသေးလေးကမပြောလဲသိကြမယ်ထင်ပါကျုပ်ရဲ့ရင်နှစ်သည်းချာ သားလေးပါ''


''ဟုတ်ကဲ့..တွေ့ရတာဝမ်းသာပါတယ်နော်ခါရူး''

ဟိုကောင်မလေးရဲ့ခါရူးလို့ခေါ်သံအဆုံးမှာမိုရာမျက်လုံးပြူးမိသလိုခါရူးကလဲ မျက်နှာပျက်နေသည်။အကိုမက်သရူးကလဲအားနာသလိုမျက်လုံးနဲ့ကြည့်ပေမဲ့သူလဲပြောမနိုင်လို့လွှတ်ထားရတဲ့ပုံဖြစ်သည်။


''ဘယ်လိုခေါ်လိုက်တာလဲ''

''ဟိူခါရူးလို့ခေါ်လိုက်တာပါဘာလို့လဲဟင် အဆင်မပြေလို့လား''

''အင်းမပြေဘူး ခါရူးဆိုတာဘယ်သူမခေါ်ကြဘူးအကုန်လုံးကသခင်ပဲခေါ်ကြတာ အဲ့တာကြောင့် သခင်လို့ပဲခေါ်ပေးပါ''



''ဘာလို့လဲ နောက်ဆိုရင်ခါရူးနဲ့လီလီက လက်ဆက်ပြီးသားလူတွေဖြစ်တော့မှာပဲအခုထဲကခေါ်တော့အကျင့်ဖြစ်တာပေါ့''

''လက်ဆက်ပြီးရင်တောင်အာ့လိုခေါ်ခွင့်မရှိဘူးဘာလို့လဲဆ်ိုတော့ ခါရူးဆိုတဲ့နာမည်က ကျုပ်ရဲ့မိခင် ဖခင်ရယ် ကျုပ်ချစ်မြတ်နိုးရတဲ့ကျုပ်ရဲ့ ဇနီး မိုရာရယ်ပဲခေါ်ခွင့်ရှိတယ် ပြီးတော့ အခုလက်ဆက်တာကလဲ ခများတို့ဖက်ကအတင်းခြိမ်းခြောက်လို့မဖြစ်သာလို့စီစဥ်လိုက်ရတာ အာ့တာကြောင့်အရမ်းတွေ အဆင့်တွေမကျော်ပါနဲ့မဟုတ်ရင် လက်ဆက်ပွဲကိုဖျက်ပြီး တိုက်ပွဲပဲ စတင်ရပါလိမ့်မယ်''

''ဟို..တောင်းပန်ပါတယ် သခင် လီလီကမသိလို့ပါခွင့်လွှတ်ပေးပါ''

''အင်းပါ...မလိုပါဘူးခုနကပြောသလိုပဲလက်ဆက်ပွဲစီစဥ်ပေးမယ်ရသင့်တဲ့အခွင့်အာဏာတွေအကုန်ရစေရမယ် ဒါပေမဲ့ကျုပ်ရဲ့ဇနီးမယားနေရာကိုတော့တပ်မက်ခွင့်မရှိဘူးဘယ်လိုလဲ အဆင်ပြေရဲ့လား''

''ဘယ်လို....''

''ပြေပါတယ် ရပါတယ် သခင့်သဘောအတိူင်းပါပဲ ဒါနဲ့လက်ဆက်ပွဲကိုဘယ်​ တော့ လောက်ကျင်းပမလဲလို့သိခွင့်ရှိမလား''

''ကျုပ်ရဲ့ဇနီးသည်ကခုမှမီးဖွားပြီးခါစဆိုတော့ချက်ချင်းကြီးမစီစဥ်ချင်သေးဘူး တစ်လလောက်ရှိမှ လက်ဆက်ပွဲကိုစီစဥ်ကြတာပေါ့''

''သိပါပြီ အဲ့တာဆိုရင်ကျွန်တော်တို့ကိုသွားခွင့်ပြုပေးပါဦး သခင်တို့လဲအနားယူလိုက်ပါဦး''

''ကောင်းပါပြီ ''

နှစ်ယောက် စလုံးမျက်နှာပျက်သွားတာကို မိုရာခံစားမိပေမဲ့ခါရူးပြောသမျှကိုဘာမှဝင်မတားမိပေ။ကောင်မလေးကိုကြည့်ရတာအရမ်းသွက်လက်ပြီးလိုတာထက်ပိုနေသလိုဖြစ်သည်။ပြီးတော့ခါရူးအပေါ်ကိုလဲအရမ်းအရောဝင်နေသလိုဖြစ်နေတာကြောင့်မိုရာသဘောမကျမိ။

''မိုရာ..သူတို့ ကိုသိနေလို့လား''

''ဟင်ဘာဖြစ်လို့လဲ..သခင်''

''ခုနက သူတို့ ကိုမြင်ပြီး မိုရာအံ့သြသလိုဖြစ်သွားတာကိုကိုယ်တွေ့လိုက်တယ်လေ''

''မိုရာ့ရဲ့ညီကို သခင်သိတယ်မလား''

''အင်းသိတယ်လေဘာလို့လဲ''

''အင်း..အခုလာတဲ့တစ်ယောက်က မိုရာ့ညီရဲ့ခင်ပွန်းပဲ ဒါပေမဲ့အခု အီရန့်ကိုမတွေ့မိလို့ပါ''


''ဘယ်လို...မိုရာ့ညီရဲ့ခင်ပွန်းဟုလား''

''ဟုတ်တယ် မိုရာမှတ်မိတယ် အီရန်က သူနဲ့သွားတွေ့ရင်တစ်ခါတစ်လေ မိုရာ့ကိုခေါ်သွားလေ့ရှိတာမို့လို မိုရာကသိနေတာ ဒါပေမဲ့သူကတော့မိုရာ့ကိုမသိဘူး''

''အော်...အဲ့တာဆို အခုလာတဲ့တစ်ယောက်နဲ့လက်ဆက်ချင်လို့ မိုရာ့ကို အကိုကြီးဆီကိုလွှတ်လိုက်တာပေါ့ အဲ့လိုလား''

''ဟုတ်တယ် အဲ့တာကြောင့် မိုရာဒုက္ခတွေတွေ့ခဲ့ရတာ''

''ကဲပါကွာ...ဝမ်းနည်းစရာတွေမတွေးပါနဲ့တော့နော် ညကအိပ်ရေးပျက်ထားတာမလား အိပ်လိုက်နော်သားကို ကိုယ်ကြည့်ထားလိုက်မယ်''


''ရပါတယ် သားက မှေးနေပြီး နို့ဝတော့ပြန်အိပ်ချင်နေတဲ့ပုံပဲ မိုရာပဲသိပ်လိုက်ပါ့မယ်...''



''ကောင်းပြီ လေ ကိုယ်လဲ တပ်ဖွဲ့တွေဖက်ကိုစစ်ဆေးစရာရှိလို့သွားလိုက်ဦးမယ်နော်''


''ဟုတ်ကဲ့ ...''

''အင်း..အဲ့တာဆို ကိုယ်သွားပြီ''


ခါရူးက မိုရာ့ရဲ့နဖူးကိုနမ်းပြီး အိပ်နေတဲ့သားရဲ့ပါးလေးကိုလဲဖွဖွလေးနမ်းကာ ထွက်သွားခါမှ မိုရာလဲသားကိုချီပြီးအိပ်ခန်းထဲဝင်လိုက်သည်။အိပ်ခန်းထဲရောက်တော့သားကိုသေချာနေရာချပေးစောင်ခြုံပေးပြီးတော့မိုရာပါဘေးမှာဝင်လှဲလိုက်ရင်းအီရန့်အကြောင်းကိုတွေးမိသွားသည်။အီရန့်ကလက်ဆက်ပြီးတာနဲ့မျိုးနွယ်စုသခင်မဖြစ်သွားတယ်လို့မိုရာကြားမိလိုက်သည်။အခုလိုဆွေးနွေးပွဲဆိုရင် သခင်နဲ့အတူတူ သခင်မက လိုက်လာရမှာထုံးစံဖြစ်သည်။အခုမတွေ့ဘူးဆိုတော့ အီရန်များဒုက္ခရောက်နေတာလားမသိပေ။မိုရာကလဲခါရူးနဲ့လက်ဆက်ပြီးထဲက အီ မျိူးနွယ်အကြောင်းကိုမစုံစမ်းခိုင်းတော့ ဘာဆိုဘာမှမသိ။အခုပုံအရဆိုရင် အီရန့်အကြောင်းစုံစမ်းကြည့်မှဖြစ်ချေမည်။အီရန့်ရဲ့ပုံစံအရဆိူရင် သူ့ကို ဒီလိုချောင်ထိုးထားလို့ရမှာမဟုတ်။တစ်ခုခုတော့အကြောင်းအရင်းရှိရမည်။ဘယ်လောက်ပဲ ကိုယ့်ကိုဒုက္ခပေးပါစေ ကိုယ့်ရဲ့တစ်ယောက်ထဲသာရှိတဲ့ညီလေးဆိုတော့လဲ ဥပေက္ခာ မပြုနိုင်ပေ။မိုရာလဲအတွေးများရင်းနဲ့ပဲ ညကအိပ်ရေးပျက်ထားတဲ့ဒဏ်ကြောင့် အိပ်စက်ခြင်းဆီသို့တဖြည်းဖြည်းရောက်ရှိသွားရသည်။


''ဆေးဆရာ...ကျုပ်ရဲ့ဇနီးကဘာဖြစ်တာလဲ''

ဘီဘီမူးလဲသွားတာနဲ့ဆေးဆရာကိုအပြေးခေါ်ခိုင်းပြီ ချန်ကတော့ ဘီဘီကိုပွေ့ချီလာကာအိပ်ခန်းထဲမှာနေရာချပေးရင် စိုးရိမ်မှူကထိန်းမရ။သူ့ရဲ့အသုံးမကျမှုကြောင့်ကိုယ့်ဇနီးနေမကောင်းဖြစ်တာတောင်မသိတဲ့ဘဝ သူသာဂရုစိုက်ရင် ဘီဘီ ခုလိုဖြစ်မှာမဟုပေ။သခင်နဲ့သခင်မသာ သိရင် ချန်ဘယ်လိုမျက်နှာပြရမလဲမသိ။ချန့်ကိုယုံကြည်လို့ဘီဘီ့ကို ချန်နဲ့လက်ဆက်ပေးခဲ့တာကိုခုလိုနေမကောင်းဖြစ်တယ်သာသိရင် ချန့်ကိုယုံကြည်မှာမဟုတ်တော့ပေ။


''ကိုယ်တောင်းပန်ပါတယ် ရှင်မရယ် ကိုယ်အသုံးမကျလို့ ရှင်မခုလိုဖြစ်ရတာ''


ဘီဘီရဲ့လက်လေးကိုဆုပ်ကိုင်ရင်းတဖွဖွတောင်းပန်စကားဆိူနေမိသည်။နဖူးလေးစမ်းလိုက်ဆံပင်လေးသပ်တင်ပေးလိုက်လက်လေးကိုဖွဖွနမ်းလိုက်နဲ့ ချန်တစ်ယောက်ထဲအလုပ်ရှုပ်နေတဲ့အချိန်မှာပဲ အစေခံမလေးကဆေးဆရာကိူခေါ်ပြီးအထဲဝင်လာတာကိုတွေ့တာမို့ ချန်နေရာကနေဖယ်ပေးလိုက်သည်။


ဆေးဆရာက ဘီဘီရဲ့လက်ကောက်ဝတ်ကိုသေချာစမ်းသပ်နေတဲ့အချိန် ချန့်မှာထိုင်မရထမရနဲ့ စိတ်ပူပန်မှုက လျော့မသွားပဲပိုလို့တောင်တိူးလာနေသလိုပင်။

''ဆေးဆရာ ကျုပ်ရဲ့ဇနီးကဘာဖြစ်တာလဲ ဘာဖြစ်လို့ဒီလောက်အကြာကြီးစမ်းသပ်နေရတာလဲ..ရောဂါတစ်ခုခုများဖြစ်လို့လားတကယ်လိုရောဂါဖြစ်နေရင်တောင်ရအောင်ကုပေး ဘာတွေပဲ ဖြစ်နေပါစေ ကျုပ်ရဲ့ဇနီးကိုရအောင်ကုပေး''


ဆေးဆရာလဲ စစ်သူကြီးရဲ့ပျာယာခတ်နေပုံကိုကြည့်ပြီး သဘောတကျပြုံးမိလိုက်သည်။တယ်လဲ အချစ်ကြီးတဲ့စစ်သူကြီးပါလားလို့လဲ တွေးမိလိုက်သည်။အင်းလေ သခင့်တုန်းကဆိူအခုထက်တောင်ပိုစိတ်လှုပ်ရှားပြီးစိတ်ပူနေတာမလား ဒီဆရာနဲ့ဒီတပည့် လိုက်လဲလိုက်ပါပေတယ်


ချန်ပြောသမျှကိုပြုံးပြီးကြည့်နေတဲ့ဆေးဆရာကြောင့် ချန့်မှာကြောင်အသွားရသည်။ကိုယ်ကတော့စိတ်ပူနေတာ မီးခဲဖင်ခုထိုင်ထားရသလိုပဲ အဲ့တာကိုသူကပြုံးနေတယ်ဆိုတော့ ချန် စိတ်ထဲဒေါသထွက်လာရသည်။

''စစ်သူကြီး အရမ်းလဲစိတ်မပူပါနဲ့ စစ်သူကြီးရဲ့ဇနီးသည်မှာ ဘာရောဂါမှမရှိပါဘူးကိုယ်ဝန်ကြောင့်အားနည်းပြီး မူးလဲသွားတာပါ''


''အော်...ဘာ!!..ကိုယ်ဝန်''


ဆေးဆရာပြောသမျှကိုနားထောင်ပြီးစိတ်အေးသွားရကာမှ နောက်ဆုံးပြောလိုက်တဲ့စကားကြောင့် ချန်မျက်လုံးပိုပြူးရသည်အထိပင်။

''ဟုတ်ပါတယ် စစ်သူကြီး ရဲ့ဇနီးမှာကိုယ်ဝန်လွယ်ထားရပါတယ် ခန့်မှန်းရသလောက်တော့၃လ လောက်ရှိပါပြီ''


''တကယ်ပြောတာလား ကျုပ်ဇနီးမှာကိုယ်ဝန်ရှိနေပြီဆိုတာက''


''တကယ်ပါ အခုကစပြီးဇနီးသည်ကိုဂရုစိုက်ပေးပါ ခုတလောအစားပျက်နေတာထင်တယ် အားနည်းနေတာကိုတွေ့ရတယ်''


''အင်းဟုတ်တယ် သိပ်မစားဘူး ''



''ကဲပါ...အာ့တာဆို ကျွန်တော် ပြန်တော့မယ်ဆေးကြိုတိုက်ဖို့ အပြင်မှာဆေးပေးခဲ့ လိုက်မယ်''



''ကျေးဇူးတင်ပါတယ် လိုက်မပို့တော့ဘူး ''


''ရပါတယ် နားလည်ပါတယ် ခုအချိန်ဇနီးသည်အနားမှာပဲနေချင်မှာပေါ့''


ဆေးဆရာပြန်သွားမှ ဘီဘီဘေးနားဝင်ထိုင်ပြီးတော့လက်လေးကိုဆုပ်ကိုင်ရင်းသူရဲ့ရင်သွေးလေးတည်ရှိနေမည့်ဝမ်းဗိုက်နေရာကိုပွတ်သပ်မိသည်။ဗိုက်ကမထွက်ပေမဲ့လဲ ဒီနေရာမှာငါ့ရဲ့သွေးသားလေးရှိပါလားဆိူတဲ့အသိက ပီတိဖြစ်လာပြီး နှလုံးသား ရဲ့ခံစားမှုက မျက်ဝန်းမှာမျက်ရည်အဖြစ်ပြောင်းလဲလာသည်အထိ စွမ်းဆောင်နိုင်သည်။သိပ်ကို့မြတ်နိုးရပါတယ် ကိုယ့်ရဲ့ဇနီးသည်လေးရယ်။

........................................................

Yoon

ရေးလိုက်ငိုက်လိုက်နဲ့မို့လို့ တစ်ချိူ့နေရာမှာအမှားပါသွားရင် တောင်းပန်ပါတယ်

Continue Reading

You'll Also Like

580K 67.3K 187
Divine doctor : Daughter of the first wife [ မြန်မာ ဘာသာပြန် ] Author : 杨十六 (Yang Shi Liu) English Translator : Spring Rain Translations Group Discla...
2.9M 100K 51
Katrin Dane, wealthy, billionaire, sophisticated, sexy, single and lonely at 37. Kris Smith, hardworking, simple, kind-hearted lesbian at 27, who is...
84.3K 8.2K 105
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မှားယွင်းသော လက်ထ...
7.9M 462K 48
Wang Li Xun, the Crown Prince, goes out hunting for the Celestial Flower to save his mother from a terminal illness. When he nearly dies from the att...