7 years later
''eden.....ဘယ်မှာပုန်းနေတာလဲသား....ကျောင်းသွားရမယ်လေ''
စွဲတစ်ယောက်....အိမ်ထဲပုန်းနေသောသားကိုရှာပုံတော်ဖွင့်ရသည်......ဘယ်သူနဲ့တူလို့တူမှန်းကိုမသိရအောင်သားကအတော်လေးဂျီကျတတ်ပါသည်
ကျိန်းသေပေါက်ကတော့သူ့မာမီလိုတရနဲ့တူတာဘဲပေါ့........မျက်ဝန်းနက်နက်လေးတွေ...မထူမပါးနှုတ်ခမ်းလေးနဲ့ဖြောင့်တန်းနေတဲ့နှာတံလေးတွေကသူ့မာမီနဲ့တစ်ပုံစံထဲတူနေလေသည်.......
''ဝါး......မေမေ့''
''ဟော.......ဘာလို့ခုံအောက်ထဲဝင်ပုန်းနေရတာလဲ...''
စွဲ..သားအင်္ကျီမှာကပ်နေတဲ့ဖုန်တွေကိုခါပေးရင်း
''ဒီမှာကြည့်အုံး...အကုန်လုံးပေကုန်ပြီ....မေမေ့သားကတအားဆော့တာဘဲ....လာလာ...ဒါနဲ့ဘဲကျောင်းနောက်ကျတော့မယ်''
သားကိုကျောပိုးအိတ်လေးလွယ်ပေးရင်းစွဲကတော့အိတ်ကိုတဖက်လွယ်ကာတဖက်ကထမင်းချိုင့်ခြင်းကိုကိုင်၍အိမ်ကထွက်လာခဲ့သည်..
သားတို့ကျောင်းနဲ့စွဲတို့ဆိုင်ကနီးနီးလေးဘဲမို့သာတော်တော့သည်...
မဟုတ်ရင်ကိုယ်တော်ချောလေးမွှေပုံနဲ့စွဲနေ့တိုင်းအလုပ်နောက်ကျရချည်သေးရဲ့...
''ကျောင်းမှာတအားမဆော့ရဘူးနော်သား...ဟုတ်ပြီလား ''
''ဟုတ်မေမေ''
စွဲ..သားရဲ့ပါးဖောင်းဖောင်းလေးကိုနမ်းလိုက်ပြီး
''ကဲ..မေမေသွားပြီနော်သား''
''ဟုတ်.....တာ့တာ မေမေ''
သားကိုကျောင်းပို့ပြီးနောက်စွဲမှာဆိုင်ဆီသို့အလျင်
အမြန်သုတ်ချေတင်ရသည်...
ထောင်ကလွတ်လာချင်းမှာစွဲတွက်အလုပ်ရှာရခက်ခဲ့
ပေမဲ့ဖေဖေ့မိတ်ဆွေအန်ကယ်ထွန်းကကူညီပေးတာကဒီအလုပ်လေးကိုစွဲရခဲ့တာပါ....
''တော်သေးတယ် စွဲရေ.......မမချောမရောက်သေးဘူး''
ရုံးထဲကတိုက်ကရိုက်ဝင်လာသောစွဲကို မရွှေဝင်းကလှမ်းပြောမှဘဲရင်ထဲကအလုံးကြီးကျတော့သည်
စွဲတို့ဆိုင်တာဝန်ခံမန်နေဂျာကစွဲကိုဆိုနှိပ်ကွပ်တတ်တာမို့အမြဲသတိထားနေရသည်..
''စွဲတော့အဟောက်ခံရပြီထင်ထားတာ''
''အဟောက်မခံရအောင်စာရင်းတွေပြီးအောင်မြန်မြန်လုပ်လိုက်ကြရအောင်''
အစပိုင်းတွင်ဒီပတ်ဝန်းကျင်မှာနေသားကျဖို့စွဲတွက်ခက်ခဲခဲ့ပေမဲ့...သားလေးအတွက်လို့သာတွေးပြီးကြိုးစားနေရင်းနဲ့နောက်ဆုံးမှာတော့စွဲဟာဒီဘဝလေးနဲ့နေသားကျလာခဲ့ပါပြီ....
.............................................................................
''အလုပ်ကိုဘယ်လိုလုပ်နေကြတာလဲ.... အသုံးကိုမကျဘူး''
ပစ်လွင့်လိုက်သောစာရင်းစာချုပ်တွေကရှေ့တည့်
တည့်ကဝန်ထမ်းတွေဆီမှန်ကုန်လေသည်....
''အလုပ်ကိုလူနဲ့တူအောင်မလုပ်ရင်အားလုံးထွက်စာတင်ပြီးလစ်ကြတော့''
အရင်ကနဲ့မတူဘဲထစ်ခနဲဆိုဒေါသထွက်ကာသောင်းကျန်းတတ်လာသောမမလေးရဲ့ပုံစံကိုကြည့်ကာမိုဘီသနားမိလာသည်...
ကုမ္ပဏီမှာဘီလူးတစ်ကောင်လိုသောင်းကျန်းတဲ့မမလေးကအိမ်ပြန်ရောက်ရင်အရှုံးသမားတစ်ယောက်လိုပြိုလဲနေရတာကိုသူကလွဲလို့ဘယ်သူမှသိမှာမဟုတ်ပေ...
''ဒေါ်စွဲမက်မောခင် အကြောင်းဘာကြားလဲမိုဘီ''
မင်းသိုက်ကမိုဘီနားကပ်ကာခပ်တိုးတိုးမေး၏
သူတို့အခုလိုရှာဖွေနေတာလိုတရကိုအသိမပေးထားပေ........
''ထောင်ကလွတ်သွားပြီလို့ကြားပါတယ်သခင်လေး...ဒါမဲ့ဘယ်မှာနေနေလဲဆိုတာတော့မသိပါဘူး''
''ဆက်စုံစမ်းထားလိုက်ကွာ''
''သခင်လေးကဘာတွက်စုံစမ်းခိုင်းတာပါလဲ''
''မင်းမမလေးတွက်ပေါ့......အဲ့ဒီတတဆိုတဲ့ဟာကသေလောက်အောင်လွမ်းလဲဟန်ဆောင်ပြီးမလွမ်းဘူးလုပ်နေတာလေ.......''
''မမလေးကသူ့ကိုတအားမုန်းနေတာလေ''
''လိုတရလားမုန်းနိုင်မှာ....ဝေးပါသေးရဲ့ကွာ...''
ထိုအခိုက်မမလေးကရုံးခန်းထဲကထွက်လာသဖြင့်သူတို့စကားဖြတ်လိုက်ရသည်
''မိုဘီ.....ဆိပ်ကမ်းကဂိုဒေါင်ကိုသွားမယ်''
''ဟုတ်ကဲ့မမလေး''
'နေအုံး......ဒီကစာရင်းတွေကိစ္စလည်းရှိသေးတော့မင်းနေခဲ့လိုက်...ငါ့ဘာသာဘဲကားမောင်းသွားလိုက်မယ်''
''ဖြစ်ပါ့မလားမမလေး''
''၁၆နှစ်ထဲကကားမောင်းလာတာပါကွာ...ပေးကားသော့''
''ဒီမှာပါမမလေး''
လိုတရကမင်းသိုက်ကဘက်လှည့်ကာ
''မင်းသိုက်..စပိန်ကစက်ရုံရဲ့အရှုံးအမြတ်စာရင်းညနေငါလိုချင်တယ်.....''
''ok...ငါလုပ်ထားပေးမယ်''
''ဟုတ်ပြီ ဒါဆိုသွားမယ် ''
လိုတရ..ကားကိုကိုယ်တိုင်မောင်းကာဆိပ်ကမ်းဘက်ထွက်လာခဲ့လိုက်သည်.......
မှတ်မှတ်ရရအဖွားဆုံးပြီးထဲကလိုတရကားမမောင်းဖြစ်တော့တာဆိုတော့အတော်ကြာခဲ့ပြီဘဲ.....
.. ''တီတီ''
ရုတ်တရက်အကွေ့ကထွက်လာတဲ့ကုန်ကားကြောင့်လိုတရကားကိုလမ်းဘေးဘက်ဆွဲချရင်းလမ်းဖြတ်ကူးလာသောကလေးကိုဝင်တိုက်မိသွားတော့သည်
'တိုက်သွားပြီဟ....''
လမ်းမပေါ်လူတွေအုံလာသောအခါလိုတရကားပေါ်ကဆင်းကာလဲကျနေသောကလေးရဲ့အခြေနေကို
ကြည့်ရတော့သည်
''သား.....''
လူအုပ်ကြားထဲကတိုးထွက်လာသောအမျ်ုးသမီးကကလေးကိုကောက်ပွေ့ကာငို၏..
''ဆေးရုံပို့မှဖြစ်မယ်...ကျွန်မသားလေး.......''
သားဇောကပ်ကာပြောနေသောကလေးမိခင်ရဲ့မျက်နှာကိုမြင်လိုက်ရချိန်လိုတရရင်ထဲဗြောင်းဆန်သွားလေသည်.
''ခင်ဗျား.........''
စွဲလည်းသားကိုပွေ့ထားရင်းမျက်နှာချင်းဆိုင်မှာရှိနေသူကြောင့်လန့်သွားမိသည်....
သို့သော်လည်းသားကအရေးအကြီးဆုံးမို့
''ဆေးရုံကားခေါ်ပေးကြပါ...''
''ကျွန်မကားနဲ့တိုက်မိတာဆိုတော့ကျွန်မဘဲတာဝန်ယူပါ့မယ်......ကားပေါ်တက်ခဲ့ပါ''
ထားပစ်ခဲ့ချင်သော်လည်းကိုယ်ကဝင်တိုက်ခဲ့တာကြောင့်ထားပစ်ဖို့ကမသင့်တော်လှပေ..
.............................................................................
At the hospital
''ဆရာ..ကျွန်မသားလေးအခြေနေ''
ခွဲစိပ်ခန်းထဲကထွက်လာသောဆရာဝန်ကြီးကိုမြင်တာနဲ့စွဲမေးလိုက်မိသည်
''စိုးရိမ်ရမဲ့အခြေနေတော့မရှိတော့ပါဘူး...ဒါပေမဲ့...ညာဘက်ခြေထောက်အရိုးနည်းနည်းအက်သွားပြီး.....ခေါင်းမှာနည်းနည်းချုပ်လိုက်ရပါတယ်.......ခဏနေသတိရလာတော့မှာပါ''
''ဟုတ်ကဲ့..ကျေးဇူးတင်ပါတယ် ဆရာ''
ဆရာဝန်ကြီးရဲ့စကားကိုကြားလိုက်မှဘဲစွဲရင်ထဲကအပူတွေငြိမ်းတော့သည်......
တစ်ယောက်ဘဲရှိတဲ့စွဲရဲ့သားလေးသာတစ်ခုခုဖြစ်ရင်စွဲရူးသွားနိုင်သည်....
''ဆေးရုံစရိတ်တွေအကုန်လုံးကျွန်မရှင်းသွားပေးမယ်''
လိုတရပြောတဲ့စကားကိုမကြားချင်ယောင်ဆောင်နေတဲ့ထိုမိန်းမကိုနေရာမှာတင်ဆွဲလုပ်ပစ်ချင်မိသည်
''ဒီမှာ...''
''ဘာလို့အော်ကြီးဟစ်ကျယ်လာလုပ်နေတာလဲ''
''ခင်ဗျားကဘာလို့ပြောတာကိုနားမထောင်တာလဲ''
''မင်းပြောတာနားထောင်ရအောင်ငါနဲ့မင်းကဘာများသက်ဆိုင်နေလို့လဲ''
''တောက်....''
ထိုအခိုက်မှာဘဲသူနာပြုဆရာမလေးကသားသတိရလာပြီဖြစ်ကြောင်းနဲ့လူနာခန်းကိုရွေ့တော့မဲ့အကြောင်းလာပြောတာမို့စွဲတို့ရန်ပွဲကိုခဏရပ်လိုက်ရသည်.....
''မေမေ့''
စွဲကိုမြင်တာနဲ့ခုတင်ပေါ်ကသားကလှမ်းခေါ်၏...
''ဘယ်လိုနေသေးလဲသား.....ခြေထောက်နာနေသေးလား...ခေါင်းကရော..နာလားသား''
''မေမေအုံဖွ''
''အုံဖွလုပ်ပေးရမှာပေါ့.....အုံဖွ...အုံဖွ...အုံဖွမေမေ့သားလေးမြန်မြန်ဒဏ်ရာပျောက်နော်''
လိုတရကသူ့အမေကိုကပ်ချွဲနေသောကလေးရဲ့ပုံစံကိုအခန်းဝကနေအတန်ကြာအောင်ငေးနေမိခဲ့တယ်...
''သတိရလာပြီလားကွ''
အခန်းထဲဝင်လာသောဆရာဝန်ကြီးကသားကိုမေးလျှင်သားကပြုံးကာခေါင်းညိမ့်ပြ၏..
သားကဘယ်ချိန်ဘဲဖြစ်ဖြစ်မျက်နှာချိုတဲ့ကလေးမို့မြင်တဲ့သူတိုင်းချစ်ရ၏..
''သားသားနာမည်ဘယ်လိုခေါ်လဲ..ဉီးဉီးကိုပြောပြပါအုံး''
''eden''
ကြားလိုက်ရတဲ့စကားသံကြောင့်လိုတရမျက်မှောင်ကြုတ်လိုက်မိသည်.......
ဒီနေရာမှာသူထပ်နေလိုစိတ်လည်းမရှိတော့ချေ....
ခပ်သွက်သွက်ခြေလှမ်းများဖြင့်သာလှည့်ထွက်လာခဲ့တော့သည်...ထွက်လာရင်းလက်ထဲကဖုန်းကိုထုတ်ကာမိုဘီဆီဆက်ပြီး
''ငါ့ကိုတစ်ခုစုံစမ်းပေးမိုဘီ''
''ဘာများပါလဲမမလေး''
''ဒေါ်စွဲမက်မောခင်ရဲ့ကလေးကဘယ်သူ့ကလေးလဲဆိုတာ''
''ဗျာ..''
Sweetcandy