💛 Players ( Part - 23 ) 💛
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫
"မင်းအလုပ်ထွက်သင့်ပြီ တန်ခိုး Min Groupမှာ ငါ့လူတွေရှိနေပြီ မင်းဆီက အချက်အလက်ပေါက်ကြားတာလို့ သတင်းထွက်လို့မဖြစ်ဘူး ထင်ကြေးတွေရှိလို့လည်းမရဘူး မင်းကCEOလုပ်ရမယ့်ကောင်"
"ဒီဆိုဒ်လက်စသပ်တော့မှာ အစ်ကို ဒါပြီးရင် Resignတင်လိုက်မယ်"
"အဲ့လောက်ထိအချိန်မရဘူး နောက်လကုန်တာနဲ့အလုပ်ထွက်ပြီးသားဖြစ်ပါစေ အခုကတည်းကပြင်ထားတော့ ပြီးတော့ ဘဏ္ဍာရေးပိုင်းမှာ အခွန်တွေအတော်ရှောင်ထားတာပဲ အဲ့ဒါမင်းဖြေရှင်းရမယ့်ကိစ္စမို့ အခုကတည်းကစဥ်းစားထား"
တားမရသည့်အစ်ကိုက Min Gpမှာ တကယ်ပဲစိမ့်ဝင်နေပြီမို့ အစ်ကိုချပေးသည့်လမ်းကို ဆက်လျှောက်ရုံသာရှိတော့၏။
ဒီနေ့တော့ အစ်ကိုက Min gpထဲကSpyတွေနှင့်တွေ့စေကာ ထိုလူတွေကို တရားဝင်ထိန်းချုပ်ခွင့်ပေးလိုက်ပြီမို့ စည်းတို့မိသားစုကိုခြွေချဖို့ ခေါင်းထဲမှာ Chessရုပ်တွေကိုနေရာချရင်း ငြိမ်သက်နေမိသည်။
"တန်ခိုး ဟုတ်တယ်မလား"
ပခုံးကိုကိုင်ဆွဲကာမေးလာသော ရှေ့နေကြီးကို ခေါင်းညိတ်ပြလိုက်တော့ ကျန်သူတွေအားလုံးကလည်း သူ့ဆီအကြည့်ရောက်လာကြသည်။
ထိုအကြည့်တွေဟာ မင်းစည်းစိမ်ရဲ့ သူငယ်ချင်းအရင်းကြီးဖြစ်သည့်သူ့ကို မလုံလဲသောအကြည့်တွေဖြစ်ကာ တစ်နည်းဆိုရလျှင် သူခိုးလူမိသွားသောအကြည့်တွေဖြစ်သည်။
နေရာဟာ အစ်ကို့ရဲ့ကာစီနိုဖြစ်ပြီး လက်ရှိသူရှိနေသောအခန်းသည် Leoponမှတစ်ပါး သူစိမ်းဝင်ခွင့်မရှိသောအခန်းမို့ ဒီလူတွေနားမလည်ဖြစ်နေကြသည်ဟု အလိုလိုသိလိုက်၏။
အစ်ကို့ရဲ့Spyတွေက သူတောင်ထင်မှတ်မထားသည့် အကောင်ကြီးကြီးလူတွေဖြစ်ကာ Min Gpရဲ့အမှုဆောင်ရှေ့နေကြီး၊ HRဌာနက အကြီးအကဲတွေနှင့် Financeပိုင်းက ဒါရိုက်တာတစ်ယောက်..
ထို့အပြင် သူတစ်ခါမှမမြင်ဖူးသော လူကြီးတချို့လည်းပါပြီး ဒီလူတွေကို အစ်ကိုကဘယ်လိုအာဏာမျိုးနဲ့ စည်းရုံးလိုက်သလဲ…
"ထိုင်ကြပါဦးဗျ"
ကိုသီဟ၏လောကွက်စကားနှင့်အတူ waitressတွေက ရေဘူးနှင့်ကော်ဖီခွက်တွေကို စားပွဲရှည်ကြီးမှာ နေရာတကျချပေးသွားသောကြောင့် ထိုလူတွေဟာ ယောင်အအဖြင့်ဝင်ထိုင်ကြ၏။
သူကတော့ ဘောင်းဘီအိတ်ထဲလက်နှိုက်ထားရင်း ဂနာမငြိမ်ဖြစ်နေသော ထိုသူအားလုံးကို ကြည့်နေမိသည်မှာ အေးအေးဆေးဆေးပင်…
"ဒါက ကျွန်တော်တို့အစ်ကိုကြီး ထက်ဘုန်းလျှံရဲ့ညီ ဘုန်းတန်ခိုးပါ"
ကိုသီဟရဲ့မိတ်ဆက်စကားကြောင့် ထိုင်ခုံမှာထိုင်နေကြသူတွေအားလုံးကို တစ်ချက်ဝေ့ကြည့်ရင်း မပြုံးမရယ်ဖြစ်ဘဲ ခေါင်းကိုသာထပ်ညိတ်ပြလိုက်သည်။
ထိုအခါမှ ထိုလူတွေ၏အံ့ဩသောအကြည့်တွေ၊ အာမေဍိတ်သံတွေထွက်လာကြတော့ သူ့နေရာဖြစ်သည့် စားပွဲရှည်ကြီး၏ ထိပ်ဆုံးမှာရပ်လိုက်၏။
"မင်းကို တစ်ကောင်ကြွက်လို့ ငါကထင်ထားခဲ့တာ"
"လူတိုင်းထင်ကြတာပဲ ဒါပေမယ့် အစ်ကိုတစ်ယောက်ရှိတယ်လို့ ကြားကြတယ်မဟုတ်လား"
"ကြားတော့ကြားတာပေါ့ ဒါပေမယ့် သေပြီလိုလို ဘာလိုလိုနဲ့လေ ပြီးတော့မင်းပုံစံကို ကိုထက်ဘုန်းလျှံလို လဂာ်နက်ကုန်သည်ကြီးတစ်ယောက်ရဲ့ညီအရင်းလို့ မထင်မိတာအမှန်ပဲ မင်းအတော်လျှိုတဲ့ကောင်ကွာ"
ရင်းနှီးနေပြီဖြစ်သော HRဌာနကအကြီးအကဲ၏စကားကြောင့် သူ ရယ်ရုံသာရယ်ပြရင်း ခေါင်းကိုခါယမ်းပြလိုက်သည်။
ထိုအခါမှ အားလုံးက သက်သောင့်သက်သာအနေအထားဖြင့် ရယ်ရယ်မောမောပြန်ဖြစ်သွားကြကာ သူ့ကိုမေးဆတ်ပြီး မျက်စောင်းထိုးသူကထိုး…
"ထပ်ပြီးမိတ်ဆက်ရရင်တော့ ကျွန်တော်က ရေတံခွန်တောင်ဆိုဒ် တာဝန်ခံအင်ဂျင်နီယာ ဘုန်းတန်ခိုးပါ"
"အေးပါ သိပါတယ်"
"ဒီနေ့ ဒီမှာအားလုံးကိုခေါ်ရခြင်းအကြောင်းရင်းက သိပြီးသားဖြစ်မှာပါ ဒါပေမယ့်ထပ်ပြောပါမယ် Min Groupက ရှယ်ယာတွေကို ကျွန်တော့်အစ်ကိုကလိုချင်နေတယ် ဒါကြောင့်မို့ ကျွန်တော်သေချာပေါက်လုပ်ရလိမ့်မယ်
အစ်ကိုက ဦးစီးပေမယ့် အစ်ကိုနဲ့တိုက်ရိုက်လုပ်ရမှာမဟုတ်ပါဘူး ကျွန်တော်ကပဲချုပ်ကိုင်မှာပါ မရှင်းတာဘာရှိသေးလဲ"
"မရှိပါဘူး"
"ဒါဆို ကျွန်တော့်ဘက်က ဘာလုပ်ရမလဲပြောမယ်"
သူ Laptopကိုဖွင့်လိုက်တော့ လချုပ်နှစ်ချုပ်စာရင်းတွေတက်လာသောကြောင့် မျက်မှောင်ကုတ်သွားမိကာ General Expenseတွေဟာ လိုအပ်တာပိုများနေခဲ့သည်။
ဒီအကြောင်းကို အစ်ကိုပြောဖူးပေမယ့် ဒီလောက်ထိများနေလိမ့်မည်ဟု ထင်မထားခဲ့၍ projectorဖြင့် ဖွင့်ပြလိုက်ကာ…
"ဒီFinancialစာရင်းမှာဆိုရင် General Expenseတွေ သိပ်များလွန်းနေတယ် ပြောရရင် Constructionတစ်ခုအနေနဲ့ Expenseများတာက လက်ခံစရာရှိပေမယ့် ဒါကတော့ ပိုလွန်းနေတယ်"
"ဟုတ်ပါတယ် အဲ့ဒီနှစ်ချုပ်က ကျွန်မလုပ်တာပါ အခွန်ရှောင်ထားဖို့ သေချာပြင်ဆင်ထားတဲ့ဖိုင်ပါ တစ်နှစ်တာအမြတ်ငွေပေါ်မှာ အမြတ်ခွန်ဆောင်ရတာမို့လို့ အမြတ်ကိုလျှော့ချထားတာပါ"
"တကယ့်စာရင်းအစစ်က ဘယ်မှာလဲ"
"ရုံးမှာပါ"
"အဲ့ဒါကိုUSBနဲ့ကူးခဲ့ပေး အဲ့ဒါကလက်နက်တစ်ခုပဲ နောက်ထပ် စာရင်းကိုင်ဌာန"
"ဟုတ်ကဲ့"
"လွန်ခဲ့တဲ့၄နှစ် ကျွန်တော်အင်ဂျင်နီယာဖြစ်ကာစက မြို့သစ်ထဲမှာဆောက်ခဲ့တဲ့တိုက်လေ.. အနှစ်၃၀အာမခံမှာ ငလျင်လှုပ်လို့၂နှစ်နဲ့တင် ပြိုကျသွားလို့ လူ၄ယောက်သေသွားခဲ့တာ"
"ဟုတ်ကဲ့ သိပါတယ်"
"အဲ့ဒါ ကျွန်တော်နဲ့စည်း ပထမဆုံးတာဝန်ယူခဲ့တဲ့ဆိုဒ်ပဲ အဲ့ဒီတုန်းကစာရင်းကိုပြန်ရှာပါ လိုအပ်တဲ့ပစ္စည်းတွေကိုတောင်းဖို့ ကျွန်တော်တင်ခဲ့တဲ့ Reportနဲ့ တကယ်သုံးခဲ့တဲ့ပမာဏကို ဖိုင်နှစ်ခုလုပ်ပြီး ဘုတ်အဖွဲ့ကိုပေးလိုက်ပါ"
"ဘာလုပ်ဖို့လဲ ငါ့တူ"
နားမလည်သလိုထွက်လာသောမေးခွန်းကြောင့် Laptopဆီအကြည့်ရောက်နေရာမှ အသံလာရာဆီကြည့်မိတော့ အသက်ကြီးကြီးလူကြီးတစ်ယောက်ဖြစ်ကာ သူကတော့ တစ်ခါမှမမြင်ဖူးချေ။
သေချာတာကတော့ Financeပိုင်းမဟုတ်သောကြောင့် ဘုတ်အဖွဲ့ကပဲဖြစ်လောက်သည်။
"အဲ့ဒါက မင်းစည်းစိမ်ကို CEOမဖြစ်အောင် ဟန့်တားလို့ရမယ့်အလွယ်ဆုံးနည်းလမ်းပဲ"
"ဒါပေမယ့် CEOနေရာက ရှယ်ယာရဲ့ရာခိုင်နှုန်းနဲ့ပဲသွားတာ ရာခိုင်နှုန်းအများဆုံးသူကပဲ ဖြစ်ခွင့်ရှိတာပါ လက်ရှိမှာမင်းစည်းစိမ်မှာ 22%ရှိတယ် လမင်းခြယ်ရဲ့လက်ထဲမှာ 23%ရှိတယ် ဇွဲကပင်ရဲ့လက်ထဲမှာ 20%ရှိတယ်
ငါ့တူအနေနဲ့ CEOဖြစ်ဖို့ဆိုရင် အဲ့ဒီထက်ရှယ်ယာများမှဖြစ်လိမ့်မယ်"
"Aww အဲ့ဒါဆိုလည်း သူတို့ထက်ပိုများအောင် ရှယ်ယာဝယ်ရုံပဲပေါ့"
သူ ခေါင်းညိတ်ပြလိုက်ပြီး နှစ်ချုပ်စာရင်းတွေလုပ်သည့် Financeကအစ်မကြီးကိုပဲ မေးဆတ်ပြလိုက်ကာ…
"အချိန်တစ်လပဲကျန်တော့တယ် အခွန်ရှောင်တဲ့ကိစ္စနဲ့ ကျွန်တော်တောင်းထားတဲ့Reportကိုပဲ အရင်လုပ်ပေးပါ ရှေ့နေကြီးတို့ကတော့ အဲ့ဒီအခွန်ကိစ္စကို ဖြေရှင်းဖို့စဥ်းစားထားကြပါ လောလောဆယ်တော့ ဒါပဲလုပ်စရာရှိသေးတယ်
ကျန်တာကို ပြီးမှအကွက်ထပ်ရွှေ့မယ်"
💛💛▫▫▫💛💛
"ရုံးပိတ်ရက် ဘယ်သွားကြမလဲ"
ရေတံခွန်တောင်projectမှတာဝန်ရှိသူတွေ၊ အင်ဂျင်နီယာတွေသည် စနေနေ့မှာတော့ နေ့တစ်ပိုင်းနားခွင့်ရ၍ အပြင်သွားဖို့ စည်းက စကားစ၏။
ပုံမှန်ဆို ဆိုဒ်ထဲသိပ်မလာတတ်သောစည်းက အခုဆိုရေတံခွန်တောင်ဆိုဒ်ကို ခဏခဏလာတတ်ပြီး ဘာကြောင့်လဲဆိုတာ သူလည်းသိနေ၍ စည်းကိုပါးပါးလေးလောက်ပညာပေးချင်သေးသည်။
အားလုံးအတွေးကိုယ်စီဖြင့် ဘယ်သူမှ ဘာမှမပြောသေးခင် အက္ခရာက လက်တစ်ဖက်ထောင်ကာ...
"ရေတံခွန်တောင်ထန်းတောသွားရအောင်လေ ခရာလည်းမရောက်ဖူးလို့"
ထိုအခါ တခြားသူတွေကလည်း ထွေထွေထူးထူးမစဥ်းစားကြတော့ဘဲ သဘောတူသလိုခေါင်းညိတ်ကြ၍ ထန်းတောကိုသွားဖို့ဆုံးဖြတ်ချက်က အတည်ဖြစ်သွားလေသည်။
ဂေါ့ဖ်ကွင်းနဲ့မလှမ်းမကမ်းမှာ ငှက်ပျောပင်လေးတွေဖြင့် ထန်းရည်ဆိုင်လေးတစ်ဆိုင်ရှိကာ တဲစုစုလေးတွေဖြင့် ဖျာကြမ်းလေးတွေခင်းထားပြီး ပုံစံလေးက သပ်သပ်ရပ်ရပ်ရှိသည်။
သူတို့အုပ်စုရောက်သွားတော့ တခြားနှစ်ဝိုင်းမှာသာလူရှိသောကြောင့် တိတ်ဆိတ်နေကာ လယ်ကွင်းကိုဖြတ်သန်းလာသည့် လေနုအေးလေးကြောင့်လည်း အေးအေးလူလူရှိသည်။
ဒီဆိုင်က ရေကြက်ကြော်နာမည်ကြီးသည်ဟု ကြားဖူးထား၍ ရေကြက်ကြော်နှင့်ထန်းရည်တွေသာ မှာလိုက်ကာ စကားတွေပြောဖြစ်ရင်း ဝိုင်းဖြစ်သွားသည်။
"နွေဦးကာလ မြူထသောအခါ ဆိုသလိုပဲ ဒီအချိန်က ထန်းရည်သောက်လို့အကောင်းဆုံးပဲ"
"ဆွေးလို့လည်းအကောင်းဆုံးအချိန်ပဲ သစ်ရွက်ကကြွေ စိတ်ကလေ"
"ခွေးရူးလည်းပြန်ချိန်ပဲ"
ဝန်ထမ်းအချင်းချင်း စနောက်နေကြသောကြောင့် အက္ခရာက အားရပါးရလိုက်ရယ်နေကာ ထန်းရည်ကိုလည်း တစ်ခွက်ပြီးတစ်ခွက်သောက်နေသည်။
လွတ်လပ်ပွင့်လင်းသော ထိုပုံစံလေးကို သူတကယ်သဘောကျမိသလို သူမနှင့်ခြားနားစွာ အနေအထိုင်တည်တံ့သောသွေးကို မျက်လုံးထဲပြေးမြင်မိ၏။
သူတို့ကျောင်းတက်တုန်းက ကျောင်းနဲ့နီးသော အိမ်ရှေ့မင်းထန်းတောကို ခဏခဏရောက်ပေမယ့် ထိုအခါတွေတိုင်း သွေးကနှာခေါင်းရှုံ့နေကျ။
"သွေး အဲ့လို မူးမူးရူးရူးတွေမကြိုက်ဘူး"
ဟု ပိတ်ပင်တားမြစ်ခဲ့သူဖြစ်သည်။
သူက ထန်းတောကိုလည်းအမြဲမသွားသလို အမြဲသောက်တတ်တာမဟုတ်ပါဘဲ တစ်ခါတစ်လေ သူငယ်ချင်းတွေစုပြီးသွားမိသည်ကိုပဲ အပြစ်ကြီးတစ်ခုလို။
သွေးဟာ သူဌေးသမီးပီပီ အခြေအနေကြီးသော၊ အဆင့်အတန်းကို ခေါင်းထဲထည့်လွန်းသော မာနကြီးကြီးမိန်းကလေးတစ်ယောက်သာ…
"ကိုကြီးလာjoinလေ"
အတွေးထဲနှစ်မြောနေချိန် ခရာလှမ်းခေါ်တော့ သူကခေါင်းခါပြရင်း ထန်းရည်ကိုသာ ခွက်ကလေးနဲ့သောက်နေရင်း လယ်ကွင်းတွေဘက် အကြည့်လွှဲထားလိုက်၏။
သူမက ကိုယ့်အချစ်ကိုလောင်းကြေးနဲ့ စိန်ခေါ်ခဲ့သူဖြစ်ပေမယ့် ပင်ကိုယ်စိတ်လေးက ပကာသနကင်းမဲ့သည်မှာ သွေးရဲ့ညီမလို့ ယုံနိုင်စရာမရှိ။
သို့ပေမယ့် လက်ရှိအခိုက်အတံ့မှာ သွေးရဲ့ကိစ္စကိုခဏမေ့ထားဖို့စိတ်ကူးပြီး အရင်ကလို စည်းနဲ့ ချစ်ချစ်ခင်ခင်ပြန်နေဖို့ ဆုံးဖြတ်လိုက်သည်။
ထိုးမည့်ဆင်ဟာ ခြေတစ်လှမ်းနောက်ဆုတ်ရစမြဲမို့…
ထိုအချိန် ဟိုဘက်အဖွဲ့ဆီမှ တဟားဟားရယ်သံတွေကြောင့် အတွေးတွေခဏရပ်ကာ လှည့်ကြည့်မိတော့ အက္ခရာက truth or dare ကစားနည်းဖြင့် တစ်ယောက်ပြီးတစ်ယောက်လိုက်ကြပ်နေ၏။
ဒီဟာလေးဟာ ရှေ့နေပီပီဉာဏ်များလွန်းသလို ပေါက်ကရတွေကိုလည်း ကလေးပိစိလေးလို အတော်လုပ်လွန်းပါသည်။
"ကိုကြီးရော ကိုစည်းရော လာလေ"
စည်း သူ့ကိုမသိမသာအကဲခတ်နေ၍ မသိချင်ယောင်ဆောင်ကာ ထိုအုပ်စုထဲဝင်ရောလိုက်တော့ ခရာက ဟေးခနဲအော်ပြီး သူ့ကိုလက်ညှိုးထိုးကာ...
"ကိုကြီး truth or dare"
"Truth"
အမှန်အတိုင်းဖြေမလား၊ ခိုင်းတာလုပ်မလား ဂိမ်းက ဆေးထိုးလို့အကောင်းဆုံးဂိမ်းအဖြစ် သူသိထား၍ ခရာ ဗရုတ်သုတ်ခခိုင်းတာတော့မလုပ်ချင်။
ထို့ကြောင့် အမှန်ပြောဖို့ရွေးလိုက်သည့်အခါ မယ်မင်းကြီးမလေးက ညစ်ကျယ်ကျယ်ပြုံးပြန်ကာ မေးလေးကိုပွတ်ပြီး...
"ကိုကြီး အိပ်ယာထဲမှာရှူးပေါက်ချတာ ဘယ်နှစ်သားကနောက်ဆုံးလဲ"
ထင်ထားသည့်အတိုင်း အက္ခရာက ဗရုတ်သုတ်ခမေးခွန်းတွေထုတ်လာ၍ သူ အကြပ်ရိုက်သွားသလို ရှက်လည်းရှက်သွားမိသည်။
သူမ၏မေးခွန်းကြောင့် တစ်ဖွဲ့လုံးက အုန်းအုန်းထနေအောင်ရယ်ကြကာ ဒီတဖွဲ့လုံးမှာ စည်းပြီးရင် သူက ရာထူးအကြီးဆုံးမို့ ပိုပြီးသိချင်နေကြလောက်သည်။
ဒင်းလေးနှင့်ဆုံမှ လူစုံချိန်တွင် အောက်ဖဲအလှန်ခံရသည့်ဘဝသို့ ရောက်ခဲ့ရလေသည်။
"၇နှစ် ငါ၂တန်းကျောင်းသား"
ဝါးခနဲရယ်သံတွေနှင့်အတူ တစ်ဖွဲ့လုံးပွဲကျသွားပြီး ခရာက ရှိသမျှသွားတွေ အကုန်ပေါ်အောင်ရယ်သည့်အလား သူမရယ်သံကအကျယ်ဆုံးဖြစ်သည်။
သူ့အလှည့်ပြီးပြီမို့ သူက စည်းကိုပြန်မေးငေါ့ကာ...
"မင်းအလှည့်ပဲ စည်း truth or dare"
"Dare"
အမှန်အတိုင်းပြောမရသော ကိစ္စတွေရှိထား၍ ခိုင်းတာလုပ်မည့်စည်းကြောင့် သူ လူယုတ်မာပြုံး ပြုံးကာ စည်းကိုခပ်စူးစူးကြည့်လိုက်သည်။
မင်းဘယ်လောက်အထိ ဟန်ဆောင်ကောင်းလိမ့်မလဲ…
"ကိုယ့်အချစ်ဆုံးသူငယ်ချင်းရဲ့ ကောင်မလေးကို တိတ်တခိုးချစ်ရတဲ့ပုံစံမျိုး သရုပ်ဆောင်ပြ"
"မင်းကလည်း"
စည်းမျက်နှာမသိမသာပျက်သွားသလို အက္ခရာရဲ့အကြည့်တွေလည်း စည်းဆီရောက်သွားသည်။
ထိုအချိန် တစ်အုပ်စုလုံး ရုတ်တရက်အသံတိတ်သွားကာ အေးစက်သည့်အငွှေ့အသက်က သူ့တစ်ကိုယ်လုံးကိုလွှမ်းခြုံသွားသလိုလို။
သို့ပေမယ့် ဒါဟာဂိမ်းကစားနေသောကြောင့် စည်းက ခေါင်းညိတ်ပြီး တစ်ခုခုပြောဖို့ပြင်တုန်း စည်းရဲ့မဟာမိတ်ဖြစ်သောအက္ခရာက စည်းလက်မောင်းကို ဘတ်ခနဲလှမ်းရိုက်ပြီး...
"မလုပ်နဲ့ မဖြစ်သင့်တာကြီးကို ကိုကြီးကသက်သက်ချောက်ချတာ truthပဲဖြေ ကိုစည်း တစ်လကို ပိုက်ဆံဘယ်လောက်ဘုံးလဲ"
"၁၀သိန်း"
"မင်းက သူခိုးအကြီးစားပဲ မထင်ရဘူး တခြားဘာတွေရော ဘတ်တတ်သေးလဲ"
ပြုံးစေ့စေ့ဖြင့် သူမေးလိုက်တော့ စည်းကဟန်ဆောင်ရင်းပြုံးရယ်နေပြီး ထိုအပြုံးဟာ သူရိပ်မိမှာစိုးနေသည်မို့ ခြောက်ခြောက်ခြားခြားရှိလှသည်။
စည်းနဲ့အက္ခရာကြားမှာလည်း အပေးအယူရှိကြောင်း သူအသေအချာသိသွားပြီဖြစ်ကာ တစ်ယောက်ကိုတစ်ယောက် ကာဗာပေးနေကြပုံက နှစ်ယောက်လုံးပန်းတိုင်တူလောက်၏။
ထိုပန်းတိုင်သည် သူက အက္ခရာကို....
"အက္ခရာ မင်းဖြေကြည့်စမ်းပါ မင်း ရည်းစားဘယ်နှယောက်ထားဖူးလဲ"
ခရာက စည်းပြန်မေးသည့်မေးခွန်းကို ထင်မှတ်ထားပုံမရ၍ ရယ်နေရင်းမှ ကြောင်အမ်းအမ်းဖြင့် ရပ်သွား၏။
ပြီးမှ လက်ညှိုးနှင့်လက်မကို အဝိုင်းပုံစံလေးလုပ်ပြရင်း မျက်နှာရှေ့မှာကပ်ပြကာ မျက်စေ့တစ်ဖက်မှိတ်ပြပြီး ဟီးခနဲရယ်ပြသည်။
"Zero"
"မယုံဘူးဟေ့"
တစ်ယောက်တစ်ပေါက်အသံတွေ စီခနဲထွက်လာပေမယ့် ခရာက ခေါင်းတခါခါဖြင့် ထန်းရည်တစ်ခွက်သောက်ပြီးမှ ပြုံးစိစိနှင့်ခွက်ကိုပြန်ချတော့ အားလုံးကမျက်စောင်းထိုးကြလေသည်။
ရည်းစားမထားဖူးဘူးတဲ့လား..
ဘယ်လိုမှယုံနိုင်စရာမရှိ...
💛💛▫▫▫💛💛
Part 24 ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~~~~~~
💛 Players ( Part - 23 ) 💛
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫
"မင္းအလုပ္ထြက္သင့္ၿပီ တန္ခိုး Min Groupမွာ ငါ့လူေတြရိွေနၿပီ မင္းဆီက အခ်က္အလက္ေပါက္ၾကားတာလို႔ သတင္းထြက္လို႔မျဖစ္ဘူး ထင္ေၾကးေတြရိွလို႔လည္းမရဘူး မင္းကCEOလုပ္ရမယ့္ေကာင္"
"ဒီဆိုဒ္လက္စသပ္ေတာ့မွာ အစ္ကို ဒါၿပီးရင္ Resignတင္လိုက္မယ္"
"အဲ့ေလာက္ထိအခ်ိန္မရဘူး ေနာက္လကုန္တာနဲ႔အလုပ္ထြက္ၿပီးသားျဖစ္ပါေစ အခုကတည္းကျပင္ထားေတာ့ ၿပီးေတာ့ ဘ႑ာေရးပိုင္းမွာ အခြန္ေတြအေတာ္ေရွာင္ထားတာပဲ အဲ့ဒါမင္းေျဖရွင္းရမယ့္ကိစၥမို႔ အခုကတည္းကစဥ္းစားထား"
တားမရသၫ့္အစ္ကိုက Min Gpမွာ တကယ္ပဲစိမ့္ဝင္ေနၿပီမို႔ အစ္ကိုခ်ေပးသၫ့္လမ္းကို ဆက္ေလ်ွာက္ရံုသာရိွေတာ့၏။
ဒီေန့ေတာ့ အစ္ကိုက Min gpထဲကSpyေတြႏွင့္ေတြ့ေစကာ ထိုလူေတြကို တရားဝင္ထိန္းခ်ဳပ္ခြင့္ေပးလိုက္ၿပီမို႔ စည္းတို႔မိသားစုကိုႁခြေခ်ဖို႔ ေခါင္းထဲမွာ Chessရုပ္ေတြကိုေနရာခ်ရင္း ၿငိမ္သက္ေနမိသည္။
"တန္ခိုး ဟုတ္တယ္မလား"
ပခံုးကိုကိုင္ဆဲြကာေမးလာေသာ ေရ႔ွေနႀကီးကို ေခါင္းညိတ္ျပလိုက္ေတာ့ က်န္သူေတြအားလံုးကလည္း သူ႔ဆီအၾကၫ့္ေရာက္လာၾကသည္။
ထိုအၾကၫ့္ေတြဟာ မင္းစည္းစိမ္ရဲ့ သူငယ္ခ်င္းအရင္းႀကီးျဖစ္သၫ့္သူ႔ကို မလံုလဲေသာအၾကည့္ေတျြဖစ္ကာ တစ္နည္းဆိုရလ်ွင္ သူခိုးလူမိသြားေသာအၾကည့္ေတျြဖစ္သည္။
ေနရာဟာ အစ္ကို႔ရဲ့ကာစီႏိုျဖစ္ၿပီး လက္ရိွသူရိွေနေသာအခန္းသည္ Leoponမွတစ္ပါး သူစိမ္းဝင္ခြင့္မရိွေသာအခန္းမို႔ ဒီလူေတြနားမလည္ျဖစ္ေနၾကသည္ဟု အလိုလိုသိလိုက္၏။
အစ္ကို႔ရဲ့Spyေတြက သူေတာင္ထင္မွတ္မထားသၫ့္ အေကာင္ႀကီးႀကီးလူေတျြဖစ္ကာ Min Gpရဲ့အမႈေဆာင္ေရ႔ွေနႀကီး၊ HRဌာနက အႀကီးအကဲေတြႏွင့္ Financeပိုင္းက ဒါရိုက္တာတစ္ေယာက္..
ထို႔အျပင္ သူတစ္ခါမွမျမင္ဖူးေသာ လူႀကီးတခ်ိဳ႕လည္းပါၿပီး ဒီလူေတြကို အစ္ကိုကဘယ္လိုအာဏာမ်ိဳးနဲ႔ စည္းရံုးလိုက္သလဲ…
"ထိုင္ၾကပါဦးဗ်"
ကိုသီဟ၏ေလာကြက္စကားႏွင့္အတူ waitressေတြက ေရဘူးႏွင့္ေကာ္ဖီခြက္ေတြကို စားပဲြရွည္ႀကီးမွာ ေနရာတက်ခ်ေပးသြားေသာေၾကာင့္ ထိုလူေတြဟာ ေယာင္အအျဖင့္ဝင္ထိုင္ၾက၏။
သူကေတာ့ ေဘာင္းဘီအိတ္ထဲလက္ႏိႈက္ထားရင္း ဂနာမၿငိမ္ျဖစ္ေနေသာ ထိုသူအားလံုးကို ၾကၫ့္ေနမိသည္မွာ ေအးေအးေဆးေဆးပင္…
"ဒါက ကၽြန္ေတာ္တို႔အစ္ကိုႀကီး ထက္ဘုန္းလ်ွံရဲ့ညီ ဘုန္းတန္ခိုးပါ"
ကိုသီဟရဲ့မိတ္ဆက္စကားေၾကာင့္ ထိုင္ခံုမွာထိုင္ေနၾကသူေတြအားလံုးကို တစ္ခ်က္ေဝ့ၾကၫ့္ရင္း မႃပံုးမရယ္ျဖစ္ဘဲ ေခါင္းကိုသာထပ္ညိတ္ျပလိုက္သည္။
ထိုအခါမွ ထိုလူေတြ၏အံ့ဩေသာအၾကၫ့္ေတြ၊ အာေမဍိတ္သံေတြထြက္လာၾကေတာ့ သူ႔ေနရာျဖစ္သၫ့္ စားပဲြရွည္ႀကီး၏ ထိပ္ဆံုးမွာရပ္လိုက္၏။
"မင္းကို တစ္ေကာင္ႂကြက္လို႔ ငါကထင္ထားခဲ့တာ"
"လူတိုင္းထင္ၾကတာပဲ ဒါေပမယ့္ အစ္ကိုတစ္ေယာက္ရိွတယ္လို႔ ၾကားၾကတယ္မဟုတ္လား"
"ၾကားေတာ့ၾကားတာေပါ့ ဒါေပမယ့္ ေသၿပီလိုလို ဘာလိုလိုနဲ႔ေလ ၿပီးေတာ့မင္းပံုစံကို ကိုထက္ဘုန္းလ်ွံလို လဂာ္နက္ကုန္သည္ႀကီးတစ္ေယာက္ရဲ့ညီအရင္းလို႔ မထင္မိတာအမွန္ပဲ မင္းအေတာ္လ်ိႈတဲ့ေကာင္ကြာ"
ရင္းႏွီးေနၿပီျဖစ္ေသာ HRဌာနကအႀကီးအကဲ၏စကားေၾကာင့္ သူ ရယ္ရံုသာရယ္ျပရင္း ေခါင္းကိုခါယမ္းျပလိုက္သည္။
ထိုအခါမွ အားလံုးက သက္ေသာင့္သက္သာအေနအထားျဖင့္ ရယ္ရယ္ေမာေမာျပန္ျဖစ္သြားၾကကာ သူ႔ကိုေမးဆတ္ၿပီး မ်က္ေစာင္းထိုးသူကထိုး…
"ထပ္ၿပီးမိတ္ဆက္ရရင္ေတာ့ ကၽြန္ေတာ္က ေရတံခြန္ေတာင္ဆိုဒ္ တာဝန္ခံအင္ဂ်င္နီယာ ဘုန္းတန္ခိုးပါ"
"ေအးပါ သိပါတယ္"
"ဒီေန့ ဒီမွာအားလံုးကိုေခၚရျခင္းအေၾကာင္းရင္းက သိၿပီးသားျဖစ္မွာပါ ဒါေပမယ့္ထပ္ေျပာပါမယ္ Min Groupက ရွယ္ယာေတြကို ကၽြန္ေတာ့္အစ္ကိုကလိုခ်င္ေနတယ္ ဒါေၾကာင့္မို႔ ကၽြန္ေတာ္ေသခ်ာေပါက္လုပ္ရလိမ့္မယ္
အစ္ကိုက ဦးစီးေပမယ့္ အစ္ကိုနဲ႔တိုက္ရိုက္လုပ္ရမွာမဟုတ္ပါဘူး ကၽြန္ေတာ္ကပဲခ်ဳပ္ကိုင္မွာပါ မရွင္းတာဘာရိွေသးလဲ"
"မရိွပါဘူး"
"ဒါဆို ကၽြန္ေတာ့္ဘက္က ဘာလုပ္ရမလဲေျပာမယ္"
သူ Laptopကိုဖြင့္လိုက္ေတာ့ လခ်ဳပ္ႏွစ္ခ်ဳပ္စာရင္းေတြတက္လာေသာေၾကာင့္ မ်က္ေမွာင္ကုတ္သြားမိကာ General Expenseေတြဟာ လိုအပ္တာပိုမ်ားေနခဲ့သည္။
ဒီအေၾကာင္းကို အစ္ကိုေျပာဖူးေပမယ့္ ဒီေလာက္ထိမ်ားေနလိမ့္မည္ဟု ထင္မထားခဲ့၍ projectorျဖင့္ ဖြင့္ျပလိုက္ကာ…
"ဒီFinancialစာရင္းမွာဆိုရင္ General Expenseေတြ သိပ္မ်ားလြန္းေနတယ္ ေျပာရရင္ Constructionတစ္ခုအေနနဲ႔ Expenseမ်ားတာက လက္ခံစရာရိွေပမယ့္ ဒါကေတာ့ ပိုလြန္းေနတယ္"
"ဟုတ္ပါတယ္ အဲ့ဒီႏွစ္ခ်ဳပ္က ကၽြန္မလုပ္တာပါ အခြန္ေရွာင္ထားဖို႔ ေသခ်ာျပင္ဆင္ထားတဲ့ဖိုင္ပါ တစ္ႏွစ္တာအျမတ္ေငြေပၚမွာ အျမတ္ခြန္ေဆာင္ရတာမို႔လို႔ အျမတ္ကိုေလ်ွာ့ခ်ထားတာပါ"
"တကယ့္စာရင္းအစစ္က ဘယ္မွာလဲ"
"ရံုးမွာပါ"
"အဲ့ဒါကိုUSBနဲ႔ကူးခဲ့ေပး အဲ့ဒါကလက္နက္တစ္ခုပဲ ေနာက္ထပ္ စာရင္းကိုင္ဌာန"
"ဟုတ္ကဲ့"
"လြန္ခဲ့တဲ့၄ႏွစ္ ကၽြန္ေတာ္အင္ဂ်င္နီယာျဖစ္ကာစက ၿမိဳ႔သစ္ထဲမွာေဆာက္ခဲ့တဲ့တိုက္ေလ.. အႏွစ္၃၀အာမခံမွာ ငလ်င္လႈပ္လို႔၂ႏွစ္နဲ႔တင္ ၿပိဳက်သြားလို႔ လူ၄ေယာက္ေသသြားခဲ့တာ"
"ဟုတ္ကဲ့ သိပါတယ္"
"အဲ့ဒါ ကၽြန္ေတာ္နဲ႔စည္း ပထမဆံုးတာဝန္ယူခဲ့တဲ့ဆိုဒ္ပဲ အဲ့ဒီတုန္းကစာရင္းကိုျပန္ရွာပါ လိုအပ္တဲ့ပစၥည္းေတြကိုေတာင္းဖို႔ ကၽြန္ေတာ္တင္ခဲ့တဲ့ Reportနဲ႔ တကယ္သံုးခဲ့တဲ့ပမာဏကို ဖိုင္ႏွစ္ခုလုပ္ၿပီး ဘုတ္အဖဲြ႔ကိုေပးလိုက္ပါ"
"ဘာလုပ္ဖို႔လဲ ငါ့တူ"
နားမလည္သလိုထြက္လာေသာေမးခြန္းေၾကာင့္ Laptopဆီအၾကၫ့္ေရာက္ေနရာမွ အသံလာရာဆီၾကၫ့္မိေတာ့ အသက္ႀကီးႀကီးလူႀကီးတစ္ေယာက္ျဖစ္ကာ သူကေတာ့ တစ္ခါမွမျမင္ဖူးေခ်။
ေသခ်ာတာကေတာ့ Financeပိုင္းမဟုတ္ေသာေၾကာင့္ ဘုတ္အဖဲြ႔ကပဲျဖစ္ေလာက္သည္။
"အဲ့ဒါက မင္းစည္းစိမ္ကို CEOမျဖစ္ေအာင္ ဟန႔္တားလို႔ရမယ့္အလြယ္ဆံုးနည္းလမ္းပဲ"
"ဒါေပမယ့္ CEOေနရာက ရွယ္ယာရဲ့ရာခိုင္ႏႈန္းနဲ႔ပဲသြားတာ ရာခိုင္ႏႈန္းအမ်ားဆံုးသူကပဲ ျဖစ္ခြင့္ရိွတာပါ လက္ရိွမွာမင္းစည္းစိမ္မွာ 22%ရိွတယ္ လမင္းျခယ္ရဲ့လက္ထဲမွာ 23%ရိွတယ္ ဇဲြကပင္ရဲ့လက္ထဲမွာ 20%ရိွတယ္
ငါ့တူအေနနဲ႔ CEOျဖစ္ဖို႔ဆိုရင္ အဲ့ဒီထက္ရွယ္ယာမ်ားမျွဖစ္လိမ့္မယ္"
"Aww အဲ့ဒါဆိုလည္း သူတို႔ထက္ပိုမ်ားေအာင္ ရွယ္ယာဝယ္ရံုပဲေပါ့"
သူ ေခါင္းညိတ္ျပလိုက္ၿပီး ႏွစ္ခ်ဳပ္စာရင္းေတြလုပ္သၫ့္ Financeကအစ္မႀကီးကိုပဲ ေမးဆတ္ျပလိုက္ကာ…
"အခ်ိန္တစ္လပဲက်န္ေတာ့တယ္ အခြန္ေရွာင္တဲ့ကိစၥနဲ႔ ကၽြန္ေတာ္ေတာင္းထားတဲ့Reportကိုပဲ အရင္လုပ္ေပးပါ ေရ႔ွေနႀကီးတို႔ကေတာ့ အဲ့ဒီအခြန္ကိစၥကို ေျဖရွင္းဖို႔စဥ္းစားထားၾကပါ ေလာေလာဆယ္ေတာ့ ဒါပဲလုပ္စရာရိွေသးတယ္
က်န္တာကို ၿပီးမွအကြက္ထပ္ေရႊ့မယ္"
💛💛▫▫▫💛💛
"ရံုးပိတ္ရက္ ဘယ္သြားၾကမလဲ"
ေရတံခြန္ေတာင္projectမွတာဝန္ရိွသူေတြ၊ အင္ဂ်င္နီယာေတြသည္ စေနေန့မွာေတာ့ ေန့တစ္ပိုင္းနားခြင့္ရ၍ အျပင္သြားဖို႔ စည္းက စကားစ၏။
ပံုမွန္ဆို ဆိုဒ္ထဲသိပ္မလာတတ္ေသာစည္းက အခုဆိုေရတံခြန္ေတာင္ဆိုဒ္ကို ခဏခဏလာတတ္ၿပီး ဘာေၾကာင့္လဲဆိုတာ သူလည္းသိေန၍ စည္းကိုပါးပါးေလးေလာက္ပညာေပးခ်င္ေသးသည္။
အားလံုးအေတြးကိုယ္စီျဖင့္ ဘယ္သူမွ ဘာမွမေျပာေသးခင္ အကၡရာက လက္တစ္ဖက္ေထာင္ကာ...
"ေရတံခြန္ေတာင္ထန္းေတာသြားရေအာင္ေလ ခရာလည္းမေရာက္ဖူးလို႔"
ထိုအခါ တျခားသူေတြကလည္း ေထြေထြထူးထူးမစဥ္းစားၾကေတာ့ဘဲ သေဘာတူသလိုေခါင္းညိတ္ၾက၍ ထန္းေတာကိုသြားဖို႔ဆံုးျဖတ္ခ်က္က အတည္ျဖစ္သြားေလသည္။
ေဂါ့ဖ္ကြင္းနဲ႔မလွမ္းမကမ္းမွာ ငွက္ေပ်ာပင္ေလးေတျြဖင့္ ထန္းရည္ဆိုင္ေလးတစ္ဆိုင္ရိွကာ တဲစုစုေလးေတျြဖင့္ ဖ်ာၾကမ္းေလးေတြခင္းထားၿပီး ပံုစံေလးက သပ္သပ္ရပ္ရပ္ရိွသည္။
သူတို႔အုပ္စုေရာက္သြားေတာ့ တျခားႏွစ္ဝိုင္းမွာသာလူရိွေသာေၾကာင့္ တိတ္ဆိတ္ေနကာ လယ္ကြင္းကိုျဖတ္သန္းလာသည့္ ေလႏုေအးေလးေၾကာင့္လည္း ေအးေအးလူလူရိွသည္။
ဒီဆိုင္က ေရၾကက္ေၾကာ္နာမည္ႀကီးသည္ဟု ၾကားဖူးထား၍ ေရၾကက္ေၾကာ္ႏွင့္ထန္းရည္ေတြသာ မွာလိုက္ကာ စကားေတြေျပာျဖစ္ရင္း ဝိုင္းျဖစ္သြားသည္။
"ေနြဦးကာလ ျမဴထေသာအခါ ဆိုသလိုပဲ ဒီအခ်ိန္က ထန္းရည္ေသာက္လို႔အေကာင္းဆံုးပဲ"
"ေဆြးလို႔လည္းအေကာင္းဆံုးအခ်ိန္ပဲ သစ္ရြက္ကႂကြေ စိတ္ကေလ"
"ေခြးရူးလည္းျပန္ခ်ိန္ပဲ"
ဝန္ထမ္းအခ်င္းခ်င္း စေနာက္ေနၾကေသာေၾကာင့္ အကၡရာက အားရပါးရလိုက္ရယ္ေနကာ ထန္းရည္ကိုလည္း တစ္ခြက္ၿပီးတစ္ခြက္ေသာက္ေနသည္။
လြတ္လပ္ပြင့္လင္းေသာ ထိုပံုစံေလးကို သူတကယ္သေဘာက်မိသလို သူမႏွင့္ျခားနားစြာ အေနအထိုင္တည္တံ့ေသာေသြးကို မ်က္လံုးထဲေျပးျမင္မိ၏။
သူတို႔ေက်ာင္းတက္တုန္းက ေက်ာင္းနဲ႔နီးေသာ အိမ္ေရ႔ွမင္းထန္းေတာကို ခဏခဏေရာက္ေပမယ့္ ထိုအခါေတြတိုင္း ေသြးကႏွာေခါင္းရႈံ႔ေနက်။
"ေသြး အဲ့လို မူးမူးရူးရူးေတြမႀကိဳက္ဘူး"
ဟု ပိတ္ပင္တားျမစ္ခဲ့သူျဖစ္သည္။
သူက ထန္းေတာကိုလည္းအၿမဲမသြားသလို အၿမဲေသာက္တတ္တာမဟုတ္ပါဘဲ တစ္ခါတစ္ေလ သူငယ္ခ်င္းေတြစုၿပီးသြားမိသည္ကိုပဲ အျပစ္ႀကီးတစ္ခုလို။
ေသြးဟာ သူေဌးသမီးပီပီ အေျခအေနႀကီးေသာ၊ အဆင့္အတန္းကို ေခါင္းထဲထၫ့္လြန္းေသာ မာနႀကီးႀကီးမိန္းကေလးတစ္ေယာက္သာ…
"ကိုႀကီးလာjoinေလ"
အေတြးထဲႏွစ္ေျမာေနခ်ိန္ ခရာလွမ္းေခၚေတာ့ သူကေခါင္းခါျပရင္း ထန္းရည္ကိုသာ ခြက္ကေလးနဲ႔ေသာက္ေနရင္း လယ္ကြင္းေတြဘက္ အၾကည့္လႊဲထားလိုက္၏။
သူမက ကိုယ့္အခ်စ္ကိုေလာင္းေၾကးနဲ႔ စိန္ေခၚခဲ့သူျဖစ္ေပမယ့္ ပင္ကိုယ္စိတ္ေလးက ပကာသနကင္းမဲ့သည္မွာ ေသြးရဲ့ညီမလို႔ ယံုႏိုင္စရာမရိွ။
သို႔ေပမယ့္ လက္ရိွအခိုက္အတံ့မွာ ေသြးရဲ့ကိစၥကိုခဏေမ့ထားဖို႔စိတ္ကူးၿပီး အရင္ကလို စည္းနဲ႔ ခ်စ္ခ်စ္ခင္ခင္ျပန္ေနဖို႔ ဆံုးျဖတ္လိုက္သည္။
ထိုးမည့္ဆင္ဟာ ေျခတစ္လွမ္းေနာက္ဆုတ္ရစၿမဲမို႔…
ထိုအခ်ိန္ ဟိုဘက္အဖဲြ႔ဆီမွ တဟားဟားရယ္သံေတြေၾကာင့္ အေတြးေတြခဏရပ္ကာ လွၫ့္ၾကၫ့္မိေတာ့ အကၡရာက truth or dare ကစားနည္းျဖင့္ တစ္ေယာက္ၿပီးတစ္ေယာက္လိုက္ၾကပ္ေန၏။
ဒီဟာေလးဟာ ေရ႔ွေနပီပီဉာဏ္မ်ားလြန္းသလို ေပါက္ကရေတြကိုလည္း ကေလးပိစိေလးလို အေတာ္လုပ္လြန္းပါသည္။
"ကိုႀကီးေရာ ကိုစည္းေရာ လာေလ"
စည္း သူ႔ကိုမသိမသာအကဲခတ္ေန၍ မသိခ်င္ေယာင္ေဆာင္ကာ ထိုအုပ္စုထဲဝင္ေရာလိုက္ေတာ့ ခရာက ေဟးခနဲေအာ္ၿပီး သူ႔ကိုလက္ၫွိုးထိုးကာ...
"ကိုႀကီး truth or dare"
"Truth"
အမွန္အတိုင္းေျဖမလား၊ ခိုင္းတာလုပ္မလား ဂိမ္းက ေဆးထိုးလို႔အေကာင္းဆံုးဂိမ္းအျဖစ္ သူသိထား၍ ခရာ ဗရုတ္သုတ္ခခိုင္းတာေတာ့မလုပ္ခ်င္။
ထို႔ေၾကာင့္ အမွန္ေျပာဖို႔ေရြးလိုက္သၫ့္အခါ မယ္မင္းႀကီးမေလးက ညစ္က်ယ္က်ယ္ႃပံုးျပန္ကာ ေမးေလးကိုပြတ္ၿပီး...
"ကိုႀကီး အိပ္ယာထဲမွာရႉးေပါက္ခ်တာ ဘယ္ႏွစ္သားကေနာက္ဆံုးလဲ"
ထင္ထားသၫ့္အတိုင္း အကၡရာက ဗရုတ္သုတ္ခေမးခြန္းေတြထုတ္လာ၍ သူ အၾကပ္ရိုက္သြားသလို ရွက္လည္းရွက္သြားမိသည္။
သူမ၏ေမးခြန္းေၾကာင့္ တစ္ဖဲြ႔လံုးက အုန္းအုန္းထေနေအာင္ရယ္ၾကကာ ဒီတဖဲြ႔လံုးမွာ စည္းၿပီးရင္ သူက ရာထူးအႀကီးဆံုးမို႔ ပိုၿပီးသိခ်င္ေနၾကေလာက္သည္။
ဒင္းေလးႏွင့္ဆံုမွ လူစံုခ်ိန္တြင္ ေအာက္ဖဲအလွန္ခံရသၫ့္ဘဝသို႔ ေရာက္ခဲ့ရေလသည္။
"၇ႏွစ္ ငါ၂တန္းေက်ာင္းသား"
ဝါးခနဲရယ္သံေတြႏွင့္အတူ တစ္ဖဲြ႔လံုးပဲြက်သြားၿပီး ခရာက ရိွသမ်ွသြားေတြ အကုန္ေပၚေအာင္ရယ္သည့္အလား သူမရယ္သံကအက်ယ္ဆံုးျဖစ္သည္။
သူ႔အလွၫ့္ၿပီးၿပီမို႔ သူက စည္းကိုျပန္ေမးေငါ့ကာ...
"မင္းအလွၫ့္ပဲ စည္း truth or dare"
"Dare"
အမွန္အတိုင္းေျပာမရေသာ ကိစၥေတြရိွထား၍ ခိုင္းတာလုပ္မၫ့္စည္းေၾကာင့္ သူ လူယုတ္မာႃပံုး ႃပံုးကာ စည္းကိုခပ္စူးစူးၾကၫ့္လိုက္သည္။
မင္းဘယ္ေလာက္အထိ ဟန္ေဆာင္ေကာင္းလိမ့္မလဲ…
"ကိုယ့္အခ်စ္ဆံုးသူငယ္ခ်င္းရဲ့ ေကာင္မေလးကို တိတ္တခိုးခ်စ္ရတဲ့ပံုစံမ်ိဳး သရုပ္ေဆာင္ျပ"
"မင္းကလည္း"
စည္းမ်က္ႏွာမသိမသာပ်က္သြားသလို အကၡရာရဲ့အၾကၫ့္ေတြလည္း စည္းဆီေရာက္သြားသည္။
ထိုအခ်ိန္ တစ္အုပ္စုလံုး ရုတ္တရက္အသံတိတ္သြားကာ ေအးစက္သၫ့္အေငႊ့အသက္က သူ႔တစ္ကိုယ္လံုးကိုလႊမ္းႃခံုသြားသလိုလို။
သို႔ေပမယ့္ ဒါဟာဂိမ္းကစားေနေသာေၾကာင့္ စည္းက ေခါင္းညိတ္ၿပီး တစ္ခုခုေျပာဖို႔ျပင္တုန္း စည္းရဲ့မဟာမိတ္ျဖစ္ေသာအကၡရာက စည္းလက္ေမာင္းကို ဘတ္ခနဲလွမ္းရိုက္ၿပီး...
"မလုပ္နဲ႔ မျဖစ္သင့္တာႀကီးကို ကိုႀကီးကသက္သက္ေခ်ာက္ခ်တာ truthပဲေျဖ ကိုစည္း တစ္လကို ပိုက္ဆံဘယ္ေလာက္ဘံုးလဲ"
"၁၀သိန္း"
"မင္းက သူခိုးအႀကီးစားပဲ မထင္ရဘူး တျခားဘာေတြေရာ ဘတ္တတ္ေသးလဲ"
ႃပံုးေစ့ေစ့ျဖင့္ သူေမးလိုက္ေတာ့ စည္းကဟန္ေဆာင္ရင္းႃပံုးရယ္ေနၿပီး ထိုအႃပံုးဟာ သူရိပ္မိမွာစိုးေနသည္မို႔ ေျခာက္ေျခာက္ျခားျခားရိွလွသည္။
စည္းနဲ႔အကၡရာၾကားမွာလည္း အေပးအယူရိွေၾကာင္း သူအေသအခ်ာသိသြားၿပီျဖစ္ကာ တစ္ေယာက္ကိုတစ္ေယာက္ ကာဗာေပးေနၾကပံုက ႏွစ္ေယာက္လံုးပန္းတိုင္တူေလာက္၏။
ထိုပန္းတိုင္သည္ သူက အကၡရာကို....
"အကၡရာ မင္းေျဖၾကၫ့္စမ္းပါ မင္း ရည္းစားဘယ္ႏွေယာက္ထားဖူးလဲ"
ခရာက စည္းျပန္ေမးသၫ့္ေမးခြန္းကို ထင္မွတ္ထားပံုမရ၍ ရယ္ေနရင္းမွ ေၾကာင္အမ္းအမ္းျဖင့္ ရပ္သြား၏။
ၿပီးမွ လက္ၫွိုးႏွင့္လက္မကို အဝိုင္းပံုစံေလးလုပ္ျပရင္း မ်က္ႏွာေရ႔ွမွာကပ္ျပကာ မ်က္ေစ့တစ္ဖက္မိွတ္ျပၿပီး ဟီးခနဲရယ္ျပသည္။
"Zero"
"မယံုဘူးေဟ့"
တစ္ေယာက္တစ္ေပါက္အသံေတြ စီခနဲထြက္လာေပမယ့္ ခရာက ေခါင္းတခါခါျဖင့္ ထန္းရည္တစ္ခြက္ေသာက္ၿပီးမွ ႃပံုးစိစိႏွင့္ခြက္ကိုျပန္ခ်ေတာ့ အားလံုးကမ်က္ေစာင္းထိုးၾကေလသည္။
ရည္းစားမထားဖူးဘူးတဲ့လား..
ဘယ္လိုမွယံုႏိုင္စရာမရိွ...
💛💛▫▫▫💛💛
Part 24 ဆက္ရန္
စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997