The Criminal & Habibi

By Sundi_Minie

61.7K 8.4K 1.4K

Fiction နဲ့ပတ်သတ်တာ သဘောမကျခဲ့သည်ရှိသော် စာရေးသူကို တိုက်ရိုက်လာပြောပေးပါ Jeon Jungkook♡KimTaehyung Sundi Min... More

Part 1
Bakari
Part 2
Note
Part 3
Part 4
Part 5
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Aarik
Part 17
အချစ် ဆုံးရှုံးမှု
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Interview
Part 29

Part 6

2K 336 36
By Sundi_Minie

Unicode

screen ထက်က ပုံတွေကို အရာရှိတစ်ချို့နဲ့အတူ ဝန်ကြီးချုပ်ပါ ထိုင်နေလျက်ရှိကာ ကြည့်နေတာဖြစ်သည်။ လျို့ဝှက်အင်ဂျင်စီအဖွဲ့ဟာ သူတို့ရှာဖွေထားသည့်အချက်အလက်တစ်ချို့ကို တင်ပြနေတာ။ 

"Ahmad Jeon...လို့ခေါ်တယ်..သွေးနှောတစ်ယောက်...Jeon Jungkook တဲ့...အဖေက ဟန်ဂုလူမျိုး...အမေက အာရပ်သူ...လက်ရှိ UAE နိုင်ငံသားအဖြစ် ခံယူထားတာ..."

screen ထက်ကပုံမှာ စွန်ငှက်ကို ကိုင်ထားကာ ပက္ကရီကို ဝတ်ထားပြီး မျက်နှာကိုအုပ်ထားလျက် ဂျွဗ်ဘာအဖြူရောင်ဖြင့်ရှိနေကာတစ်ဖက်တွင် ကုလားအုတ်အကြီးကြီးတစ်ကောင်ဖြင့် ပုံဖြစ်သည်။ 

"အစ္စလာမ်ဘာသာဝင်တစ်ယောက်ပါ...အာရဗီယန်းပေါ့...အဲ့တာမို့ကြောင့် သူ့ကို Ahmad Jeon လို့ဘဲသိကြတာ..."

"သူ့မျက်နှာဖော်ထားတဲ့ပုံမရှိဘူးလား...ဘယ်လိုကောင်ကများ ငါ့သားကို ပြန်ပေးဆွဲရဲသလဲဆိုတာ သိချင်လို့..."

"မရှိဘူး...ပုံတိုင်းမှာ မျက်နှာအုပ်ထားတာချည်းဘဲ...စုံစမ်းခဲ့သလောက် Ahmad Jeon..ရဲ့မျက်နှာကို မြင်ဖူးသူဆိုတာ မရှိဘူး...UAE ကရဲတွေတောင် မဖမ်းနိုင်ဘူး...ဒုစရိုက်လက်နက်ကိုင်လောကမှာ အာဏာအရှိဆုံးဘဲ...ရာဇဝတ်သားတစ်ယောက်ပါဘဲ...နိုင်ငံရဲ့အာဏာရှင်တွေတောင် မထိရဲတဲ့ ရာဇဝတ်သား...သူ့လက်ထဲမှာ ရှိနေတဲ့အဖိုးတန်တွေကိုလည်း ပြန်မယူနိုင်ရဲကြဘူး...အဲ့လောက်အထိ Ahmad Jeon ရဲ့ အာဏာက ပြင်းတယ်..."

"ငါက အဲ့စိန်တွေကို လွယ်လွယ်နဲ့ပေးလိုက်ရမှာလား...ငါ့အတွက်လည်း လွယ်လွယ်လည်း အဲ့ပစ္စည်းတွေက လေလံအောင်ခဲ့တာမဟုတ်ဘူး...အဲ့တာမို့ကြောင့် သားကို ပြန်ပေးဆွဲထားတာ...သိပ်လည်တာဘဲ.."

"ကျွန်တော်တို့နားလည်ပါတယ်...အခုမစ်ရှင်းမှာ လူကြီးမင်းရဲ့သားကိုကယ်ဖို့ပါဘဲ..."

"ဖမ်းလို့မရရင်တောင် အထိနာအောင်လုပ်ပေး..."

"ကျွန်တော်အကြံပေးနိုင်တာကို စိန်တွေကို ပေးလိုက်ပါ...လူကြီးမင်းဘက်ကပေးမယ်ဆိုတဲ့အရိပ်အယောင်ပြလိုက်ရင် Ahmad Jeon က လူကြီးမင်းရဲ့သားနဲ့အတူ ကျွန်တော်ရှေ့ပေါ်လာမှာဘဲ...ရာဇဝတ်သားကိုလည်း ဖမ်းကြရမှာပေါ့..."

ဝန်ကြီးချုပ်ဟာ ရှေ့ကရေတစ်ခွက်ကို မော့သောက်လိုက်ကာ လက်ထဲကစိန်ထုတ်ကို စားပွဲပေါ်တင်လိုက်သည်။

"ငါ့သားနဲ့ အဆက်အသွယ်ရချင်တယ်..."

"ကျွန်တော်တို့ Ahmad Jeon နဲ့အဆက်အသွယ်ရခဲ့ပါတယ်...ဒါပေမဲ့ ကလေးနဲ့ဆက်သွယ်ခွင့်မပေးခဲ့ဘူး....Ahmad Jeon က ရာဇဝတ်သားတစ်ယောက်ဖြစ်နေလို့ ဉာဏ်ကောင်းနေတာမဟုတ်ဘူး...ဉာဏ်ကောင်းနေလို့ ရာဇဝတ်သားဖြစ်နေတာ...တကယ့်ကို သူက ကျွန်တော်တို့တွေ့ဖူးသမျှထဲမှာ စစ်မှန်တဲ့ Criminal တစ်ယောက်ဘဲ..."

ပုံကို သေချာကြည့်ကာဖြင့် စူးရှနေသည့်မျက်ဝန်းကိုကြည့်လိုက်သည်။ တကယ့်ကို အဓိပ္ပာယ်ဖော်ရခဲ့သည့်မျက်ဝန်းမျိုး။

အဲ့တာမို့ကြောင့် Ahmad Jeon ကို မည်သူမှ မထိရဲတာလား။ ဓာတ်ပုံထဲက ကြောက်ရွံခြင်းမရှိသည့်မျက်ဝန်းတွေက စိန်ခေါ်မှုတွေအပြည့်နဲ့။ 

"ငါ့သား အထိအခိုက်မရှိဘဲ ငါ့ဆီပြန်လာဖို့အရေးကြီးတယ်...ကျန်တာမင်းတို့တာဝန် အဆင်ပြေသလိုလုပ်...သတ်လည်းကိစ္စမရှိဘူး...မင်းတို့အလုပ်က အဲ့တာဘဲမဟုတ်ဘူးလား....ငါ့အမိန့်ရှိတာဘဲ...ငါ့သားပြန်ပါလာဖို့အရေးကြီးတယ်"

ဝန်ကြီးဟာ ထိုသို့တစ်ခွန်းတည်း ပြောကာ ထထွက်သွားတာတော့ နောက်ကနေ လိုက်ရသည့်ဝန်ထမ်းများ။ အင်ဂျင့်အဖွဲ့ကလည်း ရိုသေစွာဖြင့်အမူအရာပြကာ နှုတ်ဆက်လိုက်သည်။

အခုမှာ သူတို့ကို တာဝန်ပေးသွားလိုက်ပြီဖြစ်သောကြောင့် မကြာခင် UAE ကိုသွားပြီး မစ်ရှင်းကို လုပ်ဆောင်ရတော့မှာဖြစ်ပေသည်။ 

...

ထိုနေ့ကစပြီး ကျွန်တော့်ရှေ့ကို သူလုံးဝမရောက်လာတော့တာ။ မေးခွန်းတစ်ခုက သူ့အတွက် သိပ်ကိုစိတ်ဆိုးစရာဖြစ်သွားခဲ့မယ်ဆိုရင်  မေးမိခဲ့မှာမဟုတ်သလို ကလေးအတွေးကြောင့် တကယ်မထင်ပင်မဲ့ ထိုစကားကို မေးချခဲ့မိတာ။ 

ထမင်းစားချိန်နဲ့ရေချိုးဖို့ဆို ညီအကိုနှစ်ယောက်လာလုပ်ပေးပင်မဲ့ သူ့ကို ကျွန်တော်တွေ့ခွင့်မရှိတာ ငါးရက်မြောက်နေ့။ ပြီးတော့ ဒီနေရာ ကျွန်တော်လက်ရှိအားကိုးမိတာ သူဘဲရှိတာ သိပင်မဲ့ ကျွန်တော်ကို တကယ်လျစ်လျူရှုခဲ့တာဖြစ်သည်။ 

"မစားချင်ဘူး ပြန်ယူသွား..."

"ထမင်းကို ခူးထည့်ပေးထားရင် မစားဘဲမနေရဘူး...အရှင်မြတ်မကြိုက်ဘူး...မစားချင်ရင်တောင် ကုန်သလောက်စားလိုက်...ကျန်တာ ငါတို့ညီအကိုနှစ်ယောက်စားပေးမယ်..."

"မစားချင်ဘူးလို့ပြောနေတယ်မလား...ပြန်ယူသွား...ပြီးတော့ ကျွန်တော်က ခင်ဗျားတို့နဲ့ ဘာမှမတူနေဘူး..."

"မင်းဒီလိုလုပ်နေလည်း ဆရာက ရောက်လာမှာမဟုတ်ဘူး...ဆရာ့အတွက် မင်းလိုကလေးတစ်ယောက်ကအရေးမပါဘူး...မင်းက ငါတို့နဲ့ဘာမှမတူနေဘူးလေမင်းပြောသလိုဘဲ..."

ထမင်းပန်းကန်ကိုပါ ပြန်ယူသွားပြီး Aarik ကထွက်သွားသည်။ စကားတစ်ခွန်းကြောင့် ရင်ထဲတွင် စို့နင့်စွာဖြင့် ဝမ်းနည်းလာသည်။ ပြီးတော့ ကိုယ်ပြောလိုက်သည့်စကားနဲ့ နာကျင်အောင်ထပ်ပြောသွားတာဖြစ်သည်။ 

နှုတ်ခမ်းလေးဟာ မဲ့တဲ့တဲ့ဖြစ်လာပြီး ငိုချင်စိတ်ကို ထိန်းထားနေမှန်းသိသာလာကာ မျက်ရည်စလေးတွေဟာလည်း ဝိုင်းလာလျက် ရှေ့က မြင်ကွင်းကို မှုန်းဝါးစေလျက်ရှိလာသည်။ 

အားငယ်စိတ်ကော ပြီးတော့ Aarik ပြောသွားတဲ့စကားတွေကြောင့်ကော ရင်ထဲမှာ တင်းကျပ်စွာဖြင့် စို့နင့်နေလျက်။ 

အရေးမပါဘူးဆိုရင် ဘာလို့ပြန်ပေးဆွဲသေးသလဲ။ ပြီးတော့ လာခဲ့ရင် တောင်းပန်စကားဆိုချင်လို့ စောင့်နေခဲ့တာ...ဒါပေမဲ့ သူ့ဘက်က ကျွန်တော့်ကို မမြင်ချင်လောက်အထိ ဖြစ်သွားမှန်းမသိခဲ့တာပင်။ 

ဗိုက်ဆာနေပင်မဲ့ သူလာအောင်လို့ တမင်ဂျစ်တိုက်ပြီး လုပ်လိုက်တာ။ သို့ပင်မဲ့ ရလဒ်က လျစ်လျူရှုခြင်းသာဖြစ်နေတော့ သိပ်ကိုရင်မောသွားရသည်။ 

ကုတင်ပေါ်တွင် ထိုင်ချလိုက်ကာ ငိုရှိုက်မိသည်။ မိသားစုလိုသဘောထားလာခြင်းအပေါ်မှာ လျစ်လျူရှုခံလိုက်ရခြင်းကြောင့် Taehyung မှာလုံးဝခံနိုင်ရည်မရှိဖြစ်သည်။ 

"ကိုယ်ဝင်လာလို့ရမလား..."

အပြင်ကနေကြားလိုက်ရသည့်သူ့အသံကြောင့် ငိုနေရင်းမှ ရပ်တန့်စွာဖြင့် မျက်ရည်တွေကို ကမန်းကတန်းသုတ်ကာ ကြည့်လိုက်တော့ သူက ဝင်လာသည်။

"Ahmad Jeon..."

"မင်းထမင်းမစားဘူးဆို...."

"ဟုတ်တယ်..."

နှာခေါင်းလေးကို တစ်ရှုတ်ရှုတ်လုပ်ကာ မငိုမိအောင်ထိန်းလိုက်ရင်း သူ့စကားကို ကျွန်တော်တုံ့ပြန်လိုက်သည်။ 

"ရိုဇီ(စားနပ်ရိက္ခာ)ဆိုတာ အလ္လာဟ်ချီးမြှင့်ပေးတာ...မင်းအတွက်ရိုဇီရှေ့ရောက်လာရင် မငြင်းနဲ့...ဒါဟာ မင်းရဲ့ရိုဇီမို့ မင်းစားခွင့်ရတာ...ကိုယ်မကြိုက်ဘူး...နောက်တစ်ခါ မင်းကို စားဖို့လာပို့ရင် မငြင်းနဲ့ ကုန်အောင်စားရမယ်...ဒီထမင်းတွေထဲမှာ ဗရ်ကသ်ဆိုတာရှိတယ်..."

"ကျွန်တော်က အာရဗီယန်းတစ်ယောက်မဟုတ်တော့ ခင်ဗျားတို့သတ်မှတ်ထားတဲ့ အရာတွေကို ကျွန်တော်မသိတာ ကျွန်တော့်အပြစ်လား...အခုစားရင် ရပြီမလား..."

သူ့လက်ထဲက ထမင်းပန်းကန်ကို ဆွဲယူလိုက်ကာ ပထမဆုံးစားပြလိုက်သည်။ ငိုချင်စိတ်ကလည်း ပြန်ဖြစ်လာလျက် မျက်ရည်များဟာလည်း ကျွန်တော်မတားမိခင် ကျလာတော့သည်။ မငိုချင်ပင်မဲ့ သူ့ရှေ့မှာ ထမင်းစားရင်း ကျွန်တော်ငိုမိနေတာ။

"ဒီနေ့...ကိုယ့်ရဲ့..."

"ကျွန်တော်တောင်းပန်ပါတယ်..ဟင့်....ကျွန်တော်ခင်ဗျားကို စိတ်ဆိုးအောင်...အင့်...မေးလိုက်တာ မဟုတ်ဘူး...ကျွန်တော့်ကို မချစ်ဘူးဆိုတာသိတယ်...ဒါပေမဲ့ ကလေးအတွေးနဲ့ကျွန်တော်က...ကျွန်တော်က မေးတာ...ဟင့်..တောင်းပန်ပါတယ်..."

Ahmad Jeon ဟာ ရှေ့ကနေ ထမင်းစားရင်း ငိုကာ သူ့ကိုတောင်းပန်လာသည့် ကလေးကို အံ့ဩမှုဖြင့်ကြည့်လိုက်သည်။ တကယ်ဆို အဲ့နေ့က စိတ်ဆိုးတာလည်းမဟုတ်ဘူး...ကိုယ့်စိတ်ကို လက်မခံနိုင်လို့ ဒေါသထွက်ရင်းက ဖြစ်ခဲ့တာဖြစ်သည်။

Taehyung ကိုလည်း စိတ်ဆိုးမှုမရှိပင်မဲ့ ကိုယ့်စိတ်မပြတ်မသားဖြစ်မှာဆိုးလို့ လာမတွေ့ခဲ့တာဖြစ်သည်။ နောက်ဆုံးရူးမိုက်စွာဖြင့် ဆုံးဖြတ်ချက်တစ်ခုကိုလည်း ချမှတ်ခဲ့သေးသည်။

"ကျွန်တော်က.....ခင်ဗျားတို့ကို...မိသားစုလို ချစ်တာ...အဲ့လိုကြီးလျစ်လျူရှုထားကြတော့ ကျွန်တော်မပျော်ဘူးလေ...အရင်လို ဂရုစိုက်ခံချင်တာပေါ့...တောင်းပန်ပါတယ်..."

ရင်ဘတ်ထဲက တင်းကျပ်မှုတွေနဲ့ မခံနိုင်မှုကြောင့် ဒီကလေးကို ဘယ်လိုများချော့မြူးရမလဲ။ မဟုတ်ဘူး...မဟုတ်ဘူး...လို့ငြင်းဆန်လိုက်ချင်ပင်မဲ့ နှုတ်ဝက မည်သူစကားမှ ထွက်မလာခဲ့ပေ။ 

"ဒီလို နေ့ကောင်းရက်မြတ်မှာ မငိုသင့်ဘူး...ကိုယ်မင်းကို စိတ်မဆိုးပါဘူး...ညကျရင် Aarik တို့ညီအကိုနဲ့ လိုက်ခဲ့ပါ...ကိုယ့်ရဲ့ နိကာဟ်ပွဲ..."

ထမင်းစားနေရင်း ရပ်သွားသလို ငိုရှိုက်နေခြင်းလည်း ရပ်သွားကာ သူ့ကို မော့ကြည့်လိုက်သည်။

နိကာဟ်ပွဲ...နိကာဟ်ဆိုတာ လက်ထပ်ထိမ်းမြှားတာ။ သူပြောတယ်...

"သက်သေလာလာလုပ်ပေးပေါ့...မငိုနဲ့တော့...ကိုယ်မင်းကို စိတ်လည်းမဆိုးသလို ဒေါသလည်းမထွက်ဘူး...ကိုယ်မလာတာက ကိုယ်မအားလို့ပါ..."

"နိကာဟ်ပွဲ...."

ဟိုတစ်နေ့ကတင် လက်မထပ်ချင်ဘူးလို့ ငြင်းနေသည့်လူတစ်ယောက်က ရက်ပိုင်းအတွင်း လက်ထပ်ပွဲတဲ့လား...ဘာလို့ပိုဝမ်းနည်းမိတာလဲ...ဘာလို့အရမ်းပိုငိုချင်ရတာလဲ။

"ကိုယ်သွားစရာရှိလို့ ညမှတွေ့ကြမယ်..."

"ခင်ဗျားရဲ့ သဟ်ဂျွဒ်နမာဇ်မှာ  ကျွန်တော့်နာမည်နဲ့တောင်းဆုပြုပေးခဲ့တာလဲ...ဒီတိုင်း ကလေးအတွေးမဟုတ်တော့ဘူး...နှလုံးသားထဲကနေ သိချင်လာတယ်"

"ကိုယ့်ရဲ့ တောင်းဆုတိုင်းမှာ မင်းအတွက်တင်မဟုတ်ဘူး...သေသူတွေအတွက် လောကကြီးကလူတွေအတွက် ကိုယ့်သတို့သမီးအတွက်...ပြီးတော့ ဧည့်သည်ဖြစ်တဲ့မင်းအတွက်...ကိုယ်ကအကုန်လုံးအတွက်တောင်းပေးတာ..."

"အော...Aarik ပြောခဲ့သလိုဘဲ...ကျွန်တော်က ခင်ဗျားအတွက် အရေးပါတဲ့လူတစ်ယောက်မဟုတ်ဘူးဘဲ..ခင်ဗျားကျွေးတဲ့နေ့လည်စာအရမ်းစားလို့ကောင်းတယ်...ကျွန်တော်အကုန်စားလိုက်တယ်...အရမ်းစာလို့ကောင်းတာတောင် ဘာလို့မပျော်လဲတော့ကျွန်တော်မသိဘူး..."

ထိုကလေးရဲ့ စကားတွေက ရင်ဘတ်ထဲမှာ နင့်စရာသိပ်ကောင်းနေပြီး ခံနိုင်ရည်မရှိတော့မှုကြောင့်ထိုထဲမှ ထွက်လာခဲ့မိသည်။ လက်သီးပြင်းပြင်းဆုပ်ကာ ခံစားချက်တွေကို လျစ်လျူရှုရင်း။

အချစ် မေတ္တာဆိုတာ အကြောင်းပြချက်မရှိ  အကြောင်းအရင်းမရှိ အချိန်မရွေးပေါ်ပေါက်လာနိုင်တာ။ တကယ်ကို သိပ်မှန်တယ်။ ပထမဆုံးတွေ့ဆုံခြင်းမှာချစ်သွားနိုင်သလို နောက်ဆုံးမှခံစားချက်ကိုသေချာသိပြီး ချစ်သွားနိုင်တတ်တယ်...။

တွေ့ရှိထဲမှာ ခနမျှဆိုပင်မဲ့ မေတ္တာလေးကြောင့် အပြစ်တွေများနေပြီ။

ညနေဘက်ကျတော့ Aarik က Taehyung ဝတ်ဖို့ ဝတ်စုံသစ်လေး လာပေးသည်။

"ပြင်ဆင်ပေးရမလား..."

"အခမ်းအနားက ဘယ်အချိန်လည်း Aarik..."

"နေဝင်ပြီး မဂ်ရိဗ်အချိန်....မရီး Zahrah ရဲ့အိမ်မှာ....."

"သိပြီ...ရတယ်...ကျွန်တော်ဒါတွေကို ဝတ်တတ်နေပြီမို့ ကိုယ့်ဘာသာဘဲလုပ်လိုက်မယ်..."

ထို့နောက် Aarik က ထွက်သွားသည်။ တဲထဲကနေ အပြင်သို့ ငေးကြည့်လိုက်တော့ လူတွေဟာ ပျော်ပါးလျက် အခမ်းအနားကို ကြိုဆိုနေပြီဆိုတာ တွေ့လိုက်ရသည်။ ယူလာပေးသည့် ဝတ်စုံသစ်ကို လဲကာ ပက္ကရီလေးကို မပတ်တတ်သည်မို့ ပုခုံးပေါ်တွင်သာ တင်ထားလိုက်ပြီး ကာဂျဲလ်လည်းတို့ပေးမယ့်သူမရှိဘူးဆိုတာ ဝမ်းနည်းစရာပင်။ 

ဝတ်စုံဖြူလေးနဲ့ သတို့သမီးလေးကို မြင်တော့ ရင်ဘတ်ထဲမှာ သိမ့်ခနဲပင်။ မချစ်ဘဲနဲ့ ဘာလို့ရုတ်တရက်လက်ထပ်ရတာလဲဆိုတာ အတွေးတွေက ယောင်ချာချာဖြင့်။ 

သူ့ရဲ့ဂရုစိုက်မှုတွေ။ အပြုံးတွေ။ ကလေးတစ်ယောက်လိုမျိုး ယုယပေးတာတွေက အတွေးထဲဝင်လာသည်။ 

မိုးရိပ်တွေကသန်းလာပြီး အုံ့မှိုင်းမှိုင်းဖြင့် မိုးစလေးတွေကျဆင်းလာခြင်းနဲ့အတူ Taehyung ရဲ့မျက်ရည်စများ။ 

နှုတ်ခမ်းလေးဟာ မဲ့ကျလျက်...ယခုအခြေအနေတွေကို အလိုမကျသလိုမျိုး။

ကျွန်တော်ဘာဖြစ်နေတာလဲ။..ဘာလို့အရမ်းဝမ်းနည်းနေတာလဲ...ဝမ်းသာပေးရမှာလေ...ဝမ်းသာပေးရမှာလို့...

"Ahmad Jeon...ဟင့်..."

နေ့တိုင်း စွန်ပလွံသီးလည်း ယူချင်တယ်...ကာဂျဲလ်လည်း နေ့တိုင်းအတို့ခံချင်တယ်...ခင်ဗျားသွားတဲ့နောက် အာရပ်တစ်ခွင် ပတ်လိုက်ချင်တယ်...

မိုးရွာထဲသို့ ဝင်လိုက်တော့ အင်္ကျီအသစ်လေးဟာလည်း စိုရွဲသွားကာ တစ်ခနအတွင်း Taehyung သည် မိုးရေထဲ၌ ရှိနေကာ ဝမ်းနည်းမှုအပိုင်းအစတွေ။

Habibi လို့အခေါ်ခံရတာလည်းအကျင့်ဖြစ်နေပြီ။...

"Taehyung..."

"သူကော...သူကောလို့...ပြောစမ်းပါ..."

"မင်းရှေ့ဆက်တိုးလို့မရဘူး..."

"ကျွန်တော်နာကျင်နေတယ်လေ...Aarik ခင်ဗျားသိလား...ကျွန်တော်နာကျင်နေတာလေ...ကျွန်တော်သူ့ကိုချစ်နေတာ...သူဘယ်မှာလဲပြောပြပါ...နော်...ကျွန်တော်တို့က ဘာမှမတူညီနေဘူးဆိုတာသိတယ်...ကျွန်တော်တူညီအောင်လုပ်မယ်လေ..."

မျက်ရည်စလေးတွေဟာ မိုးရေတွေနဲ့ရောယှက်သွားပင်မဲ့ Aarik ဟာ ကျွန်တော်အား သနားမျက်ဝန်းတွေဖြင့် ကြည့်ကာ ရွေးချယ်ဖို့ခဲယဉ်းနေသလို။

"ခနဆို...ဝတ်ပြုပြီးတာနဲ့ လက်ထပ်ကြတော့မှာ...အနည်းဆုံးတော့ ကျွန်တော်မေတ္တာရှိနေကြောင်း ပြောပါရစေ...အပြစ်ဆိုလည်း ကျွန်တော်ခံပါ့မယ်...သူ့အစားလည်း ခံပါ့မယ်..."

"အခမ်းအနားပွဲရဲ့ အနောက်ဘက်မှာ ရှိနေတယ်...အခုသွားရင် ရှိနေအုံးမှာ..."

မျက်ရည်တွေကို သုတ်ပစ်လျက် မိုးရေထဲကနေ ပြေးလာကာ သူရှိရာသို့ ကျွန်တော့်ခြေလှမ်းတွေဟာ။

မောဟိုက်ခြင်းတွေကြား ရှိုက်သံလေးဟာ ဝမ်းနည်းမှုတွေ။

အပြစ်လား...အပြစ်တစ်ခုဆို ကျွန်တော်ခံမယ်....ဒီအပြစ်ကို ရဲရဲဝံ့ဝံ့ကို ကျွန်တော်ခံပစ်မယ်။

"Ahmad Jeon..."

ထီးဆောင်းကာဖြင့် မိုးရေထဲတွင် ရပ်နေသူက ကျွန်တော့်အားလှည့်ကြည့်လာသည်။ သတို့သားဝတ်စုံမှန်းသိသာနေပြီး ပုံမှန်ဝတ်တာနဲ့အတူတူဆိုပင်မဲ့...ဒါဟာ ပိုသပ်ရပ်နေသည်။

"Taehyung..."

"ကျွန်တော်သိပြီ...တမန်တော်မြတ်(ﷺ) က ခဒီဂျာသခင်မကို ဘယ်လောက်အထိချစ်မြတ်နိုးလဲဆိုတာ....အဲ့လိုဘဲ ခဒီဂျာသခင်မကလည်း တမန်တော်မြတ်(ﷺ) အနားမှာ တစ်ချိန်လုံးရှိနေပြီး ထပ်တူချစ်မြတ်နိုးတာ...ကျွန်တော် တမန်တော်မြတ်(ﷺ) ရဲ့ အတ္ထုပ္ပတ္တိကို ဖတ်ခဲ့တယ်..."

"Taehyung..."

"ကျွန်တော်လည်း ခင်ဗျားကို အဲ့လိုမျိုး မြတ်နိုးတာ...ကျွန်တော်က အာရဗီယန်းမဟုတ်ဘူးဆိုတာသိတယ်..မြတ်နိုးတယ်...ချစ်တယ်ခင်ဗျားကို...ကျွန်တော်အခုသေချာသိသွားပြီ...ခင်ဗျားကျွန်တော့်ကိုမချစ်လည်းရတယ်...ခင်ဗျားကိုချစ်လို့အပြစ်တစ်ခုဆိုရင်တောင် ကျွန်တော်ခံပါ့မယ်...ကျွန်တော့်ကို နိကာဟ်ဖတ်ပါ..."

"မင်းဘာတွေပြောနေတာလဲ...သွားလိုက်တော့ Taehyung..."

"ကျွန်တော် ခင်ဗျားကို ချစ်တယ် Ahmad Jeon...ကျွန်တော်ကလေ ကုလားအုတ်သားလည်း စားနိုင်တယ်...စွန်ပလွံသီးလည်း ကြိုက်တယ်...ကာဂျဲလ်ကိုလည်း မြတ်နိုးတယ်...နောက်ဆုံး ခင်ဗျားနဲ့အတူ မနက် ၂နာရီမှာတောင် သဟ်ဂျွဒ်ထဖတ်နိုင်တယ်..."

"မင်းကိုယ်နဲ့နေရင် ပျော်ရမှာမဟုတ်ဘူး...ကိုယ်တို့ကစည်းကမ်းချက်ကြီးတယ်...သတ်မှတ်ထားတာများတယ်..."

"ခင်ဗျားရှိတယ်.. ကျွန်တော်သိလာတာက ဒီလောကကြီးမှာရှိနေစဉ် ကျွန်တော်ခင်ဗျားကို လိုအပ်တယ်..."

ထီးကို မြေကြီးပေါ်သို့ ပစ်ချလိုက်တော့ Taehyung နဲ့ထပ်တူ Ahmad Jeon မှာ မိုးရေမှာ ခစားသွားလျက်။ 

"တမန်တော်မြတ်(ﷺ) က မိမိရဲ့ ပထမဆုံး ဇနီးသည် ခဒီဂျာသခင်မကို အရမ်းတန်ဖိုးထားတယ်...ခဒီဂျာသခင်မကွယ်လွန်သွားတာတောင် အမြဲတမ်းသတိရလေ့ရှိပြီး လေးလေးစားစားနဲ့ နာမည်ကိုင်သတိရတယ်...ခဒီဂျာသခင်မကွယ်လွန်ပြီး တခြားဇနီးသည်အများကြီးလက်ထပ်ခဲ့တာတောင် တမန်တော်မြတ်(ﷺ) က ခဒီဂျာ သခင်မကို မမေ့ခဲ့ဘူး...ဘာကြောင့်သိပ်မြတ်နိုးလဲဆိုရင် အားလုံးက ဆန့်ကျင်နေချိန် လူတိုင်းက ငြင်းဆန်နေချိန်မှာ ခဒီဂျာသခင်မတစ်ယောက်တည်းကသာ တမန်တော်မြတ်(ﷺ)  အနားမှာ ရှိနေပေးခဲ့လို့ဘဲ...အဲ့တာကြောင့် ကိုရိုင်းရှ် မျိုးနွယ်ဝင် ဒီအမျိုးသမီးကို သိပ်မြတ်နိုးတာ..."

"ဘာပြောချင်တာလဲ နားလည်တာမို့...ချစ်တယ်...ခင်ဗျားကို..."

"မိုးတွေသည်းထန်တယ်...သဲမုန်တိုင်းတွေငြိမ်သက်တယ်...ချမ်းစိ့မ်ခြင်းတွေကြား မေတ္တာဟာ နွေးထွေးတယ်...ရူးမိုက်စွာနဲ့...Taehyung..."

ဆက်မပြောခင် ထပ်ပြီး အားယူလိုက်သည်။

"ကိုယ်နဲ့ နိကာဟ်ဖတ်မလား..."

...
ဖတ်ရတာအဆင်မပြေတဲ့နေရာ ပြင်ဆင်စေချင်တဲ့နေရာ စာရေးသူကို ထောက်ပေးပါနော်...

3.5.2024
By Sundi Minie

Zawgyi

screen ထက္က ပုံေတြကို အရာရွိတစ္ခ်ိဳ႕နဲ႕အတူ ဝန္ႀကီးခ်ဳပ္ပါ ထိုင္ေနလ်က္ရွိကာ ၾကည့္ေနတာျဖစ္သည္။ လ်ိဳ႕ဝွက္အင္ဂ်င္စီအဖြဲ႕ဟာ သူတို႔ရွာေဖြထားသည့္အခ်က္အလက္တစ္ခ်ိဳ႕ကို တင္ျပေနတာ။ 

"Ahmad Jeon...လို႔ေခၚတယ္..ေသြးေႏွာတစ္ေယာက္...Jeon Jungkook တဲ့...အေဖက ဟန္ဂုလူမ်ိဳး...အေမက အာရပ္သူ...လက္ရွိ UAE နိုင္ငံသားအျဖစ္ ခံယူထားတာ..."

screen ထက္ကပုံမွာ စြန္ငွက္ကို ကိုင္ထားကာ ပကၠရီကို ဝတ္ထားၿပီး မ်က္ႏွာကိုအုပ္ထားလ်က္ ဂြၽဗ္ဘာအျဖဴေရာင္ျဖင့္ရွိေနကာတစ္ဖက္တြင္ ကုလားအုတ္အႀကီးႀကီးတစ္ေကာင္ျဖင့္ ပုံျဖစ္သည္။ 

"အစၥလာမ္ဘာသာဝင္တစ္ေယာက္ပါ...အာရဗီယန္းေပါ့...အဲ့တာမို႔ေၾကာင့္ သူ႕ကို Ahmad Jeon လို႔ဘဲသိၾကတာ..."

"သူ႕မ်က္ႏွာေဖာ္ထားတဲ့ပုံမရွိဘူးလား...ဘယ္လိုေကာင္ကမ်ား ငါ့သားကို ျပန္ေပးဆြဲရဲသလဲဆိုတာ သိခ်င္လို႔..."

"မရွိဘူး...ပုံတိုင္းမွာ မ်က္ႏွာအုပ္ထားတာခ်ည္းဘဲ...စုံစမ္းခဲ့သေလာက္ Ahmad Jeon..ရဲ႕မ်က္ႏွာကို ျမင္ဖူးသူဆိုတာ မရွိဘူး...UAE ကရဲေတြေတာင္ မဖမ္းနိုင္ဘူး...ဒုစရိုက္လက္နက္ကိုင္ေလာကမွာ အာဏာအရွိဆုံးဘဲ...ရာဇဝတ္သားတစ္ေယာက္ပါဘဲ...နိုင္ငံရဲ႕အာဏာရွင္ေတြေတာင္ မထိရဲတဲ့ ရာဇဝတ္သား...သူ႕လက္ထဲမွာ ရွိေနတဲ့အဖိုးတန္ေတြကိုလည္း ျပန္မယူနိုင္ရဲၾကဘူး...အဲ့ေလာက္အထိ Ahmad Jeon ရဲ႕ အာဏာက ျပင္းတယ္..."

"ငါက အဲ့စိန္ေတြကို လြယ္လြယ္နဲ႕ေပးလိုက္ရမွာလား...ငါ့အတြက္လည္း လြယ္လြယ္လည္း အဲ့ပစၥည္းေတြက ေလလံေအာင္ခဲ့တာမဟုတ္ဘူး...အဲ့တာမို႔ေၾကာင့္ သားကို ျပန္ေပးဆြဲထားတာ...သိပ္လည္တာဘဲ.."

"ကြၽန္ေတာ္တို႔နားလည္ပါတယ္...အခုမစ္ရွင္းမွာ လူႀကီးမင္းရဲ႕သားကိုကယ္ဖို႔ပါဘဲ..."

"ဖမ္းလို႔မရရင္ေတာင္ အထိနာေအာင္လုပ္ေပး..."

"ကြၽန္ေတာ္အႀကံေပးနိုင္တာကို စိန္ေတြကို ေပးလိုက္ပါ...လူႀကီးမင္းဘက္ကေပးမယ္ဆိုတဲ့အရိပ္အေယာင္ျပလိုက္ရင္ Ahmad Jeon က လူႀကီးမင္းရဲ႕သားနဲ႕အတူ ကြၽန္ေတာ္ေရွ႕ေပၚလာမွာဘဲ...ရာဇဝတ္သားကိုလည္း ဖမ္းၾကရမွာေပါ့..."

ဝန္ႀကီးခ်ဳပ္ဟာ ေရွ႕ကေရတစ္ခြက္ကို ေမာ့ေသာက္လိုက္ကာ လက္ထဲကစိန္ထုတ္ကို စားပြဲေပၚတင္လိုက္သည္။

"ငါ့သားနဲ႕ အဆက္အသြယ္ရခ်င္တယ္..."

"ကြၽန္ေတာ္တို႔ Ahmad Jeon နဲ႕အဆက္အသြယ္ရခဲ့ပါတယ္...ဒါေပမဲ့ ကေလးနဲ႕ဆက္သြယ္ခြင့္မေပးခဲ့ဘူး....Ahmad Jeon က ရာဇဝတ္သားတစ္ေယာက္ျဖစ္ေနလို႔ ဉာဏ္ေကာင္းေနတာမဟုတ္ဘူး...ဉာဏ္ေကာင္းေနလို႔ ရာဇဝတ္သားျဖစ္ေနတာ...တကယ့္ကို သူက ကြၽန္ေတာ္တို႔ေတြ႕ဖူးသမွ်ထဲမွာ စစ္မွန္တဲ့ Criminal တစ္ေယာက္ဘဲ..."

ပုံကို ေသခ်ာၾကည့္ကာျဖင့္ စူးရွေနသည့္မ်က္ဝန္းကိုၾကည့္လိုက္သည္။ တကယ့္ကို အဓိပၸာယ္ေဖာ္ရခဲ့သည့္မ်က္ဝန္းမ်ိဳး။

အဲ့တာမို႔ေၾကာင့္ Ahmad Jeon ကို မည္သူမွ မထိရဲတာလား။ ဓာတ္ပုံထဲက ေၾကာက္႐ြံျခင္းမရွိသည့္မ်က္ဝန္းေတြက စိန္ေခၚမႈေတြအျပည့္နဲ႕။ 

"ငါ့သား အထိအခိုက္မရွိဘဲ ငါ့ဆီျပန္လာဖို႔အေရးႀကီးတယ္...က်န္တာမင္းတို႔တာဝန္ အဆင္ေျပသလိုလုပ္...သတ္လည္းကိစၥမရွိဘူး...မင္းတို႔အလုပ္က အဲ့တာဘဲမဟုတ္ဘူးလား....ငါ့အမိန့္ရွိတာဘဲ...ငါ့သားျပန္ပါလာဖို႔အေရးႀကီးတယ္"

ဝန္ႀကီးဟာ ထိုသို႔တစ္ခြန္းတည္း ေျပာကာ ထထြက္သြားတာေတာ့ ေနာက္ကေန လိုက္ရသည့္ဝန္ထမ္းမ်ား။ အင္ဂ်င့္အဖြဲ႕ကလည္း ရိုေသစြာျဖင့္အမူအရာျပကာ ႏႈတ္ဆက္လိုက္သည္။

အခုမွာ သူတို႔ကို တာဝန္ေပးသြားလိုက္ၿပီျဖစ္ေသာေၾကာင့္ မၾကာခင္ UAE ကိုသြားၿပီး မစ္ရွင္းကို လုပ္ေဆာင္ရေတာ့မွာျဖစ္ေပသည္။ 

...

ထိုေန႕ကစၿပီး ကြၽန္ေတာ့္ေရွ႕ကို သူလုံးဝမေရာက္လာေတာ့တာ။ ေမးခြန္းတစ္ခုက သူ႕အတြက္ သိပ္ကိုစိတ္ဆိုးစရာျဖစ္သြားခဲ့မယ္ဆိုရင္  ေမးမိခဲ့မွာမဟုတ္သလို ကေလးအေတြးေၾကာင့္ တကယ္မထင္ပင္မဲ့ ထိုစကားကို ေမးခ်ခဲ့မိတာ။ 

ထမင္းစားခ်ိန္နဲ႕ေရခ်ိဳးဖို႔ဆို ညီအကိုႏွစ္ေယာက္လာလုပ္ေပးပင္မဲ့ သူ႕ကို ကြၽန္ေတာ္ေတြ႕ခြင့္မရွိတာ ငါးရက္ေျမာက္ေန႕။ ၿပီးေတာ့ ဒီေနရာ ကြၽန္ေတာ္လက္ရွိအားကိုးမိတာ သူဘဲရွိတာ သိပင္မဲ့ ကြၽန္ေတာ္ကို တကယ္လ်စ္လ်ဴရႈခဲ့တာျဖစ္သည္။ 

"မစားခ်င္ဘူး ျပန္ယူသြား..."

"ထမင္းကို ခူးထည့္ေပးထားရင္ မစားဘဲမေနရဘူး...အရွင္ျမတ္မႀကိဳက္ဘူး...မစားခ်င္ရင္ေတာင္ ကုန္သေလာက္စားလိုက္...က်န္တာ ငါတို႔ညီအကိုႏွစ္ေယာက္စားေပးမယ္..."

"မစားခ်င္ဘူးလို႔ေျပာေနတယ္မလား...ျပန္ယူသြား...ၿပီးေတာ့ ကြၽန္ေတာ္က ခင္ဗ်ားတို႔နဲ႕ ဘာမွမတူေနဘူး..."

"မင္းဒီလိုလုပ္ေနလည္း ဆရာက ေရာက္လာမွာမဟုတ္ဘူး...ဆရာ့အတြက္ မင္းလိုကေလးတစ္ေယာက္ကအေရးမပါဘူး...မင္းက ငါတို႔နဲ႕ဘာမွမတူေနဘူးေလမင္းေျပာသလိုဘဲ..."

ထမင္းပန္းကန္ကိုပါ ျပန္ယူသြားၿပီး Aarik ကထြက္သြားသည္။ စကားတစ္ခြန္းေၾကာင့္ ရင္ထဲတြင္ စို႔နင့္စြာျဖင့္ ဝမ္းနည္းလာသည္။ ၿပီးေတာ့ ကိုယ္ေျပာလိုက္သည့္စကားနဲ႕ နာက်င္ေအာင္ထပ္ေျပာသြားတာျဖစ္သည္။ 

ႏႈတ္ခမ္းေလးဟာ မဲ့တဲ့တဲ့ျဖစ္လာၿပီး ငိုခ်င္စိတ္ကို ထိန္းထားေနမွန္းသိသာလာကာ မ်က္ရည္စေလးေတြဟာလည္း ဝိုင္းလာလ်က္ ေရွ႕က ျမင္ကြင္းကို မႈန္းဝါးေစလ်က္ရွိလာသည္။ 

အားငယ္စိတ္ေကာ ၿပီးေတာ့ Aarik ေျပာသြားတဲ့စကားေတြေၾကာင့္ေကာ ရင္ထဲမွာ တင္းက်ပ္စြာျဖင့္ စို႔နင့္ေနလ်က္။ 

အေရးမပါဘူးဆိုရင္ ဘာလို႔ျပန္ေပးဆြဲေသးသလဲ။ ၿပီးေတာ့ လာခဲ့ရင္ ေတာင္းပန္စကားဆိုခ်င္လို႔ ေစာင့္ေနခဲ့တာ...ဒါေပမဲ့ သူ႕ဘက္က ကြၽန္ေတာ့္ကို မျမင္ခ်င္ေလာက္အထိ ျဖစ္သြားမွန္းမသိခဲ့တာပင္။ 

ဗိုက္ဆာေနပင္မဲ့ သူလာေအာင္လို႔ တမင္ဂ်စ္တိုက္ၿပီး လုပ္လိုက္တာ။ သို႔ပင္မဲ့ ရလဒ္က လ်စ္လ်ဴရႈျခင္းသာျဖစ္ေနေတာ့ သိပ္ကိုရင္ေမာသြားရသည္။ 

ကုတင္ေပၚတြင္ ထိုင္ခ်လိဳက္ကာ ငိုရွိုက္မိသည္။ မိသားစုလိုသေဘာထားလာျခင္းအေပၚမွာ လ်စ္လ်ဴရႈခံလိုက္ရျခင္းေၾကာင့္ Taehyung မွာလုံးဝခံနိုင္ရည္မရွိျဖစ္သည္။ 

"ကိုယ္ဝင္လာလို႔ရမလား..."

အျပင္ကေနၾကားလိုက္ရသည့္သူ႕အသံေၾကာင့္ ငိုေနရင္းမွ ရပ္တန႔္စြာျဖင့္ မ်က္ရည္ေတြကို ကမန္းကတန္းသုတ္ကာ ၾကည့္လိုက္ေတာ့ သူက ဝင္လာသည္။

"Ahmad Jeon..."

"မင္းထမင္းမစားဘူးဆို...."

"ဟုတ္တယ္..."

ႏွာေခါင္းေလးကို တစ္ရႈတ္ရႈတ္လုပ္ကာ မငိုမိေအာင္ထိန္းလိုက္ရင္း သူ႕စကားကို ကြၽန္ေတာ္တုံ႕ျပန္လိုက္သည္။ 

"ရိုဇီ(စားနပ္ရိကၡာ)ဆိုတာ အလႅာဟ္ခ်ီးျမႇင့္ေပးတာ...မင္းအတြက္ရိုဇီေရွ႕ေရာက္လာရင္ မျငင္းနဲ႕...ဒါဟာ မင္းရဲ႕ရိုဇီမို႔ မင္းစားခြင့္ရတာ...ကိုယ္မႀကိဳက္ဘူး...ေနာက္တစ္ခါ မင္းကို စားဖို႔လာပို႔ရင္ မျငင္းနဲ႕ ကုန္ေအာင္စားရမယ္...ဒီထမင္းေတြထဲမွာ ဗရ္ကသ္ဆိုတာရွိတယ္..."

"ကြၽန္ေတာ္က အာရဗီယန္းတစ္ေယာက္မဟုတ္ေတာ့ ခင္ဗ်ားတို႔သတ္မွတ္ထားတဲ့ အရာေတြကို ကြၽန္ေတာ္မသိတာ ကြၽန္ေတာ့္အျပစ္လား...အခုစားရင္ ရၿပီမလား..."

သူ႕လက္ထဲက ထမင္းပန္းကန္ကို ဆြဲယူလိုက္ကာ ပထမဆုံးစားျပလိုက္သည္။ ငိုခ်င္စိတ္ကလည္း ျပန္ျဖစ္လာလ်က္ မ်က္ရည္မ်ားဟာလည္း ကြၽန္ေတာ္မတားမိခင္ က်လာေတာ့သည္။ မငိုခ်င္ပင္မဲ့ သူ႕ေရွ႕မွာ ထမင္းစားရင္း ကြၽန္ေတာ္ငိုမိေနတာ။

"ဒီေန႕...ကိုယ့္ရဲ႕..."

"ကြၽန္ေတာ္ေတာင္းပန္ပါတယ္..ဟင့္....ကြၽန္ေတာ္ခင္ဗ်ားကို စိတ္ဆိုးေအာင္...အင့္...ေမးလိုက္တာ မဟုတ္ဘူး...ကြၽန္ေတာ့္ကို မခ်စ္ဘူးဆိုတာသိတယ္...ဒါေပမဲ့ ကေလးအေတြးနဲ႕ကြၽန္ေတာ္က...ကြၽန္ေတာ္က ေမးတာ...ဟင့္..ေတာင္းပန္ပါတယ္..."

Ahmad Jeon ဟာ ေရွ႕ကေန ထမင္းစားရင္း ငိုကာ သူ႕ကိုေတာင္းပန္လာသည့္ ကေလးကို အံ့ဩမႈျဖင့္ၾကည့္လိုက္သည္။ တကယ္ဆို အဲ့ေန႕က စိတ္ဆိုးတာလည္းမဟုတ္ဘူး...ကိုယ့္စိတ္ကို လက္မခံနိုင္လို႔ ေဒါသထြက္ရင္းက ျဖစ္ခဲ့တာျဖစ္သည္။

Taehyung ကိုလည္း စိတ္ဆိုးမႈမရွိပင္မဲ့ ကိုယ့္စိတ္မျပတ္မသားျဖစ္မွာဆိုးလို႔ လာမေတြ႕ခဲ့တာျဖစ္သည္။ ေနာက္ဆုံး႐ူးမိုက္စြာျဖင့္ ဆုံးျဖတ္ခ်က္တစ္ခုကိုလည္း ခ်မွတ္ခဲ့ေသးသည္။

"ကြၽန္ေတာ္က.....ခင္ဗ်ားတို႔ကို...မိသားစုလို ခ်စ္တာ...အဲ့လိုႀကီးလ်စ္လ်ဴရႈထားၾကေတာ့ ကြၽန္ေတာ္မေပ်ာ္ဘူးေလ...အရင္လို ဂ႐ုစိုက္ခံခ်င္တာေပါ့...ေတာင္းပန္ပါတယ္..."

ရင္ဘတ္ထဲက တင္းက်ပ္မႈေတြနဲ႕ မခံနိုင္မႈေၾကာင့္ ဒီကေလးကို ဘယ္လိုမ်ားေခ်ာ့ျမဴးရမလဲ။ မဟုတ္ဘူး...မဟုတ္ဘူး...လို႔ျငင္းဆန္လိုက္ခ်င္ပင္မဲ့ ႏႈတ္ဝက မည္သူစကားမွ ထြက္မလာခဲ့ေပ။ 

"ဒီလို ေန႕ေကာင္းရက္ျမတ္မွာ မငိုသင့္ဘူး...ကိုယ္မင္းကို စိတ္မဆိုးပါဘူး...ညက်ရင္ Aarik တို႔ညီအကိုနဲ႕ လိုက္ခဲ့ပါ...ကိုယ့္ရဲ႕ နိကာဟ္ပြဲ..."

ထမင္းစားေနရင္း ရပ္သြားသလို ငိုရွိုက္ေနျခင္းလည္း ရပ္သြားကာ သူ႕ကို ေမာ့ၾကည့္လိုက္သည္။

နိကာဟ္ပြဲ...နိကာဟ္ဆိုတာ လက္ထပ္ထိမ္းျမႇားတာ။ သူေျပာတယ္...

"သက္ေသလာလာလုပ္ေပးေပါ့...မငိုနဲ႕ေတာ့...ကိုယ္မင္းကို စိတ္လည္းမဆိုးသလို ေဒါသလည္းမထြက္ဘူး...ကိုယ္မလာတာက ကိုယ္မအားလို႔ပါ..."

"နိကာဟ္ပြဲ...."

ဟိုတစ္ေန႕ကတင္ လက္မထပ္ခ်င္ဘူးလို႔ ျငင္းေနသည့္လူတစ္ေယာက္က ရက္ပိုင္းအတြင္း လက္ထပ္ပြဲတဲ့လား...ဘာလို႔ပိုဝမ္းနည္းမိတာလဲ...ဘာလို႔အရမ္းပိုငိုခ်င္ရတာလဲ။

"ကိုယ္သြားစရာရွိလို႔ ညမွေတြ႕ၾကမယ္..."

"ခင္ဗ်ားရဲ႕ သဟ္ဂြၽဒ္နမာဇ္မွာ  ကြၽန္ေတာ့္နာမည္နဲ႕ေတာင္းဆုျပဳေပးခဲ့တာလဲ...ဒီတိုင္း ကေလးအေတြးမဟုတ္ေတာ့ဘူး...ႏွလုံးသားထဲကေန သိခ်င္လာတယ္"

"ကိုယ့္ရဲ႕ ေတာင္းဆုတိုင္းမွာ မင္းအတြက္တင္မဟုတ္ဘူး...ေသသူေတြအတြက္ ေလာကႀကီးကလူေတြအတြက္ ကိုယ့္သတို႔သမီးအတြက္...ၿပီးေတာ့ ဧည့္သည္ျဖစ္တဲ့မင္းအတြက္...ကိုယ္ကအကုန္လုံးအတြက္ေတာင္းေပးတာ..."

"ေအာ...Aarik ေျပာခဲ့သလိုဘဲ...ကြၽန္ေတာ္က ခင္ဗ်ားအတြက္ အေရးပါတဲ့လူတစ္ေယာက္မဟုတ္ဘူးဘဲ..ခင္ဗ်ားေကြၽးတဲ့ေန႕လည္စာအရမ္းစားလို႔ေကာင္းတယ္...ကြၽန္ေတာ္အကုန္စားလိုက္တယ္...အရမ္းစာလို႔ေကာင္းတာေတာင္ ဘာလို႔မေပ်ာ္လဲေတာ့ကြၽန္ေတာ္မသိဘူး..."

ထိုကေလးရဲ႕ စကားေတြက ရင္ဘတ္ထဲမွာ နင့္စရာသိပ္ေကာင္းေနၿပီး ခံနိုင္ရည္မရွိေတာ့မႈေၾကာင့္ထိုထဲမွ ထြက္လာခဲ့မိသည္။ လက္သီးျပင္းျပင္းဆုပ္ကာ ခံစားခ်က္ေတြကို လ်စ္လ်ဴရႈရင္း။

အခ်စ္ ေမတၱာဆိုတာ အေၾကာင္းျပခ်က္မရွိ  အေၾကာင္းအရင္းမရွိ အခ်ိန္မေ႐ြးေပၚေပါက္လာနိုင္တာ။ တကယ္ကို သိပ္မွန္တယ္။ ပထမဆုံးေတြ႕ဆုံျခင္းမွာခ်စ္သြားနိုင္သလို ေနာက္ဆုံးမွခံစားခ်က္ကိုေသခ်ာသိၿပီး ခ်စ္သြားနိုင္တတ္တယ္...။

ေတြ႕ရွိထဲမွာ ခနမွ်ဆိုပင္မဲ့ ေမတၱာေလးေၾကာင့္ အျပစ္ေတြမ်ားေနၿပီ။

ညေနဘက္က်ေတာ့ Aarik က Taehyung ဝတ္ဖို႔ ဝတ္စုံသစ္ေလး လာေပးသည္။

"ျပင္ဆင္ေပးရမလား..."

"အခမ္းအနားက ဘယ္အခ်ိန္လည္း Aarik..."

"ေနဝင္ၿပီး မဂ္ရိဗ္အခ်ိန္....မရီး Zahrah ရဲ႕အိမ္မွာ....."

"သိၿပီ...ရတယ္...ကြၽန္ေတာ္ဒါေတြကို ဝတ္တတ္ေနၿပီမို႔ ကိုယ့္ဘာသာဘဲလုပ္လိုက္မယ္..."

ထို႔ေနာက္ Aarik က ထြက္သြားသည္။ တဲထဲကေန အျပင္သို႔ ေငးၾကည့္လိုက္ေတာ့ လူေတြဟာ ေပ်ာ္ပါးလ်က္ အခမ္းအနားကို ႀကိဳဆိုေနၿပီဆိုတာ ေတြ႕လိုက္ရသည္။ ယူလာေပးသည့္ ဝတ္စုံသစ္ကို လဲကာ ပကၠရီေလးကို မပတ္တတ္သည္မို႔ ပုခုံးေပၚတြင္သာ တင္ထားလိုက္ၿပီး ကာဂ်ဲလ္လည္းတို႔ေပးမယ့္သူမရွိဘူးဆိုတာ ဝမ္းနည္းစရာပင္။ 

ဝတ္စုံျဖဴေလးနဲ႕ သတို႔သမီးေလးကို ျမင္ေတာ့ ရင္ဘတ္ထဲမွာ သိမ့္ခနဲပင္။ မခ်စ္ဘဲနဲ႕ ဘာလို႔႐ုတ္တရက္လက္ထပ္ရတာလဲဆိုတာ အေတြးေတြက ေယာင္ခ်ာခ်ာျဖင့္။ 

သူ႕ရဲ႕ဂ႐ုစိုက္မႈေတြ။ အၿပဳံးေတြ။ ကေလးတစ္ေယာက္လိုမ်ိဳး ယုယေပးတာေတြက အေတြးထဲဝင္လာသည္။ 

မိုးရိပ္ေတြကသန္းလာၿပီး အုံ႕မွိုင္းမွိုင္းျဖင့္ မိုးစေလးေတြက်ဆင္းလာျခင္းနဲ႕အတူ Taehyung ရဲ႕မ်က္ရည္စမ်ား။ 

ႏႈတ္ခမ္းေလးဟာ မဲ့က်လ်က္...ယခုအေျခအေနေတြကို အလိုမက်သလိုမ်ိဳး။

ကြၽန္ေတာ္ဘာျဖစ္ေနတာလဲ။..ဘာလို႔အရမ္းဝမ္းနည္းေနတာလဲ...ဝမ္းသာေပးရမွာေလ...ဝမ္းသာေပးရမွာလို႔...

"Ahmad Jeon...ဟင့္..."

ေန႕တိုင္း စြန္ပလြံသီးလည္း ယူခ်င္တယ္...ကာဂ်ဲလ္လည္း ေန႕တိုင္းအတို႔ခံခ်င္တယ္...ခင္ဗ်ားသြားတဲ့ေနာက္ အာရပ္တစ္ခြင္ ပတ္လိုက္ခ်င္တယ္...

မိုး႐ြာထဲသို႔ ဝင္လိုက္ေတာ့ အကၤ်ီအသစ္ေလးဟာလည္း စို႐ြဲသြားကာ တစ္ခနအတြင္း Taehyung သည္ မိုးေရထဲ၌ ရွိေနကာ ဝမ္းနည္းမႈအပိုင္းအစေတြ။

Habibi လို႔အေခၚခံရတာလည္းအက်င့္ျဖစ္ေနၿပီ။...

"Taehyung..."

"သူေကာ...သူေကာလို႔...ေျပာစမ္းပါ..."

"မင္းေရွ႕ဆက္တိုးလို႔မရဘူး..."

"ကြၽန္ေတာ္နာက်င္ေနတယ္ေလ...Aarik ခင္ဗ်ားသိလား...ကြၽန္ေတာ္နာက်င္ေနတာေလ...ကြၽန္ေတာ္သူ႕ကိုခ်စ္ေနတာ...သူဘယ္မွာလဲေျပာျပပါ...ေနာ္...ကြၽန္ေတာ္တို႔က ဘာမွမတူညီေနဘူးဆိုတာသိတယ္...ကြၽန္ေတာ္တူညီေအာင္လုပ္မယ္ေလ..."

မ်က္ရည္စေလးေတြဟာ မိုးေရေတြနဲ႕ေရာယွက္သြားပင္မဲ့ Aarik ဟာ ကြၽန္ေတာ္အား သနားမ်က္ဝန္းေတြျဖင့္ ၾကည့္ကာ ေ႐ြးခ်ယ္ဖို႔ခဲယဥ္းေနသလို။

"ခနဆို...ဝတ္ျပဳၿပီးတာနဲ႕ နိကာဟ္ဖတ္ၾကေတာ့မွာ...အနည္းဆုံးေတာ့ ကြၽန္ေတာ္ေမတၱာရွိေနေၾကာင္း ေျပာပါရေစ...အျပစ္ဆိုလည္း ကြၽန္ေတာ္ခံပါ့မယ္...သူ႕အစားလည္း ခံပါ့မယ္..."

"အခမ္းအနားပြဲရဲ႕ အေနာက္ဘက္မွာ ရွိေနတယ္...အခုသြားရင္ ရွိေနအုံးမွာ..."

မ်က္ရည္ေတြကို သုတ္ပစ္လ်က္ မိုးေရထဲကေန ေျပးလာကာ သူရွိရာသို႔ ကြၽန္ေတာ့္ေျခလွမ္းေတြဟာ။

ေမာဟိုက္ျခင္းေတြၾကား ရွိုက္သံေလးဟာ ဝမ္းနည္းမႈေတြ။

အျပစ္လား...အျပစ္တစ္ခုဆို ကြၽန္ေတာ္ခံမယ္....ဒီအျပစ္ကို ရဲရဲဝံ့ဝံ့ကို ကြၽန္ေတာ္ခံပစ္မယ္။

"Ahmad Jeon..."

ထီးေဆာင္းကာျဖင့္ မိုးေရထဲတြင္ ရပ္ေနသူက ကြၽန္ေတာ့္အားလွည့္ၾကည့္လာသည္။ သတို႔သားဝတ္စုံမွန္းသိသာေနၿပီး ပုံမွန္ဝတ္တာနဲ႕အတူတူဆိုပင္မဲ့...ဒါဟာ ပိုသပ္ရပ္ေနသည္။

"Taehyung..."

"ကြၽန္ေတာ္သိၿပီ...တမန္ေတာ္ျမတ္(ﷺ) က ခဒီဂ်ာသခင္မကို ဘယ္ေလာက္အထိခ်စ္ျမတ္နိုးလဲဆိုတာ....အဲ့လိုဘဲ ခဒီဂ်ာသခင္မကလည္း တမန္ေတာ္ျမတ္(ﷺ) အနားမွာ တစ္ခ်ိန္လုံးရွိေနၿပီး ထပ္တူခ်စ္ျမတ္နိုးတာ...ကြၽန္ေတာ္ တမန္ေတာ္ျမတ္(ﷺ) ရဲ႕ အတၳဳပၸတၱိကို ဖတ္ခဲ့တယ္..."

"Taehyung..."

"ကြၽန္ေတာ္လည္း ခင္ဗ်ားကို အဲ့လိုမ်ိဳး ျမတ္နိုးတာ...ကြၽန္ေတာ္က အာရဗီယန္းမဟုတ္ဘူးဆိုတာသိတယ္..ျမတ္နိုးတယ္...ခ်စ္တယ္ခင္ဗ်ားကို...ကြၽန္ေတာ္အခုေသခ်ာသိသြားၿပီ...ခင္ဗ်ားကြၽန္ေတာ့္ကိုမခ်စ္လည္းရတယ္...ခင္ဗ်ားကိုခ်စ္လို႔အျပစ္တစ္ခုဆိုရင္ေတာင္ ကြၽန္ေတာ္ခံပါ့မယ္...ကြၽန္ေတာ့္ကို နိကာဟ္ဖတ္ပါ..."

"မင္းဘာေတြေျပာေနတာလဲ...သြားလိုက္ေတာ့ Taehyung..."

"ကြၽန္ေတာ္ ခင္ဗ်ားကို ခ်စ္တယ္ Ahmad Jeon...ကြၽန္ေတာ္ကေလ ကုလားအုတ္သားလည္း စားနိုင္တယ္...စြန္ပလြံသီးလည္း ႀကိဳက္တယ္...ကာဂ်ဲလ္ကိုလည္း ျမတ္နိုးတယ္...ေနာက္ဆုံး ခင္ဗ်ားနဲ႕အတူ မနက္ ၂နာရီမွာေတာင္ သဟ္ဂြၽဒ္ထဖတ္နိုင္တယ္..."

"မင္းကိုယ္နဲ႕ေနရင္ ေပ်ာ္ရမွာမဟုတ္ဘူး...ကိုယ္တို႔ကစည္းကမ္းခ်က္ႀကီးတယ္...သတ္မွတ္ထားတာမ်ားတယ္..."

"ခင္ဗ်ားရွိတယ္.. ကြၽန္ေတာ္သိလာတာက ဒီေလာကႀကီးမွာရွိေနစဥ္ ကြၽန္ေတာ္ခင္ဗ်ားကို လိုအပ္တယ္..."

ထီးကို ေျမႀကီးေပၚသို႔ ပစ္ခ်လိဳက္ေတာ့ Taehyung နဲ႕ထပ္တူ Ahmad Jeon မွာ မိုးေရမွာ ခစားသြားလ်က္။ 

"တမန္ေတာ္ျမတ္(ﷺ) က မိမိရဲ႕ ပထမဆုံး ဇနီးသည္ ခဒီဂ်ာသခင္မကို အရမ္းတန္ဖိုးထားတယ္...ခဒီဂ်ာသခင္မကြယ္လြန္သြားတာေတာင္ အၿမဲတမ္းသတိရေလ့ရွိၿပီး ေလးေလးစားစားနဲ႕ နာမည္ကိုင္သတိရတယ္...ခဒီဂ်ာသခင္မကြယ္လြန္ၿပီး တျခားဇနီးသည္အမ်ားႀကီးလက္ထပ္ခဲ့တာေတာင္ တမန္ေတာ္ျမတ္က ခဒီဂ်ာ(ﷺ) သခင္မကို မေမ့ခဲ့ဘူး...ဘာေၾကာင့္သိပ္ျမတ္နိုးလဲဆိုရင္ အားလုံးက ဆန႔္က်င္ေနခ်ိန္ လူတိုင္းက ျငင္းဆန္ေနခ်ိန္မွာ ခဒီဂ်ာသခင္မတစ္ေယာက္တည္းကသာ တမန္ေတာ္ျမတ္(ﷺ)  အနားမွာ ရွိေနေပးခဲ့လို႔ဘဲ...အဲ့တာေၾကာင့္ ကိုရိုင္းရွ္ မ်ိဳးႏြယ္ဝင္ ဒီအမ်ိဳးသမီးကို သိပ္ျမတ္နိုးတာ..."

"ဘာေျပာခ်င္တာလဲ နားလည္တာမို႔...ခ်စ္တယ္...ခင္ဗ်ားကို..."

"မိုးေတြသည္းထန္တယ္...သဲမုန္တိုင္းေတြၿငိမ္သက္တယ္...ခ်မ္းစိ့မ္ျခင္းေတြၾကား ေမတၱာဟာ ေႏြးေထြးတယ္...႐ူးမိုက္စြာနဲ႕...Taehyung..."

ဆက္မေျပာခင္ ထပ္ၿပီး အားယူလိုက္သည္။

"ကိုယ္နဲ႕ နိကာဟ္ဖတ္မလား..."

...
ဖတ္ရတာအဆင္မေျပတဲ့ေနရာ ျပင္ဆင္ေစခ်င္တဲ့ေနရာ စာေရးသူကို ေထာက္ေပးပါေနာ္...

3.5.2024
By Sundi Minie

Continue Reading

You'll Also Like

167K 6.1K 14
كان يطلبها من الله دائمًا لكي تكون حلالهُ منذ أن وقع عَينهُ عليها لكنهُ يعلم إنها ستجعلهُ حتمًا يُجن رغم أنها فتاة عشرينية ناضجة إلا إنها تصرفاتها ط...
191K 4K 46
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
16.5K 423 49
Hailey was a "normal" girl who enjoyed watching WWE. Until one day, she got emailed from a mysterious person who said that she was going to on WWE fo...
22.6K 1.2K 24
-أنا آسفة. -واللعنة!،توقفي عن قول هذه الجملة السخيفة التي لا تدوي شئ! ••••••••••••• بارك سوجين>فتاة جامعية بالواحدة وعشرين من عمرها تتميز بشعرها البن...