လက်ရှိကာလ......
''ဒါဆို...အဲ့ကလေးက... ငါ့ကလေးပေါ့''
''ဟုတ်ပါတယ်မမလေး......ဒေါ်စွဲမက်မောခင်ကထောင်ထဲမှာဘဲကလေးမွေးခဲ့တာပါ....ပြီးတော့...ထောင်ထဲမှာစံပြအနေနဲ့နေခဲ့လို့လွတ်ငြိမ်းချမ်းသာခွင့်ကို၂နှစ်စောပြီးရခဲ့ပါတယ်''
လိုတရမှာမိုဘီပြောသောစကားများကိုနားထောင်ပြီးနောက်ဘာဆက်လုပ်ရမှန်းမသိရအောင်ခေါင်းရှုပ်သွားရသည်..
''ငါဘာဆက်လုပ်ရမလဲမင်းသိုက်''
''မင်းကိုငါမပြောခဲ့ဘူးလားတတ.....နောက်ဆက်တွဲအကျိုးဆက်တွေကိုထည့်စဉ်းစားပြီးမှလုပ်ပါလို့''
''ဟုတ်တယ်.... နင်ပြောတာမှန်တယ်...ငါဘာကိုမှမစဉ်းစားဘဲထင်ရာလုပ်ခဲ့မိတယ်.....ဒါမဲ့အဖွားကိုအဆိပ်ခတ်ခဲ့တဲ့အဲ့မိန်းမရဲ့လုပ်ရပ်ကိုငါဘယ်လိုမှခွင့်လွှတ်ပေးနိုင်မှာမဟုတ်ဘူး........''
''အဲ့တွက်သူလည်းထောင်ထဲမှာအပြစ်တွေခံခဲ့ပြီးပါပြီကွာ...''
''ဒါပေမဲ့သူအသက်ရှင်ခွင့်ရနေသေးတယ်လေ......အဲ့မိန်းမအသက်ရှင်နေသရွေ့ငါအဖွားတွက်လက်စားချေပေးရအုံးမှာဘဲ'
''အနည်းဆုံးတော့ မင်းတို့ကြားမှာကလေးရှိနေသေးတယ်လေကွာ....ကလေးမျက်နှာတော့ထောက်မှပေါ့.....''
လိုတရကမင်းသိုက်ရဲ့စကားကိုကြားပြီးနောက်မဲ့ပြုံးတစ်ချက်ပြုံးကာ
''သားကငါ့သား....သားမျက်နှာနဲ့အဲ့မိန်းမကိုခွင့်လွှတ်ပေးဖို့အစီစဉ်မရှိဘူး''
မမျှော်လင့်ထားသောအကောင်ငယ်လေးဟာ..လူ့လောကကြီးထဲရောက်လာခဲ့တယ်တဲ့လား....
''edenတဲ့.....တကယ်ကြီးငါ့နာမည်ကိုပေးပစ်တာဘဲ.....အေးလေ...ငါ့သားဘဲဟာ...ငါ့နာမည်ပေးရမှာပေါ့.....မိုဘီ''
''ပြောပါမမလေး''
''ငါနဲ့ကစားစရာနဲနဲသွားဝယ်ရအောင်ကွာ......''
''ဟုတ်ကဲ့မမလေး''
''ငါ့သားဆိုတော့ငါနဲ့အကြိုက်တူချင်တူမှာ.....''
တစ်ဆက်တည်းမှာပင်...ထိုကလေးရဲ့မျက်လုံးလေးတွေကိုမြင်ယောင်မိကာ..
![](https://img.wattpad.com/cover/359679620-288-k332022.jpg)
आप पढ़ रहे हैं
မာနတို့သည်နှလုံးသားကိုအရှုံးပေးရ၏
बेतरतीब''မာနကြီးတာလား.....အဲ့မာနတွေကိုတစ်စစီရိုက်ချိုးပြမယ်..အန်တီစောင့်နေလိုက်....'' လိုတရ ''မင်းကငါ့မာနကိုဘဲမြင်ပြီးငါ့နှလုံးသားကိုဘယ်သောအခါကမှမြင်အောင်မကြည့်ခဲ့တာမင်းမှားတာဘဲ..'' ဒေါ်စွဲမက်မောခင် ချစ်ခြင်းမေတ္တာနဲ့တွေ့လိုက်ရင်မိုးထိအောင်မြင့်ပါတယ်ဆိုတဲ့...