Everywhere in Jianghu is biza...

By xiaolongnu11p

473K 66.8K 6K

အသက် ၂၂ နှစ်မှာ ရှန်ချန်လင်တစ်ယောက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့တယ်။ ဆုကိုကိုင် မျက်ရည်လေးဝဲပြ... More

အခန်း-၁
အခန်း-၂
အခန်း-၃
အခန်း-၎
အခန်း-၅
အခန်း-၆
အခန်း-၇
အခန်း-၈
အခန်း-၉
အခန်း-၁၀
အခန်း-၁၁
အခန်း-၁၂
အခန်း-၁၃
အခန်း-၁၄
အခန်း-၁၅
အခန်း-၁၆
အခန်း-၁၇
အခန်း-၁၈
အခန်း-၁၉
အခန်း-၂၀
အခန်း-၂၁
အခန်း-၂၂
အခန်း-၂၃
အခန်း-၂၄
အခန်း-၂၅
အခန်း-၂၆
အခန်း-၂၇
အခန်း-၂၈
အခန်း-၂၉
အခန်း-၃၀
အခန်း-၃၁
အခန်း-၃၂
အခန်း-၃၃
အခန်း-၃၄
အခန်း-၃၅
Notice
အခန်း-၃၆
အခန်း-၃၇
အခန်း-၃၈
အခန်း-၃၉
အခန်း-၄၀
အခန်း-၄၁
အခန်း-၄၃
အခန်း-၄၄
အခန်း-၄၅
အခန်း-၄၆
အခန်း-၄၇
အခန်း-၄၈
အခန်း-၄၉
အခန်း-၅၀
အခန်း-၅၁
အခန်း-၅၂
အခန်း-၅၃

အခန်း-၄၂

676 73 9
By xiaolongnu11p

အခန်း-၄၂

ပန်းသူခိုးကြောင့် ဘ၀ပျက်သွားတဲ့သူတွေကို စိတ်ထဲမှာ တွေးလိုက်ပြီးနောက် သက်ပြင်းတစ်ချက်ချကာ ချန်လင် ကြက်ပေါင်တတုံးကို တူနှင့်လှမ်းယူလိုက်ပြီး ချင်ရှောင်ယွီ ကိုခွံ့လိုက်သည်.. စားစား အဲ့မှာ.. မြိုစို့...

ချင်ရှောင်ယွီက ကြင်နာစွာ ပြုံးသည်.. "ဇနီးလေး ဘာသာ စားပါ.. အရာရာ ကိုယ့်ကိုပဲ ဦးစားပေးမနေပါနဲ့"

ချန်လင် "....."

သွားသေပါလား.. ဘယ်သူက မင်းကို ဦးစားပေးနေလို့လဲ...

မင်းငါ့ကိုအကြပ်ကိုင်ပြီး ကျွေးခိုင်းတာမဟုတ်ဘူးလား... ...!

ဘေးဝိုင်းမှာထိုင်နေတဲ့ အရိပ်တပ်သားတွေကတော့ စားစရာရှိတာစား  သောက်စရာရှိတာသောက်နေကာ အသွင်အပြင်က အလွန်တည်ငြိမ်လှသည်.. ဒါပေမယ့် တကယ်တမ်းတော့ သူတို့ စိတ်ထဲမှာ မြိုသိပ်ထားရတဲ့ စကားလုံးတွေနဲ့ မနာလိုမှုတွေကတော့ အပြည့်ပင်.. တယောက်နဲ့ တယောက် အကြည်တွေစိုက်ပြီး နားနားကပ် တိုးတိုး တိုးတိုးတွေပြောနေလိုက်ကြတာ ထမင်းတောင် ကောင်းကောင်းမစားကြဘူး... ဂိုဏ်းချုပ် လူစိတ်ကော ရှိသေးရဲ့လား.. ဒီက အဖော်မဲ့တွေကို ကိုယ်ချင်းစာပါဦး...

စားတာ တဝက်လောက်ကုန်သွားချိန်မှာတော့ ချင်ရှောင်ယွီက ချန်လင့်ကို ခါးမှာ ဆွဲမလိုက်ကာ သူ့ပေါင်ပေါ်တင်လိုက်သည်..

ချန်လင် ချက်ချင်း ပူထူသွားသည်.. မင်းငါ့ကို ဒီလို ထပ်အသားယူနေမယ်ဆိုရင် မင်းကို ကုန်းကုန်းဖြစ်အောင် လုပ်မိတော့မယ်..

"မင်းတင်ပါးက အသားများသားပဲ" ချင်ရှောင်ယွီက အရှက်ကင်းမဲ့စွာ ခပ်တည်တည်ဖြင့်ပြောသည်..

ချန်လင် ဒေါသထောင်းထောင်းထသွားသည်.. မင်းသာ ဖင်ကြီးကောင်...

"စား"ချင်ရှောင်ယွီက တဇွန်းခွ့ံသည်..

"ငါ့ကို ကြည့်ကော ကြည့်နေလို့လား" ချန်လင်က စားလိုက်ရင်းသံသယဖြင့် မေးသည်..

"မပြောတတ်သေးဘူး နည်းနည်းထပ်စောင့်ကြည့်ရမယ်" ချင်ရှောင်ယွီက ဒီလိုမျိုးပဲ စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်ရမယ်ဆိုတဲ့လေသံဖြင့်ပြန်ပြောပြီး ဇွန်းထဲက ချန်လင်စားထားတဲ့ တဝက်ကျန်တာကို သူ့ပါးစပ်ထဲထည့်လိုက်သည်...

"ကြည့်တာလား မကြည့်တာလားကွာ" ချန်လင် စိတ်မရှည်ပဲ မေးသည်... လှည့်ကြည့်လို့ကလဲမရ...

"ကြည့်တယ်" သူ့ရဲ့ ပေါက်ကွဲတော့မယ် မျက်နှာကို ကြည့်ကာ ချင်ရှောင်ယွီက ခေါင်းညိတ်ပြီးပြောသည်.. "သူမင်းကို ခဏခဏ ခိုးကြည့်နေတယ် .. ဒီတော့ မင်းကိုယ့်ကို နမ်းလိုက်ရင်ကောင်းမယ်"

အိမ်မက် ထပ်မက်နေလိုက်.. ချင်ရှောင်ယွီရဲ့ ဆံပင်ကို ကိုင်ကာ သူ့မျက်နှာ မချိုမချဉ်ကို ဟင်းရည်ခွက်ထဲမှောက်ချပစ်ချင်စိတ်များ တဖွားဖွားပေါ်လာသည်.. စကားအကောင်းပြောနေတာကို လိုရာဆွဲပြောနေတယ်..

"ဒါမှမဟုတ်လဲ ယောကျာ်းလို့ခေါ်" ချင်ရှောင်ယွီက ထပ်ပြောသည်..."အသံကို နည်းနည်း ချွဲလိုက်"

ဆုတောင်း.. ချန်လင် သူ့မျက်နှာကို လှမ်းရိုက်လိုက်သည်..

ဒါပေမယ့် ဒါကိုအခွင့်ကောင်းယူကာ ချင်ရှောင်ယွီက လက်ကို ဆွဲဖမ်းလိုက်ပြီး သူ့နှုတ်ခမ်းနားသို့ယူကာ ခပ်ဖွဖွလေးနမ်းလိုက်သည်...

ချန်လင် ကျောရိုးတလျှောက်အေးခနဲဖြစ်သွားကာ.. ဆံပင်များပင်ထောင်သွားသလိုခံစားလိုက်ရသည်..

အစာစားချိန်တောင် မချန် တစ်ယောက်နဲ့တစ်ယောက် မမေ့မလျော့ ချစ်ပြ နေကြတဲ့သူတို့ ပုံရိပ်ကို ကြည့်ကာ ဘေးလူများကတွေးသည်.. အိမ်ထောင်ရေးအဆင်မပြေတဲ့ စုံတွဲတွေ ဒီအတွဲကို သေချာလာလေ့လာသင့်တယ်.. ဖြစ်နိုင်ရင် သင်ရိုးစာအုပ်မှာပါ ထည့်ရေးရမှာ...သူတို့ ရဲ့ စံပြ ချစ်ခြင်းကို...

"ဘာဖြစ်တာလဲ" နှစ်ဦးသား ကြည်ကြည်နူးနူးဖြင့် အချိုပွဲစားပြီးနောက်မှာ မျက်နှာမအီမသာနဲ့ အနေရခက်နေသည့်ပုံပေါက်သည့် ချန်လင်ကို ချင်ရှောင်ယွီကမေးသည်.. ထို့နောက် အမြန်ပြောသည်..

"သူမင်းကို ကြည့်နေတုန်းပဲ"

"အကြည့်တွေက လဲ ရဲတင်းလာတယ်.. ဒီည မင်းကိုလာရှာတော့မယ်ထင်တယ်..

ချန်လင် "...."

ဒီလောက်တောင် တုံးအတဲ့ ပန်းသူခိုးတကယ်ရှိတာလာား?

"ဒါပေမယ့် ကိုယ်မင်းကိုကာကွယ်မှာပါ" ချင်ရှောင်ယွီက ကြင်နာစွာပြောသည်..

ချန်လင်  ချက်ချင်း ထိုထိုင်ခုံဘက်လှည့်ကြည့်လိုက်သည်...

ထိုထောင့်ထိုင်ခုံတွင် ဘယ်သူမှ ရှိမနေပေ... လူထိုင်ခဲ့ဖူးသည့် အရိပ်အယောင်တခုတလေပင် မရှိ...

ငါ!! သိ!! သား !!ပဲ!!

"ခုမှ ထပြန်သွားတာ" ချင်ရှောင်ယွီက အမြန်ရှင်းပြသည်...

ချန်လင် ဒေါသဖြင့် အသက်ပြင်းပြင်းတချက်ရှုလိုက်ပြီး "မင်းကိုလှုပ်ခွင့်မပေးဘူး"

"အယ်.. မလှုပ်ပါဘူး" ချင်ရှောင်ယွီကမေးသည်.. "ဇနီးလေးကိုယ့်ကို နမ်းမလို့လား"

မင်းတစ်မိသားစုလုံးကိုတောင် နမ်းလိုက်ဦးမယ် !!!  ချန်လင် စိတ်ထဲမှာ ကျိန်ဆဲလိုက်ကာ လက်သီးပျံတခု ချင်ရှောင်ယွီ မျက်နှာပေါ်သို့ ပစ်သွင်းလိုက်သည်..

ချင်ရှောင်ယွီက မျက်မှောင်ကြုတ်သည်.. "ဇနီးလေးက ကြမ်းလိုက်တာ"

ချန်လင်က ထပ်ကန်သည်..

သို့ပေမယ့် ချင်ဂိုဏ်းချုပ်ရဲ့ မျက်ဝန်းများကတော့ ချစ်မေတ္တာတွေနဲ့ပြည့်နှက်နေ၏..

ဘေးက လူတွေသူတို့ကို ဘယ်လိုမှ ဆက်မကြည့်နိုင်တော့ပါ.. ဒီလိုမျိုး ချစ်တာသိလို့ သက်သက် အနိုင်ကျင့်တဲ့ အမူအရာမျိုးလုပ်တဲ့ ရှန်သခင်လေးကို သူတို့ သည်းမခံနိုင်ပါ.. တစ်ယောက်နဲ့ တစ်ယောက် တိုးတိုး တိုးတိုးပြောကာ အတင်းတုပ်ကြသည်.. ရှန်သခင်လေး မင်း ဒီလိုလင်ယောကျားကို လုပ်တာ အပြစ်ကြီးခုနှစ်ချက်ကို ပြုလုပ်တာနဲ့ အတူတူပဲနော်... ဟိုက ကွာရှင်းလိုက်တော့မှ ဒီလောက်ကောင်းတဲ့ ယောကျာ်းကို ဘယ်မှာ ငိုပြီးပြေးရှာမလဲ စောင့်ကြည့်လိုက်ဦးမယ်..

"အိမ်ပြန်တော့" ချန်လင်က လှည့်ထွက်ကာ လှေကားကဆင်းသွားသည်..

ချင်ရှောင်ယွီ က ထုံးစံအတိုင်း အနောက်မှ ကပ်ကာ လိုက်သွား၏.. သူ့ အဝတ်ပေါ်က ချန်လင်ရဲ့ ခြေရာကိုတောင် ဂရုစိုက်မနေပါ..

ချန်လင် ခပ်သွက်သွက်လျှောက်သည်..

"စိတ်ဆိုးတာလား?" ချင်ရှောင်ယွီက အနောက်မှမေးသည်..

ချန်လင်သူ့ကို လှည့် ပြီး မျက်လုံးပြူးပြသည်..

"အဲ့ဒီလူက တကယ်သံသယဖြစ်ဖို့ကောင်းတာ .. သူထွက်သွားတော့ ရှောင်၀ူက အနောက်က လိုက်သွားပြီ" ချင်ရှောင်ယွီကပြောသည်..

"သူဘယ်တုန်းတည်းက ထွက်သွားတာလဲ" ချန်လင် က ခပ်တည်တည်ဖြင့်မေးသည်..

ချင်ရှောင်ယွီက ကောင်းကင်ကိုမော့ကြည့်သည်.. စိတ်ဝင်စားစရာတခုခုတွေ့သလိုလို..

ငါ့မှာတော့သရုပ်ဆောင်လိုက်ရတာ... မင်းကတော့ ငါ့ကိုလှည့်စားတာဖြစ်နေတယ်.. အနားမှာသာ အုတ်နီခဲရှိရင် ကာတွန်းတွေထဲကလို မျက်နှာကြီးပြားအောင်ထုပစ်လိုက်ချင်တယ်...

လူကိုဒီလိုအနိုင်ကျင့်ရတာ အတော်မှ အရသာရှိရဲ့လား... ခွံ့ကျွေးခိုင်းတယ်.. ခါးကို ဆိတ်တယ်.. တင်ပါးကိုတောင် အသားများတယ်လို့ပြောလိုက်သေးတယ်..

"လူတွေကကြည့်ရတာ ကြိုက်ကြတာပဲ.. နည်းနည်းပါးပါး သရုပ်ဆောင်ဖျော်ဖြေတာ ဘာများ မှားလို့လဲ"ချင်ရှောင်ယွီက ပြောသည်..

ဘာကို သရုပ်ဆောင်တာလဲ.. သူများကြည့်ချင်တာနဲ့ သရုပ်ဆောင်ပြရအောင် မင်းက မင်းသားလား..ငါက မင်းသားလား... မင်းပြောတဲ့ အကြောင်းပြချက်အရဆို သူတို့က 18 plus ကြည့်ရရင် ပိုတောင်ပျော်ဦးမယ်.. မင်း ဖင်တုံးလုံးချွတ်ပြီး လမ်းပေါ် ပတ်ပြေးပြလိုက်လေ... ချန်လင် စိတ်ထဲမှ ရန်ပြန်တွေ့ကာ သူ့ကို ဂရုမစိုက်ပဲ သွက်သွက်လျှောက်သွားလိုက်သည်..

"ဂိုဏ်းချုပ်" ခပ်လှမ်းလှမ်းက လူတစ်ယောက် မြင်းစီးပြီး လာသည်.. သူမ၏ ရင်ဘက်၂မြွာက အပြင်သို့လျှံထွက်ကာ ပြုတ်ကျတော့မည့်အလား..

ချန်လင် သူ့နှာခေါင်းသူကိုင်လိုက်ကာ ခေါင်းကိုဘေးသို့လှည့်လိုက်သည်..

မကောင်းတာတွေ မကြည့်ရဘူး..

သူတကယ် အရမ်းအရမ်း ကြည့်ချင်သော်လည်း...

"ဘာပြဿနာရှိလို့လဲ" ချင်ရှောင်ယွီက မေးသည်..

"ကျမကယ်ထားတဲ့သက်တော်စောင့်က သက်သာသွားလို့ ချုံဟွာတောင်ကြားကနေ ခေါ်ထုတ်လာပါပြီ" ဟွာထန်က မြင်းပေါ်မှ ဆင်းလိုက်သည်.." အခု သူက လီအိမ်တော်မှာ ဂိုဏ်းချုပ်ပြန်အလာကို စောင့်နေပါတယ်"

"သူ့နာမည်က ဘာလဲ" ချင်ရှောင်ယွီကမေးသည်..

"ကျုချင်လန်" ဟွာထန်က ဖြေသည်..

"ဒီနာမည် သိုင်းလောက မှာ တခါမှ မကြားဖူးဘူး" ချင်ရှောင်ယွီကပြောသည်.. "ကြည့်ရတာ မထင်ပေါ်ဘူးထင်တယ်.. မင်းကြိုက်သလို သူ့ကို စီစဉ်ပေးလိုက်ပါ.. ငါ့ကိုတိုင်ပင်ဖို့ မလိုဘူး"

"ဂိုဏ်းချုပ်"  ဟွာထန်က အနည်းငယ် တွန့်ဆုတ်နေဟန်ရှိသည်.. "ဒီငယ်သားက ဂိုဏ်းချုပ်ကိုယ်တိုင် စီစဉ်ပေးဖို့ တောင်းဆိုပါရစေ"

"ဘာကြောင့်လဲ" ချင်ရှောင်ယွီက မျက်ခုံးတချက်ပင့်ကာ ခပ်ရေးရေးပြုံးပြီးမေးသည်..

ဟွာထန်က အောက်နှုတ်ခမ်းကိုကိုက်လိုက်ပြီး "ဒီငယ်သားစိုးရိမ်တာက ရှောင်၀ူကများ..."

"ရှောင်၀ူက သူ့ကို အခက်တွေ့အောင်လုပ်မှာစိုးတာလား" ချင်ရှောင်ယွီကပြုံးသည်..

"မဟုတ်ပါဘူး" ဟွာထန် လန့်ပြီးပြောသည်.. "ဒီငယ်သားက ရှောင်၀ူ စိတ်မကြည်မှာကိုပဲစိုးတာပါ"

"ငါစီစဉ်ရင် သူကပျော်မှာလား" ချင်ရှောင်ယွီက ခေါင်းခါသည်.."အခု သူသတိမထားမိလဲ နောက်တော့သတိထားမိမှာပဲ.. အချိန်ကြာတာနဲ့အမျှ သူလဲ ပို ရှင်းရှင်းလင်းလင်းသိလာမှာပဲ.. အဲ့ဒီအခါ မင်းဘယ်လိုလုပ်မလဲ"

ဟွာထန် တိတ်ဆိတ်စွာပင် ခေါင်းငုံ့ထားသည်..

ချန်လင် စိတ်ပူနေမိသည်.. အရူးကောင် မင်းဘာလို့ သူများကို ခေါင်းမဖော်နိုင်အောင်  ဒီလောက်ပြောနေတာလဲကွ...

ဒါ့အပြင် သူမရှင်းတာက အခု ဘာဖြစ်နေကြတာလဲ..

သူဘာလို့ ဘာမှ နားမလည်တာလဲ..

သူတို့နဲ့ သူနဲ့ အိုင်ကျူများ ကွာ လို့လား...

"မင်းရဲ့ ကိုယ်ရေးကိုယ်တာကို ငါဝင်မပါဘူး"ချင်ရှောင်ယွီက ပြောသည်.. "ဒါပေမယ့် တချို့ ကိစ္စတွေက သေချာစဉ်းစားသင့်တယ်.. ရှောင်ပြေးတာ အဖြေမဟုတ်ဘူး"

"ဂိုဏ်းချုပ်ကို ကျေးဇူးတင်ပါတယ်" ဟွာထန်က ခပ်တိုးတိုးပြောသည်..

"အရင်ပြန်လိုက်.. ရှောင်၀ူက တာဝန်တခုထမ်းဆောင်နေတယ်... ဘယ်ချိန်မှပြန်လာမလဲ ဘယ်သူမှမသိဘူး" ချင်ရှောင်ယွီကပြောသည်.. "မင်းဆုံးဖြတ်ပြီးရင် ငါ့ဆီပြန်လာခဲ့.. မင်းရွေချယ်ပြီးပြီဆိုရင် ငါကူညီမယ်"

ဟွာထန် ခေါင်းညိတ်ကာ လှည့်လိုက်ပြီး ထွက်ခွာဖို့အတွက် မြင်းပေါ်ကိုတက်လိုက်သည်...

"ဘာတွေဖြစ်နေတာလဲ ငါ့ကို အမြန်ပြောပြစမ်းပါ" ချန်လင်က သိချင်လွန်း၍ ခုန်ဆွခုန်ဆွပင်ဖြစ်နေလေပြီ..

"သိချင်လို့လား" ချင်ရှောင်ယွီက မေးသည်..

"သိချင်တာပေါ့ကွ!!" ချန်လင်က ခေါင်းတဆတ်ဆတ်ညိတ်၏..

"ဒါပေမယ့် ကိုယ်တို့ က ရန်ဖြစ်နေကြတုန်းလေ" ချင်ရှောင်ယွီက သူ့ကို သတိပြန်ပေးသည်...

ချန်လင် "...."

ဒီအချိန်မျိုးမှာ ဒီလောက် မှတ်ဉာဏ်က ကောင်းနေဖို့လိုသလားကွာ..

"မင်းဒေါသ မထွက်တော့ပါဘူးလို့ပြောမှ" ချင်ရှောင်ယွီကပြောသည်..

"ငါဒေါသမထွက်တော့ဘူး" ချန်လင်က နည်းနည်းမှသိက္ခာမရှိပေ.. သိချင်စိတ်ရဲ့ရှေ့မှာ အရာအားလုံးက စက္ကူကျားတွေပါပဲ ..

ချင်ရှောင်ယွီ မနေနိုင်တော့ဘဲ ရယ်မိသည်..

"မြန်မြန်ပြော" ချန်လင်က သူ့ကို လှမ်းကန်သည်..

"ရှောင်၀ူက ဟွာထန်ကို ကြိုက်နေတာ ကြာပြီ.. တခြားညီအကိုတွေက ဘာမှမပြောကြပေမယ့် စိတ်ထဲကနေတော့ သိကြတယ်" ချင်ရှောင်ယွီက ပြောသည်..."တဖက်သတ်အချစ်ဖြစ်နေတာတော့ စိတ်မကောင်းစရာပဲ.. အဲ့ဒီ ကျုချင်လန်က ဘာကောင်လဲတော့မသိဘူး ဒါပေမယ့် ဟွာထန်က လူတစ်ယောက်အတွက်နဲ့ ကိုယ့်ဆီမှာ ဒီလို လာတောင်းဆိုလေ့မရှိဖူးဘူး"

ချန်လင် မျက်မှောင်ကြုတ်သည်.. "ဘယ်လက်ရုံးက ရှောင်၀ူကို ဘာခံစားချက်မှမရှိတာ သေချာလို့လား သူ့ကြည့်ရတာ ရှောင်၀ူဘလိုတွေးမလဲ ဂရုစိုက်သလိုပဲနော်" ဟုတ်တယ်လေ ဂရုမစိုက်ရင် ဘာလို့ ကျူချင်းလန်ကို ချင်ရှောင်ယွီက ဂိုဏ်းမှာ နေခိုင်းတဲ့ပုံစံလာဖမ်းနေမှာလဲ.

"ရှောင်၀ူက ဟွာထန်အပေါ် အမြဲကောင်းခဲ့တယ်.. ဟွာထန်အနေနဲ့  သူစိတ်ထိခိုက်မှာ စိုးတာ ပုံမှန်ပါပဲ"  ချင်ရှောင်ယွီက သူ့လက်ကို လှမ်းဆွဲကိုင်လိုက်သည်။ "လာပါ သွားကြရအောင် ကျူချင်းလန်က ဘယ်လို လူမျိုးမို့လို့လဲဆိုတာ ကြည့်တာပေါ့"

ချန်လင်က လုံး၀သေချာတဲ့အသံဖြင့် "အရမ်းချောတဲ့သူပဲဖြစ်ရမယ်"  စိတ်နေစိတ်ထားကအရေးကြီးတယ် ဆိုပေမယ့် ရုပ်ရည်ကလည်း အားသာချက် အများကြီးပေးတယ်လေ..

ချင်ရှောင်ယွီက သူ့ကို ကြည့်သည်.. "ကိုယ်ထက်ပဲချော ဦးမတဲ့လား"

"မင်းနဲ့ယှဉ်ပါဘူး" ချန်လင်က နှာရှုံ့ပြီးပြောသည်.. "ရွာထိပ်က လီအာရဲ့ ခွေးပေါက်လေးကတောင် မင်းထက်ချောသေး"

ချင်ရှောင်ယွီက သူ့မေးကိုဆွဲကိုင်လိုက်ကာ မျက်နှာချင်းဆိုင်ပြီး နက်နဲသည့် အပြုံးဖြင့် ခြိမ်းခြောက်သည်။ "ဒါမှမဟုတ် မင်းသေချာ လေးကြည့်ကြည့်ပါလား"

ဒီလို ဆွဲစားတော့မလို အကြည့်မျိုးနဲ့ သခင်ကြီးကို မကြည့်နဲ့လေ.. ခွန်အားချင်းက တူတာ မဟုတ်ဘူး.. သခင်ကြီးကြောက်တယ်.. ချန်လင်က ချက်ချင်းပင် မာနနဲ့ သိက္ခာကို လမ်းဘေးသို့လွှတ်ပစ်လိုက်ပြီး.. "မင်းက ချောပါတယ်.. အရမ်းအရမ်း ချောပါတယ်.. ဘယ်လောက်ချောလဲဆိုရင် တိုက်တေနီယမ်သတ္တုနဲ့လုပ်ထားတဲ့ ခွေးရုပ်ထုကတောင် မင်းကို ပြန်မျက်စိကြိမ်းရလောက်အောင်ကို ချောပါတယ်"

ချင်ရှောင်ယွီ ခေါင်းရှုပ်သွားပုံနှင့် "ဒုတိယတစ်ခွန်းက ဘာကိုပြောတာလဲ"

ဟားဟားဟား ဟား!

ချန်လင် ချက်ချင်းပဲ သူ့ကိုယ်သူ ပိုအဆင့်မြင့်တဲ့လူသားတစ်ယောက်လိုခံစားလိုက်ရသည်။

မင်းလို ကျောက်ခောတ်လူသားက တိုက်တေနီယမ်ဆိုတာ ဘာလဲ ဘယ်သိပမလဲ...

"ဘာရယ်တာလဲ " ချင်ရှောင်ယွီက မျက်မှောင်ကြုတ်သည်..

ချန်လင်က လည်ချောင်းရှင်းသလို ချောင်းတချက်ဟန့်လိုက်ပြီး.. သူ့ကို အမြန်ပြောလိုက်သည်.. "Amoeba" (သိပ္ပံမှာသင်ရတဲ့ single cell လေးကိုပြောတာ)

မင်းမသိဘူးမှတ်လား ကောင်းလိုက်တာ !

ချင်ရှောင်ယွီက ချက်ချင်းသူ့ကို ဆွဲဖက်ကာ ကလိထိုးလေသည်..

"အား..." ချန်လင်က မျက်ရည်များဖြင့် လမ်းဘေးမှာ ကုပ်ကုပ်လေးဝပ်ပြီးထိုင်လိုက်သည်.. "မင်း အနိုင်မကျင့်နဲ့လေ"

ငါ့ကိုတခါတလေလေးတော့ မင်းထက်သာခွင့်ပေးပါအုန်း..

"မရဘူး" ချင်ရှောင်ယွီ ပုံက အရမ်းအူယားပြီး စိတ်ထဲစနိုးစနောင့် ပုံရသည်.. "နောက်တခါ မင်းကိုယ်မသိတဲ့စကားလုံးတွေ ပြောမယ်ဆိုရင် ကိုယ် ဒီလိုပဲ ကိုယ့်ဥပဒေအရ စီရင်ရမှာပဲ "

"......" ချန်လင် စိတ်ကောက်သွားသည်..

မင်း.. လက်ပါတဲ့ လူ့အဖွဲ့အစည်းက လူ...

သူတို့၂ဦး အိမ်ပြန်ရောက်ချိန်မှာ ကောင်းကင်က အတော်ပင်မှောင်နေပြီဖြစ်သည်.. တံခါးကနေဝင်လိုက်တာနဲ့ လီအရာရှိက အမြန်ပြေးထွက်လာ၏..

"ဘာဖြစ်လို့လဲ" ချန်လင်က လန့်သွားပြီးမေးသည်..

"ချင်ဂိုဏ်းချုပ် ပေါ်ဟောက်...ပေါ်ဟောက်မရှိတော့ဘူး"  အရာရှိလီ မျက်နှာက ဖြူလျော်နေပြီး ခုပဲ သတိလစ်တော့မည့် ပုံပေါက်နေသည်..

"မရှိတော့ဘူး ?" ချင်ရှောင်ယွီက မျက်မှောင်ကြုတ်သည်..

"ဟုတ်ပါတယ်" လီပေါ်ထျန်းက ဘေးမှ စိတ်ပူပန်ပြီး ဝင်ပြောသည်..

"တတိယညီက နေ့ခင်းတုန်းက စာလုပ်နေတာ.. ပြီးတော့ အကိုကြီးဆီသွားတယ် သိပ်မကြာဘူး ရှာမတွေ့တော့ဘူး"

"သူ့ကို လူလွှတ်ရှာပြီးပြီလား" ချင်ရှောင်ယွီက မေးသည်..

"ရှာပြီးပါပြီ.. ဒါပေမယ့် ဘသူမှရှာလို့မတွေ့ကြဘူး... တံခါးစောင့်ကတောင် သူထွက်သွားတာမမြင်လိုက်ဘူး"

လီပေါ်ထျန်းကပြောသည်... ""လီစံအိမ်တခုလုံးမြေလှန်ပြီးတာတောင် သူ့အရိပ်အေယာင်ကို လုံး၀မတွေ့ဘူး"

"ချင်ဂိုဏ်းချုပ် သူ့ကို ရအောင်ကယ်ပေးပါဦးဗျာ" လီသခင်ကြီးက အလွန်ပင်စိတ်ဆင်းရဲနေပြီး ချင်ရှောင်ယွီရှေ့မှာ ဒူးထောက်ချလိုက်ပြီး တောင်းပန်သည်.. လီအိမ်တော်မှာ လီပေါ် ထျန်းနဲ့ လီပေါ်ကျင်း နှစ်ယောက်ပဲ အကောင်းရှိတာ တစ်ယောက်က ပန်းသူခိုးလက်ချက်မိပြီးပြီ.. တခုခု ထပ်ဖြစ်မယ်ဆိုရင် လီအိမ်တော်က ဘိုးဘေးတွေကိုပြစရာ မျက်နှာ ရှိတော့မှာ မဟုတ်ဘူး..

"အရမ်းစိတ်မလှုပ်ရှားပါနဲ့  " ချင်ရှောင်ယွီက သူ့ကို တွဲထူလိုက်သည်.. "ကျွန်တော့်ရဲ လျှို့ဝှက်တပ်သားတွေကိုလွှတ်ပြီး ရှာပေးပါမယ်..တတိယသား သာ မြို့ထဲက မထွက်သွားသရွေ့ ရှာတွေ့မှာပါ"

"ကောင်းပါပြီ ကောင်းပါပြီ" လီသခင်ကြီးက ခေါင်းတဆက်ဆတ်ညိတ်ကာ ရေနစ်သူက နောက်ဆုံးကြိုးစ ကို ဆွဲဖမ်းထားသလို ခံစားနေရသည်..

"ဂိုဏ်းချုပ်" အနောက်ခြံဝန်းထဲတွင်တော့ ဟွာထန်က က ဖန်းရန်နဲ့ဆွေးနွေးနေပြီး ချင်ရှောင်ယွီကိုမြင်တော့ မတ်တပ်ရပ်ကာ နှုတ်ဆက်လိုက်သည်..

"လီပေါ်ဟောက်ကိုရှာတွေ့ကြပြီလား " ချင်ရှောင်ယွီကမေးသည်..

"မတွေ့သေးပါဘူး" ဖန်းရန်က ခေါင်းခါသည်.. "ကျွန်တော်အကုန်မေးပြီးပြီ.. ဘသူ့မှ ဘာသဲလွန်စမှ မရှိဘူး"

ပြောရရင် အရိပ် တပ်ဖွဲ့ဝင်တွေက ဒီလောက် နေရာတိုင်းမှာ လှည့်ပတ် ပြီး တည်ရှိနေတာ ဒီလောက်ကြီးတဲ့ လူကောင်ကြီးတစ်ကောင်လုံးက ဘသူမှ မမြင်လိုက်မကြားလိုက်ဘဲ ပျောက်သွားစရာ အကြောင်းလုံး၀မရှိဘူး.. တကယ်ကို ယုတ္ထိမရှိတဲ့ ကိစ္စကြီးဖြစ်နေတယ်..

"မြေအောက်လှိုဏ်ခေါင်းရှိတာ များလား" ဟွာထန်က မျက်မှောင်ကြုတ်ရင်းပြောသည်..

"လီသခင်ကြီးကိုမေးတာတော့ လီအိမ်တော်အောက်မှာ ပျက်ဆီးတာ ကြာနေတဲ့ လှိုဏ်ခေါင်းတခုတော့ ရှိတယ် ပြောတယ်.. ပင့်ကူအိမ်တွေပြည့်နေပြီး ပိတ်တာနှစ်ချီနေပြီ" ဖန်းရန်ကပြောသည်.. "လှိုဏ်ခေါင်းရှိမရှိဆိုတာထက် အတွင်းလူ ပြဿနာ ပိုဖြစ်နိုင်တယ် လီအိမ်တော်ရဲ့ တတိယသားက ဘာ အာဏာမှရှိတာမဟုတ်ဘူး လီအိမ်တော်ကို ကျွမ်းကျင်နေတဲ့ တစုံတယောက်က ဖမ်းခေါ်သွားတာဖြစ်နိင်တယ် "

"လူထပ်လွှတ်ပြီး စုံစမ်းခိုင်း " ချင်ရှောင်ယွီက ပြောသည်..  "ဒီညကိုလဲ အစောင့်ပိုတင်းကြပ်ထား မတော်တဆ မှု ဘာမှ မဖြစ်စေနဲ့"

Continue Reading

You'll Also Like

274K 43.2K 122
Our S.C.I leader Mouse Xiao Bai and Cute Psychologist Cat Zhan Zhao's love story
296K 7.3K 76
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
2.4M 153K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
308K 54.8K 74
Associated Names : Rebirth of Glory 重生之尊荣 Author(s) : Huai Ruo Gu 怀若谷 Artist(s) : N/A Y...