𝑇ℎ𝑒 𝑑𝑜𝑜𝑟 𝑜𝑓 ℎ𝑖𝑠 ℎ𝑒...

By georgia_20ikj

2.5K 301 42

​ကောင်ငယ်​လေးရဲ့ နှလုံးသားတံခါးက ကျွန်​တော့်အတွက် မဖွင့်​ပေးနိုင်ဘူး ထင်ပါတယ်ဗျာ။ More

✩ Prologue ✩
✩ Chapter-1 ✩
✩ Chaptar - 2 ✩
☆ Chapter - 3 ☆
☆ Chaptar - 4 ☆
☆ Chapter - 5 ☆
☆ Chapter - 6 ☆
☆ Chapter - 7 ☆
☆ Chapter - 8 ☆
☆ Chapter 10 ☆
☆ Chapter - 11 ☆
☆ Chapter - 12 ☆

☆ Chapter - 9 ☆

156 26 2
By georgia_20ikj

​ဂျေးမနက်​စော​စောအိပ်ယာနိုးလာခဲ့သည်။ မ​နေ့ညက သန်း​ခေါင်​ကျော်မှအိပ်​ပျော်သွားခဲ့​​သော်လည်း ဒီ​နေ့ ​ကောင်​လေးနဲ့အတူအချိန်ကုန်ဖို့သာ​တွေးထားသည်။ ​ည​နေကျရင်​တော့ ​ဆေးရုံသွားရမည်ဖြစ်သည်။

​ဂျေး ​ရေမိုးချိုးပြီး၍မနက်စာပြင်ဆင်​နေချိန် ဂျိတ်ခ်သည်အိပ်ယာမှနိုးလာခဲ့သည်။ သူ့အားမသိချင်​ယောင်​ဆောင်ကာ ​ရေ​သောင်​နေ​သော​ကောင်​လေးအား သူကပင်စကားစလိုက်​တော့သည်။ အပြုံးနုနုအားဆင်မြန်းရန်လည်းမ​မေ့ပါ။

"ဂျိတ်ခ်...ဒီ​နေ့ဘယ်သွားဖို့ရှိလဲ"

​​ရေခွက်အား အသာချကာသူ့အားလှည့်ကြည့်လာ​သော​ကောင်​လေး။

ဘုရား​ရေ.....။ မနက်နိုးလာ​သော​ကောင်​လေးသည် ရှုပ်ပွ​နေ​စောဆံစ​လေးများအား အသာသပ်တင်လိုက်သည်မှာ ​ခွေး​ပေါက်​လေးတစ်​ကောင်နှင့်ပင်ဆင်တူ​​နေ​လေသည်။ ထို့အပြင် ၀တ်ထား​သော အနက်​ရောင်စွပ်ကျယ်​လေးသည် ​ကောင်​လေးလက်​မောင်းရှိ ကြွက်သား​တောင့်​တောင့်များအား လှစ်ဟင်းပြ​နေသ​ယောင်။

"ဘယ်မှ​​တော့သွားစရာမရှိဘူး...ဘာဖြစ်လို့လဲ"

ဂျိတ်ခ်၏အသံကြားမျှသာ သတိ၀င်လာ​​တော့သည်။ ​ဂျေးသည် သူ​တွေး​နေမိခဲ့​သောအ​တွေးများ​ကြောင့်လည်း ရှက်လာကာ အရှက်​ပြေ​ချောင်းတစ်ချက်ဟန့်ကာ...။

"အဟမ်း....ဘာမှ​တော့မဟုတ်ပါဘူး။ ကိုယ်ဒီ​နေ့တစ်ရက်ခွင့်ယူထားတာ။ အဲ့တာအဆင်​ပြေရင်ကိုယ်နဲ့တစ်​နေရာလိုက်မလား"

ခပ်တိုးတိုးသာ​မေး၍ ​ကောင်​လေးအားအသာခိုးကြည့်လိုက်သည်။ ​​ကောင်​လေးသည်စဥ်းစားဟန်ပြုပြီးမျှသာ..။

"ဘယ်လဲ"

ထိုအခါမျှ ​ဂျေးသည်တက်ကြွစွာ ထို​ကောင်​လေးအားကြည့်လိုက်သည်။

"ကိုယ်တို့ shopping ထွက်ရ​အောင်။ ခန​နေသွားလို့အဆင်​ပြေလားဟင်"

​ကောင်​လေးသည်တစ်ချက်​ခေါင်းညိမ့်ကာ နားလည်ဟန်ပြု၍ အ​ပေါ်တက်သွား​လေသည်။ ​​ဂျေး၏နှုတ်ခမ်းပါးထက်၌ အပြုံး​လေးတစ်ခုဖြစ်​ပေါ်လာခဲ့သည်။ shopping ထွက်မည်ဟုသာ​ပြောလိုက်​​သော်လည်း ဒီ​နေ့တစ်​နေကုန်ထို​ကောင်​လေးနှင့် အချိန်ကုန်ဆုံးနိုင်ရန်အတွက် အ​ကြောင်းများရှာရဦးမည်ဖြစ်သည်။

☆☆☆☆~~~~~~~~☆☆☆☆~~~~~~~~☆☆☆☆

"ကျုပ်​မောင်းမယ်"

စွပ်ကျယ်အဖြူ​လေးအား​အောက်ခံထား၍ Blazer အနက်က​လေးနှင့် Style pant အနက်က​လေးအား၀တ်ဆင်ထား​သော​ကောင်​လေးသည် အလွန်ကြည့်​ကောင်းပါသည်။ ​ဂျေးက​တော့ ​ထွေ​ထွေထူးထူးမ၀တ်ထား။ polo shirt အ၀ါနု​ရောင်နှင့် ဂျင်း​​ဘောင်းဘီပွပွသာ။

Shopping centre သို့​ရောက်​သောအခါတွင် အင်းကျီဆိုင်တစ်ဆိုင်သို့ ​ဂျေး၀င်​သွား​တော့ အ​နောက်မှလိုက်လာ​သော​ကောင်​လေးလည်း၀င်လိုက်လာမည်ကို ​ဂျေးသိပါသည်။

"ဂျိတ်ခ်....ဒါ​လေး၀တ်ကြည့်ပါလား"

​ကောင်​လေးသည်သူ့အားတစ်ချက်ကြည့်၍...။

"ဒါမျိုး tunkle neck ​တွေရှိတယ်။ အင်းကျီအစား နာရီဘဲ၀ယ်​ပေး"

ထိုသို့​ပြောကာ အ​ရှေ့မှထွက်သွား​သော​ကောင်​လေးအား ​ကြောင်ကာကြည့်​နေမိသည်။ အခု သူ့အား အင်းကျီမဟုတ်ဘဲ နာရီ၀ယ်​ပေးရန် ​ပြောသွား​သော​ကောင်​လေးသည် အရင်က​ကောင်​လေးမှဟုတ်ပါရဲ့လား။ ​ဂျေး ခပ်ဟဟတစ်ချက်ရယ်မိပါသည်။

"ဂျိတ်ခ်...ကိုယ့်ကို​စောင့်အုံး​လေ"

ထိုသို့​ပြောကာ ဂျိတ်ခ်​နောက်အ​ပြေးလိုက်သွားရပြန်ပါသည်။ ထို့​နောက် နာရီဆိုင်​လေးအားသူတို့​ရောက်လာခဲ့သည်။

ဂျိတ်သည်နာရီများအားမ​ရွေးတတ်ပါ။ ထို့​ကြောင့် ​ဂျေးအား....။

"ခင်ဗျားဘဲ​ရွေး​ပေး...ကျုပ်မ​ရွေးတတ်ဘူး"

ရွေး​ပေးရန်​ပြော​တော့ ထိုလူသည်သူ့အားမယုံနိုင်​သော မျက်၀န်းများဖြင့်ကြည့်လာသည်။

"ကိုယ်အဆင်​ပြေတာ​ရွေး၀ယ်လိုက်မယ်​လေ"

ထိုသို့​ပြောပြီး​နောက် တက်ကြွစွာ နာရီများအားကြည့်​နေ​လေသည်။ ထို့​နောက် အ​ရောင်း၀န်ထမ်းများဖြင့် စကား​ပြောလိုက် ​ရွေးလိုက်လုပ်​နေ​သော ထိုလူသည် ဒီ​နေ့အလွန်ချစ်ဖို့​ကောင်း​နေသ​ယောင်။ Suit ၀တွစုံအပြည့်ဖြင့်သာ မြင်ရ​သောထိုလူ၏ပုံရိပ်နှင့်အလွန်ကွာခြား​နေ၍ ဖြစ်မည်ထင်သည်။

သို့​သော်လည်း ဖုန်းထဲသို့၀င်လာ​သောမက်​ဆေ့ချ်တစ်​စောင်​ကြောင့်အ​တွေးတို့ရပ်တန့်သွား​​​လေသည်။

"CEO...ခန​နေ ဆယ့်တစ်နာရီကျရင် အရေးကြီး meeting ရှိပါတယ်ရှင့်"

ဂျိတ်ခ်ထိုအ​ကြောင်းကို​မေ့သွားခဲ့သည်။online meeting မဟုတ်ဘဲ ကုမ္ပဏီသို့သွားရမည်ဖြစ်သည်။ သို့​သော် ဆယ့်တစ်နာရီထိုးရန် ဆယ်မိနစ်သာလို​တော့သည်ဖြစ်သည်။ ဒီ​နေရာနှင့် ကုမ္ပဏီသည်သိပ်မ​​ဝေး​ပါ။ သွားလျှင်မှီ​သေးသည်။

အတွင်း​ရေးမှူးဖြစ်သူအား ပြန်လိုက်​သော မက်​ဆေ့ချ်တစ်​စောင်အား ​ဂျေးသာမြင်ခဲ့လျှင် ထခုန်​နေ​လောက်မလား။

"ကိုယ်​မေ့သွားတယ်။ ည​နေဖက်​ရွေ့လိုက်ပါ။ အ​ရေးကြီးကိစ္စရှိလို့ မလာဖြစ်ဘူး။ ဘုတ်အဖွဲ့၀င်​တွေကို ​​တောင်းပန်တဲ့အ​ကြောင်း​ပြော​ပေးထားပါ"

ထို့​နောက် အတွင်း​ရေးမှူးထံမှ၀င်လာ​သော စာ​...။

"​ကောင်းပါပြီရှင့်။ ကျွန်မ​သေချာ​ပြောပြထားလိုက်ပါ့မယ် CEO"

ထိုအချိန်တွင် ​ဂျေးသည်သူ့အနား​ရောက်လာကာ နာရီဘူးလေးအားကမ်းလာခဲ့သည်။

"မင်း သ​​ဘောကျပါ့မလား​တော့မ​သေချာဘူး။ မင်းကြိုက်​လောက်မဲ့ဟာ ​ရွေးလာတာဘဲ"

ဂျိတ်ခ်လည်း ဘူး​လေးအားယူကာဖွင့်ကြည့်လိုက်​လေသည်။ ထိုအခါ​​တွေ့လိုက်ရ​သော Rolex နာရီအမဲ​လေး။ ဂျိတ်ခ်သည် အ​ဖေဖြစ်သူ၀ယ်​ပေးထား​သောနာရီ​လေးအား ​​ပျောက်​နေခဲ့သည်မှာအလွန်ကြာခဲ့​လေပြီ။ နာရီမပတ်ဘဲမ​နေတတ်သည့်သူ့အဖို့ နည်းနည်းကသိက​အောင့်ဖြစ်​နေခဲ့သည်။ သွားလျှင်လည်း နာရီမ​ရွေးတတ်သည်နှင့် မသွားချင်သည်မို့ မ၀ယ်ဖြစ်ခဲ့။

"​​ကျေးဇူးတင်ပါတယ်"

​ဂျေးသည် ဂျိတ်ခ်အားကြည့်ကာ ဖွဖွပြုံးလိုက်​လေသည်။ ​ကောင်​လေးက ​သူ့အ​ပေါ်ခပ်ဂျစ်ဂျစ်​လေးဖြစ်​သော်လည်း ယဥ်​ကျေး​သော​ကောင်​လေးဖြစ်သည်ကိုသူသိပါသည်။

"အမြဲပတ်မယ်မလား ဂျိတ်ခ်"

​ကောင်​လေးကသူ့အား "အင်း" ဟုအ​ဖြေပြန်​ပေးလာသည်။ ထို့​နောက်မရည်ရွယ်ဘဲ ​ဂျေး၏လက်သည် ​ကောင်​လေး၏သပ်တင်ထား​သောဆံပင်​လေးများထံသို့​ရောက်ရှိသွားသည်။

"မင်းကချစ်ဖို့​ကောင်းတယ်ဂျိတ်ခ်။ ကိုယ်တို့မုန့်သွားစားရ​​အောင်လာ"

ဒီ​နေ့ဒီလူ အရမ်းရဲတင်း​နေတာမဟုတ်ဘူးလား။

"ကျုပ်က​လေးမဟုတ်ဘူး။ ဆံပင်ဖွတာတို့ လက်ဆွဲတာတို့မလုပ်နဲ့"

"ဒါဆို ကိုယ့်လက်ကိုမင်းကဆွဲထား​ပေါ့"

​ဂျေးသည် စကာ​ပြောလိုက်သည်ဖြစ်​သော်လည်း သူ့လက်အားဆွဲလာ​သော ​ကောင်​လေး၏​သွေးစိမ်း​ကြော​လေးများရှက်ဖြာ​နေ​သော လက်​ဖဝါးနွေး​နွေးတစ်ဖက်။

ထို့​နောက် ​​ဂျေးမြင်သည်သာမှန်လျှင် ​ကောင်​လေး၏နှုတ်ခမ်းစွန်း​လေးများ ​ကွေးညွတ်သွားသည်။

ဒီရက်ပိုင်းတစ်အားမု၀င်​နေလို့​ရေးလိုက်ပြီ 🤭။ ဒီအပိုင်းက ချိုချို​လေး​နော်။

17.4.24


Continue Reading

You'll Also Like

749 132 10
ငါ့ရဲ့ဖြစ်တည်မှုက မင်းပါဘဲ...
1.6K 157 15
ကင်မ်ဆွန်မင်းက ကြွေရုပ်လေးလိုဘဲနူးနူးညံ့ညံ့နဲ့သိပ်လှပတာ...
5.8K 616 11
SUNJAY MYANMAR FANFICTION ONLY UNICODE
881K 40.9K 61
Taehyung is appointed as a personal slave of Jungkook the true blood alpha prince of blue moon kingdom. Taehyung is an omega and the former prince...