အပိုင်း 105 သူလာတယ်။
"နင့်အခန်းက အရမ်းလုံချုံတာက ငါနဲ့ ဘာဆိုင်လို့လည်း"
နင်မုန့်၏ စကားက အလယ်တွင် ရပ်သွားသည်။
သူမက ရှီးချီကို ကြည့်လိုက်သည်။ သူမ သာမန်ကိစ္စတစ်ခုကို ပြောနေလိုမျိုး အမူအရာ ခပ်ရေးရေးသာရှိနေသည်။
"သူပြောတာမှန်တယ်။ မင်းရဲ့ ယောက်ကျားရဲ့ အခန်းက အလုံချုံဆုံးပဲ"
စနစ်ကလည်း ဝင်ပြောပြန်သည်။
နင်မုန့်ကမူ ထိုစနစ်ကို ခြိမ်းခြောက်လိုက်သည်။
"နင်ဆက်ပြီး ပြောနေမယ်ဆိုရင် ငါနင့်ကို ကွန်ပလိမ်းတက်ရတော့မယ်"
ထိုသို့ ပိုင်ရှင်၏ ကွန်ပလိမ်းက စနစ်အတွက် ကြောက်စရာအကောင်းဆုံး အရာဖြစ်သည်။ ထိုစကားကို ကြားသောအခါ သူက ချက်ချင်းလိုလို ပျောက်ကွယ်သွားပြီး မည်သည့် စကားမှ အပြောတော့ချေ။
ရှီးချီ၏ လက်ချေင်းက လှုပ်သွားသည်။
"ကိုယ့်အတည်ပြောနေတာ"
နင်မုန့်၏ နှုတ်ခမ်းထောင့်က တွန့်သွားသည်။ သူက နောက်နေခြင်း မဟုတ်ကြောင်းကိုလည်း သူမက သိထားပြီးသားဖြစ်သည်။ ထို့ကြောင့် တုံ့ဆိုင်းစွာဖြင့် မေးလိုက်သည်။
"နင့်ရဲ့ အခန်းထဲမှာ အိပ်ရာဘယ်နှစ်ခုရှိလည်း"
သူမက မှတ်မိသည်မှာ မှန်ကန်နေသည်။ ထို့သော် တစ်ခုလောက်သာ ရှိလောက်သည်။
ရှီးချီ၏ မျက်ဝန်းက ရွှင်မြူးသွားသော အရိပ်ရောင်များဖြင့် တောက်ပလာသည်။
"တစ်ခုပဲရှိတယ်"
ထိုအချိန်တွင် လီချွမ်က အနားသို့ လာနေချိန်ဖြစ်သည်။ ထိုသို့ လာနေချိန်မှာပင် သူတို့၏ စကားကို ကြားလိုက်ရပြီး ချက်ချင်းလိုလို ပြောလိုက်သည်။
"သခင်လေး လူတိုင်းက ဒီစံအိမ်ကို လွှတ်လွှတ်လပ်လပ် လာနိုင်ကြတာမဟုတ်ဘူး။ အခြားအကြောင်းပြချက် တွေကိုလည်း သခင်မသိမှာပါ။ ဒါကြောင့် သခင့်ရဲ့ အခန်းထဲမှာ အိပ်ရာတစ်ခုတည်းရှိတယ်"
ငါက အဲဒီအကြောင်းတွေ ဘယ်လိုလုပ်သိမှာလည်း။
နင်မုန့်ကမူ တိတ်ဆိတ်သွားသည်။
ရှီးချီကို ကြည့်မည်ဆိုလျှင်လည်း သူက ညစ်ညမ်းသော အရာများကို လုပ်မည့်လူမျိုးနှင့်လည်း မတူချေ။ ထို့အပြင် သူမက ငယ်စဉ်ကတည်းက သူ့ကို စောင့်ရှောက်ပေးခဲ့ခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် သူ၏ အကျင့်ကို ယုံကြည်သည်။ ထပ်ပေါင်းဆိုရသော သူကသာ သူမကို တစ်တစ်ခုခု လုပ်ချင်ခဲ့လျှင် သူမက သူ့ကို မနိုင်နိုင်ခင်ကတည်းက အစောပိုင်းကတည်းက လုပ်လိုက်၍လည်း ရသည်။
ထိုသို့ တွေးမိခြင်းအားဖြင့် နင်မုန့်က ဆုံးဖြတ်ချက်ချလိုက်သည်။
"ကောင်းပြီလေ"
ရှီးချီက ခေါင်းညိတ်သည်။
"ဒါဆိုရင် ဆုံးဖြတ်လိုက်ပြီနော်"
လီချွမ်ကည်း ပြုံးကာ ဝင်ပြောသည်။
"ဟူး ခွဲနေတဲ့ လက်ထပ်ပြီးသား စုံတွဲတွေကို တကယ်ကို နားမလည်နိုင်ဘူး။ နှစ်ယောက်က အတူရှိမှ စောစော ကလေးမွေးပေးနိုင်မှာပေါ့"
နင်မုန့်ကမူ စွန့်အသွားတော့သည်။
ငါက လက်ထပ်ပြီးသား မင်းသမီးဖြစ်ရုံတင်မကဘဲ သိပ်မကြာခင် အမြန်ဆုံး ကလေးတောင် မွေးရတော့မှာလား။
နင်မုန့်ကမူ ရှီးချီကို ခိုးကြည့်လိုက်သည်။ သူနှင့် အကြည့်ချင်း ဆုံသွားပြီးနောက် ခပ်မြန်မြန်ပင် အထူးခြားနားသလိုမျိုး အကြည့်ကို လွှဲလိုက်သည်။ သူမက သူ့ကို သဘောကျကြောင်း ခံစားချက်ကို သေချာစေပြီးသည့် တိုင်အောင် သူတို့၏ တိုးတက်မှုက ထိုမျှ မမြန်သင့်သေးချေ။
"နေု့တွေလည်း လုပ်ဖို့မလို ..."
သူမ၏ စကားမဆုံးလိုက်ခင် မျက်နှာချင်းဆိုင်ထိုင်နေသော ရှီးချီက ရုတ်တရက် ထရပ်လိုက်ပြီး အေးစက်သောမျက်နှာဖြင့် သူမကို ဆွဲထူကာ လီချွမ်ထံ တွန်းပို့သည်။
"အထဲဝင်သွားတော့ အထွက်လာနဲ့"
လီချွမ်က ချက်ချင်းလိုလို တုံ့ပြန်နိုင်သည်။
"သခင်မ ကျေးဇူးပြုပြီး ကျွန်မနဲ့လိုက်ခဲ့ပါ"
ရှီးချီက ဧည့်ခန်းထဲမှ ထွက်သွားနှင့်ပြီ ဖြစ်ပြီး ခြံဝန်းထဲတွင် ရပ်နေသည်။ သူ၏ကျောပြင်တစ်ဝက်ခန့်က အမှော်ထုထဲ ရောက်နေကာ တစ်ဝက်ခန့်ကသာ အလင်းထဲတွင် ရှိသည်။ နင်မုန့်က မေးလိုက်သည်။
"တစ်ခုခုလာနေလို့လား"
တစ်ချိန်လုံးနောက်မှ လိုက်လာခဲ့သော မြွေပါလေးက ရုတ်တရက် နှစ်ခနဲ့ ပြေးသွားပြီး ဧည့်ခန်းထဲရှိ တံခါးနားတွင် ဝှတ်နေကာ ရှီးချီနှင့်အတူ ခုခံကာကွယ်မည့် ပုံစံလုပ်ထားသည်။
လီချွမ်က မီးတိုင်းကို ပိတ်လိုက်သည်။ ထိုသို့ဖြင့် နင်မုန့်ကလည်း အမှော်ထုထဲ ရောက်သွားပြီး ရိုးရှင်းစွာဖြင့် လီချွမ်၏ ဉီးဆောင်မှုအနောက်မှ ဆိုဖာအောက်တွင် ပုန်းနေရသည်။
အမှော်ထုကို ကျင့်သားရသွားသော မြင်သောအခါ အဝေးမှ ချင်းကပ်လာသည့် လူတစ်ယောက်ကို မြင်လိုက်ရသည်။
ဒါက ကိစ္စတွေအားလုံးရဲ့ နောက်ကွယ်က တရားခံလား။
သူရဲ့ အကြ့အစည်တွေအားလုံး ပျတ်သွားလို့ နောက်ဆုံးတော့ သူတို့ကို လာရှာတာလား။
နင်မုန့်ကမူ အမှန်အတိုင်းပြောရလျှင် ထိုတရားခံက လူသားဖြစ်မည်ဟု ခန့်မှန်းနိုင်သည်။ သို့သော် အခြားတစ်ဖက်ခြမ်းကိုလည်း ရှင်းရှင်းလင်းလင်း မြင်နိုင်ပြန်ချေ။ မည်သို့ပေ ဆိုစေ သူတို့ထံ ဉီးတည်လာနေသော အရာက အနက်ရောင် မြူလုံးလို ဖြစ်နေပြန်သေးသည်။
ရုတ်တရက် ရှင်းပြရန် ခက်ခဲသော်လည်း အဘွားရှီး၏ ခန္ဓာကိုယ်ထဲတွင် ရှိနေခြင်းက အဖြစ်ကို သတိရသွားသည်။ ထိုအချိန်ကလည်း သူမနောက်ဆုံးအချိန်တွင် မြင်ခဲ့ရသောလူက အနက်ရောင်ဝတ်စုံကို ဝတ်ထားသေးသည်။ သို့သော် သူမ ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရချေ။ ဒီတစ်ကြိမ်တွင်လည်း ထိုသို့ အနက်ရောင်ဝတ်စုံကို ဝတ်နေပြန်သည်။
သူကိုယ်တိုင် တကယ်လာတာလား။
ထိုလူက မည်သည့်အတွက်ကြောင့် ထာဝရရှင်သန်သော လမ်းစဉ်ကို လိုက်ချင်နေကြောင်း နားမလည်နိုင်ချေ။
သေဆုံးတယ်ဆိုတာက ပုံမှန်ကိစ္စပဲ မဟုတ်ဘူးလား။
ဒါပေမဲ့ လူတွေဒီလောက်ကို သတ်ပြီး နှစ်ပေါင်းများစွာကြာအောင် ဒီလိုပြင်ဆင်မှုတွေ လုပ်ထားတာက အသက်ရှင်ဖို့အတွက်ပဲလား။
ထာဝရရှင်သန်တယ်ဆိုတာက ဒီလောကနှင့် အကျိုးအကြောင်း အသင့်လျော်တဲ့ အရာမျိုးဆိုတာကို သူနားမလည်ဘူးလား။
နင်မုန့်က မနေနိုင်ဘဲ သက်ပြင်းချလိုက်သည်။
"ဟူး ထာဝရရှင်သန်ဖို့ အတွက်နဲ့ သူက စဉ်းစားစဉ်ခြင်နိုင်စွမ်းတွေ အားလုံးကို ဘေးဖယ်ပစ်ပြီး ဆန္ဒအတိုင်း ဘာမဆို လိုက်လုပ်နေတယ်။ အခုဆိုရင် သူလူဘယ်လောက်များများကို သတ်ပြီးပြီလည်း ဆိုတာကို ဘယ်လိုသိနိုင်မှာလည်း။ သူက ဒီလိုအရာအားလုံးကို လုပ်ပြီးတဲ့နောက်မှာ ထာဝရရှင်သန်နိုင်မယ်လို့ ဘယ်လိုများသေချာနေတာလည်း"
စနစ်ကမူ လေးလံစွာ သက်ပြင်းချအသံကဲ့သို့သော် အသံမျိုးကို ထုပ်ပြီးပြောလိုက်သည်။
"တွေးကြည့်ဦး ရှေးခေတ်အချိန်ကလည်း ဧကရာဇ်တွေအများကြီး ရှိခဲ့ပေမဲ့ လူတွေက ထာဝရ မရှင်သန်နိုင်တာကို သိခဲ့ကြတာပဲ မဟုတ်လား။ ဒါပေမဲ့ အဲဒီဧကရာဇ်တွေထဲက တစ်ယောက်ကသာ ထာဝရရှင်သန်နိုင်မယ်ဆိုတဲ့ နည်းလမ်းမျိုးကို သိကြရင် ဘာမဆိုသုံးပြီး အဲဒီနည်းလမ်းကို အောင်မြင်အောင် ကြိုးစားကြလိမ့်မယ်။ ဒီလိုနဲ့ ပထမဉီးဆုံး ထာဝရရှင်သန်တဲ့ ဧကရာဇ်တစ်ပါး ဖြစ်လာကြလိမ့်မယ်။ ထာဝရရှင်သန်တဲ့ ဆေးဆိုတဲ့ ဆေးလုံးကိစ္စကလည်း သာမန်အကျဆုံး အရာပဲ"
ထိုကိစ္စကို နင်မုန့်ကလည်းသိသည်။
ပထမဉီးဆုံး ဧကရာဇ် ချင်ရှစ်ဟွမ်ဆိုလျှင် ထာဝရရှင်သန်ခြင်းဆေးလုံး အတွက်ပင် တိုက်ခိုက်ခဲ့သေးသည်။ တောင်ပွဲများကို ဖြစ်ပွားစေခဲ့သေးသည်။ သူ၏ ပန်းတိုင်က ထာဝရရှင်သန်ရန်ဖြစ်သည်။ ဘယ်တော့အခါမှ အသေရန်လည်း ဖြစ်သည်။ ရှီးချီက သူမကို ယခင်က ပြောဖူးသော စကားကို အတည်ပြုရလျှင် ကိစ္စအားလုံး၏ နောက်ကွယ်မှ လုပ်ကြံသူက ထိုဧကရာဇ်ကို တုပထားခြင်းဖြစ်သည်။
စနစ်က ဆက်ပြောသည်။
"ထူးခြားတဲ့ကိစ္စတွေထဲက တစ်ခုအရဆိုရင် သူတို့က ထာဝရရှင်သန်တဲ့ ဆေးကို မရှာဘဲ ထာဝရရှင်သန်ရမယ်ဆိုတဲ့ ပန်းတိုင် ပြည့်မီဖို့အတွက် အမျိုးမျိုးသော စတေးတဲ့ ကိစ္စတွေကို လုပ်ကြတယ်"
လောကရှေ့မထွက်လာဘဲ မြို့ထဲတွင် ပုန်းအောင်နေသည့် ကလန်ငယ်လေးများလည်း ရှိသေးသည်။ ထိုကလန်များတွင်လည်း ရှေးဟောင်းယဉ်ကျေးမှု ဓလေ့ထုံးတန်းများက ဆက်လက်အထွန့်ရှည် သီးသန့်နေသေးပြီး မို့ဝင်ဆန်းသော ကိစ္စများ အဆုံးသက်များနှင့် စတေးခံသော ကိစ္စအများစုကို ကျင့်သုံးကြသေးသည်။ ထိုကိစ္စများက ယနေ့ခေတ် ခေတ်သစ်နည်းပညာ၏ အသုံးချမှုနှင့်ယှဉ်သော ဆန့်ကျင်ဘက်ဖြစ်နေသည်။
"ဒါဆိုရင်ဘာလဲ ဒါက လူပဲလား"
နင်မုန့်က မျက်မှော်ကြုတ်လိုက်ကာ မျက်လုံးကို မှိတ်ကြည့်ကာ ကျင့်ကြံရန်ကြိုးစားသော်လည်း အပြင်သို့ မထွက်ရဲချေ။ သူမက ရှီးချီအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်သွားလျှင် မကောင်းချေ။
သူမကြည့်လေလေ ထိုလူက လူနှင့်တူတူလေလေဆိုပြီး ခံစားရကာ ပို၍သေချလာသည်။
စနစ်က ပြောသည်။
" မင်းအထင်မမှားဘူး တရားခံက လူပဲ မဆိုးရိမ်နဲ့ မင်းရဲ့ယောက်ကျားက သူ့ကိုနိုင်ဖို့ လုံလောက်တာထက်ပိုပြီး အင်အားကြီမားပါတယ်။ သူ့အတွက် အောင်ပွဲခံဖို့ပဲ စောင့်ရအောင်"
ယခုလို အနေအထားမျိုးတွင် နင်မုန့်အနေဖြင့် ထိုစနစ်၏ မင်းရဲ့ ယောက်ကျားဆိုသော စကားကို လျစ်လျူရှုထားလိုက်ပြီး နောက်ပိုင်းစကားကိုသာ အဓိက အာရုံစိုက်ထားလိုက်သည်။
ယခုလေးတင် တွေ့ကြုံခဲ့ရသော သန္ဓေသားလောင်းကု၏ ကိစ္စကို အတွေ့အကြုံရပြီးနောက် သူမအနေဖြင့် တည်ငြိမ်သော မျက်နှာထားကို ထိန်းထားနိုင်ပြီဖြစ်သည်။
အပြင်ဘက်ကောင်းကင်က အခြေတစ်ခုကြာသွားသဖြင့် မည်းမှောင်သွားနှင့်လေပြီ။
နင်မုန့်က ဆိုဖာပေါ်တွင် လဲချပြီး အပြင်ကိုသာ ကြည်နေလိုက်သည်။ သူမက အမှော်ထုကို ကျင့်သားရသွားသည်နှင့် မြင်နိုင်သော အရာများက ပို၍ထင်ခြားလာသည်။ ရှီးချီ၏ မျက်နှာချင်းဆိုင်တွင် ရပ်နေသော ထိုလူ၏ ဆံပင်က ရှုပ်ပွနေပြီး ထိုလူ၏ မျက်နှာတွင်လည်း အဆီများကို အမဲဆီလို အရာမျိုးကို မြင်နေရလေရာ အလွန်ရွှံရှာဖွယ်ကောင်းနေတော့သည်။
သူ၏မျက်နှာကို တစ်စုံတစ်ရာဖြင့် ဆေးချယ်ထားချင်းနဲ့ တူသော်လည်း သူမကမူ သူ၏ မူရာ ရုပ်တွင်ကို ထင်ထင်ရှားရှားမမြင်နိုင်ချေ။ သူ၏ အရှေ့မှ ထူးဆန်းသော တောက်ပနေသည့် အဆင်းချောင်းများလည်း ရှိနေပြီး သူ့ကို ငရဲမှတက်လာသော နတ်ဆိုးတစ်ကောင်ကဲ့သို့ ခံစားရစေသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာ အကြာက မြင်ခဲ့ရသော မျက်နှာဖုံးနှင့် လူများထပ်ပေ သူကပို၍ ထူးဆန်းနေသေးသည်။
ထိုလူဝတ်ထားသော ဝတ်စုံများက အလွန် ကြောင်ကြောင်တောင်တောင်နိုင်သည်။ နင်မုန့်ကမူ ထိုဝတ်စုံများကို မည်သည့်အသားနဲ့ လုပ်ထားကြောင်းကို မသိသော်လည်း လူအများကို ထိုင်းမှိုင်းစေသော ခံစားချက်မျိုးကိုပေးစွမ်သည်။
ကောင်းကင်က မှော်နေလေပြီ သည်နည်းအားဖြင့် သူကို အမှော်ထုအတွင် ဖုံးကွယ်ထားစေကာ ပို၍ပင် လျှို့ဝှက်ဆန်းကျယ်သွားစေသည်။
ရှီးချီက အမှော်ထုအတွင်းသို့ ဝင်ရောက်လိုက်သည်။ နင်မုန့်ကမူ နောက်ပိုင်းအရာများကို ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ချေ။ ရှီးချီ၏ အချိန်နှုန်းနှင့် ရှောင်းမူများက အလွန်မြန်ဆန်ပြီး အရိပ်များကိုသာ ချန်ထားရစ်ခဲ့သည်။ မီးလောင်သွားသော အဆောင်လက်ဖွဲ့များကိုလည်း မြင်လိုက်သည်။ ထို့နောက် ချက်ချင်းလိုလို အမည်းရောင်ဝတ်စုံနှင့် လူ၏ ရုပ်သွင်ကို ထင်ထင်ရှားရှားမြင်လိုက်ရတော့သည်။ သူက မျက်နှာဖုံးကို ဝတ်ထားပြီး မျက်နှာကို ကွယ်ထားသည်။
ရှီးချီက သာစီးရနေကြောင်းကို နင်မုန့်က ခံစားလိုက်ရသည်။ အကြောင်းမူကာ ထိုလူ၏ မြေသို့လဲကျသွားသော အသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရပြီး ထူးဆန်းသော အသံက ကပ်ပါလာခဲ့သည်။
လဲကျသွားသော လူက ခြေထောက်ရိုင်သွားပြီးနောက် မညီနိုင်သော ခြေလမ်းများပင် ရှေသို့ ပြန်ရွှေ့လာခြင်းအားဖြင့် ထိုသူ၏ ရုပ်ရေကို မြင်လိုက်ရစေသည်။ ထိုသူ၏ တစ်ကိုယ်လုံးက သွေးများချွဲနေသည်။ မျက်နှာကလည်း အနီရောင်များဖြင့် ပေပွနေပြန်သည်။ ထိုသို့ဖြင့် သူ၏ ရုပ်ရည်အစစ်အမှန်ကို မရှင်းလင်းတော့ချေ။ ထို့အပြင် ဟိုနေရာ ဒီနေရာမှာလည်း အပေါက်အနည်းငယ် ရှိနေလေရာ အလွန်ကြောက်စရာကောင်းသွားသည်။ သူ၏ မူလူက ကြောင်ကြောင်တောင်တောင်နိုင်သော် မျက်နှဖဲဖုံးမူ သူနှင့် သိပ်မဝေးသော နေရာတွင် ကွာကျသွားသည်။ သူ၏မျက်နှာ ရုပ်ရည်ကို မြင်သေအခါ နင်မုန့်က ကြက်သီးထသွားပြီးနောက် ချွေးစေးများပြန်လာသည်။
"ဒါက လူလား သရဲလား"
စနစ်က ပြေန်ဖြေသည်။
"လူလည်းမဟုတ်ဘူး သရဲလည်းမလောက်တာလည်း ဖြစ်လောက်တယ်"
သူမက၏ ဘေးနားသို့ မြွေပါက ပြန်ရောက်လာပြီး ထိုမြင်ကွင်းကို စိုက်ကကြည့်နေကာ စတင်ကာဟောင်ပြန်သည်။ သို့သော် အသံအကျယ်ကြီး မထုပ်ရဲချေ။
ထိုလူကို လူဟုပင် သက်မှတ်၍မရလည်း ထိုလူက ချက်ချင်းလိုလို ခြေပြေမှ ခုန်ထလိုက်ပြီနှင့် ရှီးချီကထံ အပြေးဝင်လာသည်။ နင်မုန့်ကမူ ရှီးချီက လာကို အသုံးပြုနေကြောင်း မမြင်နိုင်ချေ။ သို့သော် သူမ လက်မြှောင်သည့် အချိန်တိုင်းလိုလို အမည်မသိထားသော တစ်စုံတစ်ရာက အော်သည်။ ထို့နောက အသားကို တစ်ဆုံတတစ်စုံ တစ်ရာဖြင့် ထိုးဖော်လိုက်သော ခိုက်ထိုက်ထိုက် အသံမျးကိုလည်း ကြားလိုက်ရသည်။
ထို့နောက် လမင်း၏ အရှေ့မှ ကွဲထွက်သွာသသော အနက်ရောင်တိမ်ဆိုင်းများကဲ့သို့ ဖြေပြင်ပေါ်ကျလာသော သွေးနက်များ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ နေရာအများအပြားသို့ပင် ဖုန်းလွမ်းနေလေရာ ရေများဖိတ်ကျနေသည်နှင့်ပင် တူနေသေးသည်။
မြေပြင်သို့လဲကျသွားသော လူက နောက်ဆုံးတွင် မလှုပ်ရှားတော့ချေ။ ရှီးချီက တစ်ခဏခန့်စောင့်နေပြီးနောက် အဆုံးတွင် ထိုလူ၏ ကိုယ်မှ အနက်ရောင်ဝတ်စုံများကို ကန်ကြောင့် ဖယ်ရှားလိုက်ပြီး ခပ်မြန်မြန်ဆေးကြောလိုက်သည်။
ထိုသို့ အဝတ်ကို စုပ်ဖြဲကာ ဖယ်လိုက်ပြီးနောက် နင်မုန့်က အော်ဟစ်လုနီးပါးဖြစ်သွားသည်။
ဒါကိုလူလို့ ဘယ်လိုများသက်မှတ်လို့ ရတော့မှာလဲ။
သူ့ရဲ့ ကိုယ်ပေါ်မှာ ဘာလို့ အသားတွေအရှိတော့တာလဲ။
ထိုလူက အရိုးအိတ်တစ်အိတ်က အဝတ်စွန့်ထားသလိုမျိုးသာ ထင်ရတော့သည်။ သူ၏ အရိုးများကလည်း အလွန်အမင်း အားနည်းကာ ထိခိုက်လွန်နေသေးသည်။
အချို့သော တီဗီချိုးများတွင် ရှေးခေတ်သမိုင်းကြောင်းကို လေ့လာနေသော ပညာရှင်များက ပြသသော အရိုးစုပုံစံနှင့်ပင် တူညီနေသေးလေသည်။
ထိုသို့သော ရှိုးပွဲများတွင် အခေါင်းကို ဖွင့်လိုက်သောအခါ နှစ်ပေါင်းများစွာကြာပြီးသဖြင့် ပုတ်ပွနေနှင့်ပြီးသော အလောင်းကို မြင်ရသည်။ အလောင်းက အသားများတွေမရှိတော့ဘဲ အရိုးစုသာကျန်သည်။
နင်မုန့်က မနေနိုင်ဘဲ မေးလိုက်သည်။
"ဒီလူဘယ်လိုများနှစ်ပေါင်းများစွာ ကြာအောင် အသက်ရှင်နေနိုင်တာလဲ"
လူတစ်ယောက်ကသာ အသားမရှိတော့ဘဲ မရိုးများသာ ကျန်တော့မည်ဆိုလျှင် ဒီလောကရဲ့ အနေအထားအရ သာမန်လူတစ်ယောက်ဟုပင် မသတ်မှတ်သင့်တော့ချေ။ ထို့ပြင် သူက သာမန်လူတိုင်း ဆက်လက်နေထိုင် နိုင်နေသေးသည်။
ဒီနေရာက သဘာဝလို လောကဖြစ်နေသည့် တိုင်အောင် ထိုကဲ့သို့သော် မြင်ကွင်းများက သူမကို မျက်စိပွင့် နားပွင့် ဖြစ်စေသည်။
သူမ၏ အတွေးများက ဟိုဟိုဒီဒီရောက်နေသော အချိန်တွင် ရုတ်တရက် တစ်စုံတစ်ရာက ပြောင်းလဲလာပြန်သည်။
မြေပြင်တွင် လဲသွားသော ထိုအရိုးစုက အသက်ဝင်လာသလိုမျိုး ဖြစ်လာပြန်သည်။ သူက မြေပြင်မှ ကုန်းထလာပြန်သည်။ သူ့တွင် မည်သည့ အသားမှ မရှိတော့သည်မှာ ရှင်းလင်းနေသည်။ သို့သော် လဲမကျသွားဘဲ လူတစ်ယောက် ရပ်နေသလိုသာ ဖြစ်လာသည်။ သူ့ကို ဘားမှ မအုပ်ထားသောမခါ သူက သူ၏ တစ်ကိုယ်လုံးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတော့သည်။
သူ၏ မျက်လုံးတွင် မျက်လုံးနှစ်လုံးက ရှိနေသေးသည်။ သူက တစ်ဖက်လှည့်ကာ ခေါင်းစောင်းပြီး နင်မုန့်ရှိရာ ဘက်သို့ ကြည့်လာသည်။ သူက လှုပ်ရှားလိုက်ချိန်တွင် သူ၏ အရိုးများမှ ထူးဆန်းသော အသံများက ထွက်လာသည်။ နင်မုန့်က အစက အာရုံမစိုက်မိချေ။ သို့သော် အရှေ့သို့ ကြည့်လိုက်သောအခါမှသာ သူ၏ ခန္ဓာကိုယ်နှင့်ယှဉ်သော သူ၏ ခေါင်းက အတန်ငယ် ပုံမှန်ဖြစ်ကြောင်း မြင်လိုက်ရသည်။ သူ၏ ထိုခေါင်းက အရိုးနှင့် တွဲဆက်နေသော ကြောက်မက်ဖွယ်ကောင်းနေသည်။ စနစ်က မနေနိုင်ဘဲ အော်သည်။ အိုး ဘုရားရေပြေး အသက်ဘေးကနေ လွှတ်အောင်ပြေးတော့ နင်မုန့်က စွန့်အသွားသည်။
"သူက ဖြည်းဖြည်းလေးလျှောက်နေတာ ငါ့နားကို မရောက်နိုင်ပါဘူး"
ထိုအရိုးနှင့် လူက ဖြည်းညင်းသော အချိန်နှုန်းဖြင့် လျှောက်နေကြောင်းကို သူမက ရှင်းရှင်းလင်းလင်း မြင်နိုင်နေသည်။ သို့တွင်ပင် မီတာတစ်ဝက်ခန့်ကို သွားရန်ပင် အချိန်အတန်ကြာ ယူရပြီး ထို့ကြောင့် သူတို့၏ ကြားတွင် အကွာအဝေးက အလွန်ဝေးနေသေးသည်။
ရှီးချီကလည်း အရင်က ဒီလို အခြေအနေမျိုးနှင့် မကြုံခဲ့ဖူးချေ။ သူကနေရာတွင်သာ ရပ်နေပြီး မျက်မှော်ကြုတ်နေသည်။ သို့သော် ထိုအရိုး၏ ဉီးတည်ရာကို သိလိုက်သောအခါ သူ၏ အစိမ်းရောင် မျက်ဝန်းထဲတွင် အေးစက်သောအလင်းက ပေါ်လာသည်။ သေချာစွာပင် သူက သူမ၏ထံ ဉီးတည်နေခြင်းဖြစ်သည်။
ရှီးချီက စံအိမ်ထဲရှိ နင်မုန့်ကို လှမ်းကြည့်လိုက်သော အခါ သူမက ဆိုဖာနောက်တွင် ပုန်းနေပြီး ခေါင်းသေးသေးလေးသာ ပေါ်နေကြောင်းကို မြင်လိုက်ရသည်။ သူ၏ အကြည့်ကို တွေ့သွားသည့် တိုင်အောင် နင်မုန့်၏ တောက်ပသော မျက်ဝန်းထဲတွင် သံသယများ မရှိချေ။ ထို့အစား တစ်စုံတစ်ရာကို ပြောနေသလိုထင်ရသည်။ ရှီးချီက အကြည့်ပြန်ရုတ်လိုက်သည်။
"ပြောပါဉီး သူမြင်သွားတယ်လို့ နင်ထင်လား"
နင်မုန့်နဲ့ စနစ်တို့က ခပ်တိုးတိုး ပြောနေကြသည်။ ကျန်သာကို စနစ်က တစ်ခဏခန့် တွေးတောပြီး ပြောသည်။
"သူမြင်လောက်တယ်။ မင်းရဲ့ ယောက်ကျားက မြင်နိုင်စရာကောင်းတဲ့ မြင်နိုင်စွမ်းအားရှိတာပဲ။ မဟုတ်ရင် မင်းကို အလွယ်တကူ ဖောက်မြင်ထားမှာ မဟုတ်ဘူး"
ထိုအကြောင်း အရာကို ပြောလိုက်သည်နှင့် နင်မုန့်က စနစ်ကို ထုရိုက်ချင်သွားသည်။
"နင်ဒီအကြောင်း ထည့်ပြောဖို့ သတ္တိရှိရဲ့သေးတယ်ပေါ့။ အမှိုက်လိုစနစ် နင်နည်းနည်းလေးမှ အထိက မခံဘူးဘဲ"
ကော်ဖီတစ်ပွဲ စားပွဲတစ်ဖက်သားတွင် ဆောင့်ချောက်ထိုင်နေသော မြွေပါရှိသည်။ သူ၏ ခေါင်းလေးက သူမ၏ ပေါင်ပေါ်တင်ထားပြီး အပြင်ဘက်သို့ ဆက်ကြည့်ကာ ဟောင်နေသေးသည်။ သူ၏ တိုးသည့် တိုင်အောင် ကြောက်ကြောက်မှု အပြည့်ပါသည်။
နင်မုန့်က သူ၏ ခေါင်းကိုလှမ်း ပုတ်လိုက်သည်။
"လျှေက်မပြေးနဲ့ ရှီးချီက အပြင်မှာ အလုပ်များနေတယ်"
ပုတ်လိုက်ပြီးသည်နှင့် မြွေပါက သူမ၏ လက်မှ ရုံးထွက်သွားသည်။ ထို့နောက် အပြင်သို့ ချက်ချင်းလိုလို ပြေးသွားသည်။ တံခါးဝတွင်လည်း လျင်မြန်စွာဖြင့် ပျောက်ကွယ်သွားလျက် သူမဖြင့် မတုံ့ပြန်နိုင်တော့ချေ။
အပြင်ဘက်မှ အရိုးစုလူက တံခါးပင် မရောက်လိုက်ခင် ရှီးချီကြောင့် ကျိုးပဲ့သွားရသည်။
သို့သော် သိပ်မကြာခင် သူက တစ်ဖန်အလိုလို ပြန်စုစည်းသွားပြီး ပြန်ထလာပြန်သည်။ ထိုသို့ဖြင့် ထပ်ခါတလဲလဲ ဖြစ်ဖြစ်နေပြီးနောက် ရှီးချီ၏ စိတ်ရှည်သည်းခံမှုက ကုန်ဆုံးသွားပြီဖြစ်ကြောင်း နင်မုန့်က မြင်လိုက်ရသည်။
ဒါကလည်း ဖြစ်သင့်သည်။ မည်သူမဆို အရိုးစုက ထပ်ခါတလဲလဲ ပြန်ရှင်ပြီး သတ်၍မရနိုင်သလို ဖြစ်နေခြင်းက ဒေါသမထွက်ဘဲ နေလိမ့်မည်မဟုတ်ချေ။
နင်မုန့်ကမူ ထိုသူက မည်သို့ ထိုသို့သော ပုံစံမျိုးကို ရအောင်လုပ်နိုင်ကြောင်းကို မသိထားချေ။ ထို့အပြင် လက်ရှိပုံစံနဲ့ပင် ဆက်လက်ပြီး ရှင်သန်ရန် ကြိုးစားနေသေးသည်။ သူက အသက်ပေါင်းများစွာကို ယူခြင်းက သူ့အတွက် အသင့်အတော်ဆုံး ခန္ဓာကိုယ်တစ်ခု ဖန်တီးနေခြင်းဟုပင် သံသယဝင်မိသေးသည်။
ထာဝရရှင်သန်မှုနှင့် ခန္ဓာကိုယ်အသစ်က သူအလိုချင်ဆုံးအရာ ဖြစ်လောက်သည်။
စကားလုံးတစ်ခုချင်းဆီက မယုံနိုင်စရာကောင်းသည်။ နင်မုန့်ကိုယ်တိုင်ကပင် စနစ်က ဖန်တီးပေးသော ခန္ဓာကိုယ်ကို ရရှိထားခြင်းဖြစ်သည်။ ထို့မပြင် သူမ၏ ယခင်ဘဝမ သဘောထားကြီးမြတ်မှုနှင့် လုပ်ခဲ့သော ကောင်မှုများကြောင့် ယခုလို အကျိုးကျေးဇူးရရှိခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် သူမက ဒီလို ခန္ဓာကိုယ်ကို ပိုင်ဆိုင်ရခြင်းလည်း ဖြစ်သည်။
အခြားသော တစ်ဖက်တွင်မှု ထိုလူက အကောင်းမှုများစွာကို လုပ်ထားခဲ့သည်။ သူသတ်ခဲ့သော လူပေါင်းများစွာက ပြန်လည်ဝင်စားနိုင်စွမ်းအားပင် မရှိကြတော့ချေ။ ထို့ကြောင့် သူသယ်ဆောင်ထားသော ဆိုးရုပ်သည့် အားကုသိုလ်များက အလွန်လေးလံနေလောက်ပြီး ထိုပုံစံမျိုးဖြင့် ထာဝရရှင်သန်သွားမည်ဆိုလျှင် မမျှတလွန်းရာကျပေလိမ့်မည်။
ရှီးချီက တစ်ဖန် ထိုအရိုးနှင့် လူကို ကိုသတ်လိုက်ပြန်သည်။ အချိန်တစ်ခုကြာပြီးနောက် အရိုးနှင့်လူက သူ့၏ ခန္ဓာကိုယ် အစိုက်အပိုင်းများကို ပြန်လည်မစုစည်းနိုင်တော့ချေ။ သို့သော် သူ၏ မျက်လုံးတွင် အပြာရောင်မီးတောက်က တောက်လောင်လာသည်။
ထိုတစ်ချန်လုံး ခြံဝင်း၏ ဂိတ်တွင် မြွေပါလေးက ရှိနေခြင်းဖြစ်သည်။ ထိုအခြေအနေကို မြင်သောအခါ သူက ချက်ချင်းလိုလိုအပြေးသွားပြီး ပါးစပ်ဖြင့် အရိုးတစ်ခုကို ကောက်ကိုက်လိုက်ကာ ခပ်ကြမ်းကြမ်းကိုက်သည်။ သိပ်မကြာခင် ထိုအရိုးက အဆင့်ထိ ဘာမှမဖြစ်သွားချေ။
နင်မုန့်၏ ပါးစပ်ကမှု အဟောင်းသားဖြစ်သွားပြီး ထိုမြင်ကွင်းကို ကြည့်နေရသည်။ ထို့နောက်တစ်ခဏတွင် မြွေပါလေးက တိုက်ရိုက်ပင် ထိုလူ၏ လည်သံကို တစ်ချက်ကိုက်လိုက်ပြီး ခြေထောက်လည်း အခြားသော အရိုးများကို ကွဲအပ်အောင် ကြိုးစားကာ အဆုံးအစမဲ့သော တကျွတ်ကျွတ်ကြိုးသံများကို ထွက်ပေါ်လာစေသည်။
သူက အားအင်အလွန် စိုက်ထုပ်ပြီးနောက် အပေါက်တစ်ပေါက် ပေါက်သွားအောင် ကိုက်ပေါက်လိုက်နိုင်ပြီး အသားများပင် ပါအောင် ဆွဲဖြဲလိုက်နိုင်သည်။ အဆုံးတွင် ထိုလူ၏ ခေါင်းကပင် လည်သံမှ ကျွတ်ထွက်သွားသည်။ မျက်လုံးထဲမှ အပြာရောင် မီးတောက်များကလည်း အားနည်းသွားသည်။
မြေပြင်ပေါ်ရှိ မပျက်စီးသေးသော အရိုးများက အချင်းချင်း အပြေးလာကြပြန်ကာ ထိုလူနှင့် တစ်ခုတည်းပေါင်းရန် ကြိုးစားကြသေးပြန်သည်။ သို့သော် အမြင်စူးချသော မြွေပါက ဒါကို မြင်လိုက်သောအခါ ချက်ချက်လိုလို ခြေထောက်ကို မြှောက်ပြီးနောက် အားလုံးကို တက်နင်းပစ်လိုက်ကာ အစိတ်စိတ်အပိုင်းပိုင်း ဖြစ်အောင် ကျိုးကျေသွားစေသည်။
ထိုသို့ လုပ်ပြီးနောက် မြွေပါဘေးက ရပ်တန့်လိုက်သည်။ သူက ရှီးချီအနားသို့ အပြေးသွားပြီး အသံတိုးတိုးဖြင့် ဟောင်လျက် အမြီးကို လှုပ်ပြနေသည်။
ရှီးချီက ငုံ့ကိုင်းပြီး ခေါင်းကို ပုတ်လိုက်သည်။
မြွေပါလေးက အမြီးကို ပျော်ရွှင်စွာရမ်းပြီးနောက် ဧည့်ခန်းထဲသို့ ပြန်ဝင်လာကာ နင်မုန့်၏နားရောက်လာပြီး ခေါင်းကိုအပွတ်ခံသည်။
နင်မုန့်ကမူ သတိလက်လွှတ် ဖြစ်သွားပြီးနောက် သူက ဝင်ခုန်အုပ်လိုက်သဖြင့် နောက်သို့ပင် ပြန်လည်းကျသွားသည်။
"တဟွမ် သတိထားဉီး သတိထားဉီး နင်အရင်ဆုံး ရေချိုးသင့်တယ်"
နင်မုန့်က မက်တက်ထရပ်လိုက်သည်။
"နင်ကမြွေပါနောက် ခွေးမဟုတ်ဘူး ငါ့ကို မလျက်နဲ့"
မြွေပါကမူ နေရာတွင် တစ်ဝက်တိတိ ဆောင့်ကြောင့် ထိုင်နေတော့သည်။
နင်မုန့်က ခြံထဲသို့ ပြန်ကြည့်သောအခါ နောက်ပိုင်းဆက်ဖြစ်သော မြင်ကွင်ကြောင့် အလွန်ထိတ်လန့်သွားပြီး စကားပင် မပြောနိုင်တော့ချေ။
ရှီးချီက ကျောရှင်းပြီး လက်တွင်လည်း လက်အိတ်ကို ဝတ်ထားသည်။ သူကို လက်တစ်ဖက်တွင် ခေါင်းကို ကိုင်ထားပြီး လက်ညိုးနှင့် လက်မသုံးကာ ဉီးခေါင်းကို ဒေါက်လျှောက် ရွှေ့လျားကာ ထိတွေ့ကြည့်နေသည်။ သူမ၏ အံ့ဩသင့်နေသော အကြည့်အောက်တွင် သူက ထိုခေါင်းတွင်သူက နောက်ထပ် အပေါက်တစ်ပေါက် ပေါ်အောင် ဆွဲဖြလိုက်သေးသည်။
ထိုခေါင်းထံမှ ချက်ချင်းလိုလို စူးချကာ ထိုးပေါ်က်ခံရသော အသံမျိုးကို လှုပ်လာသည်။
ရှီးချီ၏ လက်များကလည်း အတွင်းသို့ ဝင်သွားပြီးနောက် တစ်ခဏခန့် မွှေပြီးမှ လှုပ်နေသည်ဟုထင်ရသော တစ်စုံတစ်ရာကို ဆွဲထုတ်လိုက်သည်။ နင်မုန့်က မြင်နိုင်သဖြင့် စနစ်ကို မေးလိုက်သည်။
"ကုပိုးကောင်ပဲ မင်းသိလား။ ကုပိုးကောင်က လုပ်နိုင်တဲ့ ကိစ္စတွေ အများကြီး ရှိတယ်။ လူကိုတောင် ထိန်းချုပ်နိုင်တယ်"
နင်မုန့်ကမူ သူမ၏ ဗိုက်ထဲမှ ဆန်တက်လာသော ခံစားချက်ကိုပင် ရလိုက်သည်။
"ရွှံစရာကောင်းလိုက်တာ"
"ထာဝရရှင်သန်ခြင်းကို ရဖို့ ကြိုးစားတဲ့ နည်းလမ်းတွေက တစ်နေရနဲ့ တစ်နေရာ မတူကြဘူး။ ဒီလူက ကုပိုးကောင်တွေက ထာဝရရှင်သန်နိုင်တယ်လို့ တွေးတာဖြစ်လောက်တယ်။ နှမျှောစရာကောင်းတာက အဆုံးမှ လူလည်းမဟုတ် သရဲလည်းမဟုတ်တဲ့ ဘဝကို ပိုင်းဆိုင်သွားရတာပဲ။ ကုပိုးကောင်လို မျှော့တွေက ခန္ဓာကိုယ်ထဲက အာဟာရတွေကို စုပ်တယ်။ အမှန်အတိုင်းပြောရရင် သူက သွေးကြောသာသာပဲ ပိုင်ဆိုင်တဲ့ တစ်စုံတစ်ယောက် ဖြစ်သွားတာပဲ"
နင်မုန့်၏ မျက်နှာက ရှုံ့မဲ့သွားသည်။
"သူက ထာဝရရှင်သန်ဖို့အတွက်နဲ့ ဆိုးရုပ်တဲ့ အရာတွေကိုတောင် လုပ်ခဲ့ရဲတယ်"
ရှီးချီက အောင်မြင်စွာဖြင့် ထိုပိုးကောင်များကို ကောက်ယူလိုက်ပြီး တစ်ဖက်မြေပြင်ပေါ်သို့ ပစ်ချလိုက်ကာ တက်နင်းပြီး သေသွားစေလိုက်သည်။
သူက သူ၏ အိတ်ကပ်ထဲမှ ခွက်ငယ်လေးတစ်ခုကို ထုတ်လိုက်ပြီးနောက် အမှုန့်အချို့ကို ဟိုအကောင်များပေါ်သို့ ဖြူးချလိုက်သည်။ ထိုပိုးကောင်များက စတင်ကာ ရုန်းကန်ကြသည်။ ထို့နောက် မိနစ်အနည်းငယ် ကြာပြီးသည်နှင့် လှုပ်ရှားမှုကို မမြင်ရတော့ချေ။
ထိုပိုးကောင်များ၏ ပုံစံကို နင်မုန့်က ရှင်းရှင်းလင်းလင်း မြင်လိုက်ရချေ။
ထိုသို့ မမြင်ရချင်းက သူမ၏ တွေးတောမှုကို လောင်စာ ထည့်ပေးလိုက်သလို ဖြစ်သွားသည်။ အထူးတဖြစ် အနစ်၏ ဖော်ပြမှုကို ကြားပြီးချိန်တွင် ဖြစ်သည်။ ထိုပိုးကောင်များကို အသုံးပြုချင်းက သူမကို ရွှံရှာစေသည်။
သူမနှင့် မတူညီစွာပင် မြွေပါလေးကမူ ကော်ဖီစားပွဲ ပတ်ပတ်လည်တွင် ပျော်ရွှင်စွာဖြင့် လှည့်ပတ်ကာ ပြေးနေပြီဖြစ်သည်။
Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။
ဒီနေ့က မေလပရိုမိုးရှင်း နောက်ဆုံးရက်ပါနော်။