✩ Chaptar - 2 ✩

177 23 3
                                    

ဒီ​နေ့ဟာ ဂျုံ​ဆောင်း နှင့် ဂျိတ်ခ်တို့ လက်ထက်ပွဲ​နေ့.......

ဂျုံ​ဆောင်းစိတ်​တွေ​လေးလံ​နေသည်။ တစ်ချိန်တည်းမှာဘဲ စိတ်လှုပ်ရှား​ပျော်ရွှင်​နေသည်။ ဒီ​နေ့ဟာသူချစ်ရတဲ့​ကောင်​လေးနှင့် သူ၏ လက်ထက်ပွဲ​နေ့။ ပွဲကျင်းပရန် မိနစ် ၃၀ ခန့်လို​သေး​သော်ငြား ဂျုံ​ဆောင်း ဂျိတ်ခ် မလာမည်ကိုစိုးရိမ်သည်။

"ဟူး........."

ဂျုံ​ဆောင်း ဟိုတယ် အ၀င်၀တွင် ခန်းမထဲမှထွက်ခဲ့ပြီး ​ကောင်​လေးအား ရပ်​စောင့်​နေခြင်း။

ဂျုံ​ဆောင်း​လေပူတစ်ချက် မှုတ်ထုတ်လိုက်မိသည်။ သူဟာအခု သတို့သား၀တ်စုံကို​တောင် ၀တ်ပြီးနှင့်​လေသည်။ အမဲ​ရောင် suit အပြည့်၀တ်ဆင်ထားပြီး ဘယ်ဘက်အိတ်ကပ်​လေးထဲတွင် နှင်းဆီပန်းအနီ​လေးတစ်ပွင့်ထိုးကာ ​ဆံပင်များကိုဂျယ်ဖြင့် ​သေသပ်စွာ လှန်တင်ထားသည်မှာ လူများလည်ပြန်လှည့်ကြည့်ရ​လောက်သည်အထိ။

ယခုလည်း ပွဲကိုလာသည့် ဧည့်သည်များ အများအားဖြင့် မိန်းမပျို​လေးများသည် သူ့အား ကြည့်ကြည့်သွားကြသည်။ သို့​သော် ဂျုံ​ဆောင်း စိတ်မ၀င်စားပါ။ သူ စိတ်၀င်စားတာ ​ကောင်​လေးတစ်​ယောက်ထဲ​သည်သာ.......။

ယခု ပွဲစရန် ၅ မိနစ်အလို......။ သူ ​မျှော်​နေသူ ​ရောက်မလာ​သေးပါ။ ဂျုံ​ဆောင်း စိတ်ပူလာသလို လက်ဖျား​ခြေဖျားများလည်း ​အေးစက်လာခဲ့သည်။ တကယ်လို့.....တကယ်သာ......သူချစ်ရသူ​ရောက်မလာခဲ့ရင်....။

ထိုအချိန်တွင်.....။

အနက်​ရောင်ပြိုင်ကား​လေးတစ်စီး ဟိုတယ်၀င်းထဲ အရှိန်ပြင်းပြင်းဖြင့် ၀င်​ရောက်လားကာ ကျွီ....  ကနဲထိုးရပ်သွားသည်။ ​ဂျုံ​ဆောင်း ​မျှော်လင့်ချက်​​ရောင်ခြည်လေးဖြင့် ကား​ပေါ်မှဆင်းလာမည့်သူအား ​စောင့်​​မျှော်​နေမိသည်။

ထိုအချိန်တွင် ဂျုံ​ဆောင်း ထင်သလိုပင်....။ ဂျုံ​ဆောင်း ​ပြောစရာစကားများပင် ​ပျောက်ဆုံးသွားသည်။

​ကောင်​လေးသည် သူနဲ့အ​ရောင်ဆင်တူ အမဲ​ရောင် suit အား​သေသပ်ကျနစွာ ၀တ်ဆင်ထားသည်။ ​ရွှေအို​ရောင်ဆံပင်​လေးများအား အ​ပေါ်သို့လှန်တင်ထားသည်မှာ နတ်သားတစ်ပါးအလား။ ​ဂျုံ​ဆောင်း ​ကြောင်ကြည့်​နေစဥ်တွင်......။

𝑇ℎ𝑒 𝑑𝑜𝑜𝑟 𝑜𝑓 ℎ𝑖𝑠 ℎ𝑒𝑎𝑟𝑡Donde viven las historias. Descúbrelo ahora