Part 107

221 26 0
                                    

107 01

အပိုင်း (၁၀၇) လျှို့ဝှက်ဆန်းကြယ်မှု

လီချွမ်က ပြောသည်။

"ကျွန်မ အခြားပစ္စည်းတွေနဲ့ အတူ ဒါကို စစ်ဆေးကြည့်ပြီးပါပြီ။ ပြဿနာ မရှိတဲ့ပုံပါပဲ"

သည်စံအိမ်သို့ ပို့လာသမျှ အရာအားလုံးကို သူမအနေနှင့် အနက်ရောင်ဝတ်စုံနှင့် လူများက လုံခြုံမှုအတွက် စစ်ဆေးပြီးမှသာ အထဲသို့ သယ်ယူခွင့်ပြုခြင်း ဖြစ်သည်။ အထဲတွင်ပါသော ပစ္စည်းများကလည်း အန္တရယ်မရှိကြောင်း သေချာမှသာ ယူလာခဲ့ခြင်းဖြစ်သည်။

သာမန်အခြေအနေမျိုးတွင် သေတ္တာတစ်ခုကသာ နာမည်မတပ်ထားလျှင် သူမက အပြင်တွင်သာ ထားလိုက်ပြီး အထဲသို့ ယူသွင်းလာမည်မဟုတ်ချေ။ ယခုအခါ နာမည်ကလည်း တပ်ထားလျက် ဂရုတစိုက် စစ်ဆေးပြီးမှ ယူလာခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် သူမက ဘူးပိုင်ရှင် မဟုတ်သောကြောင့် ဖွင့်ကြည့်၍ မရချေ။

အထဲရှိ အရိုးပြာခွက်ကို မြင်သောအခါ လီချွမ်၏ မျက်နှာကလည်း ပြောင်းလဲသွားသည်။

နင်မုန့်က သူမ၏ ထူးဆန်းသော ပုံစံကို မြင်လိုက်ပြီးနောက် ရုတ်တရက် သူမ တစ်စုံတစ်ရာကို လွှတ်သွားသလို ခံစားလိုက်ရသည်။ မနေ့ညက လီချွမ်က ထိုအရာကို သူမကို ပေးခဲ့သည်။ ယခု သူမက ပုံမှန်အတိုင်း ဖြစ်သွားသည်။ သို့သော် တစ်စုံတစ်ရာကမူ မှားယွင်းနေသေးသည်ဟု ခံစားနေရသည်။

သူမက မသိချင်ယောင်ဆောင်ကာ မေးလိုက်သည်။

"ငါ ဒါကို မဝယ်မိပါဘူး။ လီချွမ် နင်ပဲ မေ့ပြီး မတော်တဆ ဝယ်လိုက်မိတာလား။ ဒါမှမဟုတ် တစ်ယောက်ယောက်ကပဲ မှားပြီး ထားခဲ့မိတာများလား"

လီချွမ်၏ နှုတ်ခမ်းပေါက်က တဆတ်ဆတ် တုန်လာသည်။ သို့သော် မည်သည့် စကားမှ ထွက်မလာခဲ့ချေ။

နင်မုန့်က မနေ့ညက ကိစ္စကို ပြန်လည် သတိရသွားသည်။ တိတိကျကျ ပြောရသော် ထိုအချိန်က လီချွမ်က အကောင်းအတိုင်း အခြေအနေတွင် မရှိသည့် တိုင်အောင် သူမကို ဒုက္ခပေးလိုစိတ် မရှိခဲ့ချေ။ ထိုအတိုင်းသာ အရိုးပြာခွက်ကို သူမကို ပေးလိုစိတ်သာ ရှိခဲ့သည်။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Kde žijí příběhy. Začni objevovat