Nightmare
"ဟင့်အင်း......ဟင့်အင်း.....မလုပ်ပါနဲ့......ဟန်နီရေ......တောင်းပန်ပါတယ်.....အား......မလုပ်နဲ့......ကြောက်တယ်.....ကြောက်......."
"ဟေး......ဟေး..... ကလေးငယ်လေး.....သတိထားဦးနော်.....ဟန်နီကြီးရှိတယ်"
ကျွန်မရဲ့ကိုယ်လေးကိုတယုတယပွေ့ဖက်လှုပ်နှိုးလိုက်တဲ့ ဟန်နီကြီးရဲ့လက်တွေကြားမှာလန့်နိုးလာခဲ့တယ်။ဟန်နီ့ကို အားကိုးတကြီးဖက်တွယ်ရင်းငိုကြွေးမိတော့တာပေါ့။
"မငိုနဲ့လေ ကလေးရယ်.....အိမ်မက်ဆိုးတွေမက်နေတာပါကွာ။ဘာမှမဖြစ်ဘူးနော် ကလေးငယ်"
"ကလေး ကြောက်တယ်။အဲ့နေရာက မှောင်မဲအေးစက်နေခဲ့တာ။ဟင့်အင်း....ကလေး မကြိုက်ဘူး.....ဟင့်အင်း......ထပ်မသွားဘူး.... ကြောက်တယ်.....မသွားခိုင်းပါနဲ့ ဟန်နီ"
"ကလေး.....ကလေးရေ.....သတိထားပါဦးကွာ.....မင်းလေးရှိနေတာ ကိုယ့်ရင်ခွင်ထဲမှာလေ......"
"ဟန်နီကြီး......"
"ဗျာဗျာ......."
ဟန်နီက အသဲအသန်ပြန်ထူးရင်းကျွန်မကိုထွေးပွေ့နှစ်သိမ့်နေခဲ့တာ။သူမရဲ့စိတ်ပူနေတဲ့မျက်ဝန်းတွေကို မြင်နေရတာ ကျွန်မစိတ်မကောင်းဘူးလေ။
ကျွန်မ ဖျားနေခဲ့တာ။အိပ်လို့မပျော်တာမို့လို့ အိမ်မက်ဆိုးတွေမက်ရင်း ကယောင်ကတမ်းဖြစ်နေခဲ့တာ။ကျွန်မကို ပြုစုယုယရင်း ဟန်နီကြီးအလုပ်ရှုပ်နေခဲ့ရှာတာပေါ့။
"ကိုယ်သီချင်းဆိုပြရမလား ကလေးငယ်"
"ဟာ.....အဲ့အကြံကောင်းတယ်။ဟန်နီကြီးသီချင်းဆိုပြတာ ကလေးအရမ်းကြိုက်တတ်တာ သိတယ်မလား.......ဆိုပြ.....ဆိုပြ.....ဟန်နီကြီး"
ဟန်နီကြီးက သူ့ရဲ့ဂစ်တာသွားယူပြီး သူဆိုပြနေကျသီချင်းတွေဆိုပြနေလေရဲ့။ဟန်နီရဲ့ရှေ့မှာ ခေါင်းအုံးကိုမှီထိုင်ပြီးကျွန်မရဲ့ဒူးနှစ်ဖက်ကိုလက်ကလေးနဲ့ပိုက်ရင်း သီချင်းတွေကိုနားဆင်နေမိတာပေါ့။
ဟန်နီ့ရဲ့မျက်ဝန်းတွေက ကျွန်မကို စူးစူးနင့်နင့်ကြည့်ရင်း သူ့ရဲ့သီချင်းကိုသီဆိုပြနေခဲ့တာ။တဖြည်းဖြည်းနဲ့သူမရဲ့မျက်ဝန်းတွေက ကျွန်မရဲ့ခြေချင်းဝတ်လေးကိုရောက်လာခဲ့တယ်ေလ။သံကြိုးနဲ့ချည်နှောင်ခံထားရတဲ့ ဒဏ်ရာဟောင်းတစ်ခု......။
အဲ့ဒီခြေခ်င်းဝတ်က အမာရွတ်ကိုမြင်တဲ့အခါ သူမရဲ့မျက်ဝန်းတွေညို့မှိုင်းသွားခဲ့လေရဲ့။ကျွန်မရဲ့ခြေထောက်လေးကိုကိုင်တွယ်ထိတွေ့ရင်း ဟန်နီမျက်ရည်ကျလာတယ်လေ။
"ဒီနေရာက နာနေသေးသလားဟင်"
"ကြာခဲ့ပြီပဲ ဟန်နီရယ်။အမာရွတ်ပဲကျန်တာလေ။မနာတော့ပါဘူး"
"ကိုယ်သိပ်မှားသွားခဲ့သလား ကလေးရယ်"
"ဟင့်အင်း.....မမှားဘူးဟန်နီ။ကျွန်မကို ပိုင်ဆိုင်ဖို့လုပ်ခဲ့တဲ့ရှင့်ရဲ့လုပ်ရပ်တိုင်းက မှန်ကန်ပါတယ်"
"မဟုတ်သေးဘူးလေ ကလေးရယ်။မင်းဆီမှာ သေရာပါဒဏ်ရာဒဏ်ချက်တွေဖန်တီးမိခဲ့တဲ့ကိုယ့်လုပ်ရပ်တွေ သိပ်ကိုမှားယွင်းခဲ့တာမဟုတ်ဘူးလား"
"မမှားဘူး ဟန်နီ။ရှင်သာ ချည်နှောင်ချင်သေးတယ်ဆိုရင် ကျွန်မရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုရော၊ကျွန်မရဲ့နှလုံးသားတစ်ခုလုံးကိုရော သံကြိုးတွေနဲ့ချည်နှောင်ခွင့်ပြုဖို့ အဆင်သင့်ဖြစ်နေခဲ့တာပါ"
"ကလေးရယ်.....ကိုယ်ဘာလို့ အဲ့လိုလုပ်ခဲ့မိမှန်းမသိပေမယ့် မင်းကိုပိုင်ဆိုင်ဖို့လုပ်ခဲ့တာဆိုတော့ ကိုယ်အတ္တကြီးကြီးနဲ့ တွေးပစ်လိုက်လို့ရတယ်မလား။ကိုယ်အမှားမလုပ်ခဲ့ဘူး။ကိုယ်သိပ်ချစ်တဲ့ကလေးကို သိမ်းပိုက်ခဲ့တာပါဆိုပြီး......ကိုယ်မှန်တယ်လို့တွေးပစ်လိုက်လို့ရတယ်မလား ကလေး"
"သိပ်ရတာပေါ့။ဘာမဆို ဟန်နီမှန်တယ်။ဟန်နီ့အတွက် ဒီကလေးဖြစ်တည်လာတာလေ။အခုရော.....ချည်နှောင်ချင်သေးလား.....အရာရာ ဟန်နီ့ရဲ့ဆန္ဒအတိုင်းပါပဲ ဟန်နီ"
"အင်း.....အခုလည်း ချည်နှောင်ချင်တာပေါ့။ဒါပေမယ့် သံကြိုးတွေနဲ့ရက်စက်ရိုင်းစိုင်းစွာချည်နှောင်ချင်တာတော့မဟုတ်ဘူး။ကိုယ့်ရဲ့အချစ်ကြိုးတွေနဲ့ ကလေးရဲ့နှလုံးသားကို ရစ်ပတ်ချည်နှောင်ချင်တာ"
ဟန်နီ့ရဲ့လက်ကလေးတစ်ဖက်ကိုလှမ်းယူလိုက်ရင်း ကျွန်မရဲ့ရင်ဘတ်ပေါ်တင်ပေးထားမိတယ်။
"ချည်နှောင်ပြီးနေပါပြီ ဟန်နီ။ကလေးရဲ့နှလုံးသားတစ်ခုလုံးမှာ ရှင့်ရဲ့ချစ်ခြင်းနဲ့ပြုလုပ်ထားတဲ့ကြိုးတွေ အထပ်ထပ်ရစ်ပတ်နေတာလေ။သေချာခံစားကြည့်ပါ"
"ဟုတ်တယ်နော်.....ကိုယ်ပိုင်ဆိုင်တယ်။ကိုယ့်ဆီက ထွက်မပြေးနိုင်တော့ဘူးမဟုတ်လား။ထွက်မပြေးနဲ့နော် ကလေး......."
"ထွက်မပြေးပါဘူး ဟန်နီ"
"ကိုယ်......ကိုယ်လေ.....ကိုယ့်ဆီကထွက်ပြေးမှာစိုးလို့ မင်းကိုသံကြိုးတွေနဲ့ချည်နှောင်ခဲ့တာ။ကိုယ်လုပ်ရက်နိုင်မယ်ထင်ခဲ့ပေမယ့် အဲ့ဒါက ခဏပါပဲ...ကလေးရယ်.....ကိုယ်မင်းကိုကိုယ့်ရဲ့ပိုင်ဆိုင်မှုအဖြစ်....ကိုယ့်ရဲ့အချစ်ကျေးကျွန်အဖြစ်.....ကိုယ့်ရဲ့အကျဉ်းသားအဖြစ်....ဖမ်းဆီးချည်နှောင်ထားခဲ့တဲ့လုပ်ရပ်တွေကို ဟိုအရင်ကလုပ်မိပေမယ့် နောက်ဆုံးမှာရပ်တန့်ဖို့ကြိုးစားမိခဲ့တယ်။ကိုယ်မင်းကို နာကျင်အောင်မလုပ်ရက်နိုင်ဘူး ကလေး"
"ကလေးသိတာပေါ့ ဟန်နီ....ကလေးလည်း တောင်းပန်ပါတယ်နော်.....အခုလို နေမကောင်းဖြစ်တဲ့အထိ အရက်တွေသောက်မိလို့.......ဟန်နီတားမြစ်ထားမှန်းသိသားနဲ့ အရက်တွေသောက်မိလို့......ဟန်နီမကြိုက််မှန်းသိသားနဲ့ အရက်တွေသောက်မိလို့......ကလေးလေးကိုခွင့်လွှတ်ပါဟန်နီရယ်"
"ခွင့်လွှတ်ပါတယ် ကလေး။အဲ့ဒါကို မေ့ပစ်လိုက်ကြရအောင်နော်။ဟန်နီကြီးကိုတစ်ခုပဲ ကတိပေးပါ။အရက်တွေကို ထပ်မသောက်ပါနဲ့.....နောက်ဘယ်တော့မှထပ်မသောက်ပါနဲ့ ကလေး"
"ဟုတ်ကဲ့ပါ ဟန်နီ.....အရက်တွေထပ်မသောက်တော့ဘူး။အခုလို အရမ်းနေမကောင်းဖြစ်ရတဲ့အချိန်မှာ ကလေးအတွက်ဟန်နီမျက်ရည်ကျတာကိုမြင်ရတော့ ဒီအရက်ကိုထပ်မသောက်ဖို့ သေချာပါတယ်။ဟန်နီ့ကို နောက်ထပ်နာကျင်အောင်မလုပ်မိဖို့ ကလေးကြိုးစားပါ့မယ်နော်......"
"သေချာကတိပေးနော်ကလေး"
"ကတိ.....ပြီးတော့လေ.....အဲ့ဒီနေ့က သူငယ်ချင်းတွေနဲ့ရှိနေခဲ့တာ....ဟုတ်တော့ဟုတ်တယ်.....ကလေးပြောသလို အဲ့ဒီကိစ္စကိုပြောထားတဲ့သူလည်းပါတယ်ဆိုပေမယ့် သူငယ်ချင်းတွေအဖြစ်ပဲ အရက်အတူတူသောက်ခဲ့ကြတာပါ။အဲ့ဒါကလည်း မလုပ်သင့်မှန်းသိပေမယ့် လုပ်မိသွားခဲ့ပြီးပြီမို့လို့ တောင်းပန်ရုံပဲ ကလေးတတ်နိုင်ပါတယ်။တစ်ခုတော့ ကလေးအတွက် အန္တရာယ်ရှိတာပေါ့....သူတို့ထင်ထားတာက ကလေးအဲ့ကိစ္စကိုလက်ခံလိုက်ပြီဆိုပြီးလေ.....သူတို့ရဲ့စိတ်ထဲမှာ မျှော်လင့်ချက်ရှိနေမှာပဲ.....ကလေး လက်မခံတာကို သူတို့သေချာသိပါ့မလား....သူတို့ကို ရှောင်နေမိတယ်.....တဖြည်းဖြည်းနဲ့အဲ့ကိစ္စကို သူတို့လည်းမေ့သွားမှာပါ..... ကလေး......သူတို့ကို ထပ်မတွေ့တော့ဘူး ဟန်နီ"
"တော်......တော်ပါတော့ ကလေးရယ်....အဲ့ဒါတွေကို မေ့လိုက်ကြပါစို့ကွယ်။ကိုယ်တို့အတွက်နာကျင်စရာတွေကို မေ့ပစ်ကြရအောင်နော်....အခုလို မင်းလေး အရမ်းငိုနေတော့ ကိုယ်ရင်နာရတယ်လေ.....တိတ်ပါတော့ ကလေးရယ်"
"ဟန်နီ့ကိုတောင်းပန်ပါတယ်။တောင်းပန်ပါတယ် ဟန်နီ။ကလေးက အခုအချိန်အထိ ဟန်နီ့ရဲ့အကျဉ်းသားပါပဲ။ဒီနေရာမှာတစ်သက်တာအတွက် ဖမ်းဆီးချုပ်နှောင်ထားလိုက်တော့နော်"
ကျွန်မငိုကြွေးမိတယ်။သည်းသည်းထန်ထန်ကို ငိုကြွေးနေမိခဲ့တာပါ။သူမက ကျွန်မကိုကြည့်ရင်း ပြာယာခတ်စွာချော့မော့နှစ်သိမ့်လေရဲ့။
"တိတ်လိုက်ပါတော့ ကလေးငယ်.....တော်တော့နော်.....မငိုနဲ့တော့.....ဟန်နီကြီးသီချင်းဆိုပြရင် ပျော်ရွှင်ရယ်မောနေကျလေ.....ဟန်နီသီချင်းဆိုပြမယ်.....အခုပြုံးပါ ကလေး"
"ဟန်နီ့ရင်ဘတ်ကြီးကို အရင်ဆုံးလိုချင်တယ်.....သူ ထွေးပွေ့ထားတာကိုမှီတွယ်ရင်း ကလေးပြုံးမယ်....သီချင်းတွေကိုခံစားမယ်ဟန်နီ"
"ဟုတ်ပြီ.....ကိုယ့်ဆီလာခဲ့ကလေး"
သူ့လက်ထဲက ဂစ်တာကိုပစ်ချပြီး ကျွန်မရဲ့ကိုယ်လေးကို ပေါင်ပေါ်ပွေ့တင်လိုက်တယ်။ဟန်နီ့ကို အငမ်းမရဖက်တွယ်ရင်း ကျွန်မရှိနေမိတော့ ကျွန်မရဲ့မျက်ရည်တွေကို ဟန်နီရဲ့လက်ကလေးတွေနဲ့သုတ်ပေးလာခဲ့တယ်။
"ကိုယ့်ကလေးလေး မငိုနဲ့တော့နော်....ကိုယ်သီချင်းဆိုပြမယ် ဟုတ်ပြီလား"
"အွန်း....."
အဲ့ဒီလိုနဲ့ ဟန်နီကြီးက ကျွန်မသဘောကျတတ်တဲ့သီချင်းတွေကို ခပ်တိုးတိုးညည်းဆိုပြနေတော့တာပေါ့။
ကျွန်မလေ....ဟန်နီ့ရဲ့ရင်ဘတ်က အင်္ကျီစကို လက်ကလေးနဲ့ခပ်တင်းတင်းဆုပ်ကိုင်ငြိမ်သက်သွားမိတယ်။
အင်း.......ပြီးတော့.....ကျွန်မအိပ်ပျော်သွားခဲ့တာ.....ဟန်နီ့ရဲ့အကြင်နာတွေနဲ့ချော့သိပ်တာမို့ အိမ်မက်ဆိုးတွေထပ်မမက်တော့ဘူးပေါ့။
Avery Yint Han
(Tue,7;29PM)