Players

由 SummerMaung

660K 14.6K 818

"Real lifeမှာ စကေးကြမ်းလွန်းတဲ့ စနိုက်ကြော်ဆိုတာမရှိဘူး ပျော်ဝင်သွားတဲ့ယောကျာ်းဆိုတာပဲရှိတယ်" "ခေါင်းလေးပဲညိတ... 更多

Intro
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42 Unicode
42 Zawgyi code
43
44
45
46
47

20

3.3K 207 13
由 SummerMaung

💛 Players ( Part - 20 ) 💛
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"မင်းသိသွားပြီဆို တန်ခိုး ဒီလောက်မြန်မြန်သိသွားလိမ့်မယ်လို့တောင် မထင်ထားဘူး"

"မမိုက်လိုက်တာ အစ်ကိုရာ ကျွန်တော်လာတွေ့ကတည်းကပြောလိုက်ရင် ဘာဖြစ်မှာမို့လဲ"

"ဒါဆို ကစားပွဲက ဘယ်မိုက်တော့မလဲ မင်းတို့ရဲ့လေးပွင့်ဆိုင်ဇာတ်လမ်းက အတော်စိတ်ဝင်စားဖို့ကောင်းနေတာကိုး"

"ကိုယ့်ဘာသာ လက်နက်အရောင်းအဝယ်လုပ်ပြီး အေးအေးဆေးဆေးနေပါတော့လား ဘာလို့ကျွန်တော့်ကိစ္စကို စိတ်ဝင်စားနေတာလဲ"

"ဝင်စားဆို မင်းကညံ့တာကိုး ကိုယ့်သူငယ်ချင်းနဲ့ ကိုယ့်ကောင်မလေးငြိသွားတဲ့အထိ စောက်သုံးမကျတာ"

"စကားကိုကပ်မပြောစမ်းပါနဲ့ဗျာ ကျွန်တော် တော်တဲ့နေရာရှိပါတယ် အင်ဂျင်နီယာနယ်ပယ်ကို အစ်ကိုကျွမ်းကျင်လို့လား"

"မင်းလိုပြောရရင် ငါ့Leoponကိုရော မင်းအုပ်ချုပ်နိုင်လို့လား ငါက ၁၇နှစ်နဲ့အုပ်ချုပ်ခဲ့တဲ့ကောင်ကွ ပြီးတော့ နောက်တစ်ခုက ငါဆိုတဲ့ကောင်က ဘယ်သူ့အကွက်ထဲမှာမှ နောက်ကောက်ကျ ကျန်မနေခဲ့ဘူး"

အစ်ကိုက အနိုင်ပိုင်းသွားပြီး တဟားဟားအော်ရယ်နေသောကြောင့် သူ နည်းနည်းချဥ်သွားပြီး နှာခေါင်းရှုံ့ပစ်လိုက်မိသည်။
အစ်ကိုပြောလည်း ပြောချင်စရာမို့ သူဘာမှပြန်မပြောနိုင်ဘဲ တကယ်လည်း အစ်ကိုဟာ အပြောကြီးပေမယ့် ပြောသလောက်တော်ခဲ့တဲ့လူ...

သူ 10နှစ်သားလောက်ကတည်းက အိမ်ကထွက်သွားပြီး ပြန်လည်းမလာတော့ဘဲ ကိုယ်ပိုင်ဘဝကိုတည်ထောင်ခဲ့သူမို့ ထက်ဘုန်းလျှံဟာ သူ့အစ်ကိုမှန်းသိသူအလွန်နည်း၏။
တချို့သူတွေက ဖြစ်ခဲ့သောပြဿနာကြီးအတွင်း အစ်ကိုသေပြီဟု ထင်ခဲ့ကြသည်အထိ အစ်ကိုက သွေးအေးစွာဖြင့် မိသားစုကိုကျောပေးခဲ့သည်။
သူ မြေပြန့်ကိုရောက်လာမှ အစ်ကိုကလာရှာပြီး သူလိုအပ်သမျှအကုန်ပေးခဲ့ကာ သူ့အရိပ်၊ သူ့အမိုးတစ်ခုအဖြစ်ကာကွယ်ပေးခဲ့သူ…

"မင်း ဘာဆက်လုပ်မလဲ တန်ခိုး"

"ဘာလုပ်ရမှာလဲ ဒီလောက်လွယ်နေတဲ့ကိစ္စကို ဆက်ကစားမှာပေါ့ တန်ခိုးဆိုတဲ့ကောင်ကို ငနုံလေးမှတ်ပြီး လှည့်စားချင်ကြတာ အလှည့်စားခံလိုက်ပါ့မယ်"

"အေး ကောင်းတယ် မင်းက လှည့်စားချင်စရာပြောင်းဖူးကြီးကိုး.. ဒါနဲ့ ငါMin Groupကို စိတ်ဝင်စားတယ် ငါ့ပိုက်ဆံတွေကို ငွေဖြူလုပ်လို့လည်းလွယ်တယ် တခြားကိစ္စတစ်ခုလည်းရှိတယ် မင်းရော ဘယ်လိုထင်လဲ"

"မဆိုးပါဘူး ငွေဝင်ငွေထွက်ပမာဏများတယ် ဒါပေမယ့် စည်းရဲ့အဖေက သူတို့မိသားစုပိုင်တဲ့ အဲ့ဒီကုမ္ပဏီကို အစ်ကို့လက်ထဲထိုးထည့်ပေးမှာတဲ့လား အခုဒါရိုက်တာတွေတောင် သူတို့ရဲ့မိသားစုမိတ်ဆွေတွေ"

တားမြစ်စကားပြောမိပေမယ့် မျက်စိကျပြီဆို ရအောင်ယူတတ်သည့် အစ်ကို့အကျင့်ကို သူသိသည်။
သို့ပေမယ့် တစ်ဖက်ကတွေးကြည့်လျှင်လည်း Min Groupတစ်ခုလုံး အစ်ကို့လက်ထဲရောက်သွားခဲ့လျှင် စည်း ဘယ်လိုဖြစ်သွားမလဲ။
သွေးမက်မောခဲ့သော စည်းရဲ့ပြည့်စုံချမ်းသာမှုနှင့် အာဏာကြီးသောအရှိန်အဝါတို့သည်...

"သူတို့ဆန္ဒတွေကငါနဲ့မဆိုင်ဘူး မင်းက အဲ့ဒီGroupအကြောင်းကို ငါ့ထက်သိနေလို့မေးတာ မဆိုးဘူးဆိုရင် ရအောင်ယူရုံပေါ့ 'မရပါဘူးအစ်ကိုရာ'လို့တော့မပြောနဲ့ မင်းနဲ့ငါပြိုင်မလား မင်းရဲ့ကစားပွဲကအရင်ပြီးမလား အဲ့ဒီကုမ္ပဏီကို ငါအရင်ရမလားလို့"

"အစ်ကိုလိုချင်တယ်ဆိုရင် ကျွန်တော်ကကူညီရမှာပါ ကျွန်တော်က အစ်ကို့ပြိုင်ဖက်မဟုတ်သလို အစ်ကို့ကိုနိုင်ရရင်လည်း ကျွန်တော်မပျော်ဘူး"

"မင်းအတော်စကားတတ်တဲ့ကောင်ပဲ Ok မင်းရဲ့ကစားပွဲအတွက် Hintတစ်ခုပေးလိုက်မယ် ပန်းထက်အက္ခရာရဲ့နောက်ကွယ်မှာ သူ့အဖေရှိတယ် အတော်လေးပါဝါကြီးတယ်နော် သူ့ကိုထိရင် သူ့အဖေနဲ့ငြိမှာပဲ မင်းငြိလာရင် မင်းအစ်ကိုငါလည်း မင်းကိုမကယ်နိုင်ဘူး"

"မလိုဘူးအစ်ကို ကျွန်တော်ဘယ်သူနဲ့မှမငြိဘူး"

"Okပါ ငါကပြောတယ်နော် နောက်မှအစ်ကိုမပြောဘူးမလုပ်နဲ့ ပြီးတော့ကြိုပြောထားမယ် Min Groupက ငါ့အပိုင်ဖြစ်လာရင် မင်းCEOလုပ်ရမယ် အဲ့ဒါမင်းရဲ့လက်စားချေမှုနဲ့ ဝါသနာကို ငါတစ်စိပ်တစ်ပိုင်းကူညီလိုက်တာပဲ"

"ကျွန်တော်ကရော လားရှိုးကိုမပြန်ရဘူးလား"

"မင်းနေခဲ့ပါ ဒီမှာမင်းလုပ်ရမယ့်အလုပ်တွေရှိတယ် ငါ့အရောင်းအဝယ်က နယ်စပ်မှာလုပ်တာပိုကောင်းတယ် မင်းကိုအလင်းထဲထားတာ အကြောင်းတစ်ခုပဲရှိတယ် ငါ့ငွေတွေကို ငွေဖြူဖြစ်အောင်လုပ်ပေးဖို့"

"အစ်ကိုက အကြီးစားလက်နက်ကုန်သည်ကြီးလုပ်​နေပြီး ငွေဖြူမရှိမှာကြောက်နေတာလား"

"ကြောက်တာပေါ့ဟ မင်းတူတွေ၊ တူမတွေ ငါ့တူတွေ၊တူမတွေရှိလာရင် ကြိုက်သလောက်သုံးရအောင်လို့လေ ရှေ့ရေးဆိုတာကရှိသေးတယ် အခုကတည်းကကြိုစုထားမှ"

"ကျွန်တော်က တူတွေ၊တူမတွေရဦးမှာမို့လား"

"မင်းပါးစပ်ပိတ်ထားစမ်း ဘုန်းတန်ခိုး ငါမလိုချင်သေးလို့ မင်းမရသေးတာ ဒါပဲခွေးကောင်"

အစ်ကို့ကျိန်ဆဲသံကြောင့် သူ တစ်ယောက်တည်း ရယ်ကာဖုန်းချပစ်လိုက်သည်။
အစ်ကို့ရဲ့ပစ်မှတ်က Min Groupဆိုရင်
သူ့ပစ်မှတ်က Min Groupထဲက စည်း မဟုတ်သော တခြားတစ်ယောက်...

💛💛▫▫▫💛💛

"ဖေကြီး ဘယ်နေ့ပြန်မှာလဲ"

မနက်စာစားနေရင်း ခရာမေးလိုက်တော့ ဖေကြီးက အလုပ်ကိစ္စတွေကိုပြန်စဥ်းစားနေဟန်ဖြင့် နှုတ်ဆိတ်နေသည်။
ဖေကြီးရဲ့အခန်းကFamily roomမို့ ခရာ့ကိုလာနေခိုင်းပြီး ညဘက်တွေဆို သားအဖနှစ်ယောက်အတူရှိနေကာ မနက်ဆို ဖေကြီးက ရုံးကိုသွား၊ ခရာကဆိုဒ်ထဲသွား...
မနက်ခင်းစောစောနှင့် ညပိုင်းလေးမှသာ ဖေကြီးနှင့်ဆုံရတာမို့ ခရာသည် ဖေကြီးကို အခုထက် ကြာကြာရှိနေစေချင်ပါသည်။

"နောက်ထပ် ၂ရက်လောက်ထပ်နေဖြစ်မယ်ထင်တယ် အလုပ်ကိစ္စတွေမပြီးပြတ်သေးဘူး"

"ဖေကြီးခဏလောက်အားပါဦး ခရာတို့ ပါပါးတို့အိမ်ကို သွားရအောင်လေ ဖေကြီးလည်း ပါပါးနဲ့မတွေ့တာကြာပြီကို"

"အားတော့သွားမှာပေါ့ ဖေကြီးဒီမှာရှိနေတုန်း ခွင့်ယူထားလိုက်ပါ့လား သမီး ဆိုဒ်ထဲကပြန်လာရင် နွမ်းဖတ်နေတာ မြင်ရရင်စိတ်မချမ်းသာဘူး"

"မယူချင်ပါဘူး ဖေကြီးကဖြင့် အားတာလည်းမဟုတ်ဘဲနဲ့ ဒါနဲ့လေ ခရာ အားနေလို့စာတမ်းရေးနေတယ် ဖေကြီးစစ်ပေးပါဦး Indiaနိုင်ငံရဲ့အခြေခံအက်ဥပဒေမူကြမ်း"

"သူတို့ကပွင့်လင်းမြင်သာမှုရှိနေပါပြီ ပြည်နယ်ဝန်ကြီးတွေနဲ့ပဲ အလုပ်လုပ်ရတော့တာ လက်တွေ့ကျကျရေးတာပိုကောင်းတယ်"

ဖေကြီးစကားကြောင့် ခရာနည်းနည်းတွေဝေသွားကာ တစ်ခုခုထူးဆန်းနေပြီမှန်းသိလိုက်သည်။
ပုံမှန်ဆို စာတမ်းတင်သည့်ကိစ္စဟာ ဘာအတွက်လဲ၊ ဘာကြောင့်လဲဟု မေးလာရမည်မလား။
စာတမ်းဆိုတာကလည်း ဘွဲ့တစ်ခုခုအတွက် ပြင်ဆင်ရသည့်အရာဆိုတာ ဖေကြီးမသိဘဲနေမှာမဟုတ်။
ခရာ Harvardသွားဖို့ကိစ္စကို ဖေကြီးရိပ်မိနေ၍ ဒါမျိုးပြောသလား…
ဒါမှမဟုတ် မရာကများ ပြောလိုက်ပြီလား...

"ကဲ.. ဖေကြီး ရုံးတက်ရဦးမယ် သမီးမပြီးသေးဘူးလား"

"ပြီးပြီ ဖေကြီး"

ခရာ လိမ္မော်ရည်ကိုမော့သောက်ပြီး ထိုင်ရာမှထကာ ဖေကြီးလက်မောင်းကိုပြေးဖက်ရင်း သားအဖနှစ်ယောက် Dining Roomထဲကထွက်လာခဲ့သည်။
ဖေကြီးကလည်း ခရာခုလိုချွဲတိုင်း ကျေနပ်နေတတ်သူမို့ ခရာ့ကိုခဏခဏငဲ့ကြည့်ကာ ပြုံးနေ၏။

တစ်ခါတစ်လေ ဖေကြီးကိုတုန်နေအောင်ကြောက်ရပေမယ့် အခုနောက်ပိုင်းတော့ ခရာနေတတ်ထိုင်တတ်လာပြီမို့ ကြောက်စရာမရှိတော့ဘဲ အမြဲလိုလိုကပ်ချွဲဖြစ်သည်။
Hotelမှာလည်း ဖေကြီးရဲ့ကိုယ်ရံတော်တွေ၊ ဖေကြီးကိုလာတွေ့သူတွေရှိနေကာ ခရာတို့သားအဖထွက်လာတော့ အားလုံးကဝိုင်းကြည့်ကြ၏။

"ဟာ!! ဒါ သံအမတ်ကြီးရဲ့သမီးလေးလား"

"ဟုတ်တယ်ဗျ ကျွန်တော့်သမီး"

"မင်္ဂလာပါ"

သိသိ၊ မသိသိ ခရာ့ရဲ့ယဥ်ကျေးလိမ္မာခြင်းက ဖေကြီးရဲ့ဂုဏ်သိက္ခာပဲမို့ ခရာပြန်နှုတ်ဆက်လိုက်တော့ အားလုံးကနှစ်လိုဖွယ်ပြုံးပြကြသည်။
ဖေကြီးကတော့ ခရာ့ကို ပွဲထုတ်မိတ်ဆက်ပေးရသည့်အခါတိုင်း ကျေနပ်ဂုဏ်ယူနေဟန်ဖြင့် ခရာ့ခေါင်းလေးကိုခဏခဏပုတ်နေသည်။

"ချွေးမတော်ဖို့စဥ်းစားဦးမှပဲ ထက်မယ့်ပုံစံလေးဆိုတော့"

ထိုစကားကြောင့် ခရာဟဲခနဲရယ်ပြလိုက်ရပေမယ့် စိတ်ထဲမှာတော့မကျေမနပ်ဖြစ်မိကာမိကာ ဖေကြီးကိုပြန်ကြည့်မိသည်။
အမြဲလို တည်ငြိမ်ခန့်ညားနေတတ်သော ဖေကြီးမျက်နှာက ခါတိုင်းထက်ပိုပြီးတည်တင်းနေသောကြောင့် ထိုစကားကို သဘောမတွေ့ဟန်ရှိသည်။

"ကျွန်တော်ကတော့ အဲ့လိုမရှိဘူး ကျွန်တော့်သမီးမှာ ရွေးချယ်ခွင့်ရှိတယ် အဖေဆိုတဲ့နေရာယူပြီး ကိုယ့်သမီးကို အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး အမိန့်မပေးချင်ဘူး ဖြစ်သင့်တာ မဖြစ်သင့်တာကို အက္ခရာသိပါတယ် သူ့သဘောပေါ့
ကျွန်တော့်သမီးကို လိုချင်ရင် သူကိုယ်တိုင်ခေါင်းညိတ်မှပဲ ကျွန်တော်လက်ခံနိုင်မယ်"

အနည်းငယ်ရင့်သလိုဖြစ်ပေမယ့် ဖေကြီးစကားကြောင့် ခရာပျော်သွားရကာ ဖေကြီးခါးကြီးကိုတအားဖက်ပစ်လိုက်မိသည်အထိ။
ဖေကြီးကစည်းကမ်းကြီးပေမယ့် နေရာတိုင်းမှာတော့ လ်ုက်လံမတင်းကျပ်တတ်…

"ခရာ သွားတော့မယ် ဖေကြီး"

"ဖြည်းဖြည်းသွားနော် ညနေ ခဏအားရင် ကိုကြီးတို့အိမ်သွားရအောင်"

ခရာခေါင်းလေးညိတ်ပြပြီး ပိုက်ဆံအိတ်ကိုပခုံးပေါ်ဆွဲတင်ကာ Hotelထဲကထွက်လာခဲ့တော့ ဖေကြီးရဲ့ကိုယ်ရံတော်တစ်ယောက်က ကားတံခါးဖွင့်ပေးသောကြောင့် ခေါင်းခါပြလိုက်သည်။
တစ်ခါတစ်လေတော့လည်း သံအမတ်ကြီးရဲ့သမီးဖြစ်ခွင့်ရတာ ခမ်းနားသောဘဝတစ်ခုဟု ခံစားမိပေမယ့် တစ်ခါတစ်လေတော့လည်း ထိန်းချုပ်ခံရလွန်းသည်ဟု ထင်မိသည်။
ဖေကြီးဆက်ဆံနေရသည့်လူတိုင်း မျက်နှာဖုံးနဲ့လူတွေချည်းမို့ ခရာကတော့ ဖေကြီးလို သံအမတ်မဖြစ်ချင်ပါ...

💛💛▫▫▫💛💛

ဆွမ်းဦးပုညရှင်မှာ ဆွမ်းကပ်ရန်အတွက် အဖော်အဖြစ်ခေါ်လာပေမယ့် Hilton Hotelနားမှာ ဘာကိုရပ်စောင့်နေလဲမသိသော စည်းကြောင့် သူ နည်းနည်းငြိုငြင်လာမိသည်။
ဟိုတစ်ရက်က ဇာမဏီမှာတွေ့ဖို့ပျက်ကွက်ခဲ့သော အစ်ကို့မိတ်ဆွေနဲ့တွေ့ဖို့ ဒီနေ့ထပ်ချိန်းထားကာမှ ဒီကောင် ဘာစိတ်ကူးထပေါက်လာသည်မသိ။

"မင်း ဘာကိုစောင့်နေတာလဲ စည်း နေပူတော့မယ်"

"အက္ခရာပါကွာ လိုက်ချင်တယ်လို့ ဂျီကျနေလို့"

အခုမှလိုက်ဖက်ညီနေသော ခဲအိုခယ်မတွေကြောင့် သူ မျက်ခုံးတစ်ဖက် အလိုလိုပင့်တက်သွားရ၏။
မင်းကပါ အလိုတူအလိုပါနဲ့ အက္ခရာကို ငါ့ရှေ့ရောက်အောင် တွန်းပို့တော့မယ်ပေါ့...
အတွေးဖြင့် သူ အေးစက်စက်ပြုံးလိုက်မိသည်။

"ရောက်ပါပြီရှင်"

ပန်းနုရောင်ရင်ဖုံးအင်္ကျီကို ဒူးနားချိတ်ကလေးဖြင့် တွဲဝတ်ကာ ရိုးရိုးလေးလှနေသောအက္ခရာကိုမြင်တော့ သူ့စိတ်ထဲမှာ အေးချမ်းသွားမိသည်။
နေရာတကာကျားသော ဒင်းဟာ ဘယ်သူ့ရဲ့ကူညီစောင်မမှုကြောင့် ခုလိုမိန်းမဆန်လာသလဲမသိပေမယ့် ခုလို လှလှပပလေးနေတတ်လာခြင်းဟာ ကိုယ့်အတွက်...

"Aww ကိုကြီးရောလား"

သူမက ခါတိုင်းလို ဝမ်းသာအားရနှုတ်ဆက်ပြီးမှတစ်ခုခုကိုသတိရသွားဟန်ဖြင့် ဟွန့်ခနဲနှာခေါင်းရှုံ့ကာ မျက်နှာလွှဲသွားလေ၏။
သူထင်တာမမှားလျှင် ဟိုတစ်ရက်က ဆိုဒ်ထဲမှာအော်လိုက်မိသောကိစ္စကို မကျေမနပ်ဖြစ်နေပုံ။

"ဘာဖြစ်တာလဲ အဲ့ဒါက"

"ကိုကြီးကိုစိတ်ဆိုးနေတာလေ ခရာ့ကိုအော်တာမှတ်မိလား စိတ်ဆိုးနေတာကိုမေ့သွားလို့ခေါ်မိတာ"

ဒီတစ်ခါတော့ သူရော၊ စည်းပါ သဘောတကျဖြင့် ဟက်ဟက်ပက်ပက်ရယ်လိုက်မိသည်။
ထိုအခါ သူတို့ကိုကြည့်ပြီး နှုတ်ခမ်းစူသွားသည့်ခရာသည် နှစ်ယောက်လုံးကို သိမ်းကျုံးမျက်စောင်းထိုးရင်း ပြတင်းပေါက်ဘက်လှည့်သွားလေ၏။
ဘုရားပေါ်ရောက်တော့ အလှူခံပိုက်ဆံထည့်မည်ဆိုပြီး စည်းက တမင်ရှောင်ထွက်သွားတော့ သူ ပြုံးရုံသာပြုံးကာ ကစားပွဲအတိုင်းဆက်သွားရန် အက္ခရာနဲ့ပဲ နေခဲ့လိုက်သည်။

"စိတ်ဆိုးနေတုန်းပဲလား ငါ့ကို"

"မဆိုးပါဘူး"

"မဆိုးဘူးသာပြောနေတာ မင်းနှုတ်သီးကငါ့ကိုထိုးမိတော့မယ် မင်း စည်းကိုသဘောကျနေရင်လည်း ငါမတားပါဘူး သူကငါ့သူငယ်ချင်းပဲဟာ"

"ဘယ်သူကကြိုက်နေလို့လဲ ကိုကြီးသူငယ်ချင်းကို"

"ဒါဆိုဘာလို့ဒီ့ထက်ပိုမှာတွေရော ဘာတွေရော မင်းဘာတွေပြောနေတာလဲ ငါက အဲ့ကောင်နဲ့ငြိနေပြီလို့ထင်တာ"

"အဲ့ဒါကိုကြီးကိုစ,တာလေ ခရာရည်းစားမထားချင်သေးပါဘူး လုပ်စရာတွေမှအများကြီးပဲ USမှာစာသင်ချင်သေးတယ် ခရာ့ရှေ့ရေးအတွက်လုပ်စရာတွေ တပုံကြီးရှိတာ ရည်းစားကလိုက်ရှုပ်နေမှာစိုးလို့ ထားကိုမထားဘူး"

ထိုအခါမှ အက္ခရာရဲ့စကားတွေကို သူသတိပြုမိကာ သူမရဲ့စကားတိုင်းဟာ မသိသာသော လက်တလုံးခြားဝန်ခံမှုတွေဖြင့် အမှန်အတိုင်းပြောသည့်စကားတွေဖြစ်သည်။
"အလုပ်ကြိုးစားတဲ့ VVIPလေးပါ"
"နှစ်ဖက်မျှတွေးတတ်ဖို့ပဲလိုတာ"
"အဲ့ဒီလူကသိပ်ချေတာပဲ ဒီလောကမှာ အက္ခရာတစ်ယောက်လူလားမြောက်နေသလားလို့တောင် စိတ်မဝင်စားဘူး"

ပြီးတော့ အလှတွေပြင်လာပြီး သူ့ကိုပြမလို့ဟု ပြောခဲ့ဖူးသည်ကိုလည်း ပြန်သတိရလိုက်ကာ တကယ်ပဲသူ့အတွက်ပြင်ဆင်ခဲ့တာပဲမဟုတ်လား။
ဟိုနှစ်ယောက်နဲ့ပေါင်းမိနေပေမယ့် မင်းကတော့ သူတို့လိုမဟုတ်ဘဲ ငါ့ကိုဘာမှမလိမ်ခဲ့ဘူးပဲ...

"ကြိုက်မယ့်သူ မရှိရင်မရှိဘူးပေါ့ ဘာလိုက်ရှုပ်မှာစိုးတာလဲ"

"ကိုကြီးနော် ခရာ့ကိုထပ်စိတ်ဆိုးအောင်မလုပ်နဲ့ အဲ့နေ့ကလည်း သူများကိုအော်လိုက်တာများ သူ့ဘာသာကောင်မလေးနဲ့အဆင်မပြေဖြစ်တိုင်း"

သူ တစ်ချက်ရယ်လိုက်မိပြီး ထိုရက်က ကောင်မလေးနဲ့အဆင်မပြေတာမဟုတ်ဘဲ သွေးရဲ့မျက်စိမျက်နှာ ပျက်နေမှုကို တစိမ့်စိမ့်ကျေနပ်နေမိတာဖြစ်သည်။
သို့ပေမယ့် တစ်ဖက်မှာလည်း အက္ခရာကို စည်းဆိုသည့်ကောင် အသုံးချနေသည်ဟု ထင်မှတ်ခဲ့မိ၍ စိတ်တိုနေခြင်းဖြစ်သည်။

"အေးပါကွာ တောင်းပန်ပါတယ် စိတ်မဆိုးနဲ့တော့ မင်းရုပ်ကလေးလှရဲ့သားနဲ့ ခွင့်လွှတ်တတ်တဲ့နှလုံးသားမရှိရင်.."

"တကတည်း သူများကိုအော်တုန်းကအော်ပြီး"

မကျေနိုင်မချမ်းနိုင်ဘဲ သူမမျက်စောင်းထပ်ထိုးတော့ သူရယ်ချင်သွားမိ၍ ခရာ့ဆံပင်တိုလေးတွေကို ဆွဲဖွပစ်လိုက်သည်။
ဖွပစ်လိုက်သည်ဆိုပေမယ့် ချက်ချင်းအသားတကျပြန်ဖြစ်သွားသည့် ဆံနွယ်နုနုလေးတွေကြောင့် စိတ်ထဲထူးဆန်းသွားမိသည်။

သွေးထက်တောင် နူးညံ့ပျော့ပျောင်းသော ဆံနွယ်လေးတွေကို နောက်ထပ်ထိကိုင်ချင်စိတ်က အလိုလိုဖြစ်လာ၍ ထိုစိတ်ကိုမောင်းထုတ်ပစ်လိုက်သည်။
မိန်းမတစ်ယောက်ကြောင့် နောက်ထပ် သူ ပြိုလဲလို့မဖြစ်သလို ဒီမိန်းကလေးသည် သူ့လက်ထဲမှာပဲရှိနေရမည့် နယ်ရုပ်ကလေး။

မင်း ဘယ်လောက်တော်တဲ့ Playerဖြစ်နေနေ
မင်းတို့၃ယောက်လုံးက ငါ့ရဲ့နယ်ရုပ်တွေပဲ...
ဒါပေမယ့် အားလုံးထဲမှာ မင်းတစ်ယောက်ပဲ
ငါ့ကိုမလိမ်ဘဲအမှန်အတိုင်းပြောတဲ့သူမို့ မင်းကိုတော့သက်ညှာပေးမယ်။

ငါ မင်းကိုချစ်ရင် မင်းနိုင်ပြီမလား အက္ခရာ
အဲ့ဒီတော့ မင်းကို ငါချစ်ပေးမယ်
မင်းလည်စင်းပေးရမယ့် ထောင်ချောက်မှန်းမသိနိုင်တဲ့အထိ မင်းကိုငါချစ်ပေးမယ်...

💛💛▫▫▫💛💛

Part 21 ဆက်ရန်

စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997

~~~~~~~~~~~~~~~~~~~~~~

    
💛 Players ( Part - 20 ) 💛
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"မင္းသိသြားၿပီဆို တန္ခိုး ဒီေလာက္ျမန္ျမန္သိသြားလိမ့္မယ္လို႔ေတာင္ မထင္ထားဘူး"

"မမိုက္လိုက္တာ အစ္ကိုရာ ကၽြန္ေတာ္လာေတြ့ကတည္းကေျပာလိုက္ရင္ ဘာျဖစ္မွာမို႔လဲ"

"ဒါဆို ကစားပဲြက ဘယ္မိုက္ေတာ့မလဲ မင္းတို႔ရဲ့ေလးပြင့္ဆိုင္ဇာတ္လမ္းက အေတာ္စိတ္ဝင္စားဖို႔ေကာင္းေနတာကိုး"

"ကိုယ့္ဘာသာ လက္နက္အေရာင္းအဝယ္လုပ္ၿပီး ေအးေအးေဆးေဆးေနပါေတာ့လား ဘာလို႔ကၽြန္ေတာ့္ကိစၥကို စိတ္ဝင္စားေနတာလဲ"

"ဝင္စားဆို မင္းကညံ့တာကိုး ကိုယ့္သူငယ္ခ်င္းနဲ႔ ကိုယ့္ေကာင္မေလးၿငိသြားတဲ့အထိ ေစာက္သံုးမက်တာ"

"စကားကိုကပ္မေျပာစမ္းပါနဲ႔ဗ်ာ ကၽြန္ေတာ္ ေတာ္တဲ့ေနရာရိွပါတယ္ အင္ဂ်င္နီယာနယ္ပယ္ကို အစ္ကိုကၽြမ္းက်င္လို႔လား"

"မင္းလိုေျပာရရင္ ငါ့Leoponကိုေရာ မင္းအုပ္ခ်ဳပ္ႏိုင္လို႔လား ငါက ၁၇ႏွစ္နဲ႔အုပ္ခ်ဳပ္ခဲ့တဲ့ေကာင္ကြ ၿပီးေတာ့ ေနာက္တစ္ခုက ငါဆိုတဲ့ေကာင္က ဘယ္သူ႔အကြက္ထဲမွာမွ ေနာက္ေကာက္က် က်န္မေနခဲ့ဘူး"

အစ္ကိုက အႏိုင္ပိုင္းသြားၿပီး တဟားဟားေအာ္ရယ္ေနေသာေၾကာင့္ သူ နည္းနည္းခ်ဥ္သြားၿပီး ႏွာေခါင္းရႈံ႔ပစ္လိုက္မိသည္။
အစ္ကိုေျပာလည္း ေျပာခ်င္စရာမို႔ သူဘာမျွပန္မေျပာႏိုင္ဘဲ တကယ္လည္း အစ္ကိုဟာ အေျပာႀကီးေပမယ့္ ေျပာသေလာက္ေတာ္ခဲ့တဲ့လူ...

သူ 10ႏွစ္သားေလာက္ကတည္းက အိမ္ကထြက္သြားၿပီး ျပန္လည္းမလာေတာ့ဘဲ ကိုယ္ပိုင္ဘဝကိုတည္ေထာင္ခဲ့သူမို႔ ထက္ဘုန္းလ်ွံဟာ သူ႔အစ္ကိုမွန္းသိသူအလြန္နည္း၏။
တခ်ိဳ႕သူေတြက ျဖစ္ခဲ့ေသာျပႆနာႀကီးအတြင္း အစ္ကိုေသၿပီဟု ထင္ခဲ့ၾကသည္အထိ အစ္ကိုက ေသြးေအးစြာျဖင့္ မိသားစုကိုေက်ာေပးခဲ့သည္။
သူ ေျမျပန႔္ကိုေရာက္လာမွ အစ္ကိုကလာရွာၿပီး သူလိုအပ္သမ်ွအကုန္ေပးခဲ့ကာ သူ႔အရိပ္၊ သူ႔အမိုးတစ္ခုအျဖစ္ကာကြယ္ေပးခဲ့သူ…

"မင္း ဘာဆက္လုပ္မလဲ တန္ခိုး"

"ဘာလုပ္ရမွာလဲ ဒီေလာက္လြယ္ေနတဲ့ကိစၥကို ဆက္ကစားမွာေပါ့ တန္ခိုးဆိုတဲ့ေကာင္ကို ငႏံုေလးမွတ္ၿပီး လွၫ့္စားခ်င္ၾကတာ အလွၫ့္စားခံလိုက္ပါ့မယ္"

"ေအး ေကာင္းတယ္ မင္းက လွၫ့္စားခ်င္စရာေျပာင္းဖူးႀကီးကိုး.. ဒါနဲ႔ ငါMin Groupကို စိတ္ဝင္စားတယ္ ငါ့ပိုက္ဆံေတြကို ေငျြဖဴလုပ္လို႔လည္းလြယ္တယ္ တျခားကိစၥတစ္ခုလည္းရိွတယ္ မင္းေရာ ဘယ္လိုထင္လဲ"

"မဆိုးပါဘူး ေငြဝင္ေငြထြက္ပမာဏမ်ားတယ္ ဒါေပမယ့္ စည္းရဲ့အေဖက သူတို႔မိသားစုပိုင္တဲ့ အဲ့ဒီကုမၸဏီကို အစ္ကို႔လက္ထဲထိုးထၫ့္ေပးမွာတဲ့လား အခုဒါရိုက္တာေတြေတာင္ သူတို႔ရဲ့မိသားစုမိတ္ေဆြေတြ"

တားျမစ္စကားေျပာမိေပမယ့္ မ်က္စိက်ၿပီဆို ရေအာင္ယူတတ္သၫ့္ အစ္ကို႔အက်င့္ကို သူသိသည္။
သို႔ေပမယ့္ တစ္ဖက္ကေတြးၾကၫ့္လ်ွင္လည္း Min Groupတစ္ခုလံုး အစ္ကို႔လက္ထဲေရာက္သြားခဲ့လ်ွင္ စည္း ဘယ္လိုျဖစ္သြားမလဲ။
ေသြးမက္ေမာခဲ့ေသာ စည္းရဲ့ျပၫ့္စံုခ်မ္းသာမႈႏွင့္ အာဏာႀကီးေသာအရိွန္အဝါတို႔သည္...

"သူတို႔ဆႏၵေတြကငါနဲ႔မဆိုင္ဘူး မင္းက အဲ့ဒီGroupအေၾကာင္းကို ငါ့ထက္သိေနလို႔ေမးတာ မဆိုးဘူးဆိုရင္ ရေအာင္ယူရံုေပါ့ 'မရပါဘူးအစ္ကိုရာ'လို႔ေတာ့မေျပာနဲ႔ မင္းနဲ႔ငါၿပိဳင္မလား မင္းရဲ့ကစားပဲြကအရင္ၿပီးမလား အဲ့ဒီကုမၸဏီကို ငါအရင္ရမလားလို႔"

"အစ္ကိုလိုခ်င္တယ္ဆိုရင္ ကၽြန္ေတာ္ကကူညီရမွာပါ ကၽြန္ေတာ္က အစ္ကို႔ၿပိဳင္ဖက္မဟုတ္သလို အစ္ကို႔ကိုႏိုင္ရရင္လည္း ကၽြန္ေတာ္မေပ်ာ္ဘူး"

"မင္းအေတာ္စကားတတ္တဲ့ေကာင္ပဲ Ok မင္းရဲ့ကစားပဲြအတြက္ Hintတစ္ခုေပးလိုက္မယ္ ပန္းထက္အကၡရာရဲ့ေနာက္ကြယ္မွာ သူ႔အေဖရိွတယ္ အေတာ္ေလးပါဝါႀကီးတယ္ေနာ္ သူ႔ကိုထိရင္ သူ႔အေဖနဲ႔ၿငိမွာပဲ မင္းၿငိလာရင္ မင္းအစ္ကိုငါလည္း မင္းကိုမကယ္ႏိုင္ဘူး"

"မလိုဘူးအစ္ကို ကၽြန္ေတာ္ဘယ္သူနဲ႔မွမၿငိဘူး"

"Okပါ ငါကေျပာတယ္ေနာ္ ေနာက္မွအစ္ကိုမေျပာဘူးမလုပ္နဲ႔ ၿပီးေတာ့ႀကိဳေျပာထားမယ္ Min Groupက ငါ့အပိုင္ျဖစ္လာရင္ မင္းCEOလုပ္ရမယ္ အဲ့ဒါမင္းရဲ့လက္စားေခ်မႈနဲ႔ ဝါသနာကို ငါတစ္စိပ္တစ္ပိုင္းကူညီလိုက္တာပဲ"

"ကၽြန္ေတာ္ကေရာ လားရိႈးကိုမျပန္ရဘူးလား"

"မင္းေနခဲ့ပါ ဒီမွာမင္းလုပ္ရမယ့္အလုပ္ေတြရိွတယ္ ငါ့အေရာင္းအဝယ္က နယ္စပ္မွာလုပ္တာပိုေကာင္းတယ္ မင္းကိုအလင္းထဲထားတာ အေၾကာင္းတစ္ခုပဲရိွတယ္ ငါ့ေငြေတြကို ေငျြဖဴျဖစ္ေအာင္လုပ္ေပးဖို႔"

"အစ္ကိုက အႀကီးစားလက္နက္ကုန္သည္ႀကီးလုပ္​ေနၿပီး ေငျြဖဴမရိွမွာေၾကာက္ေနတာလား"

"ေၾကာက္တာေပါ့ဟ မင္းတူေတြ၊ တူမေတြ ငါ့တူေတြ၊တူမေတြရိွလာရင္ ႀကိဳက္သေလာက္သံုးရေအာင္လို႔ေလ ေရ႔ွေရးဆိုတာကရိွေသးတယ္ အခုကတည္းကႀကိဳစုထားမွ"

"ကၽြန္ေတာ္က တူေတြ၊တူမေတြရဦးမွာမို႔လား"

"မင္းပါးစပ္ပိတ္ထားစမ္း ဘုန္းတန္ခိုး ငါမလိုခ်င္ေသးလို႔ မင္းမရေသးတာ ဒါပဲေခြးေကာင္"

အစ္ကို႔က်ိန္ဆဲသံေၾကာင့္ သူ တစ္ေယာက္တည္း ရယ္ကာဖုန္းခ်ပစ္လိုက္သည္။
အစ္ကို႔ရဲ့ပစ္မွတ္က Min Groupဆိုရင္
သူ႔ပစ္မွတ္က Min Groupထဲက စည္း မဟုတ္ေသာ တျခားတစ္ေယာက္...

💛💛▫▫▫💛💛

"ေဖႀကီး ဘယ္ေန့ျပန္မွာလဲ"

မနက္စာစားေနရင္း ခရာေမးလိုက္ေတာ့ ေဖႀကီးက အလုပ္ကိစၥေတြကိုျပန္စဥ္းစားေနဟန္ျဖင့္ ႏႈတ္ဆိတ္ေနသည္။
ေဖႀကီးရဲ့အခန္းကFamily roomမို႔ ခရာ့ကိုလာေနခိုင္းၿပီး ညဘက္ေတြဆို သားအဖႏွစ္ေယာက္အတူရိွေနကာ မနက္ဆို ေဖႀကီးက ရံုးကိုသြား၊ ခရာကဆိုဒ္ထဲသြား...
မနက္ခင္းေစာေစာႏွင့္ ညပိုင္းေလးမွသာ ေဖႀကီးႏွင့္ဆံုရတာမို႔ ခရာသည္ ေဖႀကီးကို အခုထက္ ၾကာၾကာရိွေနေစခ်င္ပါသည္။

"ေနာက္ထပ္ ၂ရက္ေလာက္ထပ္ေနျဖစ္မယ္ထင္တယ္ အလုပ္ကိစၥေတြမၿပီးျပတ္ေသးဘူး"

"ေဖႀကီးခဏေလာက္အားပါဦး ခရာတို႔ ပါပါးတို႔အိမ္ကို သြားရေအာင္ေလ ေဖႀကီးလည္း ပါပါးနဲ႔မေတြ့တာၾကာၿပီကို"

"အားေတာ့သြားမွာေပါ့ ေဖႀကီးဒီမွာရိွေနတုန္း ခြင့္ယူထားလိုက္ပါ့လား သမီး ဆိုဒ္ထဲကျပန္လာရင္ ႏြမ္းဖတ္ေနတာ ျမင္ရရင္စိတ္မခ်မ္းသာဘူး"

"မယူခ်င္ပါဘူး ေဖႀကီးကျဖင့္ အားတာလည္းမဟုတ္ဘဲနဲ႔ ဒါနဲ႔ေလ ခရာ အားေနလို႔စာတမ္းေရးေနတယ္ ေဖႀကီးစစ္ေပးပါဦး Indiaႏိုင္ငံရဲ့အေျခခံအက္ဥပေဒမူၾကမ္း"

"သူတို႔ကပြင့္လင္းျမင္သာမႈရိွေနပါၿပီ ျပည္နယ္ဝန္ႀကီးေတြနဲ႔ပဲ အလုပ္လုပ္ရေတာ့တာ လက္ေတြ့က်က်ေရးတာပိုေကာင္းတယ္"

ေဖႀကီးစကားေၾကာင့္ ခရာနည္းနည္းေတြေဝသြားကာ တစ္ခုခုထူးဆန္းေနၿပီမွန္းသိလိုက္သည္။
ပံုမွန္ဆို စာတမ္းတင္သၫ့္ကိစၥဟာ ဘာအတြက္လဲ၊ ဘာေၾကာင့္လဲဟု ေမးလာရမည္မလား။
စာတမ္းဆိုတာကလည္း ဘဲြ႔တစ္ခုခုအတြက္ ျပင္ဆင္ရသၫ့္အရာဆိုတာ ေဖႀကီးမသိဘဲေနမွာမဟုတ္။
ခရာ Harvardသြားဖို႔ကိစၥကို ေဖႀကီးရိပ္မိေန၍ ဒါမ်ိဳးေျပာသလား…
ဒါမွမဟုတ္ မရာကမ်ား ေျပာလိုက္ၿပီလား...

"ကဲ.. ေဖႀကီး ရံုးတက္ရဦးမယ္ သမီးမၿပီးေသးဘူးလား"

"ၿပီးၿပီ ေဖႀကီး"

ခရာ လိမၼော္ရည္ကိုေမာ့ေသာက္ၿပီး ထိုင္ရာမွထကာ ေဖႀကီးလက္ေမာင္းကိုေျပးဖက္ရင္း သားအဖႏွစ္ေယာက္ Dining Roomထဲကထြက္လာခဲ့သည္။
ေဖႀကီးကလည္း ခရာခုလိုခၽဲြတိုင္း ေက်နပ္ေနတတ္သူမို႔ ခရာ့ကိုခဏခဏငဲ့ၾကၫ့္ကာ ႃပံုးေန၏။

တစ္ခါတစ္ေလ ေဖႀကီးကိုတုန္ေနေအာင္ေၾကာက္ရေပမယ့္ အခုေနာက္ပိုင္းေတာ့ ခရာေနတတ္ထိုင္တတ္လာၿပီမို႔ ေၾကာက္စရာမရိွေတာ့ဘဲ အၿမဲလိုလိုကပ္ခၽဲြျဖစ္သည္။
Hotelမွာလည္း ေဖႀကီးရဲ့ကိုယ္ရံေတာ္ေတြ၊ ေဖႀကီးကိုလာေတြ့သူေတြရိွေနကာ ခရာတို႔သားအဖထြက္လာေတာ့ အားလံုးကဝိုင္းၾကၫ့္ၾက၏။

"ဟာ!! ဒါ သံအမတ္ႀကီးရဲ့သမီးေလးလား"

"ဟုတ္တယ္ဗ် ကၽြန္ေတာ့္သမီး"

"မဂၤလာပါ"

သိသိ၊ မသိသိ ခရာ့ရဲ့ယဥ္ေက်းလိမၼာျခင္းက ေဖႀကီးရဲ့ဂုဏ္သိကၡာပဲမို႔ ခရာျပန္ႏႈတ္ဆက္လိုက္ေတာ့ အားလံုးကႏွစ္လိုဖြယ္ႃပံုးျပၾကသည္။
ေဖႀကီးကေတာ့ ခရာ့ကို ပဲြထုတ္မိတ္ဆက္ေပးရသည့္အခါတိုင္း ေက်နပ္ဂုဏ္ယူေနဟန္ျဖင့္ ခရာ့ေခါင္းေလးကိုခဏခဏပုတ္ေနသည္။

"ခၽြေးမေတာ္ဖို႔စဥ္းစားဦးမွပဲ ထက္မယ့္ပံုစံေလးဆိုေတာ့"

ထိုစကားေၾကာင့္ ခရာဟဲခနဲရယ္ျပလိုက္ရေပမယ့္ စိတ္ထဲမွာေတာ့မေက်မနပ္ျဖစ္မိကာမိကာ ေဖႀကီးကိုျပန္ၾကၫ့္မိသည္။
အၿမဲလို တည္ၿငိမ္ခန႔္ညားေနတတ္ေသာ ေဖႀကီးမ်က္ႏွာက ခါတိုင္းထက္ပိုၿပီးတည္တင္းေနေသာေၾကာင့္ ထိုစကားကို သေဘာမေတြ့ဟန္ရိွသည္။

"ကၽြန္ေတာ္ကေတာ့ အဲ့လိုမရိွဘူး ကၽြန္ေတာ့္သမီးမွာ ေရြးခ်ယ္ခြင့္ရိွတယ္ အေဖဆိုတဲ့ေနရာယူၿပီး ကိုယ့္သမီးကို အိမ္ေထာင္ေရးနဲ႔ပတ္သက္ၿပီး အမိန္႔မေပးခ်င္ဘူး ျဖစ္သင့္တာ မျဖစ္သင့္တာကို အကၡရာသိပါတယ္ သူ႔သေဘာေပါ့
ကၽြန္ေတာ့္သမီးကို လိုခ်င္ရင္ သူကိုယ္တိုင္ေခါင္းညိတ္မွပဲ ကၽြန္ေတာ္လက္ခံႏိုင္မယ္"

အနည္းငယ္ရင့္သလိုျဖစ္ေပမယ့္ ေဖႀကီးစကားေၾကာင့္ ခရာေပ်ာ္သြားရကာ ေဖႀကီးခါးႀကီးကိုတအားဖက္ပစ္လိုက္မိသည္အထိ။
ေဖႀကီးကစည္းကမ္းႀကီးေပမယ့္ ေနရာတိုင္းမွာေတာ့ လ္ုက္လံမတင္းက်ပ္တတ္…

"ခရာ သြားေတာ့မယ္ ေဖႀကီး"

"ျဖည္းျဖည္းသြားေနာ္ ညေန ခဏအားရင္ ကိုႀကီးတို႔အိမ္သြားရေအာင္"

ခရာေခါင္းေလးညိတ္ျပၿပီး ပိုက္ဆံအိတ္ကိုပခံုးေပၚဆဲြတင္ကာ Hotelထဲကထြက္လာခဲ့ေတာ့ ေဖႀကီးရဲ့ကိုယ္ရံေတာ္တစ္ေယာက္က ကားတံခါးဖြင့္ေပးေသာေၾကာင့္ ေခါင္းခါျပလိုက္သည္။
တစ္ခါတစ္ေလေတာ့လည္း သံအမတ္ႀကီးရဲ့သမီးျဖစ္ခြင့္ရတာ ခမ္းနားေသာဘဝတစ္ခုဟု ခံစားမိေပမယ့္ တစ္ခါတစ္ေလေတာ့လည္း ထိန္းခ်ဳပ္ခံရလြန္းသည္ဟု ထင္မိသည္။
ေဖႀကီးဆက္ဆံေနရသၫ့္လူတိုင္း မ်က္ႏွာဖံုးနဲ႔လူေတြခ်ည္းမို႔ ခရာကေတာ့ ေဖႀကီးလို သံအမတ္မျဖစ္ခ်င္ပါ...

💛💛▫▫▫💛💛

ဆြမ္းဦးပုညရွင္မွာ ဆြမ္းကပ္ရန္အတြက္ အေဖာ္အျဖစ္ေခၚလာေပမယ့္ Hilton Hotelနားမွာ ဘာကိုရပ္ေစာင့္ေနလဲမသိေသာ စည္းေၾကာင့္ သူ နည္းနည္းၿငိဳျငင္လာမိသည္။
ဟိုတစ္ရက္က ဇာမဏီမွာေတြ့ဖို႔ပ်က္ကြက္ခဲ့ေသာ အစ္ကို႔မိတ္ေဆြနဲ႔ေတြ့ဖို႔ ဒီေန့ထပ္ခ်ိန္းထားကာမွ ဒီေကာင္ ဘာစိတ္ကူးထေပါက္လာသည္မသိ။

"မင္း ဘာကိုေစာင့္ေနတာလဲ စည္း ေနပူေတာ့မယ္"

"အကၡရာပါကြာ လိုက္ခ်င္တယ္လို႔ ဂ်ီက်ေနလို႔"

အခုမွလိုက္ဖက္ညီေနေသာ ခဲအိုခယ္မေတြေၾကာင့္ သူ မ်က္ခံုးတစ္ဖက္ အလိုလိုပင့္တက္သြားရ၏။
မင္းကပါ အလိုတူအလိုပါနဲ႔ အကၡရာကို ငါ့ေရ႔ွေရာက္ေအာင္ တြန္းပို႔ေတာ့မယ္ေပါ့...
အေတြးျဖင့္ သူ ေအးစက္စက္ႃပံုးလိုက္မိသည္။

"ေရာက္ပါၿပီရွင္"

ပန္းႏုေရာင္ရင္ဖံုးအက်ႌကို ဒူးနားခ်ိတ္ကေလးျဖင့္ တဲြဝတ္ကာ ရိုးရိုးေလးလွေနေသာအကၡရာကိုျမင္ေတာ့ သူ႔စိတ္ထဲမွာ ေအးခ်မ္းသြားမိသည္။
ေနရာတကာက်ားေသာ ဒင္းဟာ ဘယ္သူ႔ရဲ့ကူညီေစာင္မမႈေၾကာင့္ ခုလိုမိန္းမဆန္လာသလဲမသိေပမယ့္ ခုလို လွလွပပေလးေနတတ္လာျခင္းဟာ ကိုယ့္အတြက္...

"Aww ကိုႀကီးေရာလား"

သူမက ခါတိုင္းလို ဝမ္းသာအားရႏႈတ္ဆက္ၿပီးမွတစ္ခုခုကိုသတိရသြားဟန္ျဖင့္ ဟြန႔္ခနဲႏွာေခါင္းရႈံ႔ကာ မ်က္ႏွာလႊဲသြားေလ၏။
သူထင္တာမမွားလ်ွင္ ဟိုတစ္ရက္က ဆိုဒ္ထဲမွာေအာ္လိုက္မိေသာကိစၥကို မေက်မနပ္ျဖစ္ေနပံု။

"ဘာျဖစ္တာလဲ အဲ့ဒါက"

"ကိုႀကီးကိုစိတ္ဆိုးေနတာေလ ခရာ့ကိုေအာ္တာမွတ္မိလား စိတ္ဆိုးေနတာကိုေမ့သြားလို႔ေခၚမိတာ"

ဒီတစ္ခါေတာ့ သူေရာ၊ စည္းပါ သေဘာတက်ျဖင့္ ဟက္ဟက္ပက္ပက္ရယ္လိုက္မိသည္။
ထိုအခါ သူတို႔ကိုၾကၫ့္ၿပီး ႏႈတ္ခမ္းစူသြားသၫ့္ခရာသည္ ႏွစ္ေယာက္လံုးကို သိမ္းက်ဳံးမ်က္ေစာင္းထိုးရင္း ျပတင္းေပါက္ဘက္လွၫ့္သြားေလ၏။
ဘုရားေပၚေရာက္ေတာ့ အလႉခံပိုက္ဆံထၫ့္မည္ဆိုၿပီး စည္းက တမင္ေရွာင္ထြက္သြားေတာ့ သူ ႃပံုးရံုသာႃပံုးကာ ကစားပဲြအတိုင္းဆက္သြားရန္ အကၡရာနဲ႔ပဲ ေနခဲ့လိုက္သည္။

"စိတ္ဆိုးေနတုန္းပဲလား ငါ့ကို"

"မဆိုးပါဘူး"

"မဆိုးဘူးသာေျပာေနတာ မင္းႏႈတ္သီးကငါ့ကိုထိုးမိေတာ့မယ္ မင္း စည္းကိုသေဘာက်ေနရင္လည္း ငါမတားပါဘူး သူကငါ့သူငယ္ခ်င္းပဲဟာ"

"ဘယ္သူကႀကိဳက္ေနလို႔လဲ ကိုႀကီးသူငယ္ခ်င္းကို"

"ဒါဆိုဘာလို႔ဒီ့ထက္ပိုမွာေတြေရာ ဘာေတြေရာ မင္းဘာေတြေျပာေနတာလဲ ငါက အဲ့ေကာင္နဲ႔ၿငိေနၿပီလို႔ထင္တာ"

"အဲ့ဒါကိုႀကီးကိုစ,တာေလ ခရာရည္းစားမထားခ်င္ေသးပါဘူး လုပ္စရာေတြမွအမ်ားႀကီးပဲ USမွာစာသင္ခ်င္ေသးတယ္ ခရာ့ေရ႔ွေရးအတြက္လုပ္စရာေတြ တပံုႀကီးရိွတာ ရည္းစားကလိုက္ရႈပ္ေနမွာစိုးလို႔ ထားကိုမထားဘူး"

ထိုအခါမွ အကၡရာရဲ့စကားေတြကို သူသတိျပဳမိကာ သူမရဲ့စကားတိုင္းဟာ မသိသာေသာ လက္တလံုးျခားဝန္ခံမႈေတျြဖင့္ အမွန္အတိုင္းေျပာသၫ့္စကားေတျြဖစ္သည္။
"အလုပ္ႀကိဳးစားတဲ့ VVIPေလးပါ"
"ႏွစ္ဖက္မ်ွေတြးတတ္ဖို႔ပဲလိုတာ"
"အဲ့ဒီလူကသိပ္ေခ်တာပဲ ဒီေလာကမွာ အကၡရာတစ္ေယာက္လူလားေျမာက္ေနသလားလို႔ေတာင္ စိတ္မဝင္စားဘူး"

ၿပီးေတာ့ အလွေတျြပင္လာၿပီး သူ႔ကိုျပမလို႔ဟု ေျပာခဲ့ဖူးသည္ကိုလည္း ျပန္သတိရလိုက္ကာ တကယ္ပဲသူ႔အတြက္ျပင္ဆင္ခဲ့တာပဲမဟုတ္လား။
ဟိုႏွစ္ေယာက္နဲ႔ေပါင္းမိေနေပမယ့္ မင္းကေတာ့ သူတို႔လိုမဟုတ္ဘဲ ငါ့ကိုဘာမွမလိမ္ခဲ့ဘူးပဲ...

"ႀကိဳက္မယ့္သူ မရိွရင္မရိွဘူးေပါ့ ဘာလိုက္ရႈပ္မွာစိုးတာလဲ"

"ကိုႀကီးေနာ္ ခရာ့ကိုထပ္စိတ္ဆိုးေအာင္မလုပ္နဲ႔ အဲ့ေန့ကလည္း သူမ်ားကိုေအာ္လိုက္တာမ်ား သူ႔ဘာသာေကာင္မေလးနဲ႔အဆင္မေျပျဖစ္တိုင္း"

သူ တစ္ခ်က္ရယ္လိုက္မိၿပီး ထိုရက္က ေကာင္မေလးနဲ႔အဆင္မေျပတာမဟုတ္ဘဲ ေသြးရဲ့မ်က္စိမ်က္ႏွာ ပ်က္ေနမႈကို တစိမ့္စိမ့္ေက်နပ္ေနမိတာျဖစ္သည္။
သို႔ေပမယ့္ တစ္ဖက္မွာလည္း အကၡရာကို စည္းဆိုသၫ့္ေကာင္ အသံုးခ်ေနသည္ဟု ထင္မွတ္ခဲ့မိ၍ စိတ္တိုေနျခင္းျဖစ္သည္။

"ေအးပါကြာ ေတာင္းပန္ပါတယ္ စိတ္မဆိုးနဲ႔ေတာ့ မင္းရုပ္ကေလးလွရဲ့သားနဲ႔ ခြင့္လႊတ္တတ္တဲ့ႏွလံုးသားမရိွရင္.."

"တကတည္း သူမ်ားကိုေအာ္တုန္းကေအာ္ၿပီး"

မေက်ႏိုင္မခ်မ္းႏိုင္ဘဲ သူမမ်က္ေစာင္းထပ္ထိုးေတာ့ သူရယ္ခ်င္သြားမိ၍ ခရာ့ဆံပင္တိုေလးေတြကို ဆဲြဖြပစ္လိုက္သည္။
ဖြပစ္လိုက္သည္ဆိုေပမယ့္ ခ်က္ခ်င္းအသားတက်ျပန္ျဖစ္သြားသၫ့္ ဆံႏြယ္ႏုႏုေလးေတြေၾကာင့္ စိတ္ထဲထူးဆန္းသြားမိသည္။

ေသြးထက္ေတာင္ ႏူးညံ့ေပ်ာ့ေပ်ာင္းေသာ ဆံႏြယ္ေလးေတြကို ေနာက္ထပ္ထိကိုင္ခ်င္စိတ္က အလိုလိုျဖစ္လာ၍ ထိုစိတ္ကိုေမာင္းထုတ္ပစ္လိုက္သည္။
မိန္းမတစ္ေယာက္ေၾကာင့္ ေနာက္ထပ္ သူ ၿပိဳလဲလို႔မျဖစ္သလို ဒီမိန္းကေလးသည္ သူ႔လက္ထဲမွာပဲရိွေနရမၫ့္ နယ္ရုပ္ကေလး။

မင္း ဘယ္ေလာက္ေတာ္တဲ့ Playerျဖစ္ေနေန
မင္းတို႔၃ေယာက္လံုးက ငါ့ရဲ့နယ္ရုပ္ေတြပဲ...
ဒါေပမယ့္ အားလံုးထဲမွာ မင္းတစ္ေယာက္ပဲ
ငါ့ကိုမလိမ္ဘဲအမွန္အတိုင္းေျပာတဲ့သူမို႔ မင္းကိုေတာ့သက္ၫွာေပးမယ္။

ငါ မင္းကိုခ်စ္ရင္ မင္းႏိုင္ၿပီမလား အကၡရာ
အဲ့ဒီေတာ့ မင္းကို ငါခ်စ္ေပးမယ္
မင္းလည္စင္းေပးရမယ့္ ေထာင္ေခ်ာက္မွန္းမသိႏိုင္တဲ့အထိ မင္းကိုငါခ်စ္ေပးမယ္...

💛💛▫▫▫💛💛

Part 21 ဆက္ရန္

စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997

继续阅读

You'll Also Like

3.4M 141K 60
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
7.1K 88 7
You've always been in Oklahoma, just not Tulsa but because of the circumstances, it's you're new home for you and you're younger brother Vincent. Of...
1.7M 111K 200
**Story is gonna be slow paced. Read only if you have patience. 🔥** Isha Sharma married a driver whom she had just met. She was taking a huge risk...
184K 2.7K 19
Libby James was a young fashion designer married to New York journalist Shawn Diaz. Everything was a dream come true when suddenly... Her husband st...