(Unicode)🥟
ကျွီ!
တံခါးဖွင့်သံနှင့်အတူ ကမ္ဘာ အလောတကြီးနှင့် တံခါးထဲသို့ ၀င်သွားပြီး အိပ့်ယာပေါ်မှာကျောပေးအိပ့်နေသည့် ကဗျာ့ကိုတွေ့တော့ ကမ္ဘာယောက်ယက်ခက်သွားခဲ့ပြီး စိတ်တွေသည်လည်းအစိုးမရ။
ကမ္ဘာတစ်ခုသိတာက.....သူကဗျာ့ကိုစိတ်ပူနေတယ်!
"ကဗျာ့!...."
နာမည်ခေါ်ကာ ကဗျာ့အိပ့်နေသည့်အနားသို့ မပြေးရုံတမယ်လျှောက်သွားခဲ့သည်။
မစိမ်းသက်လှသည့် အသံလေးကြားသည်နှင့် ကဗျာ ကျောပေးအိပ့်နေရာမှ လှည့်ကြည့်လိုက်တော့....တစ်ကိုယ်လုံးစိုရွဲနေသည့် ကမ္ဘာကိုတွေ့သည်မို့ ကဗျာယောင်ရမ်းကာ ကုန်းထလိုက်မိသည်။
"ကမ္ဘာ...!"
"မင်း သက်သာရဲ့လား။ငါ မင်းကြိုက်တဲ့ ငါးဆန်ပြုတ်နဲ့ ဆေးဝင်ဝယ်ခဲ့တယ်"
"........"
ကုတင်ပေါ်တွင် ကဗျာ့အနားကပ်ထိုင်ကာ တတွတ်တွတ်ပြောနေသော ကမ္ဘာ့ကို ကဗျာကြည့်နေမိသည်။
"ခနလေးစောင့်....ငါမင်းဆေးသောက်ဖို့ ဆန်ပြုတ်သွားထည့်လိုက်ဉီးမယ်"
"........"
"........"
ထမည်အပြု ကဗျာက ကမ္ဘာ့လက်အား ဖျတ်ခနဲလှမ်းဆွဲလိုက်သည်မို့ ကမ္ဘာ ကဗျာ့ကို ဘာလဲ ဆိုသည့်အကြည့်နှင့် ကြည့်လိုက်သည်။
"မင်း.....မိုးရေထဲမှာ ဒီတိုင်းလာခဲ့တာလား"
"........"
"ဖြေလေ။အခုလဲကြည့်....တစ်ကိုယ်လုံးစိုရွဲနေတာပဲ။မတော်လို့ မင်းပါနေမကောင်းဖြစ်သွားရင် ဘယ်လိုလုပ်မလဲ"
ကဗျာက ကမ္ဘာ့ကို ခုတင်ပေါ်တွင်ပြန်ထိုင်စေပြီး ကမ္ဘာ့နောက်တွင်နေကာ ကုတင်ဘေးရှိ စားပွဲပေါ်က ပုဝါအဖြူလေးကို ယူပြီး ကမ္ဘာ့ဆံပင်တွေကို ပြောရင်း ဆိုရင်းနှင့် ခပ်ဖွဖွသုတ်ပေးနေသည်။
"........"
မင်းနေမကောင်းဖြစ်နေတာကို....ငါက ဘာကိုဂရုစိုက်နေရအုံးမှာလဲကဗျာ။
"ငါပြောနေတာတွေရော ကြားရဲ့လား"
ကိုယ်ကသာ စိတ်ပူလို့ ပွစိပွစိပြောနေပေမဲ့ သကောင်သားက တုံ့တုံ့တောင်မလှုပ်ပဲ တိတ်ဆိတ်နေတာမို့ ကြည့်လိုက်မိတော့
"မင်းကလွဲပြီး.....ငါ့အတွက် ဘာမှအရေးကြီးဘူး"
"........"
ထိုစကားက ကမ္ဘာ့ရင်ထဲတစ်နေရာကို သိပ့်ခနဲဖြစ်သွားစေသည်။
ဒုတ်! ဒုတ်! ဒုတ်!
WTF!!ကမ္ဘာထွဋ်ခေါင် မင်းဘာတြွေဖစ်နေတာလဲ!!
"ကမ္ဘာ!မင်း!!"
"ဟို!...အမ်....ငါဆန်ပြုတ်သွားထည့်လိုက်အုံးမယ်!"
ကမ္ဘာက ဆတ်ခနဲ ထသွားကာ အခန်းထဲမှာချိတ်ထားခဲ့သည့် ဆန်ပြုတ်အိတ်အား ယူကာ ထွက်သွားသည်။
ကဗျာမှာတော့ အပြုံးလှလှတစ်ခုနှင့်သာကျန်နေခဲ့သည်။
တစ်ချိန်တည်းမှာပဲ ထိုအပြုံးက ချက်ချင်းဆိုသလို မှေးမှိန်ကာ ပျောက်ကွယ်သွားသည်။
အများကြီးမပျော်ရဲဖူး.....ကိုယ်ပျော်ပြီဆို...၀မ်းနည်းစရာတွေက ရောက်ရောက်လာတတ်လို့။
>>>>>>>>>>>>>>>
"မာမီ!....ဘယ်တုန်းကပြန်ရောက်နေတာလဲ!"
တော်ဝင် ၀ယ်ထားတဲ့ ကွန်ဒိုမှာပဲ ပြန်အိပ့်ကာအိမ်မှမအိပ့်တာ ၂ရက်ရှိပြီဖြစ်သည်။
ဒီနေ့လဲ ပြန်လာဖို့စိတ်ကူးမရှိပါ။သို့ပေမဲ့ fileအချို့ယူစရာကျန်နေခဲ့တာမို့ အိမ်ကိုပြန်လာခဲ့ရပြန်သည်။
အိမ်ထဲဝင်ဝင်လာချင်း ဆိုဖာပေါ်မှာ macbookနှင့် အလုပ်ရှုပ်နေသော မာမီ့ကိုတွေ့သည်မို့ တော်ဝင်အံ့သြသွားရသည်။
US ကပြန်လာပြန်ပြီလား!
"အဟွန့်!၂ရက်လောက် အိမ်မကပ်ပဲနဲ့ ဘယ်တုန်းကပြန်ရောက်လဲလာမေးနေတယ်"
မာမီက macbookမှာသာ အကြည့်ထားကာ တော်ဝင့်ကို ဘောက်ဆတ်ဆတ်ပြန်ဖြေသည်။
"ကျွန်တော် ဒီလထဲမှာ projectတစ်ခုအပြီးသတ်စရာရှိလို့...အဲ့ကြောင့် ကုမ္ပဏီနဲ့ နီးတဲ့ သားကွန်ဒိုမှာပဲ နေဖြစ်နေလို့ပါ"
မာမီက အပြင်မှာ အိပ့်တာမကြိုက်ပါ။စောဝဿုန်ညိုတစ်ယောက်ကလွဲပြီးသူငယ်ချင်းတောင်မရှိခဲ့ဖူးသည်မှာ ယနေ့အထိဖြစ်သည်။မာမီက ငယ်ငယ်တည်းက တော်ဝင့်အပေါ်မှာ တင်းကြပ်လွန်းသည်။ကုန်ကုန်ပြောရရင် သူငယ်ချင်းတောင် ပေးမထားပါ။တော်ဝင်၆နှစ်သားအရွယ်လောက်မှာတော့ ဒယ်ဒီ့က သူ့သူငယ်ချင်း၏သားဖြစ်သူစောဝဿုန်ညိုနှင့် မိတ်ဆတ်ပေးလို့ တစ်ယောက်တည်းသော သူငယ်ချင်းကို ရခဲ့ခြင်းဖြစ်သည်။
ဒါတောင် မာမီက ဒယ်ဒီ့ကို မိတ်ဆတ်ပေးရမလားဆိုပြီးတော့တောင် ရန်ရှာကာ အချင်းများခဲ့ကြသေးသည်။
အရင်က မာမီနှင့် ဒယ်ဒီ ရန်မဖြစ်သည့်နေ့ဆိုတာ မရှိသလောက်ကိုရှားခဲ့သည်။ရန်ဖြစ်တိုင်းလဲ ဒယ်ဒီက အလျှော့ပေးကာ တောင်းပန်သော်လည်း မာမီကတော့မရပါ။ဒယ်ဒီ့ကို အပြစ်ရှာကာ ရန်ပြန်တွေ့သည်။
တော်ဝင် အသက်၈နှစ်အရွယ်ရောက်ချိန်မှာတော့ မာမီကUSမှာ သွားနေခဲ့သည်။၁နှစ်တစ်ခါ၊ ၂နှစ်၁ခါလောက်သာ မြန်မာပြည်ကို ပြန်လာသည်။သို့ပေမဲ့လည်း အိမ်မှာရှိသည့် အချိန်က ရှားလွန်းနေသည်။
တောင်ဝင်ကျောင်းနေအရွယ်မှာ မိဘနှစ်ပါးလုံးက ကျောင်းပို့၊ ကျောင်းကြိုလုပ်ပေးကြသည့် ကလေးတွေနှင့် သူတို့၏ အဖေ ဒါမှမဟုတ် အမေတို့က အပို့အကြိုလုပ်ပေးကြသည်။
တော်ဝင်ကတော့ ထို၂ခုလုံးထဲတွင်မပါပါ။အိမ်က driverနှင့်သာ သွားရသည်၊ ပြန်ရသည်။
ကျောင်းပိတ်ရက်တွင်မှာလည်း အိမ်ထဲတွင်သာ တော်ဝင်ကို ထိန်းပေးသည့် ကလေးထိန်း အဒေါ်ကြီးနှင့်သာ ကုန်ဆုံးရသည်။
ညတိုင်းဆိုသလို ထိုကလေးတွေကို အားကျစိတ်နှင့် တော်ဝင် အခန်းထဲမှာ ခိုးငိုခဲ့ဖူးသည်။တစ်နေ့....တောင်ဝင်ငိုနေသည်ကု မာမီတွေ့သွားသည်။
ဘာကြောင့်လဲမာမီက မမေးခဲ့ပါ။တော်ဝင်ကို ရိုက်ကာ
-မင်း ယောကျာ်းမဟုတ်ဖူးလား!ဘာလို့ငိုတာလဲ!ဟမ်!!-
ဖြန်း! ဖြန်း!
-အီးဟီးဟီး!သားနောက်မငိုတော့ပါဖူး!-
-ငိုအုံးဟာ! ငိုအုံး!!-
ဖြန်း! ဖြန်း!
ထိုနေ့ကစပြီး မင်းတော်မှိုင်းဆိုသည့် ကလေးသည် ငိုသည့်အချိန်ဟာ မရှိသလောက် မတွေ့ရတော့သလို ပြုံးသည့်အချိန်သည်လည်း မတွေ့သလောက်ရှားသွားခဲ့သည်။
အခြားလူတွေရဲ့ ကလေးဘ၀အမှတ်တရတွေက အရမ်းပျော်ဖို့ကောင်းတယ်လို့တော့ တော်ဝင်ကြားဖူးသလောက်ရှိသည်။တော်ဝင်အတွက်ကတော့ ထိုသည်တို့ကသာ ငယ်ဘ၀က အမှတ်တရများဖြစ်သည်။
နာကျင်စရာ အမှတ်တရပေါ့!
"ပြောလိုက်ရင်တော့....ဆင်ခြေ ဆင်လက်တွေကြီးပဲ။ထား....နောက်ခါ ငါမင်းကို အိမ်မှာပဲမြင်ချင်တယ် နော်!မင်း အရွယ်ကရိုက်ရမဲ့ အရွယ်မဟုတ်တော့တာကို သတိရ"
မာမီက ထိုသို့ပြောပြီး တော်ဝင့်ကို မျက်စိလှန်ကြည့်ကာ macbookကိုင်ပြီး အိမ်ပေါ်ထပ်သို့တတ်သွားခဲ့သည်။
မျှော်လင့်နေခဲ့တာ....မာမီက နွေးနွေးထွေးထွေးနှုတ်ဆက်မယ်လို့!တကယ်တော့ ထင်ယောင်ထင်မှားတစ်ခုသာသာပဲ!
>>>>>>>>>>>>>>>
ကဗျာမျက်နှာတွင် အပြုံးလှလှလေး တစ်ခုချိတ်လျက်နှင့် အခန်းထဲသို့ဝင်လာတော့ မိုဝဿန်တစ်ယောက်ပဲတွေ့သည်။
ကမ္ဘာ.....မရောက်သေးတာလား။
"ကဗျာ.....နင် နေများမကောင်းတာလား"
တစ်ခါမှ ထိုလိုမျိုး လှလှပပအပြုံးမျိုး မပြုံးဖူးသည့် ကဗျာနောင်က ယနေ့မှ သူ့မူပိုင် ပါးချိုင့်လေးတွေ ပေါ်သည်အထိပြုံးကာနေသည်မို့ ၀သာန်မေးလိုက်ခြင်းဖြစ်သည်။
"နေကတော့....ကောင်းသွားပါပြီ"
"အော်....."
"........"
"ဟင်!အ့ဆို နင်ဖျားသေးတယ်ပေါ့!"
"လန့်လိုက်တာဟာ....ဖြေးဖြေးမေးပါ"
မိုဝဿန် ပြူးတုပြဲတဲ ဆတ်ခနဲမေးလိုက်သည်မို့ ကဗျာလန့်သွားခြင်းဖြစ်သည်။
"အင်း....."
"ဘယ်လိုဖြစ်လို့ဖျားတာလဲ"
"ဒီတိုင်း မိုးမိပြီး အအေးပတ်တာ"
"ဘာလို့ မိုးမိတာ"
"မိုး ၀ ဿန်!"
"ဘာလဲ"
"အမှု့စစ်သလို လာမေးနေတယ်နော်"
"ငါတစ်ခုထပ်မေးမယ်"
"မမေးနဲ့"
"မေးမှာဟာ မရဖူး"
"......."
ကဗျာ မျက်စောင်းလှလှတစ်ချက်ထိုးလိုက်သည်။
၀ဿုန် ကဗျာ့ နားအနားသို့သွားကာ လေသံအုပ်အုပ်ဖြင့်
"အဲ့တာ....နင်ဖျားတာ ကမ္ဘာနဲ့ဆိုင်လား"
"ဘာ!"
"လန့်လိုက်တာဟာ!"
"နင်....နင် ဘာမေးတာလဲ"
"နင်ကြားပါတယ်"
"......."
"ဟုတ်တယ်မလား"
ကဗျာက ကမ္ဘာ့ကို ကြိုက်နေသည်ကို ၀ဿန်သိသည်။အရင်ကတည်းကသိသည်။
ကဗျာ ကမ္ဘာ့ကိုကြိုက်နေသည့်အကြောင်းကို သိသော တစ်ယောက်တည်းလူသည် ၀ဿန်သာဖြစ်သည်။
"၀ဿုန်"
"ပြောလေ"
"ကမ္ဘာက......"
"ကမ္ဘာက ဘာဖြစ်လဲ"
ကျစ်!
"ဘာမှ မဟုတ်တော့ပါဖူးဟာ"
"ကဗျာနောင်....နင်နော်!ငါ့ကိုလဲပြောပြပေါ့။နင်ကမ္ဘာနဲ့ ပတ်သတ်ပြီး ရင်ဖွင့်စရာက ငါကလွဲပြီးဘယ်သူရှိမှာလဲ"
"........"
ကဗျာ မျက်နှာက စောနကနှင့်မတူ သိသိသာသာ ညိုးကာသွားသည်။
"ကမ္ဘာက....."
"ကမ္ဘာက....."
"နှောင်းငြိမ့်ကို ကြိုက်နေတာ..."
"နှောင်းငြိမ့်ကို ကြိုက်နေတာ...!!!"
"မိုးဝဿန်....!!"
ဗြုန်းခနဲ ထရပ်ကာ အော်လိုက်သော သကောင်သားကို ကဗျာ ပြာယာခတ်ကာ ပါးစပ်ကို လက်ဖြင့်အုပ်ကာ ပြန်ထိုင်ခိုင်းရသည်။
"တ....တကယ်ကြီးလား!"
၀ဿုန်က ကဗျာ့နားကပ်ကာ လေသံဖြင့်ပြောသည်။
"အင်း......"
"ဘာလို့လဲ!ဘာလို့ နင်မဟုတ်ရတာလဲ!"
"၀ဿန်.....ဒီလို ကိစ္စမျိုးက ငါဆုံးဖြတ်လို့ရတာမျိုးမဟုတ်ဖူးလေ"
ကဗျာက ပြုံးကာပြောသည်။
"နင်က.....သူ့အနားမှာ အကြာကြီးရှိနေပေးခဲ့တာလေ။ပြီးတော့.....သူရဲ့ ဒဏ်ကို နင်ပဲခံလာခဲ့တာမလား"
"......."
ကဗျာက ကမ္ဘာ့ကို ဘယ်လောက်ချစ်လဲ ၀ဿန်အသိဆုံး။
"နောက်ဆုံးကြ....သူရွေးလိုက်တာက နှောင်းငြိမ့်ကိုတဲ့လား"
ထိုစကားအဆုံး ကဗျာနှုတ်ခမ်းထောင့်လေးတွေ ကော့ညွှတ်သွားကာ
"၀ဿုန်...."
"......."
"ဒီလောကကြီးထဲမှာ ငါတို့ကိုယ်တိုင် ပုဒ်မတပ်ပြီး တရားဆွဲလို့မရတဲ့အရာ နှစ်ခုရှိတယ်"
ကဗျာက လက်၂ချောင်းထောင်ကာ
"......."
"တစ်ခုက ဘာလို့လူတစ်ချို့က သေချိန်မတန်ပဲသေရတာလဲဆိုတာရယ်...."
ကဗျာ့ လက်တစ်ချောင်းသိမ်းကာပြောသည်။
"........"
"တစ်ခုကတော့.....တစ်ဖက်လူက ငါတို့ကို.....ဘာလို့မရွေးချယ်ရတာလဲဆိုတာရယ်ပဲ"
"........"
"အဲ့အချက်တွေက ဘာခေါင်းစဥ်မှမရှိသလို....ဘာခေါင်းစဥ်မှလဲ တပ်လို့ မရဖူး"
"......."
"သေချိန်မတန်ပဲ သေရတယ်ဆိုတာကိုတော့ တစ်ချို့က သေနေ့စေ့လို့ဆိုပြီး ခေါင်းစဥ်တပ်ကြတယ်"
"......."
"အဲ့တာဆို.....တစ်စုံတစ်ယောက်က ငါတို့ကို မရွေးချယ်ခဲ့တာကိုကျတော့ရော....ဘယ်လိုခေါင်းစဥ်တပ်မလဲ ၀ဿန်"
"......."
"နင်ပြောကြည့်...."
"ငါ.....မတွေးတတ်ဖူး"
ကဗျာက ပြုံးကာ
"ဘာကြောင့်လဲဆို....ငါတို့က သူနှစ်သက် သဘောကျတဲ့လူ၊ သူချစ်မြတ်နိုးတဲ့လူ၊ သူသဘောကျတဲ့ လူမဟုတ်လို့ပေါ့"
"......."
"တစ်နည်းအားဖြင့် ခေါင်းစဥ်တပ်ရရင်.....၀ဋ်ကြွေး"
"ဘာလို့လဲ"
၀ဿန်မှင်သေသေဖြစ်သွားသည်။
"နင့်မေးခွန်းက ဖြေရရိုးရှင်းပါတယ်...."
"........"
"စောနကပြောတယ်မလား သူသဘောကျ၊ ချစ်ရတဲ့လူက ကိုယ်မဟုတ်တာကို သိသိရက်နဲ့ တစ်ဖက်တည်းကသာ....ချစ်နေ၊ မြတ်နိုးမိနေတာလေ"
"......."
"နာကျင်ရတယ်...."
"......."
"ရုန်းလေ..နစ်လေ ဖြစ်တယ်ဆိုတာ အချစ်နွံလို့ခေါ်တယ်။တစ်ခါတလေ လွတ်မလား ရုန်းကြည့်တယ်....ဒါပေမဲ့....ပိုပိုလို့နစ်သွားပြန်ရော....."
"......."
"တစ်ဖက်မှာလဲ ငါတို့ကြောင့် နာကျင်နေမဲ့ လူတွေရှိနိုင်သလို....ငါတို့ကလဲ တစ်စုံတစ်ယောက်ကြောင့် နာကျင်နေရပြန်တယ်"
"......."
"ဒီလိုနဲ့ပဲ.....ဘဝသသရာကြီးက လည်နေအုံးမှာပဲလေ။နင်ပြောကြည့်......အဲ့တာကို ၀ဋ်ကြွေးလို့ ခေါင်းစဥ်မတပ်ရင် ငါတို့ဘာလို့ ခေါင်းစဥ်တပ်နိုင်မလဲ"
၀ဿန် ကဗျာ့မျက်နှာကို ကြည့်နေမိသည်။
ကဗျာ့မျက်နှာတွင် ဒီအကြောင်းမစခင်က ပျော်ရွင်မှု့အပြည့်နှင့် အပြုံးမဟုတ်တော့ပဲ နာကျင်မှု့အပြည့်နှင့်အပြုံးတစ်ခုကို လှပစွာပဲ ပြုံးနေပြန်သည်။
ငါနင့်ကို နားမလည်နိုင်တော့ဖူး ကဗျာ...။
"........"
"ပြီးတော့.....သူ နှောင်းငြိမ့်ကို ဖွင့်ပြောပြီးပြီ"
"ဟမ်!"
"အင်း....."
"နှောင်းငြိမ့်က ဘာတဲ့လဲ"
".....နှောင်းငြိမ့်က....အခွင့်အရေးပေးမယ်တဲ့"
"........"
"ပြီးတော့......ကမ္ဘာ အရမ်းပျော်နေတယ် သိလားဝဿန်"
"နင်ရော.....ပျော်လားကဗျာ"
ကဗျာက ရယ်သည်။
"ပျော်တာပေါ့.....ငါမပျော်လို့ရမလား။ကမ္ဘာက ပျော်နေတာပဲဟာ....ငါမပျော်လို့ရမလား"
ထိုစကားကို နာကျင်စွာပြောလိုက်သည်။
တစ်ခါတလေမှာ ရပ်တန့်နေလိုက်တာကောင်းတယ်မလား။
ချစ်ခြင်းဖြစ်ဖြစ်၊ မေတ္တာတြွေဖစ်ဖြစ်ပေါ့။
အတင်းလုပ်ယူမရတာတွေ ရှိသလို မဖြစ်နိုင်တဲ့ အရာတွေလဲရှိတယ်။
ဒီနှောင်ကြီးတွေကို သံသရာမလည်အောင် ကိုယ်တိုင်ပဲ ငြိမ်နေလိုက်တာက ပိုကောင်းတဲ့ဆုံးဖြတ်ချက်တစ်ခုပါ။
သူပျော်နေတယ်မလား၊ ရတယ် ဒီတစ်ချက်နဲ့တင် နေ့တိုင်းပြုံးဖို့အတွက် အကြောင်းပြချက် ခိုင်လုံတယ်။
ငေးကြည့်နေခြင်းကလဲ မေတ္တာတစ်ခုပဲမလား။
____________________
6.5.2024
____________________
(Zawgyi)🥟 Part-13
ကြၽီ!
တံခါးဖြင့္သံႏွင့္အတူ ကမ႓ာ အေလာတႀကီးႏွင့္ တံခါးထဲသို႔ ၀င္သြားၿပီး အိပ့္ယာေပၚမွာေက်ာေပးအိပ့္ေနသၫ့္ ကဗ်ာ့ကိုေတြ့ေတာ့ ကမ႓ာေယာက္ယက္ခက္သြားခဲ့ၿပီး စိတ္ေတြသည္လည္းအစိုးမရ။
ကမ႓ာတစ္ခုသိတာက.....သူကဗ်ာ့ကိုစိတ္ပူေနတယ္!
"ကဗ်ာ့!...."
နာမည္ေခၚကာ ကဗ်ာ့အိပ့္ေနသၫ့္အနားသို႔ မေျပးရံုတမယ္ေလ်ွာက္သြားခဲ့သည္။
မစိမ္းသက္လွသၫ့္ အသံေလးၾကားသည္ႏွင့္ ကဗ်ာ ေက်ာေပးအိပ့္ေနရာမွ လွၫ့္ၾကၫ့္လိုက္ေတာ့....တစ္ကိုယ္လံုးစိုရြဲေနသၫ့္ ကမ႓ာကိုေတြ့သည္မို႔ ကဗ်ာေယာင္ရမ္းကာ ကုန္းထလိုက္မိသည္။
"ကမ႓ာ...!"
"မင္း သက္သာရဲ့လား။ငါ မင္းႀကိဳက္တဲ့ ငါးဆန္ျပဳတ္နဲ႔ ေဆးဝင္ဝယ္ခဲ့တယ္"
"........"
ကုတင္ေပၚတြင္ ကဗ်ာ့အနားကပ္ထိုင္ကာ တတြတ္တြတ္ေျပာေနေသာ ကမ႓ာ့ကို ကဗ်ာၾကၫ့္ေနမိသည္။
"ခနေလးေစာင့္....ငါမင္းေဆးေသာက္ဖို႔ ဆန္ျပဳတ္သြားထၫ့္လိုက္ဉီးမယ္"
"........"
"........"
ထမည္အျပဳ ကဗ်ာက ကမ႓ာ့လက္အား ဖ်တ္ခနဲလွမ္းဆြဲလိုက္သည္မို႔ ကမ႓ာ ကဗ်ာ့ကို ဘာလဲ ဆိုသၫ့္အၾကၫ့္ႏွင့္ ၾကၫ့္လိုက္သည္။
"မင္း.....မိုးေရထဲမွာ ဒီတိုင္းလာခဲ့တာလား"
"........"
"ေျဖေလ။အခုလဲၾကၫ့္....တစ္ကိုယ္လံုးစိုရြဲေနတာပဲ။မေတာ္လို႔ မင္းပါေနမေကာင္းျဖစ္သြားရင္ ဘယ္လိုလုပ္မလဲ"
ကဗ်ာက ကမ႓ာ့ကို ခုတင္ေပၚတြင္ျပန္ထိုင္ေစၿပီး ကမ႓ာ့ေနာက္တြင္ေနကာ ကုတင္ေဘးရိွ စားပြဲေပၚက ပုဝါအျဖဴေလးကို ယူၿပီး ကမ႓ာ့ဆံပင္ေတြကို ေျပာရင္း ဆိုရင္းႏွင့္ ခပ္ဖြဖြသုတ္ေပးေနသည္။
"........"
မင္းေနမေကာင္းျဖစ္ေနတာကို....ငါက ဘာကိုဂရုစိုက္ေနရအံုးမွာလဲကဗ်ာ။
"ငါေျပာေနတာေတြေရာ ၾကားရဲ့လား"
ကိုယ္ကသာ စိတ္ပူလို႔ ပြစိပြစိေျပာေနေပမဲ့ သေကာင္သားက တံု႔တံု႔ေတာင္မလႈပ္ပဲ တိတ္ဆိတ္ေနတာမို႔ ၾကၫ့္လိုက္မိေတာ့
"မင္းကလြဲၿပီး.....ငါ့အတြက္ ဘာမွအေရးႀကီးဘူး"
"........"
ထိုစကားက ကမ႓ာ့ရင္ထဲတစ္ေနရာကို သိပ့္ခနဲျဖစ္သြားေစသည္။
ဒုတ္! ဒုတ္! ဒုတ္!
WTF!!ကမ႓ာထြဋ္ေခါင္ မင္းဘာေႂတြဖစ္ေနတာလဲ!!
"ကမ႓ာ!မင္း!!"
"ဟို!...အမ္....ငါဆန္ျပဳတ္သြားထၫ့္လိုက္အံုးမယ္!"
ကမ႓ာက ဆတ္ခနဲ ထသြားကာ အခန္းထဲမွာခ်ိတ္ထားခဲ့သၫ့္ ဆန္ျပဳတ္အိတ္အား ယူကာ ထြက္သြားသည္။
ကဗ်ာမွာေတာ့ အၿပံဳးလွလွတစ္ခုႏွင့္သာက်န္ေနခဲ့သည္။
တစ္ခ်ိန္တည္းမွာပဲ ထိုအၿပံဳးက ခ်က္ခ်င္းဆိုသလို ေမွးမိွန္ကာ ေပ်ာက္ကြယ္သြားသည္။
အမ်ားႀကီးမေပ်ာ္ရဲဖူး.....ကိုယ္ေပ်ာ္ၿပီဆို...၀မ္းနည္းစရာေတြက ေရာက္ေရာက္လာတတ္လို႔။
>>>>>>>>>>>>>>>
"မာမီ!....ဘယ္တုန္းကျပန္ေရာက္ေနတာလဲ!"
ေတာ္ဝင္ ၀ယ္ထားတဲ့ ကြန္ဒိုမွာပဲ ျပန္အိပ့္ကာအိမ္မွမအိပ့္တာ ၂ရက္ရိွၿပီျဖစ္သည္။
ဒီေန့လဲ ျပန္လာဖို႔စိတ္ကူးမရိွပါ။သို႔ေပမဲ့ fileအခ်ိဳ႕ယူစရာက်န္ေနခဲ့တာမို႔ အိမ္ကိုျပန္လာခဲ့ရျပန္သည္။
အိမ္ထဲဝင္ဝင္လာခ်င္း ဆိုဖာေပၚမွာ macbookႏွင့္ အလုပ္ရႈပ္ေနေသာ မာမီ့ကိုေတြ့သည္မို႔ ေတာ္ဝင္အံ့ၾသသြားရသည္။
US ကျပန္လာျပန္ၿပီလား!
"အဟြန႔္!၂ရက္ေလာက္ အိမ္မကပ္ပဲနဲ႔ ဘယ္တုန္းကျပန္ေရာက္လဲလာေမးေနတယ္"
မာမီက macbookမွာသာ အၾကၫ့္ထားကာ ေတာ္ဝင့္ကို ေဘာက္ဆတ္ဆတ္ျပန္ေျဖသည္။
"ကြၽန္ေတာ္ ဒီလထဲမွာ projectတစ္ခုအၿပီးသတ္စရာရိွလို႔...အဲ့ေၾကာင့္ ကုမၸဏီနဲ႔ နီးတဲ့ သားကြန္ဒိုမွာပဲ ေနျဖစ္ေနလို႔ပါ"
မာမီက အျပင္မွာ အိပ့္တာမႀကိဳက္ပါ။ေစာဝႆုန္ညိုတစ္ေယာက္ကလြဲၿပီးသူငယ္ခ်င္းေတာင္မရိွခဲ့ဖူးသည္မွာ ယေန့အထိျဖစ္သည္။မာမီက ငယ္ငယ္တည္းက ေတာ္ဝင့္အေပၚမွာ တင္းၾကပ္လြန္းသည္။ကုန္ကုန္ေျပာရရင္ သူငယ္ခ်င္းေတာင္ ေပးမထားပါ။ေတာ္ဝင္၆ႏွစ္သားအရြယ္ေလာက္မွာေတာ့ ဒယ္ဒီ့က သူ႔သူငယ္ခ်င္း၏သားျဖစ္သူေစာဝႆုန္ညိုႏွင့္ မိတ္ဆတ္ေပးလို႔ တစ္ေယာက္တည္းေသာ သူငယ္ခ်င္းကို ရခဲ့ျခင္းျဖစ္သည္။
ဒါေတာင္ မာမီက ဒယ္ဒီ့ကို မိတ္ဆတ္ေပးရမလားဆိုၿပီးေတာ့ေတာင္ ရန္ရွာကာ အခ်င္းမ်ားခဲ့ၾကေသးသည္။
အရင္က မာမီႏွင့္ ဒယ္ဒီ ရန္မျဖစ္သၫ့္ေန့ဆိုတာ မရိွသေလာက္ကိုရွားခဲ့သည္။ရန္ျဖစ္တိုင္းလဲ ဒယ္ဒီက အေလ်ွာ့ေပးကာ ေတာင္းပန္ေသာ္လည္း မာမီကေတာ့မရပါ။ဒယ္ဒီ့ကို အျပစ္ရွာကာ ရန္ျပန္ေတြ့သည္။
ေတာ္ဝင္ အသက္၈ႏွစ္အရြယ္ေရာက္ခ်ိန္မွာေတာ့ မာမီကUSမွာ သြားေနခဲ့သည္။၁ႏွစ္တစ္ခါ၊ ၂ႏွစ္၁ခါေလာက္သာ ျမန္မာျပည္ကို ျပန္လာသည္။သို႔ေပမဲ့လည္း အိမ္မွာရိွသၫ့္ အခ်ိန္က ရွားလြန္းေနသည္။
ေတာင္ဝင္ေက်ာင္းေနအရြယ္မွာ မိဘႏွစ္ပါးလံုးက ေက်ာင္းပို႔၊ ေက်ာင္းႀကိဳလုပ္ေပးၾကသၫ့္ ကေလးေတြႏွင့္ သူတို႔၏ အေဖ ဒါမွမဟုတ္ အေမတို႔က အပို႔အႀကိဳလုပ္ေပးၾကသည္။
ေတာ္ဝင္ကေတာ့ ထို၂ခုလံုးထဲတြင္မပါပါ။အိမ္က driverႏွင့္သာ သြားရသည္၊ ျပန္ရသည္။
ေက်ာင္းပိတ္ရက္တြင္မွာလည္း အိမ္ထဲတြင္သာ ေတာ္ဝင္ကို ထိန္းေပးသၫ့္ ကေလးထိန္း အေဒၚႀကီးႏွင့္သာ ကုန္ဆံုးရသည္။
ညတိုင္းဆိုသလို ထိုကေလးေတြကို အားက်စိတ္ႏွင့္ ေတာ္ဝင္ အခန္းထဲမွာ ခိုးငိုခဲ့ဖူးသည္။တစ္ေန့....ေတာင္ဝင္ငိုေနသည္ကု မာမီေတြ့သြားသည္။
ဘာေၾကာင့္လဲမာမီက မေမးခဲ့ပါ။ေတာ္ဝင္ကို ရိုက္ကာ
-မင္း ေယာက်ာ္းမဟုတ္ဖူးလား!ဘာလို႔ငိုတာလဲ!ဟမ္!!-
ျဖန္း! ျဖန္း!
-အီးဟီးဟီး!သားေနာက္မငိုေတာ့ပါဖူး!-
-ငိုအံုးဟာ! ငိုအံုး!!-
ျဖန္း! ျဖန္း!
ထိုေန့ကစၿပီး မင္းေတာ္မိႈင္းဆိုသၫ့္ ကေလးသည္ ငိုသၫ့္အခ်ိန္ဟာ မရိွသေလာက္ မေတြ့ရေတာ့သလို ၿပံဳးသၫ့္အခ်ိန္သည္လည္း မေတြ့သေလာက္ရွားသြားခဲ့သည္။
အျခားလူေတြရဲ့ ကေလးဘ၀အမွတ္တရေတြက အရမ္းေပ်ာ္ဖို႔ေကာင္းတယ္လို႔ေတာ့ ေတာ္ဝင္ၾကားဖူးသေလာက္ရိွသည္။ေတာ္ဝင္အတြက္ကေတာ့ ထိုသည္တို႔ကသာ ငယ္ဘ၀က အမွတ္တရမ်ားျဖစ္သည္။
နာက်င္စရာ အမွတ္တရေပါ့!
"ေျပာလိုက္ရင္ေတာ့....ဆင္ေျခ ဆင္လက္ေတြႀကီးပဲ။ထား....ေနာက္ခါ ငါမင္းကို အိမ္မွာပဲျမင္ခ်င္တယ္ ေနာ္!မင္း အရြယ္ကရိုက္ရမဲ့ အရြယ္မဟုတ္ေတာ့တာကို သတိရ"
မာမီက ထိုသို႔ေျပာၿပီး ေတာ္ဝင့္ကို မ်က္စိလွန္ၾကၫ့္ကာ macbookကိုင္ၿပီး အိမ္ေပၚထပ္သို႔တတ္သြားခဲ့သည္။
ေမ်ွာ္လင့္ေနခဲ့တာ....မာမီက ေနြးေနြးေထြးေထြးႏႈတ္ဆက္မယ္လို႔!တကယ္ေတာ့ ထင္ေယာင္ထင္မွားတစ္ခုသာသာပဲ!
>>>>>>>>>>>>>>>
ကဗ်ာမ်က္ႏွာတြင္ အၿပံဳးလွလွေလး တစ္ခုခ်ိတ္လ်က္ႏွင့္ အခန္းထဲသို႔ဝင္လာေတာ့ မိုဝႆန္တစ္ေယာက္ပဲေတြ့သည္။
ကမ႓ာ.....မေရာက္ေသးတာလား။
"ကဗ်ာ.....နင္ ေနမ်ားမေကာင္းတာလား"
တစ္ခါမွ ထိုလိုမ်ိဳး လွလွပပအၿပံဳးမ်ိဳး မၿပံဳးဖူးသၫ့္ ကဗ်ာေနာင္က ယေန့မွ သူ႔မူပိုင္ ပါးခ်ိဳင့္ေလးေတြ ေပၚသည္အထိၿပံဳးကာေနသည္မို႔ ၀သာန္ေမးလိုက္ျခင္းျဖစ္သည္။
"ေနကေတာ့....ေကာင္းသြားပါၿပီ"
"ေအာ္....."
"........"
"ဟင္!အ့ဆို နင္ဖ်ားေသးတယ္ေပါ့!"
"လန႔္လိုက္တာဟာ....ေျဖးေျဖးေမးပါ"
မိုဝႆန္ ျပဴးတုၿပဲတဲ ဆတ္ခနဲေမးလိုက္သည္မို႔ ကဗ်ာလန႔္သြားျခင္းျဖစ္သည္။
"အင္း....."
"ဘယ္လိုျဖစ္လို႔ဖ်ားတာလဲ"
"ဒီတိုင္း မိုးမိၿပီး အေအးပတ္တာ"
"ဘာလို႔ မိုးမိတာ"
"မိုး ၀ ႆန္!"
"ဘာလဲ"
"အမႈ႔စစ္သလို လာေမးေနတယ္ေနာ္"
"ငါတစ္ခုထပ္ေမးမယ္"
"မေမးနဲ႔"
"ေမးမွာဟာ မရဖူး"
"......."
ကဗ်ာ မ်က္ေစာင္းလွလွတစ္ခ်က္ထိုးလိုက္သည္။
၀ႆုန္ ကဗ်ာ့ နားအနားသို႔သြားကာ ေလသံအုပ္အုပ္ျဖင့္
"အဲ့တာ....နင္ဖ်ားတာ ကမ႓ာနဲ႔ဆိုင္လား"
"ဘာ!"
"လန႔္လိုက္တာဟာ!"
"နင္....နင္ ဘာေမးတာလဲ"
"နင္ၾကားပါတယ္"
"......."
"ဟုတ္တယ္မလား"
ကဗ်ာက ကမ႓ာ့ကို ႀကိဳက္ေနသည္ကို ၀ႆန္သိသည္။အရင္ကတည္းကသိသည္။
ကဗ်ာ ကမ႓ာ့ကိုႀကိဳက္ေနသၫ့္အေၾကာင္းကို သိေသာ တစ္ေယာက္တည္းလူသည္ ၀ႆန္သာျဖစ္သည္။
"၀ႆုန္"
"ေျပာေလ"
"ကမ႓ာက......"
"ကမ႓ာက ဘာျဖစ္လဲ"
က်စ္!
"ဘာမွ မဟုတ္ေတာ့ပါဖူးဟာ"
"ကဗ်ာေနာင္....နင္ေနာ္!ငါ့ကိုလဲေျပာျပေပါ့။နင္ကမ႓ာနဲ႔ ပတ္သတ္ၿပီး ရင္ဖြင့္စရာက ငါကလြဲၿပီးဘယ္သူရိွမွာလဲ"
"........"
ကဗ်ာ မ်က္ႏွာက ေစာနကႏွင့္မတူ သိသိသာသာ ညိုးကာသြားသည္။
"ကမ႓ာက....."
"ကမ႓ာက....."
"ေနွာင္းၿငိမ့္ကို ႀကိဳက္ေနတာ..."
"ေနွာင္းၿငိမ့္ကို ႀကိဳက္ေနတာ...!!!"
"မိုးဝႆန္....!!"
ျဗဳန္းခနဲ ထရပ္ကာ ေအာ္လိုက္ေသာ သေကာင္သားကို ကဗ်ာ ျပာယာခတ္ကာ ပါးစပ္ကို လက္ျဖင့္အုပ္ကာ ျပန္ထိုင္ခိုင္းရသည္။
"တ....တကယ္ႀကီးလား!"
၀ႆုန္က ကဗ်ာ့နားကပ္ကာ ေလသံျဖင့္ေျပာသည္။
"အင္း......"
"ဘာလို႔လဲ!ဘာလို႔ နင္မဟုတ္ရတာလဲ!"
"၀ႆန္.....ဒီလို ကိစၥမ်ိဳးက ငါဆံုးျဖတ္လို႔ရတာမ်ိဳးမဟုတ္ဖူးေလ"
ကဗ်ာက ၿပံဳးကာေျပာသည္။
"နင္က.....သူ႔အနားမွာ အၾကာႀကီးရိွေနေပးခဲ့တာေလ။ၿပီးေတာ့.....သူရဲ့ ဒဏ္ကို နင္ပဲခံလာခဲ့တာမလား"
"......."
ကဗ်ာက ကမ႓ာ့ကို ဘယ္ေလာက္ခ်စ္လဲ ၀ႆန္အသိဆံုး။
"ေနာက္ဆံုးၾက....သူေရြးလိုက္တာက ေနွာင္းၿငိမ့္ကိုတဲ့လား"
ထိုစကားအဆံုး ကဗ်ာႏႈတ္ခမ္းေထာင့္ေလးေတြ ေကာ့ၫႊတ္သြားကာ
"၀ႆုန္...."
"......."
"ဒီေလာကႀကီးထဲမွာ ငါတို႔ကိုယ္တိုင္ ပုဒ္မတပ္ၿပီး တရားဆြဲလို႔မရတဲ့အရာ ႏွစ္ခုရိွတယ္"
ကဗ်ာက လက္၂ေခ်ာင္းေထာင္ကာ
"......."
"တစ္ခုက ဘာလို႔လူတစ္ခ်ိဳ႕က ေသခ်ိန္မတန္ပဲေသရတာလဲဆိုတာရယ္...."
ကဗ်ာ့ လက္တစ္ေခ်ာင္းသိမ္းကာေျပာသည္။
"........"
"တစ္ခုကေတာ့.....တစ္ဖက္လူက ငါတို႔ကို.....ဘာလို႔မေရြးခ်ယ္ရတာလဲဆိုတာရယ္ပဲ"
"........"
"အဲ့အခ်က္ေတြက ဘာေခါင္းစဥ္မွမရိွသလို....ဘာေခါင္းစဥ္မွလဲ တပ္လို႔ မရဖူး"
"......."
"ေသခ်ိန္မတန္ပဲ ေသရတယ္ဆိုတာကိုေတာ့ တစ္ခ်ိဳ႕က ေသေန့ေစ့လို႔ဆိုၿပီး ေခါင္းစဥ္တပ္ၾကတယ္"
"......."
"အဲ့တာဆို.....တစ္စံုတစ္ေယာက္က ငါတို႔ကို မေရြးခ်ယ္ခဲ့တာကိုက်ေတာ့ေရာ....ဘယ္လိုေခါင္းစဥ္တပ္မလဲ ၀ႆန္"
"......."
"နင္ေျပာၾကည့္...."
"ငါ.....မေတြးတတ္ဖူး"
ကဗ်ာက ၿပံဳးကာ
"ဘာေၾကာင့္လဲဆို....ငါတို႔က သူႏွစ္သက္ သေဘာက်တဲ့လူ၊ သူခ်စ္ျမတ္ႏိုးတဲ့လူ၊ သူသေဘာက်တဲ့ လူမဟုတ္လို႔ေပါ့"
"......."
"တစ္နည္းအားျဖင့္ ေခါင္းစဥ္တပ္ရရင္.....၀ဋ္ေႂကြး"
"ဘာလို႔လဲ"
၀ႆန္မွင္ေသေသျဖစ္သြားသည္။
"နင့္ေမးခြန္းက ေျဖရရိုးရွင္းပါတယ္...."
"........"
"ေစာနကေျပာတယ္မလား သူသေဘာက်၊ ခ်စ္ရတဲ့လူက ကိုယ္မဟုတ္တာကို သိသိရက္နဲ႔ တစ္ဖက္တည္းကသာ....ခ်စ္ေန၊ ျမတ္ႏိုးမိေနတာေလ"
"......."
"နာက်င္ရတယ္...."
"......."
"ရုန္းေလ..နစ္ေလ ျဖစ္တယ္ဆိုတာ အခ်စ္ႏြံလို႔ေခၚတယ္။တစ္ခါတေလ လြတ္မလား ရုန္းၾကည့္တယ္....ဒါေပမဲ့....ပိုပိုလို႔နစ္သြားျပန္ေရာ....."
"......."
"တစ္ဖက္မွာလဲ ငါတို႔ေၾကာင့္ နာက်င္ေနမဲ့ လူေတြရိွႏိုင္သလို....ငါတို႔ကလဲ တစ္စံုတစ္ေယာက္ေၾကာင့္ နာက်င္ေနရျပန္တယ္"
"......."
"ဒီလိုနဲ႔ပဲ.....ဘဝသသရာႀကီးက လည္ေနအံုးမွာပဲေလ။နင္ေျပာၾကည့္......အဲ့တာကို ၀ဋ္ေႂကြးလို႔ ေခါင္းစဥ္မတပ္ရင္ ငါတို႔ဘာလို႔ ေခါင္းစဥ္တပ္ႏိုင္မလဲ"
၀ႆန္ ကဗ်ာ့မ်က္ႏွာကို ၾကၫ့္ေနမိသည္။
ကဗ်ာ့မ်က္ႏွာတြင္ ဒီအေၾကာင္းမစခင္က ေပ်ာ္ရြင္မႈ႔အျပၫ့္ႏွင့္ အၿပံဳးမဟုတ္ေတာ့ပဲ နာက်င္မႈ႔အျပၫ့္ႏွင့္အၿပံဳးတစ္ခုကို လွပစြာပဲ ၿပံဳးေနျပန္သည္။
ငါနင့္ကို နားမလည္ႏိုင္ေတာ့ဖူး ကဗ်ာ...။
"........"
"ၿပီးေတာ့.....သူ ေနွာင္းၿငိမ့္ကို ဖြင့္ေျပာၿပီးၿပီ"
"ဟမ္!"
"အင္း....."
"ေနွာင္းၿငိမ့္က ဘာတဲ့လဲ"
".....ေနွာင္းၿငိမ့္က....အခြင့္အေရးေပးမယ္တဲ့"
"........"
"ၿပီးေတာ့......ကမ႓ာ အရမ္းေပ်ာ္ေနတယ္ သိလားဝႆန္"
"နင္ေရာ.....ေပ်ာ္လားကဗ်ာ"
ကဗ်ာက ရယ္သည္။
"ေပ်ာ္တာေပါ့.....ငါမေပ်ာ္လို႔ရမလား။ကမ႓ာက ေပ်ာ္ေနတာပဲဟာ....ငါမေပ်ာ္လို႔ရမလား"
ထိုစကားကို နာက်င္စြာေျပာလိုက္သည္။
တစ္ခါတေလမွာ ရပ္တန႔္ေနလိုက္တာေကာင္းတယ္မလား။
ခ်စ္ျခင္းျဖစ္ျဖစ္၊ ေမတၲာေႂတြဖစ္ျဖစ္ေပါ့။
အတင္းလုပ္ယူမရတာေတြ ရိွသလို မျဖစ္ႏိုင္တဲ့ အရာေတြလဲရိွတယ္။
ဒီေနွာင္ႀကီးေတြကို သံသရာမလည္ေအာင္ ကိုယ္တိုင္ပဲ ၿငိမ္ေနလိုက္တာက ပိုေကာင္းတဲ့ဆံုးျဖတ္ခ်က္တစ္ခုပါ။
သူေပ်ာ္ေနတယ္မလား၊ ရတယ္ ဒီတစ္ခ်က္နဲ႔တင္ ေန့တိုင္းၿပံဳးဖို႔အတြက္ အေၾကာင္းျပခ်က္ ခိုင္လံုတယ္။
ေငးၾကၫ့္ေနျခင္းကလဲ ေမတၲာတစ္ခုပဲမလား။
____________________
6.5.2024
____________________