''ဟင်..အကို ပြန်ရောက်နေပြီလား..ဘီဘီကအကိုပြန်မရောက်လောက်သေးဘူးထင်လို့သခင်မဆီမှာအချိန်ကြာနေတာ''
''သိပ်မကြာသေးပါဘူး..ခုနက မှပြန်ရောက်တာပါဒါနဲ့သခင်မရော ကျန်းမာတယ်မလားအကိုလဲ အလုပ်တွေရှုပ်နေတာနဲ့သခင်နဲ့တွေ့ဖြစ်ပေမဲ့လဲ သခင်မကိုမတွေ့ဖြစ်ဘူး''
''သခင်မရဲ့ကျန်းမာရေးကကောင်းပါတယ် ဒါပေမဲ့ဆေးဆရာကပြောတယ်သူ့ရဲ့အတွေ့အကြုံအရ သခင်မရဲ့ကိုယ်ဝန်ကစောမွေးနိုင်ခြေရှိတယ်တဲ့''
''ဟင်..ဟုတ်လားအဲဒါဆိုရင်ရောစိုးရိမ်ရလားသခင်မကိုယ်ဝန်ကလမပြည့်သေးဘူးမလား''
''ဟုတ်တယ် ဘီဘီတို့လဲအဲ့ဒါကိုစိုးရိမ်လို့ဆေးဆရာနောက်ကိုလိုက်မေးတာ''
''အင်းဘာတဲ့လဲဆေးဆရာက''
''သခင်မကိုယ်ဝန်က ၉လပြည့်နေပြီမို့ မစိုးရိမ်ရပါဘူးတဲ့တစ်ချို့တွေဆိုရင်လဲ ဒီလိုပဲ စောမွေးတတ်ကြတယ်တဲ့''
''အင်း..ဒါဆိုရင်တော်သေးတာပေါ့ မဟုတ်ရင်သခင်က စိုးရိမ်နေတာနဲ့အလုပ် တောင်ကောင်းကောင်းလုပ်နိုင်မှာမဟုဘူး''
''မစိုးရိမ်ရဘူးဆိုပေမဲ့လဲ သခင်မကအနည်းနဲ့အများတော့အားငယ်ကြမှာပဲလေ ဘယ်ကိုယ်ဝန်သည်ဖြစ်ဖြစ်မွေးခါနီးရင်ထိတ်လန့်ကြောက်ရွံတဲ့စိတ်တော့ရှိကြတာပဲ ပြီးတော့သခင်မက သူရဲ့အမေကိုလဲလွမ်းနေတယ်ထင်တယ်..ဆေးဆရာပြန်သွားထဲဘယ်သူ့မှစကားမပြောပဲမှိန်းနေတာ''
''သခင်ကလဲအဲ့တာတွေကိုသိနေလို့သခင်မဘေးနားကနေတစ်ဖဝါးမှမခွာပဲဂရုစိုက်ပေးတာပေါ့''
''ဟုတ်တယ် သခင်က သခင်မကိုသိပ်ချစ်တာနော်''
''ဟုတ်တယ် သခင်က သခင်မကိုသိပ်ချစ်တာ အာ့လိုပဲ ကိုယ်ကလဲ ဟော့ဒီက ကိုယ့်ရဲ့ဇနီးလေးကိုချစ်ပါတယ်''
''အကို နော်ဘာတွေပြောမှန်းမသိဘူး...ဘီဘီထမင်းပွဲသွားပြင်တော့မယ်''
ချန်ပြောတာကိုရှက်ကာပါးတွေနီရဲပြီးစကားလမ်းကြောင်းလွှဲလို့ထွက်သွားတဲ့ကျောပြင်လေးကိုကြည့်ရင်း အသံထွက်တဲ့အထိရီနေမိသည်လက်ဆက်ပြီးတာပဲ၄လ ကျော်၅လနီးပါးရှိနေပြီးခုထိ ချစ်စကားပြောရင်းရှက်နေတုန်းပင်။ဘီဘီ့ကိုအိမ်ထောင်ဖက်အဖြစ်ရခဲ့တဲ့အတွက်ချန် သိပ်ကိုကံကောင်းသည်။ဘီဘီက အဖက်ဖက်ကပြည့်စုံတဲ့အပြင် ချန့်အပေါ်မှာလဲဘာလိုအပ်ချက်မှမရှိအောင်မျက်လုံးဒေါက်ထောက်လိုက်ကြည့်ပြီးဖြည့်ဆည်းပေးတတ်သည်။အိမ်နဲ့ပက်သက်တဲ့ကိစ္စအဝဝကိုလဲ လိုအက်ချက်မရှိလုပ်ကိုင်ပေးတတ်သည်။သူ့လိုလူမျိုးနဲ့ဆုံဆည်းခွင့်ပေးတဲ့နတ်ဘုရားတွေကိုချန်ကျေးဇူးတင်မိသလို သူ့ကိုမွေးဖွားပေးတဲ့မိဘနှစ်ပါးကိုလဲ ကျေးဇူး တင်မိသည်။
ဘီဘီ့ကိုစတွေထဲကစိတ်ဝင်စားခဲ့တာဖြစ်သည်။ဒါပေမဲ့လဲ မျိူးနွယ်တူကမဟုတ်လို့ဒီတိုင်းစူးစမ်းချင်ရုံသာလို့ထင်ခဲ့ပေမဲ့အချိန်ကြာလာတာနဲ့အမျှထိုအတွေးတွေဟာမမှန်ကန်ကြောင်းချန်သိလာရသည်။ဘီဘီ့ကိုတွေ့နေရရင် ချန်ရင်တွေခုန်ပြီးအမြဲစိတ်လှုပ်ရှားခဲ့ရတာဖြစ်သည်။အဲ့ဒါကြောင့်သခင်မေးလာတဲ့အချိန်မညာတမ်းဝန်ခံခဲ့ရတာဖြစ်သည်။ဘီဘီ့ရဲ့သဘောကိုမေးကြည့်မယ်ဆိုတော့ချန်စိုးရိမ်ခဲ့ရသေးသည်။ဘီဘီကရောမိမိနှစ်သက်သလိုမိမိကိုနှစ်သက်ပါ့မလားဆိုတဲ့အတွေးနဲ့ ချန် စားလိူ့တောင်မဝင်ပေ။ဒါပေမဲ့ ဘီဘီကလဲ လက်ခံတယ်လို့သခင်ကပြန်ပြောတဲ့အချိန်မှာ ချန်အပျော်ရွှင်ဆုံးဖြစ်ခဲ့ရသည်။သူလေးကလဲ ကိုယ့်အပေါ်မှာကိုယ့်လိုမျိူးခံစားချက်ရှိနေတာကိုသိရတော့အတိုင်းမသိဝမ်းသာရသည်။ချန့်တို့ရဲ့လက်ဆက်ပွဲကိုသခင်နဲ့သခင်မကအုပ်ထိန်းသူမိဘနေရာကနေစီစဉ်ပေးခဲ့တဲ့အတွက် သခင်နဲ့သခင်မကိုလဲအမြဲတမ်းကျေးဇူးတင်နေမှာပင်။ချန်ဘယ်လောက်အတွေးလွန်ပြီးအတွေးထဲမျှောနေလဲဆိုတာမီးဖိုဆောင်ကနေ ဘီဘီရဲ့ ထမင်းစားလို့ရပြီဆိုတဲ့အသံကြားမှ သတိဝင်ပြီး မီးဖိုဆောင်ထဲကိုလိုက်သွားလိုက်ရသည်။
ခါရူးအဆောင်ကိုပြန်ရောက်တော့ ခါတိုင်းနဲ့မတူတိတ်ဆိတ်ငြိမ်သက်နေသည်။အရင်ကဆိုရင် မိုရာခါရူးလုပ်ပေးထားတဲ့ထိုင်ခုံမှာထိုင်ရင်ထိုင်မထိုင်ရင်လဲစားပွဲခုံမှာထိုင်ပြီးတစ်ခုမဟုတ်တစ်ခုစားနေတတ်သည်။အခုတော့မိုရာ့ကိုခုထိမမြင်အစေခံမလေး
''မင်းတို့ သခင်မရောဘယ်မှာလဲ''
''သခင်မကအိပ်ဆောင်ထဲမှာပါသခင်''
တစ်ယောက်နှစ်ယောက်သာတွေ့ရသည်။ဒီနေ့ကဆေးဆရာလဲလာတာဆိူတော့မိုရာများတစ်ခုခုဖြစ်နေလားဆိုတဲ့အတွေးကခါရူးကိုနှိပ်စက်နေသည်။မိုရာ့နားမှာအမြဲတွေ့နေရတဲ့ကီကီ့ကိုလဲမတွေ့ပေ။အဲ့တော့အနားမှာရှိတဲ့အစေခံမလေးကိုသာမေးလိုက်သည်။
အစေခံမလေးရဲ့အဖြေမှာခါရူးမျက်မှောင်ကြုံသွားသည်။အမြဲနေ့လည်စာစားပြီးမှအိပ်တတ်တဲ့သူကအခုနေ့လည်စာတောင်မစားရသေးဘူးအိပ်နေတယ်ဆိုတော့ခါရူးရဲ့စိုးရိမ်စိတ်ကပိုလိုတောင်များလာသည်။
''ဒီနေ့ဆေးဆရာလာတယ်မလား ဘာပြောသွားလဲ''
.''ဆေးဆရာကလာပါတယ်သခင် ဒါပေမဲ့ ကျွန်မတို့ကအထဲကိုလိုက်မသွားတော့မသိရပါဘူး''
''ကျစ်...''
ခါရူးစိတ်ပျက်စွာစုတ်သတ်မိလိုက်သည်။မိုရာကသူ့အနားမှာဘီဘီနဲ့ကီကီ့ကိုသာထားတာဖြစ်သည်။ဘီဘီ လက်ဆက်ပြီးသွားထဲကကီကီကိုသာအနားမှာ ခေါ်ထားတာများသည်။အဲ့တော့ ကီကီ့ကိုခေါ်မေးမှသာအဆင်ပြေတော့မှာမိူ့ ကီကီ့ကိုခေါ်ပေးဖို့ကောင်မလေးတွေကိုခိုင်းလိုက်သည်။
''သခင်...ကျွန်တော့်ကိုခေါ်တယ်ဆိုလို့''
''ဟုတ်တယ် မနက် ဆေးဆရာကမင်းတိူ့သခင်မရဲ့ကျန်းမာရေးကိုဘာပြောသွားလဲ''
''သခင်မရဲ့ကိုယ်ဝန်ကစောမွေးနိုင်တာမို့ခုရက်ထဲဂရုစိုက်ပေးဖို့မှာခဲ့ပါတယ်''
''ဘယ်လို..မိုရာ့ကိုယ်ဝန်ကစောမွေးနိူင်တယ်ဟုတ်လား''
''ဟုတ်ပါတယ်.. သခင်''
''ဘာဖြစ်လို့လဲ.. အဲ့လိုမျိုးစောမွေးရင်အန္တရာယ်ရှိနိုင်လား မိုရာ့အတွက်''
''ဆေးဆရာကိုသေချာမေးထားပါတယ်..အဲ့လိုစောမွေးပေမဲ့လဲ သခင်မအတွက်အန္တရာယ်မရှိပါဘူးတဲ့...ဒါပေမဲ့''
''ဒါပေမဲ့ ဘာဖြစ်လဲဆက်ပြောလေ''
ခါရူးစိတ်မရှည်စွာအော်မိတော့ ကီကီအပါအဝင်အနားကကောင်မလေးတွေပါတုန်သွားကြသည်။ခါရူးကတော်ရုံဒေါသထွက်ခဲသလိုအစေခံတွေအပေါ်မှာတစ်ခါမှအခူလိုမျိုးမပြောဘူးပေ။အခုတော့မိုရာ့အတွက်စိုးရိမ်စိတ်နဲ့အော်မိလိုက်သည်။
''ဒါပေမဲ့ ခုရက်ထဲမှာသခင်မကိုပိုပြီးဂရုစိုက်စေချင်ပါတယ်တဲ့...ဒါမှ ပိုပြီးစိတ်ချနိုင်မှာလို့ပြောပါတယ်''
အဲ့လိုပြောမှပဲ ခါရူးသက်ပြင်းချနိုင်သွားသည်။မိုရာသာတစ်ခုခုဖြစ်မယ်ဆိုရင်ဆက်ခံသူမရလဲသူ့အတွက်ဘာမှမဖြစ်ပေ။အဲ့လိုပြောလို့ ဖခင်စိတ်မရှိဘူးပြောလဲသူလက်ခံမည်။သူ့အတွက်ကတော့မိုရာကလွဲရင်ကျန်တဲ့အရာမှန်သမျှက ဘာမှအရေးမကြီးပေ။ဆက်ခံသူက အခုမရလဲနောက်တော့ရမှာပင်။ဒါပေမဲ့မိုရာ့ကိုတော့အဆုံးရှူံးမခံနိုင်ပေ။
''ဒါဆို..မင်းတို့ သခင်မအခုနေ့လည်စာ စားပြီးပြီလား ''
''မပြီးသေးပါဘူးသခင်''
''ဘာ...အခုထိမစားရသေးဘူးပေါ့လေ..မင်းတိူ့ကဘာလုပ်နေတာလဲ''
''ဟို...ကျွန်တော်တိူ့လဲနေ့လည်စာစားဖို့ပြောပါတယ်ဒါပေမဲ့သခင်မ က..မစားချင်သေးဘူးပြောတာရယ်ပြီးတော့ အိပ်နေတာမို့လို့ပါ''
''ကျစ်..ဒါဆိုရင် ဆေးဆရာပြန်သွားထဲကမင်းတို့သခင်မက အိပ်ဆောင်ထဲကနေထွက်မလာတာပေါ့''
''ဟုတ်ပါတယ် သခင်...''
''အင်းကောင်းပြီ...အခုမင်းတိူ့နေ့လည်စာပြင်ထားလိုက်တော့ငါမင်းတိူ့သခင်မကိုသွားကြည့်လိုက်ဦးမယ်''
''ဟုတ်ကဲ့...သခင်''
ကီကီနဲ့တခြားအစေခံမလေးတွေအကုန်ထွက်သွားမှ ခါရူးလဲအိပ်ဆောင်ထဲကိုဝင်ခဲ့လိုက်သည်။မိုရာဘယ်လိုခံစားနေရမလဲဆိုတာခါရူးသိသည်။မိုရာက အပြင်ပန်းသာသန်မာချင်ယောင်ဆောင်ပေမဲ့ သိပ်ပြီးအားငယ်လွယ်တဲ့သူဖြစ်သည်။ကိုယ်ဝန်စရှိထဲက ခါရူးကိူ မျက်စိအောက်က အပျောက်မခံသလို ခါရူးအနားမှာပဲတွယ်ကပ်နေတတ်သည်။ကိုယ်ဝန်လရင့်လာလေစိုးရိမ်ပူပန်မှူတွေရှိပေမဲ့ခါရူးသိမှာစိူးလို့အမြဲတမ်းပြုံးပြုံးလေးနေတတ်တာလဲသိသည်။အခုလို ဆေးဆရာက ပြောသွားတဲ့အချိန်မှာ ခါရူးကိုအနားမှာဘယ်လောက်တောင်ရှိစေချင်လိမ့်မလဲ။ပြီးတော့ဘယ်လောက်များကြောက် နေလိမ့်မလဲ။ဘယ်လိုပဲအနားမှာလူတွေရှိနေပါစေ သူရဲ့ခင်ပွန်းဖြစ်တဲ့ခါရူးကိုတော့အနားမှာရှိစေချင်မှာပင်။
ဲအဲ့လိုတွေးမိတော့ခါရူးကိုယ့်ကိုကိုယ်သာဒေါသထွက်မိသည်။တကယ်တော့ခါရူးလဲဒီလောက်ကြာမယ်လိူ့မထင်မိလိူ့ထွက်သွားလိုက်တာပင်။အကြီးအကဲတွေနဲ့စုဝေးပွဲ ပြီးထဲကပြန်လာလိုက်ရင်တောင် ဆေးဆရာလာတဲ့အချိန်ကိုခါရူးမှီလောက်သည်။အခုတော့ခါရူးစိတ်ညစ်မှုကိုဖြေဖျောက်ဖိူ့ ချန့်ကို ခေါ်သွားပြီးထိုင်နေမိလိုက်တာ မှားသွားသည်။တကယ်ဆိုဘယ်လောက်ပဲစိတ်ညစ်နေပါစေမိုရာ့ဆီကိူရောက်အောင်ပြန်လာရမှာပင်အခုတော့ဘာမဟုတ်တာလေးနဲ့မိုရာ့ကိုစိတ်ထိခိုက်အောင်လုပ်မိပြန်သည်။
ခါရူးအိပ်ဆောင်ထဲကိုရောက်တော့ ကုတင်ပေါ်မှာခေါင်းအုံးကိုမှီပြီးအိပ်နေတဲ့မိုရာ့ကိုတွေ့ရသည်။ဘယ်လောက်တောင်အားငယ်နေလဲဆိုတာ ဖြူဖျော့နေတဲ့မျက်နှာလေးကိုကြည့်ပြီးသိနိုင်သည်။ခါရူးလဲအသံမပေးပဲအနားကိုတိတ်တိတ်လေးလျှောက်သွားပြီးဘေးမှာထိုင်လိုက်သည်။ထို့နောက်ဖျော့တော့နေတဲ့မျက်နှာလေးကိုဖွဖွလေးကိုင်လိုက်တော့မှိတ်နေတဲ့မျက်လုံးလေးကဖွင့်လာပြီးခါရူးဖက်ကိုလှည့်ကြည့်လာသည်။ထို့နောက် မျက်လုံး ဝိုင်းဝိုင်း လေးထဲကနေမျက်ရည်ဥလေးတွေကတလှိမ့်ချင်းလှိမ့်ဆင်းလာတာကိုမြင်တော့ခါရူးပြာယာခတ်သွားသည်။ကပျာကသိီကုတင်ပေါ်ကိုဘေးစောင်းတက်ထိုင်ပြီးမျက်ရည်လေးတွေကိုသုတ်ပေးလိုက်ပြီး
''ဘာဖြစ်လို့လဲ.. ကလေးလေးရဲ့...ဟင်''
''အင့်....သခင်..ဟင့်''
''အင်းဘာဖြစ်လို့လဲ..ကိုယ်ရှိတယ်လေ''
''သခင်က မကောင်းဘူး ရာရာ့ကိုတစ်မနက်လုံးထားခဲ့တယ်''
ပြောလဲပြောခါရူးရင်ခွင်ထဲကိုတိူးဝင်ပြီးလက်နှစ်ဖက်နဲ့အတင်းဖက်ကာတရှုံ့ရှုံ့ငိုလေသည်။မိုရာရဒ့မျက်ရည်တွေကိုမြင်ရတာ ခါရူးရင်ထဲမှာစူးအောင့်လာသည်။မိုရာ့ရဲ့မျက်ရည်ကခါရူးကိူနာကျင်စေသည်။
''မဟုတ်ပါဘူး...ကလေးလေးရဲ့ ကိုယ်ကအလုပ်ကိစ္စရှိလို့ပါ ကလေးလေးကိုပစ်ထားတာမဟုတ်ပါဘူး''
ခါရူးလဲ ရှိုက်ငိူနေသူရဲ့ကျောပြင်လေးကိူအထက်အောက်ဖွဖွလေးပွတ်သပ်ပေးရင်းချော့နေမိသည်။
''အင့် ဆေးဆရာက ဟင့် ပြောတယ်..''
.''အင်း ဆေးဆရာကဘာပြောတာလဲ''
''ကလေးလေးကစောမွေးမယ်တဲ့..အင့် မိုရာကြောက်တယ်''
''ကိုယ်ရှိတယ်လေ ကလေးလေးရဲ့ မကြောက်ရဘူးနော် မိုရာလေးမွေးရင်ကိုယ်ကအနားမှာရှိနေမှာပြီးတော့ဆေးဆရာကလဲပြောတယ်ဘာမှမစိုးရိမ်ရဘူးတဲ့အဲ့ဒါကြောင့်မကြောက်နဲ့နော်''
''ဒါပေမဲ့ မီးနေသည်အဆောင်ကို သခင်ကဝင်ခွင့်ရှိလို့လားဟင်...သခင်ဘုန်းနိမ့်မှာပေါ့''
သူ့ဘာသာကြောက်ပြီးငိုနေတဲ့သူက ခါရူးဘုန်းနိမ့်မှာကိုပြန်ပြီးစိုးရိမ်နေသေးတာမို့ခါရူးလဲ ပါးပြင်နုနုလေးကိုဖွဖွလေးနမ်းရင်းနဲ့
''ဘာမှမဖြစ်ဘူး...ကိုယ့်ရဲ့ချစ်ရသူက ကိုယ့်အတွက်အသက်အန္တာရယ်ကိုတောင်မမူပဲ ကလေးလေးကိူမွေးပေးမှာလေ အဲ့တာကိုကိုယ်ကဘုန်းနိမ့်မှာတစ်ခုထဲနဲ့ မိုရာ့ကိုတစ်ယောက်ထဲမီးဖွားခြင်းဝေဒနါကိုမခံစားစေချင်ပါဘူး''
''ချစ်တယ်... သခင်''
''အင်း...ကိုယ်ကပိုချစ်တယ်ဆိုတာသိထားပေး''
ခါရူးလဲဝမ်းနည်းနေသူလေးကိုထွေးပွေ့ထားရင်းနဲ့ပဲ ပြောစရာရှိတဲ့ကိစ္စကိုနောက်နေ့မှသာပြောဖို့ဆုံးဖြတ်လိုက်သည်။
.....................................................
Yoon
အစတုန်းကတော့ မနက်တစ်ပိုင်းညတစ်ပိုင်းတင်ပေးမယ်ဆိုပြီး မနေ့ကညထဲကစာလုံးရေးတစ်ထောင်ကျော်ရေးထားတာပါ မနက်ကျတစ်ဝက်ထပ်ရေးပြီးတစ်ပိုင်းတင်မယ်ပေါ့ညကျတစ်ပိူင်းပေါ့ မိုးလဲလင်းရောရေးထားတဲ့တစ်ထောင်ကျော်ကဘယ်ရောက်သွားမှန်းမသိ ၄၄လုံးပဲကျန်တော့တယ်။အာ့ကြောင့်အသစ်ကပြန်ရေးပြီးခူမှတင်ပေးလိုက်ပါတယ်ရှင့်။