Essential of my life 🌻🦋

Oleh Ryan_12424

101 15 0

ကျွန်မဘဝမှာ ဘယ်ယောကျာ်းကိုမှ ရူးလောက်အောင်မချစ်မိသေးဘူး ကလေးကိုသာ ရူးလောက်အောင်ချစ်မိတာပါ #ဒေါ်တေးယုယနိုင် မေ... Lebih Banyak

Part 1 Uni
Part1 Zawgyi
Part 2 uni
Part 2 zawgyi
Part3(Uni)
Part4(Uni)
Part4(Zawgyi)

Part 3(Zawgyi)

3 0 0
Oleh Ryan_12424

ကျောင်းလှေကားတွင် သျှားခေတ်မောင်သည် ယွန်းဇမ္ဗူကျော်အား မတ်တပ်ရပ်ကာစောင့်နေလေသည်

ယွန်းသည်လည်း အချိန်ကိုက်ပင် လှေကားပေါ်သို့တတ်လာလေသည် မတ်တပ်ရပ်ကာ သူ့ကို ကြည့်နေသော သျှားခေတ်မောင်အားမြင်သော်
'အယ် ဟိုတစ်ယောက် ငါ့ကိုစောင့်နေတာလားမသိဘူး ငါအချိန်ဆွဲတာ တစ်ပတ်ရှိနေပီ ရှောင်နေတာလဲ တစ်ပတ်ရှိပီ ဟူးးးး ကြောက်လိုက်တာ '
ယွန်းသည်စိတ်ထဲက ကြောက်နေသော်လည်း မျက်နှာတွင်မပေါ် အောင် မျက်နှာကို တင်းထားသည်
သျှားရှေ့သို့ရောက်သော် မမြင်ချင်ယောင်ဆောင်ကာ ရှောင်သွားလေသည်

သျှားက"ဟာ ဟိတ် လူတစ်ယောက်လုံးကိုမမြင်ဘူးလား ကျော်သွားရအောင် ကိုယ့်ခန္ဓာကိုယ်က သေးနေလို့လား "

"ဘာလဲ ခင်ဗျားဘာသာ ခင်ဗျား ဘယ်သူ့ကိုစောင့်နေမှန်းမသိဘဲနဲ့ ကျွန်မက နှုတ်ဆက်ပီးပြုံးပြရမှာလား "ဟု လှေကားတတ်ရင်းပြန်ပြောလေသည်

ယွန်းတို့အခန်းမှာ 6လွှာတွင်ဖြစ်သည် ယခုရောက်နေသည်မှာ 3လွှာ ဖြစ်သည် စာသင်ခန်းများသည် တံခါးပိတ်ကာ စာသင်သည်ဖြစ်သောကြောင့် လျှောက်လမ်းတွင်လူရှင်းနေသည်

"ထားပါ အဲ့တာတွေ အဖြေပေးတော့ ကိုယ်စောင့်ရတာ မုန်းလာပီ ကိုယ်အကြာကြီး မစောင့်ချင်ဘူးလို့ ပြောထားတယ်မလား "

"ကျွန်မမှ ခင်ဗျား အကြောင်းတွေမသိတာ ချစ်တယ်ဆိုတာ ဘယ်လိုယုံရမှာလဲ "

"ကိုယ် စဖွင့်ပြောတုန်းက ပြောထားတယ်လေ ဘာလဲ အိမ်ထောင်စုဇယားယူလာပြရမှာလား "ဟု ရီကာ ပြုံးလိုက်လေသည်

"ကျွန်မကလေ ချစ်မိပီဆိုရင် အဲ့တစ်ယောက်ကို ကျွန်မပိုင်မှ ကျွန်မက ကျေနပ်တာ မဟုတ်ရင် အဲ့လူကို ဖျက်စီးပစ်တတ်တယ်ရှင့်"

"အဲ့တာကတော့မင်းအပိုင်းလေ ကိုယ်မင်းကို ချစ်တယ် မင်းကိုယ့်ကို ပြန်ချစ် အခုအဖြေပေးလိုက်တော့ "

"ဟူးးးးးး ခက်ပါလားရှင် "ဟု သက်ပြင်းသဲ့သဲ့ချကာ ပြောလေသည်

"မင်းအဖြေမပေးဘူးဆိုရင် ဒီကနေမသွားရဘူး ကိုယ်တစ်ကယ်ပေးမသွားဘူးနော် "ဟု မျက်ခုံးပင့်ကာပြောလေသည်

ယွန်းလည်း သူက တကယ်လုပ်မည့်ဟန်ပေါ်တာကြောင့် သျှားအား မနက်ဖြန် အဖြေပေးမည်ဟု ပြောကာ ပြေးတတ်သွားလေသည်

သျှားမှာ သံစဉ်ချိုတို့ကို အကြောင်းစုံပြောပြကာ လိုချင်တာကို ဝယ်ပေးရန် ပြောနေတော့သည်

သံစဉ်က"ဟဲ့သျှား အဲ့လောက်မြန်လား တစ်ပတ်ပဲရှိသေးတယ်လေ သူကတကယ် အဖြေပေးမှာလားဟ "ဟု အံ့သြသည့်မျက်နှာဖြင့်မေးလေသည်

"အော် ဆင်တစ်ကောင်လုံးတွေ့နေတာတောင် ဆင်ခြေရာ ဘယ်မှာလဲလို့မေးလိုက်သလိုပဲ တကယ်ပါပဲ မနက်ဖြန်အဖြေပေးမယ်ပါတဲ့ဆို မယုံရင် မနက်ဖြန်နင်တို့ ချောင်းကြည့်နေကြ "ဟု မျက်စောင်းထိုးကာပြောလိုက်လေသည်

"အေး လိုက်ချောင်းအုံးမှာ စိတ်ချ နင့်ကို မယုံနိုင်သေးဘူး မာနခဲကို လိုက်လို့ရတယ်ဆိုတာ "

"သျှားခေတ်မောင်လေဟာ ဒီလောက်ကတော့အပျော့ပါ"

"ဟဲ့ သျှား နင်ကသူ့အချစ်ဦးဖြစ်သွားမှာနော်အဲ့ခါကျ သူများကို လှည့်စားသလိုဖြစ်မှာ ကောင်းပါ့မလားဟာ "ဟု မေက ပြောလေသည်

"သူတကယ် မချစ်ဖို့မျှော်လင့်တာပဲ ဟာ မသိတော့ဘူး နောက်ကိစ္စနောက်ရှင်း အခု ငါ အကျီလိုချင်တာပဲသိတယ် ဟဲ့သံစဉ် မနက်ဖြန်ဝယ်ပေးရမှာနော်"ဟု မေ့အားဖြေရင်း သံစဉ်အား လှမ်းပြောလိုက်လေသည်

"အေးပါဟာ ငါသိပါတယ် "ဟု သံစဉ်က ရွဲ့သည့်အသံဖြင့်ပြန်ဖြေလိုက်လေသည်


တစ်ဖက်တွင် ယွန်းမှာ သျှားကို ရင်ခုန်နေမိပီဖြစ်ကာ သူမ၏ပထမဆုံးအချစ်ကို မြတ်နိုးတန်ဖိုးထားသည် အခန်းထဲတွင် မနက်ဖြန် အဖြေဘယ်လိုပေးရမလဲ တစ်ယောက်ထဲ သရုပ်ဆောင်ကြည့်နေလေသည် ပထမဆုံးအချစ်ဖြစ်သည့်အတွက် ပေါ့ပြက်ပြက်အဖြေဖြေမိခြင်းမျိုးမဖြစ်စေချင်လို


"ကျွန်မလဲ သျှားကိုချစ်ပါတယ် ဟာ ဟုတ်သေးပါဘူး ငါက သူ့ထက်ငယ်တယ်ဆိုတော့ သျှားလို့ခေါ်တာကောင်းပါ့မလား မောင်လို့ခေါ်တာလဲ မဖြစ်သင့်ဘူး ခေတ်လို့ခေါ်ရအောင် အဆင်မပြေသေးပါဘူး ဟာ ရှက်လိုက်တာ နေပါအုံး သူက ငါ့ကို တကယ်ချစ်ပါ့မလား သိတာလဲ မကြာသေးဘဲနဲ့ ရည်းစားရောရှုပ်လားမသိဘူး မသိတော့ဘူး မနက်ဖြန်မဖြေမပေးရင် ပြဿနာရှာမှာ ဆိုတော့ ပေးလိုက်တာပဲကောင်းပါတယ်လေ "ယွန်းတစ်ယောက် တစ်ယောကျထဲ စကားပြောကာ ပြုံးနေလေသည်


မနက်ကျောင်းသို့ရောက်သော်
သျှားက "ဟျောင့်တွေ လာ သွားမယ် မင်းတို့ထွက်မလာနဲ့နော် မဟုတ်ရင် အကုန်သိကုန်လိမ့်မယ် ဒီအလောင်းစားကိစ္စ ဘယ်သူမှမသိစေနဲ့နော်"

"အေးပါ သျှားရဲ့ နင်လဲ သိပ်ဆရာကြီးလုပ်တာပဲ ငါတို့သိပါတယ်ဟ သွားမယ် "ဟု မကျေနပ်သည့်လေသံဖြင့် ပြန်ပြောလေရာ သျှားမှာ ပြီတီတီ အပြုံးလေးပြုံးကာ ကြည့်နေလေသည်


လှေကားတွင် "ဟိတ် အဖြေပေးတော့ မင်းဒီနေ့ပေးမယ် ပြောထားတာ ပေးတော့ ကြာတယ် "

"အော် ပေးမှာပေါ့ ဘယ်လိုဖြစ်တာလဲ လေယလိုက်တာ ကျွန်မကတိကျွန်မတည်ပါတယ် "


"အင်းအဲ့တာဆိုပေးတော့ "


"အင်းချစ်တယ် သျှားကို"

"အင်း ကိုယ်တို့ချစ်သူဖြစ်သွားပီ ကလေးမ ကျောင်းခန်းထဲတူတူသွားမယ် "


"ဟုတ် "


စားသောက်ဆိုင် တစ်ဆိုင်တွင်ဖြစ်သည်
သျှားတို့အုပ်စု အောင်ပွဲခံသည့်အနေဖြင့် ဟော့ပေါ့ လာစားကြခြင်းဖြစ်သည် ဒကာခံရသူမှာ သံစဉ်ချိုဖြစ်သည်

"အားးးးး စားလို့ကောင်းလိုက်တာဟာ "ဟု သျှားက ဗိုက်လေးကိုပွတ်ပီးပြောလေသည်

သံစဉ်ချိုကဖြင့် မျက်စောင်းထိုးကာ
"အေး သေအောင်စားပီး ဟို ပုဏ္ဏားလိုဖြစ်နေမယ် "


"ကဲ သံစဉ်ချို ဘယ်လိုလဲ စိန်ခေါ်ချင်သေးလား "ဟု ဂုဏ်ယူသည့်အသံဖြင့်ပြောလေသည်


"တော်ပါပီဟယ် ဒါနဲ့ နင်သူ့ကို မချစ်မိဘူးလား ဟင် "

"ဟင့်အင်း ငါ့နှလုံးသားက မိန်းမတစ်ယောက်ကြောင့် အေးစက်သွားပီ အေးစက်အောင် လုပ်သွားတဲ့ အမျိုးသမီးတစ်ယောက်ကပဲ ငါ့နှလုံးသားကို အသက်ပြန်သွင်းနိုင်မှာ "ဟု ခပ်ဆွေးဆွေးငေးကာ ပြောလေသည်


အကြောင်းသိနေသည့် သူငယ်ချင်းများ ဖြစ်သောကြောင့် ထိုအကြောင်းကို ဆက်မပြောတော့ဘဲ စကားလမ်းကြောင်းပြောင်းလိုက်လေသည်



သျှားပြုံးမိသည် ဒီဘဝမှာ ဒီလိုသူငယ်ချင်းကောင်းတွေရှိတာ ကောင်းလိုက်တာ ဆိုသည့် အတွေးလေးကြောင့်ပင် မိန်းကလေးချင်းကြိုက်သည့်သူ့ကို မရွံဘဲ တန်းတူပေါင်းပေးသည့် သူငယ်ချင်းကောင်းလေးများဖြစ်သည်


နေဝင်ပြီဖြစ်သောကြောင့် သျှားတို့သူငယ်ချင်းတစ်စု အိမ်ပြန်ရန် အပြင်သို့ထွက်လာကြသည်

တစ်ဖက်တွင် တေးမှာလဲ ဆရာမများနှင့် ဟော့ပေါ့ စားရန် စားသောက်ဆိုင်ထဲသို့ ဝင်လာကြသည်

သျှားတို့သူငယ်ချင်းအုပ်စုသည့် စစနောက်နောက်ဖြင့် အရှေ့ကို မကြည့်ဘဲ ငေး၍သွားလေရာ တစ်စုံတစ်ယောက်အား တိုက်မိကာ နောက်သို့လှန်ကျမလိုဖြစ်လေသည်  သိမ့်သိမ့်တိုက်မိသောသူမှာ ယောကျာ်းလေး တစ်ယောက်ဖြစ်သည် သိမ့်သိမ့်သည် တိုက်မိသည့်သူအားတောင်းပန်ရန်ကြည့်လိုက်လေသည်


ဆံပင်အား အပြောင်နောက်သို့လှန်တင်ထားကာ တီရှပ်နှင့် ဘောင်းဘီအတိုအား စမတ်ကျအောင်ဝတ်ဆင်ထားသည် ထိုသူသည် သိမ့်သိမ့်အား အပြုံးလေးဖြင့်

"ရရဲ့လား ကလေးမ မင်းတို့က ရှေ့နောက်မကြည့်ဘဲ လာတာကိုကွ နောက်ဆို သတိထားနော် ကလေးမ "ဟု ဆူသည်မမြည်သော အသံဖြင့် ပြောသွားကာ စားသောက်ဆိုင်ထဲသို့ ဝင်သွားလေသည်


သိမ့်သိမ့်တစ်ယောက် ထိုလူအား မျက်စိတစ်ဆုံးလိုက်ကြည့်မိလေသည် ထိုသည်ကို သတိထားမိသော် သျှားက

"မိသိမ့် ငေးလွန်းလို့ မျက်လုံးကြီးလဲ ကျွတ်ထွက်သွားအုံးမယ် စိတ်လျှော့စိတ်လျှော့" ဟု
ရွဲ့သည့်လေသံဖြင့် ပြောလေသည်

သို့မှ သိမ့်သိမ့်တစ်ယောက် အသိစိတ် ပြန်ဝင်ကာ"နင်တို့ကလဲ ငါ သူ့အပြုံးကို ကြွေသွားလို့ပါဟ ဟီး ချစ်စရာလေး ငါကြိုက်တဲ့ gentleman type ဟ ငါfall in love သွားပီ ကယ်ကြပါအုံး "ဟု ပြုံးကာ ပြောနေလေသည်

"အပူတွေ အပူတွေ"ဟု သံစဉ်က ထပြောလေသည်


"အေးပါ ငါ့ကိုပြောထားပါ နင်တို့ ကြွေတဲ့သူ ရှိမှ ငါအားရပါးရကို ထိုင်ပြောအုံးမယ် ဟွန့် "ဟု မျက်စောင်းထိုးကာ ပြောလေသည်



ဆိုင်ထဲ ဝင်သွားသော ဆရာ ဖြိုးသုခမောင်၏ သူငယ်ချင်းများသည် သုခအား
"ဟဲ့ သုခ ခုနက ကလေးမလေးက နင့်ကို ငေးနေတာ သူ့ခဗျာ ဘာမှတောင် မပြောနိုင်ရှာဘူး သုခတို့တော့စွံတယ်ဟေ့ "

"တော်ပါအမရယ် ကျွန်တော့် ချစ်သူ သိရင် ကောက်နေပါအုံးမယ် ကျွန်တော်မှ မိန်းကလေးတွေကို စိတ်မဝင်စားတာ "

ဟုတ်သည်လေ ဖြိုးသုခမောင်တွင် ဘုန်းထက်ကျော် ဟူသော ကောင်လေးရှိသည်
သူတို့ တွဲလာသည်မှာ 3နှစ်ကျော်ပီလေ

"baby you're perfect. baby you're perfect for me "ဖုန်းringtone အသံလေး ပေါ်ထွက်လာလေသည်

မှတ်ထားသော contact name မှာ "baby"
ဟုပေါ်နေလေသည်

ချက်ချင်းပင်ကောက်ကိုင်ကာ

"ဟယ်လို baby "

"ဟယ်လို ကိုကို ,ကိုကို ဘယ်မှာလဲဟင် "

"ကိုကိုက သူငယ်ချင်းတွေနဲ့ ဟော့ပေါ့စားနေတာ baby ဘာလိုလို့လဲ ကိုကိုဘာဝယ်ပေးခဲ့ရမလဲဟင် "

"ဟုတ်ဘူး ကိုကို့ကို လွမ်းလို့ ဖုန်းဆက်လိုက်တာ"ဟု ဘုန်းထက် တစ်ယောက် ချွဲနေလေသည်

သုခမှာလဲ အသည်းယားကာ သူ့babyလေးဆီသို့ အပြေးသွားချင်နေလေသည်

"အင်းပါ ကိုကို ခဏနေ ပြန်လာမယ်နော် ကိုကို့ကို 1နာရီလောက်စောင့်နေနော် baby "

"ဟုတ်ကိုကို ကားကို ဖြေးဖြေးလေးမောင်းလာခဲ့နော် babyစောင့်နေမယ် ကိုကို တာ့တာနော် အာဘွား "

"ဟုတ်ပါပီဗျာ အာဘွား တာတ့ာ "ဟု ဖုန်းပြောကာ ပြုံးနေလေသည်

တေးတို့မှာ လေထုသဖွယ်ပင် သုခမှာ သူ့ကောင်လေးဖြင့် ပြုံးကာ ပျော်ကာ ဖုန်းပြောနေသည်ကို ထိုင်ကြည့်ပေးနေရသည်

တေးတို့လဲ စားသောက်ပြီး မိုး အရမ်းမချုပ်သည့်အချိန်မှာပင် ပြန်ခဲ့ကြသည်



#Ryan

အမှားပါရင် ခွင့်လွတ်ပါဗျာ

























Lanjutkan Membaca

Kamu Akan Menyukai Ini

61.2K 794 8
' မေလ ' ဘဝမှာတစ်ခါလောက်လေးပဲဖြစ်ဖြစ် ' ဆန္ဒနဲ့နှလုံးသား 'ကိုဦးစားပေးချင်တယ် ငယ်ရယ်.....'' ...
1.6M 139K 46
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
31.1M 1.1M 49
"Screw the rules. I want you, Kim Y/N." THIS FIC WAS MADE INTO CLICKBAIT FOR A YOUTUBE VIDEO COMPLAINING ABOUT KOREABOOS LOLLL ITS NOT THAT BAD GIVE...
2.8M 162K 50
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...