Dreamland
"ကလေးငယ်......"
ကျွန်မကိုပွေ့ဖက်လာတဲ့ နူးညံ့တဲ့လက်တစ်စုံကြောင့် ကျွန်မရဲ့နှလုံးသားလေးလှပ်ခနဲဖြစ်သွားတယ်။
ကျွန်မကိုသိုင်းဖက်လာတဲ့လက်ကလေးတစ်စုံကိုပြန်လည်ထိတွေ့ကြည့်လိုက်ရင်း သူမကိုမော့ကြည့်မိတယ်။
"ဟန်နီကြီး..."
"ဗျာ.....ကိုယ့်ကလေးလေး ဘာလုပ်နေတာလဲဟင်"
"စာရေးနေတာ ဟန်နီ"
"တော်ပြီ....မရေးနဲ့တော့ ကလေးရယ်။ကိုယ့်အနားလာနေစမ်းပါဦး"
သူမက ကျွန်မရဲ့ကိုယ်လေးကိုပွေ့ယူခေါ်ဆောင်သွားလေရဲ့။ဟန်နီ ခေါ်သွားတဲ့နေရာက ကျွန်မတို့နှစ်ဦးသားရဲ့သီးသန့်ကမ္ဘာလေးကိုပေါ့။
"နေကြာတွေတောင် ပွင့်နေပြီပဲ"
"ဒါပေါ့ ကလေး"
"သူတို့က အညိုရောင်တွေ....."
"ကိုယ့်ရဲ့ချစ်ခြင်းတွေနဲ့မင်းမုန်းတဲ့အဝါရောင်ကိုဖယ်ရှားပေးထားတာ"
"ကလေး သိတာပေါ့ ဟန်နီ။ကျွန်မအတွက် ဘာမဆို ရှင်လုပ်မယ်ဆိုတာ သေချာသိတာပေါ့ကွယ်"
"ကိုယ်မင်းကိုသိပ်ချစ်တယ်ကလေး"
"ကျွန်မလည်း အတူတူချစ်ရပါတယ် ဟန်နီ"
ကျွန်မရဲ့စကားလုံးတွေမှာ ငိုသံစွက်လာတာကိုသတိထားမိသွားတယ်ထင်ပါရဲ့။ကျွန်မကိုဖက်ထားတဲ့သူ့ရဲ့လက်တွေပိုမိုတင်းကျပ်သွားခဲ့ပြီး စိုးရိမ်တကြီးစကားဆိုတယ်။
"မငိုလိုက်နဲ့နော် ကလေး။မင်းငိုတာ မကြိုက်ဘူးဆိုတာသိတယ်မလား"
ဘာစကားမှမပြောမိပဲ တိတ်ဆိတ်နေခဲ့တဲ့ကျွန်မကိုသူထပ်ပြီးခေါ်တယ်။
"ကလေး....."
ဟန်နီ့ရဲ့ခေါ်သံကိုထပ်ကြားလိုက်ရတော့ကျွန်မ သတိပြန်ဝင်လာခဲ့တယ်။
KAMU SEDANG MEMBACA
To My Girlfriend💛
Romansa(For Her🐼💛) ဒီမှာရှိနေမယ့်စာမျက်နှာလေးတွေမှာကောင်မလေးတစ်ယောက်က သူရရှိပိုင်ဆိုင်ထားတဲ့ချိုမြိန်ခြင်းလေးနဲ့ပတ်သက်ပြီး နေ့ရက်တိုင်းမှာခံစားနေရတဲ့ခံစားချက်တစ်ချို့ကိုစာသားတွေအဖြစ်ချရေးထားမှာဖြစ်ပြီးသူမရဲ့ခံစားချက်တွေကို စာမျက်နှာပေါင်းများစွာရေးသားဖို...