ကမ္ဘာနှစ်ဖက်ခြမ်းမှ အတာသကြန်ေ...

By Yay_Satt_Hlwar

17 1 0

သကြန် အတွက် oneshot လေး အမှတ်တရအဖြစ် More

Unicode

Zawgyi

9 0 0
By Yay_Satt_Hlwar


      နွေခေါင်ခေါင်ဖြစ်လင့်ကစား အချိန်အခါမဟုတ်သော မိုးသည် သည်းထန်စွာရွာချနေလေ၏။ ဤရွာသောမိုးသည် အေးမြစေချင်၍လား သို့မဟုတ် ပို၍ပူလောင်စေချင်သည်လားမသိ။ ပူလောင်နေသောစိတ်တို့အား အေးချမ်းစေချင်၍ရွာသွန်းပေးသည်ဆိုလျှင်ငြား အနှစ်နှစ်အလလပူလောင်နေခဲ့သော လူတစ်ချို့၏စိတ်အားအေးမြမှုကိုပေးနိုင်မည်မထင်။မပေးနိုင်ပါ။
       
          သုံးနှစ် .... သုံးနှစ်ဟူသော အချိန်ပင်ကျော်လွန်လာခဲ့ပြီ။ လူတစ်ချို့သည် ယခုချိန်ထိသွေးပူလျက်၊ တော်လှန်လျက်၊အသည်းတွင် တစ်စိမ့်စိမ့်နာကျည်းလျက်၊ ယူကြုံးမရလျက်ရှိနေသေးသည်။ သွေးများရဲရဲနီနေသေးသည်၊စိတ်ဓာတ်တို့တက်ကြွနေသေးသည် ။ တိုက်ခိုက်တော်လှန်ရန်သတ္တိကြွလျက်ပင်။တစ်နေ့မှတစ်ရက်၊တစ်ရက်မှတစ်ပက်၊တစ်ပက်မှတစ်လ၊တစ်လမှတစ်နှစ်၊တစ်နှစ်မှနှစ်နှစ်၊ယခုနှစ်နှစ်မှသုံးနှစ်သို့ကူးပြောင်းခဲ့ချေပြီလေ။ တစ်ရက်မှမပင်ပန်းခဲ့ကြ၊ပင်ပန်းသည်ဟုမငြီးငြူခဲ့ကြ၊ တစ်ရက်ကလေးမှသွေးအေးသွားသည့်နေ့မရှိခဲ့ပါ။

       တချို့သောလူများသည် အတိတ်တို့အားမေ့ကာ ပျော်ရွှင်လျက်၊ပျော်ပွဲရွှင်ပွဲများအား အားမနာတမ်းဆင်နွှဲလျက်၊သုံးနှစ်ဟူသောအချိန်အားကျော်လွန်ပြီးနောက်သွေးအေးကြကုန်၏။ကောက်ရိုးမီးပမာ ခဏတာတက်ကြွသည်။ ခဏတာတော်လှန်ခဲ့ကြသည်။ ခဏတာနာကျည်းပြသည် ။သတ္တိတို့နည်းကုန်သည်။ကြွေးကြော်ခဲ့သော စကားသံတို့သည်ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်၏။နာကျည်းမှုတို့သည်လျော့ကုန်၏။
    
     တော်လှန်ရေးတွင် ကျဆုံးခဲ့သော ရဲဘော်များ၊ ပြည်သူများ၊ ကလေးငယ်များ၏ပေးဆပ်မှုတို့အားမေ့ကြကုန်၏။ အသက်သွေးကြွေးများသည်သူတို့နှင့်မဆိုင်သကဲ့သို့နေနိုင်ရက်ကြသည်။ လမ်းမပေါ်တွင်စီးကျခဲ့သော သွေးတို့သည်မခြောက်နိုင်။
သွေးဟူ၍ပေကျန်နေသည့်အစွန်းများ မရှိတော့သော်ငြားလည်း သွေးများကျခဲ့ဖူးသည်အား မမေ့နိုင်။ ကြွေလွင့်ခဲ့ရသော ကြယ်ပွင့်များသည် အနာဂတ်တွင် တောက်ပနိုင်မည့်အခွင့်ရေးများမရကြတော့။လင်းလက်ခွင့်ရမည့် အနာဂတ်အားအပြီးတိုင်စွန့်လွှတ်ခဲ့ရပြီ။ အချိန်မတန်ခင် ကြွေခဲ့ရသောနိုင်ငံ၏ ငွေကြယ်ပွင့်များအတွက် ဝမ်းနည်းမဆုံး၊ နှမြောလို့မဆုံး။
     
          မိမိနှင့် အသက်တူရွယ်တူကြယ်ပွင့်များ တော်လှန်ရေးတွင်ကျဆုံးခဲ့ကြချိန်တွင် မိမိသည် နှမြောတဿ ကြေကွဲလို့မဆုံးနိုင်။ မိဘများကိုယ်စားနှလုံးကွဲကြေရ၏။ မိဘများသည် သူတို့၏ ရင်သွေး ဆုံးရှုံးရခြင်းအပေါ် ဂုဏ်ယူခဲ့ကြသည်။ ထို့နောက် အကြမ်းဖက်သူတို့အား နာကျည်းခဲ့သည်။ မုန်းတီးခဲ့သည်။ ထိုကဲ့သို့သော အဖြစ်အပျက်များသည် မိမိရင်တွင်း၌ မနေ့တနေ့က ဖြစ်ရပ်များကဲ့သို့ပင် ထင်ဟပ်နေသေးသည်။

    အတိတ်တို့အား မေ့လျက် ပျော်နိုင်ကြသော သူတို့အား အရှက်မရှိဟု မိမိထင်သည်။ မိမိကိုယ်တိုင်လည်း အေးဆေးစွာ နေထိုင်ခြင်းအပေါ် လိပ်ပြာမလုံလှ။ လူတချို့ ခက်ခဲနေချိန် မိမိမှာ အဆင်ပြေပြေနေနိုင်သည်။ သူတို့ဆာလောင်နေစဉ် မိမိသည် ဗိုက်ပြည့်နိုင်သည်။ သူတို့ ချမ်းနေချိန်တွင် မိမိသည် နွေးထွေးစွာ နေနိုင်သည်။ သူတို့ ပြေးလွှားနေစဉ် မိမိမှာ အေးချမ်းစွာ အိပ်စက်ခွင့်ရသည်။ သူတို့အိမ်နှင့် ဝေးကွာနေချိန် မိမိသည် အိမ်၌ မိသားစုနှင့်အတူ နေရ၏။ သူတို့တွေလည်း မိသားစုများအား လွမ်းနေရှာလိမ့်မည်။ မိမိကဲ့သို့ အိမ်၌ မိသားစုနှင့်အတူ နေချင်မှာသေချာသည်။

သို့သော် သူတို့သည် အများပြည်သူအတွက် အသက်၊ သွေး ၊ ချွေး ၊ မိသားစုနှင့် ချစ်ခင်ရသူတို့အား စွန့်လွှတ်ထားရသည်။ နားကျင်နေ၍လည်းငြီးငြူ၍မရ။ ပင်ပန်း၍လည်း နားရန်မဖြစ်။ တာဝန်ဝတ္တရားတို့ ရှိနေသေးတယ်။ နေမကောင်း၍လည်း ဆေးခန်းပြ၍မရ။ အိမ်မ မည်သော တဲအိမ်အစုတ်တွင်သာ နေရသည်။ ထမင်းမမည်သော အစားအစာကိုသာ စားရသည်။ မိုးမလုံသော အမိုးအောက်တွင် ဖြစ်သလိုနေရသည်။ ဤသည်မှာ သူတို့၏ ပေးဆပ်ခြင်း တစ်ပိုင်းတစ်စသာ ရှိဦးမည်။

    သူတို့သည် မိမိတို့တိုင်းပြည်အတွက် မည်မျှ ပေးဆပ်ခဲ့ရပြီးပြီလဲ။ သူတို့၏ ပေးဆပ်မှုများအား လူသားဘယ်နှစ်ယောက အသိမှတ်ပြုသနည်း။ အားတက်သရော ကူညီပေးသူ မည်မျှ ရှိသနည်း။

    အများစုသော လူတို့သည် အပေါ်ယံသာ နာကျည်းပြသည်။ ကူညီပြသည်။ သို့သော် အတွင်းစိတ်၌မူ လှိုက်လဲစွာခံစားရ၍မဟုတ်။ ကိုယ်ချင်းစာ၍မဟုတ်။ အများလုပ်၍လိုက်လုပ်ခြင်းသာ။ မိမိကိုယ်နှင့် မိသားစုအား မထိသရွေ့ မသိသလိုသာ နေကြမည့်လူများပင်။

   ကမ္ဘာသည် နှစ်ခြမ်းရှိသည်လော့ သို့မဟုတ် နိုင်ငံသည် နှစ်ခြမ်းရှိသည်လော့။ တစ်ဖက်တွင် ပျော်ပွဲရွှင်ပွဲများ ဆင်နွှဲကာ ပျော်နေကြသည့် လူများစုဝေးနေထိုင်သည်။ အခြားတစ်ဖက်တွင်တော့ သေကြ ၊ ကြေကြ၊ ငိုကြ ၊ ယိုကြ၊ ပြေးကြ ၊ လွှားကြဖြင့်ပင်။ ပျော်ပွဲရွှင်ပွဲများ ဟူသည် ဝေးစွ။

    လူတချို့သည် ကောင်းကင်မှ အချိန်မရွေးကျရောက်လာနိုင်သည့် လက်နက်ကြီးများအား ရင်တမမနှင့်ကြောက်ရွံ့စွာ စောင့်နေကြသည်။ တချို့မှာ အိမ်ခြေရာမဲ့ကုန်သဖြင့် ရောက်တက်ရာရာပြေးလွှားနေကြရသည်။ နေ့ညမရွေး ထွက်ပေါ်လာနိုင်သည့် ကျည်ဆံများအား ကြောက်ရွံ့ကာ ကျီးလန့်စာ စားနေရသည့် လူများလည်းရှိတယ်။ ဤသည်မှာ မိမိနိုင်ငံအတွင်းမှာပင် ဖြစ်ပျက်နေကြောင်း လျစ်လျူရှုထားကာ မသိချင်ယောင်ဆောင်ရက်နိုင်ကြသည်။

လူ့အသက်ဟူသည်ကား တန်ဖိုးကြီးသည်။ ရခဲလှသော ဘဝများထဲတွင် လူ့ဘဝသည် တစ်ခုအပါအဝင်ပင်ဖြစ်သည်။ လူသားများသည် လူအချင်းချင်းအသက်အား သတ်ဖြတ်ရန်ပင်ဝေးစွ။ ကြက် ဝက် များ တိရစ္ဆာန် များကိုပင် သတ်ရန် ဝန်လေးကြသူများမှာ လောကတွင် ဒုနှင့်ဒေးပင်။ သို့သော် ထိုလူတစ်ချို့သည် လူသားမဆန်စွာ လူ့အသက်အား ခြင် ၊ ယင် သတ်သကဲ့သို့ အလွယ်တကူပင် သတ်ရက်ကြသည်။ မိသားစုများ ပြိုကွဲသွားအောင် မညှာမတာလုပ်ရက်နိုင်ကြသည်။ ကိုယ်ချင်းမစာစွာ အိုးအိမ်တို့အား ဖျက်စီးကာ အိမ်ခြေရာမဲ့ကုန်စေသည်။

     ကလေး သူငယ် ၊ လူကြီးမိဘ ၊ ကျား၊ မ  မရွေး ၊ ယောကျာ်း မိန်းမ မခွဲခြားဘဲ အနိုင်ကျင့်သတ်ဖြတ်ကြသည်။ ဤသည်ကိုပင် မှန်သည်ဟုသတ်မှတ်ကြသည်။ သူတစ်ပါးဘဝပျက်သွားခြင်းအား ကြည့်ကာ ပျော်ရွှင်ကြသည်။ ပြည်သူလူထု၏ အိုးအိမ်အား ဖျက်စီးကြကာ ပြည်သူလူထုအားကာကွယ်မည်ဟု အရှက်မရှိ ဆိုဝံ့ကြသည်။ သူတို့ကိုယ်သူတို့ အမှန်တရားလုပ်နေသည်ဟု ထင်နေကြသေးသည်။ အားပေးထောက်ခံသူများအား အံ့သြ၍မဆုံး။ ထိုသူများသည် အသိဉာဏ်ကင်းမဲ့နေသည်လား သို့မဟုတ် ဦးနှောက်တွင် ပြသနာဖြစ်နေသည်ဟုပင် ကောက်ချက်ချမိသည်။
   
       မြန်မာရိုးရာ နှစ်သစ်ကူး သကြင်္န်တွင် ပျော်ချင်ကြသည်မှာ အမှားဟုမဆိုဝံ့။ သို့သော် အခြေနေနှင့် အချိန်အခါအား ကြည်တက်ရမည်လေ။ မြန်မာပြည်သည် အေးချမ်းနေသည်မဟုတ်။ နိုင်ငံသည် ကျန်းမာနေသည်မဟုတ်။ အသိဉာဏ်နည်းသော လူတချို့သည်သာ ပျော်ကြမည် ၊ ရွှင်ကြမည် ။ ကကြမည်။ သောက်ကြ၊ စားကြ၊ မူးကြ ၊ ရူးကြမည်။ ပါဝင်ဆင်နွှဲကြမည်။ လွတ်လပ်စွာ ပင် ပျော်နိုင် ရွှင်နိုင် ဆော့နိုင်ကြမည်။ ဤသည်မှာ အသိဉာဏ်နည်းသူတို့၏ လုပ်ရပ်နှင့်အတွေးများပင်။

        ပေးဆပ်နေသူများ အဖို့တော့ သကြင်္န်ဟူသည် ပျော်စရာမဟုတ်။ နာကျင်စရာ သကြင်္န် ၊ တော်လှန် သကြင်္န်ပင်။ မိမိသည် သကြင်္န်တွင် ပျော်ရွှင်စွာ ရေကစားရန်အတွက် တကိုယ်ကောင်းမဆန်နိုင်။ လိပ်ပြာလည်းမလုံနိုင်။ မိမိသည် လုပ်အားဖြင့်မပေးဆပ်နိုင် ၊ မကူညီနိုင်သော်လည်း တက်နိုင်သည့်ဝန်အားထမ်းကာ ကူညီချင်သည်။

      မိမိနိုင်ငံတွင် မပြည့်သောအိုးများ သို့မဟုတ် မအောင်သော စပါးနှံများ ပေါများနေသည်။ ထိုသူများသည် သူတို့ကိုယ်သူတို့ မအောင်သောစပါးနှံများ ဖြစ်နေရခြင်းအား ဂုဏ်ယူစွာ ဖော်ပြနေကြသည်။ ရှက်ရမှန်းမသိ ၊ မရှက်တက်ကြ။ ထို့အပြင် ပျော်နေကြသေးသည်။  

     ထိုလူတချို့အား မိမိအံ့သြမိသည်။ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသကဲ့သို့ ရှက်စရာကိစ္စများအား ဖော်ပြနေကြသည်။ မိမိ၏ ဂုဏ်သိက္ခာနည်းမှုအား ဖွင့်ဟ လှစ်ပြနေသည်။မအောင်သောစပါးနှံဖြစ်သောကြောင့် ထောင်နေခြင်းအား မသိပါဘဲ ကိုယ့်ကိုကိုယ် ဂုဏ်ယူနေသည်။ အထက်သို့ထောင်နေရခြင်းအားဂုဏ်ယူစရာဟုမြင်နေသည်။ လူရယ်စရာဖြစ်နေသည်အားမသိ၊ အရှက်ရစရာဖြစ်နေသည်အား မသိသည့်အပြင် ပြည့်သောစပါးနှံတို့အား ညွှန့်ကျနေသည်ဟုလှောင်ပြောင်နေသေးသည်။

   " အို.....ပညာမဲ့လိုက်ပုံများ "

          မြန်မာ့နှစ်သစ်ကူး အတာသကြင်္န်သည် တားစီးမရစွာပင် ကျရောက်လာခဲ့ပြီ။ဤသည်ကား အတာသကြင်္န်အကြိုနေ့ ဖြစ်၍ လူကြီးမိဘများသည် ရိုးရာမပျက် အတာအိုးများဖြင့်ကြိုကြသည်။ သို့သော်နာကျင်စရာကောင်း၍ သွေးလွှမ်းသောဤမြေသို့ သိကြားမင်းသည်ဆင်းလာမည်မထင်။ မဆင်းလာနိုင်။ ဈေးသည်များသည် တစ်နေ့လုပ်တစ်နေ့စားရသောဘဝများဖြစ်၍ အလုပ်များမရပ်နားနိုင်ကြ။ ကိုယ့်ဝမ်းစာ ကိုယ်သာသိသည်မို့အပြစ်မဆိုရက်ပါ။ ကလေးများသည်တော့ အလိုက်မသိစွာ ရေကစားရန်တာဆူနေကြသည်။ ထိုသို့သောကလေးများသည် အသိညဏ်ငယ်လွန်း၍ တော်လှန်ရမည်ဖြစ်ကြောင်းမသိနိုင်။ သို့သော်မိဘများသည် သိလျက်ဖြင့်ခွင့်ပြုထားကြသည်။ လူလတ်တချို့၊ လူရွယ်တချို့မှာတော့ တော်လှန်ရေးကားမေ့ကာ ဆော့ကစားနေသည်။ သူတို့ဆော့ကစားနေကြသော ရေသည်အေးချမ်းမှုကို ရနိုင်မည်လား။ မိမိသည် မြင်နေရခြင်းအပေါ်ပူလောင်လွန်းလှ၏ တစ်နေ့တာလုံး ပျော်ရွှင်ကြသူများအားကြည့်ကာ မိမိသည်ယူကြုံးမရဖြစ်ရသည်။ အရက်သေစာများဖြင့် မူးရူးနေကြသူများသည် ကလေးငယ်များမဟုတ်။ စဉ်းစားနိုင်စွမ်းရှိသည့် လူကြီးများဖြစ်သည်။ဤသည်မှာ ရင်နာစရာ။ ရင်နင့်ဖွယ်ကောင်းလွန်းလှသည်။

        Tv ဖန်သားပြင်ထက်မှ တွေ့မြင်ရသော သကြင်္န်မဏ္ဍပ်များ၊ ကပြဖျော်ဖြေနေသူများ၊ ဟန်မပျက် ပျော်ရွှင်စွာရေကစားနေကြသူများ အားမြင်ရခြင်းသည် စိတ်တိုဖွယ် စိတ်နာဖွယ်။သကြင်္န်လေးရက်လုံးသည် နာကျင်ဖွယ်၊ နာကျည်းဖွယ် အပြည့်ဖြင့်သာ။ငိုယိုနေကြသော လူသားတချို့နှင့် ပျော်ရွှင်နေသော စပါးနှံတချို့တို့သည် ကွာခြားလှပေသည်။

      အိမ်မရှိ၍ ရောက်တက်ရာရာ သွားနေရသော ကလေးများအဖို့ ပျော်ရွှင်မှုဟူသည် အဘယ်နည်း။ မိဘရင်ခွင်နွေးနွေးတွင် ခိုလှုံရမည့် အရွယ်ပင်ဖြစ်သော်လည်း ငယ်ငယ်ရွယ်ရွယ်ဖြင့်ပင် မိဘမဲ့ ဖြစ်ရရှာသည်။ ထိုသို့သောကလေးများ၏ အနာဂတ်သည် မည်သို့ဖြစ်မည်နည်း။

တချို့သော မိသားစုချို့သည် ပြန်စရာအိမ်ရှိသော်လည်း ပြန်၍မရတော့။ ထိုထိုဘဝများအား အားနာရကောင်းမှန်းမသိ။ ကူညီပေးရကောင်းမှန်းမသိ။ ကိုယ်ချင်းစာရမှန်းမသိ။ ကူညီထောက်ပံ့မည့်အတွေးဟူသည် ဝေးစွ။

"နာကျင်စရာ ဘဝများပါလား "

အတာသကြင်္န်ကျရောက်သောနေ့ရက်ချင်း တူသော်လည်း မတူသည်မှာ စာနာမှုနှင့် ကြေကွဲရသောနှလုံးသားများ ၊ ကိုယ်ချင်းစာမှုများပင်။ သကြင်္န်ချင်းတူသော်လည်း သူတို့အရပ်တွင် ပိတောက်ပွင့်သည်။မိမိတို့အရပ်တွင်ပိတောက်မပွင့်နိုင်၊သူတို့အရပ်တွင် တေးသီချင်းများဖြင့်သီသည်။မိမိတို့အရပ်တွင် ဗုံးသံ၊ အ‌မြှောက်သံ၊ ကျည်ဆန်သံများဖြင့်သီသည်။ သကြင်္န်လွန်၍ နှစ်သစ်အားသူတို့အရပ်တွင်အတာရေ ဖြင့်ကြိုသည်။ မိမိတို့အရပ်များတွင် သွေးများဖြင့်စီးကြိုရသည်။နာကျင်စရာကောင်းလွန်းလှသော နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ကူး‌ပြောင်းခဲ့ရသော အခါသမယဖြစ်ပါသည်။ဒါကိုပင် တချို့ကနာကျင်ရမှန်းမသိကြ။ တချို့ကသာကူး၊ တချို့ကကောက်ရိုးမီး၊ တချို့ကပေါ်ပင်၊ တချို့ကစီးပွားရေးကိုအကြောင်းပြသည်။ တချို့ကအဆင်မ‌ပြေမှုကိုလွဲချသည်။ မည်သို့ပင်ဆိုစေကာမူ ရန်သူအား မိတ်ဆွေအထင်ဖြင့် ‌မြွေ‌ပွေး ခါးပိုက်ပိုက်မိနေခြင်းပင်။

မိမိတို့၏ နာကျင်စရာ သကြန် သည် ဤသို့ဖြင့် ပြီးဆုံးခဲ့သည်။ သကြန်အတွင်းတွင် မိမိသည် ရေမစိုလိုက်။ စိုရမည့်ရေသည် ပူလောင်သည်ဟုပင် ခံစားရသည်။ သကြင်္န်လေးရက်သည် နာကျည်းစရာဖြင့်သာ ကုန်ဆုံးသည်။ ဤအတာနေ့ရက်များသည် ကမ္ဘာနှစ်ခြမ်း ကွဲစေသည်။ တနည်းအားဖြင့်ဆိုရလျှင် ဒီရက်များသည် ကမ္ဘာနှစ်ခြမ်းမှ အတာသကြန်နေ့ရက်များပင် ဖြစ်သည်။

A/N _ font အပြောင်းအလဲ‌ကြောင့် စာဖတ်ရအဆင်မ‌ပြေဖြစ်သွားရင် စာရေးသူကဘဲ တောင်းပန်ပါတယ်ရှင်

Continue Reading

You'll Also Like

16.9K 1.6K 18
" ඇයි අයියෙ ඔයා කොයි වෙලෙත් මාව සුදු අරලිය මලකට සමාන කරන්නෙ.." මං අයියගෙ මූන දිහා බලන් අහනකොට එයා මගෙ ඇස් දෙක දිහා බැලුවා.. මගෙ අයියගෙ මූනෙ ඇඳිලා තිබ...
51.3K 6.7K 55
"ඒයි ඇටිකිච්ච ඔහොම ඉන්නවා" "නේත්‍ර, නේත්‍ර... මගේ නම නේත්‍ර" "මොකද උඹේ කට ඔච්චර සද්දෙ, මට ඔය වයසට වඩා උඩ පනින්න දඟලන ඇටි කිච්චන්ව පේන්න බෑ. ඒ නිසා මට...
12.4K 260 8
ဒါလေးက 18+ဖြစ်တဲ့အတွက်ရိုင်းစိုင်းတဲ့အသုံးအနှုန်းတွေပါဝင်နိုင်တာကြောင့် ချင့်ချိန်ပြီးဖတ်စေချင်ပါတယ်ဗျ
74.6K 1.3K 16
Finney is on his way to sophomore year in this new Highschool. North Denver High is it? He meets a boy named Robin Arellano and he seemed quite odd.