(Unicode)🥟 Part-12
မိုးရည်ဖွဲဖွဲအောက်မှာ ကဗျာ လမ်းလျှောက်ရင်း လမ်းပျောက်နေခဲ့တယ်။
ကမ္ဘာပြောလိုက်တဲ့ စကားတွေက ဒဏ်ရာအဖြစ် ရင်ထဲမှာ ကျန်နေခဲ့သည်။
**************
-ကဗျာ....-
-........-
-မင်းကူညီပေးမယ်မလား-
-........-
-ငါ့ကို နှောင်းငြိမ့်က ပြန်ချစ်လာအောင်-
-........-
-ဖြေပါအုံး-
-အင်း.....သူပြန်ချစ်ရင်....မင်းပျော်မယ်မလား-
-အသေအချာပေါ့-
-ငါကူညီမယ်-
-........-
-မင်းကို နှောင်းငြိမ့်ပြန်ချစ်လာအောင်-
-ကျေးဇူးကွာ....မင်းကငါ့ဘက်မှာ ရှိနေလို့ တော်သေးတယ်။ကူညီမဲ့ လူတစ်ယောက်ရပြီပေါ့-
-........-
****************
ကဗျာက သူ့တစ်မျက်နှာနဲ့ အသက်ဆက်နေရသူပါ။
ကဗျာ့မှာ သံယောဇဥ်ထားစရာ မိဘမရှိ။တွယ်တာစရာ မောင်နှမ မရှိ။
သူသာမရှိတော့ရင်.....ဒီလောက်နာကျင်စရာများတဲ့ လောကကြီးမှာ ကဗျာက ဘယ်သူ့ကိုကြည့်ပြီး နေရတော့မှာလဲ။
မင်းမရှိရင် မဖြစ်ဖူးဆိုတာကို ငါငိုပြီးပြောပြရမှာလား ကမ္ဘာ။အဲ့လိုဆို မင်းငါ့အနားမှာ ရှိနေပေးမှာလား။
အရင်ချိန်က ကမ္ဘာနဲ့ တွဲခဲ့တဲ့ လူတွေအပေါ်မှာ ကမ္ဘာစိတ်ပိုသွားမှာ မစိုးရိမ်ခဲ့ဖူးဘူး။
ဘာလို့ဆို....ကမ္ဘာက သူတို့ကိုမှ တကယ်မချစ်ခဲ့တာပဲကို။
ဒါပေမဲ့.....မတွဲရသေးသည့် နှောင်းငြိမ့်နှင့်မှ ကဗျာ စိတ်မပျော်နိုင်ပါ။
ကဗျာ မပျော်ပေမဲ့လည်း....ကမ္ဘာက ပျော်မယ်မလား။
မင်းပျော်ဖို့ အရေးကြီးတယ် ကမ္ဘာ!မင်းပျော်မယ်ဆို ငါနာကျင်ရလဲဖြစ်တယ်။
ဒါပေမဲ့....ငါလဲ ပင်ပန်းနေပြီမို့.....တစ်ခါလောက်ဖြစ်ဖြစ် ပြန်ချစ်ပေးလို့မရဖူးလား!။
>>>>>>>>>>>>>>>>>
ဒီနေ့ ငြိမ့်ကောလိပ်ကို အစောကြီးသွားခဲ့တယ်....တစ်ယောက်တည်းပေါ့။
အကိုကတော့ အရင်လိုလိုက်ပို့မှာပါ။အရင်လိုမဟုတ်တာ တစ်ခုက အကိုက ငြိမ့်ကို စကားမပြောတာပါပဲ။
"နှောင်းငြိမ့်!"
နောက်ကျောဘက်က လာသည့်အသံက ဘယ်သူမှန်းမသိရအောင်အထိ စိမ်းသက်လှသည်တော့မဟုတ်ပါ။
ငြိမ့် သက်ပြင်းတစ်ချက်ချကာ နောက်သို့လှည့်လိုက်သည်။
"........"
"ကိုယ်....မင်းကိုပြောစရာရှိလို့"
"အင်း....ပြောလေ"
ငြိမ့် မြန်မြန်ပြီးလေ ကောင်းလေဆိုသည့် အတွေးနှင့် သူပြောတဲ့စကားကို နားထောင်နေလိုက်သည်။
"မင်း ကိုယ့်ကို စိတ်မဆိုးဖူးလို့ ကတိပေးနိုင်မလား"
ကမ္ဘာ ကြို၍ကတိတောင်းထားလိုက်သည်။
"အင်း"
ဟူး!
ကမ္ဘာ လေပူတစ်ချက်မှုတ်ထုတ်လိုက်ကာ
"ဟို....ကိုယ်...."
"........"
"ကိုယ်မင်းကိုချစ်တယ်!"
"........"
ထိုစကားကြောင့် ငြိမ့်မျက်မှောင်ကျုံလိုက်မိသည်။ဤစကားပြောမည်မှန်းကြိုသိပေမဲ့ ကြားလိုက်ရချိန် စိတ်ထဲတစ်မျိုးဖြစ်သွားရသည်ကအမှန်။
"အရမ်းမြန်နေမှန်းသိပေမဲ့......မင်းတခြားသူလက်ထဲပါသွားမှာ ကြောက်တာနဲ့ ဖွင့်ပြောလိုက်ရတာပါ"
"ငါ့မှာ သဘောကျနေတဲ့ လူရှိတယ်ကမ္ဘာ"
ငြိမ့်တွန့်ဆုတ်မနေပဲ ပြောလိုက်သည်။
"........"
ထိုစကားတစ်ခွန်းက ကမ္ဘာ့ရင်ကို ဗလောင်ဆူသွားစေပေမဲ့လည်း ဘာမှမပြောဖြစ်ပါ။
ဟိုလူတော့ မဟုတ်ဖူးမလား!
"ငါအဲ့လူကိုပဲ သဘောကျနေမှာ"
"သူကရော....မင်းကိုသဘောကျရဲ့လား"
"........"
ကမ္ဘာ့စကားက ငြိမ့်ကို တွေဝေစေသည်မို့ ငြိမ့်ခနတာ မှင်သက်သွားမိသည်။
အမှန်ဆို....အကိုက ငြိမ့်အပေါ်မှာ ဘာခံစားချက်မှ ရေရေရာရာ မရှိဖူးမလား!
"ဒီတိုင်း.....ကိုယ့်ကို အခွင့်အရေးလေးပေးပါ"
"........."
"သူမင်းကို တကယ်သဘောမကျတာသာ အမှန်ဆိုရင် မင်းကိုယ့်ကို အဖြေပြန်ပေးရမယ်"
"........"
"ဒီတိုင်းကြီးတော့ ကိုယ့်ကို မငြင်းစေချင်ဖူး။ဘာကြောင့်လဲဆို...ကိုယ်က မင်းကိုတကယ်ချစ်တဲ့ လူမို့လို့ နှောင်းငြိမ့်"
"........"
"မင်း ကိုယ့်ဘက်ရောက်လာမဲ့ နေ့ထိ ကိုယ်စောင့်မယ်"
"........"
"ကိုယ်ပြောတာကို လက်ခံရဲ့လား"
"အင်း.....ငါလက်ခံပါတယ်။ဘာလို့ဆို....မင်းလဲ ငါ့အပေါ်မှာ မျှော်လင့်ချက်တွေ ထားနေသလို....ငါကလဲ အဲ့ဒီ့လူအပေါ်မှာ မျှော်လင့်ချက်တွေ စုပုံထားနေမိလို့"
"........"
"သူသာ....ငါ့ကိုသဘောမကျတာသာအမှန်ဆိုရင်....ငါမင်းကို စဥ်းစားပေးမယ်"
"........"
"ပြီးတော့....ငါစဥ်းစားလို့ရတဲ့အဖြေက Yesဖြစ်ပါစေ၊ Noဖြစ်ပါစေ မင်းလက်ခံမယ်လို့ ကတိပေး"
"........"
"ပေးနိုင်လား ကမ္ဘာ"
အမှန်ဆို....ကမ္ဘာ Noဆိုသည့်အဖြေကို လက်မခံနိုင်ပါ။သို့ပေမဲ့ ကိုယ်အခွင့်အရေးရမှာပဲလေ။
"အင်း ကိုယ်ပေးတယ်"
"ဒါဆို ကောင်းပြီ....ငါသွားတော့မယ်"
ကမ္ဘာ့မျက်နှာတွင်တော့ အပြုံးတစ်ခုချိတ်ဆွဲထားလျက်။
အကို....အရာအားလုံးက အကို့အပေါ်မှာ မူတည်နေပြီနော်!
သစ်ပင်နောက်လေးမှာတော့ မျက်ရည်ဥတွေကို သိမ်းဆည်းထားသည့် ကောင်လေးတစ်ယောက်ရှိတာကိုတော့ မည်သူမှ သတိမထားလိုက်မိပါ။
ဘုရားက တကယ်ရှိရဲ့လား ဆိုတာကို မေးခွန်းထုတ်ကာ မေးချင်သည်အထိ ဆုတောင်းတွေက မပြည့်ခဲ့ဖူး။
ကိုယ့်ကိုပြန်မချစ်ဖို့ သေချာနေတဲ့ လူတစ်ယောက်ကိုချစ်နေရတာလဲ....အရှင်လတ်လတ် ငရဲကျနေသလိုပါပဲလား!
မင်းကို မပြောပြခဲ့ဖူးတဲ့ ငါ့အချစ်တွေက....သူများတွေထက် အများကြီးလေးနက်တယ်ဆိုတာ မင်းကိုသိစေချင်တယ် ကမ္ဘာ!
>>>>>>>>>>>>>>>>>
BMW I8 အမျိုးအစား အနက်ရောင်ကားထဲမှ causal pantအနက်ရောင်ထဲသို့ Column Shirtအဖြူထည့်ပြီး လက်တွေကို ဒူးတောင်အထိ ခေါက်တင်ထားကာ ၀တ်ထားသော အရပ်မြင့်မြင့် ဂုတ်ထောက်နေသည့် မဲနက်နက်၊ ခပ်တိုတို ဆံပင်နှင့် အမျိုးသမီးတစ်ဦးဆင်းလာခဲ့သည်။
"ကင်းကောင်! ပေါက်စီ!"
ဒေါ်နွယ်ဒါလီ အိမ်ထဲ၀င်သည်နှင့် တစ်အိမ်လုံး အပ်ကျသံပင်မကြားရသည်အထိ တိတ်ဆိတ်နေသည်။
"........"
"ဘယ်သူမှ မရှိကြဖူးလား!"
"ဟို....ဘယ်သူနဲ့ တွေ့ချင်လို့လဲဗျ"
ငြိမ့် ခြံနောက်ကသစ်ပင်တွေကို ရေလောင်းနေစဥ် မိန်းမအသံ ခပ်သြသြကို ကြားသည်မို့ အိမ်ထဲသို့၀င်လာကြည့်လိုက်သည်။
"မင်းက....."
ဒါ.....တစ်ခေါက်က ဟိုရွာမှာ အလှုူလုပ်တဲ့ ဟိုကလေးမလား။
ဒီကို ဘာကိစ္စရောက်နေရတာလဲ!
ရုတ်တရက်မို့ ငြိမ့်ကြောင်ကာ ကြည့်နေမိပြီး မျက်နှာကို သေချာလိုက်ကြည့်မိမှ
"ဟို....အကို့အမေလား!"
အကို!
"အကိုဆိုတာက!"
"အော်!ဟို....အကိုမင်းတော်၀င်မှိုင်း ကိုပြောတာပါ!"
အဟွန့်!အကိုဆိုပါလား။နည်းနည်းတော့ စိတ်၀င်စားစရာကောင်းလာပြီ!
"မင်းက ဘာလို့ ငါတို့အိမ်ရောက်နေတာလဲ"
"ဟို...."
"နွယ်!"
ကျစ်!
ကျောဘက်မှ လာသည့် မင်္ဂလာမရှိသည့် ခေါ်သံကြောင့် ဒေါ်နွယ်ဒါလီ စုပ်သတ်လိုက်သည်။
"မင်းကို ဒီနာမည်မခေါ်ဖို့ ငါဘယ်နှခါပြောရမလဲ တော်၀င်မောင်!"
တောင်၀င်မောင် ဇနီးသည်ကို ပြန်တွေ့ရသည်မို့ နွယ်ဆိုသည့် နာမ်စားလေးကို ခေါ်ကာ အနားသို့ ပြုံးလျက်လျှောက်သွားခဲ့ပေမဲ့ ချစ်ရသူ၏နှုတ်ခမ်းမှ ပထမဆုံးထွက်လာခဲ့သည့် စကားကြောင့် တော်၀င်မောင် မျက်နှာ သိသိသာသာ ညိုးကျသွားသည်။
"ဟို....ကိုယ်မေ့သွားလို့ပါ"
ငြိမ့်သည်တော့ ဘာမှမသိစွာ အူကြောင်ကြောင်နှင့် ဦးနဲ့ အန်တီ၏ဘေးတွင် တောင့်တောင့်ကြီးရပ်နေမိသည်။
"ထား!....မင်းနဲ့ငါ ရှင်းစရာရှိသေးတယ်!"
"........"
ရှင်းစရာရှိသည် ဆိုသည့်စကားကြောင့် တော်၀င်မောင် အံ့သြနေသည့် မျက်နှာပေးဖြစ်သွားသည်။
"ဒါကဘာလဲ!"
ငြိမ့်ကို လက်ညိုးထိုးကာ ပြောလာသည်မို့ ငြိမ့်ကျောလေးမတ်သွားသည်။
"ဒါကဘာလဲ ဆိုတာက...."
ကျစ်!
"သူကဘာလို့ ငါ့အိမ်ကို ရောက်နေတာလဲ!"
"........"
"ငါအိမ်မှာ မရှိဖူးဆိုတာနဲ့ပဲ ငါကသိခွင့်မရှိတော့ဖူးပေါ့!ဟုတ်လား!"
"အဲ့လိုမဟုတ်ရပါဖူး.....ဒီကလေးကို မင်းလဲသိမှာပါ"
"........"
ဒါလီ သက်ပြင်းတစ်ချက်ချကာ ဘေးတစ်ဖက်ကို မျက်နှာကို ဘောက်ဆတ်ဆတ်လှည့်လိုက်သည်။
"မြို့မှာ ကျောင်းလာတတ်တာလေ။....ပြီးတော့....မြို့ပေါ်မှာလဲ ကလေးတစ်ယောက်တည်း အဆင်မပြေလည်းဖြစ်မှာဆိုးလို့ ကိုယ့်သူငယ်ချင်း၊ ဒီကလေးအဖေက ကိုယ့်ကို အကူအညီတောင်းလို့ကိုယ်ပြန်ကူညီပေးလိုက်တာပါ"
"......."
"ကိုယ့်မှာလဲ ငြိမ့်မောင်တို့ ကျေးဇူးနဲ့မှ မကင်းတာပဲကို"
"အေး....ကောင်းပြီလေ။နေမယ်ဆိုလဲ ငါ့စကားတွေ နားထောင်နိုင်မှနေနော်။ငါမရှိတုန်းကလို လွယ်မယ်ထင်မနေနဲ့ ကောင်လေး။အခု ငါအိမ်ပြန်ရောက်နေပြီ"
"........"
"ငါက....အရမ်းဆိုးတယ်နော်"
"......."
ငြိမ့်နား အနားကပ်ကာ လေသံဖြင့် ပြောသွားတာကြောင့် ငြိမ့်ကိုယ်လေး ဆတ်ခနဲပင်တုန်သွားရသည်။
တော်၀င်မောင်ကတော့ နှောင်းငြိမ့်ကို အားနာနာဖြင့်ပင် ကြည့်နေမိသည်။
"ကြားရဲ့လား"
"အမ်...ဟို...ဟုတ် ကြာပါတယ် အန်တီ!"
အထစ်ထစ်အငေါ့ငေါ့ဖြင့် ငြိမ့် ပြန်ဖြေလိုက်သည်။
"ဟုတ်ပြီလေ"
ထိုသို့ပြောပြီး အန်တီကluggageအနက်ရောင်ကို ဆွဲကာ အိမ်ပေါ်ထပ်သို့ တတ်သွားသည်။
အန်တီအပေါ်ရောက်သည်နှင့် ဦးလေးက ငြိမ့်အနားကို ရောက်လာကာ
"သား....ဦးကပဲ နွယ့်အစား တောင်းပန်ပါတယ်နော်"
"အမ်.....မဟုတ်တာ တောင်းပန်စရာမလိုပါဖူး"
"အဲ့လိုတော့ ဘယ်ဟုတ်ပါ့မလဲ။ဦးက....သားကို အားနာလို့ပါ"
"အားနာစရာမလိုပါဖူး။ဒီနေ့ကစပြီး သား....အန်တီနဲ့ အပြောလွတ်အောင် နေမှာပါ"
"........"
တော်၀င်မောင် ဘာမှဆက်မပြောဖြစ်ပါ။
မင်းဘယ်အချိန်ထိ....ကိုယ့်အပေါ် ဒီလို ဆက်ဆံနေအုံးမှာလဲ နွယ်!
>>>>>>>>>>>>>>>>
ဖေါက်! ဖေါက်! ဖေါက်!
အိမ်အမိုးပေါ်ကျသည့် မိုးအသံတဖေါက်ဖေါက်က ကဗျာ့စိတ်တွေကို ပို၍လေးလံစေသည်။
ပင်ပန်းတယ်.....ဒီလိုအချိန်....မင်းကို ငါ့အနားရှိစေချင်လိုက်တာ။
တီ! တီ! တီ!
ကဗျာ ခေါင်းကိုက်လို့ လှဲနေရင်း ဖုန်းဆီမှ အသံမြည်လာခဲ့သည်။
ဖုန်းတွင်ပေါ်နေသည့် "ကမ္ဘာ❤️"ဆိုသည့်contact nameလေးကို ကြည့်သာကြည့်နေမိသည်။
"hello.....ကမ္ဘာ"
မကိုင်ဖို့ ဆုံးဖြတ်ထားပေမဲ့လည်း....ကမ္ဘာက အခု နှောင်းငြိမ့်နဲ့...အဆင်ပြေတော့မှာမို့ ပျော်နေသည်မလား။ကမ္ဘာပျော်နေသည့် အသံလေးအား ကြားချင်သည့်စိတ်တစ်ခုတည်းနဲ့ ချုပ်တင်းထားသည့်စိတ်တွေ အကုန်ပြေရသည်။
"ကဗျာ့"
"အင်း....ငါရှိတယ်"
"ငါ့ကို နှောင်းငြိမ့်က အခွင့်အရေးပေးမယ်တဲ့"
ကမ္ဘာက တတ်ကြွစွာ အားရပါးရပြောနေသည်။
ထိုအသံကို ကြားရုံနှင့် ကမ္ဘာ ဘယ်လောက်ပျော်နေသည်ဆိုတာကို ခန့်မှန်း၍ရနိုင်သည်။
သို့ပေမဲ့....ကဗျာ့ ရင်ထဲမှာတော့ ကမ္ဘာပျက်မတတ် ခံစားနေရသည်။
"ဟုတ်လား...."
"အင်း.....ဘယ်အချိန် ငါနှောင်းငြိမ့်အနားရောက်မယ်မှန်းမသိပေမဲ့ အချစ်စစ်ရင်တော့....ငါနှောင်းငြိမ့်နဲ့ နီးမှာပါ"
ဒါဆို....ငါမင်းနဲ့ မနီးသေးတာက ငါ့အချစ်တွေ မစစ်သေးလို့များလား ကမ္ဘာ။
"မင်း.....ပျော်လား ကမ္ဘာ"
"မင်းကလဲ.....ဘယ်လိုမေးလိုက်တာလဲ။ပျော်တာပေါ့။ကိုယ်သဘောကျနေတဲ့ လူကကိုယ့်ကို အခွင့်အရေးပေးတာလောက် ဘယ်ပျော်စရာရှိတော့မလဲ"
ဟုတ်သားနော်။ပျော်ရမှာပေါ့.....ဒါပေမဲ့ အဲ့ခံစားချက်ကို ငါမခံစားဖူးတော့ မသိဖူး ကမ္ဘာ။
"ငါဆုတောင်းပေးပါတယ်....အဟွတ်!...မင်း...နှောင်းငြိမ့်နဲ့ အမြန်ဆုံးနီးပါစေလို့ အဟွတ်!"
"ကဗျာ....မင်းနေမကောင်းဖူးလား!ချောင်းတွေဆိုးနေတယ်!"
"ဒီတိုင်း.....အအေးပတ်တာပါ"
"မင်း အဆင်ပြေရဲ့လား ကဗျာ!ငါလာရမလား!"
ကမ္ဘာ့အသံက ပြူးတုပြဲတဲ ဖြစ်နေသည်။
"......."
ကျစ်!
"အဆင်ပြေမှာလဲ မဟုတ်ပါဖူး.....ငါအခုလာခဲ့မယ်ကဗျာ!"
"ဟို..!
တီ!
ကဗျာ့ စကားတွေ လေပေါ်တောင် ကြွခွင့်မရလိုက်ပါ ကမ္ဘာက ဖုန်းချသွားခဲ့ပြီ။
ကျေးဇူးပြုပြီး.....ငါ့ကို ဂရုမစိုက်ပဲနေပေးပါ၊ လစ်လျူရှု့ပေးစမ်းပါ ကမ္ဘာ!
မဟုတ်ရင်.....ဒီကောင်က မဖြစ်နိုင်တဲ့ မျှော်လင့်ချက်တွေ ထားနေမိလို့!
____________________
3.5.2024
____________________
(Zawgyi)🥟
ကမ္ဘာပြောလိုက်တဲ့ စကားတွေက ဒဏ်ရာအဖြစ် ရင်ထဲမှ ကျန်နေခဲ့သည်။
**************
-ကဗျာ....-
-.......-
-မင်းကူညီပေးမယ်မလား-
-.......-
-........-
-ဖြေပါအုံး-
-အသေအချာပေါ့-
-ငါကူညီမယ်-
-.......-
-........-
****************
အရင်ချိန်က ကမ္ဘာနဲ့ တွဲခဲ့တဲ့ လူတွေအပေါ် ကမ္ဘာစိတ်ပိုသွားမှာ ကဗျာမစိုးရိမ်ခဲ့ဖူးဘူး။ဘာလို့ဆို....ကမ္ဘာက သူတို့ကိုမှတကယ်မချစ်ခဲ့တာကို။
ဒါပေမဲ့.....မတွဲရသေးသည့်နှောင်းငြိမ့်မြူနှင့်မှ ကဗျာစိတ်မပျော်နိုင်ပါ။
>>>>>>>>>>>>>>>>>>>
"နှောင်းငြိမ့်!"
နောက်ကျောဘက်မှ လာသည့်ထိုအသံက ဘယ်သူမှန်းမသိရအောင်အထိ စိမ်းသက်လှသည်တော့မဟုတ်ပါ။
"........"
"အင်း....ပြောလေ"
ငြိမ့် မြန်မြန်ပြီးလေး ကောင်းလေဆိုသည့်အတွေးနှင့် သူ့ပြောမည့်စကားကို နားထောင်နေလိုက်သည်။
"မင်း ကိုယ့်ကိုစိတ်မဆိုးဘူးလို့ ကတိပေးနိုင်မလား"
"အင်း"
ဟူး!
"ဟို....ကိုယ်..."
"......."
"ကိုယ်မင်းကိုချစ်တယ်!"
"......."
ထိုစကားကြောင့် ငြိမ့်မျက်မှောင်ကျုံ့လိုက်မိသည်။ဤစကားပြောမည်မှန်းကြိုသိပေမဲ့ ကြားလိုက်ရချိန်စိတ်ထဲတစ်မျိုးဖြစ်သွားသည်ကအမှန်။
"အရမ်းမြန်နေမှန်းသိပေမဲ့....မင်းတခြားသူလက်ထဲပါသွားမှာကြောက်တာနဲ့ ကိုယ်ဖွင့်ပြောလိုက်ရတာပါ"
"........"
"........"
"........"
"........"
"........"
"မင်း ကိုယ့်ဘက်ရောက်လာတဲ့ အချိန်ထိ ကိုယ်စောင့်မယ်"
"........."
"အင်း....ငါ လက်ခံပါတယ်။ဘာလို့ဆို....မင်းလဲ ငါ့ကိုမျှော်လင့်ချက်တွေထားနေသလို...ငါကလဲ အဲ့ဒီ့လူအပေါ်မှာ မျှော်လင့်ချက်တွေစုပုံထားနေမိလို့"
"........"
"သူသာ....ငါ့ကိုသဘောမကျတာအမှန်ဆိုရင်....ငါမင်းကို စဉ်းစားပေးမယ်"
"........"
"........"
"ပေးနိုင်လား ကမ္ဘာ"
"အင်း ကိုယ်ပေးတယ်"
ကမ္ဘာ့မျက်နှာတွင် အပြုံးတစ်ခုချိတ်ဆွဲထားလျက်။
သစ်ပင်နောက်လေးမှာတော့ မျက်ရည်ဥတွေကို သိမ်းဆည်းထားတဲ့ ကောင်လေးတစ်ယောက်ရှိတာကိုတော့ မည်သူမှ သတိမထားမိလိုက်ပါ။
ဘုရားကတကယ်ရှိတာလား ဆိုတာကို မေးခွန်းထုတ်ကာ မေးချင်သည်အထိ ဆုတောင်းတွေက မပြည့်ခဲ့ဖူး။
မင်းကိုမပြောပြခဲ့ဖူးတဲ့ငါ့အချစ်တွေက.....သူများတွေထက် အများကြီးလေးနက်တယ်ဆိုတာ သိစေချင်တယ် ကမ္ဘာ!
>>>>>>>>>>>>>>
BMW I8 အမျိုးအစား အနက်ရောင်ကားပေါ်မှ causal pantအမဲရောင်ထဲသို့ Column Shirt အဖြူရောင်ကိုထည့်ပြီး လက်တွေကို ဒူးတောင်အထိခေါက်တင်ထားကာဝတ်ထားသော အရပ်မြင့်မြင့် ဂုတ်ထောက့်နေသည့် မဲနက်နက်၊ ခပ်တိုတိုဆံပင်နှင့် အမျိုးသမီးတစ်ဉီးဆင်းလာခဲ့သည်။
"ကင်းကောင်! ပေါက်စီ!"
ဒေါ်နွယ်ဒါလီ ၀င်လာသည်နှင့် တစ်အိမ်လုံးက အပ်ကျသံတောင်မကြားသည်အထိတိတ်ဆိတ်နေသည်။
"......."
"ဘယ်သူမှမရှိကြဖူးလား!"
ငြိမ့် ခြံနောက်က သစ်ပင်တွေကို ရေလောင်းနေစဉ် မိန်းမအသံ ခပ်သြသြကိုကြားရသည်မို့ အိမ်ထဲသို့ဝင်လာကြည့်လိုက်သည်။
"မင်းက...."
ဒါ...တစ်ခေါက်က ဟိုရွာမှာလုပ်တဲ့အလှုက ဟိုကလေးမလား။
ရုတ်တရက်မို့ ငြိမ့်ကြောင်ကာကြည့်နေမိပြီး မျက်နှာကို သေချာကြည့်မိမှ
"ဟို....အကို့အမေလား!"
အကို!
"အကိုဆိုတာက!"
"မင်းက ဘာလို့ ငါ့တို့အိမ်ရောက်နေတာလဲ"
"ဟို...."
"နွယ်!"
ကျစ်!
တော်ဝင်မောင် ဇနီးသည်ကို ပြန်တွေ့ရသည်မို့ နွယ်ဆိုသည့်နာမ်စားလေးကိုခေါ်တာ အနားသို့ ပြုံးလျက်လျှောက်သွားခဲ့ပေမဲ့ ချစ်ရသူ၏နှုတ်ခမ်းမှ ပထမဆုံးထွက်လာခဲ့သည့် စကားကြောင့် တော်ဝင်မောင်မျက်နှာသိသိသာသာညိုးသွားသည်။
ငြိမ့်သည်တော့ ဘာမှမသိစွာ အူကြောင်ကြောင်နှင့် ဉီးနှင့် အန်တီ၏ဘေးတွင် တောင့်တောင့်ကြီးရပ်နေမိသည်။
"ထား!....မင်းနဲ့ငါနဲ့ ရှင်းစရာရှိသေးတယ်!"
"........"
"ဒါကဘာလဲ!"
"ဒါကဘာလဲဆိုတာက...."
ကျစ်!
"သူက ဘာလို့ ငါတို့အိမ်ရောက်နေတာလဲ!"
"......."
"......."
ဒါလီ သက်ပြင်းတစ်ချချက်ကာ ဘေးတစ်ဖက်ကို မျက်နှာကို ဘောက်ဆတ်ဆတ်လွဲလိုက်သည်။
"......."
"ကိုယ့်မှာလည်း ငြိမ့်မောင်တို့ကျေးဇူးနဲ့မှ မကင်းတာပဲကို"
"......."
"ငါက....အရမ်းဆိုးတယ်နော်!"
"........"
ငြိမ့်နား အနားကပ်ကာ လေသံဖြင့် ပြောသွားတာကြောင့် ငြိမ့်ကိုယ်လေးပင်ဆတ်ခနဲတုန်သွားရသည်။
တော်ဝင်မောင်မှာတော့ နှောင်းငြိမ့်အား အားနာနာဖြင့်သာ ကြည့်နေမိသည်။
"ကြားရဲ့လား...."
"အ...ဟို...ဟုတ် ကြားပါတယ် အန်တီ"
"ဟုတ်ပြီလေ"
အန်တီ အပေါ်ရောက်သွားသည်နှင့် ဉီးလေးက ငြိမ့်အနားကိုရောက်လာကာ
"သား...ဉီးကပဲ နွယ့်အစားတောင်းပန်ပါတယ်နော်"
"အားနာစရာမလိုပါဖူး။သား....ဒီနေ့က စပြီးအန်တီနဲ့အပြောလွတ်အောင်နေမှာပါ"
"........"
>>>>>>>>>>>>>>>
ဖေါက်! ဖေါက်! ဖေါက်
အိမ်အမိုးပေါ်ကျတဲ့ မိုးသံတဖေါက်ဖေါက်က ကဗျာ့စိတ်တွေကို ပို၍လေးလံစေနေသည်။
တီ! တီ! တီ!
ဖုန်းမှာပေါ်နေသည့်"ကမ္ဘာ❤️"ဆိုသည့်contact nameလေးကို ကြည့်သာကြည့်နေမိသည်။
"hello.....ကမ္ဘာ"
"ကဗျာ့"
"အင်း....ငါရှိတယ်"
သို့ပေမဲ့.....ကဗျာ့ရင်ထဲမှာတော့ ကမ္ဘာပျက်လုမတတ်ခံစားနေသည်။
"ဟုတ်လား...."
"အင်း....ဘယ်အချိန် ငါနှောင်းငြိမ့်အနား ရောက်မယ်မှန်းမသိပေမဲ့ အချစ်စစ်မှန်ရင်တော့....ငါနှောင်းငြိမ့်နဲ့ နီးမှာပါ"
"မင်း....ပျော်လား ကမ္ဘာ"
"ဒီတိုင်း....အအေးပတ်တာပါ"
"......."
ကျစ်!
"ဟို..!"
တီ!
ကဗျာ စကားတွေ လေပေါ်တောင်မကြွလိုက်ရပါ ကမ္ဘာက ဖုန်းချသွားခဲ့သည်။
မဟုတ်ရင်....ဒီကောင်က မဖြစ်နိုင်တဲ့ မျှော်လင့်ချက်တွေ ထားမိနေလို့!
_____________________
3.5.2024
_____________________