မျိုးနွယ်စုသခင်ရဲ့အဆောင်မှာလူတွေပြာပန်းခတ်နေကြသည်။အစေခံမလေးတွေလဲ မတ်တပ်ရပ်ကတစ်မျိုးထိုင်ရက်ကတစ်ဖုံနဲ့စိတ်လှုပ်ရှားပြီး သူတို့ရဲ့နတ်ဘုရားကိုဆုတောင်းနေကြသည်။အကြောင်းမှာကားသူတိုရဲ့သခင်မက သူတို့မျိုးနွယ်အတွက်ဆက်ခံသူမွေးဖွားပေးနေလို့ပင်ဖြစ်သည်။
အိပ်ဆောင်ရဲ့ကုတင်ပေါ်မှာ... မိုရာတစ်ယောက်နာကျင်မှုကိုအံတုနေရသည်။ခါးတွေကိုက်သလိုဆီးစပ်တွေကလဲကိုက်နေတာမခံမရပ်နိုင်အောင်ပင်။ဝမ်းဗိုက်ထဲက..ကလေးလေးရဲ့အပြင်ထွက်ချင်ဇောနဲ့တွန်းထိုးနေမှုကြောင့်နာကျင်မှုကပြောမပြတတ်အောင်ပင်။တစ်ကိုယ်လူံးမှာချွေးတွေနဲ့စိုရွှဲနေပြီးမျက်နှာတစ်ပြင်လုံးမှာလဲချွေးစေးတွေနဲ့စေးကပ်နေသည်။
ခါရူးကလဲ ဟိုဖက်မျိုးနွယ်ကလူတွေကိုသွားပြီးကြိုဆိူနေတာကြောင့်မိုရာ့အနားမှာမရှိ။မနက်ထဲကခါးကိုက်နေပေမဲ့ခါတိုင်းလဲခါးက ကိုက်နေကျမို့ ခါရူးကမသွားဘူးပြောတာတောင်မိုရာက ဧည့်သည့်တွေကိုအားနာလို့အတင်းသွားခိုင်းလိုက်တာဖြစ်သည်။ခါရူးသွားပြီး သိပ်မကြာလိုက်မိုရာ့ရဲ့ဗိုက်ကစတင်နာလာတာမို့ အစေခံမလေးတွေကဆေးဆရာကိုသွားခေါ်သူကခေါ် ခါရူးကိုသွားပြောသူကပြောနဲ့ပြာယာခတ်သွားကြသည်။ကီကီကတော့မိုရာ့ကိုအိပ်ဆောင်ထဲကိုခေါ်သွားပေးပြီးမီးဖွားဖို့ရန်အဆင့်သင့်အကုန်လုပ်ပေးသည်။
နာကျင်မှုကြောင့်စကားတောင်မပြောနိုင်တာမို့ကီကီလုပ်ပေးသမျှကိုသာငြိမ်ခံနေလိုက်သည်။မိုရာ့ရဲ့နောက်ကျောမှာခေါင်းအုံးခံ၍မိုရာ့ရဲ့အပေါ်ကိုစောင်အပါးခြုံပေးပြီး ဘေးကခုံမှာထိူင်ကာ မိုရာ့ရဲ့လက်ကိုကိုင်ပေးထားသည်။သိပ်မကြာလိုက်ဆေးဆရာရောက်လာပြီးမိုရာရဲ့အခြေအနေကိုစမ်းသပ်ပေးကာ
''သခင်မရဲ့.ကိုယ်ဝန်ကဒီနေ့မွေးမှာသေချာပါတယ် ဒါပေမဲ့အခုထိရေမွှာကမပေါက်သေးတာမို့ နာကျင်မှုဝေဒနါကိုတော့ခံစားရဦးမှာပါ''
ဆေးဆရာ ပြောတဲ့စကားကိုမိုရာခေါင်းသာငြိမ့်ပြလိုက်သည်။နာလွန်းလို့နှုတ်ခမ်းကိုကိုက်ရတာလဲပြတ်ထွက်မတတ်ပင်အိပ်ရာခင်းအစဆိုတာကလဲ မိုရာ့ရဲ့စုပ်ချေမှုကြောင့် တွန့်ကြေနေလေပြီဖြစ်သည်။
''အာ့...နာတယ်.ဟင့်..သခင်..အင့်...သခင်ရောက်မလာသေးဘူးလား''
နာကျင်မှူကြားကပင် ခါရူးကိုမေးမိသည်။မိုရာ့ရဲ့ဘဝမှာခါရူးကသာအားကိုးရာ ခါရူးကသာအရာရာဖြစ်သည်။မိုရာမီးဖွားနေချိန်မိခင်မရှိရင်တောင်ခါရူးကိူတော့အနားမှာရှိစေချင်တာမိုရာ့ရဲ့ဆန္ဒဖြစ်သည်။
''သခင့်..ကိုသွားခေါ်ခိုင်းထားပါတယ်..သခင်မ မကြာခင်ရောက်လာတော့မှာပါ''
ကီကီ သခင်မကိုကြည့်ပြီးမျက်ရည်ဝဲလာရသည်။ပြီးတော့ကလေး မွေးရတဲ့နာကျင်ခြင်းကိုလဲ ကြောက်ရွံသွားတာမို့ လက်ဆက်ခြင်းမပြုဖို့ဆုံးဖြတ်လိုက်သည်။သခင်မ..ခမျာ လူကောင်ကသေးပါတယ်ဆိူ အခုတော့ မျက်နှာလေးကဖြူလျော့နေပြီးနှုတ်ခမ်းလေးတွေလဲ ဖြူဖျော့နေသည်။
ခါရူးဟိုဖက်မျိူးနွယ်က ဧည့်သည့်တွေကိုစောင့်နေရတာကြာလာတော့စိတ်ကမရှည်ချင်တော့ပေ။မိုရာက မနက်ကခါးကိုက်တယ်လို့ပြောနေတာကြောင့်ထားခဲ့ရတာစိတ်ကမဖြောင့်ပေ။မိုရာကအတင်းလွှတ်လို့သာလာရတာခါရူးသဘောအတိုင်းသာဆိူမလာချင်ပေ။ မလာရင်လဲ ဗိုက်ကလေးက စိတ်ဆိုးပြီးဒေါသထွက်ဦးမှာမို့လို့ ဗိုက်ကလေးရဲ့အလိုကျထွက်လာခဲ့ရတာဖြစ်သည်။ခါရူးစောင့်နေရင်းနဲ့အပြင်ဖက်ကိုလှမ်းကြည့်တဲ့အချိန် ခါရူးတို့အဆောင်က အစေခံမလေးတစ်ယောက်ကအပြေးအလွှားရောက်လာတာမို့ ခါရူးမိူရာ့ကိုစိတ်ပူသွားရသည်။
''သခင်..သခင်''
''သြော်..ဒီကလေးမ အော်ကြီးဟစ်ကျယ်နဲ့ဘာဖြစ်နေတာလဲ''
ခါရူးအနားကအတူတူစောင့်နေတဲ့အကြီးအကဲတစ်ယောက်ကဝင်ပြောလိုက်တာဖြစ်သည်။အခူချိန်မှာခါရူးအဲ့တာတွေစိတ်မဝင်စားအားပေ။ထိုအစေခံမလေးကပြောလာမဲ့စကားကိုသာစိတ်ဝင်စားတာမိူ့ အကြီးအကဲပြောနေတဲ့ကြားကိုဖြတ်ပြီးမေးလိုက်သည်။
''သခင်မ..ဗိုက်နာနေတာမို့လို့..သခင့်ကိုလာပြောတာပါ''
''ဘာ...''
ထိုအစေခံမလေးလဲပြောလိုက်ရောခါရူးဘယ်သူ့ကိုမှဂရုစိုက်နိူင်တော့ပဲမိုရာရှိရာအိပ်ဆောင်ဆီကိုသာသုတ်ခြေတင်ပြီးပြေးတော့သည်။ခါရူးကိုလာပြောတဲ့ကောင်မလေးလဲခါရူးနောက်ကပြေးလိုက်လာသည်။နောက်ကအကြီးအကဲတွေရဲ့အော်ခေါ်သံကိုလဲဂရုမစိုက်နိူင်တော့ပေ။အခုချိန်မှာအရေးကြီးတာမိုရာဖြစ်တာမိူ့ မိုရာကလွဲရင်ကျန်တဲ့အရာကိုဂရုမစိုက်နိုင်ပေ။အဲ့တာကြောင့် မနက်ထဲကခါးတွေကိုက်နေတာဖြစ်ရမည်။မိုရာဘယ်လောက်ပဲလွှတ်လွှတ် ခါရူးမသွားပဲပေကပ်ပြီးနေလိုက်ရမှာအခုတော့ သူ့ရဲ့ကလေးလေး ဘယ်လောက်တောင်နာကျင်နေရှာမလဲ
ခါရူးအဆောင်ကိုရောက်တော့အစေခံမလေးတွေကရှေ့မှာထိုင်သူကထိုင်မတ်တပ်ရပ်သူကရပ်နဲ့စုပြုံနေကြသည်။သူတို့လဲမိုရာမွေးတော့မှာမို့လို့လာစောင့်နေကြတဲ့ပုံဖြစ်ရမည်။ခါရူးလဲသူတို့ကိုရပ်မကြည့်အား မိုရာရှိရာအဆောင်ကိုသာဝင်သွားလိုက်သည်။အထဲကိုရောက်တော့ဆေးဆရာနဲ့ကီကီက အနားမှာရပ်နေပြီးသူရဲ့ကလေးလေးကတော့ ကုတင်ထက်မှာနာကျင်မှူဒဏ်ကြောင့်မျက်လုံးတွေကိုမှိတ်ပြီးနှူတ်ခမ်းတွေကိုကိုက်နေတာကြောင့် ခါရူးအနားကိုအမြန်ပြေးပြီးမိုရာ့ရဲ့ပါးစပ်ထဲကိုလက်ထိုးထည့်လိုက်သည်
''သခင်''...''သခင်''
ခါရူးကလက်ထိုးထည့်လိုက်တော့ကီကီနဲ့ ဆေးဆရာကခါရူးကိုလှည့်ကြည့်ပြီးခေါ်သံကိုကြားရလို့ထင်သည် မိုရာကလဲလှည့်ကြည့်လာသည်။ခါရူးကိုလဲမြင်ရောကိုက်ထားတဲ့လက်ကိုလွှတ်လိုက် ပြီးခုနကထဲက..ကြိတ်ပြီးခံစားနေရသမျှကိုဖွင့်ချလိုက်သည့်ပုံပင်မျက်ရည်တွေကျလာပြီး ရှိုက်ကြီးတငင်ငိုကျွေးလာသည်။
''ဟင့်..သခင်..နာတယ်...ရာရာအရမ်းနာတယ်''
ခါရူးလဲ မိူရာ့နောက်ကခေါင်းအုံးတွေကိုဖယ်ပြီးဝင်ထိူင်လိုက်ကာ သိုင်းဖက်လိုက် ပြီးနာကျင်မှု ကြောင့်ငိုနေသူကိုချော့ရတော့သည်။
''အင်း..အင်း..ကိုယ်သိတယ်နော်..မငိုရဘူးတိတ်..မောမယ်လေ''
ချော့လဲချော့ရင်းချွေးစို့နေတဲ့နဖူးလေးကိူဖွဖွလေးနမ်းလိုက်သည်။ထိူ့နောက်ဆေးဆရာဖက်ကိုလှည့်ကာမိုရာ့ရဲ့အခြေအနေကိုမေးလိုက်သည်။
''မိုရာ့ရဲ့ အခြေအနေကဘယ်လိုလဲ''
''သခင်မက ဒီနေ့မွေးမှာပါဒါပေမဲ့ရေမွှာကမပေါက်သေးတာမို့ ခုလိုနာကျင်နေရတာပါ''
''ကျစ်..ရေမွှာကဘာလို့မပေါက်သေးတာလဲရေမွှာပေါက်အောင်တိုက်တဲ့ဆေးမရှိဘူးလား''
''မရှိပါဘူး... သခင်သိပ်မကြာပါဘူးခန နေရင်ရေမွှာပေါက်တော့မှာ''
ဆေးဆရာရဲ့အပြောမှာခါရူးစိတ်ပျက်သွားသည်။မိုရာ့ကိုကလေးယူခိုင်းမိတာမှားပြီလို့တောင်ထင်ရတဲ့အထိပင် ဖြူဖျော့နေသူလေးကိုကြည့်ပြီးခါရူးစိတ်မချမ်းသာပေ။
''အားးးး....နာတယ်''
ခါရူးအတွေးလွန်နေတုန်း မိုရာကခါရူးလက်ကိုအတင်းဆုပ်ကိုင်ဖျစ်ညှစ်ကာအော်လာတာမို့ ခါရူးလဲမိုရာ့ကိုကြည့်မိသလိုဆေးဆရာကလဲကပျာကသီမိုရာ့ရဲ့နောက်ဖက်ကိုသွားကာအခြေအနေကိုတစ်ချက်ကြည့်လေသည်။
''သခင်...သခင်မရေမွှာပေါက်သွားပါပြီ''
''ဟုတ်လား...''
''ဟုတ်ပါတယ်..သခင်ရေမွှာပေါက်သွားပြီဆိူကလေးလဲနောက်ကလိုက်လာတော့မှာပါ...သခင်မနည်းနည်းလေးအားတင်းပြီးညှစ်ပေးပါ''
ဆေးဆရာရဲ့စကားအဆုံးမှာမိုရာက ခါရူးလက်ကိုကျစ်နေအောင်စုပ်ကိူင်ကာညှစ်ရှာသည်။ခါရူးလဲမိုရာ့ကိုထွေးပွေ့ရင်းချွေးထွက်သမျှကိုအဝတ်နဲ့သုတ်ပေးနေမိသည်။ကီကီကတော့ ဆေးဆရာရဲ့သခင်မ ရေမွှာပေါက်သွားပြီဆိူတဲ့စကားကိုကြားထဲက ရေနွေးကြိုပြီးသားယူဖို့အပြင်ထွက်သွားသည်။
''ဟုတ်ပြီ..သခင်မ.နည်းနည်း လေးပိူပြီးအားစိုက်ပေးပါဦး''
''အားးးး..အင်းးးးး..ဟင့်နာတယ်အရမ်းပဲ''
''အင်းပါကိုယ်သိတယ်နော်..ခနလေးပဲအားတင်းထားပေးပါဦး..ခနပဲကိုယ်တိူ့ကလေးလေးအပြင်ကိုရောက်တော့မှာလေနော်''
''အားးးးး...အားးးးး''
ခါရူးပြောတော့ခေါင်းကိူတဆတ်ဆတ်ငြိမ့်ပြကာ ခါရူးရဲ့လက်ကိုတစ်ဖက်က ကိုင်၍တစ်ဖက်ကခါရူးအကျီစကိုကိုင်ကာ ကလေးလေးအပြင်ရောက်ဖိူ့အရေးကြိုးစားပြီးညှစ်နေတဲ့ပုံလေးကိုကြည့်ကာခါရူးမျက်ရည်တွေဝဲလာရသည်။
''ကလေးလေးခေါင်းထွက်လာပါပြီသခင်မ..နည်းနည်းလောက်ပဲ...နည်းနည်းလောက်ပဲထပ်ပြီးတော့''
''အားးးးး''
''အူဝဲ...အူဝဲ...အဲ့..''
''မွေးပါပြီ...မွေးပါပြီသခင်မ.. သားလေးပါ''
ကလေးလေးအပြင်ရောက်ပြီဆိုမှပဲခါရူးလဲသက်ပြင်းချနိုင်တော့သည်။မိုရာ့ကိုကြည့်တော့လဲမျက်ရည်လေးတွေကျနေတာမို့လက်လေးနဲ့သုတ်ပေးကာပါးပြင်လေးကိုနမ်းလိုက်ပြီး
''ကျေးဇူးတင်ပါတယ်.... ကျေးဇူးတင်ပါတယ် ကိုယ့်အတွက် သား လေးကိူမွေးပေးလို့''
ပြောပြီးမိုရာ့ရဲ့ကိုယ်လုံးလေးကိုအိပ်ရာပေါ်ကိုအသာချပေးလိုက်သည်။ကီကီနဲ့အစေခံလေးတစ်ချို့ကတော့မီးဖွားထားတဲ့အညစ်အကြေးတွေကိုသန့်စင်နေသည်။ထိုအချိန်တွင် ဆေးဆရာက အနှီးလေးနဲ့သေချာထုတ်ပိုးထားတဲ့ကလေးလေးကိူချီကာခါရူးအနားကိုရောက်လာပြီး
''ဒီမှာပါ..သခင်...သခင့်ရဲ့သားလေးပါ''
ဆေးဆရာလာပေးတဲ့အနှီးထုတ်လေးကိုယူကာသေချာစွာထွေးပွေ့လိုက်သည်။အနှီးထုတ်လေးထဲတွင်ငြိမ်သက်နေတဲ့သားကခုနကငိုနေတာသူမဟုတ်တဲ့အတိုင်းပင်။သားရဲ့အသားအရည်လေးတွေက မိုရာနဲ့တူသည်။သားကိုကြည့်ပြီး ကြည်နူးမှုအဟုန်ကရင်တွင်းထဲကထိူးထွက်လာသလိုအခုမှပဲဖခင်မေတ္တာကိုခါရူးခံစားမိတော့သည်။သားကိုမြင်ပြီးရရှိတဲ့ပီတိကဘာမှမလဲနိုင်သလိုဘာနဲ့မှလဲနှိုင်းယှဥ်၍ပြောလို့မရတဲ့အထိကိုစွမ်းဆောင်နိုင်သည်။ဖြူဖွေးပြီးပါးဖောင်းလေးတွေဆိုတာနီရဲနေတာမို့ ပေါင်မုန့်လုံးသေးသေးလေးနှင့်တောင်တူသည်။ကီကီတို့က အကုန်လုံးကိုသန့်ရှင်းရေးလူပ်ပေးပြီးထွက်သွားသလိုဆေးဆရာကလဲ မိုရာ့ရဲ့ အခြေအနေကိုကြည့်ကာစိတ်ချရတာမိူ့ ပြန်သွားပြီဖြစ်သောကြောင့် အိပ်ခန်းထဲတွင်ခါရူးတို့မိသားစု၃ယောက်သာကျန်ခဲ့တော့သည်။
အိပ်နေတဲ့သားအဖနှစ်ယောက်ကိုတစိမ့်စိမ့်ကြည့်ကာခါရူးမှာကြည်နူးမဝဖြစ်ရသည်။မိုရာကလဲ ပင်ပန်းတဲ့ဒဏ်ကြောင့်အိပ်မောကျနေတာမို့ နိုးလာရင်အဆင်သင့်စားဖို့ပြင်ထားရန် အစေခံမလေးတွေကိုပြောချင်တာကြောင့်အိပ်ဆောင်ရဲ့အပြင်ဖက်ကိုထွက်ခဲ့လိုက်သည်။ခုနကတုန်းကအပြင်မှာစုပြုံနေတဲ့အစေခံမလေးတွေလဲ မိုရာကသားလေးမွေးတာလဲသိရော ဝမ်းသာအားရပျော်ရွှင်နေကြပြီ အခုတော့ပြန်သွားကြပြီးဖြစ်ရမည်။တစ်ယောက်တစ်လေတောင်မတွေ့ရတော့ပေ။
''ကီကီ..''
''ဟုတ်ကဲ့....သခင်''
''အင်း..မင်းတို့သခင်မနိုးရင်စားဖို့စွပ်ပြုတ်လေးလုပ်ထားပေးပါဦးပြီးတော့ဆေးဆရာပေးခဲ့တဲ့ဆေးလဲကြိုထားလိုက်''
''ဟုတ်ကဲ့...သခင်...ခုနက..စစ်သူကြီး ချန်ရောက်လာပါသေးတယ်''
''အင်း..ဘာတဲ့လဲ''
''ဟိုဖက်မျိူးနွယ်က ဧည့်သည့်တွေရောက်လာတာမို့ သခင့်ကိုခနလောက်လာခဲ့ပေးဖို့ပြောတာပါ''
''အင်းးသိပြီ''
ခါရူးပြောပြီးအိပ်ဆောင်ထဲကိုသာပြန်ဝင်ခဲ့လိုက်သည်။သူတိူ့တွေရောက်နေလောက်ပြီလို့ခါရူးတွေးမိပေမဲ့မသွားချင်ပေအခုချိန်မှာခါရူးအတွက်အရေးအကြီးဆုံးနဲ့အရေးအပါဆုံးက မိုရာနဲ့သား..သာဖြစ်သည်။သူတို့ဘာသာစောင့်နိုင်လို့စောင့်ချင်ရင်လဲစောင့်ကြပါစေ။အကယ်၍စောင့်ရတာကြာလို့ဒေါသထွက်ပြီးတိုက်ပွဲကိုစတင်ရင်လဲ ခါရူးမမှုတော့ပေ။အခုလိုအချိန်မှာ မိုရာ့အနားမှာသာရှိနေချင်သည်။ထို့နောက်အိပ်ဆောင်ထဲကကုတင်ပေါ်မှာအိပ်ပျော်နေတဲ့သားအဖနှစ်ယောက်ကိုတစိမ့်စိမ့်ကြည့်နေလိုက်သည်။
.............................................
Yoon